← Chapters

ခန္ဓာကိုယ်ပေါင်းစပ် နဝမအဆင့်၊ နတ်ဆိုးသခင် လာလည်ခြင်း

Vol. 8 Ch. 111

ခန္ဓာကိုယ်ပေါင်းစပ် နဝမအဆင့်၊ နတ်ဆိုးသခင် လာလည်ခြင်း

Vol. 8 Ch. 111

အခန်း (၁၁၁) ခန္ဓာကိုယ်ပေါင်းစပ် နဝမအဆင့်၊ နတ်ဆိုးသခင် လာလည်ခြင်း

ဟန်ကျွယ်ဟာ ယွီဂျင်ဂိုဏ်းမှာနေတာ နှစ်ရာချီသွားပေမဲ့ လူအများကြီးနဲ့ မသိပါဘူး။ ဟန်ကျွယ် သိတဲ့လူက လက်ချိုးရေလို့ရပါတယ်။ ဒီလက်ချိုးရေလိုရတဲ့ လူတွေထဲမှာ လီချင်းဇဲ့က တစ်ယောက်အပါအဝင်ပါ။ လီချင်းဇဲ့ရဲ့ စီစဉ်မှုကြောင့်သာမဟုတ်ရင် ဝီရိယတောင်က စိတ်ဝိညာဉ်ချီဟာ ဒီလောက်ထိ သိပ်သည်းနေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း လီချင်းဇဲ့ဟာ ဟန်ကျွယ်ရဲ့ ကာကွယ်စောင့်ရှောင်မှုကို ပြန်လည်ရရှိခဲ့ပါတယ်။

ဟန်ကျွယ်ဟာ လီချင်းဇဲ့တစ်‌ယောက် ကျင့်ကြံခြင်းလမ်းကို ဆက်လျှောက်နိုင်ဖို့ မျှော်လင့်မိပါတယ်။

လီချင်းဇဲ့ဟာ ဟန်ကျွယ်ရဲ့စီစဉ်မှုကို ကြားရတဲ့အခါမှာ ဝမ်းသာအားရ သဘောတူပါတယ်။ အဲဒီနောက် ဟန်ကျွယ်ကို မေးခွန်းအချို့မေးပြီး ထွက်ခွာသွားပါတယ်။

ယွီဂျင်ဂိုဏ်းနာမည်ကို ယွီဂျင်ဂိုဏ်းတော်ကြီးလို့ ပြောင်းတာက ကိစ္စကြီးတစ်ခုပါ။ အဲဒီအချိန်ကျရင် ဂိုဏ်းတစ်ခုလုံး စားသောက်ပွဲ ကျင်းပမှာပါ။ အကြီးအကဲတွေက ဟန်ကျွယ်ကို ဂိုဏ်းတပည့်တွေအတွက် တာအိုဟောကြားပေးဖို့ တောင်းဆိုကြပေမဲ့ ဟန်ကျွယ်ဟာ ငြင်းဆန်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ သူ့ကို ဘယ်သူမှ မသိစေချင်ပါဘူး။ အခုအချိန်မှာ နတ်သတ်အကြီးအကဲက နာမည်ကြီးနေပေမဲ့ ဂိုဏ်းတပည့်တွေဟာ ဟန်ကျွယ်ကို မမြင်ဖူးကြပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ ပျင်းလာရင် အတွင်းဂိုဏ်းမြို့မှာ လျှောက်လည်ပတ်လို့ရပါတယ်။

လီချင်းဇဲ့ ထွက်သွားတဲ့အခါမှာ ဟန်ကျွယ်ဟာ တာအိုသခင်ကျိုးတိနဲ့ ပင်လယ်ရပ်ခြားကို ထွက်သွားတဲ့ ချန်ယွီအာကို တွေးမိသွားပါတယ်။ ဟန်ကျွယ်ကို အမြဲတမ်းချစ်ကြိုက်ကြောင်း ပြသတဲ့ ချန်ယွီအာဟာ ပင်လယ်ရပ်ခြားကို ရောက်သွားပြီးနောက် ဂိုဏ်းရန်ပွဲတွေကြားထဲမှာ ဝင်မပါဘဲ ကျင့်ကြံခြင်းမှာသာ အချိန်ကုန်ဆုံးခဲ့ပါတယ်။ ဟန်ကျွယ်ပေးလိုက်တာ ကောင်းကင်ရုပ်သေးရုပ်ဟာ တစ်ခါမှ အသုံးမပြုရသေးပါဘူး။ အန္တရာယ်ကြုံလာရင်တောင် ချန်ယွီအာဟာ သူ့စွမ်းအားနဲ့ လွတ်မြောက်အောင် ကြိုးစားနိုင်ခဲ့ပါတယ်။

ကောင်းကင်ရုပ်သေးရုပ်ကနေတစ်ဆင့် ဟန်ကျွယ်ဟာ ချန်ယွီအာရဲ့ အခြေအနေကို အချိန်မရွေး နားလည်နိုင်ပါတယ်။ ဟန်ကျွယ်ဟာ အသံလွှင့်စကားပြောနည်းနဲ့ ချန်ယွီအာကို တာအိုသခင်ကျိုးတိနဲ့အတူ ယွီဂျင်ဂိုဏ်းဆီ ပြန်လာဖို့ သတင်းစကား ပါးလိုက်ပါတယ်။

ချန်ယွီအာဟာ ဟန်ကျွယ်ရဲ့အသံကို ကြားလိုက်ရတဲ့အခါ အရမ်းစိတ်လှုပ်ရှားသွားပါတယ်။ ဒီအချိန်မှာ ချန်ယွီအာဟာ သူမရဲ့ ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ ရှိနေပြီး ကောင်းကင်ရုပ်သေးရုပ်ကို အရုပ်တစ်ရုပ်လို ဖက်ထားပါတယ်။

“မောင်လေး... ယွီဂျင်ဂိုဏ်းမှာ အခြေအနေ ဘယ်လိုရှိလဲ၊ မောင်လေးရဲ့ ကျင့်ကြံမှုကရော၊ မောင်လေးက ရုပ်သေးရုပ်ကနေ တစ်ဆင့်စကားပြောနိုင်တာပဲ၊ ပထမနှစ်တွေတုန်းက မမ မောင်လေးကို ခေါ်တာ၊ ဘာလို့စကားမပြန်တာလဲ” ချန်ယွီအာက အပြုံးနဲ့ မေးလိုက်ပါတယ်။

ကောင်းကင်ရုပ်သေးရုပ်က ပြန်ဖြေပါတယ် “စိတ်ဝိညာဉ်စွမ်းအားတွေ ကုန်ခမ်းသွားရင် မမကို ဘယ်လိုလုပ်ပြီး ကာကွယ်နိုင်တော့မှာလဲ၊ ဒါပဲ”

“နေအုန်းလေ”

ချန်ယွီအာ ဘယ်လိုပဲခေါ်ခေါ် ဟန်ကျွယ်က စကားမပြန်တော့ပါဘူး။ ချန်ယွီအာဟာ နှုတ်ခမ်းတွန့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်ပါတယ် “တုံးအလိုက်တဲ့မောင်လေး၊ မင်းက မမကို ဂရုစိုက်ရဲ့သားနဲ့ ဝန်မခံချင်ဘူး၊ မင်းဒီလို ပြုမူတာကလည်း ချစ်ဖို့အရမ်းကောင်းတယ်၊ မမအထင် ရှင်းဟုန်ရွှမ်နဲ့ မော့ကျူလည်း ဒီလိုပဲမကြာခဏအငြင်းခံရမယ်ထင်တယ်”

“မမ ပြန်လာတာကိုစောင့်နေ မောင်လေးရေ၊ အဲဒီအချိန်ကျရင် မမလက်ထဲကနေ မင်း ပြေးမလွှတ်တော့ပါဘူး...ခစ်...ခစ်...”

ဒီအကြောင်းတွေကို တွေးမိလိုက်တဲ့ ချန်ယွီအာဟာ ပိုမိုတောက်ပစွာ ပြုံးလိုက်ပါတယ်။

တစ်ခဏအကြာမှာတော့ လိုဏ်ဂူအပြင်ဘက်ကနေ အသံတစ်သံ ထွက်ပေါ်လာပါတယ်။

“ညီမလေး... နဂါးနီအမတကျွန်းမှာ ဆရာကြီးတစ်ယောက် ဟောပြောနေတာကို သွားနားမထောင်ချင်ဘူးလား၊ အစ်ကို မင်းကို ခေါ်သွားမယ်လေ”

ဒီအသံကြောင့် ချန်ယွီအာ မျက်နှာပေါ်က အပြုံးတွေ ပျောက်ကွယ်သွားပါတယ်။ ချန်ယွီအာဟာ အေးစက်စွာ ပြန်ပြောလိုက်ပါတယ် “အစ်ကိုရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်မ မသွားဘူး၊ ကျွန်မ ကျင့်ကြံမှုကနေ ထိုးထွင်းသိမြင်ထားတာလေးတွေကို လုံးဝနားလည်အောင် ကြိုးစားအားထုတ်ရအုန်းမယ်”

ချန်ယွီအာရဲ့အသံဟာ ဟန်ကျွယ်ကို စကားပြောတုန်းကနဲ့ မိုးနဲ့မြေလို လုံးဝခြားနားသွားပါတယ်။

“ကောင်းပြီလေ... ဒါဆိုရင် အစ်ကို ညီမလေးဆီကို နောက်မှပဲ လာလည်တော့မယ်၊ နဂါးနီအမတကျွန်းမှာ ရတနာကောင်းတွေတွေ့ရင် ညီမလေးအတွက် ယူလာပေးမယ်”

“ရပါတယ်၊ အစ်ကို ကရိကထ များနေပါအုန်းမယ်”

“မများပါဘူး... ဟား..ဟား..ဟား... အစ်ကို သွားတော့မယ်၊ အေးအေးဆေးဆေး ဆက်ကျင့်ကြံချည်”

ချန်ယွီအာဟာ အပြင်ကလူကို လူမှု‌ရေး နားမလည်တဲ့အတွက် ဆဲဆိုလိုက်ပါတယ်။ အဲဒီလူက ကောင်းကောင်းမွန်မွန် မကျင့်ကြံဘဲ ချန်ယွီအာကိုပဲ လိုက်အနှောင့်အယှက် ပေးနေတာပါ။

‘ရှင် နောက်တစ်ခါပြန်လာရင် ကျွန်မက အရမ်းချောတဲ့ မောင်လေးဘေးနားကို ပြန်ရောက်နေမှာ’

…

မှောင်မိုက်တဲ့လိုဏ်ဂူ တစ်ခုအတွင်းမှာ ပုဂ္ဂိုလ်ငါးယောက် ထိုင်နေပါတယ်။ ဒီပုဂ္ဂိုလ်ငါးယောက်ထဲက တစ်ယောက်ကတော့ ရွှမ်ချင်းကျွင်းပဲ ဖြစ်ပါတယ်။

ဝတ်ရုံနက်အကြီးအကဲက ပြောလိုက်ပါတယ် “ကြီးမြတ်တဲ့စပါးအုံးစိမ်းက သေသွားပြီ၊ ရန်ဒေသက ယွီဂျင်ဂိုဏ်းလိုခေါ်တဲ့ ကျင့်ကြံခြင်းဂိုဏ်းမှာ သေသွားတာ၊ မင်းတို့တွေ ဒီကိစ္စကို ဘယ်လိုထင်လဲ”

ရွှမ်ချင်းကျွင်းဟာ မျက်နှာအမူအရာ လုံးဝပြောင်းလဲခြင်း မရှိပါဘူး။ ယွီဂျင်ဂိုဏ်းကို လုံးဝမသိသလိုမျိုးပါပဲ။

“ကြီးမြတ်တဲ့စပါးအုံးစိမ်းက ငါ့ဆရာသခင်ရဲ့ အိမ်မွေးသားရဲပဲ၊ သူ့ကို ဒေသဆယ်ခုနဲ့ ပြည်‌ထောင်ကိုးခုက လူသားတွေကို သတ်ဖြတ်ခိုင်းတာ ငါတို့အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ၊ ငါတို့တွေ ဒီကိစ္စအတွက် ကလဲ့စားချေကိုချေရမယ်၊ ဒေသဆယ်ခုနဲ့ ပြည်ထောင်ကိုးခုက လူသားတွေက သေသူက ဒဏ်ရာရသူကရဆိုပေမဲ့ လုံးဝအားနည်းသယားတာ မဟုတ်သေးဘူး၊ ငါတို့တွေ တစ်ခြားနည်းလမ်း ရှာရမယ်” ဝတ်ရုံနက်က အသံတိုးတိုးနဲ့ ပြောလိုက်တာ ဖြစ်ပါတယ်။ ဒီအသံက လူသားအသံလား သရဲအသံလား ခွဲခြားဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။

ဝတ်ရုံနက်ဘေးနားက ထွားကျိုင်းတဲ့ဘုန်းကြီးတစ်ပါးက နှာခေါင်းရှုံလိုက်ပါတယ်။ သူ့ခေါင်းပြောင်မှာ အမာရွတ်တွေရှိနေတာကြောင့် ကင်းခြေကောင် တွားသွားနေသလို ကြောက်စရာကောင်းလှပါတယ်။

“ကြီးမြတ်တဲ့စပါအုံးစိမ်းက ဘဝင်မြင့်လွန်းတယ်၊ တာအိုသခင်ကျွယ်ရန်ရဲ့ ဝိညာဉ်ရတနာကို အားကိုးအားထားပြုပြီး ပြိုင်ဘက်ကင်းလိမ့်မယ်လို ထင်နေတာကိုး၊ အခုသူသေသွားတာ ကောင်းတယ်၊ ငါတို့တွေ လူသားတွေကို အနိုင်ယူချင်ရင် နတ်ဆိုးတွေကို မှီခိုရုံနဲ့မရဘူး၊ လူသားတွေအချင်းချင်း တိုက်ခိုက်ခိုင်းတာ အကောင်းဆုံးပဲ၊ ငါအမြင်မှာတော့ လက်ဝဲကျင့်ကြံသူတွေကို နောက်ကွယ်ကနေ ထောက်ပံ့ပေပြီးတော့ လူသားတွေအချင်းချင်း တိုက်ခိုက်အောင် လုပ်သင့်တယ်”

ဆံဖြူအမျိုးသမီးတစ်ဦးက ခေါင်းညိတ်လိုက်ပါတယ်။ ဆံဖြူအမျိုးသမီးဟာ အနီရောင်အဝတ်အစားကို ဝတ်ဆင်ထားပြီး ဖျော့တော့တဲ့ အသားအရေ ရှိပါတယ်။ သူမဟာ သရဲမနဲ့ ပိုပြီးတော့ဆင်တူပါတယ်။ ဆံဖြူအမျိုးသမီးဟာ အေးစက်စွာ ပြုံးလိုက်ပါတယ် “သဘောတူတယ်”

ဝတ်ရုံနက်ဟာ ရွှမ်ချင်းကျွင်းကို ကြည့်ပြီး မေးလိုက်ပါတယ် “နတ်ဆိုးသခင်... ဒီကိစ္စကို ဘယ်လိုထင်လဲ”

ရွှမ်ချင်းကျွင်းဟာ ခေါင်းညိတ်လိုက်ပါတယ် “ငြင်းစရာမရှိဘူး၊ အရင်တစ်ခေါက် ငါ မြေအောက်ကမ္ဘာကို ‌သွားခဲ့တုန်းက မိစ္ဆာမျိုးနွယ်စုက စိတ်မရှည်တော့တာကို တွေ့ခဲ့ရတယ်”

ဒီစကားကြောင့် ဝတ်ရုံနက်၊ ဆံဖြူအမျိုးသမီး၊ အမာရွတ်ဘုန်းကြီးနဲ့၊ အရိပ်နက်တို့ဟာ မျက်မှောင်ကြုတ်သွားကြပါတယ်။

“ယွီဂျင်ဂိုဏ်းကို ငါ့တာဝန်ထား၊ ကျန်တဲ့ကိစ္စကိုတော့ မင်းတို့ တာဝန်ယူ” ရွှမ်ချင်းကျွင်းက ဆက်ပြောလိုက်ပါတယ်။

ဝတ်ရုံနက်က ပြန်ပြောလိုက်ပါတယ် “ကောင်းပြီ၊ ငါတို့တွေ ယွီဂျင်ဂိုဏ်းက လျှို့ဝှက်ကျင့်ကြံသူရဲ့ နောက်ခံကို စုံစမ်းဖို့လိုတယ်၊ ငါတို့အစီအစဉ်ကို အနှောင့်အယှက်ဖြစ်မယ်ဆိုရင် သူ့ကို သတ်ပစ်လိုက်တာ အကောင်းဆုံးပဲ”

ရွှမ်ချင်းကျွင်းဟာ ခံစားချက်ကင်းမဲ့စွာ ခေါင်းညိတ်လိုက်ပါတယ်။

…

ကျင့်ကြံခြင်းမှာ အချိန်ဆိုတာ မျက်တောင်တစ်ခတ်ပါပဲ။ ဆယ်နှစ်ဆိုတဲ့အချိန်ကာလာဟာ သေမျိုးလူသားတွေအတွက် မျိုးဆက်သစ်ထွက်ပေါ်လာဖို့ လုံလောက်ပါတယ်။ ဒါပေမဲ့ ကျင့်ကြံသူတွေအတွက်တော့ မျက်စိတစ်မှိတ်စာပဲ ရှိပါတယ်။

ကြီးမြတ်တဲ့စပါးအုံးစိမ်း ကျဆုံးပြီး ငါးနှစ်အကြာမှာတော့ ဒီကိစ္စရဲ့ သက်ရောက်မှုဟာ အဆုံးသတ်သွားပါတယ်။

ယွီဂျင်ဂိုဏ်းဟာ ယွီဂျင်ဂိုဏ်းတော်ကြီးလို နာမည်ပြန်မှည့်လိုက်ပြီး ရန်ဒေသရဲ့ ကျင့်ကြံခြင်းမြင့်မြတ်နယ်မြေအဖြစ် လူအများရဲ့ အသိအမှတ်ပြုခြင်းကို ခံခဲ့ရပါတယ်။ ကျင့်ကြံသူအများကြီးဟာ ယွီဂျင်ဂိုဏ်းထဲကို အချိန်နဲ့အမျှ ဝင်ရောက်လာကြပါတယ်။ ဒီကျင့်ကြံသူတွေထဲမှာ တစ်ခြားဒေသက ကျင့်ကြံသူတွေလည်း ပါဝင်ပါတယ်။

နာမည်ပြောင်းပြီးတဲ့နောက်မှာ ယွီဂျင်ဂိုဏ်းဟာ အရင်ကထက် ပိုအင်အားကြီးလာပါတယ်။

နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ခန္ဓာကိုယ်ပေါင်းစပ် နဝမအဆင့်ကို ထိုးဖောက်နိုင်သွားပါတယ်။ ဟန်ကျွယ်ဟာ အတိဒုက္ခဖြတ်ကျော်အဆင့်ကို ရောက်ရှိဖို့ ခြေတစ်လှမ်းပဲ လိုတော့တာကြောင့် စိတ်လှုပ်ရှားသွားပါတယ်။ ဟန်ကျွယ်ဟာ သူ့အောင်မြင်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ရန်သူတွေကို ကျိန်စာတိုက်ပါတယ်။

ပြဒါးငှက်၊ မော့ယိုလင်းနဲ့ တာအိုသခင်ကျွယ်ရန်တို့ထဲက တစ်ယောက်မှ မလွတ်ပါဘူး။

ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်နတ်သားရဲ့ ပဋိပက္ခကောင်းကင်ခွေးသည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၂၈၂၁၁

[သင့်မိတ်ဆွေ ကျိုးဖန်သည် လက်ဝဲကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၃၇၇၉

[သင့်မိတ်ဆွေ မော့ဖူချိုသည် လက်ဝဲကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၃၆၄၄

[သင့်မိတ်ဆွေ ကျိုးဖန်သည် ပြင်းထန်စွာ ဒဏ်ရာရသွားပြီး သေလုမျောပါး ဖြစ်သွား၏။]

[သင့်ကျိန်စာကြောင့် သင့်ရန်သူ မော့ယိုလင်း၏ တာအိုနှလုံးသားသည် ထိခိုက်သွားပြီး အတွင်းနတ်ဆိုးကို ရင်ဆိုင်ရကာ ကျင့်ကြံမှုများစွာ လျော့ကျသွား၏။]

[သင့်တပည့် စုချီသည် နတ်ဆိုးဘုရင်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် အပြင်းအထန် ဒဏ်ရာရရှိသွားသည်။]

[သင့်တပည့် စုချီသည် ကြမ္မာဆိုးကို ဖြန့်ကျက်ခဲ့သောကြောင့် ထိုနတ်ဆိုးဘုရင်သည် ဖြတ်သွားသော ကျင့်ကြံသူတစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။]

[သင့်တာအိုလက်တွဲဖော် ရှင်းဟုန်ရွှမ်သည် အခွင့်အရေးတစ်ခုကို ရရှိပြီး မိုးကောင်းကင် ကောင်းချီးရ လိုဏ်ဂူထဲသို့ ဝင်ရောက်သွားသည်။]

…

ဟန်ကျွယ်ဟာ ပြုံးရယ်သွားပါတယ်။

မော့ယိုလင်ရဲ့ ကျင့်ကြံမှုက အများကြီး ကျဆင်းသွားတာ သတင်းကောင်းတစ်ခုပါ။ ကံဆိုးချင်တော့ ပြဒါးငှက်နဲ့ တာအိုသခင်ကျွယ်ရန်တို့က ခုထိကို ဘာမှမဖြစ်သေးပါဘူး။

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ရဲ့ အခြေအနေကို သတိပြုမိသွားပါတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်ကစပြီး ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်က တာအိုလက်တွဲဖော်အဖြစ် လက်ခံလိုက်ပါတယ်။ အဲဒါကြောင့် ဟန်ကျွယ်အပေါ် ထားရှိတဲ့ ရှင်းဟုန်ရွှမ်ရဲ့ မျက်နှာသာပေးမှုက ကြယ်ခြောက်ပွင့်ကို ရောက်ရှိလို့သွားခဲ့ပါတယ်။ ကိုယ်လက်နှီးနှောပြီဖြစ်တဲ့အတွက် ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ရဲ့ တာအိုလက်တွဲဖော်ဖော် စစ်စစ်ပါ။

ဟန်ကျွယ်ဟာ မော့ကျူကိုတော့ တာအိုလက်တွဲဖော်အဖြစ် မသတ်မှတ်သေးပါဘူး။

ရှင်းဟုန်ရွှမ်က ဟန်ကျွယ်ကို ရတနာတွေ ပေးသလောက် မော့ကျူကတော့ ဟန်ကျွယ်ဆီ ပြဿနာတွေ ဆောင်ယူလာပါတယ်။ ဒါကြောင့် ဟန်ကျွယ်နှလုံးသားထဲမှ ရှင်းဟုန်ရွှမ်က ပိုပြီးတော့ နေရာကျယ်ကျယ် ယူထားပါတယ်။

‘ဒီမိန်းမက ငါရဲ့ အမတဧကရာဇ်ဆက်ခံသူ ကံတရားအထောက်အပံ့ လွှမ်းမိုးခံရလို့နဲ့တူတယ်၊ ကံတော်တော်လေး ကောင်းလာတယ်’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ယူလာမဲ့ ရတနာကို စောင့်မျှော်နေပါတယ်။

‘ကျွတ်... ငါ ဒီလိုမတွေးသင့်ဘူး၊ ဒါက မသင့်တော်တဲ့အတွေးပဲ’

…

လဝက်အကြာမှတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို သိမ်းဆည်းလိုက်ပြီး သူ့အကျင့်အတိုင်း ယွီဂျင်ဂိုဏ်းထဲမှာ သူကလွဲရင် အစွမ်းထက်ဆုံးပုဂ္ဂိုလ်ကို စစ်ဆေးလိုက်ပါတယ်။

[ရွှမ်ချင်းကျွင်း: ကောင်းကင်ဘုံဝင် အဋ္ဌမအဆင့်၊ နတ်ဆိုးသခင်အဖြစ် လူသိများ၏။]

ဟန်ကျွယ်ဟာ ဒီစာကြောင်းကြောင့် မှင်သက်သွားပါတယ်။

‘သူ ဘယ်တုန်းက ပြန်ရောက်လာတာလဲ’

‘ဒါက သူ့ရဲ့ သေမျိုးခန္ဓာမဟုတ်ဘူး’

ကောင်းကင်ဘုံဝင် အဋ္ဌအဆင့်က ဟန်ကျွယ်နဲ့ တော်တော်လေး အလှမ်း‌ဝေးနေပါသေးတယ်။ ဟန်ကျွယ်ဟာ ရင်တထိတ်ထိတ် ဖြစ်သွားပြီး ရွှမ်ချင်းကျွင်းကို နတ်အာရုံနဲ့ ရှာဖွေလိုက်ပါတယ်။

ဒီနတ်ဆိုးမက အတွင်းဂိုဏ်းမြို့ရဲ့ တည်းခိုခန်းတစ်ခုမှာ အနားယူနေပါတယ်။

ဟန်ကျွယ်ဟာ တစ်ခဏတွေးတောလိုက်ပြီး ရွှမ်ချင်းကျွင်းကို သွားတွေ့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ် ရှောင်နိုင်တာမှ မဟုတ်တာ။

ဒါပေမဲ့ ဟန်ကျွယ်ဟာ လိုဏ်ဂူဝအရောက်မှာတော့ ခြေလှမ်းရပ်လိုက်ပြီး အသွင်တူလက်ရည်စမ်းပွဲထဲမှာ ရွှမ်ချင်းကျွင်းနဲ့ အရင်တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters