← Chapters

သက်တမ်းတစ်သိန်း၊ မိုးမြေသားတော်

Vol. 8 Ch. 113

သက်တမ်းတစ်သိန်း၊ မိုးမြေသားတော်

Vol. 8 Ch. 113

အခန်း (၁၁၃) သက်တမ်းတစ်သိန်း၊ မိုးမြေသားတော်

ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။

[သင်သည် ကောင်းကင်ဘုံဝင်အဆင့် ‌ရောက်အောင် ဆက်လက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့သည်။ ဆုလာဘ်အဖြစ် စိတ်ဝိညာဉ်ရတနာတစ်ပါးနှင့် ဆန်းကြယ်စွမ်းအားတစ်ခုကို အမွေဆက်ခံရရှိမည်။]

[မဟာညီညွှတ်မှု စိတ်ဝိညာဉ်ရတနာ ရွှေခရမ်းရောင်ချပ်ဝတ်ပျော့ကို ရရှိခြင်းအတွက် ဂုဏ်ပြုပါသည်။]

[ဆန်းကြယ်စွမ်းအား စကြာဝဠာအင်္ကျီလက်ကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]

[ရွှေခရမ်းရောင်ချပ်ဝတ်ပျော့: မဟာညီညွှတ်မှု စိတ်ဝိညာဉ်ရတနာ အဋ္ဌအဆင့်။ ခံစစ်စွမ်းအား အလွန်အားကောင်းသည်။]

[စကြာဝဠာအင်္ကျီလက်: သင့်အင်္ကျီလက်ထဲတွင် မိုးကောင်းကင်နှင့် မြေကြီးပါဝင်ပြီး ယင်နှင့်ယန်အား စုပ်ယူနိုင်သကဲ့သို့ မိုးမြေတစ်ခွင်ရှိအရာအားလုံးကို စုပ်ယူနိုင်သည်။]

‘ခံစစ် စိတ်ဝိညာဉ်ရတနာ’

‘မဟာညီညွှတ်မှုရတနာ’

‘အရမ်းကောင်းတယ်’

ဟန်ကျွယ်ဟာ ပျော်ရွှင်စွာ တွေးတောလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဒီရတနာရဲ့ ခံစစ်က ဘယ်လောက်ထိ အားကောင်းလဲဆိုတာ စမ်းသပ်ချင်သွားပါတယ်။ ဒါပေမဲ့ ဒီရတနာရဲ့ ခုခံစွမ်းအားက အရမ်းအားကောင်းတာကြောင့် အလွယ်တကူ စမ်းသပ်လို့ မရပါဘူး။ နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲက ရွှမ်ချင်းကျွင်းနဲ့ စမ်းသပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဆန်းကြယ်စွမ်းအားကို ချက်ချင်းမဆက်ခံသေးဘဲ ကျင့်ကြံမှုကို ခိုင်ခံ့အောင် အရင်လုပ်ပါတယ်။ အတိဒုက္ခဖြတ်ကျော်အဆင့်ကို ရောက်ပြီးတဲ့နောက်မှာ ဟန်ကျွယ်ရဲ့ စိတ်ဝိညာဉ်စွမ်းအားဟာ နဂိုကထက် ဆယ်ဆပိုများလာပါတယ်။ ကျင့်ကြံမှုကို ခိုင်ခံ့အောင် လုပ်နေစဉ်မှာပဲ မှတ်ဉာဏ်အများကြီးဟာ ဟန်ကျွယ်ခေါင်းထဲကို တိုးဝင်လာပါတယ်။

ကောင်းကင်ဘုံတက်ခြင်းနည်းလမ်း။

ဟန်ကျွယ်ရဲ့ ကံတရားအထောက်အပံ့နဲ့ဆိုရင် ကောင်းကင်တာအိုကို အကူအညီတောင်းခံနိုင်ပါတယ်။ ကောင်းကင်တာအိုရဲ့ ကူညီမှုနဲ့ ဟန်ကျွယ်ဟာ သေမျိုးဘုံကနေ အထက်ဘုံကို တက်နိုင်ပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်ဘုံကိုပဲ သွားလို့ရတာ မဟုတ်ပါဘူး။ ငရဲပြည်နဲ့ တစ်ခြားလောကတွေကိုလည်း သွားနိုင်ပါတယ်။

ဒါက ဟန်ကျွယ်ရွေးချယ်ခဲ့တဲ့ လမ်းစဉ်တွေနဲ့ ဆက်သွယ်မှု ရှိနေပါတယ်။ ဘယ်ကမ္ဘာပဲဖြစ်ဖြစ် အရင်ဆုံးမသွားသေးဘူးလို့ ဟန်ကျွယ်ဟာ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ဒီသေမျိုးဘုံမှာ ထိပ်ဆုံးရောက်နေတာက တစ်ခြားနေရာမှာ အောက်ခြေရောက်တာထက် ပိုကောင်းပါတယ်။

ဟန်ကျွယ်ဟာ လက်ရှိကမ္ဘာရဲ့ ထိပ်ဆုံးကိုရောက်နေတာမို့ တစ်ခြား ဒီထက်ပိုမြင့်တဲ့ နယ်ပယ်ကိုသွားပြီး တစ်ခြားသူတွေအတွက် ခြေနင်းကျောက်ပြား မဖြစ်ချင်ပါဘူး။

ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်မှာ အလွန်ရှည်လျားတဲ့ သက်တမ်းရှိပါတယ်။ ဟန်ကျွယ်ဟာ သူ့သက်တမ်းကို တွေးမိသွားတာကြောင့် ကိုယ်ရေးအကျဉ်းကို ဖွင့်ကြည့်လိုက်ပါတယ်။

[အမည်: ဟန်ကျွယ်]

[သက်တမ်း: ၄၇၈/၁၀၉,၂၀၀]

[မျိုးနွယ်စု: လူသား(သေမျိုးဖြတ်ကျော်အဆင့်)]

[ကျင့်ကြံမှု: အတိဒုက္ခဖြတ်ကျော်ခြင်း ပထမအဆင့်]

[ကျင့်စဉ်: ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ် (အမွေဆက်ခံ၍ ရရှိသည်)]

[မှော်ပညာ: ပြိုင်ဘက်ကင်း ဓါးလက်ချောင်းသိုင်း၊ ပုံရိပ်ယောင် ခြေခုနစ်လှမ်း၊ ပြိုင်ဘက်ကင်း အရိပ်သုံးပါးဓားသိုင်း၊ နတ်ဆိုးနှင် နဂါးကိုးကောင်တံဆိပ်၊ မိုးကြိုးမုန်တိုင်းကြီး၊ လေနတ်သားသိုင်း၊ မူလရုပ်ဖော်ပညာရပ်]

[ဆန်းကြယ်စွမ်းအား: လမ်းခြောက်သွယ်စုပ်ယူခြင်း၊ ကောင်းကင်ဒဏ်ပေး တစ္ဆေဓား၊ မိုးနှင့်မြေ၊ တိမ်ကျွမ်းထိုး၊ ဓားတစ်သောင်း (အမွေဆက်ခံ၍ ရရှိသည်)၊ ရူလိုင်မန္တန်၊ လမ်းခြောက်သွယ် အန္တိမတံဆိပ်တော်၊ မိုးကောင်းကင်ဓားချီ၊ မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်း၊ စကြာဝဠာအင်္ကျီလက်။]

[အသုံးအ‌ဆောင်: ရွှေရောင်ဆန်းကြယ်နတ်ဝတ်ရုံ (စိတ်ဝိညာဉ်ရတနာ သတ္တမအဆင့်)၊ စကြာဝဠာခါးပတ်၊ ချီလင်ဓား၊ နတ်ဆိုးချည်ကြိုး၊ မီးမိစ္ဆာခေါင်းလောင်း (စိတ်ဝိညာဉ်ရတနာ ဆဋ္ဌမအဆင့်)၊ ကြယ်ကိုးစင်းဖိနပ် (စိတ်ဝိညာဉ်ရတနာ ပဥ္စမအဆင့်)၊ ရေခဲဘုရင်၏ သရဖူ (စိတ်ဝိညာဉ်ရတနာ စတုတ္ထအဆင့်)၊ ကြမ္မာဆိုးစာအုပ် (အကောင်းစား မဟာညီညွှတ်မှု စိတ်ဝိညာဉ်ရတနာ)၊ မြေဧကရာဇ်၏ ဝိညာဉ်ပဝါ (စိတ်ဝိညာဉ်ရတနာ သတ္တမအဆင့်)၊ နှလုံးကာနတ်ဆွဲကြိုး (စိတ်ဝိညာဉ်ရတနာ သတ္တမအဆင့်)၊ တရားထိုင်ဖျာ (မဟာညီညွှတ်မှု စိတ်ဝိညာဉ်ရတနာ ဆဋ္ဌအဆင့်)၊ ကောင်းကင်စိတ်ဝိညာဉ် လက်ကောက် (အကောင်းစား စိတ်ဝိညာဉ်ရတနာ)၊ ရွှေခရမ်းရောင်ချပ်ဝတ်ပျော့ (မဟာညီညွှတ်မှု စိတ်ဝိညာဉ်ရတနာ အဋ္ဌမဆင့်)။]

[ဓားငွေ့: ပြန်လည်းမွေးဖွားခြင်းဓားငွေ့(မဟာညီညွှတ်မှု)]

[ကိုယ်ပိုင်ဖန်တီး ဆန်းကြယ်စွမ်းအား: လောကသုံးပါး သန့်ရှင်းခြင်း(မဟာညီညွှတ်မှု)]

[ဝိညာဉ်ရတနာ: ဟွမ့်သွမ့်ဓား]

[ကျင့်ကြံခြင်းစွမ်းရည်: စိတ်ဝိဉာဉ်ခြောက်သွယ် ခန္ဓာကိုယ်၊ ထိပ်တန်း မီး, ရေ, လေ, မြေ, သစ်သား, မိုးကြိုး ကျင့်ကြံခြင်းစွမ်းရည်၊ မွေးရာပါကံတရားအား ကောင်းချီးအနည်းငယ် ပေးသည်။]

[မွေးရာပါကံတရားမှာ အောက်ပါအတိုင်း ဖြစ်သည်]

[ပြိုင်ဘက်ကင်း စစ်သည်တော်: အင်မော်တယ်ရုပ်ရည်၊ ထိပ်တန်းဆွဲဆောင်မှု]

[ကံကြမ္မာဓါးရူး: ထိပ်တန်း ဓါးပညာပါရမီ၊ ထိပ်တန်း ဓါးပညာနားလည်မှု]

[ကိုယ်ဖော့သိုင်း: ထိပ်တန်း ကိုယ်ဖော့သိုင်းပါရမီ]

[အမတဧကရာဇ် မျိုးဆက်: ဂိမ်းကို စတင်ပြီး၍ ပြိုင်ဘက်ကင်းကျင့်စဉ်နှင့် အကောင်းစား စိတ်ဝိဉာဉ်ကျောက်တုံး တစ်ထောင် ရရှိပြီး ဖြစ်သည်။]

[လူမှုဆက်ဆံရေးကို စစ်ဆေးမည်]

…

‘၁၀၉,၂၀၀ နှစ်တောင်လား’

ဟန်ကျွယ်ဟာ ဒီလောက်ရှည်လျားတဲ့ သက်တမ်းက လမ်းခြောက်သွယ် ပြန်လည်မွေးဖွားခြင်း ကျင့်စဉ်ကြောင့်လို့ သံသယဝင်သွားပါတယ်။ နှစ်ပေါင်းတစ်သိန်း အသက်ရှင်နိုင်တဲ့ ကျင့်ကြံသူကို ဟန်ကျွယ် တစ်ခါမှ မကြားဖူးသေးပါဘူး။

ဒါတောင် ဟန်ကျွယ်က အတိဒုက္ခဖြတ်ကျော်အဆင့်မှာပဲ ရှိသေးတာပါ။ ကောင်းကင်ဘုံဝင်အဆင့်ကို ရောက်လို့ရှိရင် ဒီထက်သက်တမ်းရှည်အုန်းမှာပါ။

အဲဒီနောက် ဟန်ကျွယ်ဟာ အတွေးတွေကို ရှင်းလင်းပြီး ကျင့်ကြံမှုကို ခိုင်ခံ့အောင် ဆက်လုပ်ပါတယ်။

ခုနစ်ရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို ခိုင်ခံ့အောင်လုပ်လို့ ပြီးသွားပါတယ်။ အခုအချိန်မှာဆိုရင် ဟန်ကျွယ်ဟာ အတိဒုက္ခဖြတ်ကျော် ကျင့်ကြံသူစစ်စစ် ဖြစ်သွားပါပြီ။

ဟန်ကျွယ်ဟာ မြက်ခင်းပြင်ကို ကြည့်လိုက်တဲ့အခါမှာ ကောင်းကင်မိုးကြိုးကြောင့် နေရာတော်တော်များများ မည်းတူးနေတာကို တွေ့လိုက်ရပါတယ်။ နေရာတိုင်းမှာ ချိုင့်ခွက်တွေ ဖြစ်နေပြီး မိုးရွာတာ ရပ်သွားပါတယ်။ ကောင်းကင်မိုးကြိုးက မြေမျက်နှာသွင်ပြင်ကိုတင် ပြောင်းလဲလိုက်တာ မဟုတ်ပါဘူး။ ဒီလွင်ပြင်ရဲ့ ရာသီဥတုကိုလည်း လုံးဝပြောင်းလဲပစ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ပါတယ်။ များမကြာမီမှာပဲ ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ရုတ်တရက် ပေါ်လာပါတယ်။

[မွေးရာပါ ကံတရားအထောက်အပံ့ရှိသူအား ရှာတွေ့ထားသည်။ မူလဇစ်မြစ်အား စစ်ဆေးနေသည်။]

…

‘ကံတရားအထောက်အပံ့ရှိတဲ့သူလား’

ဟန်ကျွယ်ဟာ မသိချင်ဘဲ မနေနိုင်အောင် ဖြစ်သွားရပါတယ်။ ကံတရား အထောက်အပံ့ရှိတဲ့လူကို ဟန်ကျွယ် မတွေ့တာတောင် နှစ်အတော်ကြာခဲ့ပါပြီ။

ဟန်ကျွယ်ဟာ ချက်ချင်းပဲ စစ်ဆေးလိုက်ပါတယ်။

[ဖန်းလျန်: ချီသန့်စင်ခြင်း တတိယအဆင့်၊ မိုးကောင်းကင်နှင့်မြေကြီး၏ သားတော်။ ဖန်းလျန်သည် မိုးမြေကံတရားအထောက်အပံ့ဖြင့် မွေးဖွားလာသူဖြစ်ပြီး မိုးနှင့်မြေ၏ စောင့်ရှောင်ခြင်းကို ခံရသူဖြစ်သည်။ ကံတရားအထောက်အပံ့သည် အင်အားကြီးလွန်းသောကြောင့် သူ့ရုပ်ခန္ဓာနှင့် ဝိညာဉ်သည် ကံတရားအထောက်အပံ့အား မသယ်ဆောင်နိုင်သေးချေ။ ရွှေဓာတ်လုံးအဆင့်ကို ရောက်ရှိမှသာ မိုးမြေကံတရားအထောက်အပံ့သည် သက်ဝင်ထင်ရှားလာမည်ဖြစ်သည်။ ထိုအချိန်မှစ၍ ဖန်းလျန်အား မည်သူမျှ တားဆီးနိုင်မည် မဟုတ်ချေ။]

‘မိုးကောင်းကင်နဲ့ မြေကြီးရဲ့သားတော်’

‘ဘာကြီးလဲဟ’

ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပြီး အမြင်မှားတယ်လို့တောင် သံသယဝင်သွားပါတယ်။ ဟန်ကျွယ်ဟာ ဂရုတစိုက် ထပ်ကြည့်လိုက်တဲ့အခါ သူအမြင်မှားတာ မဟုတ်မှန်း သေချာသွားပါတယ်။

‘ဒါက ဝတ္ထုထဲက ဇာတ်လိုက်ပဲ’

ဟန်ကျွယ်ဟာ ချက်ချင်းပဲ နတ်အာရုံကို အသုံးပြုပြီး ရှာဖွေလိုက်တဲ့အခါ မကြာခင်မှာပဲ ဖန်းလျန်ကို တွေ့သွားပါတယ်။ ဖန်းလျန်ဟာ တောအုပ်ထဲမှာ ပုန်းနေပြီး ဟန်ကျွယ်ရှိတဲ့ဘက်ကို ချောင်းကြည့်နေပါတယ်။

ဟန်ကျွယ်ဟာ ဖန်းလျန်ရှေ့ကို ဖျတ်ခနဲ ရောက်သွားတာကြောင့် ဖန်းလျန်ဟာ ကြောက်လန့်ပြီး နောက်ကိုချက်ချင်း ဆုတ်သွားပါတယ်။ ဖန်းလျန်ရဲ့အသက်ဟာ ၁၇ ၁၈ လောက်သာ ရှိသေးပြီး မျက်နှာမှာလည်း ကလေးဆန်မှု မပျောက်သေးပါဘူး။

“ကျွန်တော်က စီနီယာကို နှောင့်ယှက်ဖို့ မရည်ရွယ်ပါဘူး၊ စီနီယာရဲ့ ကောင်းကင်စမ်းသပ်မှု ဖြတ်ကျော်တာကို အနှောင့်အယှက်ပေးမိရင် တောင်းပန်ပါတယ်” ဖန်းလျန်ဟာ ချက်ချင်းဒူးထောက်ပြီး ချမ်းသာ‌ပေးဖို့ တောင်းပန်ပါတယ်။

ဟန်ကျွယ်ဟာ ဆွံအသွားပါတယ်။

‘ဒါလားမိုးမြေသားတော်ဆိုတာ... တော်တော်သတ္တိနည်းတာပဲ’

ဟန်ကျွယ်ဟာ ခံစားချက်ကင်းမဲ့စွာ ပြောလိုက်ပါတယ် “မင်းကျင့်ကြံမှုက အားနည်းလိုက်တာ၊ ဒီနေရာကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ”

ဖန်းလျန်ဟာ ကြောက်လန့်တကြား ပြန်ဖြေပါတယ် “ကျွန်တော်က ခြေသလုံးအိမ်တိုင် ကျင့်ကြံသူပါ၊ ယွီဂျင်ဂိုဏ်းတော်ကြီးထဲဝင်ချင်လို့ ဒီနေရာကို ဖြတ်သွားမိတာပါ”

ဟန်ကျွယ်ဟာ ဖန်းလျန်ကို စိုက်ကြည့်လိုက်ပြီး နတ်သတ်တိုကင်ကို ပစ်ပေးလိုက်ပါတယ်။

“ငါတို့နှစ်ယောက်ရဲ့ တွေ့ဆုံကြတာက ရေစက်ရှိလို့ပဲ၊ ယွီဂျင်ဂိုဏ်းတော်ကြီးထဲကို မင်းရောက်ရင် ဒီတိုက်ကင်ကို ထုတ်ပြလိုက်” ဟန်ကျွယ်ဟာ ပြောဆိုပြီးတာနဲ့ ရုတ်ခြည်းပျောက်ကွယ်သွားပါတယ်။

ဖန်းလျန်ဟာ မိုးမြေသားတော်ဆိုပေမဲ့ ဟန်ကျွယ်က သိပ်အမြင့်ကြီး မတွေးပါဘူး။ ဖန်းလျန် အစွမ်းထက်ချိန်ရောက်ရင် ဟန်ကျွယ်က အမတဖြစ်နေလောက်ပါပြီ။

ဖန်းလျန်ဟာ နတ်သတ်တိုကင်ကို ကောက်ယူလိုက်ပြီး တိုကင်ပေါ်က စာလုံးနှစ်လုံးကို တွေ့လိုက်ရတဲ့အခါ မျက်နှာအမူအရာ လုံးဝပြောင်းလဲသွားပါတယ် “သူက ကျင့်ကြံသူတွေ ပြောပြောနေကြတဲ့ ယွီဂျင်ဂိုဏ်းတော်ကြီးက အလျှို့ဝှက်ဆုံး အဆန်းကြယ်ဆုံး နတ်သတ်အကြီးအကဲများလား”

ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။

[ဖန်းလျန်သည် သင့်အပေါ်တွင် အကောင်းမြင်စိတ် ရှိလာပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်လေးပွင့်။]

လူတစ်ယောက် အားနည်းနေချိန်မှာ အင်အားကြီးသူတစ်ဦးက အကြောင်းရင်းမရှိဘဲ လမ်းညွှန်ပေးမယ်ဆိုရင် အလွယ်တကူ ရိုသေလေးစားတက်ကြပါတယ်။

ဟန်ကျွယ်ဟာ ဝီရိယတောင်ကို ပြန်ရောက်ပြီးတဲ့နောက် ငရဲကြက်နက်၊ ရွှင်ချန်အန်းနဲ့ တစ်ခြားသူတွေကို ဂရုမစိုက်ဘဲ ကျင့်ကြံခြင်းလိုဏ်ဂူထဲကို တန်းဝင်သွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ အိပ်ရာပေါ်မှာထိုင် ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး စတင်ကျိန်စာတိုက်ပါတယ်။

အဆင့်တက်တာဖြစ်တဲ့အတွက် အောင်ပွဲခံဖို့ ထိုက်တန်ပါတယ်။

မိုးမြေမြက်ပင်က စိတ်လှုပ်တရှား ပြောလိုက်ပါတယ် “သခင်... နောက်ဆုံးတော့ ပြန်လာပြီပဲ”

ဟန်ကျွယ် ထွက်သွားတာ အရမ်းကြာပြီမို့ မိုးမြေမြက်ပင်ဟာ ထပ်ပြီးတော့ စွန့်ပစ်ခံရပြီလားလို့ စိုးရိမ်နေတာပါ။

“မင်းရဲ့ကျင့်ကြံမှုက ဘယ်လိုနေလဲ” ဟန်ကျွယ်က မေးလိုက်ပါတယ်။ မိုးမြေမြက်ပင်ဟာ ချီသန့်စင်ခြင်း အဋ္ဌမအဆင့်ကို ရောက်ရှိနေပါပြီ။

“ကျွန်မ ကျင့်ကြံနေရင်းနဲ့ ကျင့်ကြံခြင်းမှတ်ဉာဏ်အချို့ကို ပြန်မှတ်မိလာတယ်၊ အဲဒီမှတ်ဉာဏ်တွေက ကျင့်စဉ်တစ်ခုလိုမျိုးပဲ”

ဟန်ကျွယ်ဟာ မအံဩပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မိုးမြေမြက်ပင်က အမတနတ်ဘုရားနဲ့ အတူတူ တာအိုကိုသိမြင်နားလည်းအောင် ကြိုးစားခဲ့လိုပါ။

“အဆင်မပြေတာရှိရင် ငါ့ကိုပြော”

“ဟုတ်ကဲ့ပါ သခင်”

…

ဟန်ကျွယ် အတိဒုက္ခဖြတ်ကျော်အဆင့်ကို ရောက်ရှိသွားတဲ့သတင်းဟာ ပျံ့နှံ့ခြင်းမရှိပါဘူး။ လီချင်းဇဲ့ကလည်း ဒီသတင်းကို လျှောက်မဖြန့်ဘဲ တစ်ချိန်လုံး ဂူအောင်းကျင့်ကြံနေပါတယ်။

လေးငါးခြောက်ရက် ကြာတဲ့အခါမှာတော့ ဖန်းလျန်ဟာ ယွီဂျင်ဂိုဏ်းတော်ကြီးကို ရောက်ရှိလာပါတယ်။ နတ်သတ်တိုကင်ကြောင့် ဖန်းလျန်ဟာ အတွင်းဂိုဏ်းတပည့် တန်းဖြစ်သွားပါတယ်။

ဖန်းလျန်ဟာ နတ်သတ်အကြီးအကဲရဲ့ နေရာနဲ့ တပည့်ဖြစ်အောင် ဘယ်လိုလုပ်ရလဲဆိုတာ လျှောက်မေးပါတယ်။ မကြာခင်မှာပဲ ဖန်းလျန်ဟာ နည်းလမ်းရှာတွေ့သွားပြီး ဝီရိယတောင်ရဲ့ ကျောက်ပြားရှေ့မှာ ဒူးထောက်ပါတော့တယ်။

ဖန်းလျန်တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ တစ်ခြားတပည့် ဆယ်ယောက်ကျော်လည်း ဒူးထောက်နေကြပါတယ်။

ကြီးမြတ်တဲ့စပါးအုံးစိမ်း သေဆုံးသွားပြီးကတည်းက ဟန်ကျွယ်ကို ဆရာသခင်အဖြစ် တင်မြှောက်လိုတဲ့ တပည့်တွေ တိုးများလာပါတယ်။ နှစ်အနည်းငယ်ကြာတိုင်း ဂိုဏ်းတပည့်တွေ ရောက်လာပြီး ဝီရိယတောင်ခြေမှာ ဒူးထောက်ရှိခိုးကြပါတယ်။ ဒီဟာက ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ ဓလေ့တစ်ခုလို ဖြစ်လာပါတယ်။

ဒါပေမဲ့လည်း အကြီးအကဲတွေဟာ ဝီရိယတောင်နားမှာ ဆူဆူညံညံလုပ်မှာကို လုံးဝတားမြစ်ထားပါတယ်။ အရမ်းဆူညံအောင် လုပ်မယ်ဆိုရင်တော့ ဂိုဏ်းထဲကနေ နှင်ထုတ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်။

ဟန်ကျွယ်ဟာ ဖန်းလျန်ရောက်လာတာကို သတိထားမိပေမဲ့ တပည့်အဖြစ် လက်ခံသင့် မသင့် ချီတုံချတုံ ဖြစ်သွားပါတယ်။

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters