← Chapters

အခန်း ၂၀၁

Vol. 21 Ch. 201

အခန်း ၂၀၁

Vol. 21 Ch. 201

အခန်း (၂၀၁)

'ကြောက်ဖို့ကောင်းသည်' ဟူသော စကားလုံးက ထိုမျက်နှာကြီးကို ဖော်ပြရန် အပြည့်စုံဆုံးစကားလုံး ဖြစ်ပေလိမ့်မည်။

ထိုမျက်နှာကြီးသည်... အသက် ၃၀၀ ကျော်လောက် နေထိုင်ခဲ့ရပြီး အိုမင်းခြင်းဖြစ်စဉ် အရှိန်မြင့်နေသော အဘွားအိုတစ်ယောက်နှင့် တူ၏။

ဒီလိုပဲထားကြပါစို့ ဖုန်းပုကြွယ်အနေဖြင့် ထိုမျက်နှာကို ဝေဖန်ရန် စိတ်မပါတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူ့စိတ်ထဲ ပေါ်လာသည့် စကားလုံးများက အလွန် ကြမ်းတမ်းနေ၍ ဖြစ်သည်။ သူက ပိုပါးနပ်သည့်နည်းလမ်းဖြင့်သာ သက်ပြင်းချလိုက်နိုင်တော့သည်။

"ဒါက ကြောက်စရာကောင်းတဲ့ ကားအက်ဆီးဒင့်ဖြစ်ခဲ့တဲ့ နေရာနဲ့ တူလိုက်တာ..."

သူ့မျက်လုံးများက ပြူးကျယ်နေပြီး ခေါင်းခါလိုက်မိသည်။

"ငါ ငါ့မျက်လုံးတွေတောင် လွှဲလို့မရတော့ဘူး"

သစ်ပင်နောက်က မျက်နှာပိုင်ရှင်သည် ဂိမ်းသတ်မှတ်ချက်အရ 'မကောင်းဆိုးဝါး' တစ်ကောင်ဖြစ်ကြောင်း သိသာလှသည်။ စနစ်က ထိုတည်ရှိမှုမျိုးကို ကစားသမားများအား ရန်လိုစေရန် အစကတည်းက ဖန်တီးထားခြင်းဖြစ်သည်။ သူတို့က ဖုန်းပုကြွယ်၏ စကားများထဲမှ 'သိပ္ပံစိတ်ကူးယဉ်'၊ 'ကမ္ဘာ့အမြင်' နဲ့ 'ကားအက်ဆီးဒင့်' ကဲသို့ စကားလုံးများကို ရွေးချယ်ပြီး လျစ်လျူရှုထားကြပေလိမ့်မည်။ ထိုမကောင်းဆိုးဝါးက ထိုစကားလုံးများကို မှတ်ချက်ပေးမည် မဟုတ်သလို ထိုစကားလုံးကြောင့်လည်း မည်သည့်ဇာတ်ကွက်အလှည့်အပြောင်းကိုမှ အသက်သွင်းမိမည်မဟုတ်ချေ။ သို့မဟုတ် မကောင်းဆိုးဝါး၏ အလေ့အကျင့်ကိုလည်း ပြောင်းလဲစေမည် မဟုတ်ပါချေ။

"မင်းတို့... 'လျှို့ဝှက်ခေါင်းလောင်းဘုံကျောင်း' ကို ရှာနေတာလား"

ထိုထူးဆန်းသော မျက်နှာက မေးလိုက်သည်။

“ဟုတ်တယ်”

ဖုန်းပုကြွယ်က ချက်ချက်ပြန်ဖြေလိုက်သည်။

ရီရူလီက ဖုန်းပုကြွယ်ကို မျက်လုံးထောင့်မှ တစ်ချက်လှမ်းကြည့်လိုက်သည်။သူမအနေဖြင့် သူ့ကို မလေးစားဘဲ မနေနိုင်တော့ချေ။ သူမက သူမဘာသာတွေးလိုက်သည်။

'သူက ‘လျှို့ဝှက်ခေါင်းလောင်းကျောင်းတော်’ ဆိုတဲ့ နာမည်ကိုကြားဖူးတာ နှစ်စက္ကန့်ပဲ ရှိသေးတယ်၊ ဒါပေမဲ့ သူက တုံ့ဆိုင်းမနေဘဲ ပြန်ဖြေနိုင်တယ်၊ သူ့မျက်နှာမှာလည်း လိမ်နေတဲ့ အရိပ်အယောင် လုံးဝမရှိဘူး...'

"ဟားဟားဟား..."

ထိုထူးဆန်းသော မျက်နှာကြီးက ရယ်မောလိုက်ပြီးနောက် သစ်ပင်နောက်မှ ခေါင်းလောင်းသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"မင်းတို့ဆီမှာ ခေါင်းလောင်း မရှိဘူးလေ၊ ဒါကို ဘယ်လိုရှာမှာလဲ"

ထူးဆန်းသောမျက်နှာပိုင်ရှင်က သူမ၏ လက်ကို မြှောက်၍ သစ်ပင်နောက်မှ ထုတ်ပြလိုက်သည်။ သူမသည် သာမန် အဖြူရောင်ပိတ်သားအင်္ကျီကို ဝတ်ဆင်ထားပြီး အင်္ကျီလက်ကြားမှ မြင်နေရသော အဝတ်အစားများမှာ အတော်လေး သန့်ရှင်းသပ်ရပ်နေ၏။

ဖုန်းပုကြွယ်၏ စိတ်ကူးထဲတွင်မူ ထိုသတ္တဝါမှာ ဆွေးမြေ့နေသော မမ်မီပတ်တီးများ ပတ်ထားသည့် လက်မျိုး ရှိလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း လက်တွေ့တွင် သူမျှော်လင့်ထားသလို မဟုတ်ပေ။ သို့သော်လည်း သူက အဝတ်အစားကိစ္စကို အချိန်အကြာကြီး အာရုံမရသဖြင့် ထိုအမျိုးသမီးလက်ထဲမှ ခေါင်းလောင်းဆီသို့သာ ချက်ချင်း အကြည့်ရောက်သွားတော့သည်။

၎င်းမှာ လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားနိုင်သော ငွေရောင်ခေါင်းလောင်းလေးတစ်ခု ဖြစ်သည်။ ခေါင်းလောင်းသည် သစ်ပင်ရိပ်ကြားမှ တိုးဝင်လာသော နေရောင်ခြည်နှင့် ထိတွေ့ကာ စူးရှသော အလင်းတန်းကို ထုတ်လွှတ်နေလေ၏။

"ဒီခေါင်းလောင်းနဲ့ဆို ကျုပ်တို့က လျှို့ဝှက်ခေါင်းလောင်းဘုံကျောင်းကို ရှာတွေ့နိုင်မှာလား"

ဖုန်းပုကြွယ်က မေးလိုက်သည်။

"မှန်တယ်၊ ဘုံကျောင်းတံခါးကို ရှာဖို့အတွက် မင်းမှာ ဒီခေါင်းလောင်း ရှိနေမှ ဖြစ်မယ်"

ထူးဆန်းသောမျက်နှာက ပြန်ဖြေ၏။

"မင်း ဒါကို လိုချင်လား"

"ဘာလဲ... ဒါကို ကျုပ်ကို ပေးမယ်လို့ ဆိုလိုတာလား"

"သေချာတာပေါ့ ဟီးဟီးဟီး..."

ထူးဆန်းသောမျက်နှာက ထပ်မံရယ်မောလိုက်ပြန်သည်။ တစ်နည်းအားဖြင့် သူမ၏ ရယ်သံသည် မရယ်မောခင်ကထက် ပို၍ ကြောက်မက်ဖွယ် ကောင်းနေလေသည်။

"ဒီကို လာယူလေ၊ ဒါဆို ငါပေးမယ်"

"ဟီးဟီးဟီး... ကောင်းပါပြီ"

ဖုန်းပုကြွယ်က ပြုံးလိုက်ရင်း သူ့ကျောပိုးအိတ်ထဲမှ ခေါက်ထိုင်ခုံကို ထုတ်ယူလိုက်သည်။

ထူးဆန်းသောမျက်နှာက တွေးတောခြင်းကို မသိပေ။ဖြစ်နိုင်သည်က သူမသည် ဖုန်းပုကြွယ်လက်နက်တစ်ခုကို ထုတ်ယူလိုက်သည်ကို သဘောမပေါက်ပုံရသည်။ သူ သုံးမီတာခန့် အကွာအဝေးသို့ ရောက်လာသောအခါမှသာ မေးခွန်းထုတ်တော့သည်။

"ခဏနေဦး... မင်းလက်ထဲက ဘာလဲ"

"အိုး... ဒါလား၊ ထိုင်ခုံလေ"

ဖုန်းပုကြွယ်က တည်ငြိမ်စွာ ဖြေလိုက်သည်။

"ထိုင်ခုံနဲ့ ဘာလုပ်မလို့လဲ"

"ကျုပ်ရပ်နေတာ တော်တော်ကြာပြီမို့ ခဏလောက် ထိုင်ချင်လို့ပါ၊ ခေါင်းလောင်း ရပြီးတာနဲ့ ထိုင်ပြီး အနားယူတော့မှာမို့လို့ပါ"

ထူးဆန်းသောမျက်နှာက သံသယဝင်သွားသော်လည်း "ကောင်းပြီ... ဒီကို လာခဲ့..." ဟုသာ ဆိုသည်။

ရီရူလီသည် ရပ်နေသောနေရာမှ အခြေအနေကိုကြည့်ရင်း ရယ်ချင်နေမိသည်။ ဤကဲ့သို့ တင်းမာနေသော အခြေအနေမျိုးတွင် ဖုန်းပုကြွယ်တစ်ယောက်သာ ထိုကဲ့သို့ ဟာသလုပ်နိုင်လိမ့်မည်ဟု သူမ ယုံကြည်ပေသည်။ သို့သော်လည်း သူမ သတိလက်လွတ်မနေဘဲ အကယ်၍ ထိုမကောင်းဆိုးဝါးက ရုတ်တရက် တိုက်ခိုက်လာပါက ချက်ချင်းတုံ့ပြန်ရန် အသင့်ပြင်ထား၏။

ဖုန်းပုကြွယ်သည် သစ်ပင်ဆီသို့ တစ်လှမ်းချင်း ချဉ်းကပ်သွားလိုက်သည်။ သူက ခြေလှမ်းတိုင်းတွင် ကိုယ်အလေးချိန်ကို နောက်ခြေထောက်၌သာ ထားရှိပြီး ရှေ့ခြေထောက်ဖြင့် မြေကြီးပေါ်တွင် ထောင်ချောက် ရှိ၊ မရှိ အရင် စမ်းသပ်ကြည့်နေခြင်း ဖြစ်သည်။

"အခု မင်းဘာလုပ်နေတာလဲ"

ဖုန်းပုကြွယ်က ပြန်ဖြေသည်။

"ကျုပ်ခြေထောက်မှာ တစ်ခုခု ဖြစ်နေသလားလို့ စမ်းကြည့်နေတာပါ"

"မင်းရဲ့ ကိုယ်ပိုင်ခြေထောက်မှာ တစ်ခုခုဖြစ်နေတာကို မင်းကိုယ်တိုင် မသိဘူးလား"

ထူးဆန်းသောမျက်နှာက ရုတ်တရက် ရက်စက်သောအမူအရာ ဖြစ်လာသည်။

"မင်းက ငါ့ကို ထောင်ချောက်ဆင်ထားတယ်လို့ သံသယဝင်နေတာလား"

"မဟုတ်ရပါဘူးဗျာ”

ဖုန်းပုကြွယ်က တည်ငြိမ်စွာ ပြန်ဖြေသည်။

“ကျုပ်ခြေထောက်မှာ တစ်ခုခု ဖြစ်နေသလားဆိုတာ သိဖို့အတွက် နှစ်လှမ်းလောက်တော့ လမ်းလျှောက်ကြည့်ရမှာပေါ့"

သူက မိုက်ကယ်ဂျက်ဆင်၏ မွန်းဝေါ့ခ်လမ်းလျှောက်နည်း (moonwalk) အတိုင်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး "တွေ့လား... ဒါကို နှစ်လှမ်း လမ်းလျှောက်တယ်လို့ ခေါ်တာပဲ..."

ရီရူလီသည် နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ တခစ်ခစ် ရယ်မောမိတော့သည်။

မကောင်းဆိုးဝါးမှာမူ ကြောင်အသွားရသည်။ ဘာတွေဖြစ်နေတာလဲ။ ဒီလူက ရှေ့ကို လျှောက်နေတဲ့ပုံစံနဲ့ နောက်ဆုတ်သွားတာလား။

"ကောင်းပြီ... ဒီကိုသာ လာခဲ့စမ်းပါ၊ မင်း ခေါင်းလောင်းကို လိုချင်သေးတယ် မဟုတ်လား"

ထူးဆန်းသောမျက်နှာ၏ မျက်လုံးများနှင့် လေသံတွင် လောဘဇောများ အထင်အရှား ပေါ်လွင်နေလေသည်။

ဖုန်းပုကြွယ်သည် ပတ်ဝန်းကျင်ကို သေသေချာချာ စောင့်ကြည့်ပြီးနောက် မြေပြင်တွင် ထောင်ချောက် မရှိနိုင်ဟု ဆုံးဖြတ်လိုက်သည်။ သို့ဆိုလျှင် ပြဿနာမှာ… သစ်ပင်၌သာ ရှိရမည်ဟု သူ တွေးတောလိုက်သည်။

"မေးပါရစေဦး... ခင်ဗျားက ဘာလို့ သစ်ပင်နောက်မှာ ပုန်းနေတာလဲ"

"ဒီကိုလာပြီး ကိုယ်တိုင်ကြည့်လိုက်ရင် သိမှာပေါ့"

ဖုန်းပုကြွယ်သည် သူမနှင့် အတော်လေး နီးကပ်နေပြီ ဖြစ်ရာ ဘေးသို့ မီတာအနည်းငယ် တိုးလိုက်ရုံဖြင့် သစ်ပင်နောက်မှ အခြေအနေကို မြင်နိုင်မည် ဖြစ်သည်။ သို့သော်လည်း သူ လှုပ်ရှားရန် ပြင်လိုက်သည်နှင့် ထိုမျက်နှာက ဖြတ်မြင်သွားပြီး ချက်ချင်းအော်ဟစ်လိုက်သည်။

"မလှုပ်နဲ့၊ မင်းဟိုဘက်ကို ဘာသွားလုပ်မှာလဲ"

"ခင်ဗျား ဘာလို့ သစ်ပင်နောက်မှာ ပုန်းနေလဲဆိုတာ သွားကြည့်မလို့လေ"

ဖုန်းပုကြွယ်က ပြန်ဖြေရင်း အကွာအဝေးတစ်ခုထိန်းကာ ပတ်လျှောက်လိုက်သည်။ သူသည် သစ်ပင်နောက်တွင် ဘာရှိသည်ကို သိချင်နေခြင်းဖြစ်သည်။

သူအံ့ဩသွားရသည်မှာ ထူးဆန်းသောမျက်နှာပိုင်ရှင်လည်း ဖုန်းပုကြွယ်၏ လှုပ်ရှားမှုနောက်သို့ လိုက်၍ သစ်ပင်ကို ပတ်လျှောက်နေခြင်းပင်။ သူမက သူမ၏ ဦးခေါင်းနှင့် လက်မောင်းတစ်ဖက်ကိုသာ ဖုန်းပုကြွယ်ကို ပြသထားသည်။

"ပတ်မလာနဲ့"

ထူးဆန်းသောမျက်နှာက အခြေအနေ မဟန်တော့သည်ကို သိသဖြင့် စတင်ခြိမ်းခြောက်လိုက်သည်။

"သစ်ပင်နားကို ကပ်ပြီး လျှောက်လာခဲ့၊ မဟုတ်ရင် ငါခေါင်းလောင်းကို ဖျက်ဆီးပစ်လိုက်မယ်"

မကောင်းဆိုးဝါးသည် တစ်စုံတစ်ခုကို မေ့လျော့သွားမိသည်။ သူမသည် ဖုန်းပုကြွယ်၏ လှုပ်ရှားမှုနောက်ကို လိုက်၍ ပုန်းသည့်ထောင့်ကို ပြောင်းလိုက်ချိန်တွင် ရီရူလီက သူမ၏ မျက်ကွယ်နေရာသို့ ရောက်ရှိသွားခြင်းပင်။ ထိုအခိုက်အတန့်တွင် ရီရူလီသည် တိတ်တဆိတ် လှုပ်ရှား၍ သစ်ပင်၏ အခြားတစ်ဖက်မှ ချဉ်းကပ်သွားခဲ့သည်။

ဖုန်းပုကြွယ်၏ အမြင်ထောင့်အရ သူသည် သဘာဝကျစွာဖြင့် ရီရူလီ၏ လှုပ်ရှားမှုကို မြင်နေရသော်လည်း သူ့မျက်နှာအမူအရာနှင့် မျက်လုံးများမှာမူ သူ့အသင်းဖော်ဆီသို့ တစ်ချက်မှ မရောက်ပေ။ သူမျက်နှာတွင် စိုးရိမ်ပူပန်မှုလက္ခဏာများ မပြဘဲ အေးဆေးနေဆဲ ဖြစ်သည်။

"ကောင်းပါပြီ... ကျုပ်လာနေပါပြီ၊ တကယ် လာနေပါပြီ"

ဖုန်းပုကြွယ်က အသံကို မြှင့်လိုက်ပြီး အဓိပ္ပာယ်မရှိသော စကားများကို လှည့်ပတ်ပြောဆိုနေလေသည်။ သူသည် စကားကို အချိန်အကြာကြီး ဆွဲပြောနေသော်လည်း ခြေထောက်ကမူ တစ်လက်မတောင် မရွေ့ချေ။

“ကျုပ် ခြေနှစ်လှမ်းတည်းနဲ့ အခုရောက်လာတော့မှာပါ”

ယင်းသည် ရီရူလီအတွက် အချိန်ဆွဲထားရန်နှင့် သူမကို ဖုံးကွယ်ပေးထားနိုင်ရန် ဖြစ်သည်။

တကယ်တမ်းတွင် ရီရူလီသည် ထိုရယ်စရာကောင်းသော ဖုံးကွယ်မှုမျိုး မလိုအပ်ပေ။ ဆယ်စက္ကန့်ခန့် အကြာတွင် သူမသည် လျင်မြန်တိတ်ဆိတ်စွာဖြင့် ထူးဆန်းသောမျက်နှာ ပုန်းနေသောထောင့်သို့ ကွေ့ပတ်ရောက်ရှိသွားသည်။

သူမမျက်စိရှေ့တွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် ရီရူလီ ထိတ်လန့်သွားရသည်။ သူမက မနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။သူမက ချက်ချင်းပင် ဖုန်းပုကြွယ်ကို အော်ဟစ်သတိပေးလိုက်တော့သည်။

"သူ့မှာ ခေါင်းတစ်လုံးနဲ့ လက်မောင်းတစ်ဖက်ပဲ ရှိတာ၊ သူ့လည်ပင်းနဲ့ လက်က သစ်ပင်ကနေ ပေါက်ထွက်နေတာပဲ၊ အဲဒီသစ်ပင်နားကို လုံးဝ မကပ်နဲ့"

All Chapters