← Chapters

အခန်း ၂၀၉

Vol. 21 Ch. 209

အခန်း ၂၀၉

Vol. 21 Ch. 209

အခန်း (၂၀၉)

မုရုံယင်၏ သိုင်းလောကအကြောင်း ရှင်းပြချက်များကို နားထောင်နေသော အာတိုဘီနှင့် မြေအောက်ထဲရှိ ရှောင်တန်နှင့် ရီရူယွီတို့သည်လည်း အဓိကတာဝန်အဆင့်မြှင့်တင်မှုကို ကြားလိုက်ရသည်။ သူတို့ရရှိသည့် အဓိကတာဝန် အတိုချုပ်ဖော်ပြချက်၏ သတင်းအချက်အလက်က အကန့်အသတ်ရှိသော်ငြား ‘ခေါင်းလောင်းလောက’ နှင့် ‘ဝိညာဉ်’ ဟူသည့် အဓိကစကားလုံးများကြောင့် ထိုဝူရှလောကဇာတ်လမ်းသည် မရိုးရှင်းကြောင်း သူတို့နားလည်ရန် လုံလောက်ပေသည်။

“ဒီ ခေါင်းလောင်းလောကဆိုတာ…”

ရှောင်တန်က လမ်းလျှောက်ရင်း ပြောလိုက်သည်။

“ရွှမ်ယွမ်ဓားစီးရီးထဲက ပုလင်းလောကလို ၊ ကောင်းကင်ဘုံစာအုပ်လောကလိုများ ဖြစ်နိုင်မလား”

“ဒီလိုဆို ဒီဇာတ်လမ်းက ဝူရှလောကကနေ သဘာဝလွန်လောကအဖြစ် ပြောင်းသွားပြီပေါ့”

ရီရူယွီက ပြန်ဖြေသည်။

“ဒါပေမယ့် အစောပိုင်းက ငါတို့ တွေ့ခဲ့ရတဲ့ မိကျောင်းကြီးကလည်း သဘာဝလွန်ပဲလေ၊ ဘာမှ အံ့ဩစရာမရှိပါဘူး”

“အင်း… ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ငါတို့မှာ အဓိကတာဝန်အကြောင်း သဲလွန်စတစ်ခု ရှိသွားပြီပေါ့၊ ငါတို့ ဒီနေရာက မထွက်နိုင်ခင် အစ်ကိုကြွယ်နဲ့ အစ်မမိုးစက်တို့ ဇာတ်လမ်းကို ရှင်းနိုင်လိမ့်မယ်”

ရှောင်တန်က ဆိုသည်။

“အိပ်မက်မက်မနေနဲ့...”

ရီရူယွီက သူ့ကို ရေအေးတစ်ပုံး လောင်းချလိုက်သည်။

“အစကတည်းက ဇာတ်လမ်းမိတ်ဆက်အတိုင်းဆိုရင် ဒီဇာတ်လမ်းမှာ ဘယ်လိုနောက်ခံဆက်တင်မျိုးကို ဖုံးကွယ်ထား ဖုံးကွယ်ထား… ဇာတ်ကွက်က လုပ်ကြံသတ်ဖြတ်သူနှစ်ယောက်ရဲ့ ထိပ်တိုက်တွေ့ဆုံပွဲနဲ့ ဆက်စပ်နေတာပဲ၊ ငါတို့က အဲ့ဒီကြားက ဆက်စပ်မှုကို မတွေ့သေးရုံပဲရှိတာ၊ ဒါပေမယ့် စူးစမ်းရှာဖွေမှုတွေ ပိုလုပ်လေလေ သဲလွန်စတွေက အဲ့ဒီတိုက်ပွဲဆီသို့ ဦးတည်သွားလေလေပဲ ဖြစ်လိမ့်မယ်”

“အင်း... အစွမ်းထက် ပညာရှင်နှစ်ယောက်ရဲ့ တိုက်ပွဲတိုင်းမှာ ကြီးမားတဲ့ပူးပေါင်းကြံစည်မှုကြီးတစ်ခု ရှိနေစမြဲပဲ...”

ရှောင်တန်က ဆိုသည်။

“နင် ဘယ်လိုထင်လဲ”

ရီရူယွီက ပြန်မေးသည်။

“တကယ်လို့ တိုက်ပွဲသက်သက်ဆိုရင် အနိုင်ရဖို့အတွက် သူတို့ ကြိုက်တဲ့နေရာကို ကျပန်းဆုံးဖြတ်လို့ရတယ်၊ အခုလို နတ်ဘုရားတောင် စွန့်ပစ်ထားတဲ့ မြို့လေးမှာ လပြည့်ညကိုရွေးပြီး ချိန်းတယ်ဆိုမှတော့ ထူးခြားတဲ့ ပူးပေါင်းကြံစည်မှုတစ်ခုခု ရှိမှာ သေချာပေါက်ပဲ”

စကားပြောနေရင်း သူတို့ရှေ့ရှိ လိုဏ်ခေါင်းလမ်းမှာ အဆုံးသတ်သွားသည်။ ရှေ့တွင် လမ်းပိတ်နေသည့် ကျောက်နံရံကြီးတစ်ခုက သူတို့ကို ဆီးကြိုနေလေသည်။

“မဖြစ်နိုင်တာ...”

ရီရူယွီ ရေရွတ်လိုက်သည်။

“ငါကတော့ နင့်ကံက အမြဲကောင်းနေတတ်တယ်လို့ ထင်တာ...”

“ဟင်”

ရှောင်တန် လန့်သွားသည်။

“အဲဒါကြောင့် ငါ့ကို လမ်းရွေးခိုင်းတာလား”

“နင် ဘယ်လိုထင်လို့လဲ”

ရီရူယွီက အားမရှိသလို ပြန်ဖြေသည်။ လမ်းဆုံမှ ဤအဆုံးအထိ လာခဲ့ရသည်မှာ မိနစ် ၃၀ ကျော် ကြာခဲ့သဖြင့် သူမ အတော်လေး စိတ်ပျက်သွားမိသည်။ လမ်းပိတ်နေသည်ကို တွေ့လိုက်ရသောကြောင့် အချိန်ရော သက်လုံများပါ အလဟဿ ဖြစ်သွားသလို ခံစားလိုက်ရသည်။

ရေကန်ထဲ ပြုတ်ကျကတည်းက ကမ်းပေါ်တက်ခြင်း၊ စူးစမ်းခြင်း၊ မကောင်းဆိုးဝါးနှင့် တိုက်ခြင်းများကြောင့် သူတို့၏ သက်လုံအမှတ်များသည် တစ်ဝက်ကျော် ကုန်နေပြီဖြစ်သည်။ ထိုနေရာတွင် သူတို့နားချင်သလောက် နား၍ရသော်လည်း အချိန်ဖြုန်းနေပါက အဖွဲ့အတွက် အန္တရာယ်ရှိနိုင်သည်ကို ရီရူယွီ သိသည်။ မူလအစီအစဉ်အရ နေဝင်ချိန်အထိ သူတို့ တည်းခိုခန်းသို့ ပြန်မရောက်ပါက အသင်းဖော်များ၏ နောက်ထပ်လုပ်ဆောင်ချက်များကို ထိခိုက်နိုင်ပြီး ခန့်မှန်းရခက်သော အပြောင်းအလဲနှင့် ဘေးအန္တရာယ်များ ဖြစ်လာနိုင်ပေသည်။

ထို့ကြောင့် သူတို့၏ အဓိကရည်မှန်းချက်မှာ ဤမြေအောက်ဂူထဲမှ အမြန်ဆုံးနှင့် အန္တရာယ်ကင်းကင်း ထွက်ခွာသွားရန်ပင် ဖြစ်တော့သည်။

“အင်း...”

ရှောင်တန်က ရီရူယွီ၏ စိုးရိမ်နေသော အမူအရာကိုကြည့်၍ သူလည်း မျက်မှောင်ကြုတ်လိုက်မိသည်။

“အင်း... ဒီနံရံကလည်း စောစောက သတ္တုလုံးလိုမျိုး တစ်ခုခု ဖွင့်ပေးနိုင်မလား”

သူထိုသို့ပြောပြီးနောက် နံရံကို လက်ဖြင့် လှမ်းထိကာ စနစ်မီနူး ပေါ်လာမလားဟု စမ်းသပ်ကြည့်လိုက်သည်။

ရီရူယွီက သက်ပြင်းချသည်။

“စနစ်က ဖန်တီးထားတဲ့ ဖွင့်လို့ရတဲ့ အရာတွေက သိသာပါတယ်၊ အခုဟာက လမ်းပိတ်ထားတာ သေချာနေတာကို...”

သူမ စကားမဆုံးခင် နံရံက စတင်ပြောင်းလဲလာတော့သည်။

ယင်းသည် ကစားသမားကို မီနူးတစ်ခု ပေးခြင်းမျိုးမဟုတ်ဘဲ ရှောင်တန် လက်ဖြင့် ထိလိုက်သည့်အချိန်မှာပင် နံရံပေါ်ရှိ ကျောက်ချပ်လွှာများ ချက်ချင်း ကွာကျသွားပြီး အဝိုင်းပုံ ချိုင့်ခွက်တစ်ခု ပေါ်လာခြင်းဖြစ်သည်။ ထိုချိုင့်ခွက်လေးသည် အချင်း ၅၀ စင်တီမီတာခန့်ရှိပြီး အတွင်းတွင် ချောမွတ်၍ ပြားချပ်နေလေသည်။ အလင်းရောင်အောက်တွင် ထိုချိုင့်ခွက်ထဲ၌ ထွင်းထုထားသော ယင်နှင့်ယန် သင်္ကေတကို မြင်တွေ့နိုင်၏။

“ဘေးထွက်တာဝန် စတင်လိုက်ပါပြီ”

“ကျောက်တံခါးကို ဖွင့်ရန်အတွက် ယင်နှင့်ယန် ကျောက်ပြားနှစ်ချပ်ကို ရှာဖွေပါ”

“အဲလိုလည်း ရတာလား”

ရီရူယွီ မေးရိုးများ ပြုတ်ကျသွားရသည်။ တာဝန်ကို အသက်သွင်းပြီးနောက် သူမ နားလည်သွားသည်မှာ... သူတို့ လမ်းဆုံတိုင်းသို့ အပြန်ပြန်အလှန်လှန် သွားရမည်ဟူ၍ ဖြစ်သည်။ ဘယ်ဘက်နှင့် ညာဘက်တွင် ကျောက်ပြားများ ရှိနေပြီး အလယ်လမ်းမှာမူ ကျောက်တံခါး ရှိသည့်နေရာဖြစ်သည်။

“ဒါကြောင့် ငါက စမ်းကြည့်သင့်တယ်လို့ ပြောတာ၊ ကောင်းတာတစ်ခုခု ဖြစ်လာနိုင်တာပဲလေ”

ရှောင်တန်က ပြုံး၍ ပြောလိုက်သည်။

“နင်က မစ္စတာလူကောင်းကြီးလား”

ရီရူယွီက သူမ၏ မျက်စိမှေးကျဉ်း၍ ပြန်ပြောသည်။

“ရှိုးပြမနေနဲ့တော့ ၊ ငါတို့ ကျောက်ပြားတွေကို ပြန်ရှာဖို့လိုတယ်၊ အမှန်အတိုင်း ပြောရရင် အလယ်လမ်းသို့ လာခဲ့တာက တစ်နာရီလောက် အချိန်နဲ့အင်အားတွေ ဖြုန်းတီးလိုက်သလိုပဲ”

ရှောင်တန်က သူ့မိုင်းတွင်းလုပ်သားဦးထုပ်ကို ပြင်ဆောင်းကာ ရီရူယွီကို ကျော်၍ ဆန့်ကျင်ဘက်အရပ်သို့ ဦးတည်လိုက်သည်။

“အမှန်အတိုင်း ပြောရရင် ငါ့ကို ခန့်မှန်းခိုင်းတာ မင်းပဲလေ၊ ဒါပေမဲ့ နောက်ဆုံးတော့... ဟူး... ကောင်းပါပြီ၊ ငါပဲ မှားတာပါ”

သူတို့နှစ်ယောက် လမ်းဆုံသို့ ပြန်ရောက်လာကြသည်။ ဤတစ်ကြိမ်တွင်မူ ဘယ်ဘက်လမ်းကို ရွေးချယ်လိုက်ကြသည်။

ကံကောင်းသည်မှာ ထိုဘက်ခြမ်းရှိ လိုဏ်ခေါင်းက သိပ်မဝေးခြင်းဖြစ်သည်။ ငါးမိနစ်၊ ခြောက်မိနစ်ခန့် လမ်းလျှောက်ပြီးနောက် ပိုမိုကျယ်ဝန်းသော ဂူတစ်ခုထဲသို့ ရောက်လာခဲ့ကြသည်။

တကယ်တမ်းတွင် ရီရူယွီက လမ်းဆုံ၌ လူခွဲရှာရန် စဉ်းစားခဲ့သေးသည်။ သို့ဆိုလျှင် အချိန်အများကြီး သက်သာမည်ဖြစ်သော်လည်း ရှောင်တန် တစ်ယောက်တည်း ပြဿနာဖြေရှင်းနိုင်စွမ်းကို သူမ မယုံကြည်သဖြင့် ထိုစိတ်ကူးကို လက်လျှော့လိုက်ခြင်းဖြစ်သည်၊ ထိုကလေး ပြန်မလာမည်ကို သူမ စိုးရိမ်ခြင်းဖြစ်သည်။

“ပတ်ဝန်းကျင်ကို သတိထားဦး”

ရီရူယွီက ရှောင်တန်ကို အနောက်မှ ခပ်တိုးတိုး သတိပေးလိုက်သည်။ ဂူထဲသို့ ဝင်လာပြီးနောက် သူမ ပိုသတိထားနေခဲ့သည်။

“အာ... နားလည်ပါပြီ”

ရှောင်တန် ပြန်ဖြေလိုက်သည်။ ဂိမ်း၏ ထုံးစံအတိုင်း ကစားသမားများအတွက် စမ်းသပ်မှုတစ်ခုခု ရှိနေမည်ကို သူသိသည်။ ယင်းက မကောင်းဆိုးဝါး ဖြစ်နိုင်သလို ပဟေဠိတစ်ခုခုလည်း ဖြစ်နိုင်၏။

သူ ထင်ထားသည့်အတိုင်းပင်... ဂူထဲသို့ ၁၀ မီတာခန့်သာ ဝင်ရသေးသည်။ ဂူအနက်ပိုင်းမှ အလင်းတစ်ချက် ဖျတ်ခနဲ ပေါ်လာပြီး မီးတောက်များ ဖုံးလွှမ်းနေသော ထူးဆန်းသည့် အရိပ်တစ်ခု ခုန်ထွက်လာတော့သည်။

ထိုအရိပ်သည် အလွန်မြန်လှသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ကစားသမားများအနားသို့ ရောက်ရှိလာလေသည်။ ထို့နောက် ၎င်းက မြေဆွဲအား၏ သက်ရောက်မှုမခံရသည့်အလား မြေပြင်မှ မြင့်မြင့်မားမား ခုန်တက်သွား၏။ ထို့နောက် ၎င်းသည် ဂူထပ်သို့ တိုက်ရိုက်ခုန်တက်သွားပြီး ဂူမျက်နှာကြက်၌ တွဲလောင်းကျနေသော ကျောက်စက်ပန်းဆွဲတစ်ခုကို ဖက်ထားရင်း ကစားသမားနှစ်ယောက်ကို အဝေးမှကြည့်ကာ ထူးဆန်းသောအသံများ ပေးနေခဲ့သည်။

“ဒီကောင်က ဒီဂီမွန်လား”

ရှောင်တန်က မကောင်းဆိုးဝါးကို ကြည့်ရင်း ပြောလိုက်သည်။ တစ်ချိန်တည်းတွင် သူ့ဝင်ချက်စတာသေနတ်ကိုလည်း ထုတ်ယူလိုက်သည်။ (TL note – Digimonဆိုတာ ပိုကီမွန်နဲ့ တူတဲ့ ပုံပြောင်းကောင်လေးတွေပါ)

“နင် ပစ်တဲ့အခါ သတိထားဦး၊ ကျည်ဖြည့်နေတုန်း အနားကပ်မလာစေနဲ့”

ထိုအချိန်၌ ရီရူယွီက ရှောင်တန်၏ ပြက်လုံးကို လျစ်လျူရှု၍ လေးနက်သောအမိန့်တစ်ခု ပေးလိုက်သည်။

ရှောင်တန်လည်း နောက်ပြောင်နေခြင်းကို ရပ်တန့်ကာ ရှေ့မှတိုက်ပွဲကို အာရုံစိုက်လိုက်သည်။

သူတို့ရှေ့ရှိ မကောင်းဆိုးဝါးသည် ၁.၆ မီတာခန့် ရှည်ပြီး မျောက်ဝံနှင့် ဆင်တူ၏။ မျက်နှာသည် ပတ္တမြားကဲ့သို့ သလင်းကျောက်များဖြင့် ပြုလုပ်ထားသလို တောက်ပနေလေသည်။ ၎င်း၏အမွှေးများသည် ရွှေနီရောင်ဖြစ်ပြီး တစ်ကိုယ်လုံးတွင် မီးတောက်များ ဖုံးလွှမ်းလျက်ရှိသည်။ ၎င်းတွင် ကြာပွတ်နှင့်တူသော အမြီးတစ်ခုရှိပြီး အမြီးဖျားတွင် စိန်ပွင့်ပုံစံ အနီရောင် သလင်းကျောက်တစ်ခု ရှိသည်။

ထိုမီးမျောက်ဝံ ပေါ်လာပုံမှာ အတော်လေးကို ထူးခြားပေသည်။ ၎င်း၏ ထူးခြားသောပုံပန်းသဏ္ဌာန်အရ အဆင့်နိမ့်မီနီဘော့စ်တစ်ကောင် ဖြစ်ကြောင်း သေချာလှသည်။

နောက်ထပ် မျောက်အော်သံတစ်ချက် ကြားလိုက်ရသည်။ မီးမျောက်ဝံက အောက်သို့ ခုန်ဆင်း၍ ဘေးတိုက်ပြေးလွှားကာ ကျောက်တုံးတစ်ခုနောက်တွင် ဝင်ပုန်းလိုက်သည်။ ထိုအချိန်မှစ၍ တိုက်ပွဲမှာ တရားဝင် စတင်သွားခဲ့ပြီဟု ဆိုနိုင်ပေသည်...။

…

ဖုန်းပုကြွယ်နှင့်ရီရူလီတို့သည် ခေါင်းလောင်းတစ်ခုစီ ကိုင်၍ ကြမ်းပြင်ပေါ်မှ အက်ကြောင်းထဲသို့ ခုန်ချလိုက်ကြသည်။ အချိန်မည်မျှကြာသွားသည်ကို မသိသော်လည်း သူတို့ရှေ့ရှိ အမှောင်ထုက မှေးမှိန်သွားခဲ့ပြီ ဖြစ်သည်။

သူတို့ အာရုံခံစားမှုများ ပြန်ရလာချိန်တွင် သူတို့သည် လှပသော လွင်ပြင်ကျယ်ကြီးပေါ်တွင် ဘေးချင်းယှဉ်လျက် ရပ်နေကြပြီဖြစ်သည်။ကောင်းကင်ယံတွင် နေမင်းကြီး တွဲလွဲခိုနေပြီး တိမ်များက ဖြူဆွတ်နေ၏။ သူတို့ခြေဖဝါးအောက်တွင် မြက်ခင်းစိမ်းများရှိနေပြီး ကုန်းမြေတစ်ခုလုံး စိမ်းစိုနေလေသည်။ မြင်ကွင်းတစ်ဆုံးရှိ မြူတိမ်များကြားတွင် ကောင်းကင်ယံသို့ ထိုးထွက်နေသော တောင်တန်းများနှင့် ကမ်းပါးအထပ်ထပ်ကို အကာအရံတစ်ခုအလား မြင်တွေ့နေရသည်။

နောက်သို့ လှည့်ကြည့်လိုက်သောအခါ သူတို့အနောက်ရှိ ပေရာပေါင်းများစွာအကွာ၌ ကမ္ဘာကြီးအဆုံးသတ်နှင့်တူသော မြင်ကွင်းတစ်ခုကို တွေ့ရ၏။ ၎င်းမှာ လုံးဝကွဲပြားသော မြင်ကွင်းတစ်ခုဖြစ်သည်။ အဆုံးမရှိသော ချောက်နက်ကြီးများ ရှိနေခြင်းဖြစ်သည်။ သူတို့အောက်ဘက်ရှိ ချိုင့်ဝှမ်းကို မြူများဖြင့် ပိတ်ဆို့နေသဖြင့် အောက်ခြေသို့ မမြင်နိုင်ပေ။

သူတို့၏ ဘေးဘက် ၁၀ မီတာခန့်အကွာတွင် ကျောက်စာတိုင်တစ်ခု ရှိနေလေသည်။ ထိုကျောက်စာတိုင်သည် တောင်ကုန်းငယ်တစ်ခုကဲ့သို့ မြင့်မားစွာ တည်ရှိနေခြင်းဖြစ်သည်။ ၎င်းအပေါ်တွင် ‘ခေါင်းလောင်းလောက’ ဟူသော စာလုံးသုံးလုံးကို ထွင်းထုထားသည်။

“ဒါက စိတ်ဝင်စားစရာပဲ”

ဖုန်းပုကြွယ်က ကျောက်စာတိုင်ကို ကြည့်ရင်း ပြုံးလိုက်သည်။

“လက်ရေးက ရင်းနှီးနေသလိုပဲ”

“ချန်လင်မြို့ကလား”

ရီရူလီက မေးလိုက်သည်။ သူမသည် လက်ရေးအကြောင်း သိပ်မသိသော်လည်း ဖုန်းပုကြွယ် ဘာကို ရည်ညွှန်းနေကြောင်းတော့ ခန့်မှန်းနိုင်သည်။

“မှန်တယ်၊ လျှို့ဝှက်ခေါင်းလောင်းမြို့ကနေ ချန်လင်မြို့ ဖြစ်သွားရတဲ့ အကြောင်းရင်း ရှိပုံရတယ်...”

ဖုန်းပုကြွယ်က ရီရူလီကို ပြောလိုက်သည်။ ရုတ်တရက် သူ့အကြည့်များ ရွေ့လျားသွားပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။

“ယို…ဟိုမှာ အလှလေးတစ်ယောက်ပါလား”

ရီရူလီက မသိမသာဖြင့် သူ့အကြည့်ကို ရှောင်လွှဲလိုက်သည်။

“ဒါက ဘာမှမဟုတ်ဘူးနော်... စကားပြောနေတုန်း ကြိုတင်သတိမပေးဘဲ ချီးကျူးလိုက်ရင် ကျွန်မပျော်သွားမယ်လို့ ရှင်ထင်နေတာလား”

“အင်း... ငါက ဟိုမိန်းကလေးကို ပြောတာပါ...”

ဖုန်းပုကြွယ်က ခေါင်းကို အနည်းငယ်စောင်းပြီး ရီရူလီ၏ ပခုံးထက်မှ ကျော်ကြည့်လိုက်သည်။ သူက လက်မြှောက်၍ ရီရူလီနောက်ဘက်သို့ ညွှန်ပြလိုက်သည်။

ရီရူလီလှည့်ကြည့်လိုက်သောအခါ အမျိုးသမီးတစ်ဦးသည် လွင်ပြင်၏ အခြားတစ်ဖက်မှ သူတို့ထံသို့ ဖြည်းညှင်းစွာ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

ထိုအမျိုးသမီးသည် အစိမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး သူမခါးတွင် ရှည်လျားသော ဓားတစ်လက် ရှိနေ၏။ သူမတွင် ကျော့ရှင်းသောကိုယ်ဟန်နှင့် ခိုင်မာသော ခြေလှမ်းများ ရှိသည်။ သူတို့နှင့် အတော်လေး ဝေးကွာနေသော်လည်း သူမမျက်နှာကို ကြည့်ခြင်းအားဖြင့် အလှလေးတစ်ဦး ဖြစ်ကြောင်း ပြောနိုင်ပေသည်။

“ဟွန့်...”

ရီရူလီက နှာခေါင်းရှုံ့လိုက်ပြီး အသစ်ရောက်လာသူဘက်သို့ လှည့်လိုက်သည်။ သူမနှင့် ဖုန်းပုကြွယ် နှစ်ယောက်လုံး ထိုသူရှိရာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

“မင်းကို ချီးကျူးရင်တောင် ပျော်မယ့်ပုံမပေါက်ပေမဲ့ မင်းကို ချီးကျူးတာ မဟုတ်မှန်း သိလိုက်ရတော့လည်း သိပ်ပျော်ပုံမရဘူးနော်”

ဖုန်းပုကြွယ်က ပြုံးလျက် ဆိုသည်။

“ကျွန်မက အဲဒီလောက်ထိ ကလေးဆန်တဲ့လူလို့ ထင်နေတာလား”

ရီရူလီက အေးစက်စွာ ပြန်ပြောသည်။

“ဒါက ကလေးဆန်တာ မဆန်တာနဲ့ မဆိုင်ပါဘူး...”

ဖုန်းပုကြွယ်က ဆိုသည်။

“‘ကြောင်နှင့် စုံထောက်’ ဆိုတဲ့ဝတ္ထုထဲမှာ မင်းဖတ်ဖူးမှာပါ...”

သူ ခဏရပ်လိုက်သည်။

“အမျိုးသမီးတွေမှာ အစားအစာ၊ ရေ၊ မြှောက်ပင့်စကားနဲ့ ဘယ်အရာနဲ့မဆို လိုက်ဖက်မယ့် ဖိနပ်တစ်ရံ လိုအပ်တယ်တဲ့”

“ဟုတ်တယ်၊ ဒါပေမဲ့ ကျွန်မတော့ သဘောမတူဘူး”

ရီရူလီက ပြန်ဖြေသည်။

“ဒီလိုမျိုး ခွဲခြားဆက်ဆံတတ်တဲ့၊ တစ်ဖက်သတ်ဆန်တဲ့ ကိုယ်ပိုင်အမြင်တွေက ဘာယုတ္တိမှ မရှိဘူး”

“အာ... ဒါကြောင့်လည်း ငါ ဒီလထုတ်စာမူထဲမှာ ရေးထားတာပေါ့...”

ဖုန်းပုကြွယ်က ဆိုသည်။

“ယောက်ျားတစ်ယောက် ရှင်သန်ဖို့အတွက် မိန်းမတစ်ယောက်ရဲ့ အသိအမှတ်ပြုမှုပဲ လိုအပ်တယ်ဆိုတာလေ”

သူတို့ စကားပြောနေစဉ် ထိုအမျိုးသမီးက အနားသို့ ရောက်ရှိလာခဲ့သည်။ သူမသည် ဖုန်းပုကြွယ်နှင့် ရီရူလီတို့ကို တစ်ချက်ကြည့်ပြီး လက်သီးဆုပ်ကာ ဂါရဝပြုလိုက်သည်။

“ကျွန်မက ဆီးနှင်းပွင့်ဓား လုချင်းနင်ပါ၊ ဒီနေရာကို မတော်တဆ ရောက်လာတာပါ၊ ဒါက ဘယ်နေရာလဲဆိုတာ ရှင်တို့ သိလား၊ ချန်လင်မြို့ကို ဘယ်လိုပြန်ရမလဲဆိုတာရော သိပါသလား”

“ဆီးနှင်းပွင့်ဓား...”

ရီရူလီက ထိုအမည်ကို ကြားသောအခါ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူမသည် ထိုမိန်းကလေးမှာ ပန်းပွင့်ဓားခြောက်လက်ထဲမှ တစ်ဦးဖြစ်ကြောင်း မကြာမီ သတိရသွားသည်။

ဖုန်းပုကြွယ်က တိုက်ရိုက်ပင် မေးလိုက်သည်။

“အိုး... မင်းက လင်းချန်ရဲ့ ဂျူနီယာညီမလေးလား”

သို့သော် လင်းချန်၏အမည်ကို ကြားလိုက်ရသောအခါ လုချင်းနင်ထံတွင် ချက်ချင်း ရန်လိုသောအမူအရာတစ်ခု ထွက်ပေါ်လာလေသည်။ သူမသည် သူမ၏ ဓားရှည်ကို မြှောက်ကာ ပြောလိုက်သည်။

“ရှင်တို့က လင်းချန် လွှတ်လိုက်တဲ့သူတွေလား”

All Chapters