အခန်း (၁၁၈-၁၂၀)
Vol. 8 Ch. 118-120
အခန်း ၁၁၈ - မင်းစိုးရာဇာတို့၏ အသုံးမကျမှု
ဟယ်ရုဝမ် စကားပင် မဆုံးသေးပေ
အခြား တပ်မှူးတစ်ဦးက နှာခေါင်ရှုံ့ကာ လှောင်ပြောင်လိုက်သည်။
"တပ်အင်အား သုံးသိန်း ဟုတ်လား...။ အဲဒါ သူတို့ ဓားစာခံအဖြစ် အဓမ္မဖမ်းဆီးခေါ်ဆောင်လာတဲ့ အရပ်သားတွေရယ်၊ ပြီးတော့ အိုမင်းမစွမ်းတွေ၊ မကျန်းမာတဲ့သူတွေနဲ့ ဒုက္ခိတတွေ အားလုံး စုပြုံထားတဲ့ အရေအတွက်ပဲ။ တကယ်တမ်း တိုက်ခိုက်ရေးစွမ်းရည် ရှိတဲ့သူဆိုလို့ ဆယ်ပုံတစ်ပုံတောင် ရှိမှာ မဟုတ်ဘူး"
"ငါတို့ရဲ့ တိမ်နီတပ်မတော်မှာ လက်ရှိ အင်အား နှစ်ထောင်မပြည့်သေးပေမဲ့... လူတိုင်းက အကောင်းဆုံးတွေထဲကမှ အထူးရွေးချယ်ထားတဲ့ အထက်တန်းစား စစ်သည်တော်တွေချည်းပဲ”
ဤတပ်မှူးသည် တစ်ချိန်က ခေါင်းဝါတပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော်လည်း ၎င်းတို့၏ ယုတ်မာလှသော အပြုအမူများကို မရှုဆစ်နိုင်ခြင်း၊ အထက်လူကြီးများကို ဆန့်ကျင်မိခြင်းတို့ကြောင့် ဒေါသတကြီး ထွက်ခွာလာခဲ့သူ ဖြစ်သည်။
ထို့ကြောင့် သူ၏စကားမှာ အတိုင်းအတာတစ်ခုအထိ ယုံကြည်စိတ်ချရပေသည်။
တပ်မတော်သည် အထက်တန်းစား စစ်သည်တော်များနှင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သူက ပြောဆိုရာတွင် အခြားသောအရာရှိ အများစုက သဘောတူကြသော်လည်း... ကျောက်ဖေး တစ်ယောက်ကမူ ထိုအချက်ကို လက်ခံရန် ခက်ခဲနေခဲ့သည်။
လက်ရှိတွင် တပ်မတော်၌ အသက် ၁၈ နှစ်မှ ၅၀ ကြား အရွယ်ကောင်း အမျိုးသား အင်အား ၁,၇၀၀ ကျော် ရှိနေပြီ ဖြစ်သည်။
သို့သော် စနစ်တကျ လေ့ကျင့်မှု မရှိခဲ့ခြင်းကြောင့် စစ်သည်အတော်များများသည် စစ်ဗျူဟာခင်းကျင်းပုံကိုပင် ကျွမ်းကျင်စွာ မတတ်မြောက်ကြသေးပေ။
ကျောက်ဖေး၏ အမြင်တွင်မူ ဤအင်အားစုကို စစ်မှန်သော အထက်တန်းစားတပ် ဟု ခေါ်ဆိုရန် ဝေးစွပင်
သို့သော် စည်းကမ်းမဲ့လှသည့် လူမိုက်ဂိုဏ်းသဖွယ်ဖြစ်သော ခေါင်းဝါတပ်မတော်နှင့် နှိုင်းယှဉ်လျှင်မူ ၎င်းတို့ကို အထက်တန်းစားဟု ခေါ်ဆိုပါကလည်း သိပ်တော့ မမှားနိုင်ပေ။
ထိုစကားကို ကြားသောအခါ ဟယ်ရုဝမ်က ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “ဆယ်ပုံတစ်ပုံပဲ ရှိဦးတော့... အဲဒါက လူသောင်းဂဏန်းလောက် ရှိနေသေးတာပဲ"
"ငါတို့တွေ အပေါ်ယံ သစ္စာခံချင်ယောင်ဆောင်လိုက်ရင်ကော..."
ဝံပုလွေခေါင်းတောင်ကုန်း၏ ခေါင်းဆောင်ဟောင်းဖြစ်ပြီး ယခုအခါ ကတုံးတုံးထားသော ဦးခေါင်းကို သပ်ရင်း တပ်မတော်၏ တပ်စုမှူးအဖြစ် တာဝန်ယူထားသည့် ချောင်ရှန်းက အကြံပြုသည်။
"ငါတို့ လျှို့ဝှက်စွာနဲ့ အင်အားစုဆောင်းပြီးမှ... ပြီးတော့မှ..."
"ဘာလျှောက်ပြောနေတာလဲ” ဟွမ်သာလီက ဝုန်းကနဲ ထရပ်လိုက်ပြီး...
"အဲဒီ လူသားစားတဲ့ သားရဲတိရစ္ဆာန်တွေနဲ့ ပူးပေါင်းရမယ် ဟုတ်လား။ အဲဒီလိုလုပ်မယ့်အစား ငါ တောင်ပေါ်ပြန်တက်ပြီး ဓားပြပဲ ပြန်လုပ်လိုက်မယ်”
ထောင့်စွန်းတစ်နေရာရှိ စစ်သည်တစ်ဦးက ချောင်းဆိုးဟန်ပြုရင်း...
"ကျွန်တော့်မှာ အကြံတစ်ခုရှိတယ်။ ပတ်ဝန်းကျင်ခရိုင်တွေက ပြည်သူ့စစ်တပ်ဖွဲ့တွေဆီ လူလွှတ်ပြီး ဆက်သွယ်ကြည့်ရင်
ကော... ပြီးတော့ ခေါင်းဝါတပ်မတော်ကို တိုက်ဖျက်မယ့် မဟာမိတ်အဖွဲ့ကြီး ဖွဲ့စည်းလိုက်ရင်..."
"မဟာမိတ်အဖွဲ့ကြီး ဖွဲ့လို့ပြီးတဲ့အချိန်ဆိုရင် အားလုံး နောက်ကျသွားပြီ”
ကင်းထောက်တပ်မှူး ကျန့်လောင်ဝူက နှာခေါင်းရှုံ့ကာ “ ဒါတင်မကသေးဘူး... သူတို့က ဘာတော်လှန်ရေးတပ်လဲ။ တောဓားပြတွေနဲ့ ရေဓားပြတွေ စုထားတဲ့ အုပ်စုသက်သက်ပဲဟာကို..."
ဆွေးနွေးသံများမှာ တစ်စထက်တစ်စ ကျယ်လောင်လာခဲ့သည်။ အချို့က တိုက်ရိုက်ရင်ဆိုင်ခြင်းကို ခေတ္တရှောင်ရှားရန်၊ အချို့က အစိုးရတပ်နှင့် ပူးပေါင်းရန်၊ အချို့ကမူ အင်ပါယာနန်းတော်ထံမှ လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံရန် အသီးသီး အကြံပြုနေကြသည်။
ကျောက်ဖင်သည် ဘာစကားမျှမဆိုဘဲ တိတ်ဆိတ်စွာ နားထောင်နေရင်း သူ၏လက်ချောင်းများဖြင့် ထိုင်ခုံလက်ရုံးကို စည်းချက်ကျကျ တောက်တောက် တောက်တောက် တောက်နေခဲ့သည်။
"ပြောလို့ ပြီးကြပြီလား..."
သူက ရုတ်တရက် မေးလိုက်သည်။ သူ၏အသံမှာ ကျယ်လောင်လှသည်မဟုတ်သော်လည်း တစ်ခန်းလုံးကို ချက်ချင်း ငြိမ်သက်သွားစေခဲ့သည်။
ကျောက်ဖင်သည် ဖြည်းညှင်းစွာ ထရပ်လိုက်ရာ... သူ၏ခါးတွင် ချိတ်ဆွဲထားသော အနီရောင်ကောင်းကင်ဓားတော်ဆီမှ နဂါးဟိန်းသံကဲ့သို့ သာယာကြည်လင်သော သတ္တုသံတစ်ချက် မြည်ဟည်းသွားသည်။ “တပ်မတော်ရဲ့ ပထမဆုံးသော ကတိသစ္စာက ဘာလဲ”
"ပြည်သူကို နှိပ်စက်ညှဉ်းပန်းသူတွေကို ကွပ်မျက်ရမယ်” အားလုံးက မသိစိတ်အလျောက် တညီတညွတ်တည်း ပြန်လည်ဖြေကြားလိုက်ကြသည်။
"အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကို ချက်ပြုတ်စားသောက်နေတဲ့ ခေါင်းဝါဓားပြတွေကိုကော ဘာလုပ်ရမလဲ”
"ခုတ်ပိုင်းပစ်ရမယ်”
ကျယ်လောင်လှသော ကြွေးကြော်သံကြောင့် အမိုးထုတ်တန်းများပင် တုန်ခါသွားပြီး ဖုန်မှုန့်များ ဝေ့ဝဲကာ ကျလာခဲ့သည်။
"ဒါဆိုရင် ဘာတွေ ဆွေးနွေးစရာ လိုသေးလဲ..." ကျောက်ဖင်က အေးစက်စွာ ပြောလိုက်သည်။
"သုံးသိန်းမကလို့ စစ်သည်တော် သုံးသန်းပဲ ရှိပါစေဦး... ငါတို့ တပ်မတော်ကတော့ ဒီကျောက်ဆောင်ကို အမှုန့်ခြေပစ်မှာပဲ”
"ဒီကိစ္စကို နောက်ထပ် ထပ်မပြောနဲ့တော့။ ခေါင်းဝါဓားပြတွေရဲ့ နယ်မြေက ငါတို့နဲ့ ခရိုင်အတော်များများ ဝေးသေးတယ်။ သူတို့ တိုက်ခိုက်ချင်တယ်ဆိုရင်တောင် အချိန်တိုအတွင်းမှာ ရောက်မလာနိုင်ဘူး။ အခု ငါတို့ ဆွေးနွေးရမှာက စစ််က္ခာကိစ္စပဲ... ရိက္ခာထိန်းအရာရှိ ဝမ်... အခြေအနေကို ရှင်းပြစမ်း"
ကျောက်ဖင် ကိုယ်ပွားဖြစ်သူ ဝမ်ထိုင်ကျူဟု အမည်လွှဲသုံးထားသော ရိက္ခာထိန်းအရာရှိသည် စာရင်းစာအုပ်ကို ကိုင်မြှောက်ကာ တင်ပြလိုက်သည်။"တပ်မှူးကြီးကို တင်ပြပါတယ်... လက်ရှိ ရှိနေတဲ့ ရိက္ခာနဲ့ မြက်ခြောက်တွေဟာ သုံးရက်စာပဲ လောက်ငပါတော့တယ်"
"ဘာ..."
"ဘာဖြစ်လို့ စားနပ်ရိက္ခာ ဒီလောက်တောင် နည်းသွားရတာလဲ..."
ထိုစကားကို ကြားသောအခါ လူတိုင်း အလွန်အမင်း အံ့အားသင့်သွားကြသည်။
သို့သော် အချို့သောသူများမှာမူ အမှန်တရားကို ကြိုတင်သိရှိထားသည့်အတွက် မျက်နှာပျက်ယွင်းခြင်း မရှိပေ။
တပ်မတော်၏ စစ်သည်အင်အားမှာ ၁,၇၀၀ ကျော်အထိ တိုးပွားလာခဲ့ပြီ ဖြစ်သည်။
ထို့ပြင် နွားခေါင်းတောင်ကုန်းတွင် စစ်သည်များသာ ရှိနေသည်မဟုတ်ပေ။ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များ အပါအဝင် အခြားသော အရပ်သားဦးရေမှာပင် တစ်သောင်းကျော် ရှိနေချေပြီ။
ထိုလူအားလုံးသည် စားသောက် နေထိုင်ကြရသဖြင့် ကုန်ဆုံးသွားသော ရိက္ခာပမာဏမှာ မနည်းလှပေ။
လက်ရှိ ရိက္ခာစားသုံးမှုနှုန်းအရ တောင်ဓားပြစခန်းများကို တိုက်ခိုက်လုယူရုံမျှဖြင့် စစ်တပ်၏ ရိက္ခာလိုအပ်ချက်ကို ဖြည့်ဆည်းရန် မလုံလောက်တော့ချေ။
၎င်းပြင် မိုင်အနည်းငယ်အတွင်းရှိ ဓားပြအင်အားစုအားလုံးကိုလည်း အမြစ်ပြတ် ချေမှုန်းပြီး ဖြစ်သဖြင့် ရိက္ခာရရန်အတွက် ပိုမိုဝေးကွာသောနေရာများသို့ ချီတက်ရပေတော့မည်။
အထူးသဖြင့် ဓားပြဟူသည်မှာလည်း သူတစ်ပါးကို လုယက်ကာ အသက်မွေးကြသူများ ဖြစ်သဖြင့် ၎င်းတို့ထံတွင် ပိုလျှံနေသော ရိက္ခာဟူ၍ များများစားစား မရှိလှပေ။
တစ်ဦးက အကြံပြုသည်။ “ လက်ရှိမှာ စစ်တပ်က တစ်နေ့ သုံးနပ် စားနေရတာဆိုတော့ ရိက္ခာကုန်တာ သဘာဝပါပဲ။ တပ်မှူးကြီး... တစ်နေ့ သုံးနပ်ကနေ တစ်နေ့ နှစ်နပ်ကို လျှော့ချလိုက်ရင်ကော..."
အခြားတစ်ယောက်ကလည်း ချက်ချင်း ထောက်ခံသည်။ “ မှန်ပါတယ်... ကျွန်တော့်အမြင်ကတော့ တစ်နေ့ တစ်နပ်ဆိုရင်တောင် လုံလောက်ပါတယ်။ ကျွန်တော် မြို့ထဲမှာ အလုပ်သမားလုပ်တုန်းက တစ်နေ့ တစ်နပ်ပဲ စားရပေမဲ့ ဘာမှမဖြစ်ဘဲ အကောင်းတိုင်းပါပဲ..."
ကျောက်ဖင်က ရုတ်တရက် ကြားဖြတ်ကာ အမိန့်ပေးလိုက်သည်။
"ရိက္ခာကို ဘာလို့ လျှော့ရမှာလဲ။ အမိန့်ပြန်လိုက်စမ်း... ဒီည လူတိုင်းကို ရိက္ခာ ပိုကျွေးရမယ်။ တစ်ယောက်ကို အသားခုတ်ခွဲပြီး အသားခွဲတမ်း တစ်ပိဿာရဲ့ သုံးပုံတစ်ပုံစီ ပေးဝေစေ”
"ဗျာ..."
အားလုံး အံ့အားသင့်သွားကြသည်။
ရိက္ခာကို မလျှော့ချသည့်အပြင်... အသားဟင်းပါ ထပ်မံဖြည့်စွက်ပေးဦးမည်တဲ့လော။
ခေါင်းဆောင်ကြီး စိတ်ဖောက်ပြန်သွားပြီလား။
သေချာသည်မှာ ထိုစကားကို သူ၏မျက်နှာချင်းဆိုင်တွင် မည်သူမျှ ထုတ်မပြောရဲကြချေ။
ကျောက်ဖင်က ရှင်းပြမနေတော့ဘဲ စားပွဲပေါ်မှ ဝါကျင်ကျင် စက္ကူထုပ်ကြီးကို ဆွဲထုတ်လိုက်ကာ လေးနက်သောအသံဖြင့် ပြောလိုက်သည်။ "စစ်မက်ရေးရာအကြံပေး ဟယ်... ဒီတိုင်စာတွေကို အားလုံးကြားအောင် ဖတ်ပြလိုက်စမ်”
ဟယ်ရုဝမ်သည် ထိုစာထုပ်ကို လက်နှစ်ဖက်ဖြင့် ရိုသေသေခံယူကာ လည်ချောင်းတစ်ချက်ရှင်းပြီး ဖတ်ပြလေသည်။ “စုန်ဖျင်ခရိုင်အရှေ့ပိုင်းက အိမ်ထောင်စု သုံးဆယ့်ရှစ်စုရဲ့ သွေးသစ္စာတိုင်စာ... ခရိုင်ဝန်က ဓားပြနှိမ်နင်းရေး အခွန်ဆိုပြီး အတင်းအဓမ္မ ကောက်ခံနေပါတယ်။ အိမ်ထောင်စုတိုင်း စပါး သုံးတင်း မပျက်မကွက် ပေးဆောင်ရမှာဖြစ်ပြီး... စပါးမရှိတဲ့သူတွေကတော့ မိမိတို့ရဲ့ သားသမီးတွေကို အကြွေးဆပ်တဲ့အနေနဲ့ အပ်နှံရမှာ ဖြစ်ပါတယ်။"
"လီ အမည်ရှိတဲ့ လယ်သမားအိုကြီးဟာ စပါးအခွန် မဆောင်နိုင်တဲ့အတွက်ကြောင့် သူ့ရဲ့ အသက် ၁၄ နှစ်အရွယ် သမီးငယ်လေးကို ရုံးအရာရှိတွေက အတင်းအဓမ္မ ဆွဲခေါ်သွားခဲ့ကြပါတယ်။ လယ်သမားအိုကြီးက တားဆီးဖို့ ကြိုးစားတဲ့အခါမှာတော့ ရွာထိပ်မှာတင် ရိုက်နှက်သတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်..."
"အနောက်ဈေးက ဈေးသည် ကျန့်အာသာ၏ တိုင်စာ... ခေါင်းဝါတပ်မတော်ရဲ့ သူလျှိုတွေကို စုံစမ်းစစ်ဆေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခရိုင်ဝန်က သူ့ရဲ့ ဇနီးနဲ့ သမီးကို လမ်းမပေါ်မှာတင် ပြန်ပေးဆွဲသွားပြီး ငွေပြား ငါးဆယ်နဲ့ လာရွေးဖို့ တောင်းဆိုခဲ့ပါတယ်။ သူ့ဇနီးကတော့ အရှက်အကွဲ မခံနိုင်တဲ့အတွက် ရေတွင်းထဲ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သွားခဲ့ပါတယ်...”
"ဒါကတော့ ခရိုင်ထဲက စာဆိုတော် လီမို ရဲ့ နောက်ဆုံးစာ ဖြစ်ပါတယ်... ငါ့ရဲ့ဖခင်ဟာ အဓမ္မလုပ်အားပေး စေခိုင်းခြင်းကနေ ကင်းလွတ်ခွင့်အခွန်ကို မပေးဆောင်နိုင်လို့ ခရိုင်ရုံးရှေ့မှာတင် ရိုက်နှက်သတ်ဖြတ်ခြင်း ခံခဲ့ရတယ်။ ငါ့ရဲ့မိခင်လည်း သောကဗျာပါဒ ကြီးစွာနဲ့ပဲ ကြိုးဆွဲချ သေဆုံးသွားခဲ့ရရှာပြီ..."
ဟယ်ရုဝမ် ဖတ်ကြားပြီးသွားသောအခါ...
ဟွမ်သာလီသည် ဓားရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း ဒေါသတကြီးဖြင့်..” ဒီလို အဂတိလိုက်စားတဲ့ အကျင့်ပျက်ခြစားနေတဲ့ မင်းစိုးရာဇာ အရာရှိတွေက ဓားပြတပ်ထက်တောင် ယုတ်မာဆိုးသွမ်းကြသေးတယ်”
ထိုအခါ ကျောက်ဖင်က အခြားသော မှတ်တမ်းစာအုပ်တစ်အုပ်ကို ထုတ်ပြပြန်သည်။ “ဒါကတော့ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း စုန်ဖျင်ခရိုင်ရဲ့ အခွန်ကောက်ခံမှု မှတ်တမ်းပဲ။ ပုံမှန်အခွန်တွေအပြင်... ‘ဓားပြနှိမ်နင်းရေးအခွန်’၊ ‘လုပ်အားပေးအခွန်’ နဲ့ ‘မြင်းစာအခွန်’ စတဲ့ မတရားတဲ့ အခွန်အမျိုးအစား ပေါင်း တစ်ဆယ်ကျော် ရှိနေတယ်။"
သူက နှာခေါင်းရှုံ့လျက် “ငါရရှိထားတဲ့ သတင်းအချက်အလက်တွေအရ... ဒီငွေတွေနဲ့ ရိက္ခာတွေရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းဟာ အဆင့်ဆင့်ရှိတဲ့ အရာရှိတွေရဲ့ အိတ်ကပ်ထဲကိုပဲ ရောက်သွားကြတာ"
စုန်ဖျင်ခရိုင်တွင် အကျင့်ပျက်ခြစားသော အရာရှိအုပ်စုတစ်စု ရှိနေခဲ့သည်မှာ ကြာပြီဖြစ်သည်။
အထူးသဖြင့် ယခုနှစ်အစပိုင်းမှစ၍ ခေါင်းဝါတပ်မတော်သည် အရှိန်အဟုန်ဖြင့် အင်အားကြီးမားလာခဲ့သည်။
ထိုဘေးအန္တရာယ်ကို ရင်ဆိုင်ရန်အတွက် စုန်ဖျင်ခရိုင်သည် နှစ်ပေါင်းများစွာ နာမည်ခံစစ်သားများ၏ လစာကို ခိုးယူခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသော စစ်သည်အင်အား ပြတ်လပ်မှုကို ဖြည့်ဆည်းရန် အရပ်သား ပြည်သူများကို ပိုမိုရက်စက်ကြမ်းကြုတ်စွာ အခွန်ကောက်ခံခြင်းနှင့် အတင်းအဓမ္မ စစ်မှုထမ်းစေခြင်းများကို ပြုလုပ်ခဲ့ကြသည်။
ရေတွက်၍မရနိုင်သော သာမန်အရပ်သား ပြည်သူအများအပြားမှာ မိသားစုနှင့် ကွဲကွာကာ မည်သူ့ကိုမျှ အားကိုးရာမရ ဖြစ်နေခဲ့ကြရသည်။
ထိုအချိန်တွင် တိမ်နီတပ်မတော်၏ ကျော်စောသတင်းမှာ ပျံ့နှံ့လာခဲ့သဖြင့်... မျှော်လင့်ချက်မဲ့နေသော ပြည်သူအများအပြားသည် တပ်ထံသို့ လာရောက်ခိုလှုံကာ အကူအညီ တောင်းခံလာကြခြင်း ဖြစ်သည်။
ထိုအကြောင်းကို ကြားရသောအခါ အရာရှိအတော်များများမှာ ဒေါသအမျက်
ချောင်းချောင်းထွက်သွားကြသည်။
အရာရှိတစ်ဦးက ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားကာ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့်...
"တပ်မှူးကြီးရဲ့ ဆိုလိုရင်းက... ကျွန်တော်တို့ နောက်ထပ် တိုက်ခိုက်ရမယ့်နေရာက စုန်ဖျင်ခရိုင် လို့ ပြောတာလား"
လူတိုင်း ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားကြသည်။
သူတို့သည် ဓားပြများကို တိုက်ခိုက်ရာတွင် ကျွမ်းကျင်ကြသော်လည်း... အစိုးရစစ်တပ်နှင့်မူ တစ်ခါမျှ စစ်မဖြစ်ဖူးကြသေးချေ။
သို့သော် သူတို့သည်လည်း မြို့များကို သိမ်းပိုက်ကာ နယ်မြေချဲ့ထွင်ရန် စိတ်ကူးယဉ်ဖူးကြသည်သာ။
သို့သော် ဤမျှအထိ မြန်ဆန်စွာ မြို့သိမ်းတိုက်ပွဲကို ဆင်နွှဲရလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။
"မှန်တယ်”
ကျောက်ဖင်က မဆိုင်းမတွ ခေါင်းညိတ်ထောက်ခံလိုက်ပြီး မြေပုံပေါ်ရှိ စုန်ဖျင်ခရိုင်ကို ကိုယ်စားပြုထားသော အနီရောင်အစက်ကို လက်ညှိုးထိုးပြကာ
"ငါ့ရဲ့ သူလျှိုတွေဆီက ရရှိတဲ့ သတင်းအရ... စုန်ဖျင်ခရိုင်ထဲမှာ စစ်သည် နှစ်သောင်းကို ခြောက်လစာ ကျွေးမွေးနိုင်တဲ့ ရိက္ခာတွေအပြင်... ဘဏ္ဍာတိုက်ထဲမှာလည်း ငွေပြား ငါးသိန်းကျော် ရှိနေတယ်။"
"ငါတို့ စုန်ဖျင်ခရိုင်ကို သိမ်းပိုက်နိုင်တာနဲ့... အခုလောလောဆယ် ကြုံတွေ့နေရတဲ့ စစ်ရိက္ခာပြတ်လပ်မှု ပြဿနာကို ဖြေရှင်းနိုင်မှာဖြစ်ပြီးငါတို့ရဲ့ စစ်တပ်ကို ဆက်လက်ချဲ့ထွင်ဖို့အတွက်လည်း လုံလောက်တဲ့ ရိက္ခာတွေ ရရှိမှာ ဖြစ်တယ်"
စုန်ဖျင်ခရိုင်သည် နွားခေါင်းတောင်ကုန်းနှင့် မိုင် နှစ်ဆယ်ကျော်သာ ကွာဝေးသည်။
အမှန်အတိုင်းပြောရလျှင် စုန်ဖျင်ခရိုင်ရှိ အဂတိလိုက်စားသော အရာရှိများထံမှ သတင်းအချက်အလက်များကို ရရှိရန်မှာ ငွေအနည်းငယ် ပေးရုံမျှဖြင့် အလွန်လွယ်ကူလှပေသည်။
တပ်ထံသို့ ခိုလှုံလာကြသူအချို့ဆိုလျှင် စုန်ဖျင်ခရိုင်ရုံးတွင် စာရေးအဖြစ် လုပ်ကိုင်ခဲ့ဖူးသူများပင် ပါဝင်သည်
ဟွမ်သာလီက စိတ်လှုပ်ရှားစွာဖြင့် “ သိပ်ကောင်းတာပဲ၊ ကျွန်တော်တို့ စုန်ဖျင်ခရိုင်ကို သိမ်းပိုက်နိုင်ရင်... ချီရှောင်တပ်မတော်ဟာ ငတ်ပြတ်သေရမယ့် ဘေးကနေ ဝေးပြီပေါ့”
သူက ရိုးရှင်းကြမ်းတမ်းစွာ ပြောဆိုလိုက်သော်လည်း...
ဤနေရာရှိ အရာရှိအများစု၏ စိတ်တွင်း၌လည်း သူ၏ခံစားချက်အတိုင်း ထပ်တူထပ်မျှ ရှိနေကြပေတော့သည်။
အခန်း ၁၁၉ - ငါ့စိတ်ကို ပိုင်းဖြတ်ပြီးပြီ
သို့သော်လည်း အခင်းဖြစ်ပွားရာနေရာရှိ လူအချို့မှာ ဝေခွဲမရဖြစ်ကာ တုံ့ဆိုင်းနေကြသည်။
"ဒါပေမဲ့ စုန့်ဖျင်ခရိုင်ကို တိုက်ခိုက်မယ်ဆိုရင် ဒါက အင်ပါယာနန်းတော်ကို ဆန့်ကျင်ရာ ရောက်လိမ့်မယ်။ ပုန်ကန်ခြားနားတာနဲ့ အတူတူပဲမဟုတ်လား။"
ဟွမ်သာလီက နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။
"ဒါ ဘာကောင် နန်းတော်မလို့လဲ။ ငါတို့ကပဲ ပုန်ကန်ပစ်လိုက်မယ် ကွာ။"
ဟယ်ရုဝမ်က အေးစက်စက် ပြုံးလိုက်ရင်း “ အင်ပါယာနန်းတော်က အရည်အချင်းမရှိတဲ့အပြင် လူထုကိုလည်း နှိပ်စက်ညှဉ်းပန်းနေတယ်။ ဒါ့အပြင် ငါတို့ရဲ့ တပ်မတော်ကို တည်ထောင်တုန်းက လူထုကို ကာကွယ်စောင့်ရှောက်ဖို့ ကျိန်ဆိုခဲ့ကြတာ။ အခု ငါတို့ရဲ့ သက်ကြီးရွယ်အိုတွေနဲ့ ရွာသူရွာသားတွေ ဒုက္ခရောက်နေတာကို ငါတို့က ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မှာလဲ။"
ချောင်ရှန်းက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။
"ခေါင်းဆောင်... တကယ်လို့ စုန့်ဖျင်ခရိုင်ကို တိုက်မယ်ဆိုရင် ကျွန်တော်ကပဲ ရှေ့တန်းတပ်ဖျက်တပ်ဖွဲ့အဖြစ် တာဝန်ယူပါရစေ။"
ဟွမ်သာလီက မကျေမနပ်ဖြစ်သွားပြီး သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"ငါရှိနေတာကို မင်းက ဘယ်တုန်းက ရှေ့တန်းထွက်ဖူးလို့လဲ။"
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် အလျော့မပေးဘဲ အားပြိုင်နေကြသည်။
တပ်မတော်သို့ ဝင်ရောက်ကတည်းက ချောင်ရှန်းသည် ဟွမ်သာလီ၏ အရိပ်မိုးခြင်းကို အမြဲခံခဲ့ရသဖြင့် ရင်ထဲတွင် မကျေမနပ်ဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။ သူသည် စစ်ရေးအစွမ်းဖြင့် မိမိ၏ ဂုဏ်သိက္ခာကို ပြန်လည်ဆယ်ယူလိုနေခြင်း ဖြစ်သည်။
တပ်မတော်တွင် စစ်မှုထမ်းကောင်းဆုတံဆိပ်နှင့် စစ်ရေးအစွမ်းသည် အမြဲတမ်း အရှိဆုံးနှင့် အသုံးဝင်ဆုံး မာန်တစ်ခု ဖြစ်သည်။
ရာထူးတိုးခြင်း၊ လစာတိုးခြင်း သို့မဟုတ် အခြားကိစ္စရပ်တိုင်းအတွက် စစ်ရေးအစွမ်းနှင့် အောင်မြင်မှုရှိပါက အားလုံး ဆွေးနွေးညှိနှိုင်း၍ရသည်။
စစ်ရေးအစွမ်းမရှိဘဲ ဝင်ရောက်ခိုလှုံလာကြသည့် သိုင်းပညာရှင်များဆိုလျှင် သာမန် စစ်သားဘဝကနေသာ စတင်ရသည်။
သို့သော်လည်း သာမန်စစ်သားများနှင့် နှိုင်းယှဉ်ပါက သိုင်းပညာရှင်များသည် များစွာပို၍ သန်မာကြသဖြင့် စစ်မြေပြင်တွင် အောင်မြင်မှုရရန် သဘာဝအတိုင်း ပိုမိုလွယ်ကူကြသည်။
တပ်သို့ ဝင်ရောက်ပြီး တောင်ဓားပြများကို တိုက်ခိုက်ရာတွင် ပါဝင်ခဲ့ဖူးသော သိုင်းပညာရှင်များသည် အနည်းဆုံးတော့ အုပ်စုခေါင်းဆောင်ရာထူးကို ရရှိကြသည်။
သို့သော်လည်း စစ်တပ်အတွင်း ရာထူးပိုမြင့်လေလေ၊ လိုအပ်သည့် စစ်ရေးအစွမ်းက ပို၍ကြီးမားလေလေဖြစ်သည်။
ဟွမ်သာလီနှင့် ချောင်ရှန်းတို့ကဲ့သို့ ချီရှောင်းတပ်မတော်သို့ အစောဆုံးဝင်ရောက်ခဲ့သူများပင် လက်ရှိတွင် တပ်စုမှူးအဆင့်သာ ရှိသေးသည်။
ကျောက်ဖေးသည် ထူးခြားထင်ပေါ်အောင် မလုပ်ခဲ့ပေ။ ထိုအစား သူသည် လောကတွင် ယေဘုယျအားဖြင့် အသုံးပြုနေသည့် စစ်ဘက်ဆိုင်ရာ ရာထူးအဆင့်အတန်းစနစ်ကို တိုက်ရိုက်ယူ၍ ကျင့်သုံးခဲ့သည်။
ဥပမာအားဖြင့် တစ်နှစ်တာ စစ်သင်တန်း မဆင်းရသေးသူ သို့မဟုတ် စစ်ပွဲတွင် မပါဝင်ရသေးသော စစ်သားများကို စစ်သားသစ်ဟု စုပေါင်းခေါ်ဆိုသည်။
စစ်ပွဲများတွင် ပါဝင်ဖူးပြီး အတွေ့အကြုံရှိသော စစ်သားများကိုမူ စစ်သည်တော်ဟု ခေါ်သည်။
ကြီးကြပ်ရေးမှူးသည် စစ်သား ငါးယောက်ကို အုပ်ချုပ်သည်။
စစ်စုမှူးသည် စစ်သား ဆယ်ယောက်ကို အုပ်ချုပ်သည်။
တပ်စုမှူးသည် စစ်သား ငါးဆယ်ကို အုပ်ချုပ်သည်။
ထို့အပြင် လက်ထောက်ဗိုလ်၊ တပ်မှူးနှင့် ဗိုလ်ချုပ်ကဲ့သို့သော အရာရှိကြီးများလည်း ရှိသေးသည်။
ယနေ့အထိ တပ်မတော်အတွင်း လက်ထောက်ဗိုလ်အထက် ရာထူးရှိသော အရာရှိအားလုံးကို ကျောက်ဖေး၏ ကိုယ်ပွါးများဖြင့်သာ ခန့်အပ်ထားသည်။
ရိက္ခာအရာရှိနှင့် လက်မှုပညာတပ်ရင်းမှူး အပါအဝင် အဓိကကျသော ရာထူးနေရာများကိုလည်း သူ၏ကိုယ်ပွါးများကပင် ထိန်းချုပ်ထားသည်။
ထို့ကြောင့် လက်ရှိ တပ်မတော်သည် ကျောက်ဖေးတစ်ဦးတည်းက စိတ်ကြိုက် ခြယ်လှယ်မောင်းနှင်နေသည့် တပ်မတော်ကြီး ဖြစ်နေတော့သည်။
သို့သော်လည်း တပ်မတော်၏ အင်အားမှာ ဆက်တိုက်တိုးပွားလာနေပြီး အထူးသဖြင့် စစ်သားအများစုသည် ယခင်က ဥပဒေမဲ့နေထိုင်ခဲ့ကြသည့် တောင်ဓားပြများနှင့် ရေဓားပြများ ဖြစ်ကြသည်။
ကျောက်ဖေးတွင် လောလောဆယ် ကိုယ်ပွါးဆယ်ခုသာရှိသဖြင့် ၎င်းတို့ကို စီမံခန့်ခွဲရသည်မှာ အနည်းငယ် လက်ဝင်လာသည်။
ကံကောင်းသည်မှာ တပ်မတော်သည် လက်ရှိတွင် တိုက်ပွဲတိုင်းနိုင်ကာ မာန် တက်ကြွနေခြင်း ဖြစ်သည်။
ကိုယ်ပွါးများသည်လည်း အရာရာတွင် မျှတစွာ ကိုင်တွယ်ဖြေရှင်းကြသဖြင့် စစ်သားများသည် ချီရှောင်းတပ်မတော်အပေါ် ပိုမိုသံယောဇဉ်တွဲလာကြသည်။
ယခု စုန့်ဖျင်ခရိုင်ကို တိုက်ခိုက်မည့် စစ်ရေးလှုပ်ရှားမှုသည် အင်ပါယာနန်းတော်ကို တရားဝင် စစ်ကြေညာလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
ဟွမ်သာလီနှင့် ချောင်ရှန်းကဲ့သို့သော အရာရှိအချို့မှာ တိုက်ပွဲဝင်ရန် ထက်သန်နေကြသော်လည်း အတော်များများမှာမူ တပ်မတော်၏ ရှေ့ရေးနှင့် ကံကြမ္မာ ဘာဖြစ်လာမည်ကို မသေချာသဖြင့် စိုးရိမ်ပူပန်နေကြသည်။
သို့သော်လည်း မည်သို့ပင်ဖြစ်စေ ကျောက်ဖင်က အဓိကဦးတည်ချက်ကို သတ်မှတ်ပြီးပြီဖြစ်၍ ပြောင်းလဲခွင့်မရှိတော့ပေ။
အတန်ကြာ ဆွေးနွေးပြီးနောက်...
ကျောက်ဖင်က စစ်ချီမည့်ရက်ကို မနက်ဖြန်
မနက်အဖြစ် သတ်မှတ်လိုက်သည်။
အရာရှိများက အမိန့်ကိုနာခံကာ တိုက်ပွဲမဝင်မီ ပြင်ဆင်မှုများ ပြုလုပ်ရန် ထွက်ခွာသွားကြတော့သည်။
ယခုတစ်ကြိမ်မှာ ယခင်က တောင်ဓားပြများကို တိုက်ခိုက်ခဲ့ခြင်းနှင့် မတူဘဲ မပေါ့ဆရဲကြပေ။
အချိန်တွေ ကုန်လွန်သွားသည်။
ဒုတိယမြောက်နေ့ မနက်ခင်းသို့ ရောက်ရှိလာခဲ့ပြီ။
မနက်ခင်း မြူနှင်းများ မပျယ်လွင့်မီမှာပင် တပ်သား ၁,၇၀၀ ကျော်သည် စစ်ရေးလေ့ကျင့်ကွင်းပြင်တွင် စနစ်တကျ တန်းစီရပ်နေကြသည်။
ကျောက်ဖင်က လူစိမ်းသိုင်းပညာရှင် ငါးဆယ်ကို ဦးဆောင်ကာ အမိန့်ပေးစင်မြင့်ပေါ်သို့ တက်လာသည့်အခါ ဟွမ်သာလီနှင့် အခြားသူများမှာ ဝေခွဲမရ ဖြစ်သွားကြသော်လည်း သူတို့၏ မျက်နှာအမူအရာများ ချက်ချင်း တည်တံ့လေးနက်သွားသည်။
ထိုသိုင်းပညာရှင် ငါးဆယ်သည် အရပ်အမောင်း၊ ကိုယ်လုံးကိုယ်ထည်နှင့် ရုပ်ရည်ချင်း မတူညီကြပေ
သို့သော်လည်း သူတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါကိုမူ ဖုံးကွယ်ထားခြင်း မရှိပေ။ ထိုသိုင်းပညာရှင်အသစ် တစ်ယောက်ချင်းစီထံမှ ထွက်ပေါ်လာသော ဖိအားမှာ ဟွမ်သာလီကဲ့သို့သော စစ်မှုထမ်းဟောင်း အရာရှိကြီးများကိုပင် ဖိအားမိစေသည်။
သွေးနှင့်ချီအင်အားသက်သက်ဖြင့် အစွမ်းကို အတိအကျ မဆုံးဖြတ်နိုင်သော်လည်း သူတို့၏ ခွန်အားမှာ အနည်းဆုံးတော့ အဆင့် (၈) သို့မဟုတ် ထိုထက်မက မြင့်မားနိုင်ခြေရှိသည်။
"ဒီသိုင်းပညာရှင် ငါးဆယ်က ဌာနချုပ်ကနေ စေလွှတ်လိုက်တဲ့ ထိပ်တန်းအထူးတပ်ဖွဲ့ဝင်တွေပဲ။”
ကျောက်ဖင်က လူတိုင်းကို ဝေ့ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"သူတို့ထဲက သုံးဆယ်က ခံစစ်ကို ဖောက်ထွင်းဖို့ ရှေ့တန်းတပ်ဖျက်တပ်ဖွဲ့အဖြစ် ဆောင်ရွက်မယ်။ ကျန်တဲ့ အယောက်နှစ်
ဆယ်ကတော့ သက်ဆိုင်ရာ တပ်ဖွဲ့တွေရဲ့ ခေါင်းဆောင်အဖြစ် ယာယီတာဝန်ယူလိမ့်မယ်။ သူတို့ကို စစ်မြေပြင်က သူတို့ရဲ့ စစ်ရေးစွမ်းဆောင်ရည်အလိုက် ဆုလာဘ်တွေ ပေးအပ်သွားမယ်။"
"ရဲဘော်တို့... ငါတို့ရဲ့ တပ်မတော်ဟာ ရှင်းလင်းပြတ်သားတဲ့ ဆုပေးဒဏ်ပေးစနစ်ကြောင့် အမြဲတမ်း နာမည်ကြီးခဲ့တာ၊ ရန်သူ့ခေါင်းကို ဖြတ်နိုင်တဲ့သူတိုင်းကို ရန်သူ့ခေါင်းတစ်လုံးအတွက် ငွေပြား နှစ်ဆယ် ဆုချမယ်၊ မြို့ရိုးပေါ်ကို ပထမဆုံး တက်နိုင်တဲ့သူကို ငွေပြား တစ်ထောင်နဲ့ မြေဆီလွှာကောင်းတဲ့ လယ်ကွင်း ငါးဧက ဆုချမယ်၊ ခရိုင်ဝန်ကို အရှင်ဖမ်းမိတဲ့သူကိုတော့ ရာထူးအဆင့်ဆင့်ကို ကျော်လွန်ပြီး ရာထူးတိုးပေးမယ့်အပြင် အိမ်တော်ကြီးတစ်ဆောင်ပါ ချီးမြှင့်မယ်..."
"ဒီတိုက်ပွဲအပြီးမှာ အားထုတ်မှုရှိခဲ့တဲ့သူတွေကို ငါဆုချမှာဖြစ်ပြီး တပ်မတော်ထဲက ဘယ်ညီအစ်ကိုရဲ့ သွေးနဲ့ချွေးကိုမှ အချည်းနှီး မဖြစ်စေရဘူးလို့ ငါဒီနေရာမှာ ကျိန်ဆိုရဲတယ်။"
ကျောက်ဖင်၏ စိတ်ဓာတ်လှုံ့ဆော်မှုကြောင့် တပ်မတော်တစ်ခုလုံး၏ စစ်စိတ်စစ်မာန်များ ဝုန်းဒိုင်းကြဲ တက်ကြွသွားသည်။
စစ်သားများ၏ မျက်ဝန်းများတွင် ပြင်းပြသော စိတ်အားထက်သန်မှုများ တောက်လောင်လာသည်။
စစ်သားသစ်များမှာ စစ်တိုက်ချင်ဇောဖြင့် လက်ယားနေကြပြီး လက်နက်ချကာ ဝင်ရောက်လာကြသည့် စစ်သားဟောင်းများပင် ကျောကို မတ်မတ်ဆန့်လိုက်ကြသည်—ဒီစစ်တပ်ထဲမှာ စစ်ရေးအစွမ်းနှင့် အောင်မြင်မှုကသာ အရေးကြီးဆုံး မဟုတ်ပါလား။
ထို့ထက်ပို၍ အရေးကြီးသည်မှာ တပ်မတော်၏ မျှတပြီး ဘက်လိုက်မှုမရှိသော ဆုချီးမြှင့်မှုစနစ်ကို အားလုံးက မျက်ဝါးထင်ထင် တွေ့မြင်ထားပြီးဖြစ်ခြင်းပင်
"ချီစေ” ကျောက်ဖငခက အမိန့်ပေးလိုက်
သည်။
ခရုသင်းမှုတ်သံ ထွက်ပေါ်လာသည်နှင့်အမျှ တိမ်နီတပ်မတော်သည် တောင်ပေါ်စခန်းမှ ခန့်ညားထည်ဝါစွာ တွန်းလှန်ထွက်ခွာလာခဲ့တော့သည်။
ပင်မတပ်မတော်ကြီး မထွက်ခွာမီမှာပင် ကိုယ်ပွါးသုံးဆယ်ဖြင့် ဖွဲ့စည်းထားသော ရှေ့တန်းတပ်ဖျက်တပ်ဖွဲ့သည် အုပ်စုငယ်လေးများခွဲကာ တောင်တန်းနှင့် သစ်တောများထဲသို့ ကိုယ်ယောင်ဖျောက် ဝင်ရောက်သွားကြပြီ ဖြစ်သည်။
နွားခေါင်းရွာနှင့် မိုင်အနည်းငယ်အကွာရှိ တောင်တန်းနှင့် သစ်တောများထဲတွင် ကင်းထောက်နှစ်ဦးသည် ချုံပုတ်ထူထူများနောက်တွင် ပုန်းအောင်းကာ ဝေးလံသော တောင်ပတ်လမ်းကို စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။
မိုင်ငါးဆယ်ပတ်လည်တွင် အကြီးမားဆုံးသော တောင်ဓားပြအုပ်စုဖြစ်သဖြင့် စုန့်ဖျင်ခရိုင်မှ အရာရှိများ မည်မျှပင် အရည်အချင်းမရှိပါစေ၊ မိမိတို့၏ ဘေးကင်းလုံခြုံရေးအတွက် ကင်းထောက်များကို လုံးဝပြင်ဆင်မထားဘဲ မနေရဲကြပေ။
သူတို့ထဲမှ တစ်ယောက်က အသံကိုနှိမ့်ကာ ပြောလိုက်သည်။
"အာလီ... ကြည့်စမ်း၊ ဒီတစ်ခါ တိမ်နီတပ်မတော်က အင်အားအကုန် ထွက်လာတာပဲ။ သူတို့ တစ်ခုခု အကြီးအကျယ် လုပ်တော့မလို့ ထင်တယ်”
အခြားတစ်ယောက်က မျက်မှောင်ကုတ်ကာ ခေါင်းညိတ်ရင်း
"ဟုတ်တယ်၊ တစ်ခုခုတော့ လုံးဝမရိုးသားဘူး။ အရင်က တခြားတောင်ပေါ်စခန်းတွေကို တိုက်တုန်းက အများဆုံး လူအနည်းငယ်ရာပဲ လွှတ်တာ။ ဒါပေမဲ့ ဒီတစ်ခါတော့ တပ်မတော်တစ်ခုလုံး ထွက်လာတာပဲ။ မင်း ခရိုင်မြို့ကို ပြန်ပြီး သတင်းပို့လိုက်။ ငါ သူတို့နောက်ကို ဆက်လိုက်ပြီး ဘယ်သွားမလဲဆိုတာ စောင့်ကြည့်လိုက်မယ်။"
"ကောင်းပြီ၊ သတိထားဦးနော်။" အာလီက ခေါင်းညိတ်လိုက်သည်။
ထိုနှစ်ယောက် လမ်းခွဲရန် ပြင်လိုက်စဉ်မှာပင်...
ရုတ်တရက်၊ နောက်ကျောဘက်မှနေ၍ ကြက်သီးတဖျန်းဖျန်းထလောက်အောင် အေးစက်သော အငွေ့အသက်တစ်ခု ဖြတ်သန်းသွားသည်။
သူတို့ သတိမပြုမိခင်မှာပင် အေးစက်သော အလင်းတန်းနှစ်ခု ဖျတ်ခနဲ လင်းလက်သွားပြီး ကင်းထောက်နှစ်ဦး၏ လည်ပင်းများ ပြတ်တောက်ကာ သွေးများ ပန်းထွက်ကုန်သည်။
သူတို့သည် မယုံကြည်နိုင်လောက်သော မျက်ဝန်းများဖြင့် ပြူးပြူးကြီးကြည့်ရင်း မြေပြင်ပေါ်သို့ လဲကျသေဆုံးသွားကြသည်။
သူတို့ နောက်ဆုံးမြင်လိုက်ရသည်မှာ တည်ငြိမ်အေးစက်လှသော မျက်ဝန်းတစ်စုံ—တပ်မတော် ရှေ့တန်းတပ်ဖွဲ့ဝင်များ၏ မျက်နှာပင် ဖြစ်သည်။
ကိုယ်ပွါး အယောက်သုံးဆယ်သည် တောင်တန်းနှင့် သစ်တောများထဲတွင် တစ္ဆေအလား လျင်မြန်တိတ်ဆိတ်စွာ လှုပ်ရှားနေကြပြီး လမ်းတစ်လျှောက်ရှိ စစ်တပ်၏ ကင်းထောက်များကို တစ်ယောက်မကျန် ရှင်းလင်းပစ်လိုက်ကြသည်။
အဆင့် (၇) ရှိသော သိုင်းပညာရှင် အယောက်သုံးဆယ်ဖြင့် ဖွဲ့စည်းထားသော ကင်းထောက်တပ်ဖွဲ့ကို အင်ပါယာနန်းတော်၏ ထိပ်တန်းအထူးတပ်မတော် အနည်းငယ်သာ ဖွဲ့စည်းနိုင်စွမ်း ရှိလိမ့်မည်။
ထို့အပြင် ကိုယ်ပွါးများသည် စိတ်ချင်းဆက်နွှယ်နေကြသဖြင့် အလှမ်းဝေးကွာနေလင့်ကစား တစ်ယောက်မြင်သည်ကို အခြားတစ်ယောက်က အာရုံခံသိမြင်နိုင်ကြသည်။
အခြားတစ်ဖက်တွင်မူ တပ်မတော်သည် အရှိန်အဟုန်ဖြင့် ချီတက်နေသည်။
သို့သော်လည်း သုံးမိုင်ခန့် သွားပြီးနောက်တွင် ပြဿနာအမျိုးမျိုး စတင်ပေါ်ပေါက်လာသည်။ စစ်ကြောင်းပုံစံ ပျက်ယွင်းလာပြီး စစ်သားများ တဖြည်းဖြည်း နောက်ချန်ကျန်ခဲ့ကာ အချို့မှာ ကျဉ်းမြောင်းသော တောင်လမ်းကြောင့် တိုးဝှေ့ရင်း စကားများ ရန်ဖြစ်ကုန်ကြသည်။
ဟွမ်သာလီကဲ့သို့သော အရာရှိများသည် ရှေ့နောက်ကူးကာ စစ်ကြောင်းကို ထိန်းသိမ်းနေရသည်။ ပူပြင်းလှသော ရာသီဥတုအောက်တွင် သူတို့ခန္ဓာကိုယ်၌ ချွေးများရွှဲနစ်နေပြီး အော်ဟစ်လွန်းသဖြင့် အသံများပင် ဝင်ကုန်ကြသည်။
ကံကောင်းထောက်မစွာဖြင့် တပ်ဖွဲ့တစ်ခုစီမှ အသစ် အယောက်နှစ်ဆယ်သည် အရေးပါသော အခန်းကဏ္ဍမှ ချက်ချင်း ပါဝင်လာခဲ့သည်။
သူတို့သည် အံ့မခန်းစရာ ကောင်းသော ပူးပေါင်းဆောင်ရွက်မှုနှင့် မှတ်ဉာဏ်စွမ်းအားကို ပြသခဲ့ပြီး လမ်းလွဲနေသော စစ်သားများကို တစ်ကြိမ်သာ တွေ့ဖူးသော်လည်း မိမိတို့၏ သက်ဆိုင်ရာ တပ်ဖွဲ့များဆီသို့ တိကျစွာ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့သည်။
သူတို့သည် တပ်မတော်တစ်ခုလုံးတွင် ပျံ့နှံ့တည်ရှိနေပြီး အထက်မှ အမိန့်ပေးရန် မလိုဘဲ တပ်မတော်၏ အသင့်အနေအထားကို တိကျစွာ ထိန်းသိမ်းပေးထားကြသည်။
"တွေ့လား” ဟွမ်သာလီက ပျင်းရိနေသော သူ့လက်အောက်ငယ်သားကို ပြင်းထန်စွာ ကန်လိုက်ရင်း— "ဌာနချုပ်က လာတဲ့ သိုင်းပညာရှင်အဆင့် ကျွမ်းကျင်သူတွေတောင် ဒီလောက် ကြိုးစားနေတာ။ မင်းက ဘာမို့လို့ အချိန်ဆွဲနေရတာလဲ။"
သူ့မျက်ဝန်းများတွင် ရှက်ရွံ့မှုနှင့် မျှော်လင့်တောင့်တမှုများ ရောပြွမ်းနေသည့် ရှုပ်ထွေးသော အလင်းတန်းများ ဖြတ်ပြေးသွားသည်—ဒါက အစွမ်းထက်တဲ့ စစ်တပ်အစစ်အမှန်ရဲ့ ပုံစံပဲ ဖြစ်ရမယ်။
မနက်ခင်းတစ်ခုလုံး အတင်းအကျပ် ချီတက်ပြီးနောက် တပ်မတော်သည် ခန့်မှန်းခြေ ၁၅ ကီလိုမီတာအကွာအဝေးသို့ ရောက်ရှိလာသည်။
မွန်းတည့်ချိန်တွင် ခေတ္တအနားယူပြီးနောက် ကျောက်ဖင်က တပ်မတော်ကို ပုံမှန်ချီတက်
နှုန်းဖြင့် ဆက်သွားရန် အမိန့်ပေးလိုက်သည်။
သူတို့သည် ခန့်မှန်းခြေ ၂.၅ ကီလိုမီတာချီတက်တိုင်း တစ်ကြိမ် အနားယူကြလိမ့်မည်။
ဒါက ခန္ဓာကိုယ်ခွန်အားကို ထိန်းသိမ်းရန် အတွက် ဖြစ်သည်။
နွားခေါင်းစခန်းသည် စုန့်ဖျင်ခရိုင်နှင့် ၁၄ခန့်သာ ကွာဝေးတော့သည်။
အခန်း ၁၂၀ - အပ်တစ်ချောင်း၊ အပ်ချည်တစ်မျှင်မျှ မထိခိုက်စေရ
ဆည်းဆာရိပ်တို့ ပိုမိုနက်မှောင်လာသည်။
တပ်မတော်သည် ရောက်ရှိရာနေရာ၌ပင် ချက်ချင်း အခြေချနားနေလိုက်ကြရာ လက်ရှိတွင် သူတို့သည် စုန့်ဖျင်ခရိုင်နှင့် သုံးမိုင်ပင်မပြည့်တော့သော အကွာအဝေးသို့ ရောက်ရှိနေပြီဖြစ်သည်။
ကုန်းမြင့်တစ်ခုပေါ်တွင် ရပ်ကြည့်လိုက်ပါက စုန့်ဖျင်ခရိုင်မြို့ရိုး၏ ရေးရေးမျှသော ပုံရိပ်ကိုပင် လှမ်းမြင်နေရသည်။
မြို့ရိုးပေါ်ရှိ မီးတုတ်မီးအိမ်များသည် ပိုးစုန်းကြူးများကဲ့သို့ ကျဲတောက်လှပြီး မြို့တံခါးပိတ်ရန် နာရီဝက်ပင် မလိုတော့ပေ။
ရှေ့တန်းထွက်သွားသည့် ပထမဆုံး ကိုယ်ပွါးအယောက်သုံးဆယ်သည် ဝတ်စုံအမျိုးမျိုး လဲလှယ်ဝတ်ဆင်ထားကြပြီ ဖြစ်သည်—အချို့က လက်တွန်းလှည်းများကို တွန်းနေသည့် ကုန်သည်ပွဲစားများ၊ အချို့က ထင်းခွေပိုးများကို ထမ်းထားသည့် ထင်းခွေသမားများ ဖြစ်ကြပြီး အချို့ကမူ ဓားရေးလှံရေး ကျွမ်းကျင်သော သိုင်းသမားကြီးများအသွင် ဝတ်ဆင်ထားကြသည်။
သူတို့သည် မြို့ထဲသို့ ဝင်ရောက်မည့် နောက်ဆုံးလူအုပ်ကြီးနှင့်အတူ ရောနှောဝင်ရောက်သွားကြသည်။ မြို့တံခါးစောင့်စစ်သားများမှာမူ ထုံးစံအတိုင်း လူထုထံမှ ငွေညှစ်ရန်သာ အာရုံရောက်နေကြသဖြင့် မိမိတို့ထံသို့ ကပ်ဘေးကြီး ဆိုက်ရောက်တော့မည်ကို လုံးဝရိပ်မိခြင်း မရှိကြပေ။
"ဒီထဲမှာ ဘာတွေလဲ။"
"ဂျုံတွေပါ။"
"ဂျုံဟုတ်လား... ဟင်း၊ ကြည့်ရတာ တစ်ခုခုတော့ မဟုတ်သလိုပဲ။"
မျက်နှာချောင်ချောင်နှင့် မြို့တံခါးစောင့်စစ်သားတစ်ယောက်သည် လက်တွန်းလှည်းပေါ်ရှိ ဆာလာအိတ်များကို ပုတ်ကြည့်လိုက်ရာ "ဘုန်း... ဘုန်း..." ဟူသော အသံအစ်အစ် ထွက်ပေါ်လာသည်။
ထိုစစ်သားက အေးစက်စွာ ပြောလိုက်သည် "မင်း ဒီထဲမှာ လက်နက်ပုန်းတွေ ဝှက်ထားတယ်လို့ ငါသံသယရှိတယ်။ ဖွင့်ပြီး စစ်ဆေးရမယ်။"
သူက ကုန်သည်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
ဒါက သူတို့ အမြဲတမ်း ငွေညှစ်နေကြ အကွက်ပင် ဖြစ်သည်။ မြို့ထဲလာသည့် ကုန်သည်ငယ်လေးများသည် အိတ်ထဲတွင် ငွေအနည်းငယ်ရှိတတ်ပြီး အားကိုးရမည့် အာဏာရှိသူ နောက်ခံလည်းမရှိသဖြင့် ငွေရှာရန် အလွယ်ကူဆုံး ပစ်မှတ်များ ဖြစ်ကြသည်။
သို့သော်လည်း ထိုကုန်သည်မှာ အကွက်မရှိသည့်အလား သူ့ကို တည်ငြိမ်စွာသာ ပြန်ကြည့်နေပြီး ငွေပေး၍ လာဘ်ထိုးမည့် အရိပ်အယောင် လုံးဝမပြသည်ကို သူ မသိခဲ့ပေ။
မျက်နှာချောင်နှင့် စစ်သားသည် ချက်ချင်း ဒေါသထွက်သွားပြီး ဓားကိုဆွဲကာ ဆာလာအိတ်ကို ခုတ်ခွဲရန် ဟန်ပြင်လိုက်သည်။
"အာကျိုး... စိတ်မလောပါနဲ့။ ဒီကုန်သည်တွေလည်း ခက်ခက်ခဲခဲ ရှာဖွေစားသောက်နေရတာပဲဟာ၊ ဘာလို့ သူတို့ကို ဒုက္ခပေးနေမှာလဲ။"
ထိုအချိန်တွင် အခြေအနေကို လာရောက်စေ့စပ်ပေးသည့် အခြားစစ်သားတစ်ယောက်က အပြေးအလွှား ရောက်လာပြီး မျက်နှာချောင်နှင့် စစ်သားကို တားဆီးလိုက်သည်။
ထို့နောက် ထိုစေ့စပ်ပေးသည့် စစ်သားသည် ကုန်သည်ကို ဘေးသို့ဆွဲခေါ်ကာ လမ်းညွှန်ချက် အချို့ပေးရန် ပြင်လိုက်သည်။
အတိအကျပင် ထိုအချိန်၌
"အဲဒါ... အဲဒါ ဘာလဲ။"
မြို့တံခါးစောင့်စစ်သားတစ်ယောက်က တုန်တုန်ရင်ရင်ဖြင့် အဝေးသို့ လက်ညှိုးထိုးပြရင်း ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
အဝေးတစ်နေရာတွင် စစ်တပ်ကြီးတစ်ခုသည် အရှိန်အဟုန်ဖြင့် ချီတက်လာနေပြီး လာရောက်နေသည့် အကွာအဝေးမှာ
တစ်မိုင်ပင် မပြည့်တော့ပေ။
ကျန်ရှိသော စစ်သားများအားလုံး လှမ်းကြည့်လိုက်ကြရာ သူတို့၏ မျက်နှာအမူအရာများ ချက်ချင်း သွေးပျက်သွားကြတော့သည်။
"ငါတို့ ဘာအကြောင်းကြားစာမှ မရထားဘူး။ ဒါ ငါတို့ရဲ့ အစိုးရစစ်တပ် လုံးဝမဟုတ်ဘူး။"
"ဒါ... ဒါ ခေါင်းဝါသူပုန်တွေ တိုက်ခိုက်လာတာ နေမှာ..."
"ဒုက္ခပါပဲ၊ မြန်မြန်... မြို့တံခါးကို ပိတ်ကြ..."
မြို့တံခါးဝတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
သို့သော်လည်း သူတို့ တစ်ခုခု မလှုပ်ရှားနိုင်မီမှာပင်...
ရွှမ် ရွှမ် ရွှမ်
ဓားအလင်းတန်း အနည်းငယ် ဖျတ်ခနဲ လင်းလက်သွားပြီး မြို့တံခါးစောင့် စစ်သားအားလုံး ခေါင်းပြတ်ကာ မြေပြင်ပေါ်သို့ လဲကျသွားကြတော့သည်။
ကံကောင်းသည်မှာ မြို့ရိုးပေါ်တွင် စစ်သားအချို့ ကျန်ရှိနေသေးသဖြင့် သူတို့က သတိပေးခေါင်းလောင်းကို တီးခတ်လိုက်ကြသည်။
ဒေါင်... ဒေါင်... ဒေါင်.
သေမင်းတမန် အချက်ပေးသံကဲ့သို့ စူးရှသော ခေါင်းလောင်းသံကြောင့် မြို့တံခါးနှင့် ပတ်ဝန်းကျင်တစ်ခုလုံး ခဏချင်းအတွင်း ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိသွားသည်။
အဝတ်အစား ဗရဗျစ်နှင့် အရက်နံ့ စော်နံနေသော တပ်မှူးတစ်ယောက်သည် ချက်ချင်း စုစည်းထားသော စစ်သားတစ်ရာခန့်ကို ဦးဆောင်ကာ မြို့တံခါးဆီသို့ အပြေးအလွှား ရောက်လာသည်။
မျက်တောင်ခတ်အတွင်းမှာပင် မြို့တံခါးဝ၌ ပြင်းထန်သော တိုက်ပွဲကြီး ဖြစ်ပွားခဲ့တော့သည်။
သွေးချောင်းစီးသံများ၊ အော်ဟစ်သံများ၊ ပြတ်တောက်သွားသော ခြေလက်များနှင့် အသားစများ...
မြို့တံခါးဝရှိ အခင်းအကျင်းသည် သွေးပင်လယ်ပြင်ကြီးအဖြစ်သို့ လျင်မြန်စွာ ကူးပြောင်းသွားသည်။
ကိုယ်ပွါး အယောက်သုံးဆယ်ဖြင့် ဖွဲ့စည်းထားသော ရှေ့တန်းတပ်ဖွဲ့သည် မြို့တံခါးကို အပိုင်စီးထားကြသည်။ သူတို့သည် စိတ်ချင်းဆက်နွှယ်နေပြီး တစ်ယောက်နှင့်တစ်ယောက် အပေးအယူမျှမျှဖြင့် ညှိနှိုင်းလှုပ်ရှားကြသဖြင့် မည်သည့် ထိပ်တန်းစစ်ဗျူဟာထက်မဆို ပိုမိုထိရောက်လှသည်။
အစိုးရစစ်သားများသည် မြို့တံခါးကို ပြန်လည်မထိန်းချုပ်နိုင်သည့်အပြင် အကျအဆုံး များပြားကာ အထိနာပြီး နောက်ဆုတ်ပြေးခဲ့ကြရသည်။
တိမ်နီတပ်မတော်ကြီး မြို့တံခါးအတွင်းသို့ အလုံးအရင်းဖြင့် သောင်းသောင်းဖျဖျ ဝင်ရောက်လာသည့်အခါ အစိုးရစစ်တပ်သည် ဖရိုဖရဲဖြစ်ကာ မြို့ထဲသို့ ထိတ်လန့်တကြား ထွက်ပြေးကြတော့သည်။
တပ်မတော်သည် တားဆီး၍မရသော အရှိန်အဟုန်ဖြင့် ရှေ့သို့ ချီတက်ဖျက်ဆီးရာ အစိုးရစစ်တပ်မှာ ပြိုကွဲလုနီးပါး ဖြစ်သွားခဲ့သည်။
အစိုးရစစ်သားများထဲတွင် အကျင့်ပျက်ခြစားသော အရာရှိများအတွက် အသက်မပေးလိုဘဲ အတင်းအကျပ် စစ်ထဲသွင်းခံထားရသူ အများအပြား ပါဝင်သည်။
သူတို့သည် တပ်မတော် ရောက်လာသည်ကို မြင်သောအခါ လက်နက်များကို ချပစ်ပြီး ဒူးထောက်ကာ လက်နက်ချကြတော့သည်။
ခေါင်းမာမာဖြင့် ဆက်လက်ခုခံနေသည့် စစ်သားအနည်းငယ်မှာမူ တပ်မတော်၏ ထိုးစစ်ဆင်မှုအောက်တွင် ပွဲချင်းပြီး အခုတ်ခံလိုက်ရကာ သူတို့၏ သွေးများသည် ကျောက်ပြားလမ်းမများပေါ်တွင် စွန်းထင်ကျန်ရစ်ခဲ့သည်။
ယခုကဲ့သို့ ကြီးမားလှသော တပ်မတော်ကြီး၏ ထိုးစစ်ဆင်မှုကို ရင်ဆိုင်ရသည့်အခါ စစ်တပ်ထဲရှိ အစွမ်းအထက်ဆုံး သိုင်းသမားများပင် နောက်လှည့်ကာ အသက်လုပြေးကြရတော့သည်။
"တပ်မှူးကြီး အမိန့်ရှိတယ်၊ လက်နက်ချတဲ့သူကို အသက်ချမ်းသာပေးမယ်၊ ခုခံတဲ့သူကို ကွပ်မျက်စေ”
အရာရှိများက တစ်ယောက်ပြီးတစ်ယောက် အမိန့်များကို ဟစ်အော်လိုက်ကြသည်။
ထိုအခါ အစိုးရစစ်သား အမြောက်အမြား ပိုမိုလက်နက်ချလာကြတော့သည်။
တပ်မတော်သားများသည် မြို့တံခါးများကို လျင်မြန်စွာ ထိန်းချုပ်လိုက်ပြီးနောက် စစ်ကြောင်းသုံးကြောင်း ခွဲလိုက်ကြသည်—စစ်ကြောင်းတစ်ကြောင်းက ခရိုင်အစိုးရရုံးဆီသို့ တိုက်ရိုက်ဦးတည်သွားပြီး၊ အခြားတစ်ကြောင်းက ရိက္ခာဂိုဒေါင်နှင့် လက်နက်တိုက်ကို သိမ်းပိုက်ကာ၊ တတိယမြောက် စစ်ကြောင်းကမူ မြို့တွင်း တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန် တာဝန်ယူလိုက်သည်။
တပ်မတော်၏ ရောက်ရှိလာမှုသည် ရုတ်တရက်ဆန်လွန်းလှသဖြင့် အစိုးရစစ်တပ်ပင် ကြိုတင်ပြင်ဆင်ခွင့်မရခဲ့ပေ။
မြို့ထဲရှိ သာမန်ပြည်သူလူထုဆိုလျှင် ပို၍ပင် ပြောနေစရာမလိုတော့ချေ။
အရပ်သားများသည် ထိတ်လန့်တကြား အိမ်ပြန်ပြေးကြပြီး တံခါးများနှင့် ပြတင်းပေါက်များကို သော့ခတ်ကာ အသက်
ပင် ဝဝမရှူရဲဘဲ ပုန်းအောင်းနေကြသည်။
သူတို့ထဲမှ အများစုသည် တပ်မတော်က နာမည်ကောင်းရှိကြောင်း၊ အရပ်သားများကို ဒုက္ခမပေးကြောင်းနှင့် လူထုဘက်မှ မတ်တတ်ရပ်ပေးခဲ့သည့် သမိုင်းကြောင်းရှိကြောင်း ကြားဖူးနားဝ ရှိကြသော်လည်း...
ကြားဖူးတာက တစ်ပိုင်း၊ လက်တွေ့က တစ်ပိုင်းမဟုတ်ပါလော
ထိုတိမ််နီတပ်မတော်သားများ သွေးရူးရူးပြီး သောင်းကျန်းလာမလား မည်သူသိနိုင်မည်နည်း။
အရပ်သားအများစုမှာ လုံးဝဝေခွဲမရဖြစ်ကာ ခေါင်းဝါသူပုန် တပ်မတော် မြို့ထဲသို့ စီးနင်းဝင်ရောက်လာသည်ဟု ထင်မှတ်ကာ အသည်းတုန်အောင် ကြောက်လန့်နေကြသည်။
မြို့ထဲရှိ အထည်ဆိုင်တစ်ဆိုင်။
တပ်မတော်မှ စစ်သားအချို့သည် အထည်ဆိုင်တံခါးကို ကန်ဖွင့်ကာ ပစ္စည်းများကို လုယက်ရန် ကြံစည်သော်လည်း စစ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ ၏ ချက်ချင်း တားဆီးခြင်းကို ခံလိုက်ရသည်။
ထိုစစ်သားများသည် တိမ်နီတပ်သို့ မကြာသေးမီကမှ ဝင်ရောက်လာသူများဖြစ်၍ သူတို့၏ ဓားပြစရိုက် အကျင့်ဟောင်းများကို ဖျောက်ဖျက်ရန် ခက်ခဲနေသေးခြင်း ဖြစ်သည်။
"စစ်အမိန့်က လုံးဝနာခံရမယ်၊ မင်းတို့ အသက်မလိုချင်တော့ဘူးလား”
စစ်စည်းကမ်းထိန်းသိမ်းရေး တပ်မှူးက ဟိန်းဟောက်လိုက်ပြီး ဓားကို ဖျတ်ခနဲ ဆွဲထုတ်ကာ လုယက်မှုကို ဦးဆောင်သည့် စစ်သား၏ ခေါင်းကို ချက်ချင်း ဖြတ်ချလိုက်သည်။
ကျန်ရှိသော စစ်သားများမှာ အလွန်အမင်း ကြောက်လန့်သွားကာ ဒူးထောက်၍ အသက်ချမ်းသာပေးရန် တောင်းပန်ကြသော်လည်း စစ်ဥပဒေသည် ညှာတာမှုမရှိပေ။
စစ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သည် မဆိုင်းမတွဘဲ စစ်အမိန့်အတိုင်း ပြတ်ပြတ်သားသား အပြစ်ပေးလိုက်တော့သည်။
"မကြောက်ကြပါနဲ့။ ငါတို့ တပ်မတော်ရဲ့ ရည်မှန်းချက်က ကောင်းကင်ဘုံကိုယ်စား တရားမျှတမှုကို ဖော်ဆောင်ပြီး အရပ်သားပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့ပဲ။"
စစ်စည်းကမ်းထိန်းသိမ်းရေးအရာရှိက ဆိုင်အကူများကို ကြည့်ကာ ပြုံးပြရန် ကြိုးစားလိုက်သည်။
သို့သော် ထိုအပြုံးက ဆိုင်အကူများကို ပို၍ပင် တုန်လှုပ်ခြောက်ခြားသွားစေသည်။
တပ်မတော်သားများ ဆိုင်ထဲမှ ထွက်ခွာသွားပြီးနောက်မှသာ ဆိုင်အကူများသည် နောက်ဆုံးတွင် သတိပြန်ဝင်လာကြသည်။
"ဒီချီရှောင်တပ်မတော်ဆိုတဲ့ သူပုန်စစ်တပ်က တခြားစစ်တပ်တွေနဲ့ တကယ်ကို ကွာခြားပုံပဲ။"
"ကံကောင်းလို့ ခေါင်းဝါသူပုန်တပ်မတော် တိုက်ခိုက်တာ မဟုတ်လို့။ မဟုတ်ရင် ငါတို့လည်း စစ််ရိက္ခာအဖြစ် အစားခံရမှာ..."
"ဒီတစ်ခါတော့ ဘုရားသခင်က ငါတို့ကို တကယ်ပဲ စောင့်ရှောက်လိုက်တာပဲ..."
...
မကြာမီမှာပင် စစ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ပြတ်တောက်နေသော လူခေါင်းများကို တပ်မတော်တစ်ခုလုံးသို့ လှည့်လည်ပြသခဲ့သဖြင့် စစ်စည်းကမ်းသည် လျင်မြန်စွာ ပြန်လည်တည်ငြိမ်သွားခဲ့သည်။
မြို့ထဲရှိ လူထုသည် တံခါးများနှင့် ပြတင်းပေါက်များကို တင်းတင်းကျပ်ကျပ် ပိတ်ထားဆဲဖြစ်ပြီး စစ်ပွဲ၏ ဘေးဒဏ်ကို ကြောက်လန့်တုန်ရင်နေကြသည်။
သို့သော်လည်း မကြာမီမှာပင် ဤစစ်တပ်သည် ယခင်က စစ်တပ်များနှင့် ကွာခြားကြောင်း သူတို့ သတိပြုမိလာကြသည်။ တပ်မတော်သားများသည် လုယက်ခြင်း မပြုသည့်အပြင် မြို့တွင်း တည်ငြိမ်ရေးကို အစွမ်းကုန် ထိန်းသိမ်းပေးကြပြီး အခွင့်ကောင်းယူကာ ပြဿနာရှာသူများကိုလည်း လုံးဝခွင့်မလွှတ်ဘဲ နှိမ်နင်းပေးကြသည်။
တဖြည်းဖြည်းနှင့် လူအချို့သည် သတ္တိမွေးကာ ပြတင်းပေါက်အက်ကြောင်းများမှတစ်ဆင့် ချောင်းကြည့်လာကြပြီး အချို့ဆိုလျှင် အိမ်အပြင်ဘက်သို့ပင် သတိကြီးစွာဖြင့် ခြေလှမ်းလှမ်းကာ ဤစနစ်တကျရှိလှသော တပ်မတော်ကြီးကို မယုံကြည်နိုင်လောက်အောင် ငေးစိုက်ကြည့်နေကြတော့သည်။
ခရိုင်အစိုးရရုံးအတွင်း။
တပ်မတော်သားများသည် ရုံးတော်တံခါးမကြီးကို ကန်ဖွင့်ကာ အနှံ့အပြား ရှာဖွေပြီးနောက် ခရိုင်ဝန် လျူသယ်၏ မိသားစုဝင်များနှင့် သူ၏ အတိုင်ပင်ခံအချို့ကိုသာ ဖမ်းဆီးရမိခဲ့သည်။
လျူသယ်မှာမူ လွန်စွာစောစီးစွာကပင် အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။
"အဲဒီ အကျင့်ပျက်ခြစားတဲ့ အရာရှိစုတ်က ထွက်ပြေးသွားပြီ” ဟွမ်သာလီက ဒေါသတကြီး ဆဲရေးတိုင်းထွာလိုက်ပြီး သူ့စစ်သားများကို အမိန့်ပေးလိုက်သည်— "ရှာကြစမ်း၊ မြေလှန်ပြီးတော့ကို ရှာကြစမ်း၊ သူ့ကို ရှာတွေ့အောင် ရှာ”
တစ်ချိန်တည်းမှာပင် ချောင်ရှန်းကလည်း သူ့စစ်သားများကို အမိန့်ပေးနေသည်— "မင်းတို့အားလုံး ငါအစောကြီးကတည်းက ပြထားတဲ့ ခရိုင်ဝန်ရဲ့ ပုံတူပန်းချီကားကို မှတ်မိကြတယ်မလား။ အဲဒီပုံစံအတိုင်း ရှာကြစမ်း။ လူမှားဖမ်းမိရင် မိပါစေ၊ တရားခံကိုတော့ လုံးဝ အလွတ်မပေးနဲ့”
ဟွမ်သာလီနှင့် ချောင်ရှန်းတို့သည် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်ကြရာ လေထုထဲတွင် မီးပွားများပင် လွင့်စင်မတတ် အားပြိုင်မှုများ ဖြစ်ပေါ်နေတော့သည်။
မှောင်ရီပျိုးစပြုလာပြီ။
စုန့်ဖျင်ခရိုင်၏ တောင်ဘက်ရှိ ဆိတ်ငြိမ်သော လမ်းကြားလေးတစ်ခုထဲတွင် "သူတောင်းစား" တစ်ယောက်သည် ထိတ်လန့်တကြား ထွက်ပြေးနေသည်။
သူ၏ မျက်နှာတစ်ခုလုံးတွင် ညစ်ပတ်ပေရေနေပြီး အဝတ်အစားများမှာ စုတ်ပြတ်သတ်နေသော်လည်း သူ၏ ဆီဦးထမင်းစားထားသည့် လက်ဖျံများနှင့် လုံးဝန်းနေသော ဗိုက်ကြီးမှာမူ သူတောင်းစားတစ်ယောက်နှင့် လုံးဝ လိုက်ဖက်မှုမရှိဘဲ ထူးခြားနေတော့သည်။
ထိုသူသည် အခြားသူမဟုတ်... ဝတ်စုံလဲကာ ထွက်ပြေးလွတ်မြောက်နေသည့် ခရိုင်ဝန် လျူသယ်ပင် ဖြစ်တော့သည်။