← Chapters

အတိဒုက္ခဖြတ်ကျော် တတိယအဆင့်၊ တပည့်နှင့် နတ်သားရဲ တွေ့ဆုံမိကြခြင်း

Vol. 8 Ch. 118

အတိဒုက္ခဖြတ်ကျော် တတိယအဆင့်၊ တပည့်နှင့် နတ်သားရဲ တွေ့ဆုံမိကြခြင်း

Vol. 8 Ch. 118

အခန်း (၁၁၈) အတိဒုက္ခဖြတ်ကျော် တတိယအဆင့်၊ တပည့်နှင့် နတ်သားရဲ တွေ့ဆုံမိကြခြင်း

‘ထားလိုက်ပါတော့၊ ငါလုပ်ပေးလိုက်လို့ အကျေနပ်လွန်ပြီး ဆက်ကျင့်ကြံလိုစိတ် မရှိတော့ရင် ဒုက္ခများလိမ့်မယ်’ ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲ လျှောက်ဝင်သွားပါတယ်။

ဟန်ကျွယ် အထဲဝင်သွားတာနဲ့ ဖူစန်းသစ်ပင်ပေါ်က ငရဲကြက်နက်ဟာ အောက်ခုန်ဆင်းက ပြောလိုက်ပါတယ် “လာစမ်း... လာစမ်း... တိုက်ကြရအောင်၊ လျန်လေးကလွဲလို့ မင်းတို့အကုန်လုံး အတူတိုက်လို့ရတယ်”

မုရုံချီဟာ ချက်ချင်းပဲ မတ်တတ်ရပ်လိုက်ပါတယ်။ ကနဦးဝိညာဉ်အဆင့်ကို ရောက်ရှိသွားလို့ မုရုံချီဟာ ငရဲကြက်နက်နဲ့ တစ်ပွဲတစ်လမ်း အကဲစမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ငရဲကြက်နက်ဟာ သူ့ကျင့်ကြံမှုမြင့်တာကို အကြောင်းပြပြီး ကျန်တဲ့တပည့်တွေကို မကြာခဏ အနိုင်ကျင့်ပါတယ်။ ဒါပေမဲ့ ငရဲကြက်နက်က စီနီယာမို့ ကျန်တဲ့လူတွေက ဘာမှမပြောရဲပါဘူး။

ရန်ထျန်တုန်းလည်း မတ်တတ်ရပ်လိုက်ပါတယ်။ ဒါပေမဲ့ ရွှင်ချန်အန်းကတော့ တိုက်ခိုက်တာကို စိတ်မဝင်စားပါဘူး။

အဲဒီနောက် ငရဲကြက်နက်၊ မုရုံချီနဲ့ ရန်ထျန်တုန်းဟာ တိမ်ပေါ်ကိုပျံသန်းသွားပြီး စတင်တိုက်ခိုက်ပါတော့တယ်။

ဒီလိုတိုက်ပွဲမျိုးက အခုလက်ရှိ ယွီဂျင်ဂိုဏ်းတော်ကြီးကို သိပ်ပြီး မသက်ရောက်တော့ပါဘူး။ ဂိုဏ်းထဲမှာရှိတဲ့ ကနဦးဝိညာဉ်ကျင့်ကြံသူ အရေအတွက်က တစ်နေ့တစ်ခြား တိုးပွားလာတာကြောင့် ယွီဂျင်ဂိုဏ်းတော်ကြီးမှာ ကနဦးဝိညာဉ်ကျင့်ကြံသူက ပထမတန်းစား မဟုတ်တော့ပါဘူး။

တာအိုသခင်ကျိုးတိ ဂိုဏ်းချုပ်နေရာကို ပြန်ယူပြီးတဲ့နောက်မှာ ဂိုဏ်းတစ်ခုလုံးကို ပြန်ဖွဲ့စည်းလိုက်ပါတယ်။ အပြင်စည်း၊ အတွင်းစည်းနဲ့ လျှို့ဝှက်ခန်းမမှာရှိတဲ့ တပည့်အကုန်လုံးရဲ့ ပျှမ်းမျှအင်အားဟာ တော်တော်လေးကို တိုးတက်သွားပါတယ်။ တာအိုသခင်ကျိုးတိရဲ့ အုပ်ချုပ်မှုစနစ်ကလည်း အတော်လေး ကောင်းပါတယ်။ ဒါကြောင့် တာအိုသခင်ကျိုးတိက လီချင်းဇဲ့ထက် ဂိုဏ်းချုပ်ရာထူးကို ပိုသင့်တော်တယ်လို့ ပြောလို့ရပါတယ်။

ကျင့်ကြံမှုအဆင့်ကြောင့် လီချင်းဇဲ့ဟာ တစ်ခြားအကြီးအကဲတွေကို မျက်နှာလိုမျက်နှာရ လုပ်ရပါတယ်။

ဒါပေမဲ့ တာအိုသခင်ကျိုးတိဟာ ဟင်းလင်းပြင်ပေါင်းစပ်ခြင်း နဝမအဆင့်ဖြစ်ပြီး ခန္ဓာကိုယ်ပေါင်းစပ်အဆင့်ကို ရောက်ခါနီးနေပါပြီ။ ဒါကြောင့် ယွီဂျင်ဂိုဏ်းတော်ကြီးထဲမှာ တာအိုသခင်ကျိုးတိထက် စွမ်းအားကြီးတဲ့လူက လက်ချိုးရေလို့ရပါတယ်။ ဒါကြောင့် အကြီးအကဲတွေဟာ တာအိုသခင်ကျိုးတိရှေ့မှာ ကလန်ကဆန် မလုပ်ရဲပါဘူး။

တာအိုသခင်ကျိုးတိရဲ့ ခြယ်လှယ် ထိန်းချုပ်မှုအောက်မှာ ယွီဂျင်ဂိုဏ်းတော်ကြီးနဲ့ ကောင်းကင်သွေးမီလျှံဂိုဏ်းဟာ အမှန်စင်စစ် ပေါင်းစပ်သွားပါတယ်။ လက်ရှိအခြေအနေမှာ ယွီဂျင်ဂိုဏ်းတော်ကြီးဟာ အလွန်တိုးတက်တဲ့အဆင့်ကို ရောက်ရှိနေပါပြီ။

ဒီကိစ္စတွေ အကုန်လုံးက ဟန်ကျွယ်နဲ့ ဘာမှမသက်ဆိုင်ပါဘူး။ တာအိုသခင်ကျိုးတိကလည်း ဟန်ကျွယ်ကို မနှောင့်ယှက်ပါဘူး။ အကြီးအကဲတွေ စည်းဝေးကြတိုင်း တာအိုသခင်ကျိုးတိဟာ ဟန်ကျွယ်ကို မဖိတ်ခေါ်ပါဘူး။ ဒါပေမဲ့ ဝီရိယတောင်ရဲ့ စိတ်ဝိညာဉ်ချီကို မြှင့်တင်ပေးတဲ့အစီအစဉ်ကတော့ ဘယ်တော့မှ ရပ်မသွားပါဘူး။ ရံဖန်ရံခါဆိုသလို ဂိုဏ်းတပည့်တွေဟာ အသစ်ရှာတွေ့ထားတဲ့ သဘာဝရတနာတွေကို ဝီရိယတောင်မှာ လာစိုက်ပေးပါတယ်။

ဟန်ကျွယ်ဟာ မ‌ကောင်းဆိုးဝါးတွေ တစ်စခန်းထလာတာကို သိလိုက်ရတဲ့အတွက် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ဂူအောင်းကျင့်ကြံပြီး အပြင်ဘက်ကို တစ်လှမ်းတောင် မထွက်တော့ပါဘူး။

ဒီလိုနဲ့ အချိန်ဆယ်နှစ် လွန်မြောက်သွားပါတယ်။

ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းပေးခဲ့တဲ့ ဆေးနှစ်ပုလင်းကို မှီဝဲပြီး အတိဒုက္ခဖြတ်ကျော် တတိယအဆင့်ကို ရောက်ရှိသွားပါတယ်။ အဲဒီနောက်ပိုင်း သူ့ကျင့်ကြံမှုက နှေးကွေးသွားတဲ့အတွက် ဟန်ကျွယ်ဟာ သိပ်ပြီးအားမရပါဘူး။

ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းရဲ့ ကျင့်ကြံမှုကို ကောင်းကင်ဘုံဝင် တတိယအဆင့်အထိ ဖိနှိပ်ပြီး အသွင်တူလက်ရည်စမ်းပွဲထဲမှာ တိုက်ခိုက်ပါတယ်။ ဒါပေမဲ့လည်း ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းကို အနိုင်မယူနိုင်သေးပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် ဟန်ကျွယ်က မကောင်းဆိုးဝါးဧကရာဇ်ကို အနိုင်မယူနိုင်သေးဘူးဆိုတာ သိသာထင်ရှားလှပါတယ်။

အဆင့်တက်ပြီးနောက်မှာ ထုံးစံအတိုင်း ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပြီး ကျိန်စာတိုက်ပါတယ်။ ဒီတစ်ခါမှာတော့ ဟန်ကျွယ်ဟာ တစ်ခြားသူတွေကို ဘေးမဲ့ပေးလိုက်ပြီး ဂျိနန်ဟယ်တစ်ယောက်တည်းကိုပဲ ကျိန်စာတိုက်ပါတယ်။

ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်တပည့် စုချီသည် ကြမ္မာဆိုးကို ဖြန့်ကျက်ခဲ့သောကြောင့် လော့ချင်းမော့၏ သက်တမ်းသည် နှစ်တစ်ထောင် လျော့ကျသွားပါပြီ။ ဤသက်ရောက်မှုသည် ဆက်တိုးသွားမည် ဖြစ်သည်။]

[သင့်နတ်သားရဲ့ ပဋိပက္ခကောင်းကင်ခွေးသည် မိစ္ဆာကျင့်ကြံသူများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၈၂၁၁

[သင့်တာအိုလက်တွဲဖော် ရှင်းဟုန်ရွှမ်သည် လက်ယာကျင့်ကြံသူများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၇

[သင့်တာအိုလက်တွဲဖော် ရွှမ်ချင်းကျွင်းသည် သေမျိုးဘုံမှ ထွက်ခွာသွားပါပြီ။]

[သင့်တာအိုလက်တွဲဖော် ရှင်းဟုန်ရွှမ်သည် အခွင့်တစ်ရေးတစ်ခုရပြီး စွမ်းအားကြီး ကျင့်ကြံသူတစ်ဦး၏ လမ်းညွှန်မှုကို ရရှိကာ ကျင့်ကြံမှုများစွာ တိုးတက်သွားပါပြီ။]

[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် မိစ္ဆာကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၃၀၀၀၉

[သင့်မိတ်ဆွေ မော့ဖူချိုသည် မကောင်းသောအင်အားတစ်ခုကြောင့် မိစ္ဆာစစ်စစ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။]

[သင့်မိတ်ဆွေ ကျိုးဖန်သည် သင့်မိတ်ဆွေ မော့ဖူချို၏ တိုက်ခိုက်မှုခဲ့ရပြီး ခန္ဓာကိုယ်တစ်ခုလုံး ဆုတ်ပြဲသွးခဲ့သည်။ သင့်မိတ်ဆွေ ရွှမ်ရှီရှီက သင့်မိတ်ဆွေကျိုးဖန်၏ ဝိညာဉ်ကို ကယ်တင်ခဲ့သည်။]

[သင့်မိတ်ဆွေ ရွှမ်ရှီရှီသည် သင့်မိတ်ဆွေ မော့ဖူချို၏ တိုက်ခိုက်မှုကြောင့် ကျင့်ကြံမှု စွမ်းအားလျော့နည်းသွား၏။]

…

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ကြီးမြတ်တဲ့စပါးအုံးစိမ်းကြောင့် ဖြစ်ပေါ်ခဲ့တဲ့ နတ်ဆိုးအုပ်ကို ပြန်တွေးမိလိုက်ပါတယ်။ အခုလည်း မိစ္ဆာကျင့်ကြံသူတွေက နေရာတကာမှာ ပေါ်လာပြန်ပါပြီ။

‘မော့ဖူချိုတောင် မိစ္ဆာစစ် ဖြစ်သွားတယ်ဆိုတော့ မိစ္ဆာမျိုးနွယ်စုကို မိုးကောင်းကင်က ကောင်းချီးပေးလိုက်လို့မျိုးလား’

‘ကျိုးဖန်ကလည်း တော်တော်လေး သနားဖို့ကောင်းပါတယ်၊ ထပ်သေပြန်ပါပြီ၊ ဒီတစ်ခါက ရန်သူလက်ချက်နဲ့ မဟုတ်ဘဲ သူချစ်ရတဲ့အစ်ကိုလက်ချက်နဲ့ပါ’

‘ကျွတ်..ကျွတ်... သူက သွေးခင်းလမ်းကိုလျှောက်ပြီး အမုန်းတောအုပ်ကို ရှင်းရတာပဲ’

ဟန်ကျွယ်ဟာ ဟွမ်ဂျိဟောင်က အကြိမ်များစွာ တိုက်ခိုက်ခံရတာကိုလည်း သတိထားမိသွားပါတယ်။ ဟွမ်ဂျိဟောင်ဟာ ဓားနှလုံးသားနဲ့ မွေးဖွားလာတဲ့သူ ဖြစ်တာကြောင့် ကျင့်ကြံမှုကလည်း လျင်လျင်မြန်မြန်ပဲ တိုးတက်သွားပါတယ်။ အခုဆိုရင် ဟွမ်ဂျိဟောင်ဟာ ဟင်းလင်းပြင်ပေါင်းစပ်အဆင့်ကို ရောက်ခါနီးနေပါပြီ။

‘နတ်ဆိုးလမ်းစဉ်က သောင်းကျန်းနေတာပဲ၊ ငါတို့တွေ အပြင်ထွက်လို့ မဖြစ်ဘူး၊ ကျန်တဲ့လူတွေကို သတိပေးရမယ်’ ဟန်ကျွယ်ဟာ တိတ်တဆိတ် တွေးတောလိုက်ပြီးနောက် သူ့တပည့်တွေကို အပြင်မထွက်ဖို့ အသံလွှင်ပြောလိုက်ပါတယ်။ အဲဒီနောက် လီချင်းဇဲ့နဲ့ တာအိုသခင်ကျိုးတိကိုလည်း သတိပေးလိုက်ပါတယ်။

တာအိုသခင်ကျိုးတိဟာ ပင်လယ်ရပ်ခြားက ပြန်ရောက်လာကတည်းက မကြာခဏဆိုသလို အပြင်ထွက်ပါတယ်။ တာအိုသခင်ကျိုးတိဟာ ယွီဂျင်ဂိုဏ်းတော်ကြီးကို ဒေသဆယ်ခုနဲ့ ကိုးပြည်ထောင်မှာ အင်အားအကြီးဆုံးဂိုဏ်း ဖြစ်စေချင်တာ ထင်ရှားလှပါတယ်။

ဟန်ကျွယ်ဟာ နောက်ဆုံးမှာတော့ အရင်တုန်းက လီချင်းဇဲ့ ကျိုးကြောင်းမစဉ်းစားဘဲ အရမ်းလုပ်ခဲ့တာကို နားလည်သွားပါပြီ။ ဒီအပြုအမူက တာအိုသခင်ကျိုးတိဆီကနေ အမွေရထားတာပါ။

ဟန်ကျွယ်ဟာ လုပ်သင့်တာလုပ်ပြီးတဲ့နောက် ဆက်လက်ကျင့်ကြံပါတယ်။ ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းကို အမြန်ဆုံး အနိုင်ယူချင်နေပါတယ်။ မဟုတ်ရင် ဟန်ကျွယ်ဟာ လုံခြုံတယ်လို့ ခံစားရမှာ မဟုတ်ပါဘူး။

…

ပျက်စီးနေတဲ့ နန်းတော်ထဲမှာ အနက်‌ရောင်နဂါးဝတ်ရုံ ဝတ်ဆင်ထားတဲ့ ဆံဖြူယောက်ျားတစ်ယောက်ဟာ နဂါးပလ္လင်ပေါ်မှာ ထိုင်နေပါတယ်။ ဒီလူရဲ့ မျက်နှာဟာ ချောမောလှပပြီး နတ်ဆိုးဆန်ပါတယ်။ သူ့နှုတ်ခမ်းတွေက နီရဲနက်မှောင်နေပြီး တစ်ချက်ကြည့်လိုက်တာနဲ့ လူကောင်းမဟုတ်ဘူးဆိုတာ သိနိုင်ပါတယ်။

ဒီလူကတော့ မကောင်းဆိုးဝါးဧကရာဇ် ဂျိနန်ဟယ်ပဲ ဖြစ်ပါတယ်။

နဂါးပလ္လင်ဘေးမှာ ပဋိပက္ခကောင်းကင်ခွေး လဲလျောင်းနေပါတယ်။ ပဋိပက္ခကောင်းကင်ခွေးရဲ့ လည်ပင်းမှာ အနက်ရောင်သတ္တုနဲ့လုပ်ထားတဲ့ ချိန်းကြိုးကို ချည်ထားတာကြောင့် အစောင့်ခွေးနဲ့ ဆင်တူပါတယ်။ ပဋိပက္ခကောင်းကင်ခွေးဟာ ဝိညာဉ်ကင်းမဲ့သလိုမျိုး ရှေ့တည့်တည့်ကို ကြောင်တောင်တောင် ကြည့်နေပါတယ်။

“နောက်ဆုံးတော့ ငါ ပြန်လာနိုင်ခဲ့ပြီ၊ အရင်တုန်းက ငါ့ဧကရာဇ်နိုင်ငံတော်က ဘယ်လောက်ထိ ချမ်းသာကြွယ်ဝလိုက်လဲ” ဂျိနန်ဟယ်ဟာ ရေရွတ်လိုက်ပါတယ်။

ပဋိပက္ခကောင်းကင်ခွေးဟာ ဘာမှ ပြန်မဖြေပါဘူး။ ဂျိနန်ဟယ်က သူ့ကိုယ်သူ စကားပြောတက်တာကို ပဋိပက္ခကောင်းကင်ခွေးက ကျင့်သားရနေပါပြီ။ ပဋိပက္ခကောင်းကင်ခွေးရဲ့ အမြင်မှာ ဂျိနန်ဟယ်က တကယ့်အရူးပါ။

ဒီအချိန်မှာပဲ...

ခြေသံတွေထွက်ပေါ်လာပြီး ပုဂ္ဂိုလ်နှစ်ယောက် ခန်းမထဲ ဝင်လာပါတယ်။

ပဋိပက္ခကောင်းကင်ခွေးဟာ အလိုလို တစ်ချက်ကြည့်မိလိုက်တဲ့အခါမှာ မှင်သက်သွားပါတယ်။ ပဋိပက္ခကောင်းကင်ခွေးဟာ မျက်တောင်ခတ်လိုက်ပြီး သေချာကြည့်လိုက်တဲ့အခါမှာ အလွန်အံအားသင့်သွားပါတယ်။

‘ဒါက...’

‘ဆရာသခင်ရဲ့တပည့် စုချီမလား’

လော့ချင်းမော့နောက်က လိုက်လာတဲ့ စုချီဟာ ပဋိပက္ခကောင်းကင်ခွေးကို တွေ့လိုက်ရပေမဲ့ သိပ်အများကြီး မတွေ့ပါဘူး။ စုချီ ဝီရိယတောင်ပေါ်ကနေ မဆင်းခင်တုန်းက ပဋိပက္ခကောင်းကင်ခွေးဟာ ခွေးဝတုတ်လေးဖြစ်ပြီး ချစ်စရာကောင်းပါတယ်။ ဒါပေမဲ့ အခု ပဋိပက္ခကောင်းကင်ခွေးက အလွန်တရာကြမ်းတမ်းတဲ့ နတ်ဆိုးသားရဲတစ်ကောင်လိုပါပဲ။

“အရှင်မင်းကြီး... ကျွန်တော်က လော့ချင်းမော့ပါ၊ အရှင်ဆီမှာ အမှုထမ်းလိုပါတယ်” လော့ချင်းမော့ဟာ လက်သီးဆုပ် အရိုအသေပြုရင်း ပြောလိုက်ပါတယ်။

ဂျိနန်ဟယ်ဟာ လော့ချင်းမော့ကို ခံစားချက်ကင်းမဲ့စွာကြည့်လိုက်ပါတယ် “မင်းက ငါ့ကို ပြန်ဆင့်ခေါ်ဖို့ စီစဉ်တဲ့လူမလား၊ ပြောပါ၊ ငါလောကကို စုစည်းနိုင်ရင် မင်းဘာလိုချင်တာလဲ”

လော့ချင်းမော့က ပြုံးလိုက်ပါတယ် “အရှင်မင်းကြီး လောကကို စုစည်းနိုင်တာကပဲ ကျွန်တော် အလိုချင်ဆုံးအရာပါ၊ နောက်ကျလို့ ကျွန်တော် အထက်ဘုံကိုတက်ရင် နတ်ဆိုးနန်းတော်ထဲ ဝင်မှာပါ၊ ဒီကိစ္စက နတ်ဆိုးနန်းတော် ကျွန်တော်တို့ကို အိပ်မက်ထဲမှာ ပေးသွားတဲ့ တာဝန်ပါ”

ဂျိနန်ဟယ်ဟာ ခပ်ပေါ့ပေါ့ ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီနောက် စုချီကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားပါတယ် “သူကရော ဘယ်သူလဲ”

အကြောင်းအရင်းတစ်ချို့ကြောင့် ဂျိနန်ဟယ်ဟာ စုချီကို မြင်တာနဲ့ မသက်မသာ ခံစားလိုက်ရပါတယ်။

“သူက မိစ္ဆာသခင်ရဲ့တပည့်ပါ၊ မိစ္ဆာသခင်ရဲ့ အမွေကိုလည်း ရပြီးပါပြီ၊ မိစ္ဆာသခင်က ကျင့်ကြံရင်းနဲ့ အလုပ်များနေလို့ ကျွန်တော့်ရဲ့ ဖိတ်ခေါ်ချက်ကို ငြင်းဆန်ခဲ့ပါတယ်၊ အဲဒီအစား သူ့တပည့်ကို အရှင်မင်းကြီးဆီမှာ အမှုထမ်းစေတာပါ”

လော့ချင်းမော့ဟာ စုချီကို သိပ်ပြီးအလေးမထားပါဘူး။ လော့ချင်းမော့ အလေးထားတာက စုချီရဲ့ မိစ္ဆာသခင်တပည့်ဆိုတဲ့ နာမည်ကိုပါ။ စုချီက မိစ္ဆာသခင်ကို ကိုယ်စားပြုတာကြောင့် နတ်ဆိုးလမ်းစဉ်ကို စုစည်းနဲ့နေရာမှာ အများကြီး အထောက်အကူပြုပါတယ်။

“မိစ္ဆာသခင်က ငါ့ဆီမှာ အမှုမထမ်းချင်တာလား” ဂျိနန်ဟယ်က မေးလိုက်ပါတယ်။

လော့ချင်းမော့က ပြန်ဖြေလိုက်ပါတယ် “မိစ္ဆာသခင်က တစ်ယောက်တည်း နေတက်ပြီး သွေးအရမ်းဆာတာ၊ သူ ကျွန်တော်တို့ဆီ မလာတာက ပိုကောင်းပါတယ်၊ သူတပည့် လွှတ်ပေးတာနဲ့တင် လုံလောက်ပါတယ်”

ဂျိနန်ဟယ်ဟာ မျက်နှာသေနဲ့ ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီနောက် ညာလက်ကိုမြှောက်ပြီး ဘေးနားမှာ လဲလျောင်းနေတဲ့ ပဋိပက္ခကောင်းကင်ခွေးကို လက်ညိုးထိုးပြလိုက်ပါတယ်။ အဲဒီနောက် စုချီကို ပြောလိုက်ပါတယ် “ဒီနေ့ကစပြီး မင်း ငါ့ခွေးကို ကူကြည့်ပေးချည်”

စုချီဟာ မငြင်းဆန်ရဲပါဘူး။

ပဋိပက္ခကောင်းကင်ခွေးဟာ စိတ်ထဲမှာ ဝမ်းသာသွားပါတယ် ‘ဆရာသခင်က ငါ့ကိုကယ်တင်ဖို့ စုချီကို လွှတ်လိုက်တာလား၊ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ မဟာမိတ်တစ်ယောက်ရတယ်’

“ငါ မင်းအကူအညီကို လိုတယ်” ဂျိနန်ဟယ်ဟာ လော့ချင်းမော့ကို စိုက်ကြည့်ပြီး ဘာမထီတဲ့မျက်နှာနဲ့ ပြောလိုက်ပါတယ်။

“ဘာကိစ်စလဲ”

“ရန်ဒေသမှာရှိတဲ့ ဂိုဏ်းတွေထဲက ယွီဂျင်ဂိုဏ်းကိုရှာပြီး အဲဒီဂိုဏ်းထဲက ဟန်ကျွယ်လို့ခေါ်တဲ့ လူကို သတ်ပေးစမ်းပါ”

ဒီစကားကို ကြားလိုက်ရတဲ့ ပဋိပက္ခ‌ကောင်းကင်ခွေးနဲ့ စုချီဟာ နှလုံးလှုပ်သွားပါတယ်။

လော့ချင်းမော့က ကြက်သေသေသွားပါတယ် ‘လာပြန်ပြီ ယွီဂျင်ဂိုဏ်း... မကောင်းဆိုးဝါးဧကရာဇ်က ဘာလို့ ဒီဂိုဏ်းကို တိုက်ခိုက်ချင်ရတာလဲ’

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters