← Chapters

ကောင်းကင်မှပေးအပ်သော ကံကောင်းမှု

Vol. 8 Ch. 119

ကောင်းကင်မှပေးအပ်သော ကံကောင်းမှု

Vol. 8 Ch. 119

အခန်း (၁၁၉) ကောင်းကင်မှပေးအပ်သော ကံကောင်းမှု

“အင်း... ကျုပ်အားရင် သွားလိုက်မယ်”

လော့ချင်းမော့က သဘောတူကြောင်း ပြောလိုက်ပေမဲ့ တကယ်တော့ ဒီကိစ္စကို ဂရုမစိုက်ပါဘူး။ ရန်ဒေသက အဝေးကြီးမှာ ဖြစ်တဲ့အတွက် ခရီးသွားတာနဲ့တင် အချိန်တော်တော် ကုန်မှာပါ။ ဒါ့အပြင် နတ်ဆိုးသခင်က ဒီကိစ္စကို တာဝန်ယူပြီးဖြစ်တဲ့အတွက် လော့ချင်းမော့အနေနဲ့ ရန်ဒေသကိုသွားဖို့ မလိုအပ်ပါဘူး။ ဒီအကြောင်းတွေအပြင် လော့ချင်းမော့ဟာ ဂျိနန်ဟယ်ရဲ့ အမိန့်ပေးမှုကို လုံးဝမနှစ်မြို့ပါဘူး။

‘မင်းက ငါတို့တွေ တွေ့တွေ့ချင်း ခိုင်းတယ်တဲ့လား၊ ငါ မင်းဆီမှာ အမှုထမ်းမယ်ဆိုတာက ယဉ်ကျေးသမှုနဲ့ ပြောတာ’

‘ဒါပေမဲ့ ဒီဟန်ကျွယ်ဆိုတဲ့လူက ဘာလုပ်ထားလို့ ဂျိနန်ဟယ်က အသက်ပြန်ရှင်လာချင်းချင်း သတ်ချင်နေရတာလဲ’ လော့ချင်းမော့ဟာ ဟန်ကျွယ်ကို စိတ်ဝင်စားသွားပါတယ်။

လော့ချင်းမော့ရဲ့အမြင်အရ ကျင့်ကြံခြင်းလမ်းစဉ်မှာ သေဆုံးသွားတဲ့သူတွေက မဟာတာအိုကို မရနိုင်တော့ဘူးလို့ ယုံကြည်ထားပါတယ်။ ဒီလိုလူတွေက အသုံးမကျတဲ့လူတွေပါ။ ဂျိနန်ဟယ်က နတ်ဆိုးလမ်းစဉ် ပြန်ဦးမော့လာစေဖို့အတွက် အသုံးချခံပစ္စည်းတစ်ခု သက်သက်ပါ။

အဲဒီနောက်မှာတော့ လော့ချင်းမော့ဟာ ဂျိနန်ဟယ်ကို ဦးညွှတ်ပြီး ထွက်ခွာသွားပါတယ်။ ဂျိနန်ဟယ်ဟာ ထွက်ခွာသွားတဲ့ လော့ချင်းမော့ရဲ့ ကျောပြင်ကိုကြည့်ရင်း မျက်တောင်ခတ်လိုက်ပါတယ်။

…

[လော့ချင်းမော့သည် သင့်အား အကောင်းမြင်လာပါပြီ။ လက်ရှိ မျက်နှာသာပေးမှု:ကြယ်တစ်ပွင့်။]

ဟန်ကျွယ်ဟာ ခေါင်းရှုပ်သွားပါတယ် ‘ဘာလဲဟ... ဘာဖြစ်လို့ ကျိန်စာတိုက်ပြီးမှ စိတ်ကောင်းဝင်လာတာလဲ’

ဟန်ကျွယ်ဟာ ချက်ချင်းပဲ လူမှုဆက်ဆံရေးကို စစ်ဆေးလိုက်ပါတယ်။

[လော့ချင်းမော့: ကောင်းကင်ဘုံဝင် စတုတ္ထအဆင့်ရှိပြီး နတ်ဆိုးလမ်းစဉ်၏ မကောင်းဆိုးဝါးငါးပါးတွင် တစ်ပါး အပါအဝင်ဖြစ်သည်။ လော့ချင်းမော့သည် သူ့အား မျက်နှာသာမပေးသော ဂျိနန်ဟယ်ကို မကျေမနပ် ဖြစ်နေပြီး သင့်အပေါ်တွင် စိတ်ဝင်စားလာသည်။ လက်ရှိ မျက်နှာသာပေးမှု:ကြယ်တစ်ပွင့်။]

ဟန်ကျွယ်ဟာ တအံတဩဖြစ်သွားပါတယ် ‘မကောင်းဆိုးဝါးငါးနဲ့ ဂျိနန်ဟယ်က အချင်းချင်း တိုက်ခိုက်ကြတော့မှာလား’ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ချက်ချင်းထုတ်ယူပြီး လော့ချင်းမော့ကို ကျိန်စာတိုက်ပါတယ်။

ကျိန်စာအစွမ်းကြောင့် လော့ချင်းမော့နဲ့ မကောင်းဆိုးဝါးဧကရာဇ် မတိုက်ခိုက်ဘူးလို့ မပြောနိုင်ပါဘူး။

…

သုံးနှစ်ကြာပြီးနောက်။

ဖန်းလျန်ဟာ အခြေခံအဆင့် နဝမတန်းကို ရောက်ရှိသွားပြီးနောက် ရှေ့ဆက်မတက်ဘဲ ရပ်တန့်နေပါတယ်။ ရွှင်ချန်အန်းဟာ ဖန်းလျန်ရဲ့ အရည်အချင်းက သိပ်မကောင်းတာကြောင့် ရှေ့ဆက်မတက်နိုင်တာဖြစ်ကြောင်း ရှင်းပြပါတယ်။ ရွှင်ချန်အန်းရဲ့စကားကို ကြားလိုက်ရတဲ့ ဖန်းလျန်ဟာ ငယ်ထိပ်မိုးကြိုးကျသလို ဖြစ်သွားပြီး ကြောင်တောင်တောင် ဖြစ်သွားပါတယ်။

ဒီအချိန်မှာပဲ ဟန်ကျွယ်က ဖန်းလျန်ကို ကျင့်ကြံခြင်းလိုဏ်ဂူထဲ ဝင်လာခဲ့ဖို့ ခေါ်လိုက်ပါတယ်။

ဟန်ကျွယ်ရဲ့ ခေါ်ယူမှုကြောင့် ဖန်းလျန်ဟာ ရင်ထိတ်သွားပါတယ် ‘ဆရာဘိုးဘိုးက ငါ့ကို ဂိုဏ်းထဲကနေ ထုတ်ပယ်တော့မလို့လား’

အခုလောလောဆယ်မှာ ဖန်းလျန်ရဲ့ အရည်အချင်းက ငရဲကြက်နက်၊ ရန်ထျန်တုန်း၊ မုရုံချီတို့နဲ့ နှိုင်းယှဉ်ရင် လုံးဝကိုယှဉ်လို့မရတဲ့ အနေအထားပါ။

ကျင့်ကြံခြင်းလိုဏ်ဂူထဲကို ဝင်လာတဲ့ ဖန်းလျန်ဟာ မိုးမြေမြက်ပင်ဘေးနားက ဂရုတစိုက်လျှောက်သွားပြီး ဟန်ကျွယ်ရှေ့မှာ ဒူးထောက်လိုက်ပါတယ်။

“မြေးတပည့်ဖန်းလျန် ဆရာဘိုးဘိုးကို ဂါရဝပြုပါတယ်” ဖန်းလျန်ဟာ ရင်ထိတ်စွာ အရိုအသေပေးလိုက်ပြီး ဟန်ကျွယ်ကို မကြည့်ရဲပါဘူး။

ဟန်ကျွယ်ဟာ လက်မြှောက်လိုက်ပြီး ဖန်းလျန်နဖူးပေါ် တင်လိုက်ပါတယ်။ လမ်းခြောက်သွယ် စိတ်ဝိညာဉ်စွမ်းအားဟာ ဖန်းလျန်ခန္ဓာကိုယ်ထဲကို စီးဝင်သွားပါတယ်။ ဖန်းလျန်ရဲ့ ခန္ဓာကိုယ်ထဲက ဒန်တန်ထဲမှာ ချီအလုံးတစ်လုံးက ဖန်းလျန် ရွှေဓာတ်လုံးကို သန့်စင်လို့မရအောင် ဟန့်တားထားတာပါ။

ဒီချီစွမ်းအားက အရမ်းလျှို့ဝှက်ဆန်းကြယ်တာကြောင့် ခန္ဓာကိုယ်ပေါင်းစပ်ကျင့်ကြံသူတောင် ရှာတွေ့နိုင်မဲ့စွမ်းအားမျိုး မဟုတ်ပါဘူး။ ဒါကြောင့် ရွှင်ချန်အန်း ရှာမတွေ့တာကလည်း ထူးဆန်းတာတော့ မဟုတ်ပါဘူး။

ဟန်ကျွယ်က ဖန်းလျန်ကို မျက်နှာသေနဲ့ မေးလိုက်ပါတယ် “ဖန်းလျန်... မင်း ဘာလိုချင်လို့ ကျင့်ကြံနေတာလဲ”

ဖန်းလျန်ဟာ အလွန့်အလွန် ရင်ထိတ်နေပါတယ်။ ဖန်းလျန်ဟာ တစ်ခဏမျှ တုံဆိုင်းနေပြီးမှ အဖြေပြန်ပေးပါတယ် “အမတဖြစ်အောင်ပါ”

“ဘာလို့အမတဖြစ်ချင်တာလဲ”

“ထာဝရအသက်ရှည်ချင်လို့ပါ”

“အာဏာ၊ အကျိုးအမြတ်၊ မိန်းမကို တွေ့ရင်ရော မင်းလမ်းကြောင်းက သွေဖယ်သွားမှာလား”

“မသွေဖယ်ပါဘူး၊ အတိတ်မှာတုန်းက မသွေဖယ်ခဲ့သလို အနာဂတ်မှာလည်း သွေဖယ်မှာ မဟုတ်ပါဘူး၊ ကျွန်တော်မိဘတွေကလည်း သေသွားပါပြီ၊ ကျွန်တော့်မှာ မှီခိုစရာတစ်ယောက်မှာ မရှိပါဘူး၊ ဆရာဘိုးဘိုးကသာ ကျွန်တော်ကို အရိပ်အာဝါသ ပေးခဲ့တာပါ၊ ဆရာဘိုးဘိုးရဲ့ ကျင့်ကြံခြင်းလမ်းစဉ်ကို ကျွန်တော် သဘောကြပါတယ်၊ ကျင့်ကြံခြင်းနဲ့ယှဉ်ရင် ကျန်တာတွေက ပကာသနပါ”

“ငါ မင်းကို အထက်ဘုံတက်ဖို့ အခွင့်အရေးပေးမယ်ဆိုရင် အနာဂတ်မှာ မင်းဘာလုပ်မလဲ”

“အား... ဆရာဘိုးဘိုးအတွက် ကျွန်တော် သက်စွန့်ကြိုးပမ်း အမှုထမ်းပါ့မယ်၊ ဆရာဘိုးဘိုး ခိုင်းတာမှန်သမျှ အားလုံးလုပ်ပါ့မယ်”

“ဘာ...”

“မဟုတ်ဘူး... ကျွန်တော် ကျင့်ကြံမှုကိုပဲ အာရုံစိုက်ပြီး ကျန်တာတွေကို လျစ်လျူရှူသင့်တယ်၊ ကျွန်တော် ဆရာဘိုးဘိုးအတွက် ပြဿနာမဖြစ်စေရပါဘူး”

ဖန်းလျန်ရဲ့ တုန်လှုပ်ချောက်ချားစွာ ပြန်ပြောတဲ့စကားသံကို ဟန်ကျွယ်ဟာ ကျေနပ်အားရသွားတာကြောင့် ခေါင်းညိတ်လိုက်ပါတယ် ‘ဒါက အဖြေမှန်ပဲ’

ဟန်ကျွယ်ဟာ ချက်ချင်းဆိုသလိုပဲ လမ်းခြောက်သွယ် စိတ်ဝိညာဉ်စွမ်းအားကို ဖန်းလျန်ခန္ဓာကိုယ်ထဲ‌ တိုးထည့်လိုက်ပြီး လေသံအေးနဲ့ ပြောလိုက်ပါတယ် “မင်းအရည်အချင်းက မကောင်းဘူးလို့ မင်းဆရာက ပြောတယ်၊ ဒီတော့ ငါ မင်းအတွက် အရည်အချင်းကို ဖန်တီးပေးမယ်”

ဖန်းလျန်ဟာ သူ့ခန္ဓာကိုယ်ထဲမှာ တရဟောတိုးတက်လာတဲ့ စိတ်ဝိညာဉ်စွမ်းအားကြောင့် ကျေနပ်အံဩသွားပါတယ် ‘ဆရာဘိုးဘိုးရဲ့ ကျင့်ကြံမှုက ဘယ်လောက်တောင် မြင့်နေပြီလဲ’

[သင့်မြေးတပည့် ဖန်းလျန်သည် သင့်အပေါ်တွင် အကောင်းမြင်စိတ် တိုးလာပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ငါးပွင့်။]

‘ကြယ်ငါးပွင့်တည်းလား’ ဟန်ကျွယ်က ဒီရလဒ်ကို သဘောမကျ ဖြစ်သွားပါတယ်။

“ဟမ်... ကံကြမ္မာက နှောင်ဖွဲ့ထားတာလား၊ ငါရဲ့မြေးတပည့်က ဘာလို့ ကံကြမ္မာနှောင်ဖွဲ့တာကို ခံရမှာလဲ”

“ဒီလိုဆိုမှတော့ ငါရဲ့ကျင့်ကြံမှုအချို့ကို စတေးရသေးတာပေါ့”

ဟန်ကျွယ်ရဲ့ ရေရွတ်သံကြောင့် ဖန်းလျန်ဟာ အံဩတကြီး ဖြစ်သွားပါတယ် ‘ဆရာဘိုးဘိုးက ငါ့အတွက် သူ့ကျင့်ကြံမှုကိုတောင် စတေးလိုက်တာလား’ ဖန်းလျန်ရဲ့ မျက်လုံးတွေဟာ နီရဲသွားပါတယ်။

[သင့်မြေးတပည့် ဖန်းလျန်သည် သင့်အပေါ်တွင် အကောင်းမြင်စိတ် တိုးလာပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ခြောက်ပွင့်။]

ဟန်ကျွယ်ဟာ အပေါ်ယံမှာ မျက်နှာအမူအရာ မပြောင်းလဲပေမဲ့ စိတ်ထဲမှာတော့ အရမ်းပျော်သွားပါတယ် ‘ကောင်လေး... မင်း ငယ်ပါသေးတယ်ကွာ’

“ဝုန်း...”

ဖန်းလျန်ဒန်တန်ထဲက ချီအလုံးဟာ ဟန်ကျွယ်ရဲ့ လမ်းခြောက်သွယ် စိတ်ဝိညာဉ်စွမ်းအားကြောင့် တဖြည်းဖြည်း ပျောက်ကွယ်သွားပါတယ်။ ချီအလုံးပျောက်ကွယ်သွားတာနဲ့ ဖန်းလျန်ရဲ့ စိတ်ဝိညာဉ်စွမ်းအားဟာ အလိုလိုအေးခဲသွားပြီး ‌ရွှေဓာတ်လုံး စတင်ဖြစ်ပေါ်လာပါတယ်။

ချီအလုံး ပျောက်ကွယ်သွားတာနဲ့ ဖန်းလျန်ဟာ တစ်ကိုယ်လုံးပေါ့ပါးသွားပြီး စိတ်လက်ရွှင်လန်းသွားပါတယ် ‘ဒါက ပြောင်းလဲမှုလား’

ဖန်းလျန်ဟာ ဟန်ကျွယ်ကို အရမ်းကျေးဇူးတင်သွားပြီး စိတ်လှုပ်ရှားလွန်းတာကြောင့် မျက်ရည်တွေ စီးကျလာပါတယ်။

‘ဆရာဘိုးဘိုးက ကျင့်ကြံမှုတိုးတက်လာအောင် နှစ်အများကြီး ဂူအောင်းကျင့်ကြံခဲ့ရတာ၊ အခုငါ့လို အသုံးမကျတဲ့ မြေးတပည့်အတွက် သူ့ကျင့်ကြံမှုကို စတေးခံပြီး ကူညီပေးတယ်’

‘ငါ ဒီကျေးဇူးကို ဘယ်လိုပြန်ဆပ်ရမှာလဲ’

ဖန်းလျန်ဟာ သူ့ကိုယ်သူ မေးခွန်းထုတ်လိုက်ပါတယ်။ ဟန်ကျွယ်ကို ကူညီမလား။ ဝန်ထုတ်ဝန်ပိုး အဖြစ်ခံမလားဆိုတာကိုပေါ့။

‘အခုအချိန်ကစပြီး ဆရာဘိုးဘိုးက ငါ့ရဲ့အရာရာတိုင်းပဲ၊ ငါ့ရဲ့ အရေးကြီးပုဂ္ဂိုလ်ပဲ’ ဖန်းလျန်ဟာ စိတ်ထဲနှလုံးသားထဲကနေ ကျိန်ဆိုလိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ ကျင့်ကြံခြင်းလိုဏ်ဂူအပြင်ဘက်က ကောင်းကင်ဟာ ပြောင်းလဲသွားပါတယ်။ ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ ကောင်းကင်ယံမှာ ခုနစ်ရောင်ခြယ်အလင်းတန်း ပေါ်လာပါတယ်။ တိမ်ပင်လယ်ဟာ နတ်သားရဲတွေ ဆော့ကစားနေသလို ပြောင်းလဲသွားပါတယ်။

မကြာခင်မှာပဲ ကောင်းကင်ကနေ နှင်းတွေကျလာပါတယ်။ ဒီနှင်းတွေက ဖြူဖွေးစွတ်မနေဘဲ ရွှေရောင်ဖြစ်နေပါတယ်။ ရွှေရောင်နှင်းကျတာနဲ့အတူ ကောင်းကင်ပေါ်က တိမ်တွေမြူခိုးတွေဟာလည်း လူသားအသွင်ပုံစံဖြစ်လာပါတယ်။ သူတို့က နတ်ဘုရားမတစ်ပါး ပန်းတွေ ကြဲချလိုက်သလို အံဩမှင်သက်ဖွယ်ကောင်းလှပါတယ်။

“ဒါက ဘာနိမိတ်လဲ”

“ကောင်းကင်တာအိုက ငါတို့ယွီဂျင်ဂိုဏ်းတော်ကြီးကို ကာကွယ်နေတာပဲ”

“ငါ ကျင့်ကြံအားထုတ်လာတာ နှစ်သုံးရာရှိပြီ၊ ဒီလိုနိမိတ်မျိုးကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ”

“ငါတို့ဂိုဏ်းရဲ့ ကံတရားအထောက်အပံ့က မြင့်တက်နေတာပဲ”

“ပါရမီရှင် ပေါ်လာတာများလား”

…

ဖူစန်းသစ်ပင်အောက်မှာရှိတဲ့ ငရဲကြက်နက်နဲ့ ရွှင်ချန်အန်းနဲ့ တစ်ခြားလူတွေလည်း အံဩမှင်သက်ကုန်ပါတယ်။ ချန်ယွီအာ၊ လီချင်းဇဲ့နဲ့ နတ်မိမယ်ရှီရွှမ်နဲ့ တစ်ခြားသူတွေက သူတို့ရဲ့ ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်လာပြီး ဒီအံဖွယ်နိမိတ်ကို စူးစမ်းလေ့လာကြပါတယ်။

ဟန်ကျွယ်ဟာ အပြင်ဘက်မှာ ဖြစ်နေတာတွေကို ဂရုမစိုက်ပါဘူး။ ဟန်ကျွယ်ဟာ လမ်းခြောက်သွယ် စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး ကျင့်ကြံခြင်းလိုဏ်ဂူကို ချိပ်ပိတ်လိုက်ပါတယ်။ ဒီလိုလုပ်ရတာဟာ အပြင်ဘက်က အံဖွယ်နိမိတ်ကို ဖန်းလျန်ရှာတွေ့သွားမှာစိုးလို့ပဲ ဖြစ်ပါတယ်။ ဟန်ကျွယ်ဟာ ဖန်းလျန်ကို သာမန်လူတစ်ယောက်တစ်ယေက်လိုပဲ တွေးထင်စေချင်ပါတယ်။

ပြိုင်ဘက်ကင်းတဲ့ ကံတရားအထောက်အပံ့ရှိနေပေမဲ့ ကိုယ့်ကိုကိုယ် သာမန်လူတစ်ယောက်လို့ ယုံကြည်ထားမှသာ ဖန်းလျန်ဟာ သက်တမ်းရှည်ရှည်နေနိုင်မှာ ဖြစ်ပါတယ်။ ဟန်ကျွယ်ဟာ ဖန်းလျန်ကို ကျိုးဖန်လျှောက်တဲ့လမ်းကို မလျှောက်စေချင်ပါဘူး။

နောက်တစ်နေ့မှာတော့ ဖန်းလျန်ဟာ ရွှေဓာတ်လုံးကျင့်ကြံသူ ဖြစ်သွားပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်ခွာသွားပါတယ်။ ကျင့်ကြံခြင်းလိုဏ်ဂူ အပြင်ဘက်ကို လမ်းလျှောက်ထွက်လာတဲ့ ဖန်းလျန်ဟာ ဒီတစ်ရက်က တစ်သက်တာလောက် ကြာမြင့်သလို ခံစားခဲ့ရပါတယ်။

ရွှင်ချန်အန်းဟာ သူ့တပည့်ကိုကြည့်ပြီး တအံတဩ မေးလိုက်ပါတယ် “မင်း အဆင့်တက်သွားတာလား”

“ဆရာဘိုးဘိုးရဲ့ ကျေးဇူးကြောင့်ပါ” ဖန်းလျန်က ခေါင်းညိတ်ပြီး အဖြေပေးလိုက်ပါတယ်။

ရွှင်ချန်အန်း၊ ရန်ထျန်တုန်း၊ ငရဲကြက်နက်နဲ့ မုရုံချီတို့ဟာ အံအားသင့်သွားကြပါတယ် ‘မနေ့က အံဖွယ်နိမိတ်က ဆရာသခင်ကြောင့် ဖြစ်ပေါ်လာတာလား’

‘ဒါ ဖြစ်နိုင်တယ်၊ ကံတရားကို ပြောင်းလဲတာက ကိစ္စကြီးတစ်ခုပဲ’

ရွှင်ချန်အန်းတို့တစ်သိုက်ဟာ ဟန်ကျွယ်အပေါ်ကို ပိုပြီးယုံကြည်လေးစားသွားပါတယ်။

‘ဆရာသခင်က အပေါ်ယံမှာတာ အေးစက်တာ၊ အတွင်းမှာတော့ နွေးထွေးတဲ့နှလုံးသား ရှိတာပဲ’

ဖန်းလျန်ဟာ အများကြီးမပြောဘဲ ဖူစန်းသစ်ပင်အောက်ကို လျှောက်သွားပြီး ကျင့်ကြံအားထုတ်ပါတယ်။ နှစ်ဝက်မပြည့်ခင်မှာပဲ ဖန်းလျန်ဟာ ရွှေဓာတ်လုံး ဒုတိယအဆင့်ကို ရောက်ရှိသွားပြီး သုံးနှစ်အကြာမှာပဲ ရွှေဓာတ်လုံး တတိယအဆင့်ကို ရောက်ရှိသွားပါတယ်။

ဒီကျင့်ကြံမှုအလျင်က တော်တော်လေး မြန်တယ်လို့ ပြောလို့ရပါတယ်။

…

ဒီနေ့မှတော့ ဖန်းလျန်ဟာ ဟန်ကျွယ်ဆီ လာလည်ပါတယ်။ ဟန်ကျွယ်ဟာ ပဟေဠိဖြစ်သွားပေမဲ့ ဖန်းလျန်ကို ဝင်ခွင့်ပြုလိုက်ပါတယ်။

“ဆရာဘိုးဘိုး... ကောင်းကင်ပေါ်ကနေ ကျောက်တုံးတစ်တုံး ကျလာတယ်၊ ဒီကျောက်တုံးထဲမှာ အရမ်းထူထပ်တဲ့ စိတ်ဝိညာဉ်ချီစွမ်းအား ပါတယ်၊ ဒီကျောက်တုံးက ကျွန်တော့်ခေါင်းပေါ်တည့်တည့်ကို ကျလာတာ၊ အဲဒါ ကျွန်တော် ဆရာဘိုးဘိုးကို ဆက်သချင်လို့ပါ”

ဖန်းလျန်ဟာ ပြောပြောဆိုဆို ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်ပါတယ်။ ဒီကျောက်တုံးဟာ လက်သီးဆုပ်အရွယ်အစားရှိပြီး နက်မှောင်တဲ့ ခရမ်းရင့်ရောင်ရှိပါတယ်။ တစ်ချက်ကြည့်ရုံနဲ့ သာမန်ကျောက်တုံး မဟုတ်ဘူးဆိုတာ အတပ်ပြောနိုင်ပါတယ်။

ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး ကျောက်တုံးကို ယူလိုက်ပါတယ်။

‘ဒါက မိုးမြေသားတော်လား၊ အပြင်မထွက်တာတောင် ကံကောင်းမှုက ကိုယ့်ဆီရောက်လာရတယ်၊ တစ်ခြားသူတွေနဲ့ တော်တော်လေး ကွာခြားတာပဲ’

ဟန်ကျွယ်ဟာ ကျောက်တုံးကို စစစ်ဆေးလိုက်ပါတယ်။

ကျင့်ကြံခြင်းလိုဏ်ဂူထဲက ဖန်းလျန် ထွက်သွားတဲ့အခါမှာ မိုးမြေမြက်ပင်က ရုတ်တရက် ထအော်ပါတယ် “ကျွန်မ ဒီကျောက်တုံးကို အရင်တုန်းက မြင်ဖူးတယ်”

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters