← Chapters

ဝင်ရောက်ဝင်ပြိုင်ခြင်း (၂)

Vol. 002 Ch. 52

ဝင်ရောက်ဝင်ပြိုင်ခြင်း (၂)

Vol. 002 Ch. 52

ကျိုးဖန်က ရယ်မောပြီး ပြောလိုက်သည်… “ဝမ်လင်း… ငါ မင်းကို အသက်တစ်ခါ ရှူချိန်လောက်နဲ့တင် စင်ပေါ်ကနေ ကန်ချနိုင်တယ်… အဲဒါကြောင့် မြဲမြံအောင် ထိန်းထားပါ…” အဲသလိုနှင့် သူက လေကို စုပ်လိုက်သည်။ သူ့ခန္ဓာကိုယ်က မဆုံးနိုင်သည့် တွင်းတစ်ခုကဲ့သို့ လေများကို အဆက်မပြတ် စုပ်ယူနေ၏။ ကြည့်နေသော တပည့်အားလုံး၏ အင်္ကျီများကလည်း တဖျပ်ဖျပ် လေတိုးသံများ ထွက်ပေါ်လာသည်။

ယခင်က ဝမ်လင်းသည် မည်သူနှင့်မှ မတိုက်ခိုက်ဖူးပေ။ ထို့ကြောင့် အနည်းငယ်တော့ ကြောက်လန့်နေ၏။ သူ၏စွမ်းအား အကုန်လုံးကို ဆွဲငင်အား ပညာရပ်ပေါ်တွင် အာရုံ စူးစိုက်ထားကာ ကျိုးဖန်းဆီသို့ ဖြန့်ထုတ် လိုက်သည်။

တစ်ချိန်တည်းမှာပင် သူက အနံ့ဆိုးဗုံးကို ထုတ်ယူလိုက်ပြီး သူ၏နတ်ဘုရား စိတ်အာရုံကို အနံ့ဆိုးဗုံးထဲမှ လီရှန်၏ နတ်ဘုရား စိတ်အာရုံထဲသို့ ပျော်ဝင်စေလိုက်ပြီး ကျိုးဖန်ဆီသို့ ပစ်ပေါက်လိုက်သည်။

“ဘန်း…” ဆိုသည့် အသံနှင့်အတူ အနံ့ဆိုးဗုံးက ပေါက်ကွဲသွားပြီး ကျိုးဖမ်း၏ ခန္ဓာကိုယ်ကလည်း အနက်ရောင် မီးခိုးထဲမှ လွင့်စဉ် ထွက်သွား၏။ သူ့ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ပြုတ်ကျသွားသည်။ သူ့ကိုယ်တွင်လည်း အနက်ရောင် အညစ်အကြေးများ ရှိနေပြီး စွန်းဟိုကဲ့သို့ မှင်တက်နေသည့် အမူအရာနှင့် ဖြစ်သည်။

လေထဲတွင် ရှိနေသည့် ကြီးမားသော စပါးအုံးမြွေကြီးကလည်း ပျောက်ကွယ် သွား၏။

စင်မြင့်ပေါ်မှ ထွက်ပေါ်လာသည့် အသံကျယ်ကြီးက ဟုန်ယွီဂိုဏ်းမှ လူများကို အံ့အားသင့် သွားစေပြီး မသိစိတ်၏ စေ့ဆော်မှုအရ သူတို့ခေါင်းများကို နောက်သို့ လှည့်လိုက် ကြသည်။ ကြည့်လိုက်မိသည့် တစ်ခဏ အားလုံး မှင်တက်သွားပြီး နေရာတစ်ခုလုံး ရေခဲများနှင့် ခဲသွားသကဲ့သို့ အားလုံး တိတ်ဆိတ် ကုန်၏။

ဟွမ်လုံကလည်း မှင်တက်နေရင်းက သူ့စိတ်ထဲတွင် တုန်လှုပ်နေမိသည်… ‘ဒါ…ဒါက…’

သူ့နှလုံးသား တစ်ခုလုံး ဗြောင်းဆန်နေပြီး သူ့နားထဲတွင်လည်း တဝီဝီသံများ ဆူညံနေသည်။ ခံစားမှုက သူ့ဘေးတွင် မိုးကြိုးပစ်ချပြီး သူကလည်း မိုးကြိုးစက်ကွင်း အတွင်း ရောက်နေသည့် ခံစားချက်မျိုး ဖြစ်သည်။

“မဖြစ်နိုင်ဘူး… ဘယ်အချိန်တုန်းက ဝမ်လင်းက ဒီလောက် သန်မာ သွားရတာလဲ… သူ့ရဲ့ပြိုင်ဘက်က တောက်ရွှမ်ဂိုဏ်း ခေါင်းဆောင်ရဲ့တပည့်လေ…” တောက်ရှုက မယုံကြည်နိုင်စွာဖြင့် မျက်လုံးကို ပွတ်ကြည့် လိုက်၏။

သူ့ကို ဂိုဏ်းသို့ ခေါ်လာသည့် အစ်ကိုကျန်းကလည်း အံ့ဩနေသည့် မျက်နှာနှင့် စိတ်ထဲမှ တွေးနေသည်… ‘ဒါ ဂိုဏ်းတူညီလေး ဝမ်လား… ငါ ကြိုးစားဖို့ ပြောခဲ့တဲ့ ဝမ်လင်းလား… သူက တတိယလွှာပဲ ရောက်သေးတာလေ… ဘယ်လိုတွေ ဖြစ်ကုန်တာလဲ…’

“သူက ဝမ်လင်းလား… ဂိုဏ်းထဲကို ဝင်လာတုန်းက သတ်သေဖို့ ကြိုးစားခဲ့တဲ့ ဝမ်လင်းလား…” မျက်နှာနီနီနှင့် လူကြီးကလည်း အလွန် အံ့အားသင့်နေ၏။ သူက ပါးစပ်ကို ဟပြီး အသက်ရှူဖို့ပင် မေ့နေလေသည်။

“မယုံနိုင်စရာပဲ…” အကြီးအကဲ ဆောင်းက ပြောလိုက်သည်။

ဝမ်ကျောက်ကလည်း မှင်တက်နေသည့် မျက်နှာဖြင့် ရှိနေပြီး သူ့ခေါင်းထဲတွင် ထပ်ကာ ထပ်ကာ ပြောနေမိသည်… ‘ဝမ်လင်းလား… အမှိုက်ကောင်လား…’ သူက ခေါင်းကို ခါယမ်းလိုက်ပြီး အိပ်မက် တစ်ခုကဲ့သို့ ခေါင်းထဲမှ ထုတ်လိုက်၏။ ထိုအခါမှ ပေါ့ပါး သွားသကဲ့သို့ ခံစားလိုက် ရသည်။

မိန်းကလေးရှုကလည်း ပါးစပ်ကို သူမ၏ လက်သေးသေးလေးနှင့် ပိတ်ထားပြီး ရေရွတ်လိုက်၏… “ဘယ်လို ဖြစ်နိုင်မှာလဲ… ဘယ်အချိန်တုန်းက ဝမ်လင်းက ဒီလောက် သန်မာလာတာလဲ… သူက တတိယအလွှာပဲ ရှိသေးတာလေ…”

စွန်းတဇူးကလည်း သူ့ခေါင်းကို ရိုက်ပြီး‌ ရေရွတ်လိုက်သည်… “ဒါက ထင်ယောင်ထင်မှား ဖြစ်နေတာ… ငါ စိတ်ချောက်ချား နေတာပဲ ဖြစ်ရမယ်… နေ့ခင်းကြောင်တောင်ကြီး ဘယ်လိုလုပ် ထင်ယောင်ထင်မှား ဖြစ်ရတာလဲ… ပြီးတော့ သူက ငါ့တပည့်…”

မိန်းကလေးကျိုး ကလည်း ဝမ်လင်းကို စူးစိုက်ကြည့်သည်။ သူမ၏ စိတ်ထဲတွင်လည်း ဟာလာဟင်းလင်း ဖြစ်နေ၏။

ကျန်းခွမ်းက သတိရနေပြီ ဖြစ်သော်လည်း သူက သည့်ထက်ပိုပြီး အရှက်ရမည် စိုးသောကြောင့် ခြေကုန်လက်ပန်း ကျသွားသကဲ့သို့ ဟန်ဆောင်နေ၏။ သူက ဝမ်လင်းကို စူးစိုက်ကြည့်ပြီး ဟန်မဆောင်နိုင်တော့ချေ။ သူ၏သူငယ်အိမ်က ကျဉ်းမြောင်းသွားပြီး တွေးလိုက်သည်… “ဟုတ်တယ်… သူပဲ… သူပဲ ဖြစ်ရမယ်…”

“အိပ်မက်… ငါ အိပ်မက် မက်နေတာပဲ ဖြစ်ရမယ်…” ဝမ်လင်း၏ဦးလေး၄ထံမှ သတ္တုကို လက်ခံထားသည့် သက်လတ်ပိုင်း လူကြီး ရေရွတ်ပြီး လျှာကို ကိုက်ကြည့် လိုက်၏။

လုစုန့်၏ အမူအရာကလည်း တခြားသူများနှင့် အတူတူပင်။ ဝမ်လင်း၏ အမည်ကို ယခုမှ ပထမဆုံး ကြားဖူးခြင်း ဖြစ်သည်။ သူက ဝမ်လင်းကို ကြည့်ပြီး တွေးလိုက်သည်… ‘ပင်မတပည့်တွေ ကြားထဲမှာ ဒီလို ကျင့်ကြံသူ တစ်ယောက် ဘယ်တုန်းက ပေါ်လာတာလဲ… အကြီးအကဲတွေက သူ့ကို အရင် လွှတ်သင့်ရဲ့သားနဲ့… ဘာကြောင့် ငါ့ကို အရင် လွှတ်ရတာလဲ…’

‘ငါ စမ်းသပ်တာပဲ မှားခဲ့တာလား… ဝမ်လင်းက တကယ်ပဲ ပါရမီရှင် တစ်ယောက်လား…’ ဆေးဝါး အဆောင်၏ တတိယ အကြီးအကဲက တွေးလိုက်၏။ သူ့ရှေ့မှ မြင်ကွင်းကို မြင်ပြီး သူလည်း အံ့အားသင့်နေဆဲ ဖြစ်သည်။

ပင်မတပည့်အားလုံး ငြိမ်သက်သွား၏။ သူတို့အားလုံးသည် မှင်တက်နေသော မျက်နှာများနှင့် ဖြစ်သည်။

ရွှမ်တောက်ဂိုဏ်းမှ တပည့်များလည်း မအံ့ဩဘဲ မနေနိုင်ချေ။ အကြီးအကဲ အိုးယန်၏ မျက်လုံးကလည်း ပြူးကျယ်နေ၏။ ကျိုးဖန်းက သူတို့၏ဝှက်ဖဲ ဖြစ်သည်။ သူက ကျောင်းနိုင်ငံ အတွင်းတွင် ပါရမီအရှိဆုံး နံပါတ်၁ကျင့်ကြံသူ ဖြစ်၏။ သူ၏ကျင့်စဉ်အဆင့် အစစ်အမှန်က ချီစုစည်းခြင်း အဆင့် အလွှာ၁၃ ဖြစ်သော်လည်း ရှုံးနိမ့်သွားရသည်။ ဟုန်ယွီဂိုဏ်း၏ အကြီးအကဲများ တိုက်ခိုက်လျှင်တောင်မှ ဤမျှ အဖြစ်ဆိုးမည် မဟုတ်ပေ။ သို့သော်လည်း အသုံးမကျသည့် အမှိုက်ကောင်၏ တိုက်ခိုက် သွားခြင်းကို ခံလိုက်ရ၏။ ထို့ကြောင့် အကြီးအကဲ အိုးယန်၏စိတ်ထဲတွင် ကျိုးဖန်း၏ရှုံးနိမ့်မှုက ကျိုးဖန်း၏ ဂရုမစိုက်မှုကြောင့် ဖြစ်ရမည်ဟု တွေးနေသည်။

တခြား အကြီးအကဲ နှစ်ယောက်ကလည်း တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့က အသံပင် မထွက်နိုင် ကြတော့ချေ။ ထိုတိုက်ပွဲက အလွန်ထူးဆန်းနေသည်။ ထို့ကြောင့် သူတို့က စကားမပြောနိုင်ဘဲ အံ့ဩနေကြ၏။

လျိုဖန်းက ဝမ်လင်းကို လေးလေးနက်နက် ကြည့်နေသည်။ သည်ပွဲတွင် သူမ ပြိုင်လိုက်ရသည့် အတွက် သူ၏စိတ်ထဲတွင် ဝမ်းသာနေ၏။ မဟုတ်လျှင် ကျိုးဖန်းနှင့် တူညီသော ကံကြမ္မာကို ခံစား သွားရပေလိမ့်မည်။ သို့သော်လည်း သူ နားမလည်သည့် တစ်ချက် ရှိနေသည်။ ဝမ်လင်းက ဤမျှ ထူးချွန်နေပါလျက်နှင့် မည်သည့် အတွက်ကြောင့် သူ့ကို အသုံးမကျသည့် အမှိုက်ကောင်ဟု ခေါ်ကြသည်ကို နားမလည်နိုင်ပေ။ ဟုန်ယွီဂိုဏ်းမှ လူများ၏ အမူအရာကလည်း အတုမဖြစ်နိုင်ပေ။ ထို့ကြောင့် စီနီယာကျိုးဖန်း၏ ဂရုမစိုက်မှုကြောင့်လားဟု တွေးနေမိသည်။ သူ ဝမ်လင်းကို ဘယ်လိုကြည့်ကြည့် ဝမ်လင်းသည် တတိယ အလွှာ၌သာ ရှိသေး၏။

တပည့် အားလုံးကလည်း လျိုဖန်း တွေးနေသလိုပင် စီနီယာကျိုး၏ ဂရုမစိုက်မှုဟု တွေးနေကြ၏။ သူက ဝမ်လင်း၏ တိုက်ခိုက်မှုကို အမှန်တကယ် ခံလိုက်ရသည်ကို ယုံကြည်ရန် ခက်ခဲနေကြသည်။

လျိုမိန်၏ နူးညံ့သိမ်မွေ့လှသော မျက်နှာလေးက လေးနက်နေသည်။ သူမ၏အတွေးက တခြား သူများ၏အတွေးနှင့် လားလားမျှ မတူချေ။ ပထမနေ့မှာ ကတည်းက ဝမ်လင်းက သူမ၏မျက်လုံးကို ဖမ်းစားသွား၏။ ယခုလည်း သူမက ဝမ်လင်းကို အလွန် စိတ်ဝင်စားနေသည့်မျက်နှာမျိုးနှင့် ကြည့်နေလေသည်။

အံ့ဩနေသည့် လူများ အားလုံးထဲတွင် လီရှန်သည် အံ့အား အသင့်ဆုံး လူသားဖြစ်၏။ သူ့ကိုယ်က အားမရှိသကဲ့သို့ ခံစားလာရပြီး မြေပေါ်သို့ လဲကျသွား၏။ ထို့နောက် သူက တိုးတိုးလေး ရေရွတ်လိုက်သည်… “ပြီးသွားပြီ… အားလုံး ပြီးသွားပြီ… ငါ ရောင်းလိုက်တဲ့ အနံ့ဆိုးဗုံးနဲ့ သူက ဂိုဏ်းတူ အစ်ကိုကျိုးဖန်း အပေါ်ကို သုံးလိုက်တယ်… ပြီးတော့ စီနီယာကျိုးဖန်း ကလည်း အနံ့ဆိုးဗုံးကြောင့် မြန်မြန် ရှုံးနိမ့်သွားရတယ်… ဒီကိစ္စက ငါနဲ့ပတ်သက်နေတယ် ဆိုတာ သူ တွေးမိမှာပဲ…”

“လီရှန်… လီရှန်… ဝမ်လင်းက ကျားကို စားဖို့ ဝက်တစ်ကောင်အဖြစ် ဟန်ဆောင်နေတဲ့သူ တစ်ယောက်ဆိုတာ ဘာလို့ နားမလည်ခဲ့ရတာလဲ… ဝမ်လင်း… မင်းက စက်ဆုပ်ဖွယ် အရမ်းကောင်းတာပဲ … လုံးဝ အရှက်မရှိဘူး… အရမ်း ယုတ်မာတဲ့ကောင်ပဲ… ငါ့ကို ချောက်ချခဲ့တာပဲ… ရွှမ်တောက်ဂိုဏ်းထဲမှာ ငါ ဘယ်လိုနေရမှာလဲ… ဂိုဏ်းတူ အစ်ကိုကြီးကလည်း ငါ့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး…”

“မဟုတ်ဘူး… အညစ်အကြေးတွေနဲ့ အနံ့တွေ ဖယ်ရှားလို့ရမယ့် နည်းလမ်းကို ငါ ရှာရမယ်… ဒီအနံ့ဆိုးဗုံးက ငါ့ရဲ့ ဂုဏ်အယူရဆုံး တီထွင်မှုပဲ…”

“ပြီးတော့ ဒီအနံ့က တခြားတွေရဲ့ ချစ်သူ မိန်းကလေးတွေကို ခိုးယူဖို့ လုပ်ထားတာ… ငါက ဒါကို ထိတောင် မထိခဲ့ပေမဲ့ … လိုဏ်ဂူထဲ တစ်လလောက် ပုန်းနေရုံအပြင် တခြား နည်းလမ်း မရှိဘူး… ငါတော့ သေပြီ… အားလုံး ပြီးပြီပဲ…”

ထိုအချိန်တွင် ကျိုးဖန်း သတိပြန်ရ လာသည်။ သူက အနံ့ဆိုးဗုံးကြောင့် လွင့်စဉ်ပြီး သတိလစ် သွားခြင်း ဖြစ်၏။ သူက အော်ပြောလိုက်သည်… “လီရှန်… ဒီဟာအတွက် ငါ မင်းကို ခွင့်မလွှတ်ဘူး…”

လီရှန်က လေတိုက်ခံလိုက်ရ သကဲ့သို့ လဲကျသွားပြီး ငိုယိုလိုက်သည်… “ဂိုဏ်းတူအစ်ကိုကြီး… ငါ မှားပါတယ်… ငါ့ကို ခွင့်လွှတ်ပေးပါ… ငါ နောက်ထပ် ဘယ်တော့မှ လိမ်ဖို့ မကြိုးစားတော့ပါဘူး…”

ကျိုးဖန်း၏ မျက်နှာတွင် ဒေါသအပြည့်နှင့် ဖြစ်သည်။ သူ့ကိုယ်တွင် အညစ်အကြေးများနှင့် အပုပ်နံ့များ ဝန်းရံလျက် သူ့ကိုယ်က လျှပ်စီးတန်းကဲ့သို့ လှုပ်ရှားသွားကာ စင်မြင့်ပေါ်ရှိ သူ့နေရာသို့ ပြန်ရောက် သွားသည်။ သူက ရူးသွပ်စွာ အော်ပြောလိုက်သည်… “ဝမ်လင်း စောနက တိုက်ပွဲကို ထည့်မတွက်ဘူး… စောနက ငါ အဆင့်သင့် မဖြစ်သေးဘဲ မင်းက တိုက်ခိုက်တာ… ဒါကြောင့်မို့ ငါတို့ ပြန်တိုက်မယ် … ဒီတစ်ကြိမ်တော့ ငါ မင်းကို အရင်တိုက်ဖို့ ခွင့်ပြုမှာ မဟုတ်ဘူး…”

***

All Chapters