← Chapters

အခန်း (၃၉၇-၃၉၈)

Vol. 39 Ch. 397-398

အခန်း (၃၉၇-၃၉၈)

Vol. 39 Ch. 397-398

အပိုင်း(၃၉၇)

မတူညီသောကမ္ဘာ

“ဒီနေရာဆို အဆင်ပြေလောက်ပြီမလား”

ဟွာလင်းကျိ ဘေးဘီကိုကြည့်ကာ ပြောလိုက်သည်။ သူတို့ အဇူရာတိမ်ဂိုဏ်းနှင့် မိုင် ၂၀၀၀ ၃၀၀၀ ဝေးသောအရပ်သို့ရောက်နေပြီဖြစ်ပြီး ဤနေရာတွင်ဆိုလျှင် အဆောင်ရေးဆွဲဖို့ ဘေးကင်းလောက်၏။

“မရဘူး” ကျန်းယန် ခေါင်းယမ်း၍ ပြောလိုက်သည်။

“အဇူရာတိမ်ကုန်းမြေတိုက်ကြီး အပြင်ကိုသွားမယ်”

ဤအရာသည် အဝါရောင်စမ်းချောင်းလမ်းပြ တစ္ဆေအဆောင်ဖြစ်၏။ ထိုအရာကနေ ဘာကိုဆင့်ခေါ်လိုက်မလဲ ဘယ်သူမှ မသိနိုင်ပေ။ ထို့ကြောင့် ကုန်းမြေတိုက်ကြီးအပြင်သို့သွားမှသာ သင့်တော်ပေလိမ့်မည်။ ဒါကြောင့်လည်း သူမိစ္ဆာနှစ်ယောက်ကို ခေါ်လာခဲ့ခြင်း ဖြစ်သည်။

ဂူဒူအာနှင့်ဂူယန်တို့ စိတ်၀င်စားသွားခဲ့ကြ၏။ ထိုနှစ်ယောက်သည် အဘယ်ကြောင့် သူတို့နှစ်ယောက်ကို ခိုးကြောင်ခိုးဝှက်ခေါ်လာရပါသနည်း။

သူတို့တောင်အရပ်ဆီ ဦးတည်ထွက်ခွာလာခဲ့ပြီး အဇူရာတိမ်ကုန်းမြေတိုက်ကြီးနှင့် မိုင်ပေါင်း ၇၀၀၀ ၈၀၀၀ ဝေးသောအရပ်ထိ ရောက်လာခဲ့ကြသည်။ ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်နှင့်နီးကပ်လာသောအခါ ကျန်းယန် ထိုနေရာဆီသို့သာ ဦးတည်သွားလိုက်ဖို့ ဆုံးဖြတ်လိုက်၏။ မိစ္ဆာနှစ်ယောက်၏ အကူအညီနှင့်ဆိုလျှင် သူတို့ဘေးကင်းနိုင်မည်ဖြစ်သော်လည်း သူအနားတော့ သိပ်ကပ်မသွားရဲခဲ့ပေ။

လေပေါ်တွင်မျောနေသော ကျွန်းကြီးကိုလက်ညိုးထိုးပြလိုက်ပြီး ကျန်းယန် ပြောလိုက်လေသည်။

“ဒါကစီနီယာတို့ရှာနေတဲ့ ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်ဆိုတာပဲ အနားတော့ အရမ်းကပ်မသွားကြနဲ့ အဲ့ဒီနေရာက အကာအကွယ်၀င်္ကပါက အရမ်းအားကောင်းတယ် အရင်ခေတ်က ပုဂ္ဂိုလ်ကြီးတွေတည်ဆောက်သွားကြတာအ နားကပ်သွားရုံနဲ့ ဂိုဏ်းကြီးတွေ သတိထားမိသွားနိုင်တယ်”

ထိုအကာအကွယ်၀င်္ကပါကို တည်ဆောက်ရာ၌ လွန်ခဲ့သောလွန် ၃၀၀၀ တုန်းက သူတို့ဂိုဏ်းချုပ်ပင် ပါခဲ့သေးသည်။

ဂူယန်ကျွန်းမျောကြီးကို စိတ်လှုပ်ရှားစွာစိုက်ကြည့်နေခဲ့ပြီး ဂူဒူအာကတော့ တည်ငြိမ်နေခဲ့၏။

“အကာအကွယ်က အားကောင်းလွန်းတယ် ဒါကိုဖွင့်ဖို့ဆို ငါတို့အားလုံးရဲ့ ခွန်အားတွေလိုမှာ ဒါမှမဟုတ် ငါတို့ရဲ့မိစ္ဆာ‌လက်နက်တွေပါ လိုလာနိုင်တယ်”

“ကျွန်တော်ပြောထားတဲ့အချိန်ထိ စောင့်ပေးကြပါ” ကျန်းယန်ပြန်ပြောလိုက်သည်။ သို့သော် သူကတိပေးထားသည့်ထဲ မိစ္ဆာလက်နက်များ ပြန်ပေးမည်ဟူသောကတိတော့ မပါပေ။

“ကောင်းပြီလေ အားလုံးပဲ ရေကန်ကိုလည်း မြင်ပြီးပြီဆိုတော့ သတိထားကြပါတော့ ကျွန်တော်တို့ တစ္ဆေအဆောင်ရေးဆွဲဖို့ ကြိုးစားကြည့်တော့မယ်”

ဟွာလင်းကျိ အားလုံးကိုပြောလိုက်သော်လည်း ဂူဒူအာသူ့ကို ၀င်အကြံပေးလိုက်၏။

“ဒီရေကန်ကနေ နည်းနည်းဝေးတဲ့နေရာဆီ ခွာထားလိုက်တာ ပိုကောင်းလိမ့်မယ်”

တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက် အဆောင်ရေးဆွဲရာတွင် ထွက်ပေါ်လာသောစွမ်းအားက ထိုအဆင့်ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်မှုတစ်ချက်နှင့် ညီလေ့ရှိသောကြောင့် ထိုစွမ်းအားသာ အကာအကွယ်၀င်္ကပါကို သွားထိမိလျှင် အန္တရာယ်ရှိလာနိုင်ပေသည်။ ထို့ကြောင့် ကျန်းယန်လည်း မိုင်တစ်ထောင်နောက်ဆုတ်ဖို့ ဆုံးဖြတ်လိုက်၏။

“ဆရာဦးလေး စလို့ရပြီ” ကျန်းယန် လေးလေးနက်နက်ပြောလိုက်လေသည်။

ဟွာလင်းကျိ သူကိုင်နေကျစုတ်တံထက် အားကောင်းသော နဂါးလမ်းညွန်စုတ်တံကိုထုတ်လိုက်၏။ ထို့နောက် စုတ်တံကိုကိုင်ကာ လေထဲသို့ဆွဲလိုက်လေရာ ကောင်းကင်ပေါ်တွင် အနက်ရောင်မျဉ်းကြောင်းများ ပေါ်လာခဲ့သည်။

ကျန်းယန် ကြက်သေသေသွားသလို ဟွာလင်းကျိလည်းကြက်သေသေသွားခဲ့၏။

ဒါကြီးက ဘာကြီးလဲ။

သူတို့သည် အဆောင်တစ်ခုသာရေးဆွဲခဲ့ခြင်းဖြစ်ပြီး အဘယ်ကြောင့်ကောင်းကင်ပေါ်တွင် အနက်ရောင်အမှတ်အသားများပေါ်လာရပါသနည်း။

ဂူဒူအာနှင့်ဂူယန်တို့လည်း သတိအပြည့်ဖြစ်သွားကြပြီး သတိပေးလိုက်ကြသည်။

“သတိထားကြ”

သူ့အသံကြားမှ ကျန်းယန်တို့နှစ်ယောက် နောက်ဆုတ်ဖို့သတိရသွားခဲ့ကြ၏။ ကောင်းကင်ပေါ်ရှိ အနက်ရောင်အမှတ်အသားက ကျယ်ပြန့်လာသောအခါမှ ထိုအရာသည် မှင်မဟုတ်ဘဲ ချောက်နက်ကြီးတစ်ခုသာဖြစ်မှန်း သူတို့ရှင်းရှင်းလင်းလင်းမြင်လိုက်ကြရသည်။

ဂူဒူအာကျန်းယန်ကို တစ်ချက်ကြည့်လိုက်၏။

“တစ္ဆေဂိတ်တံခါးကို ဖွင့်ဖို့ မင်းတို့ဘယ်လိုအဆောင်မျိုးကိုဆွဲခဲ့တာလဲ”

“ဘာ” ကျန်းယန်နှင့်ဟွာလင်းကျိတို့ နှစ်ယောက်လုံး အလန့်တကြား အော်လိုက်မိကြသည်။

အဝါရောင်စမ်းချောင်းလမ်းပြအဆောင်သည် တစ္ဆေဂိတ်တံခါးကိုဖွင့်သည့် အဆောင်ပေလော။

“စီနီယာ အဲ့တာကပြဿနာရှိလား” ကျန်းယန် အမြန်မေးလိုက်၏။

ဂူဒူအာ စိတ်လေးနေသောအသံဖြင့် ပြန်ဖြေလိုက်သည်။

“အမတ မိစ္ဆာ မွန်းစတားနဲ့ တစ္ဆေမျိုးနွယ်စု လေးခုထဲမှာ တစ္ဆေတွေက အဆန်းကြယ်ဆုံးပဲ သူတို့က ပေါ်လာခဲတယ် သူတို့ဘယ်ကလာလဲဆိုတာလည်း ဘယ်သူမှမသိဘူး

ကောလာဟ‌လတွေအရတော့ မင်းတို့ရဲ့ ကျင့်ကြံခြင်းကမ္ဘာနဲ့တူတဲ့ သေဆုံးသူတွေနဲ့သာသက်ဆိုင်တဲ့ ဘုံတစ်ခုရှိတယ်တဲ့ သေဆုံးပြီးသားလူတွေပဲ အဲ့ဒီဘုံကို၀င်လို့ရတာ

အခုတော့ မင်းတို့က တစ္ဆေဂိတ်တံခါးကိုဖွင့်လိုက်ပြီ ဘာတွေဆက်ဖြစ်လာမလဲ ငါလည်းမသိဘူး”

အမြဲလိုလို အေးဆေးတည်ငြိမ်နေတတ်သော ဂူဒူအာပင် ထိုအခိုက်တွင် ဆွံ့အနေခဲ့သည်။ ထိုနှစ်ယောက်သည် တစ္ဆေဂိတ်တံခါးကိုဖွင့်ဖို့ သူ့ကိုအဖော်ခေါ်မှန်း သိခဲ့လျှင် သူလိုက်လာခဲ့မိလိမ့်မည် မဟုတ်ပေ။

တစ္ဆေဘုံကို တစ္ဆေဧကရာဇ်က ပိုင်ဆိုင်သည်ဟု ဆိုကြသည်။ ထို‌ဘုံကို သက်ရှိတစ်ယောက်က ဖွင့်လှစ်လိုက်ခြင်းဆိုသည်မှာ တစ္ဆေအင်ပါယာ၏ အခွင့်အာဏာကို စော်ကားသည့်သဘောသက်ရောက်နေသည် မဟုတ်ပါလော။ ဘာကပ်ဘေးကျရောက်လာမလဲ ဘယ်သူမှ မသိနိုင်ပေ။

ထို့နောက် သူတို့လေးယောက် ရေစီးသံသဲ့သဲ့ကို ကြားလိုက်ကြရသည်။

အဝါရောင်မြစ်တစ်စင်းသည် ချောက်နက်ကြီးထဲမှ စီးဆင်းလာခဲ့၏။ သို့သော် ထူးဆန်းစွာပင် ထိုမြစ်သည် မြေကြီးဆီဦးတည်မသွားခဲ့ဘဲ လေထဲတွင်သာ လှည့်ပတ်စီးဆင်းနေခဲ့သည်။

“အဝါရောင်စမ်းချောင်း”

ဂူဒူအာနှင့်ဂူယန်တို့ ချက်ချင်းဆိုသလို ကျန်းယန်ကို ထိုစမ်းချောင်းနှင့်ဝေးရာသို့ ဆွဲခေါ်သွားခဲ့၏။

“ဒီမြစ်က တစ္ဆေဘုံနိယာမတွေကနေ ရုပ်လုံးဖော်ထားတဲ့အရာပဲ ဂိတ်တံခါးကိုအမြန်ပိတ်လိုက်တော့ မဟုတ်ရင် မင်းတို့ကျင့်ကြံခြင်းကမ္ဘာ တစ္ဆေဘုံရဲ့ တိုက်စားတာကို ခံသွားရလိမ့်မယ်”

ကျန်းယန်နှင့်ဟွာလင်းကျိတို့ လုံး၀ ကြောင်အသွားခဲ့ကြသည်။ ဤဂိတ်တံခါးကို ဘယ်လိုပိတ်ရမလဲ သူတို့ မသိကြပေ။

“တစ်ခုခုစဉ်းစားကြည့်ဦး” ဟွာလင်းကျိ အော်ပြောလိုက်၏။

“ငါ့ကိုဒီအဆောင်တွေ မင်းပေးခဲ့တာလေ”

ကျန်းယန်ကြောက်လန့်တကြားတံတွေးမြိုချလိုက်မိပြီး အလျင်အမြန်ပင် နည်းလမ်းတစ်ခုခုတွေ့လိုတွေ့ငြား သူ့ခေါင်းထဲက တစ္ဆေအမွေအနှစ်များထဲ မွှေနှောက်ရှာဖွေလေတော့သည်။

ထိုအခိုက်တွင် မရေတွက်နိုင်သော အရိပ်စစ်သားများက အဝါရောင်စမ်းချောင်းတလျှောက်တွင် စတင်ပေါ်ပေါက်လာခဲ့ကြ၏။

ထိုစစ်သားများသည် ကျန်းယန်တို့ကိုလျစ်လျူရှုထားခဲ့ပြီး အဝါရောင်စမ်းချောင်းထဲမှ ဝါးတဝါး ချီတက်လာနေခဲ့ကြသည်။

“တစ္ဆေစစ်သားတွေ…” ဂူဒူအာ အကူအညီမဲ့စွာ ရေရွတ်လိုက်မိ၏။

တစ္ဆေဂိတ်ကိုဖွင့်မိပြီး အဝါရောင်စမ်းချောင်းပေါ်လာပြီးနောက် အခုတစ္ဆေစစ်သားများပါ ထွက်လာနေပြီဖြစ်လေရာ ကပ်ဘေးက ပိုကြီးလာပုံပင်။

ဟွာလင်းကျိ နဂါးလမ်းညွှန်စုတ်တံကိုခပ်တင်းတင်းဆုပ်ကိုင်ထားရင်း ကြောက်လန့်တကြား ရပ်နေခဲ့မိသည်။

“အဆောင်လေးတစ်ခုက ဒီလောက်ကြီးတဲ့ကိစ္စကြီးကို ဖြစ်စေနိုင်မယ်လို့ ငါဘယ်လိုထင်ခဲ့မိမှာလဲ”

“ငါဒါကို…နောက်ပြန်ဆွဲလိုက်ရင်ရော” သူစိတ်ညစ်နေဟန်ဖြင့် ပြောလိုက်၏။

“ဒါကြီးက ပြန်ပိတ်သွားလောက်လား”

“ကျွန်တော့်ကိုပေး”

ကျန်းယန် ဟွာလင်းကျိလက်ထဲကစုတ်တံကိုယူကာ ချောက်နက်ဆီပြေးတက်သွားခဲ့သည်။ အမွှေအနှစ်များထဲတွင် အဖြေရှာမ‌ေတွ့မှတော့ သူအရိုးရှင်းဆုံး အကြံဉာဏ်ကိုအကောင်အထည်ဖော်ဖို့သာ ဆုံးဖြတ်လိုက်၏။ အဆောင်က ထိုဂိတ်တံခါးကိုဖွင့်နိုင်မှတော့ အဆောင်ကိုပြန်သိမ်းနိုင်လျှင် ဂိတ်တံခါးကိ ပိတ်သွားပေလိမ့်မည်။

ပုံမှန်အားဖြင့်တော့ သူထိုမျှအန္တရာယ်များသောအရာကို လုပ်မှာမဟုတ်ပေ။ သို့သော် သူ့တွင်များစွာသောတစ္ဆေစွမ်းအင်များရှိပြီး တစ္ဆေအမွေအနှစ်များကိုအမွေဆက်ခံထားသည့်အပြင် သူသည် တစ္ဆေမျိုးနွယ်၏ကံကြမ္မာရှင်ပင် ဖြစ်နေနိုင်သောကြောင့် အဝါရောင်စမ်းချောင်းနှင့်တစ္ဆေစစ်သားများက သူ့ကို သိပ်အန္တရာယ်မပြုလောက်ပေ။ ထိုသို့တွေးမိသောကြောင့် သူရှေ့တက်သွားရဲခြင်း ဖြစ်သည်။

ကျန်းယန် စုတ်တံကိုဝေ့ယမ်းလိုက်ရာ သူ့ကိုယ်ထဲက အခြေတည်ဝိညာဉ်လေးကလည်း လိုက်ဝေ့ယမ်းလိုက်၏။

ထိုအခါ ကောင်းကင်ပေါ်ရှိ အနက်ရောင်ချောက်ကြီးက ဖြည်းဖြည်းချင်း မှုန်ဝါးသွားခဲ့ပြီး နောက်ဆုံးတွင် လုံး၀ပျောက်ကွယ်သွားခဲ့လေသည်။

ဟွာလင်းကျိ ဂူဒူအာနှင့်ဂူယန်တို့ တုန်လှုပ်စွာ စိုက်ကြည့်နေခဲ့ကြ၏။

တစ္ဆေဂိတ်တံခါးက ဒီလိုပဲ ပြန်ပိတ်သွားတာလား။

ဒီပရမ်းပတာနည်းလမ်ကြီးနဲ့လေ။

နောက်ဆုံးတွင် ဂိတ်တံခါးပြန်ပိတ်သွားမှသာ ကျန်းယန်လည်း သက်ပြင်းတစ်ချက် ချလိုက်နိုင်ခဲ့သည်။

ထိုစဉ် တစ္ဆေဂိတ်တံခါးပျောက်ကွယ်သွားသောနေရာမှ အစိမ်းရောင်အလင်းတန်းတစ်ခု ထွက်လာခဲ့ပြီး ထိုအလင်းတန်းက ကျန်းယန်ကိုယ်ထဲပြေး၀င်သွားခဲ့၏။

အပိုင်း(၃၉၈)

တစ္ဆေဂိတ်တံခါး

ဟွာလင်းကျိ ဂူဒူအာနှင့်ဂူယန်တို့ ကျန်းယန်က တစ္ဆေဂိတ်တံခါးကို အလွယ်လေး ပြန်ပိတ်သွားတာကို ငေးကြောင်စွာ ကြည့်ရှုနေခဲ့ကြသည်။

ထိုသို့ကြောင်နေစဉ် အစိမ်းရောင်အလင်းက ကျန်းယန်ကိုယ်ထဲ၀င်သွားခဲ့ခြင်းဖြစ်၏။

ဟွာလင်းကျိမျက်နှာချက်‌ချင်းပြောင်းလဲသွားကာ ကျန်းယန်ဆီ တဟုန်ထိုးပြေး၀င်သွားပြီး မေးလိုက်သည်။

“မင်းအဆင်ပြေရဲ့လား”

ထို့နောက် သူဂူဒူအာနှင့်ဂူယန်ကို အမြန်အော်ပြောလိုက်၏။

“အမြန်ဂိုဏ်းကို ပြန်ကြရအောင် ကျွန်တော်တို့စီနီယာအစ်ကိုကြီးနဲ့တွေ့ဖို့လိုတယ်”

မိစ္ဆာနှစ်ယောက်လည်း ချက်ချင်းလေးနက်သွားပြီး သင်္ဘောပျံပေါ်တက်ကာ အဇူရာတိမ်ဂိုဏ်းဆီ အပြေးနှင်ခဲ့ကြလေသည်။

အစိမ်းရောင်အလင်းတန်းသူ့ကိုယ်ထဲ၀င်သွားသောကြောင့် ကျန်းယန်ကိုယ်တိုင်လည်း အံ့အားသင့်နေခဲ့ရ၏။ သို့သော် သူသိပ်တော့ စိတ်မပူပေ။ သူ့တွင် ဝိညာဉ်ငြိမ်းအေးအလံရှိနေသောကြောင့် ဖြစ်သည်။

သို့သော် အလင်းတန်းက အလံ၏အကာအကွယ်ကိုဖြတ်သန်းကာ သူ့အခြေတည်ဝိညာဉ်ဆီ ဦးတည်သွားသောအခါတွင်တော့ သူ့ရင်ထဲ ကြောက်စိတ်များ မြင့်တက်လာခဲ့ပြီး ထို့နောက်တွင် အလင်းတန်းက အခြေတည်ဝိညာဉ်၏လက်ပေါ်ကျရောက်သွားခဲ့၏။ ချက်ချင်းဆိုသလိုပင် သူ့အ‌ေခြတည်၀ိညာဥ်ဧ။် လက်ပေါ်တွင် ထူးဆန်းသော အမှတ်အသားတစ်ခု ပေါ်လာခဲ့သည်။

ကျန်းယန် ကြောင်အသွားခဲ့၏။

သူဘယ်လိုပဲ စစ်ဆေးဆေးထိုအမှတ်အသားက ဘာလဲဆိုတာ အဖြေရှာမရခဲ့ပေ။ ထိုအရာက တစ္ဆေဂိတ်တံခါးထဲက ထွက်လာသောအရာဖြစ်သောကြောင့် ရိုးရှင်းသောအရာမဟုတ်နိုင်တာကိုတော့ သူသိပေသည်။

သူတို့လေးယောက်ဂိုဏ်းဆီ အလျင်အမြန်ပင် ပြန်ရောက်လာခဲ့ကြ၏။ ဂိုဏ်းဆီရောက်ရောက်ချင်းပင် ဟွာလင်းကျိ အော်ခေါ်လိုက်သည်။

“စီနီယာအစ်ကိုကြီး တစ်ခုခုဖြစ်လာတယ်”

ချင်းယွင်ကျိ ချက်ချင်းပေါ်လာခဲ့၏။

“ဘာဖြစ်လာတာလဲ”

ထို့နောက် သူဂူဒူအာနှင့်ဂူယန်ကိုကြည့်ကာ ပြောလိုက်သည်။

“တားမြစ်နယ်မြေရဲ့စည်းကိုဖွင့်ပေးထားပြီးပြီ မင်းတို့ပြန်ကြတော့”

မိစ္ဆာနှစ်ယောက်လည်း ချက်ချင်းထွက်သွားခဲ့ကြ၏။

ကျန်းယန်နှင့်ဟွာလင်းကျိကိုတော့ သူ့အခန်းထဲခေါ်သွားခဲ့ပြီး လေးလေးနက်နက်မေးလိုက်သည်။

“မင်းတို့နှစ်ယောက်ဒီလောက်ကြောက်လန့်နေရအောင် ဘာတွေဖြစ်ခဲ့တာလဲ”

တစ္ဆေဂိတ်တံခါးပွင့်လာချိန်မှစပြီး ပြန်ပိတ်သွားချိန်အထိ ကိစ္စအားလုံးကို ဟွာလင်းကျိ ရှင်းပြလိုက်၏။

ချင်းယွင်ကျိ ဆွံ့အသွားခဲ့လေသည်။ ထိုကောင်များသည် တကယ်ပင် အကြောက်အလန့်ကင်းမဲ့လွန်းလှသည်။

သူသက်ပြင်းချပြီးနောက် ဟွာလင်းကျိကို ပြောလိုက်၏။

“အဆင်ပြေပါတယ် ငါကိုင်တွယ်လိုက်မယ် တစ္ဆေအဆောင်တွေကိုသာ အလွယ်တကူထပ်မဆွဲနဲ့တော့ သူတို့နဲ့ပတ်သက်တာမှန်သမျှကို သေချာဂရုစိုက်ရမယ် အခု ပြန်လို့ရပြီ”

ဟွာလင်းကျိခေါင်းငြိမ့်ပြလိုက်ပြီး စုတ်ချက်တောင်ထွတ်ဆီ ပြန်သွားခဲ့လေသည်။ ထိုဆရာတပည့်နှစ်ယောက်ကြားတွင် လျှို့ဝှက်ချက်များရှိမှန်း သူသိ၏။ သူ့အစ်ကိုကြီးက သူ့ကိုထိုကိစ္စများထဲ ၀င်မပတ်သက်စေလိုမှတော့ သူမပတ်သက်တာသာ အကောင်းဆုံး ဖြစ်ပေသည်။

ဟွာလင်းကျိ ထွက်သွားသည်နှင့် ချင်းယွင်ကျိကျန်းယန်ကိုထူးဆန်းစွာ မေးလိုက်သည်။

“ဆိုတော့ ဘယ်လိုနေသေးလဲ”

အခြားသူများနှင့်မတူဘဲ သူကတော့ ကျန်းယန်ကိုစိတ်ပူနေခြင်း မရှိပေ။ ကျန်းယန်သည် ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ခန်းမထဲတွင် မျိုးနွယ်စုကြီးလေးခုလုံး၏ နှစ်ထောင်ချီကံကြမ္မာကို အမွေဆက်ခံလာသူဖြစ်၏။

ထိုအရာအပြင်သူသည် တစ္ဆေခန်းမ၏ အမွေအနှစ်နှင့်များစွာသော တစ္ဆေစွမ်းအင်များကိုပင် ရယူထားသေးသည်။ ထို့ကြောင့် တစ္ဆေစွမ်းအင်က သူ့အပေါ် အများကြီး အန္တရာယ်ပေးနိုင်မည် မဟုတ်ပေ။

ကျန်းယန် တွန့်ဆုတ်သွားခဲ့သည်။

“ဆရာ…ကျွန်တော့်ခရမ်းနန်းတော်ကို ဆရာကိုယ်တိုင်ပဲ ကြည့်လိုက်သင့်တယ်”

သူခရမ်းနန်းတော်ကိုဖွင့်ပေးလိုက်ပြီး သူ့ဆရာ၏နတ်အာရုံကို ၀င်ခွင့်ပြုလိုက်၏။

သူ့အခြေတည်ဝိညာဉ်၏လက်ပေါ်က အစိမ်းရောင်အမှတ်အသားကိုတွေ့သွားသောအခါ ချင်းယွင်ကျိမျက်မှောင်ကြုံ့သွားခဲ့သည်။

ကျန်းယန်၏ အခြေတည်ဝိညာဉ်သည် အစကတည်းက သာမန်မဟုတ်နေသော်လည်း အခုတော့ ထိုအရာပေါ်တွင် တစ္ဆေဘုံနှင့်ချည်နှောင်ထားသော အရာတစ်ခုပါ ပါ၀င်လာခဲ့ချေပြီ။ ထိုအရာက အနာဂတ်တွင် ပြဿနာများဖြစ်လာနိုင်ပါသလော။

သူအမှတ်အသားကိုအတန်ကြာအောင် စစ်ဆေးကြည့်သော်လည်း ဘာထူးဆန်းတာမှ မတွေ့ရပေ။ ထိုအရာက သာမန် တက်တူးတစ်ခု ဒါမှမဟုတ် မွေးရာပါအမှတ်တစ်ခုလိုပင်။

သို့သော် သူ့မထူးဆန်းမှုကပင် သူ့ကိုထူးဆန်းနေစေခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးတွင်တော့ ချင်းယွင်ကျိ သူ့နတ်အာရုံကိုပြန်သိမ်းလိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“အထဲမှာ အားကောင်းတဲ့တာအိုနိယာမတွေပါ၀င်နေတာကိုပဲ ငါအာရုံခံလို့ရတယ် ပြီးတော့ တစ္ဆေနိယာမတွေဆိုတာ သေချာတယ် အဲ့တာအပြင် ငါဘာကိုမှ မပြောနိုင်ဘူး”

ထို့နောက် သူကျန်းယန်ကို မျက်စောင်းတစ်ချက်ခဲလိုက်သည်။

“တစ္ဆေပညာရပ်တွေ မိစ္ဆာနည်းစနစ်တွေကို ဘယ်သူ့ကိုမှ မပေးရဘူးလို့ ငါမင်းကိုသတိ‌ေပးမထားဘူးလား အခုကြည့်ဦး ပြဿနာဖြစ်လုနီးပါးပဲ”

ကျန်းယန်တောင်းပန်ဟန်ဖြင့် အမြန်ပြုံးပြလိုက်ကာ

“ဆရာဦးလေး ၅ ကအဆောင်တာအိုကို ကျင့်ကြံတာဆိုတော့ ကျွန်တော်လည်း သူ့ကိုအဆောင်နည်းနည်းလောက်ပေးလိုက်ရင် သူပိုသန်မာလာမယ် ထင်မိလိုက်လို့ပါ အဲ့ဒီအဝါရောင်စမ်းချောင်းလမ်းပြ အဆောင်က တစ္ဆေဂိတ်တံခါးကိုဖွင့်တဲ့အဆောင်ဖြစ်နေမယ်လို့တော့ ကျွန်တော်လည်း ထင်မထားမိဘူးလေ ဒါပေမယ့် အဆင်ပြေပါတယ် အခုဂိတ်တံခါးလည်း ပိတ်သွားပြီ”

ချင်းယွင်ကျိ လေးလေးနက်နက်ခေါင်းယမ်းလိုက်ကာ

“အဲ့ဒီလောက်ရိုးရှင်းမနေမှာကို ငါကြောက်မိတယ်”

သူထိုင်ချလိုက်ကာ အတွေးလွန်နေဟန်ဖြင့် ပြောလိုက်သည်။

“ကျင့်ကြံခြင်းကမ္ဘာမှာ အရင်ကတည်းက မွန်းစတားတွေရှိခဲ့တယ် ပြီးတော့ လွန်ခဲ့တဲ့နှစ်တစ်ထောင်အကြာတုန်းက နောက်ထပ် မျိုးနွယ်စုတစ်ခု ရုတ်တရက် ထပ်ရောက်လာတယ် မိစ္ဆာတွေ…”

“ပြီးတော့ အခုမင်းက တစ္ဆေဂိတ်တံခါးကိုဖွင့်လိုက်တော့ တစ္ဆေတွေပါ ပေါ်လာပြီ

အမတ မိစ္ဆာ မွန်းစတားနဲ့တစ္ဆေ မျိုးနွယ်စု လေးခုလုံးက နောက်ဆုံးတော့ ပြည့်စုံသွားပြီ

ကောင်စုတ်လေး အဲ့ဒီအချက်က မင်းကိုဘာကိုသတိရသွားစေလဲ”

“ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ခန်းမ” ကျန်းယန် အလိုလိုရေရွတ်မိသွားခဲ့သည်။

အမတ မိစ္ဆာ မွန်းစတားနှင့်တစ္ဆေမျိုးနွယ်စုလေးခုထဲမှ တစ်၀က်ကျော်စုဝေးလျှင် ခန်းမကို ဖွင့်လှစ်နိုင်၏။

အရင်က ခန်းမကိုဖွင့်ဖူးပြီးဖြစ်သော်လည်း ထိုနေရာတွင်တစ်ခုခုက ပျောက်ဆုံးနေပုံပေါ်ပြီး အခုတော့ အားလုံးပြည့်စုံသွားခဲ့ချေပြီ။

“ဆရာ ကျွန်တော်တကယ်ကြီးတစ္ဆေဂိတ်တံခါးကို ပြန်ပိတ်ခဲ့တာပါ” ကျန်းယန် အမြန်ပြောလိုက်သည်။

“တစ္ဆေတွေက ပေါ်လာတယ်ဆိုရုံလေးပဲ ပေါ်လာခဲ့တာ အဲ့တာကိုထည့်တွက်လို့မရဘူးမလား”

ချင်းယွင်ကျိ သက်ပြင်းချလိုက်၏။ “အဲ့လိုပဲမျှော်လင့်ရတာပဲ”

ကံကြမ္မာများ ပြောင်းလဲနေသည်ကို သူဝိုးတဝါးအာရုံခံမိနေခဲ့သော်လည်း ထိုကံကြမ္မာက ဘယ်ကိုဦးတည်နေတယ်ဆိုတာကိုတော့ သူမသိခဲ့ပေ။

သူ့ဆရာနှင့်စကားပြောပြီးနောက် ကျန်းယန် ဟွာလင်းကျိရှိရာ စုတ်ချက်တောင်ထွတ်ဆီ ရောက်ရှိသွားခဲ့ပြန်သည်။

“ဆရာဦးလေး ၅ တစ္ဆေအဆောင်တွေကို ဆက်လေ့လာကြရအောင်”

“ထပ်ပြီးတော့လား” ဟွာလင်းကျိ သူ့ကိုစိုက်ကြည့်နေခဲ့၏။

“မဖြစ်နိုင်ဘူး ငါအဲ့တာတွေကို ဘယ်တော့မှထပ်မစမ်းသပ်တော့ဘူး”

သူထိုအဆောင်ကို ဂိုဏ်းထဲတွင် မဆွဲခဲ့မိတာပင် တော်သေးသည်။ မဟုတ်လျှင် သူတို့ဂိုဏ်းဆီနောက်ထပ်ကပ်ဘေးကြီးတစ်ခု ကျရောက်လာနိုင်၏။

ကျန်းယန်သူ့အသံကိုနှိမ့်ကာ ရယ်ကျဲကျဲဖြင့် ပြောလိုက်လေသည်။

“ကျွန်တော်တို့ အဲ့တာတွေကိုသုတေသနလုပ်ထားပြီး နောက်ကျမှ အခြားဂိုဏ်းတွေထဲမှာ သွားသုံးလို့ရတယ်လေ ဥပမာပြောရရင် ၀မ်လင်းဂိုဏ်းက ကျွန်တော်တို့ကို မုန်းတီးနေတာကြာပြီမလား စိတ်ကူးကြည့်လိုက် ကျွန်တော်တို့က တစ္ဆေအဆောင်ကို သူတို့ဂိုဏ်းထဲသွားဆွဲလိုက်ပြီး သူတို့တွေ ဖရိုဖရဲဖြစ်ကုန်တာကို အေးအေးဆေးဆေးလေး ထိုင်ကြည့်ရမယ် ဆိုရင်ရော”

ဟွာလင်းကျိ မျက်လုံးများ တောက်ပသွားခဲ့ဧ။။်

“ဒါဆိုရင်တော့….နည်းနည်းလောက် စမ်းသပ်ကြည့်လို့ ရလောက်တယ်”

“အသေးလေးကိုပဲ အရင်ဆွဲလိုက် တစ်ခုခုမှားတာနဲ့ ကျွန်တော်ချက်ချင်း ဖျက်လိုက်မယ်”

ဟွာလင်းကျိ နဂါးလမ်းညွှန်စုတ်တံကို ထုတ်လိုက်ပြီး ကျန်းယန်ကို သတိအပြည့်နှင့်နေဖို့ သတိပေးလိုက်လေသည်။

ထိုစဉ် အနီးအနားတွင်ပုန်းနေ‌ေသာ ဟွာလင်းကျိ ဆက်ပုန်းမနေနိုင်တော့ပေ။ ထိုနှစ်ယောက်သည် တစ္ဆေဂိတ်တံခါးကို တစ်ခါဖွင့်ပြီးတာတောင် မမှတ်သေးဘဲ နောက်တစ်ကြိမ်ထပ်ဖွင့်ဖို့ ကြံနေသေး၏။

ထို့နောက်တွင်တော့ ထိုနှစ်ကောင်သည် အဆောင်ကိုဂိုဏ်းထဲမှာပင် ဆွဲဖို့ကြံနေတာကို သူဆက်ကားလိုက်ရသည်။

‌ဤနေရာက သူတို့ကိုယ်ပိုင်ဂိုဏ်းမဟုတ်ပါလော။ သူမည်သို့ ဆွဲခွင့်ပေးနိုင်ပါမည်နည်း။

“၀င်္ကပါနယ်မြေထဲသွားကြ” ချင်းယွင်ကျိ ဒေါသတကြီး ပြောလိုက်၏။

“တစ်ခုခုမှားသွားရင် ၀င်္ကပါက ဖိနှိပ်ပေးလိမ့်မယ်”

သူဟွာလင်းကျိနှင့်ကျန်းယန်ကို ၀င်္ကပါထဲပစ်ထည့်လိုက်ပြီး သူကိုယ်တိုင်လည်း ဘေးတွင် အနီးကပ်စောင့်ကြည့်နေခဲ့သည်။

“စတော့ တစ္ဆေဂိတ်တံခါးပွင့်သွားရင် ဘာတွေဖြစ်လာလဲ ငါလည်း မြင်ချင်တယ်”

ဟွာလင်းကျိ သူတို့ကိုသတိပေးလိုက်ပြီးနောက် နဂါးစုတ်တံကိုထုတ်ကာ စတင်ရေးဆွဲခဲ့၏။

ထိုအခါ ၀င်္ကပါနယ်မြေထဲတွင် စုတ်ချက်တစ်ခုနှင့်တူသော အနက်ရောင်အက်ကွဲကြောင်းကြီး ပေါ်ပေါက်လာခဲ့ပြန်သည်။

ထို့နောက်တွင်တော့….ဘာမှဆက်ဖြစ်မလာခဲ့ပေ။

သူတို့သုံးယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ဒွိဟဖြစ်ကုန်ကြ၏။

ချင်းယွင်ကျိ ထူးဆန်းစွာ မေးလိုက်လေသည်။

“အဝါရောင်စမ်းချောင်းက ဘယ်မှာလဲ တစ္ဆေစစ်သားတွေကရော”

နဂါးလမ်းညွှန်စုတ်တံကို ကိုင်ထားရင်း ချင်းယွင်ကျိ ဂရုတစိုက်မေးလိုက်၏။

“ကျွန်တော်နောက်တစ်ခု ထပ်ဆွဲလိုက်သင့်လား”

“ဆွဲလိုက်ဆရာဦးလေး” ကျန်းယန် သူ့ကိုအားပေးလိုက်သည်။

ဟွာလင်းကျိ ချင်းယွင်ကျိကို တစ်ချက်ကြည့်ပြီးနောက် နောက်အဆောင်တစ်ခု ထပ်ရေးဆွဲလိုက်၏။

‌ဆွဲပြီးနောက်တွင်လည်း ဘာမှဆက်ဖြစ်မလာခဲ့ပေ။

“နောက်တစ်ခု”

အဆောင်တစ်ခုပြီးတစ်ခုထပ်ဆွဲနေခဲ့ပြီး နောက်ဆုံးတွင် ၇ ခု ၈ခုအထိ ဆက်တိုက်ဆွဲမိသွားခဲ့သည်။

ထိုအခါ ကြောက်စရာအရှိန်အဝါတစ်ခု တစ္ဆေဂိတ်တံခါးများ အားလုံးထဲမှ ရုတ်တရက်ထွက်ပေါ်လာခဲ့ပြီး ထိုအရှိန်အဝါနောက်တွင် ဒေါသတကြီးအသံကြီးလည်း ကပ်ပါလာခဲ့၏။

“အဓိပ္ပာယ်မရှိတာတွေ တော်လောက်ပြီ”

ထို့နောက် တစ္ဆေဂိတ်တံခါးများအားလုံးက ချက်ချင်း ပိတ်ကျသွားခဲ့လေသည်။

All Chapters