← Chapters

အခန်း (၄၀၃-၄၀၄)

Vol. 39 Ch. 403-404

အခန်း (၄၀၃-၄၀၄)

Vol. 39 Ch. 403-404

အပိုင်း(၄၀၃)

ကမ္ဘာတစ်၀န်းက ဖရိုဖရဲဖြစ်ရပ်များ

ချင်းယွင်ကျိ ၀တ်ရုံနက်များကို တာအိုပိုင်နက်သုံးကာဖိနှိပ်လိုက်ပြီး လေ့လာဖို့ အဇူရာတိမ်ဂိုဏ်းဆီ ပြန်ခေါ်လာခဲ့လိုက်သည်။

ထိုမသေမျိုးတည်ရှိမှုများသည်သူ့ကိုအံ့အားသင့်သွားစေသောကြောင့် သူထိုကောင်များကို စမ်းသပ်ရန် ၀င်္ကပါနယ်မြေထဲ ပစ်ထည့်လိုက်၏။ အားလုံးကို ဖိနှိပ်မှုမှ လွှတ်ပေးပြီးနောက် သူမေးလိုက်သည်။

“မင်းတို့က တကယ်ပဲ ဘယ်သူတွေလဲ”

၀တ်ရုံနက်များ သူ့ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ၀တ်ရုံနက်တစ်ယောက် ရုတ်တရက်အော်ပြောလိုက်၏။

“အဇူရာတိမ်ဂိုဏ်းက မိစ္ဆာတွေဘက်မှာ နေတဲ့ကောင်တွေ မင်းတို့အားလုံး သေသင့်တယ်”

ချင်းယွင်ကျိ နှာခေါင်းရှုံ့လိုက်ပြီးနောက် သူ့တာအိုကိုသုံးကာ ၀တ်ရုံနက်နှစ်ယောက်ကို တိုက်ရိုက် သန့်စင်ပစ်လိုက်လေသည်။ သာမန်နည်းလမ်းများဖြင့် သတ်မရသောကြောင့် သူတာအိုသုံးပြီး သန့်စင်ပစ်ဖို့ ကြိုးစားခဲ့ခြင်း ဖြစ်၏။

သူ့မဟာတာအိုအောက်တွင် ထိုတည်ရှိမှုများ တဖြည်းဖြည်း အားနည်းလာခဲ့ကြသည်။ သို့သော် ထိုကောင်များ သေဆုံးသွားသည်နှင့် ချက်ချင်းဆိုသလို သူတို့တည်ရှိမှုတစ်ခုလုံးက ပျောက်ကွယ်သွားခဲ့၏။

ချင်းယွင်ကျိ အမူအရာမည်းမှောင်သွားခဲ့သည်။

သူတို့ကို တကယ်ပင် သတ်ဖြတ်၍ မရပေ။

“ဒါတွေက တကယ်ပဲ ဘာကြီးတွေလဲ”

သူအမိန့်ပေးလိုက်၏။

“မင်းတို့၀တ်ရုံနက်ကို ဖယ်လိုက် မင်းတို့ဘာတွေလဲ ငါကြည့်ချင်တယ်”

ထိုပုံရိပ်များ တိတ်ဆိတ်သွားခဲ့ကြသည်။ သူတို့ကိုယ်တိုင်လည်း ထို၀တ်ရုံများ ဘယ်လိုပေါ်လာလဲ မသိကြဘဲ ဘယ်လိုဖယ်ရမယ်ဆိုတာကိုလည်း မသိကြပေ။ သူတို့ မသေမျိုးဟုတ်မဟုတ် သူတို့ကိုယ်တိုင်ပင် သေချာမသိသောကြောင့် ထိုကောင်များသည် လုံး၀ အကြောက်တရားကင်းမဲ့နေတာမျိုးတော့ မဟုတ်ပေ။

သူတို့ငြင်းဆန်မှုကိုမြင်သောအခါ ချင်းယွင်ကျိ သူကိုယ်တိုင် ၀တ်ရုံကိုဖယ်ပစ်ဖို့ ကြိုးစားလိုက်၏။ သို့သော် ၀တ်ရုံများသည် တည်ရှိနေတာသေချာသော်လည်း ထိုအရာကို ထိတွေ့၍ မရနိုင်ပေ။

ရက်အနည်းငယ်အကြာအထိ ချင်းယွင်ကျိ နည်းလမ်းမျိုးစုံသုံးကာ ထိုကောင်များကို သတ်ဖြတ်ကြည့်ခဲ့သည်။ ဘယ်နိယာမ ဘယ်စွမ်းအားကမှ သူတို့ကို တကယ်မသတ်နိုင်ခဲ့ဘဲ သေဆုံးသွားသည်နှင့် ထိုကောင်များသည် ပျောက်ကွယ်သွားကြသည်သာ။

အဘယ်ကြောင့်ဆိုသော် သူတို့ကိုယ်တိုင်က သေခြင်းတရားဖြစ်နေ၍ ဖြစ်၏။

နောက်ဆုံးတွင် ချင်းယွင်ကျိ မိစ္ဆာအတုများကိုသုံးပြီးပင် သတ်ခဲ့သော်လည်းအလုပ်မဖြစ်ခဲ့ပေ။

မိစ္ဆာနတ်ဘုရားတီးတိုးရေရွတ်သံကတော့ အကျိုးသက်ရောက်မှု အနည်းငယ်ရှိပေသည်။ သို့သော် ထိုနည်းစနစ်က သူတို့ကို သတ်ဖြတ်ခြင်းမဟုတ်ဘဲ သူတို့မှတ်ဉာဏ်များကို ဖျောက်ဖျက်ပစ်ခြင်းသာ ဖြစ်၏။

မှတ်ဉာဏ်များပျောက်ပျက်သွားသည့်တိုင်အောင် ထိုကောင်များသည် သေဆုံးပြီးသည်နှင့် ဆန်းကြယ်စွာ ပျောက်ကွယ်သွားဆဲပင်။

ယွင်မုန့်စိမ့်တောထဲရှိ အဝါရောင်စမ်းချောင်းထဲတွင် ဝိညာဉ်များတစ်ကောင်ပြီး တစ်ကောင် ပြန်ပြန်ပေါ်လာနေပြီး ပြန်လည်မွေးဖွားနေခဲ့သည်။

“ချင်းယွင်ကျိ မင်းငါ့ကိုသတ်မရဘူး ငါပြန်လာပြီ”

ချင်းယွင်ကျိ ဖျက်ဆီးလိုက်သည့် တူညီသောပုံရိပ်များက ကလဲ့စားချေရန် အဇူရာတိမ်ကုန်းမြေတိုက်ကြီးဆီ ပြန်လာနေခဲ့ကြ၏။ ထိုကောင်များသည် သူတို့ကိုယ်သူတို့ မသေမျိုးမှန်း သိသွားပြီဖြစ်သောကြောင့် ဘာကိုမှ မကြောက်ကြတော့ပေ။

ထိုစဉ် မူလဝတ်ရုံနက်လူ စမ်းချောင်းဘေးတွင်ထိုငိနေရင်း ပြန်လည်ရှင်သန်လာသူများကို တာ၀န်ထမ်းဆောင်ဖို့ ဆက်လက်ပို့လွှတ်နေခဲ့သည်။

သို့သော် တစ်ခါတရံ သူပဟေဠိဖြစ်နေခဲ့ရ၏။ များစွာသော ဝိညာဉ်များသည် ရေထဲတွင်သာ တိတ်ဆိတ်စွာ နစ်နေပြီး သေချင်ယောင်ဆောင်နေခဲ့ကြသည်။ သူခေါ်သော်လည်း ရေထဲမှ ပြန်တက်မလာကြပေ။

“မင်းတို့ဘာလို့မလှုပ်တာလဲ” သူအေးစက်စက်မေးလိုက်၏။

သူတို့ဆီမှ ဘာတုန့်ပြန်မှုမှ ပြန်မလာခဲ့ပေ။

“မင်းတို့က ငါ့အမိန့်ကို လျစ်လျူရှုရဲသလား”

သူငေါက်လိုက်သော်လည်း ထိုပုံရိပ်များက မလှုပ်မယှက်ပင်။

၀တ်ရုံနက်လူချက်ချင်း တစ်ခုခုကို နားလည်သွားခဲ့ပြီး တုန်လှုပ်သွားဟန်ဖြင့် ရေရွတ်လိုက်မိသည်။

“မင်းတို့မှတ်ဉာဏ်တွေ ပျောက်သွားတာလား”

၀တ်ရုံနက်နောက်ဆုံးတွင် ထိုဝိညာဉ်များ၏မှတ်ဉာဏ်များ ဖျက်ခံလိုက်ရခြင်းဆိုတာ နားလည်သွားခဲ့၏။

သူတိတ်ဆိတ်သွားခဲ့သည်။

မှတ်ဉာဏ်မပါသော အခွံများဖြစ်သွားလျှင် သူတို့ကို ဘယ်နေရာတွင် သွားသုံးရပါဦးမည်နည်း။

သူလက်တစ်ချက်ကို ဝေ့ယမ်းလိုက်ရာ ဝိညာဉ်များက အဝါရောင်စမ်းချောင်ထဲ ပျော်၀င်သွားခဲ့ပြီး လုံး၀ပျောက်ကွယ်သွားခဲ့ကြ၏။ ဤတစ်ကြိမ်တွင်တော့ သူတို့တကယ် သေဆုံးသွားခဲ့ကြခြင်း ဖြစ်သည်။

“ကြည့်ရတာ ကျင့်ကြံခြင်းကမ္ဘာမှာ အစွမ်းအစရှိတဲ့လူအချို့တော့ ရှိနေသေးပုံပဲ ဒါပေမယ့် ငါမင်ခုန်းရဲ့ရှေ့မှာ မင်းတို့က ဘာမှမဟုတ်ဘူး”

ထို့နောက်သူပြန်လည်ရှင်သန်လာသော ဝိညာဉ်အသစ်များကို ဆက်ပို့လွှတ်နေလိုက်၏။

တစ်ချိန်တည်းမှာပင် လန်ကျားအထွတ်အမြတ်မြေ ရှို့ယိဘုရားကျောင်းနှင့် ယွင်ရှောင်နန်းတော်မှ ဂိုဏ်းချုပ်များအားလုံး ယွင်မုန့်စိမ့်တောရှိရာ အရပ်ဆီ သုန်မှုန်စွာ စိုက်ကြည့်နေခဲ့ကြသည်။

ယခုအခါ ထိုကောင်များက စိမ့်တောထဲက ထွက်လာနေခြင်းဖြစ်မှန်း သူတို့ သိရှိနေခဲ့ကြချေပြီ။

မရေတွက်နိုင်သော ၀တ်ရုံနက်များသည် စိမ့်တောထဲမှ အဆက်မပြတ်ထွက်ပေါ်လာနေခဲ့ပြီး မောက်မာစွာပင် သူတို့ကိုယ်သူတို့ အမတများဟု ယူဆနေခဲ့ကြ၏။

ထိုကိစ္စကြောင့် ဂိုဏ်းချုပ်ကြီးသုံးယောက်ပင် စတင် တုန်လှုပ်လာခဲ့ကြသည်။ ထိုသတ္တဝါများကို ဘယ်လိုသတ်ရမလဲဆိုတာ သူတို့အခုထိ နားမလည်နိုင်ကြသေးပေ။

ထိုစဉ် ချင်းယွင်ကျိ အဇူရာတိမ်ကုန်းမြေတိုက်ကြီး နယ်စပ်တွင် ၀တ်ရုံနက် ၃၀ ၄၀ နှင့်ရင်ဆိုင်လိုက်ရပြန်သည်။

၀တ်ရုံနက်များ အားရပါးရရယ်မောလိုက်၏။

“ချင်းယွင်ကျိ မင်းငါတို့ကိုမသတ်နိုင်ဘူး မင်းသတ်ချင်ရင်သတ်လေ ငါတို့က ပြန်လာမှာပဲ မင်းစောင့်ကြည့်ဖို့ လွတ်သွားတာနဲ့ အဲ့ဒီအချိန်လေးအတွင်းမှာ ငါတို့က အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်က လူမှန်သမျှကို သတ်ပစ်မှာကွ”

ချင်းယွင်ကျိ လှောင်ပြုံးပြံးလိုက်သည်။

“မင်းတို့ကို မသတ်နိုင်ရင် မသတ်ဘူးပေါ့ကွာ”

သူ့တာအိုပိုင်နက်ကိုသုံးကာဖိနှိပ်လိုက်ပြီး ထိုကောင်များကို မဟာဝင်္ကပါနယ်မြေထဲတွင် ဖိနှိပ်ထားလိုက်၏။

ဘာကြောင့် မသေမျိုးများကိုသတ်ပြီး အလုပ်ရှူပ်ခံနေပါမည်နည်း။

သူမှတ်ဉာဏ်ဖျက်လိုက်သော ကောင်များကို မင်ခုံးကဖျက်ဆီးပစ်လိုက်တဲ့ကိစ္စကိုတော့ သူမသိသေးပေ။ သူ့အမြင်တွင် မှတ်ဉာဏ်ဖျက်ပြီးတာတောင် သေဆုံးသွားပြီးနောက် ပျောက်ပျောက်သွားသောကြောင့် ဘာမှထူးခြားမှုမရှိဘူးဟုသာ ထင်နေခဲ့ခြင်း ဖြစ်သည်။

သို့သော် သူအကျဉ်းချပြီးနောက်တွင် ထိုကောင်များသည် အချင်းချင်းပြန်သတ်ဖြတ်ပစ်ကြပြီး လွတ်မြောက်သွားကြပြန်၏။ နောက်ဆုံးတွင် သူတို့သည် အမတများဖြစ်သောကြောင့် ဘာကိုမှ မကြောက်ကြတော့ပေ။

မျှော်လင့်ထားသလိုပင် သူတို့သေဆုံးပြီးသွားသည့်နောက် ယွင်မုန့်စိမ့်တောထဲတွင် ပြန်လည်ရှင်သန်လာခဲ့ကြသည်။

ချင်းယွင်ကျိပင် အကူအညီမဲ့သလို ခံစားလာရ၏။ ထိုကောင်များကို သတ်လည်းမသတ်နိုင်သလို အကျဉ်းလည်းမချနိုင်လေရာ သူဘာလုပ်ရပါတော့မည်နည်း။

၀တ်ရုံနက်များ အဇူရာတိမ်ကုန်းမြေတိုက်ကြီးကို သုံးကြိမ်မြောက်တိုက်ခိုက်သောအခါ ချင်းယွင်ကျိ သူတို့ကို ကိုယ့်ကိုကိုယ်ပြန်မဖျက်ဆီးနိုင်အောင်ပါ တကိုယ်လုံးကိုဖိနှိပ်ပြီး ဂိုဏ်းဆီ ခေါ်လာခဲ့၏။

ထို့နောက် သူကျန်းယန်ဆီခေါ်သွားခဲ့လိုက်သည်။

“ကောင်စုတ်လေး မင်းမှာဒီကောင်တွေကို သတ်နိုင်တဲ့နည်းလမ်းတစ်ခုခုရှိလား” သူမေးလိုက်၏။

ကျန်းယန်သည် တ‌စ္ဆေ မိစ္ဆာ မွန်းစတား လမ်းစဉ်မျိုးစုံကို ကျင့်ကြံသူဖြစ်သောကြောင့် သူ့တွင် အဖြေတစ်ခုခု ရှိနိုင်ပေသည်။

သေချာစစ်ဆေးပြီးနောက် ကျန်းယန် အံ့အားတကြီး ရေရွတ်လိုက်၏။

“ဆရာ ဒီကောင်တွေက ဘယ်ကလာတာလဲ သူတို့ကိုယ်ပေါ်မှာ သေဆုံးခြင်းတာအိုစွမ်းအား ရှိနေတယ်”

ချင်းယွင်ကျိမျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။

“ဒါဆို သူတို့က တစ္ဆေဘုံကလား”

သူကျန်းယန်ကိုဒေါသတကြီး တစ်ချက်ကြည့်လိုက်၏။

“ဒီမကောင်းဆိုးဝါးတွေပေါ်လာတာ အံ့ဩစရာမဟုတ်တော့ပါဘူး….မင်းလက်ချက်ကိုးကွ”

ထိုမကောင်းဆိုးဝါးများသည် ကျန်းယန်တို့ တစ္ဆေဂိတ်တံခါးကို ဖွင့်ခဲ့စဉ်က လွတ်မြောက်လာခဲ့သော တစ္ဆေများသာဖြစ်ရမည်ဟု သူသေချာသလောက် ဖြစ်သွားခဲ့သည်။

“ကျွန်တော် ကိုင်တွယ်လိုက်ပါမယ်” ကျန်းယန် ရယ်ကျဲကျဲဖြင့် ၀တ်ရုံနက်တစ်ယောက်နား ချဉ်းကပ်သွားခဲ့၏။

“ဆိုတော့ တစ္ဆေတွေကဒီလိုပုံကိုး”

၀တ်ရုံနက်လှောင်ပြောင်လိုက်သည်။

“မင်းဆရာတောင်ငါတို့ကို မသတ်နိုင်တာ မင်းကဘာလုပ်နိုင်မှာလဲ”

သူတို့ကိုဖိနှိပ်ထားသောကြောင့် သူတို့ကိုယ်သူတို့မဖျက်ဆီးနိုင်ပါသော်လည်း ၀တ်ရုံနက်များ ကြောက်မနေကြပေ။

ကျန်းယန် ထိုပုံရိပ်ကို ဂရုစိုက်၍ ကြည့်ရှုလိုက်၏။

“ငါ့ဆရာက မင်းတို့ကိုမသတ်နိုင်တာမဟုတ်ဘူး မင်းတို့မှာ လှည့်ကွက်လေးတစ်ခုရှိနေရုံပါကွာ”

ကျန်းယန်ပြောပြီးနောက် ထိုပုံရိပ်၏ ၀တ်ရုံကိုဆွဲကိုင်လိုက်သည်။ အခြားသူများက ထို၀တ်ရုံကို မထိနိုင်သော်လည်း ကျန်းယန်ထိလိုက်သောအခါ ၀တ်ရုံက သေခြင်းတာအိုစွမ်းအင်အဖြစ်ပြောင်းလဲသွားပြီး သူ့အခြေတည်ဝိညာဉ်၏ စုပ်ယူခြင်းကို ခံလိုက်ရလေသည်။

၀တ်ရုံမရှိတော့သောအခါ ဝေဝါးနေသော ဝိညာဉ်ပုံရိပ်တစ်ခု ၀တ်ရုံအောက်မှ ပေါ်ထွက်လာခဲ့၏။

“ဆရာ” ကျန်းယန် ဝိညာဉ်ကိုလက်ညှိုးထိုးကာ ပြောလိုက်သည်။

“အခုသူတို့နဲ့ သေခြင်းတာအိုရဲ့ဆက်နွယ်မှုကို ဖြတ်တောက်ပြီးသွားပြီ အခု သူတို့ကိုတကယ်သတ်လို့ရပြီ”

“ဆရာကိုယ်တိုင်လုပ်ချင်လား ဒါမှမဟုတ် ကျွန်တော်လုပ်လိုက်သင့်လား”

ချင်းယွင်ကျိ သူ့ကိုထူးဆန်းစွာ ကြည့်လိုက်၏။

“ကောင်စုတ်လေး ဒါကသန့်စင်တဲ့ဝိညာဉ်စွမ်းအင်နဲ့ တာအိုစွမ်းအားလေ”

ကျန်းယန် တခဏငေးကြောင်သွားပြီးနောက် ချက်ချင်းနားလည်သွားခဲ့လေသည်။ သူ့မျက်လုံးများက ဝတ်ရုံနက်များကိုစိုက်ကြည့်နေရင်း လောဘရောင်များ တောက်လာခဲ့၏။

“ဟီးဟီး…ဆရာ အမတသန့်စင်အမွှေးတိုင်အိုး ဘယ်မှာလဲ”

အပိုင်း(၄၀၄)

အမတသန့်စင်အမွှေးတိုင်အိုး ဆင့်ကဲပြောင်းလဲခြင်း

ကျန်းယန် ၀တ်ရုံနက်၀တ်လူများဆီမှ ၀တ်ရုံနက်များကို ဆွဲဖြုတ်ကာ သူတို့နှင့် သေခြင်းတာအို၏ချိတ်ဆက်မှုကို ဖြတ်တောက်ပစ်လိုက်သည်။

ထို့နောက် သူအားလုံးကို အမတသန့်စင်အမွှေးတိုင်အိုးထဲ ပစ်ထည့်လိုက်၏။

ယခုအခါ သူတို့တွင် သန့်စင်သော ဝိညာဉ်နှင့်တာအိုစွမ်းအင်သာကျန်ရှိတော့သောကြောင့် အမတသန့်စင်အမွှေးတိုင်အိုးအတွက် အကောင်းဆုံးအာဟာရဖြစ်လာခဲ့သည်။ မကြာခင်တွင် အမတလက်နက်တစ်ခု မွေးဖွားလာပေတော့မည်။

ဝိညာဉ်ကိုယ်ထည် ၂၃ခု ထိတ်လန့်သလို ခံစားနေရသော်လည်း ကြောက်တော့ မကြောက်ရွံ့ပေ။ အရင်ကတည်းက သူတို့သည် သူတို့ကိုယ်သူတို့ စစ်မှန်သော မသေမျိုးများဟု ယုံကြည်ပြီးဖြစ်သောကြောင့် ဖြစ်၏။

ကျန်းယန်နည်းလမ်းများက ထူးဆန်းကာ သူတို့၀တ်ရုံကို ဖယ်ရှားလိုက်နိုင်သော်လည်း သူတို့ကို တကယ်သတ်ပစ်နိုင်မည်လို့တော့ သူတို့မယုံပေ။

ထို့ကြောင့် အားလုံးအမွှေးတိုင်အိုးထဲ ပစ်ထည့်ခံလိုက်ရသော်လည်း ငိုသံပင် ထွက်မလာပေ။ သူတို့ကိုယ်သူတို့ မသေမျိုးများဟု ယုံကြည်နေကြဆဲပင်။

ထို့နောက် သူတို့သေဆုံးသွားခဲ့ကြသည်။

ယွင်မုန့်စိမ့်တောထဲတွင် ရုတ်တရက် မင်ခုံး အံ့အားသင့်သွားခဲ့၏။

အဘယ်ကြောင့် ရုတ်တရက် သူ့သေခြင်းတာအိုက မပြည့်စုံတော့သလို ခံစားလိုက်ရပါသနည်း။

အဝါရောင်စမ်းချောင်းမှ ပြန်လည်ရှင်သန်လာသူများ တောက်လျှောက်ထွက်လာနေသောကြောင့် သူ့ဘယ်အဖော် ပျောက်ဆုံးသွားတာလဲဆိုတာ သူအဖြေမရှာနိုင်ခဲ့ပေ။ သို့သော် ထို၀တ်ရုံက သူ့သေခြင်းတာအိုနှင့်ချိတ်ဆက်နေသောအရာဖြစ်သောကြောင့် သူ့တာအိုတစ်စိတ်တစ်ပိုင်း ပျောက်ဆုံးသွားတာကို သူအာရုံခံမိပေသည်။

ဆုံးရှူံးမှုက သေးငယ်သောကြောင့် သူထိုကိစ္စအပေါ် အများကြီးတော့ အာရုံစိုက်မနေခဲ့ပေ။

ထိုစဉ် ဝိညာဉ်များစွာကို သန့်စင်ပြီးနောက် အမတသန့်စင်အမွှေးတိုင်အိုးသည် များစွာသော ဝိညာဉ်စွမ်းအင်များနှင့်တာအိုစွမ်းအင်များအား စုပ်ယူနိုင်လိုက်တာကို ချင်းယွင်ကျိ တွေ့ရှိသွားခဲ့၏။ သူ့စိတ်ဝိညာဉ်ကပင် များစွာ ပိုမိုကြီးထွားလာခဲ့သည်။

အမွှေးတိုင်အိုးသည် ယခုအခါ အမတအဆင့်သို့ တက်ရောက်ဖို့ ခြေတစ်လှမ်းတည်းသာ လိုပေတော့သည်။

“နည်းနည်းလေးပဲ လိုမှာ” ချင်းယွင်ကျိ သေချာအကဲဖြတ်ပြီးနောက် ပြောလိုက်၏။

“သူ့တာအိုက ပြည့်စုံလုနီးနီးဖြစ်နေပြီ ပြည့်စုံသွားတာနဲ့ ချက်ချင်း တက်လှမ်းသွားလိမ့်မယ် ပြီးရင်တော့ အဇူရာတိမ်ဂိုဏ်းမှာ အမတလက်နက် ၈ခု ရှိသွားပြီပေါ့ကွာ”

ကျန်းယန် ချက်ချင်းမေးလိုက်သည်။

“ဘာလိုနေတာလဲဆရာ အမြန်ရှာပြီး သူ့ဆင့်ကဲပြောင်းလဲခြင်း ပြည့်စုံသွားအောင် လုပ်ကြမယ်လေ ဘဏ္ဍာတိုက်ထဲမှာ သူစုပ်ယူဖို့ လိုတာတစ်ခုခုရှိရင် ရှိနေလောက်မှာ”

ချင်းယွင်ကျိ ခေါင်းခါပြလိုက်၏။

“သူလိုနေတာ ပစ္စည်းတွေမဟုတ်တော့ဘူး သူလိုနေတာက တာအိုနဲ့ကံကြမ္မာပဲ အဲ့ဒီအစိတ်အပိုင်းလေး ပြည့်စုံသွားတာနဲ့ သူက ချက်ချင်း အမတရတနာအဖြစ် အသွင်ပြောင်းသွားလိမ့်မယ်”

“ဒါပေမယ့် အမတလက်နက်တွေက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တွေလိုပဲ ကပ်ဘေးဖြတ်ကျော်ရတယ် အဲ့ဒီအပိုင်းကတော့ ဒုက္ခများလိမ့်မယ်”

“ကျွန်တော်တို့ ကပ်ဘေးဖြတ်ကျော်တဲ့ကိစ္စကို နောက်မှ စိတ်ပူရမယ်” ကျန်းယန် တွေးတွေးဆဆပြောလိုက်သည်။

“အရင်ဆုံး ကျွန်တော်တို့ အမွှေးတိုင်အိုးကို ပြည့်စုံအောင်လုပ်ပေးရမယ် ကျွန်တော်ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ခန်းမထဲက ယူလာတဲ့ ကျောက်တုံးနဲ့ရေတွေဆိုရင်ရော ဆရာအဲ့တာတွေကို လေ့လာပြီးပြီလား အဲ့တာတွေက အမွှေးတိုင်အိုးကို သန့်စင်တဲ့နေရာမှာ ကူညီပေးနိုင်လောက်လား”

ထိုရေနှင့်ကျောက်တုံးများသည် အစက သာမန်ပစ္စည်းများသာ ဖြစ်ခဲ့သော်လည်း စွမ်းအားကြီးတည်ရှိမှုများ၏ အရိပ်အယောင်များကို သယ်ဆောင်ထားသောကြောင့် ထူးခြားသည့် ပစ္စည်းများ ဖြစ်လာခဲ့ရခြင်း ဖြစ်သည်။ ထိုပစ္စည်းများက အမွှေးတိုင်အိုးလိုအပ်နေသည့် နောက်ဆုံးအခွင့်အရေး ဖြစ်လာနိုင်၏။

“သူတို့အဆင့်က ငါ့ထက် အများကြီးမြင့်နေတယ် ငါအဲ့တာတွေထဲက အရာအချို့ကိုပဲ ဝိုးတဝါးအာရုံခံလို့ရတယ် ငါအဲ့တာတွေထဲက ဘာအမြင်မှ မရခဲ့ဘူးဆိုမှတော့ ဒါတွေက တကယ်ပဲ အမွှေးတိုင်အိုးအတွက် နောက်ဆုံးအခွင့်အရေး ဖြစ်လာလောက်တယ်”

သူရေနှင့်ကျောက်တုံးများကို အမွှေးတိုင်အိုးထဲထည့်ပြီးနောက် သန့်စင်ခြင်း လုပ်ငန်းစဉ်ကို စတင်လိုက်လေသည်။

ထိုအခါ ဆန်းကြယ်သောစွမ်းအင်များ အမွှေးတိုင်အိုးထဲတွင် စီးဆင်းလာခဲ့ပြီး အမွှေးတိုင်အိုးသည် ပြီးပြည့်စုံသော အခြေအနေနှင့် ပိုမိုနီးကပ်လာခဲ့၏။ သို့သော်လည်း နောက်ဆုံးတွင် အမတလက်နက်နှင့်စိတ်ဝိညာဉ်လက်နက်ကြားက မျဉ်းကိုမဖြတ်နိုင်ဘဲ ကျရှုံးခဲ့ရသည်။

“အခွင့်အလမ်းက ရောက်လာပြီ” ချင်းယွင်ကျိ သက်ပြင်းချလိုက်၏။

“ဒါပေမယ့် သူ့မှာ တာအိုနဲ့အနှစ်သာရရဲ့ နောက်ဆုံးအငွေ့အသက်တစ်ခုလိုနေတုန်းပဲ”

အမတလက်နက်တစ်ခုဖန်တီးရခြင်းသည် ဘယ်တုန်းကမှ မလွယ်ကူခဲ့ပေ။

သို့သော် အဇူရာတိမ်ဂိုဏ်းတွင် ၈ခုမြောက် အမတလက်နက်ရှိလာတော့မည်ဖြစ်ပြီး အချိန်အပိုင်းအခြားလေးတစ်ခုသာ လိုတော့ခြင်းဖြစ်မှန်း ချင်းယွင်ကျိ ယုံကြည်ပေသည်။

အမွှေးတိုင်အိုးသာ အောင်မြင်သွားခဲ့လျှင် သူသည် သာမန်မဟုတ်သော အမတလက်နက်တစ်ခုဖြစ်လာမှာ သေချာ၏။

အမွှေးတိုင်အိုးသည် အထွတ်အထိပ်အဆင့် စိတ်ဝိညာဉ်လက်နက်တစ်ခု ဖြစ်နေပြီးသား ဖြစ်သည်။ အခုလို မဟာတာအိုနှင့်ပေါင်းစပ်ပြီး စွမ်းအားကြီးတည်ရှိမှုကြီးများ၏ အငွေ့အသက်များကို စုပ်ယူလိုက်သောအခါ သူသည် အောင်မြင်သွားသည်နှင့် သာမန်ထက်ထူးခြားသော အမတလက်နက်တစ်ခု ဖြစ်လာမှာ သေချာ၏။

“ဆရာ အဲ့ဒီ၀တ်ရုံနက်တွေက ဘယ်ကလာတာလဲ” ကျန်းယန် အလောတကြီး မေးလိုက်လေသည်။

“ကျွန်တော်တို့ထပ်ဖမ်းပြီး အမွှေးတိုင်အိုးကို သန့်စင်ခိုင်းလိုက်ရင် သူ့အတွက် ပြီးပြည့်စုံဖို့ အခွင့်အရေး ပိုများလာနိုင်တယ်”

“ငါတို့စောင့်ရမယ်” ချင်းယွင်ကျိ ပြန်ပြောလိုက်၏။

သူပင်လျှင် ထို၀တ်ရုံနက်များ ဘယ်နေရာကလာသလဲ အတိမကျမသိပေ။ တစ္ဆေဂိတ်တံခါးကိုဖွင့်ဖို့ကလည်း နောက်ဆုံးတစ်ခေါက် ကြောက်စရာတည်ရှိမှုကြီး ပေါ်လာပြီးကတည်းက သူတို့ မလုပ်ရဲတော့ပေ။

ထိုစဉ် ကျင့်ကြံခြင်းကမ္ဘာကြီးတစ်ခုလုံး ဖရိုဖရဲဖြစ်နေခဲ့သည်။

၀တ်ရုံနက်များက နေရာအနှံ့တွင် ပေါ်လာနေပြီး အကြောက်တရားကင်းမဲ့စွာ တိုက်ခိုက်နေခဲ့ကြ၏။ သူတို့ကိုသတ်လိုက်နိုင်လျှင်တောင် တခဏအကြာတွင် အရင်အတိုင်းပင် ပြန်ပေါ်လာကြသည်သာ။

၀မ်လင်းဂိုဏ်းတွင် ကျိုးရွှမ်ရှန်း ဒေါသထွက်နေခဲ့သည်။

“အဇူရာတိမ်ဂိုဏ်းပဲ ဖြစ်ရမယ် ဒီမကောင်းဆိုးဝါးကောင်တွေထွက်လာတာ ကျိန်းသေပေါက် သူတို့လက်ချက်ပဲ”

ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ဖြစ်သောသူသည် ထို၀တ်ရုံနက်များကိုယ်ပေါ်က သေခြင်းတာအိုကို အာရုံခံမိသော်လည်း သူကိုယ်တိုင်ပင် ထိုကောင်များကို သေအောင် မသတ်နိုင်ပေ။

နောက်ဆုံးတွင် သေခြင်းတရားကကာကွယ်ပေးထားသော တည်ရှိမှုများကို ဘယ်လိုသတ်၍ရပါမည်နည်း။

အဇူရာတိမ်ဂိုဏ်းက မိစ္ဆာများနှင့်ပတ်သက်ပြီး နာမည်ကျော်သောကြောင့် သဘာ၀အားဖြင့် ကျိုးရွှမ်ရှန်း သူတို့ကိုသာ အရင် သံသယ၀င်ခဲ့သည်။

၀တ်ရုံနက်တစ်အုပ်ကို သတ်ပြီးနောက် ကျိုးရွှမ်ရှန်း ကျန်းတောက်ကို အော်ပြောလိုက်၏။

“ကျန်းတောက် အဇူရာတိမ်ဂိုဏ်းကိုသွား သူတို့ ဘာလုပ်ဖို့ကြိုးစားနေတာလဲ သွားမေးခဲ့”

ကျန်းတောက်အလျင်အမြန်ပင် အဇူရာတိမ်ဂိုဏ်းဆီရောက်သွားခဲ့ပြီး ကျန်းယန်နှင့်ရင်ဆိုင်ခဲ့လေသည်။

“မင်းတို့ဘာလို့ ပြဿနာဖြစ်အောင် အဲ့ဒီ၀တ်ရုံနက်တွေကို ငါတို့ဆီပို့နေတာလဲ”

ထိုစကားကိုကြားသောအခါ ကျန်းယန် မျက်လုံးများ တောက်ပသွားခဲ့၏။ သူသည် ထို၀တ်ရုံနက်များကို ဘယ်မှာထပ်ရနိုင်မလဲ သိချင်နေသူ မဟုတ်ပါလော။

“စီနီယာ ကျေးဇူးပြုပြီး ကျွန်တော်တို့ကိုမှားယွင်းမစွပ်စွဲလိုက်ပါနဲ့” ကျန်းယန် လေးလေးနက်နက်ပြောလိုက်သည်။

“မကြာသေးခင်က အဇူရာတိမ်ကုန်းမြေတိုက်ကြီးလည်း ၀တ်ရုံနက်တွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်

သာမန်နည်းလမ်းတွေနဲ့ သူတို့ကို သတ်လို့မရဘူး အဲ့တာကြောင့် ကျွန်တော်တို့က သူတို့ကို အဇူရာမဟာတိမ်၀င်္ကပါထဲမှာ ချိတ်ပိတ်ထားလိုက်ရတယ် ကျွန်တော်တို့ ၀င်္ကပါက မိစ္ဆာတွေကိုတောင် ဖိနှိပ်နိုင်တာ ဒီလိုသာမန်၀တ်ရုံနက်လေးတွေက ၀င်္ကပါရဲ့ ဖိနှိပ်မှုအောက်က ဘယ်လွတ်မြောက်နိုင်မှာလဲ

ကျွန်တော် စီနီယာတို့ရဲ့ ဆုံးရှုံးမှုကို တကယ်ပဲလေးလေးနက်နက်ကိုယ်ချင်းစာမိပါတယ် အဇူရာတိမ်ဂိုဏ်းဆိုတာကလည်း ငြိမ်းချမ်းရေးနဲ့တာ၀န်၀တ္တရားကို မြတ်နိုးတန်ဖိုးထားတဲ့ ဂိုဏ်းမဟုတ်လား အဲ့တာကြောင့် ကျွန်တော်တို့က ကူညီချင်ပါတယ် စီနီယာတို့သာ အခကြေးငွေပေးမယ်ဆိုရင် အဲ့ဒီမကောင်းဆိုးဝါးတွေကို ၀င်္ကပါထဲမှာ ချိတ်ပိတ်ပေးပါ့မယ်”

“သူတို့ကို လုံး၀ပျောက်သွားအောင်သတ်ပစ်ဖို့ကတော့ လတ်တလောနည်းလမ်းမရှိသေးပါဘူး”

ကျန်းတောက်မျက်မှောင်ကြုံ့သွားခဲ့သည်။ အဇူရာတိမ်ဂိုဏ်းသည် တကယ်ကြီး တိုက်ခိုက်ခံနေရခြင်းပေလော။

ကျန်းယန် လေးလေးနက်နက်ဆက်ပြောလိုက်၏။

“ကျွန်တော်တို့ဂိုဏ်းတွေကြားထဲ အရင်က ပဋိပက္ခတွေရှိခဲ့တယ်ဆိုပေမယ့် အခုလို ကျင့်ကြံခြင်းကမ္ဘာကြီးတစ်ခုလုံးနဲ့ ဆိုင်တဲ့ကိစ္စမျိုးမှာတော့ ကျွန်တော်တို့ဘက်က မနောက်ပြောင်ရဲပါဘူး

စီနီယာတို့လည်း ဂရုစိုက်သင့်တယ် အခုတလော လန်ကျားအထွတ်အမြတ်မြေ ရှို့ယိဘုရားကျောင်းနဲ့ ယွင်ရှောင်နန်းတော်နယ်မြေတွေမှာ ဂိုဏ်းတစ်ဂိုဏ်းလုံး အစအနမကျန်အောင် ပျောက်သွားတဲ့ ဖြစ်ရပ်မျိုးတွေ ဖြစ်နေတယ်

ကမ္ဘာကြီးကတစ်နေ့တစ်ခြား ပိုပို ဖရိုဖရဲဖြစ်လာပြီ

စီနီယာမယုံရင် သူတို့ကို ကိုင်တိုင်သွားမေးကြည့်လိုက်ပါ”

“ကောင်းပြီ ငါစုံစမ်းကြည့်မယ်” ကျန်းတောက်ပြန်ပြောလိုက်ပြီးနောက် ရုတ်တရက်ရပ်ကာ မေးလိုက်၏။

“တကယ်လို့ ငါတို့က၀တ်ရုံနက်တွေကို အဇူရာတိမ်ဂိုဏ်းမှာ ချုပ်ထားဖို့ ‌ပို့ပေးမယ်ဆိုရင် ငါတို့ဘက်က ဘယ်လောက်ကုန်ကျမှာ”

ကျန်းယန် အေးအေးဆေးဆေးပြန်ဖြေလိုက်သည်။

“အင်း…ကျွန်တော်တို့က တာအိုမိတ်ဆွေတွေပဲဆိုတော့ ၀တ်ရုံနက်တစ်ကောင်ကို စိတ်ဝိညာဉ်ကျောက်တုံး ၁သန်းပဲ ယူမယ်ဗျာ တစ်ခါပေးရုံပဲ ပေးလိုက်ပြီးတာနဲ့ အဲ့ကောင်နဲ့ပတ်သက်ပြီး ဘာမှစိတ်ပူစရာမလိုတော့ဘူး”

ကျန်းတောက်ခေါင်းငြိမ့်လိုက်၏။ ပထမဆုံးအကြိမ်အနေနှင့် ကျန်းယန်သည် ရိုးသားပါလားဟု သူတကယ်ကြီး ထင်မြင်မိနေခဲ့သည်။

သို့သော် မဆုံးဖြတ်ခင် သူလန်ကျားအထွတ်အမြတ်နယ်မြေဆီ သွားမေးဖို့ လိုနေသေးသည်။ ထိုနေရာတွင်လည်း တကယ်ကြီး ဒုက္ခရောက်နေသည်ဆိုလျှင်တော့ ၀တ်ရုံနက်များကို အဇူရာတိမ်ဂိုဏ်းဆီ လွှဲပေးလိုက်တာက အကောင်းဆုံး ‌ေရွးချယ်စရာဖြစ်နေပေလိမ့်မည်။

All Chapters