← Chapters

အခန်း ၁၆၁

Vol. 17 Ch. 161

အခန်း ၁၆၁

Vol. 17 Ch. 161

အခန်း (၁၆၁) - ထုနှင့်ထည်နှင့် ဧည့်သည်တော်များ ရောက်ရှိလာခြင်း

ရှောင်ကျူး၊ ယွန်းရီ၊ မူရုံပိုင်ချွမ်းနှင့် အခြားသူတို့သည် တစ်စစီဖြစ်လုနီးပါး ပျက်စီးသွားသော အကြီးစားလက်နက်ကြီးကို ငေးကြည့်ရင်း နှမြောတသဖြစ်နေကြသည်။

ရွှေဒင်္ဂါးသန်းပေါင်းတစ်ရာဆိုသည့် ပမာဏမှာ မျက်စိတစ်မှိတ်အတွင်း

အငွေ့ပျံသွားခြင်းပင်။ လမင်းကိုးကွယ်သူများဂိုဏ်းကိုလည်း သူတို့ကျိန်ဆဲမိကြသည်။

“ဒီကောင်လေး…မှားလို့..ဆိုင်ရှင်က ဒီလောက်အခြေအနေဆိုးနေတဲ့ လက်နက်ကြီးကို ပြန်ပြင်ပေးနိုင်ပါ့မလား” ဟု

မူရုံပိုင်ချွမ်းက မေးခွန်းထုတ်လိုက်သည်။

ချူဟဲ့က ပခုံးတွန့်၍ “ဒီအတိုင်းတော့ ပြောရခက်တာပေါ့။ ဒါပေမဲ့ အကြီးအကဲကတော့

ဒီအကြီးစားလက်နက်တွေအတွက် နောက်ဆက်တွဲ ထိန်းသိမ်းပြုပြင်ပေးတဲ့

ဝန်ဆောင်မှု ရှိတယ်လို့ ပြောဖူးတယ်” ဟု ပြန်ဖြေလိုက်သည်။

ဤစကားကြောင့် မူရုံပိုင်ချွမ်း၏ မျက်လုံးများ အရောင်လက်သွားကြ၏။

“ဒါဆိုရင်..ပြန်ပြင်လို့ ရနိုင်သေးတာပေါ့။ သွားကြစို့..ဆိုင်ပြန်ပြီး အကြီးအကဲကို

မေးကြည့်ရအောင်.. ရွှေသန်းတစ်ရာဖိုးတောင် သုံးထားတာ ဒီအတိုင်း အမှိုက်ပုံထဲ

ပစ်ထားရရင်တော့ နှမြောစရာကြီး”

“ကောင်းကင်ဂိုဏ်းတိုက်မှ တပည့်တို့၊ ငါတို့နဲ့အတူ လိုက်ခဲ့ကြ”

လော့ရှောင်က လက်ကိုဝှေ့ယမ်းလိုက်သည်။

“မြေပြင်ဂိုဏ်းတိုက်ကလည်း လိုက်မယ်”

“အားလုံးပဲ သွားကြစို့”

လော့ရှောင်နှင့် ဂိုဏ်းတိုက်အကြီးအကဲများသည် ဤမိုဘိုင်းဖုန်းဟုခေါ်သော ပစ္စည်းကို

အလွန်စိတ်ဝင်စားနေကြသည်။ ဤမှော်ဆက်သွယ်ရေးစနစ်သည် လေးမျက်နှာဂိုဏ်းအတွက်

အလွန်အသုံးဝင်သည်။ အကယ်၍ လူတိုင်းတွင် တစ်လုံးစီ ရှိနေမည်ဆိုပါက

မိုင်ထောင်ချီဝေးကွာနေသော်လည်း အချိန်မရွေး ဆက်သွယ်နိုင်မည်ဖြစ်ရာ

လုပ်ငန်းဆောင်တာများမှာ နှစ်ဆပိုမိုထိရောက်လာပေလိမ့်မည်။

ဆိုင်အတွင်းတွင် လီယွဲ့သည် ထောင့်တစ်နေရာတွင် ပေါ့ပေါ့ပါးပါး လှဲလျောင်းနေသည်။ သူ၏

ရှေ့တွင် သူတစ်ယောက်တည်းသာ မြင်နိုင်သော အီလက်ထရောနစ် ဖန်သားပြင်တစ်ခု

လွင့်မျောနေ၏။ အသစ်သော အရောင်းပမာဏ တာဝန်ပြီးမြောက်သွားသဖြင့်

ဆုလက်ဆောင်များ ချီးမြှင့်ခံရသည်။ သူ၏ “ဧကရာဇ်နယ်မြေ” က တစ်ထောင်စတုရန်းမီတာအထိ ကျယ်ပြန့်သွားပြီး

ပိုမိုကြီးမားလာသည်။ ဤသည်ကို မြင်သောအခါ လီယွဲ့က

အံ့အားသင့်စွာပင် “အမလေးလေး” ဟု ရေရွတ်မိသည်။

“ပုံစံများ စုဆောင်း၍ ဆုရယူခြင်း”

ကစားနည်းမှာ ရိုးရှင်းသည်။

ကောင်းကင်နဂါး၊ အဖြူရောင်ကျား၊ အနီရောင်ငှက်နှင့် အနက်ရောင်လိပ် ပုံစံလေးမျိုးကို

စုဆောင်းနိုင်ပါက ဆိုင်တွင် ဆုလက်ဆောင်များ လာရောက်လဲလှယ်နိုင်သည်။

ဆုလက်ဆောင်များမှာလည်း

စွမ်းရည်မြှင့်ဆေးရည်၊ အသက်ဓာတ်ဆေးရည်၊

ကောင်းကင်အဆင့် မှော်လက်နက်များနှင့် ကောင်းကင်အဆင့်

ဝိညာဉ်အိမ်မွေးတိရစ္ဆာန်များအထိ

ပေါများလှသည်။ ပုံစံများကိုမူ ကံစမ်းမဲကတ်များမှတစ်ဆင့် ရရှိမည်ဖြစ်ပြီး

ကတ်တစ်ကတ်လျှင် ရွှေဒင်္ဂါး ၂၀ သာ ကျသင့်သည်။

လီယွဲ့က မိမိကိုယ်ကို ပြုံးစစဖြင့် တွေးနေမိသည်။ ဤသည်မှာ သူ၏ မူလကမ္ဘာမှ

နှစ်သစ်ကူးကာလ “ငါးပါးသော ကောင်းချီးမင်္ဂလာ စုဆောင်းခြင်း”

နှင့် ဆင်တူလှသည်။ သို့သော် ဤလောကတွင်မူ ထိုမျှ ရိုးရှင်းမည်မဟုတ်ကြောင်း

သူသိသည်။

“နှစ်ရောင်စုံ လောင်းကစားမဲကို စတင်ပါပြီ”

ဂျင်မန်ထန်းနှင့် အခြားသူတို့မှာ

ကောင်တာရှေ့သို့ ရောက်လာကြသည်။ သူသည်

ရွှေဒင်္ဂါးရှစ်သောင်းဖိုးဖြင့်

ပေါင်းစပ်လောင်းကစားကတ်ကို ဝယ်ယူထားသည်။

“ထွက်လာပြီ…..ထွက်လာပြီ”

အထူးပြုလုပ်ထားသော ဂိမ်းစက်သည် ဝုန်းဝုန်း ဝုန်း

ဝုန်း ဟု မြည်ကာ အနီရောင်ဘောလုံးများကို တစ်လုံးပြီးတစ်လုံး

ထုတ်ပေးလိုက်သည်။

“၃၁၊ ၂၁၊ ၂၂၊ ၁၆၊ ၁၊ ၂၇၊ ၂၉…အပြာရောင်ဂဏန်းက ၁၃။”

“ဒါဘယ်လို နံပါတ်တွေလဲကွာ… ကွာဟချက်က အရမ်းများလွန်းတယ်။ ၁ ပြီးရင် ၁၆ တောင်… ဒါဘယ်သူမှ ပေါက်မှာမဟုတ်ဘူး…” ဆိုပြီး လူအချို့က ညည်းတွားကြသည်။

သို့သော် ဂျင်မန်ထန်းမှာမူ အနည်းငယ် စိတ်လှုပ်ရှားနေသည်။ သူသည် ၄+၁ အထိ မှန်ကန်ခဲ့သော်လည်း ရွှေနှစ်သောင်း ဆုံးရှုံးသွားခဲ့သည်။ သို့သော် သူ၏ မျက်နှာတွင် စိတ်ပျက်မှု မရှိ… ဂိမ်းစက်၏ စွဲလမ်းဖွယ်ကောင်းသော အရသာကို ခံစားရင်း မူမမှန်တော့သော စိတ်အခြေအနေသို့ ရောက်ရှိနေလေသည်။

ဆိုင်ရှေ့တွင်လည်း လူပေါင်းထောင်ချီ ရောက်ရှိလာသဖြင့် တိတ်ဆိတ်နေသော လမ်းမှာ

ကြိတ်ကြိတ်တိုး စည်ကားသွားသည်။ လေးမျက်နှာဂိုဏ်းမှ လူများအပြင် နတ်ဆိုးသတ်ဂိုဏ်းသားများပါ ရောက်ရှိလာကြသည်။ လီယွဲ့က လူအုပ်ကြီးကိုမြင်သော် နေရာမဆန့်တော့မည်ကို သိလိုက်ရသည်။ သူသည် စိတ်အာရုံကို

သုံးလိုက်သည်။

“ဝုန်း...”

ဆိုင်နံရံများသည် အလိုအလျောက် ရွေ့လျားသွားပြီး နေရာကို ချက်ချင်းပင် ကျယ်ပြန့်‌အောင်တိုးချဲ့လိုက်သည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသော လူများမှာ အံ့သြ၍ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

“အံ့သြစရာပဲ…နံရံတွေက အသက်ဝင်နေသလိုပဲ”

“ဒါ အကြီးအကဲရဲ့ နတ်ဘုရားစွမ်းအားပဲ”

“သူတို့လူအရမ်းများနေလို့ နေရာချဲ့ပေးလိုက်တာ”

လန်းချိုးနှင့် ဟန်ယန်တို့မှာ လီယွဲ့ထံသို့ ချဉ်းကပ်လာသည်။

“အသက်ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲ” လီယွဲ့က လက်ကိုခါယမ်း၍

“ကိစ္စမရှိပါဘူး….ခင်ဗျားတို့က အသစ်ရောက်လာတာမလား၊ ဆိုင်ထဲမှာ လှည့်ပတ်ကြည့်ကြပါဦး” ဟုသာ တုံ့ပြန်လိုက်သည်။

ခဏအကြာတွင် ဆိုင်အတွင်းသို့ လူပေါင်းလေးထောင်ခန့် စီးဝင်သွားကြသည်။

မိုဘိုင်းဖုန်းများ ဝယ်ယူကြသည်။

ဟွမ်ဖူရှန်းကဲ့သို့သော ဖောက်သည်ဟောင်းများက

အကောင့်ဖွင့်နည်းနှင့် လူမှုကွန်ရက်သုံးစွဲနည်းများကို သင်ပေးကြသည်။

လီယွဲ့မှာလည်း ရွှေဒင်္ဂါးသန်းလေးဆယ်ကျော်ကို ခဏချင်းအတွင်း

ရရှိသွားသဖြင့် အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေတော့သည်။

All Chapters