← Chapters

အခန်း ၁၇၀

Vol. 17 Ch. 170

အခန်း ၁၇၀

Vol. 17 Ch. 170

အခန်း (၁၇၀) - လူကြိုက်များသော တိုက်ရိုက်ထုတ်လွှင့်မှု

“ဂိုဏ်းမန်နေဂျာများ၊ မိသားစု အဆင့်မြင့်ပုဂ္ဂိုလ်များခင်ဗျား... ကျွန်တော့်ရဲ့

ဗီဒီယိုကို မြင်မိတယ်ဆိုရင် ခဏလောက် အချိန်ပေးပြီး နားထောင်ပေးကြပါ။”

“ဒီတစ်ခုကတော့ ကျွန်တော်တို့ ဆီမာမိသားစုက အသစ်ထုတ်လုပ်လိုက်တဲ့

‘မီးတောက်ဝိညာဉ်ဓား’ ဖြစ်ပါတယ်။

ကောင်းကင်တောင်တန်းမှ ရရှိတဲ့

သံရိုင်းကောင်းတွေကို အသုံးပြုပြီး

ပေါင်းစပ်ဖန်တီးထားတာပါ။ အဝါရောင်အဆင့် မှော်လက်နက်သက်သက် ဖြစ်ပေမယ့်

အလုံးအရင်းနဲ့ ထုတ်လုပ်ထားတာမို့ အရည်အသွေးကိုတော့ အပြည့်အဝ အာမခံပါတယ်။”

“ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှု ကနေတစ်ဆင့် မှာယူတဲ့သူတွေကို ၁၀

ရာခိုင်နှုန်း လျှော့စျေး ပေးသွားမှာပါ။ ဒီအခွင့်အရေးကို

လက်မလွတ်ပါစေနဲ့၊ နောက်ထပ် ဒီလိုစျေးနဲ့ ရဖို့

မလွယ်တော့ပါဘူး”

“ဪ... ဟဲဇိုးပြည်နယ်၊ မိရန်မြို့က အစ်ကိုကြီး လုံရှောင်တောင်ကို

ကျေးဇူးတင်ပါတယ်။ လော်လီပေါ့ လက်ဆောင်

ပေးတဲ့အတွက် ကျေးဇူးပါ။ အစ်ကိုကြီး၊ ဓားဝယ်မလို့လား။ ဟုတ်ကဲ့၊ စာပို့ပြီး

တိုင်ပင်ကြတာပေါ့။”

“ယန်ကျိုးမြို့၊ ဝီလိုရွက်ဂိုဏ်းက နတ်သမီးလေး၊ လိုက်ကြည့်နေတာ မြင်ပါတယ်။

မေးစရာရှိရင် အားမနာတမ်း မေးလို့ရပါတယ်နော်။”

“မိသားစုဝင်တို့ရေ၊ Follow လုပ်ပေးသွားကြပါဦး။ ဒီနေ့ကစပြီး Streamer ဟာ နေ့တိုင်း

နေ့လည်ခင်းမှာ တိုက်ရိုက်ထုတ်လွှင့်သွားမှာပါ။ မကြာသေးခင်ကမှ ကျွန်တော်တို့

ဆီမာမိသားစုက ပစ္စည်းအသစ်တွေ အများကြီး ထုတ်ထားတာမို့ အားလုံးပဲ

ဝင်ရောက်ကြည့်ရှု ဝယ်ယူနိုင်ပါတယ်။”

“အထက်မြို့တော်က ဆန်းဆိုတဲ့သူ၊ မီးတောက်ဝိညာဉ်ဓား အလက်နှစ်ရာ ဝယ်ယူပေးတဲ့အတွက်

ကျေးဇူးပါ။ မန်နေဂျာတစ်ယောက်က ခင်ဗျားဆီကို ချက်ချင်း

ဆက်သွယ်ပေးပါလိမ့်မယ်။”

“ဝါး... မီးတောက်ဝိညာဉ်ဓားတွေ ရောင်းကုန်သွားပါပြီ ကျွန်တော်တို့ ဆီမာမိသားစုကို

ယုံကြည်ပေးတဲ့ မိသားစုဝင်အားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်တစ်ဆင့်အနေနဲ့

နောက်ထပ် မှော်လက်နက်အမျိုးအစားတွေကို ပြသပေးသွားပါမယ်”

မိရန်မြို့၊ ဆီမာမိသားစု။ ဆီမာယွမ်သည် သူ၏အကောင့်ကို စတင်ဖွင့်လှစ်ခဲ့သည်မှာ

တစ်လတိတိ ရှိပြီဖြစ်သည်။ ဗီဒီယိုကြည့်သော app ၏ အသုံးပြုပုံ၊

တိုက်ရိုက်ထုတ်လွှင့်မှု နည်းစနစ်များနှင့် စကားပြောပုံများကို

အသေးစိတ် လေ့လာခဲ့သည်။ လက်ရှိတွင် သူ့တွင် Follower ပေါင်း ခြောက်ထောင်အထိ

ရှိနေပြီဖြစ်သည်။ မိသားစုက မှော်လက်နက်အသစ်များကို ထုတ်လုပ်ပြီးသည်နှင့်

သူသည် ချက်ချင်း တိုက်ရိုက်ထုတ်လွှင့်၍ ရောင်းချတော့သည်။

ဈေးဝယ်ခြင်းလုပ်ဆောင်ချက်ကို

ချိတ်ဆက်လိုက်သည်နှင့် ရောင်းအားမှာ အလွန်ကောင်းမွန်လှသည်။

ကင်မရာရှေ့တွင် ဆီမာယွမ်၏မျက်နှာမှာ ဝမ်းသာမှုကြောင့်

အနည်းငယ် နီမြန်းနေပြီး ဆီမာမိသားစုကို ပြန်လည် ထူထောင်နိုင်တော့မည်ဟူသော

ယုံကြည်ချက်မှာ တိုးပွားလာသည်။

ဤထုတ်လွှင့်မှုမှာ လေးနာရီကျော်ကြာမြင့်ခဲ့သည်။ ဆီမာယွမ်မှာ လည်ချောင်းများ

ခြောက်ကပ်သွားသည်အထိ စကားမရပ်ဘဲ ပြောခဲ့ရသည်။ ထုတ်လွှင့်မှု

အဆုံးသတ်ပြီးနောက် ဆီမာမိသားစုခေါင်းဆောင်မှာ ချက်ချင်း ရောက်လာသည်။

“ယွမ်အာ၊ ဘယ်လိုနေလဲ”

“ဖခင်၊ ဒီနေ့ မှော်လက်နက်ပေါင်း လေးထောင်ကျော် ရောင်းထွက်သွားပါတယ်။”

“တကယ်လား”

“ဟုတ်ပါတယ် ဖခင်။ နောက်ပြီး Follower ပေါင်း တစ်ထောင်နီးပါး တိုးလာတယ်။ ရှေ့လျှောက်

ဒီထက်ပိုကောင်းလာမှာပါ။ တိုက်ရိုက်ထုတ်လွှင့်မှုကနေတစ်ဆင့် မှော်လက်နက်တွေ

ရောင်းတာဟာ အသေအချာကို အောင်မြင်မယ့်လမ်းပါ”

ဆီမာမိသားစုခေါင်းဆောင်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် လက်သီးကို တင်းတင်းဆုပ်ကာ

ပြတ်သားစွာ ဆိုလိုက်သည်။ “ကျွန်တော်တို့ ဆီမာမိသားစု အခုချိန်မှာ

နိမ့်ကျနေပေမယ့် ဘာဖြစ်လဲ။ တိုက်ရိုက်ထုတ်လွှင့်မှုကို

သေချာလုပ်နိုင်ရင် ရှေးဘိုးဘေးတွေရဲ့ ဂုဏ်သတင်းကို

ပြန်ယူနိုင်မှာပဲ။ ဇူးဂယ်မိသားစုတောင် ကျွန်တော်တို့ကို

မတားနိုင်တော့ဘူး”

ဇူးဂယ်မိသားစုအကြောင်း ပြောလိုက်သည်နှင့် သူ၏မျက်မှောင်မှာ ကြုံ့သွားသည်။ “ယွမ်အာ၊

အခုဆို ဖုန်းတွေက စစ်ပွဲနယ်မြေအနှံ့ ပျံ့နှံ့နေပြီဆိုတော့ ဒီနည်းလမ်းက...”

ဆီမာယွမ်က ကြားဖြတ်ပြောလိုက်သည်။ “ဖခင်၊ စိတ်မပူပါနဲ့။ ကျွန်တော် အကဲခတ်နေတာ၊

အခုလောလောဆယ် လက်နက်ပြုလုပ်မှုနဲ့ ပတ်သက်ပြီး

တိုက်ရိုက်ထုတ်လွှင့်တဲ့သူ

မရှိသလောက်ပါပဲ။ ကျွန်တော်တို့ ဆီမာမိသားစုက ဒီနယ်ပယ်မှာ အသာစီးရနေတာ။

နောက်ပိုင်း ဘယ်သူတွေပဲ ပေါ်လာပါစေ၊ ကျွန်တော့်ကို မမီနိုင်ပါဘူး။”

“မိသားစု ဂုဏ်သိက္ခာကိုတော့ ထိန်းရမယ်။ ဖခင်၊ အရည်အသွေးကိုတော့ သေချာစစ်ဆေးပေးပါ။

ဒီချန်နယ်က ဂုဏ်သတင်းနဲ့ ရောင်းတာဗျ။”

ဆီမာမိသားစုခေါင်းဆောင်က လေးနက်စွာ ခေါင်းညိတ်သည်။ “ယွမ်အာ၊ မင်းစိတ်ချပါ။

ငါကိုယ်တိုင် အရည်အသွေးကို ကြီးကြပ်ပေးမယ်။ မင်းက

မင်းအကောင့်ကိုပဲ အာရုံစိုက်ပါ။”

“ဟုတ်ကဲ့ ဖခင်။”

ယခုအချိန်တွင် ဆီမာယွမ်၏စိတ်ထဲ၌ စိတ်အားထက်သန်မှုတို့ဖြင့် ပြည့်နှက်နေသည်။ သူသည်

လက်နက်ပြုလုပ်မှုလမ်းကြောင်း၏ ထိပ်ဆုံးသို့ ပြန်လည်ရောက်ရှိစေရန်

စိတ်ပိုင်းဖြတ်ထားသည်။

ဆိုင်အတွင်း၌ ချန်ကျူးကဲ့ကို ဖောက်သည်များက ဝိုင်းရံထားကြသည်။ သူ၏အဆင့်အတန်းမှာလည်း

အရင်ကထက် မြင့်မားနေပြီဖြစ်သည်။ အွန်လိုင်းနှင့် အော့ဖ်လိုင်းဝင်ငွေများဖြင့်

နေ့စဉ် ရွှေဒင်္ဂါး ထောင်ပေါင်းများစွာ ရရှိနေပြီး စစ်မှန်သော ဘဏ္ဍာရေး

လွတ်လပ်မှုကို ရရှိထားသည်။ ခြစ်ကတ်ကံစမ်းမဲ အစီအစဉ်မှာလည်း ခုနစ်ရက်မြောက်သို့

ရောက်ရှိလာပြီဖြစ်သည်။ အားလုံးမှာ ‘သန့်ရှင်းသော သတ္တဝါလေးပါး’ အဆင့်သို့

ရောက်ရှိနေပြီဖြစ်သော်လည်း ‘အဇူရာ နဂါး’ ကိုမူ မည်သူမျှ မခြစ်နိုင်သေးပေ။

ဆီမားမော်ကျင်းနှင့် ကျားတောင်သခင်တို့ ဆိုင်ထဲသို့ ဝင်လာသည်နှင့် လူတစ်ဦး၏ အကြည့်က

သူတို့ဆီသို့ ရောက်လာသည်။ “စီနီယာ၊ ကျွန်တော်တို့ မဂျုံမကစားပါဘူး၊ ခြစ်ကတ်ပဲ

ခြစ်မှာပါ။”

လူချန်းရှင်းက ရယ်မောလိုက်သည်။ “ဒီနေ့တော့ အနည်းဆုံး အခြေခံကြေး တစ်ထောင်နဲ့

ကစားကြတာပေါ့” လူချန်းရှင်းမှာ အရှုံးများပြီးနောက်

ဤယောကျ်ားနှစ်ဦးကို အနိုင်ယူရန် ယုံကြည်ချက်

ရှိနေသည်။ သူတို့မှာ မဂျုံစားပွဲတွင် အလွန်ပင် အသုံးချရလွယ်သော

လူမိုက်များ ဖြစ်ကြသည်။

“စီနီယာ၊ ပိုက်ဆံကိစ္စ မဟုတ်ပါဘူး၊ တကယ်မကစားချင်တာပါ။” ငွေကြေးမှာ အဓိကမဟုတ်၊

ထိုသူတို့၏ ဒုက္ခပေးမှုကို မခံနိုင်တော့ခြင်းဖြစ်သည်။ လူချန်းရှင်းမှာ

သူတို့ကို အတင်းဆွဲခေါ်သွားပြီး မဂျုံအခန်းထဲသို့ ခေါ်ဆောင်သွားတော့သည်။

မဂျုံစက် အပိုင်း၌ လန်ချူမှာ မျက်နှာပျက်လျက် စက်မျက်နှာပြင်ကို စိုက်ကြည့်နေသည်။

“ဒါမဖြစ်နိုင်တာ၊ တကယ်ပဲ စည်းမျဉ်းမရှိတာလား” သူသည် ဤစက်တွင် တစ်ခုခုသော

ပုံစံရှိလိမ့်မည်ဟု ယုံကြည်ကာ တစ်နေကုန်

ထိုင်စဉ်းစားနေခြင်းဖြစ်သည်။

“ဂျူနီယာ ဆရာဦးလေး” “ဪ မြောင်ရင်ပါလား။ တရားကျင့်ရာက ထွက်လာပြီပေါ့။

တိုးတက်မှုရှိတာပဲ၊ မင်းက ကျွန်တော်တို့ ဆွမ်ထျန်းဓားဂိုဏ်းရဲ့

နှစ်ပေါင်းတစ်ရာအတွင်း အတော်ဆုံးပါရမီရှင်ပဲ။” ဖေရီမြောင်ရင်မှာ ဖြူစင်သော

ဝတ်ရုံဖြင့် လှပစွာ ရောက်ရှိလာသည်။ သူမသည် တစ်လကျော်

တရားကျင့်ပြီးနောက် လေးဆင့်မြောက် အဆင့်သို့

ရောက်ရှိနေပြီဖြစ်သည်။

“ပြောင်းလဲမှုတွေကတော့ အတော်ကြီးမားတာပဲ” သူမသည် ဖုန်းကိုထုတ်၍ ဗီဒီယိုကြည့်သော app

ကို စတင်ကြည့်ရှုသည်။ အစားအသောက်၊ ရှုခင်း၊ မမြင်ဖူးသော အရာများ... သူမအတွက်မူ

ကမ္ဘာသစ်တစ်ခုကို တွေ့ရှိလိုက်ရသကဲ့သို့ပင်။

“တိုက်ရိုက်ထုတ်လွှင့်မှု လား။ စိတ်ဝင်စားဖို့ ကောင်းတာပဲ”

All Chapters