← Chapters

နတ်ဘုရားများကို လုပ်ကြံခြင်း

Vol. 118 Ch. 1177

နတ်ဘုရားများကို လုပ်ကြံခြင်း

Vol. 118 Ch. 1177

"ဟက်" ချီဖုန်း နတ်ဘုရာူစစ်သူကြီး၏ စိတ်ခံစားမှုများ ပြောင်းလဲသွား၏။ အစပိုင်းတွင် သူ၏ လုပ်ဖော်ကိုင်ဖက် ရုတ်တရက် လဲကျသွားသည်ကို မြင်တွေ့လိုက်ရချိန်၌ အံ့အားသင့်သွားခဲ့သည်။

အရပ်ငါးမျက်နှာ ဗောဓိသတ္တ ပေါ်လာချိန်တွင် သူ၏ခံစားချက်များက ဒေါသအဖြစ် ပြောင်းလဲသွားခဲ့၏။ ယခုအခါ ဓမ္မကိုယ်ထည်၏လွှမ်းခြုံခံလိုက်ရချိန်တွင် သူက ထူးဆန်းစွာ ရယ်မောလိုစိတ်များဖြစ်ပေါ်လာခဲ့သည်။

မိုးကောင်းကင်နှင့် မြေပြင် စတင်ဖြစ်တည်လာကတည်းက မည်သူကမျှ အစစ်အမှန်နတ်ဘုရားတစ်ပါးကို လုပ်ကြံသတ်ဖြတ်ရန်ဟူသော အဓိပ္ပာယ်မဲ့သည့် အတွေးမျိုးကို မတွေးတောခဲ့ဖူးပေ။

၎င်းတို့က သက်ရှိသတ္တဝါများ မဟုတ်ကြောင်းနှင့် သေခြင်းတရားဟူသော သဘောတရား မရှိကြောင်းကို လူတိုင်း သိထားကြသည်။

သွေးတစ်စက်မှ ပြန်လည်မွေးဖွားခြင်းက ပုံပြင်သက်သက် မဟုတ်ပါ။

"မင်းတို့အားလုံး တောင်ပိုင်းဍုမေဏုမှာ နေတာ အရမ်းကြာသွားလို့ ဦးနှောက်ထိုင်းသွားတာလို့ ငါထင်တယ်" ချီဖုန်း နတ်ဘုရားစစ်သူကြီးက ဆက်မပြောတော့ဘဲ သူ၏ရဲဘော်ရဲဘက်များကို အကဲခတ်လိုက်၏။

"မင်းတို့အားလုံး အရင်ဆုတ်ခွာကြ၊ ဒီမှာ မြင်ခဲ့ရတာတွေအားလုံးကို ချန်လှပ်မထားဘဲ မသေမျိုးခုံရုံးကို သွားသတင်းပို့ကြ"

"မဟာတောင်ပိုင်းတိုက်ကြီးမှာ ဘယ်သူက တကယ့်ကိုရဲတင်းလွန်းတဲ့ မကောင်းဆိုးဝါးလဲဆိုတာ မသေမျိုးခုံရုံးကို မြင်ပါစေ"

အစစ်အမှန်နတ်ဘုရားများက သေခြင်းတရားကို မကြောက်ရွံ့သည်မှာ အမှန်ဖြစ်သော်လည်း နိုးထလာရန်အချိန်ယူရသည်။ ယခုအခါ ဤသတင်းကို ဖြန့်ဝေရန်က အရေးအကြီးဆုံးဖြစ်သည်။

အမိန့်ပေးလိုက်သည်နှင့် အစစ်အမှန် နတ်ဘုရားများစွာက နာခံသည့်အနေဖြင့် လက်သီးဆုပ်ကာ လဲကျနေသော ဟောင်ချွမ်းနတ်ဘုရားကို တွဲကူပြီး လူစုခွဲ၍ ဆုတ်ခွာရန် ပြင်ဆင်လိုက်ကြ၏။

သို့သော် ကောင်းကင်တွင် လွင့်မျောနေသော အရပ်ငါးမျက်နှာဗောဓိသတ္တက ဝင်ရောက်စွက်ဖက်မည့် ရည်ရွယ်ချက် မရှိဘဲနူးညံ့သိမ်မွေ့သော အပြုံးတစ်ခုကိုပြသခဲ့သည်။

မြေကြီးပေါ်ရှိ ခြေတစ်ထောင်အနက်ရောင်နဂါး နှစ်ကောင်ပင်လျှင် လုံးဝ ထိတ်လန့်နေပုံပေါ်သည်။

၎င်းတို့က တစ်ချိန်က ကြီးမားသော အမှားများကို ကျူးလွန်ပြီး နတ်ဘုရားစွမ်းအားကို စော်ကားခဲ့သဖြင့် အစွန်းရှစ်ပါးချိုင့်ဝှမ်းသို့ မောင်းထုတ်ခံခဲ့ရခြင်းသာ ဖြစ်၏။

ယခုအခါ အစစ်အမှန် နတ်ဘုရားများက ဗောဓိဂိုဏ်း၏ကြံရာပါများအဖြစ် သတ်မှတ်လိုက်ပြီး ဤသတင်းပြန့်နှံ့သွားပါက လောကကြီး၏မည်သည့်နေရာတွင်မျှ ၎င်းတို့အတွက် ခိုလှုံရာရှိတော့မည် မဟုတ်ပေ။

"မင်းတို့ အစွန်းရှစ်ပါးချိုင့်ဝှမ်းကနေ ဘယ်လို ထွက်သွားမလဲဆိုတာ ဒီဘုန်းကြီးက သိချင်နေတယ်"

အရပ်ငါးမျက်နှာဗောဓိသတ္တက နွေးထွေးစွာ ပြုံးလိုက်ပြီး သူ၏လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်၏။ အဖြူရောင် မြူခိုးများကြားမှပင် မှိန်ဖျော့သော ရွှေရောင်အလင်းတန်းတစ်ခု ကောင်းကင်သို့ မြင့်တက်လာသည်ကို မြင်တွေ့နိုင်သည်။

၎င်းမှာ မသေမျိုးခုံရုံးက ဤမကောင်းဆိုးဝါးများကိုတပ်စွဲထားရန် အသုံးပြုသော မဟာအစီအရင် ဖြစ်သည်။

ဤအခိုက်အတန့်တွင် အစီအရင်က ချီဖုန်း နတ်ဘုရားစစ်သူကြီး၏ ထိန်းချုပ်မှုမှ သိသိသာသာ လွတ်မြောက်သွားပြီး ကောင်းကင်ရှိ ဘုန်းကြီး၏ ခြယ်လှယ်မှုကို ခံနေရ၏။

"အဲဒီ အံ့အားသင့်နေတဲ့မျက်နှာက ဘာအဓိပ္ပာယ်လဲ နတ်ဘုရားစစ်သူကြီး"

အရပ်ငါးမျက်နှာ ဗောဓိသတ္တက တည်ငြိမ်စွာ ငုံ့ကြည့်ပြီး အလျင်စလိုမရှိ ပြောလိုက်သည်။ "အစစ်အမှန် နတ်ဘုရားတွေက မိုးကောင်းကင်နဲ့ မြေပြင်ရဲ့ ဖန်တီးမှုကနေ မွေးဖွားလာပြီး ကျင့်ကြံဖို့ မလိုတဲ့အတွက်သဘာဝအရပဲ အတတ်ပညာ တစ်ရာမှာ မကျွမ်းကျင်ကြဘူး။ ဒီအသေးအဖွဲ အတတ်ပညာတွေကို မူလက ငါတို့ ဗောဓိဂိုဏ်းနဲ့ မသေမျိုးသုံးပါးဂိုဏ်းက ဖန်တီးခဲ့တာဆိုတော့ ငါတို့ဂိုဏ်းက အသုံးပြုတာ ပြဿနာရှိလို့လား"

ဂိုဏ်းနှစ်ခုက ခေတ်အဆက်ဆက် အစစ်အမှန် နတ်ဘုရားများကို အလုပ်အကျွေးပြုခဲ့ကြ၏။ ဆေးလုံးများ၊ အစီအရင်များ သို့မဟုတ် လက်ထဲရှိ မှော်ရတနာများပင်ဖြစ်စေ အားလုံးကို ကောင်းကင်ဘုံတွင်တာဝန်ထမ်းဆောင်နေသော လမ်းစဉ်သုံးသွယ်မှ တပည့်များက ဖန်တီးခဲ့ကြခြင်းဖြစ်သည်။

အလုပ်မလုပ်ဘဲ အလကားကြီးကြပ်သူတစ်ဦး ဖြစ်ချင်လျှင်ပင် ပေးဆပ်ရမည့် တန်ဖိုးတစ်ခုရှိသည်။

ဤသည်မှာ တတိယအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ထိုဒုတိယမျိုးဆက် တပည့်ငယ်များအကြား အစစ်အမှန်ကွာခြားချက်ကဲ့သို့ပင်။

မသေမျိုးအရှင်ဗောဓိသတ္တများက လှုပ်ရှားရန် ဆုံးဖြတ်လိုက်သည်နှင့် ၎င်းတို့ ထုတ်လွှတ်နိုင်သောစွမ်းအင်က မိုးကောင်းကင်နှင့် မြေပြင်ကို တုန်လှုပ်သွားစေရန် လုံလောက်ပါသည်။

"ကောင်းတယ်၊ သိပ်ကောင်းတယ်" ချီဖုန်းက သူ၏ လက်များကို တင်းကျပ်စွာ ဆုပ်လိုက်ပြီး မျက်နှာထားမကောင်းစွာဖြင့် ရှက်ရွံ့ခြင်းနှင့် ဒေါသများ ရောယှက်ကာ ဒေါသတကြီး အော်ဟစ်လိုက်၏။

"မင်းတို့ လူမိုက်သုံးယောက်နဲ့ ဒီပျက်စီးနေတဲ့ အစီအရင်လေးနဲ့ ငါ့ကို တကယ်ပဲ ပိတ်လှောင်နိုင်မလားဆိုတာ ငါ မြင်ချင်သေးတယ်"

သူပြောသည့်အထဲတွင် မှန်ကန်သော အချက်အချို့ ရှိနေသည်။

မည်သို့ပင်ဆိုစေ အစစ်အမှန် နတ်ဘုရားများက မွေးရာပါအားကောင်းကြပြီး တူညီသော နယ်ပယ်ရှိ ပြိုင်ဘက်များကို လွှမ်းမိုးနိုင်ခြင်းမှာ သာမန်သာဖြစ်သည်။

သူက သုံးနှင့်သုံး အရေအတွက်ကို ဖြတ်ကျော်နိုင်သော ကျင့်ကြံသူတစ်ဦးနှင့် ညီမျှသည့် ဒုတိယအဆင့်တွင် ရှိနေပြီး၊ ၎င်းတို့သုံးဦးထဲတွင် အသန်မာဆုံးဖြစ်သော အရပ်ငါးမျက်နှာဗောဓိသတ္တက ခြောက်နှင့်ခြောက်အသွင်ပြောင်းလဲခြင်းကို မပြီးစီးသေးသဖြင့် တန်းတူအဆင့်တွင်သာ ရှိနေကြ၏။

တစ်ယောက်တည်းဖြင့်သုံးယောက်ကို တိုက်ခိုက်ရန် မဖြစ်နိုင်သော်လည်း နတ်ဆိုးနဂါးနှစ်ကောင်က အစစ်အမှန် နတ်ဘုရားတစ်ပါးကို တိုက်ခိုက်ရန် သတ္တိ ရှိမည်မဟုတ်ပေ။

"နတ်ဘုရားစစ်သူကြီးပြောတာ မမှားဘူး"

အရပ်ငါးမျက်နှာဗောဓိသတ္တက ထူးဆန်းစွာ ငြင်းခုံခြင်းမပြုဘဲ လက်ခုပ်ကို ညင်သာစွာ တီးလိုက်၏။ "ဒါကြောင့် နတ်ဘုရားစစ်သူကြီးကို ဖမ်းဆီးဖို့ ကျုပ်တစ်ယောက်တည်း မဟုတ်ပါဘူး"

နောက်တစ်ခဏတွင် သူ၏နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခု ပေါ်လာသည်။ "ကျားနဂါးဖိနှိပ်ခြင်း ဗောဓိသတ္တကို ကိုယ်ထင်ပြဖို့ နှိမ့်ချစွာတောင်းဆိုပါတယ်"

ဤစကားများကို ကြားသောအခါ လူအုပ်၏အမူအရာများ ပြောင်းလဲသွား၏။ ချီဖုန်း နတ်ဘုရားစစ်သူကြီးပင်လျှင် တင်းမာသွားပြီး သူ၏သူငယ်အိမ်များပြင်းထန်စွာ ကျုံ့ဝင်သွားသည်။

သေမည်ကို ကြောက်ရွံ့၍ မဟုတ်ပေ။အဘယ်ကြောင့်ဆိုသော် အမှန်တကယ်ပင် ၎င်းတို့ကသေဆုံး၍ မရနိုင်သောကြောင့်ဖြစ်သည်။

သို့သော် နောက်ထပ်ဗောဓိသတ္တ တစ်ပါးသာ တကယ် ရှိနေမည်ဆိုပါက ယနေ့ သတင်းပို့ရန် မျှော်လင့်ချက်အနည်းငယ်သာ ရှိတော့မည်။

ထိုအမည်ကို ကြားလိုက်ရသည့် အခိုက်အတန့်တွင် ချန်ချင်းမသေမျိုးစစ်သူကြီးက မှင်တက်သွားပြီး မျှော်လင့်မထားသော ဝမ်းသာမှုနှင့် မျှော်လင့်ချက်များဖြင့် ထိုအဖြူရောင်မြူခိုးများဆီသို့ လှည့်ကြည့်လိုက်သည်ကို မည်သူကမျှသတိမပြုမိကြပေ။

ရှပ်...ရှပ်

မျက်လုံးပေါင်း ရာချီ၏စူးစိုက်ကြည့်ရှုမှုအောက်တွင် တိုးညှင်းသောခြေသံများ ပဲ့တင်ထပ်လာပြီး သိပ်မကျယ်လောင်သော်လည်း နားထောင်နေသူများ၏နားထဲတွင် မိုးကြိုးသံကဲ့သို့ ပဲ့တင်ထပ်နေ၏။

မျက်တောင်တစ်ခတ်အတွင်း သွယ်လျသောပုံရိပ်တစ်ခုကတိတ်ဆိတ်စွာ ထွက်ပေါ်လာပြီး သူ့၏ခန္ဓာကိုယ်မှ အဖြူရောင်မြူခိုးတန်းများ ကြားမှထွက်လာသည်နှင့်အမျှ အနည်းငယ်လှုပ်ယမ်းနေသော အနက်ရောင်ဝတ်ရုံက လူတိုင်း၏အမြင်အာရုံထဲသို့ တဖြည်းဖြည်း ဝင်ရောက်လာသည်။

နက်မှောင်သောဆံပင်က ဖြူဖျော့သောအသားအရေကိုပေါ်လွင်စေပြီး မျက်နှာအားအတော်လေးငယ်ရွယ်ပုံပေါက်စေကာ အနည်းငယ် စေ့ထားသောနှုတ်ခမ်းပါးများက အေးစက်မှု အရိပ်အယောင်တစ်ခုကို ထုတ်လွှတ်နေသဖြင့် တစ်ချက်ကြည့်လိုက်ရုံဖြင့် သူက သဘောကောင်းသူတစ်ဦး မဟုတ်ကြောင်း ထင်ရှားစေပါသည်။

သူ၏ပိန်ပါးသည့် ခန္ဓာကိုယ်နောက်ရှိ ရွှေရောင်အလင်းတန်းများဖြင့်ဖွဲ့စည်းထားသော လက်ခြောက်ဖက်ပုံရိပ်ယောင်သာ မရှိပါက ဤသူက ဗောဓိသတ္တတစ်ပါးဟု ယုံကြည်ရန်ခက်ခဲပါလိမ့်မည်။

ကျားနဂါးဖိနှိပ်ခြင်း ဗောဓိသတ္တ

ချောမောသော လူငယ်က သူ၏ခြေလှမ်းများကို တည်ငြိမ်စွာရပ်တန့်လိုက်ပြီး မတ်တပ်ရပ်ကာ လူအုပ်ကြီးအပေါ်သို့တည်ငြိမ်သော အကြည့်တစ်ချက် ပေးလိုက်ပြီး၊သူ တစ်ယောက်တည်းဖြင့်ပင် ကြီးမားလှသောစစ်တပ်ကြီးကို ခုခံနိုင်စွမ်း ရှိသကဲ့သို့ တည်ငြိမ်သောခံစားချက်ကို ထုတ်လွှတ်နေသည်။

သူ၏ဓမ္မကိုယ်ထည်က အပြည့်အဝပေါ်ထွက်မလာသေးသော်လည်း ၎င်းတို့ကရှိနေသော အစစ်အမှန် နတ်ဘုရားများအပေါ် အရပ်ငါးမျက်နှာ ဗောဓိသတ္တထက်များစွာပိုမိုကြီးမားသော ဖိအားကို သက်ရောက်နေစေပြီဖြစ်၏။

"အရှင်ကို ဂါရဝပြုပါတယ်" ခြေတစ်ထောင် အနက်ရောင်နဂါးနှစ်ကောင်က နာခံစွာ ဦးညွှတ်လိုက်သည်။

အစစ်အမှန် နတ်ဘုရားများ၏အမူအရာများက မယုံနိုင်လောက်အောင် လေးနက်သွား၏။

ချီဖုန်းနတ်ဘုရားစစ်သူကြီးက တစ်ခဏတာ မှင်တက်သွားပြီး သူ၏မျက်ခွံများ ပြင်းထန်စွာ တုန်ယင်သွားကာ သူကနည်းလမ်းပေါင်းစုံဖြင့် တွက်ချက်ခဲ့သော်လည်း ရင်းနှီးခဲ့ဖူးသူတစ်ဦးနှင့် ကြုံတွေ့ရမည်ဟု ဘယ်သောအခါမျှစိတ်ကူးမယဉ်ခဲ့မိချေ။

နောက်ဆုံးအကြိမ် သူတို့တွေ့ဆုံခဲ့စဉ်က တစ်ဖက်လူက မသေမျိုးသုံးပါးဂိုဏ်း၏ထိုက်ရွှီဆေးဧကရာဇ်ဖြစ်ကြောင်း ထင်ရှားပြီး သူသာမည်မျှပင် အထင်ကြီးဖွယ်ကောင်းနေပါစေ ဒုတိယမျိုးဆက် ဂျူနီယာ တစ်ဦးသာ ဖြစ်သည်။

ယခု သူတို့က ဗောဓိဂိုဏ်း၏အရှင်တစ်ပါးအဖြစ် မည်သို့များပြောင်းလဲသွားရသနည်း။

လွန်ခဲ့သောရက်အနည်းငယ်က ချန်ချင်းကို သူ ပေးခဲ့သောသတိပေးစကားများကို ပြန်လည်အမှတ်ရလိုက်မိသည်။

All Chapters