← Chapters

အခန်း ၁၈၁

Vol. 13 Ch. 181

အခန်း ၁၈၁

Vol. 13 Ch. 181

အပိုင်း ( 181 )

ကျွန်တော် ကူညီပေးရမလား

အရာအားလုံးက အလွန်မြန်ဆန်စွာ ဖြစ်ပျက်သွားသောကြောင့် လူတိုင်း အထိတ်တလန့် ဖြစ်သွားတော့၏။

အစတွင် အရာအားလုံးက အမှားအယွင်းမရှိဘဲ တစ်ဆင့်ချင်းစီ စီးဆင်းနေလျက်ရှိပြီး လုချန်ရှန်းကပင် အံ့ဖွယ်ကောင်းလောက်သည်အထိ ပူးပေါင်းဆောင်ရွက်ပေးနေကာ ရုန်းကန်ခြင်းပင် မပြုလုပ်ဘဲ သူ၏ကံတရားကို အခမဲ့ ပေးအပ်နေခဲ့၏။

သို့သော် ရလဒ်က မထင်မှတ်ထားသော အရာဖြစ်နေခဲ့သည်။

စုမူယွဲ့သည် အစိမ်းရောင်လအပေါ်မှ လိမ့်ကျလာခဲ့ပြီး သူမ၏ ပါးစပ်ထောင့်မှ သွေးများစီးကျလာခဲ့ကာ သူမ၏ အဝတ်အစားများတွင်ပင် သွေးစက်များ စွန်းထင်းသွား၏ သူမသည် အစမှအဆုံးအထိ မျက်လုံးများပင် မဖွင့်ခဲ့ချေ။

ကောင်းကင်ယံတွင် မျောလွင့်နေသည့် အစိမ်းရောင်လမင်းကပင် အနက်ရောင် မြူထု၏ ဖုံးလွှမ်းခြင်းကို ခံနေခဲ့ရသည်။

“ ဘာတွေ ဖြစ်နေတာတုန်းဟ “

လင်ဖုန်း၏ အမူအရာ ပြောင်းလဲသွားကာ စစ်ဆေးရန်အတွက် အလောတကြီး ရှေ့တက်သွား၏။

ကျန်လူသုံးဦးပါ စုစည်းလာခဲ့သည်။

သူမက ဖြူဖျော့နေခဲ့ပြီဖြစ်ပြီး သူမ၏ အခြေအနေတစ်ခုလုံးက ဆိုးရွားနေလျက်ရှိ၏။

လုချန်ရှန်းသည် လှုပ်ခတ်မှုကို ကြားသွားကာ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာခဲ့၏ သူကိုယ်တိုင်ကပင် အံ့ဩသွားကာ အနားကပ်သွားတော့၏။

သို့ရာတွင် သူသည် သူတို့က မည်သည့်အတွက်ကြောင့် ထိုနေရာတွင် ရှိနေရလဲဆိုသည်ကို မမေးမြန်းလိုက်ပေ “ ကျွန်တော် ကူညီပေးရမလား “

သူ၏ အသံပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် လူအနည်းငယ်သည် ပြန်လှည့်ကြည့်လာခဲ့ကာ မျက်မှောင်ကြုတ်သွားကြ၏။

“ ရပါတယ် “ လင်ဖုန်း၏ အသံမှာ အလွန်တရာ လေးနက်နေခဲ့၏။

လုချန်ရှန်းသည် အသာအယာ သက်ပြင်းချကာ အစိမ်းရောင်လအောက်သို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားပြီး ၎င်းကို မော့ကြည့်နေကာ သူ၏မျက်လုံးများအတွင်းတွင် ထူးဆန်းသော အလင်းတန်းတစ်ခု ဖြစ်တည်လာ၏။

ဖုံးလွှမ်းနေသည့် အနက်ရောင် မြူထုကို မြင်လိုက်ရသောအခါတွင် သူသည် မအောင့်ထားနိုင်တော့ဘဲ စကားပြောလိုက်သည် “ အဲ့တာက ဧကရီရဲ့ လူဝင်စား မဟုတ်ဘူးလား။ ကံဆိုးမှုလေး ဆယ်ပုံတစ်ပုံပဲလေ သူမက အဲ့တာကိုတောင် တောင့်မခံနိုင်ဘူးလား “

“ မင်းဘာပြောလိုက်တာလဲ။ ကံဆိုးမှုလား “

“ ဟုတ်တယ်လေ “

လုချန်ရှန်းသည် မည်သည့်အရာမှ မဖြစ်ပျက်ခဲ့သည့်အလား အလွယ်တကူ ပြန်ပြောလိုက်သည်။

လူလေးဦးသည် အစိမ်းရောင်လကို ချက်ချင်းမော့ကြည့်လိုက်ပြီး သိပ်သည်းလွန်းလှသော အနက်ရောင် မြူထုကို ငေးကြည့်ကာ မျက်ဝန်းများ လှုပ်ခတ်သွား၏။

“ ဘာကိုဆိုလိုတာလဲ “ လင်ဖုန်းက လေသံတိုးတိုးလေးဖြင့် မေးမြန်းလာခဲ့၏။

သို့ရာတွင် လုချန်ရှန်းက လှည့်ပင်မကြည့်လာခဲ့ဘဲ အစိမ်းရောင်လကို တိတ်တဆိတ် ငေးကြည့်ကာ တုံ့ပြန်လာခဲ့သည် “ ခင်ဗျားတို့က ကျုပ်ရဲ့ ကံတရားကို စုမူယွဲ့ဆီ လွှဲပေးဖို့ ကြိုးစားနေကြတာ မဟုတ်ဘူးလား “

“ မင်းတကယ် သိနေတာပဲ “

“ ကျုပ်တောင် ဘာမှမဖြစ်တာ ခင်ဗျားတို့က ဘာကိစ္စ အံ့ဩနေကြရတာလဲ “ လုချန်ရှန်းကမူ အလွန်တရာ အေးဆေးတည်ငြိမ်နေလျက်ရှိကာ စကားထပ်ပြောလာခဲ့သည် “ ကျုပ်က ခင်ဗျားတို့ကို ကူညီဖို့ ဆန္ဒမရှိတာ မဟုတ်ဘူး ဒါပင်မဲ့ ကျုပ်က ကံဆိုးမှုတွေနဲ့အတူ မွေးလာခဲ့တာလေ။ ကံတရားကို ခိုးနေတဲ့ အချိန်မှာ မကောင်းတဲ့ ကံတစ်ချို့ကို အရင်စုပ်ယူလိုက်ရတယ်လေ။ ဒါပင်မဲ့ သူမက အဲ့လိုနည်းနည်းလေးကိုတောင် တောင့်မခံဘူးလို့ မထင်ထားခဲ့မိဘူး ဟူးးးး “

သူသည် စကားပြောနေရင်းဖြင့် အသာအယာ သက်ပြင်းချနေတော့သည် လူလေးဦး၏ အမူအရာများ မည်းမှောင်သွား၏။

သူတို့သည် လုချန်ရှန်းက သူတို့၏ ရည်ရွယ်ချက်ကို တစ်ချိန်လုံး သိနေခဲ့ပြီး သူ့ထံတွင် ကံဆိုးမှုများ ရှိနေကြောင်းပါ သိရှိထားသည်ဆိုသည်ကို နားလည်သွားကြသည်။

ထို့ကြောင့်ပင် သူက မည်သို့မျှမခုခံဘဲ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ထျန်းကျီစံအိမ်က သူ၏ကံတရားကို ထုတ်ယူချင်နေသည့် အချိန်တွင် သူက သူ၏ကံဆိုးမှုများကို ထျန်းကျီစံအိမ်ဆီသို့ လွှဲပြောင်းပေးချင်နေလျက်ရှိ၏။

မည်သည့်ဘက်ကမှ လူကောင်းသူကောင်း ဟုတ်မနေခဲ့ပေ အားလုံးက တစ်ဦးကိုတစ်ဦး လိမ်လည်လှည့်ဖျားခဲ့ကြ၏။

“ မင်း ………. “

လင်ဖုန်းသည် အံတြိတ်ကြိတ်ဖြစ်သွားခဲ့ကာ ယခင်ကကဲ့သို့ တည်ငြိမ်မနေနိုင်တော့ပေ ထိုအချိန်၌ သူ၏မျက်လုံးများ အတွင်းတွင် သတ်ဖြတ်လိုစိတ် အရိပ်အငွေ့များ စွန်းထင်းလာခဲ့သည်။

သို့ရာတွင် လုချန်ရှန်းက စကားထပ်ပြောလိုက်သည် “ မင်းနဲ့ငါဆိုတာတွေ ရပ်လိုက် သူမကို မြန်မြန်ကယ်လေ ကျုပ်က ကပ်စီးနဲတဲ့လူ မဟုတ်ပါဘူး ကျုပ်ဒီမှာ ရှိနေပြီဆိုမှတော့ သူမနိုးလာတဲ့ အချိန်ကျရင် နည်းနည်းလောက် ထပ်ပေးမှာပေါ့ “

“ ချီးပဲ “

အဘိုးအို၏ အမူအရာ ပြာနှမ်းသွား၏ သူသည် ထိုရလဒ်ကို မည်သို့မျှ လက်မခံနိုင်ပေ။

သူတို့သည် မည်သည့်ကံကောင်းမှုကိုမှ မဆွဲဆောင်နိုင်ခဲ့ပေ ထို့အစား ကံဆိုးမှုကိုသာ အများအပြား ဆွဲဆောင်မိသွားခဲ့သည်။

ဝှစ်

ထိုအခိုက်အတန့်တွင် အဘိုးအို ခုန်တက်လာခဲ့၏ မှော်စွမ်းအားများ ပေါက်ထွက်လာခဲ့ပြီး အဖျက်အစီးစွမ်းအားအဖြစ် အသွင်ပြောင်းကာ အရှိန်အဟုန်ဖြင့် ကျဆင်းလာခဲ့၏။

လုချန်ရှန်းသည် ၎င်းတို့အားလုံးကို မြင်တွေ့နေခဲ့ပြီး သူ၏ခန္ဓာကိုယ်ကို လှည့်လိုက်ရာ မှော်စွမ်းအားများ မြင့်တက်လာကာ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခု ပေါက်ထွက်လာပြီး တိုက်ခိုက်မှုများကို ချက်ချင်းဖြိုခွဲလိုက်၏။

အနီးတွင် ရှိနေသည့် အဘိုးအိုတစ်ဦး လွင့်ထွက်သွား၏။

ဘမ်းးးး

သူ၏ခြေထောက်များက မြေပြင်ပေါ်သို့ ဆင်းသက်သွားသည့် အချိန်တွင် အားလုံး၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားကာ အထိတ်တလန့် ဖြစ်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။

လုချန်ရှန်းသည် အစိမ်းရောင် လအရှေ့တွင် မတ်တပ်ရပ်နေလျက်ရှိပြီး သူ၏ပတ်ပတ်လည်တွင် ဓားချီများ စီးဆင်းနေလျက်ရှိ၏ သူ၏ခြေလှမ်းများက လှိုင်းလုံးကြီးများပေါ်တွင် နင်းလျှောက်ထားသည့်အလား ဖြစ်နေခဲ့ပြီး သူ၏ အရှိန်အဝါကို အပြည့်အဝ ဖော်ထုတ်ထားခဲ့သည်။

သူသည် မထီမဲ့မြင့်ပြုနေသည့် အရိပ်အငွေ့များ မရှိဘဲ အောက်သို့ငုံ့ကြည့်နေခဲ့၏။ သူသည် လူများကို ခြောက်လှန့်ရန် ဆင်းသက်လာသည့် ပြည်နှင်ဒဏ်သင့်နေသော နတ်တစ်ပါးအလား ဖြစ်နေခဲ့၏။

“ မွေးရာပါ ဝိညာဥ် “

“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ “

“ မင်းက ဘယ်သူလဲ “

လူလေးဦးသည် မည်သို့မျှ တည်ငြိမ်မနေနိုင်တော့ပေ။

ဤကမ္ဘာပေါ်တွင် ရှိနေသည့် လူမည်မျှက အသက်နှစ်ဆယ်အရွယ်မျှဖြင့် ထိုကဲ့သို့သော ကျင့်ကြံရေးကို ပိုင်ဆိုင်ထားသနည်း။

လင်ဖုန်းသည် လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ပြီး သူ၏မျက်လုံးများအတွင်းတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့၏။

“ တကယ်လို့ သူက မွေးရာပါ ဝိညာဥ်နယ်ပယ်မှာ ရှိနေမယ်ဆိုရင်တောင်မှ ငါတို့လေးယောက်ကို ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ “

တစ်ခြားလူသုံးဦးသည် သဘောတူညီစွာဖြင့် ခေါင်းငြိမ့်လာခဲ့၏။

သူတို့သုံးဦးစလုံးက မွေးရာပါ ဝိညာဥ်နယ်ပယ် ကျင့်ကြံရေးကို ပိုင်ဆိုင်ထားကြသည် လင်ဖုန်းက အဆင့်၈တွင်သာ ရှိနေခဲ့သော်လည်း သူသည် ဓားနှလုံးသား သန့်စင်မှုကို ပိုင်ဆိုင်ထားပြီး ၎င်းကြောင့်ပင် သူ၏တိုက်ခိုက်ရေးစွမ်းအားက သူတို့အားလုံးထပ် ပိုမိုအားကောင်းနေလျက်ရှိ၏။

ဘမ်းးး

လင်ဖုန်းလှုပ်ရှားလာခဲ့ပြီး ကျန်သုံးဦးမှာလည်း သူ့အနောက်မှ နီးကပ်စွာ လိုက်လာခဲ့ပြီး တစ်ကွက်တည်းဖြင့် ပွဲသိမ်းရန် ကြံရွယ်လာခဲ့၏။

သို့သော် သူတို့လှုပ်ရှားလာသည့် အချိန်တွင် လုချန်ရှန်းမှာလည်း လှုပ်ရှားလာခဲ့ပြီး သူ၏လက်ကို မြှောက်ကာ လေနှင့်တိမ်တိုက်တို့ကို လှုပ်ခတ်သွားစေခဲ့၏။ ဓားချီ ပေါက်ထွက်လာခဲ့ပြီး အစစ်အမှန် နဂါးတစ်ကောင်(သို့) ဖီးနစ်တစ်ကောင်အလား သက်ရှိအားလုံးကို ကြောက်လန့်သွားစေခဲ့၏။

လင်ဖုန်း တိုက်ခိုက်လာခဲ့သည် သို့သော် သူ့အရှေ့တွင် ရှိနေသည့် ဓားချီသည် ရှည်လျားသော မြစ်တစ်စင်းအဖြစ် အသွင်ပြောင်းသွားကာ သူ၏ ဓားချီအားလုံးကို ဖြိုဖျက်သွားခဲ့သည်။ သူ၏ဓားဆန္ဒပင် ချက်ချင်းပြိုကွဲသွားခဲ့သည်။

ရှည်လျားသော မြစ်တစ်စင်း စီးဆင်းလာမှုနှင့်အတူ ၎င်းသည် သူ၏ခန္ဓာကိုယ်ကို ထိုးဖောက်လာခဲ့ပြီး သူ၏ အသက်စွမ်းအားကို ဖြတ်တောက်သွား၏ သို့သော် သွေးတစ်စက်ပင် မထွက်လာခဲ့ချေ။

ကျန်ရှိနေသည့် လူသုံးဦးမှာလည်း ကိုယ်စီကိုယ်စီ လွင့်ထွက်သွား၏။ ထိုလူများအနက်မှ တစ်ဦးသည် ရှည်လျားသော မြစ်အတွင်းသို့ ကျရောက်သွားကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ကြေမွပျက်စီးသွား၏။

“ ဓားဆန္ဒ ဖြစ်တည်ခြင်း “

အဘိုးအိုနှစ်ဦး၏ မျက်လုံးများ လှုပ်ခတ်သွားကာ မယုံကြည်နိုင် ဖြစ်သွားကြသည်။

သူတို့က ဓားတာအိုကို မကျင့်ကြံထားသော်လည်း ၎င်း၏ ကြောက်မက်ဖွယ်ကောင်းမှုကို ကောင်းစွာနားလည်နေကြသည်။

ထိုလူငယ်မှာ အံ့ဖွယ်ကောင်းလွန်းလှသည် ခေတ်အဆက်ဆက်တွင် လူမည်မျှက ထိုကဲ့သို့သော စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားသနည်း။

“ ချင်းယီ မင်း ……… “

ထိုအသံသည် ဓားအူသံ၏ လွှမ်းမိုးခြင်းကို ခံလိုက်ရကာ အပြည့်အဝ ပျောက်ကွယ်သွား၏ မွေးရာပါ ဝိညာဥ် အဆင့်၈ကပင် သူ၏သတ်ဖြတ်လိုစိတ်ကို မခုခံနိုင်ခဲ့ပေ။

အဆင့်သေးလေးခု ကျော်တိုက်ရန်က တစ်ခြားလူများအတွက် ခက်ခဲ‌နေနိုင်ပေသည် သို့သော် ဓားမြင့်တက်လာသည့် အချိန်တွင် အရာအားလုံး ပျောက်ကွယ်သွား၏။

ပတ်ဝန်းကျင်၏ တိတ်ဆိတ်ငြိမ်သက်မှုကို စောင့်ကြည့်နေရင်းဖြင့် လုချန်ရှန်းသည် စုမူယွဲ့ကို ငေးကြည့်ကာ သူ၏လက်ကို မြှောက်ကာ သူမကို အစိမ်းရောင်လပေါ်သို့ ပြန်ပို့လိုက်၏။

ထို့နောက်တွင် သူသည် တိုက်ပွဲမြေပြင်ကို ရှင်းလင်းနေတော့၏ ၎င်းတို့အားလုံးကို လုပ်ခဲ့ပြီးသည့်နောက်တွင် သူသည် အချိန်အတော်ကြာ စူးစမ်းလေ့လာနေခဲ့၏။

“ ခုနက သူတို့က ဘယ်လိုလုပ်ခဲ့တာလဲ။ ငါဒီမှာရှိနေပြီဆိုမှတော့ သူမကို နည်းနည်းလေးပဲ ယူသွားခွင့်မပေးဘူး “

လုချန်ရှန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ သူ၏ရုပ်ခန္ဓာတွင် ကံကောင်းမှုနှင့် ကံဆိုးမှုတို့ အတူယှဥ်တွဲတည်ရှိနေပြီး လူတစ်ဦးက ကံကောင်းမှုကို ခိုးယူမည်ဆိုပါက ထိုလူသည် ကံဆိုးမှုကို အရင်ဦးဆုံး ယူဆောင်သွားရမည် ဖြစ်သည်။

၎င်းက သူ၏စိတ်ကို ချုပ်တည်းထားခဲ့ရသည့် အကြောင်းအရင်းတစ်ခုလည်း ဖြစ်သည်။

ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူသည် သူ့ကို လိမ်နေသည့် ထိုလူများကို တိုက်ခိုက်ခဲ့သည်မှာ အချိန်အတော်ကြာနေခဲ့ပြီဖြစ်ပြီး မည်သည့်အတွက်ကြောင့် ယခုအချိန်အထိ စောင့်ဆိုင်းနေခဲ့ရမည်နည်း။

သို့ရာတွင် သူသ် အလွန်တရာ စိတ်ပျက်သွားခဲ့သည်။ အစတွင် သူသည် ကံဆိုးမှုအားလုံးကို တစ်ခါတည်း မဖယ်ထုတ်နိုင်ခဲ့ဘူးဆိုလျှင်တောင်မှ အနည်းဆုံးအနေဖြင့် ငါးလွှာ(သို့)ခြောက်လွှာအထိ ပိုင်းခြားနိုင်လိမ့်မည်ဟု ထင်နေခဲ့သည် သို့သော် အဆုံးတွင် တစ်လွှာကိုပင် ဖယ်မထုတ်နိုင်ခဲ့ပေ။

“ ဟူး တကယ်ကို အသုံးမဝင်တာပဲ။ သူမက ကိုယ့်ကိုကိုယ် ဧကရီ လူဝင်စားလို့တောင် ခေါ်ရဲနေသေးတယ်ပေါ့။ တကယ် ရှက်စရာကြီးကွာ “

အချိန်အတော်ကြာ လုံးပန်းနေခဲ့သော်လည်း မည်ကဲ့သို့ ပြုလုပ်ရမလဲဆိုသည်ကို အဖြေမရှာနိုင်သေးပေ။

ပို၍ဒေါသထွက်ဖွယ်ကောင်းသည်မှာ သူက စုမူယွဲ့ကို မသတ်နိုင်ခြင်းပင် ဖြစ်သည်။ အနက်ရောင်ရေ ကျိန်စာကပင် ထိခိုက်အောင် မလုပ်နိုင်သည့် လူတစ်ဦးအတွက် သူသည် တစ်ခဏခန့် စိတ်ညစ်သွားခဲ့သည်။

သူ၏ဒေါသကို ဖျေဖျောက်ရန်အတွက် ဂဏာမငြိမ် ဖြစ်နေသည့် သူ၏လက်များဖြင့် သူမကို ရိုက်နှက်နေတော့လေ၏။

သို့ရာ၌ တစ်ခဏခန့် ရိုက်နှက်နေခဲ့ပြီးသည့်နောက်တွင် စုမူယွဲ့ထံမှ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခု ပေါက်ထွက်လာခဲ့ပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ မြေပြင်တစ်ခုလုံး လှုပ်ရမ်းသွားကာ တိုးညှင်းသော ဟိန်းဟောက်သံတစ်သံပါ အဖော်ပြုလိုက်ပါလာခဲ့သည်။

အစိမ်းရောင်လမှာလည်း အကြိမ်ပေါင်းများစွာ တုန်ခါလာခဲ့သည် သို့သော် ၎င်းသည် အနက်ရောင်မြူထုကို မည်သို့မျှမဖယ်ထုတ်နိုင်ခဲ့ပေ အဆိုပါမြူထုသည် ၎င်းနှင့် အပြည့်အဝ ပေါင်းစည်းသွားသည့်အလား ၎င်းကို ကပ်တွယ်နေလျက်ရှိ၏။

သို့တိုင်အောင် အစိမ်းရောင်လသည် စုမူယွဲ့ကို ဤနေရာ၏ ဝေးရာသို့ ခေါ်ဆောင်သွား၏။

“ တကယ်ကို ထူးဆန်းတာပဲ “

လုချန်ရှန်း ခေါင်းကိုက်သွားသည်။ စကားလုံးတို့ဖြင့် မထီမဲ့မြင်ပြုနေခဲ့သော်လည်း သူသည် သူ့ထပ်အဆင့်နိမ့်သော လူတစ်ဦးကို သူမည်မျှကြိုးစားအားထုတ်ခဲ့ပါစေ မည်သို့မျှ မသတ်နိုင်ခဲ့သောကြောင့် အလွန်တရာ အံ့အားသင့်နေလျက်ရှိ၏။

ထိုအတိုင်းသာဆိုပါက သူမက အလွန်တရာ အစွမ်းထက်သင့်ပေသည်။ သို့သော် သူမသည် ကံဆိုးမှု၏ ဆယ်ပုံတစ်ပုံကိုပင် တောင့်မခံနိုင်ခဲ့ချေ။ ထိုအကြောင်းကို ပိုတွေးလေလေ ၎င်းက ပို၍ထူးဆန်းလေလေပင်။

အချိန်အတော်ကြာ တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းသည် ရုန်းကန်နေခြင်းကို လက်လျှော့လိုက်ကာ ဒေါသတကြီး ထွက်သွားတော့သည်။

ထိုအချိန်တွင် လောင်လျူသည် အမှောင်ထုအတွင်းတွင် ပုန်းအောင်းနေခဲ့ပြီး သူထွက်လာသည်ကို မြင်သွားခဲ့၏။ သူ့နောက်မှ မည်သူမှ မလိုက်လာဘူးဆိုသည်ကို အတည်ပြုခဲ့ပြီးသည့်နောက်တွင် သူရှေ့ထွက်လာတော့၏။

“ ဘယ်လိုလဲ။ မင်းအဆင်ပြေလား။ မင်းရဲ့ ကံတရားကရော “

“ အဲ့မှာရှိနေတုန်းပဲ “

လောင်လျူက ဇဝေဇဝါဖြင့် မေးမြန်းလာခဲ့၏ “ အဲ့တာဆိုရင် မင်းက ဘာကိစ္စ ဒေါသထွက်နေရတာလဲ “

“ ဟူး အဲ့တာက ဇာတ်လမ်းရှည်ကြီးတစ်ခုပါကွာ “

လောင်လျူသည် မျက်မှောင်ကြုတ်သွားခဲ့ပြီး နားထောင်နေလေလေ တစ်ခုခုမှားနေသည်ဟု ခံစားရလေလေ ဖြစ်သွားခဲ့၏။ သူသည် အနောက်သို့ ငေးကြည့်လိုက်ပြီး ထို့နောက်တွင် လုချန်ရှန်းကို ကြည့်ကာ မေးမြန်းလိုက်သည် “ မင်းက အထဲမှာ ဘာတွေလုပ်ခဲ့တာလဲ “

“ မိန်းမတစ်ယောက်ကို ရိုက်နှက်ခဲ့တာလေ “

ထိုစကားပေါ်ထွက်လာသည့် အချိန်တွင် လောင်လျူ မှင်သက်သွားခဲ့သည်။

--

……………………………………………………………………………………………………………………………………..

All Chapters