← Chapters

အခန်း ၁၈၂

Vol. 13 Ch. 182

အခန်း ၁၈၂

Vol. 13 Ch. 182

အပိုင်း ( 182 )

မင်းအရွယ်ရောက်လာပြီပဲ ကိုယ့်ဟာကိုယ် စဥ်းစားဖို့ အချိန်ကျပြီ

လုချန်ရှန်းသည် ဤနေရာမှ ထွက်ခွာကာ အရှေ့သို့ ဦးတည်သွား၏။

ဤနေရာတွင် ဘာမှမကျန်တော့သောကြောင့် ကြာကြာ ဆက်နေခြင်းမှာ ယုတ္တိမရှိလှပေ။

လောင်လျူကမူ သူ့အနောက်မှ လိုက်နေခဲ့ကာ နားမလည်နိုင် ဖြစ်နေလျက်ရှိ၏။

လုချန်ရှန်းသည် ထိုနေရာမှ ထွက်လာခဲ့သည့်နောက်တွင် မွေးရာပါ ဝိညာဥ်တစ်ချို့ကို ဖမ်းဆီးရန် စဥ်းစားထားခဲ့သည် သူက ဤနေရာသို့ ရောက်နေခဲ့ပြီဖြစ်သောကြောင့် ဒေသထွက် ဟင်းလျာများကို သိမ်းယူသွားရန် ကြံရွယ်ထားခဲ့သည်။

သို့ရာတွင် အချိန်အတော်ကြာ ရှာခဲ့ပြီးသည့်နောက်မှာပင် သူသည် မွေးရာပါ ဝိညာဥ်များကို တစ်ခုတစ်လေပင် ရှာမတွေ့ခဲ့ချေ။

“ သူတို့အားလုံး အပြတ်ရှင်းခံလိုက်ရပြီလားဟ “

စကားပြောနေရင်းဖြင့် သူသည် တောင်ထိပ်တစ်ခုအပေါ်သို့ ရောက်လာခဲ့ပြီး ထိုနေရာတွင် အကြီးအသေးစုံလင်သော နဂါးသွေးကြော တော်တော်များများ ရှိနေခဲ့၏။

မိုချင်၏ပြောစကားများအရ ဤနေရာက နဂါးသွေးကြောအားလုံး စုစည်းနေသည့် နေရာဖြစ်ပြီး အကယ် မွေးရာပါ ဝိညာဥ် မရှိဘူးဆိုပါက နဂါးသွေးကြော နှစ်ခု ယူဆောင်သွားခြင်းက အဆင်ပြေလှပေသည်။

သို့ရာတွင် လောင်လျူ၏ သတိပေးမှုကြောင့် သူ၏လှုပ်ရှားမှုများကို ရပ်တန့်လိုက်၏။ ရှေးယခင်ကတည်းက ယခုလက်ရှိ အချိန်အထိ ဤနေရာမှ နဂါးသွေးကြောတစ်ခုကို ယူရန် ကြိုးပမ်းခဲ့သူတိုင်းလိုလိုက သေဆုံးသွားခဲ့ကြသည်။

သူတို့က ကံကံ၏ အကျိုးဆက်ကို ခံယူလိုက်ကြရသည်ဟု ဆိုကြ၏။

လုချန်ရှန်းက ၎င်းကို မယုံကြည်ပေ သို့သော် တစ်ခဏခန့် စူးစမ်းလေ့လာနေခဲ့ပြီးသည့်နောက်တွင် သူလက်လျော့လိုက်သည်။ သူ့ထံတွင် အတွေးတစ်ခု ရလာခဲ့သည့် အချိန်တိုင်းတွင် သူ၏နတ်ဝိညာဥ်က မမြင်နိုင်သော ဖိအားတစ်ခုခု၏ သက်ရောက်မှုကို ခံလိုက်ရသည့်အလား တုန်ခါသွားခဲ့သည်။

သူက ရဲရင့်သော်လည်း မဆင်မခြင်လုပ်တတ်သည့် လူတစ်ဦး မဟုတ်ပေ။

ထို့နောက်တွင် လောင်လျူက စကားထပ်ပြောလာခဲ့၏ “ မင်းက အပြင်ဘယ်လိုပြန်ထွက်ရမလဲဆိုတာကို စဥ်းစားနေသင့်တယ်လို့ ငါထင်တယ်။ ငါမင်းအတွက် အခြေအနေကို အရင်ဦးဆုံး တီးခေါက်ကြည့်လိုက်ဦးမယ် “

“ အင်း “

လုချန်ရှန်းက မငြင်းပယ်လိုက်ပေ။

ပတ်ဝန်းကျင်တွင် ရှိနေသည့် တောင်တန်းများနှင့် မြစ်များကို ကြည့်နေရင်းဖြင့် သူ၏စိတ်ထဲတွင် မေးခွန်းပေါင်းများစွာ လှိုက်တက်လာခဲ့၏။

စုမူယွဲ့က ဘဘ်လိုလူမျိုးလဲ။ ငါ့နည်းလမ်းအားလုံး သုံးခဲ့တာတောင်မှ သူမကို မသတ်နိုင်ခဲ့ဘူး သူမကို ဖမ်းခဲ့ပြီးတဲ့နောက်မှာတောင်မှ ဘာဆိုဘာမှကို လုပ်မရခဲ့ဘူး။

အဲ့ဒီ အစိမ်းရောင်လကလည်း တော်တော်လေးကို ထူးဆန်းတယ် အနက်ရောင်ရေ ကျိန်စာကတောင် အဲ့တာကို ဘာမှမလုပ်နိုင်ဘူး

“ ရိုးရှင်းတဲ့ ကိစ္စတစ်ခု မဟုတ်ဘူးပဲ “

လုချန်ရှန်းသည် အသာအယာ သက်ပြင်းချကာ စုမူယွဲ့က မည်သည့်အတွက်ကြောင့် ကန်းယွင်ဂိုဏ်းတွင် ပေါ်လာရလဲဆိုသည်ကို တွေးတောစဥ်းစားနေတော့၏။

ထျန်းကျီစံအိမ်၏ ဂုဏ်သိက္ခာကြီးမားသော နတ်မိမယ် ဧကရီပြန်လည်ဝင်စားသူ အင်မော်တယ် အမွေအနှစ် ….. သူမက အဲ့လိုတောကြိုအုံကြားက နေရာမျိုးမှာ ဘာလာလုပ်နေတာလဲ။ ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းနေတာလား ဒါမှမဟုတ် ကန်းယွင်ကားချပ်ကြောင့်လား။

သူသည် အချိန်အတော်ကြာ တွေးတောစဥ်းစားနေခဲ့သော်လည်း မည်သည့်အဖြေကိုမှ မရှရှိခဲ့ပေ။

သို့ရာတွင် သူအတွေးနက်နေသည့် အချိန်မှာပင် ပြောင်းလဲမှုတစ်ခုက ကောင်းကင်ယံသို့ တိုးဝင်လာခဲ့၏။

အလင်းတန်းတစ်ခုသည် ကောင်းကင်ပြင်ကို ကျော်ဖြတ်ကာ အတွင်းပိုင်းသို့ ဦးတည်သွား၏။

“ အဲ့တာက ဘာကြီးလဲဟ “

လုချန်ရှန်းက ၎င်းကို စိုက်ကြည့်နေတော့သည်။ သူမတုံ့ပြန်နိုင်ခင် အချိန်မှာပင် လူအုပ်ကြီးက အဆိုပါ အလင်းတန်းနောက်သို့ လိုက်သွားခဲ့ပြီ ဖြစ်သည်။

“ ပစ္စည်းကောင်းလေးပဲ ဖြစ်ရမယ် “

သူ၏ မျက်လုံးများ တောက်ပသွား၏ လူအများကြီးကိ လိုက်ဖမ်းနေကြတာဆိုတော့ ပေတိပေစုတ်ပစ္စည်း မဟုတ်လောက်ဘူး

သို့ရာ၌ အကွာအဝေးတစ်ခုအထိ လိုက်သွားခဲ့ပြီးသည့်နောက်တွင် အလင်းတန်းက အဆိုပါ ယဇ်ပုလ္လင်ပေါ်သို့ ကျဆင်းသွားခဲ့သည်။

ထိုအချိန်တွင် ပုံရိပ်အများအပြားက ယဇ်ပုလ္လင်ပေါ်သို့ လျှောက်လှမ်းသွားကြသည်။

ရှေးကျကာ ခမ်းနားသော ယဇ်ပုလ္လင်က လူတိုင်းကို အံ့အားသင့်သွားစေခဲ့၏။

“ ဒါက ဒဏ္ဍာရီလာ ဘိုးဘေးနဂါးရဲ့ တည်နေရာများလား “

တစ်စုံတစ်ဦးက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် မေးမြန်းလာခဲ့၏။ ဤနေရာက စကားလုံးတို့ဖြင့် ဖော်ပြ၍ မရလောက်သည်အထိ အလွန်တရာ ထူးခြားနေလျက်ရှိသည်။

စွမ်းအင်လှိုင်များ ပေါက်ထွက်လာခဲ့ပြီး သူတို့သည် ၎င်းအတွက် အဆက်မပြတ် တိုက်ခိုက်နေကြကာ ဖရိုဖရဲဖြစ်မှုကိုသာလျှင် ကျန်ရစ်စေခဲ့၏။

လုချန်ရှန်းကမူ အဝေးတွင် ရပ်တန့်သွားခဲ့သည်။ သူသည် ထိုနေရာသို့ ရောက်ခဲ့ဖူးသောကြောင့် ၎င်းကို အလေးအနက် ထားနေခဲ့၏။

အဆုံးတွင် လူနည်းစုကသာ အောင်မြင်မှုကို ရရှိသွား၏။ ထို့နောက်တွင် လုချန်ရှန်းသည် ၎င်းက(ကောင်းကင်ပေါ်က ဖြတ်သွားတဲ့ အလင်းတန်းပါ) အပြင်ကမ္ဘာတွင် မြင်ရခဲသည့် တန်ဖိုးဖြတ်၍ မရသော‌ ဆေးဘက်ဆိုင်ရာ မှော်ပစ္စည်းများဆိုသည်ကို နားလည်သွားခဲ့သည်။

ကသောင်းကနင်းဖြစ်ရပ်ပြီးဆုံးသွားပြီး လူတစ်ချို့သည် အခွင့်အလမ်းတစ်ခုခု ရှာတွေ့ရန် မျှောလင့်ရင်းဖြင့် စူးစမ်းရှာဖွေရေးကို ဆက်လက်၍ ပြုလုပ်နေကြတော့သည်။

သို့ရာတွင် လူတစ်ချို့သည် အပြင်ဘက်တွင် ဆက်လက်ရှာဖွေရန် ထွက်သွားကြသည်။

သို့သော် ထိုအခိုက်အတန့်တွင် လုချန်ရှန်း၏ အမူအရာ လေးနက်သွားသည်။

မည်သူပင်ဖြစ်စေ ယဇ်ပုလ္လင်ပေါ်သို့ ခြေချလိုက်သူတိုင်း၏ ခန္ဓာကိုယ်များထံမှ အလင်းမှုန်လေးများ စုပ်ယူခံလိုက်ရသည်ကို သူမြင်တွေ့လိုက်ရသည်။

၎င်းတို့က သူတို့၏ ကံတရားများပင် ဖြစ်သည်။ သို့သော် ထုတ်ယူခံလိုက်ရသည့် ပမာဏက မများပြားသောကြောင့် ၎င်းကို မည်သူကမှ သတိမပြုမိခဲ့ပေ။

သို့သော် လူပေါင်းများစွာ ပေါင်းစည်းလိုက်သည့် အချိန်တွင်မူ ၎င်းက ကြောက်မက်ဖွယ်ကောင်းသော ပမာဏတစ်ခု ဖြစ်နေခဲ့၏။

“ ဘာတွေဖြစ်နေတာလဲဟ “

လုချန်ရှန်းသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုကာ အနည်းငယ် နောင်တရသွားခဲ့သည်။

အကယ်၍ သူကသာ အနည်းငယ်မျှ ပိုမိုရဲတင်း၍ ရှေ့ဆက်သွားခဲ့မည်ဆိုပါက ကံဆိုးမှုများကို အနည်းငယ်မျှ စွန့်လွှတ်နိုင်မည် မဟုတ်လော။

စုမူယွဲ့က အဆိုပါ ၁၀%ကို ယူဆောင်သွားခဲ့သည့် အချိန်ကတည်းက သူ၏ ကျောနှင့် ခြေထောက်များ မနာကျင်တော့ဘဲ ခန္ဓာကိုယ်တစ်ခုလုံးတွင် စွမ်းအင်တို့ဖြင့် ပြည့်နှက်နေသည်ဟုပင် ခံစားနေခဲ့ရ၏။

သို့သော် ယခုတွင်ကား အရာအားလုံး နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် လောင်လျူပြန်ရောက်လာခဲ့ပြီး တလေးတနက်ဖြစ်နေသော အမူအရာမျိုးဖြင့် လုချန်ရှန်းကို ကြည့်လာခဲ့၏။

“ ချင်းကြီး သွားပြီ။ ငါတို့က ပြန်သွားလို့ မရတော့ဘူး “

“ ဘာကိုဆိုလိုတာလဲ “ လုချန်ရှန်းက ဇဝေဇဝါ ဖြစ်သွားတော့သည်။

လောင်လျူက ပြန်ပြောလာခဲ့၏ “ မင်းက အဲ့ဒီယဇ်ပုလ္လင်ပေါ်မှာ ဘာတွေလုပ်ခဲ့တာလဲဟ။ ထျန်းကျီစံအိမ်က တော်တော်ကြီးကို ပေါက်ကွဲနေတယ်။ ငါခဏလောက် စောင့်ကြည့်ခဲ့တော့ အပြင်ဘက်မှာ အသွင်ပြောင်းခြင်းအဆင့် ပညာရှင် ခြောက်ယောက် ခုနစ်ယောက်လောက် စောင့်နေတာကို တွေ့ခဲ့ရတယ်။ သူတို့က မင်းကို အသေရိုက်သတ်ချင်နေကြတဲ့ပုံပဲ “

“ ခြောက်ယောက် ခုနစ်ယောက်လောက်ပဲလား။ ဘာကိုကြောက်နေရမှာလဲ “

“ ပဲလားဆိုတဲ့ စကားက ဘာကိုဆိုလိုတာလဲ “

လောင်လျူ အံ့ဩတုန်လှုပ်သွား၏ အဲ့တာက ပြဿနာ သေးသေးလေးလားဟ

အဲ့တာက အသွင်ပြောင်းခြင်းနယ်ပယ်က ပညာရှင်တွေလေ အစာကွင်းဆက်ရဲ့ ထိပ်ဆုံးမှာ ရှိတယ်လေ။ မင်းက ဟာသမှတ်နေတာလားဟ။

လုချန်ရှန်းက ပြန်ပြောလိုက်သည် “ အချိန်ကျလာရင် မင်းက ငါ့ကို ခေါ်သွားလို့ရတာပဲလေ “

သူသည် ထိုကိစ္စမျိုးနှင့် လက်ပွန်းတနီးဖြစ်နေခဲ့၏ လော့ယွမ်တောင်တန်းတွင် သူ့ကို ခေါ်ထုတ်သွားခဲ့သည့် လူက ရှောင်ဟေးပင် ဖြစ်သည်။

လောင်လျူကမူ စိုးရိမ်ပူပန်မှု အပြည့်ဖြင့် တုံ့ပြန်လာခဲ့၏ “ ငါလည်း အဲ့လိုလုပ်ချင်ပါတယ် “

“ ဟမ် …… “

“ ဒါပင်မဲ့ သတင်းဆိုးတစ်ခုရှိသေးတယ် ထျန်းကျီစံအိမ်က နတ်လက်နက်တစ်ခုကို ဝယ်လိုက်တယ်။ သူတို့က ငါတို့နှစ်ယောက်စလုံးရဲ့ အငွေ့အသက်တွေကို အဲ့ထဲမှာ သိုလှောင်ထားတယ် ငါတို့က ဘယ်လိုပုံစံမျိုးပဲ ပြောင်းလဲသွားပါစေ အဖော်ခံရလိမ့်မယ် “

“ အဲ့လောက်တောင် ရက်စက်တာလားဟ “ လုချန်ရှန်း အံ့အားသင့်သွားခဲ့၏။

လောင်လျူက ပြန်ပြောလိုက်သည် “ မင်းက အဲ့လိုလှုပ်ရှားမှုကြီးမျိုးကို ဆွဲဆောင်မိသွားအောင် ဘာတွေလုပ်ခဲ့တာလဲ။ အခုဆိုရင် ထျန်းကျီစံအိမ် ထျန်းရီ မြင့်မြတ်နယ်မြေနဲ့ နတ်ဘုရား သန့်စင်ခြင်း နန်းတော် အားလုံးက မင်းကို သတ်ချင်နေကြပြီ “

“ ငါက မွေးရာပါ ဝိညာဥ်နယ်ပယ် ပညာရှင်လေးယောက်ကို သတ် စုမူယွဲ့ကို ရိုက်နှက်ပြီးတော့ သူမဆီကို ကံဆိုးမှု/မကောင်းမှုကံ နည်းနည်းလောက် လွှဲပေးခဲ့တာကြောင့်လား။ အဲ့လောက်ကြီးတော့ မကြမ်းသင့်ဘူးလေ ဟုတ်တယ်မလား “

“ မကောင်းမှုကံလား “

“ ဟုတ်ပ “

လောင်လျူ ချက်ချင်းနားလည်သွား၏။ မကောင်းမှုကံဆိုသည်က မည်မျှ ကြောက်မက်ဖွယ်ကောင်းလိုက်သနည်း။ အကယ်၍ ၎င်းကို ကောင်းစွာမကိုင်တွယ်နိုင်ဘူးဆိုပါက တစ်ဘဝလုံး ကံဆိုးမိုးမှောင်ကျသွားနိုင်ပေသည်။

သူတို့က စုမူယွဲ့ကို အလွန်တရာ တန်ဖိုးထားကာ ဂရုတစိုက် ပျိုးထောင်ပေးခဲ့ကြသည် သို့သော် ယခုတွင်ကား သူမက မကောင်းမှုကံတို့ဖြင့် စွန်းထင်းသွားပြီဖြစ်၏ ထိုလူများက သူ့ကို အသေသတ်ချင်နေသည်မှာ အံ့ဩဖွယ်ရာမဟုတ်တော့ပေ။

လုချန်ရှန်းမှာလည်း တစ်ခုခုမှားယွင်းနေသည်ကို အာရုံခံမိသွားကာ စကားထပ်ပြောလာခဲ့၏ “ အဲ့တာက ဘာအကြည့်ကြီးလဲ။ မင်းက ငါ့ကို အပြစ်တင်နေတာလား “

“ အရင်တုန်းက မင်းက တက်တက်ကြွကြွ ပူးပေါင်းခဲ့တာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ ဒါပင်မဲ့ တကယ်လို့ သူတို့က ပြဿနာမီးကို မွှေးခဲ့တယ်ဆိုရင်တောင်မှ အပြစ်တွေက မင်းခေါင်းပေါ်ကျလာဦးမှာပဲ ငါပါ ရောကြိတ်ခံရဦးမှာ။ အဲ့တာက အရှိတရားပဲ “

လောင်လျူ ဆွံ့အသွား၏။ အရာအားလုံးကို နားလည်ခဲ့ပြီးသည့်နောက်တွင် သူသည် မည်ကဲ့သို့ မှတ်ချက်ပေးရမှန်းမသိ ဖြစ်သွားတော့၏။

လုချန်ရှန်းသည် ထိုလူများက သူ့ကို အကောက်ကြံရန် ကြိုးပမ်းနေသည်ဆိုသည်ကို သိနေခဲ့သည် သို့သော် သူသည် ၎င်းကို မည်သို့မျှ အာရုံစိုက်မနေခဲ့ပေ။ ထို့အစား သူသည် ငွေအရင်ယူကာ သူ၏အလုပ်ကို အပြီးသတ်ရမည် ဖြစ်ပြီး အရာအားလုံး ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် ကံဆိုးမိုးမှောင်ကျသွားစေမည့် တိုက်ကွက်ဖြင့် ထိုလူများကို ချက်ချင်းတိုက်ခိုက်မည် ဖြစ်သည်။

ထျန်းကျီစံအိမ်က သူ့ကို လှည့်ဖျားနေလျက်ရှိပြီး သူကလည်း ထျန်းကျီစံအိမ်ကို လိမ်ညာနေခဲ့၏။ ထိုအကြောင်းကို တွေးတောစဥ်းစားခြင်းကပင် မည်သူ့ကိုမဆို ခေါင်းကိုက်သွားစေနိုင်ပေသည်။

ကံအဆိုးဆုံးက လောင်လျူပင် ဖြစ်ပေသည် သူက မည်သည့်အရာကိုမှ မပြုလုပ်ခဲ့သော်လည်း ပဲလှော်ကြားဆားညပ်နေခဲ့ပြီ ဖြစ်သည်။

“ ဆိုတော့ ငါတို့က ဘာလုပ်ကြမှာလဲ “ ဟု လောင်လျူမှ မေးမြန်းလာခဲ့၏။

လုချန်ရှန်းက တုံ့ပြန်လိုက်သည် “ လောင်လျူ မင်းက တော်တော်လေးကို အိုနေပြီလေ။ ပြဿနာတွေကို ဖြေရှင်းဖို့ ကိုယ့်ဘာသာ စဥ်းစားသင့်တယ်။ ပြဿနာအားလုံးကို ငါ့ဆီ ပစ်ပေးလိုက်လို့ မရဘူးလေ အဲ့တာက ငါ့ကို ပင်ပန်းနွမ်းနယ်စေတယ်ကွ “

“ မင်းပြောတဲ့စကားကို မင်းကိုယ်တိုင်ရော ကြားရဲ့လား။ အဲ့တာက လူစကားရော ဟုတ်ရဲ့လား “

“ မင်းကြောင့် အဲ့တာတွေ ဖြစ်လာတာလေ။ မင်းဆီကို မပစ်လို့ သူတို့ဆီကို ပစ်လိုက်ရမှာလား။ မင်းက ပင်ပန်းတယ်လို့တောင် ပြောရဲနေတယ်ပေါ့။ ငါ့အတွက်ငါ တွေးပူရလွန်းလို့ ရူးချင်နေပြီ။ ခုနက သတင်းယူဖို့ ကြိုးစားခဲ့တုန်းက ဘာမှမလုပ်ရသေးတာတောင်မှ ငါ့ခေါင်းပေါက်ထွက်သွားတော့မလို့ “

လောင်လျူသည် ဒေါကြီးမောကြီးဖြင့် ချက်ချင်းခွန်းတုံ့ပြန်လာခဲ့၏။

လုချန်ရှန်းသည် အံ့ဩမှင်သက်သွားကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေတော့၏။ ထိုပြဿနာ၏ ခက်ခဲမှုက အတိုင်းအတာတစ်ခုအထိ မြင့်မားပေသည်။

သို့သော် သူသည် ပြာပြာသလဲ မဖြစ်သွားခဲ့ပေ။ ထို့အစား လောင်လျူကို အေးအေးလူလူ ငေးကြည့်ကာ တုံ့ပြန်လိုက်သည် “ ငါတို့က ဘာလို့အရင်နားပြီးတော့ မစောင့်ကြည့်လိုက်ရတာလဲ “

“ ဘာကို စောင့်ရမှာလဲ။ သူတို့တွေ ဖောက်ဝင်လာတာကိုလား “

လောင်လျူ ဆွံ့အသွားတော့သည်။

သို့သော် လုချန်ရှန်းက အတည်ပေါက်ဖြင့် ပြန်ပြောလာခဲ့၏ “ အဲ့တာက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး “

လောင်လျူ : “ … “

--

…………………………………………………………………………………………………………………………

All Chapters