အခန်း ၁၈၃
Vol. 13 Ch. 183
အပိုင်း ( 183 )
သေချာစဥ်းစားပါရစေဦး
လူနှစ်ဦးက တစ်ဦးကိုတစ်ဦး ကြည့်နေလျက်ရှိပြီး လောင်လျူမှာ စိုးရိမ်တကြီး ဖြစ်သွားခဲ့သည်။
အဆုံးတွင် လုချန်ရှန်းသည် လောင်လျူကို မည်သို့မျှ သည်းခံမနိုင်တော့ပေ။
“ စကားများနေတာ တော်လိုက်တော့။ အဲ့တာကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခု စဥ်းစားလိုက်မယ် “
“ တကယ်လား “
“ ငါက လူတွေကို လိမ်ခဲ့ဖူးလို့လားဟ “
ထို့နောက်တွင် သူသည် နဂါးနစ်မြုပ်ခြင်း နယ်မြေ အပြင်ဘက်သို့ ဦးတည်သွား၏။
မိုင်ထောင်ဂဏန်း အနည်းငယ်အတွက် အချိန်ကြာကြာမယူခဲ့ရပေ။
ဤနယ်မြေက သူတို့နေထိုင်ရာ ကမ္ဘာနှင့်ထပ်နေလျက်ရှိပြီး ယခုတွင် အပြင်သို့ လှမ်းကြည့်လိုက်မည်ဆိုပါက ၎င်းကလည်း ပုံရိပ်ယောင်တစ်ခုသာ ဖြစ်နေပေမည်။
အစစ်အမှန်နှင့် ပုံရိပ်ယောင်အကြားတွင် လုချန်ရှန်းက အစွန်းဘက်သို့ ရောက်ရှိလာခဲ့၏။ သူသည် အေးအေးဆေးဆေး မျက်နှာချင်းဆိုင်လိုက်ကာ ကောင်းကင်ယံတွင် မျောလွင့်နေသည့် မှန်တစ်ချပ်ကို စောင့်ကြည့်နေတော့၏ ၎င်း၏ တောက်ပမှုက ဤပင်လယ်ပြင်တစ်ခုလုံးကို လင်းထိန်သွားစေပုံရ၏။
ဘက်ပေါင်းစုံရှိ ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ်ရာ အရှိန်အဝါများကို ထုတ်လွှင့်နေသည့် ပုံရိပ်အများအပြား ရှိနေခဲ့၏။
ပင်လယ်ပြင်အထက်တွင် ဧရာမ ပိုက်ကွန်ကြီးတစ်ခုကို ဖြန့်ကျက်ထားပြီး ပြေးပေါက်အားလုံးကို ပိတ်ဆို့ထား၏။
လုချန်ရှန်းသည် ၎င်းတို့ကို ကြည့်နေရင်းဖြင့် မျက်နှာကြုတ်သွားကာ ပြန်ပြောလိုက်သည် “ ငါ့ကို ကိုင်တွယ်ဖို့အတွက်လေးနဲ့ ဒီလောက်ကြီးအထိ လုပ်ဖို့ လိုလို့လား “
သူသည် နားမလည်နိုင် ဖြစ်သွားခဲ့သည်။
သို့ရာ၌ လုချန်ရှန်း ပေါ်ထွက်လာသည်ကို မြင်လိုက်ရသောအခါတွင် သူ့အပေါ်သို့ အေးစက်စက် အကြည့်ပေါင်းများစွာ ကျဆင်းလာခဲ့၏။
“ ချင်းယီ “
တိုးညှင်းသော ဟိန်းဟောက်သံတစ်ခုက ဘက်ပေါင်းစုံသို့ ပျံ့လွင့်လာခဲ့၏။
၎င်းက ထျန်းရီ မြင့်မြတ်နယ်မြေမှ လူတစ်ဦးဖြစ်သည်။ ထိုလူမှာ ရှောင်ရွှမ်း၏ ဆရာတစ်ဖြစ်လဲ အသွင်ပြောင်းခြင်းအဆင့် ပညာရှင်တစ်ဦး ဖြစ်သည်။
သူ၏ အရှိန်အဝါမှာ အထိန်းအချုပ်ကင်းမဲ့သည့်အလား ဖြစ်နေခဲ့ပြီး ကောင်းကင်ပြင်ကို တုန်ခါသွားစေကာ ပင်လယ်ပြင်ကို လှိုင်းထန်သွားစေခဲ့၏။
ထျန်းကျီစံအိမ်များသည် မည်းမှောင်နေသော အမူအရာများဖြင့် သူ့ကို ကြည့်လာကြသည်။
ထိုအခြေအနေကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းက လောင်လျူကို ပြန်လှည့်ကြည့်လိုက်သည်။ လောင်လျူ၏ မျှော်လင့်တကြီးဖြစ်နေသော အကြည့်အောက်မှာပင် သူသည် ထိုလူများကို စကားလှမ်းပြောလိုက်သည် “ ဒေါသမထွက်ကြပါနဲ့။ ကျုပ်က ခင်ဗျားတို့နဲ့ ကြောင်းကျိုးပြဖို့အတွက် ရောက်လာတာပါ “
“ ကြောင်းကျိုးပြဖို့လား “
လူတိုင်း မှင်သက်သွား၏။
ထျန်းရီ မြင့်မြတ်နယ်မြေ ထျန်းကျီစံအိမ် ချူလျူရှန်းနှင့် တစ်ခြားလူများသည် အကယ်၍ သူက ခြေတစ်လှမ်းတိုးလာမည်ဆိုပါက အမဲဝိုင်းဖျက်တော့မည့်အလား ဖြစ်နေသော အကြည့်များဖြင့် ထိုနေရာကို စိုက်ကြည့်နေကြတော့သည်။
“ ဟုတ်ပါတယ် “ လုချန်ရှန်းက အေးအေးလူလူ တုံ့ပြန်လိုက်၏ “ ရှောင်ရွှမ်းနှင့် ချူချန်ခုန်းတို့က ကိုယ့်သေတွင်းကိုယ် တူးပြီးတော့ ကျုပ်ကို လာရန်စခဲ့ကြတာပါ။ နောက်တော့ ဘာဆက်ဖြစ်သွားလဲ။ သူတို့နှစ်ယောက်လုံး ကျုပ်သတ်တာကို ခံလိုက်ရပါတယ်။ အဲ့တာက သူတို့ရဲ့ အမှားပါပဲ ခင်ဗျားတို့ သဘောတူကြတယ်မလား “
အားလုံး : “ … “
လုချန်ရှန်းသည် တုံ့ပြန်မှုတစ်ခုကိုပင် စောင့်ဆိုင်းမနေဘဲ စကားဆက်ပြောနေတော့သည် “ ပြီးကျတော့ ထျန်းကျီစံအိမ်က ကံကြမ္မာကျောက်တုံးကို ရှာဖို့အတွက် ကျုပ်ကို ငွေပေးခဲ့ပါတယ် ဒါပင်မဲ့ သူတို့ရဲ့ တကယ့်ရည်ရွယ်ချက်က ကျုပ်ရဲ့ ကံတရားကို စုမူယွဲ့ဆီကို လွှဲပေးချင်နေကြတာပါ။ အဲ့လိုဆိုရင်တောင်မှ ကျုပ်က လုံးဝမခုခံဘဲ တက်တက်ကြွကြွ ပူးပေါင်းပေးခဲ့ပါတယ်။ ငွေတောင် ထပ်မတောင်းခဲ့ပါဘူး အဲ့တာကိုတောင် ခင်ဗျားတို့က ကျုပ်ကို အပြစ်တင်နေကြသေးတာလား “
“ မင်းက ဘာပေါက်ကရတွေ လျှောက်ပြောနေတာလဲ “ ထျန်းကျီစံအိမ်၏ အကြီးအကဲတစ်ဦးက ဟိန်းဟောက်လာခဲ့၏။
လုချန်ရှန်းက တုံ့ပြန်လိုက်သည် “ ကျုပ်ဘာပြောနေလဲဆိုတာကို ခင်ဗျားသိပါတယ်ဗျာ။ အဲ့တာက မအောင်မြင်ခဲ့ဘူးဆိုပင်မဲ့ ခင်ဗျားတို့ရဲ့ လုပ်ရပ်တွေက တကယ်ကို ရွံဖို့ကောင်းတယ်။ ခင်ဗျားတို့က ကျုပ်ရဲ့ ကံတရားကို အဲ့လိုငွေနည်းနည်းလေးနဲ့ ဝယ်ချင်နေကြတယ်ပေါ့ ခင်ဗျားတို့က လူမဟုတ်ကြဘူးပဲ။ အခုလက်ရှိ ရလဒ်က ခင်ဗျားတို့နဲ့ တန်တဲ့ဟာပဲ ခင်ဗျားတို့က တစ်ခြားလူတွေကို အပြစ်တင်နေရဲသေးတာလား “
တစ်ခြားလူများသည် ထပ်မံ၍ အတွေးနက်သွားကြရပြန်သည်။
သို့ရာတွင် ကံတရားအကြောင်းပါလာသောကြောင့် မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ လူတိုင်းက အံ့ဩမှင်သက်ကာ တွေးတွေးဆဆ ဖြစ်သွားကြသည်။
သူတို့နှင့် ပူးပေါင်းခဲ့ကြသည့် အင်အားစုများသည် တစ်ယောက်တစ်မျိုး တွေးနေကြပြီး ထျန်းရီ မြင့်မြတ်နယ်မြေကပင် မနေနိုင်တော့ဘဲ သူ့ကို ငေးကြည့်လာကြ၏။
“ မင်းက ရန်တိုက်ပေးဖို့ ကြိုးစားပေးနေတာလား “
“ အဲ့တာက ကျုပ်ရဲ့ ကိုယ်ပိုင်စိတ်ခံစားချက်တွေပဲ။ သူတို့ ဘာတွေးနေလဲဆိုတာက ကျုပ်နဲ့ ဘာမှမဆိုင်ဘူး။ ကျုပ်က အကျိုးအကြောင်း ရှင်းပြဖို့ ဒီနေရာမှာ ရှိနေတာ။ ကျုပ်ပြောခဲ့တဲ့ အချက်အလက်တွေကို အခြေခံရရင်တော့ အဲ့တာက ခင်ဗျားတို့ရဲ့ အမှားပဲ “ လုချန်ရှန်း၏ အကြောင်းအရင်းပြမှုက ရှင်းလင်းတိကျနေလျက်ရှိပြီး သူပြောလိုသည့် အချက်ကို အလွန်တရာ ရှင်းလင်းသွားစေခဲ့၏။
“ အဲ့တော့ ဘာဖြစ်လဲ “
“ တကယ်လို့ ခင်ဗျားတို့က ကျုပ်ကို ထိခိုက်အောင် လုပ်ချင်နေတုန်းဆိုရင် အဲ့တာက ခင်ဗျားတို့ရဲ့ အမှားပဲ။ ကျုပ်က လျော်ကြေးတောင်းမှာ မဟုတ်ဘူး အခုချိန်ကနေစပြီးတော့ ကျုပ်တို့ကို ကိုယ့်လမ်းကိုယ်လျှောက်ကြမယ် “
“ ??? “
ထိုအခိုက်အတန့်တွင် လူတိုင်းက နေရာမှာပင် အေးခဲတောင့်တင်းသွားကာ အချိန်အတော်ကြာ ဆွံ့အသွားခဲ့သည်။
လောင်လျူကပါ တအံ့တဩဖြစ်သွားကာ စကားစပြောလာခဲ့သည် “ မင်းက သူတို့နဲ့ အကျိုးအကြောင်းပြောဖို့အတွက် တကယ်ကြီးကို ရောက်လာခဲ့တာပဲ “
“ အဲ့လိုမှ မဟုတ်ဘူးဆိုရင်ရော “
“ သူတို့က နားထောင်လိမ့်မယ်လို့ မင်းထင်နေတာလား “
“ ကြိုးစားကြည့်ကြတာပေါ့ကွာ တကယ်အလုပ်ဖြစ်သွားနိုင်တာပဲ “
လောင်လျူ : “ … “
အားကြီးသူများက အားနည်းသူများကို ချနင်းသည့် ကမ္ဘာလောကကြီးတွင် သူသည် အစာကွင်းဆက်၏ ထိပ်ဆုံးနေရာတွင် ရှိနေသည့် လူများနှင့် ကြောင်းကျိုးပြရန် အမှန်တကယ် ကြိုးပမ်းနေခဲ့၏။ သူတို့က အရှက်မရှိဘူးလေ မင်းစကားကို နားထောင်မှာမို့လို့လား။
အချိန်အတိုင်းအတာတစ်ခုအထိ ကြာခဲ့ပြီးသည့်နောက်မှသာလျှင် ထျန်းကျီစံအိမ်၏ အသွင်ပြောင်းခြင်းအဆင့် ပညာရှင်တစ်ဦးက စကားထပ်ပြောလာခဲ့၏ “ မင်းဆီမှာ အဖြူအမည်းကို ရောထွေးသွားအောင် လုပ်နိုင်တဲ့ လျှာကောင်းတစ်ခုရှိနေတာပဲ။ အဲ့တာတွေ ပြောနေလို့ ဘာထူးမှာမို့လို့လဲ “
“ ကျုပ်က အကျိုးအကြောင်း ပြောပြနေတာလေ ခင်ဗျားတို့က ခေါင်းမာနေမှတော့ ကျုပ်ဘာလုပ်နိုင်တော့မှာမို့လို့လဲ “
လုချန်ရှန်း၏ အေးအေးလူလူ ဖြစ်နေသော အမူအရာကို မြင်လိုက်ရသောအခါတွင် ထိုလူများ၏ အမူအရာများက ပိုမိုဆိုးရွားသွားခဲ့သည်။ သူက ငါတို့ကို အလေးအနက်မထားဘူးလား
“ ဒီနေ့ မင်းပြေးလို့မလွတ်ဘူး “
လုချန်ရှန်းက တုံ့ပြန်လိုက်၏ “ အဲ့လိုမျိုး ခြိမ်းခြောက်တဲ့ စကားတွေကို မပြောနဲ့။ ခင်ဗျားဆီမှာ အကူအညီ ရှိတာနဲ့ပဲ ကျုပ်နဲ့ ကျုပ်ညီကို အနိုင်ကျင့်လို့ရမယ်လို့ မထင်လိုက်နဲ့။ ခင်ဗျားတို့က ကျုပ်ညီတစ်ယောက်တည်းကိုတောင် ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး “
လောင်လျူ၏ မျက်လုံးများ ပြူးကျယ်သွားသည် ငါ့ကို ဆွဲချနေတာလားဟ။
“ ဟက် “
လှောင်ပြောင်သံတစ်ခုနှင့်အတူ သူတို့နှစ်ဦးအပေါ်သို့ အကြည့်ပေါင်းများစွာ ကျဆင်းလာခဲ့သည်။
လုချန်ရှန်းသည် လောင်လျူကို လှည့်ကြည့်ကာ စကားပြောလိုက်သည် “ တွေ့လား အသုံးမဝင်ပါဘူးလို့ ငါပြောခဲ့သားပဲ။ ပျက်စီးသွားပြီမဟုတ်ဘူးလား “
လောင်လျူသည် သူ့ကို ကြည့်ကာ တိတ်ဆိတ်ငြိမ်သက်သွား၏။
မင်းစကားပြောတဲ့ ပုံစံမျိုးနဲ့ဆိုရင် ဘယ်လိုလုပ် မပျက်စီးဘဲ နေမှာလဲဟ။ အဲ့လိုသဘောထားမျိုးနဲ့ ရိုးသားမှုက ဘယ်မှာလဲ။
စကားပြောသည်ဖြစ်စေ မပြောသည်ဖြစ်စေ ရလဒ်က တူညီနေဦးမည် ဖြစ်သည်။ လုချန်ရှန်းကမူ အဆိုပါ ရလဒ်ကို မျှော်မှန်းထားခဲ့ပြီးပြီ ဖြစ်သည်။ သူသည် ဤနေရာတွင် မည်ကဲ့သို့သော စီစဥ်မှုများ ရှိလဲဆိုသည်နှင့် သူ့ထံတွင် အခွင့်အရေးတစ်ခု ရှိနေဦးမလားဆိုသည်ကို မြင်တွေ့ရရန်အတွက် ထွက်လာခဲ့ခြင်း ဖြစ်သည်။
ယခုတွင်ကား သူသည် သူ့ထံတွင် မည်သည့်အခွင့်အရေးမှ မရှိဖို့များသည်ဆိုသည်ကို သိရှိသွားပြီ ဖြစ်သည်။
သူက ကန်းယွင်ကားချပ်အတွင်းတွင် ဝင်ပုန်းကာ တစ်ခြားလူတစ်ဦးအား သူ့ကို ခေါ်ထုတ်သွားစေနိုင်ပေသည် သို့သော် ကန်းယွင်ကားချပ်ကို တစ်ခြားလူတစ်ဦး၏လက်အတွင်းသို့ မည်ကဲ့သို့ ထည့်လိုက်နိုင်မည်နည်း။
“ သောက်ပြဿနာပဲ “
လုချန်ရှန်းသည် စကားပြောနေရင်းဖြင့် လက်နောက်ပစ်ထားသော ဟန်အမူအရာဖြင့် နဂါးနစ်မြုပ်ခြင်း နယ်မြေအတွင်းသို့ ဖြည်းဖြည်းချင်း ပြန်ဝင်သွား၏။
သို့ရာတွင် သူ၏ကိုယ်ဟန်အမူအရာက ဒေါသထွက်ဖွယ်ကောင်းနေခဲ့သည်။
နှစ်ဖက်စလုံးက ဓားများ ဆွဲထုတ်လိုက်ပြီဖြစ်သည်။ လူတော်တော်များများသည် ၎င်းကို သတိပြုမိသွားကာ ပဲလှော်ကြားဆားညပ်မည်ကို စိုးရိမ်သောကြောင့် နောက်ဆုတ်စပြုနေခဲ့ပြီ ဖြစ်သည်။
သေခြင်းတရားကို မကြောက်သော လူများကမူ မျက်နှာလိုမျက်နှာရ လုပ်ရန်အတွက် သူ့ကို ဖမ်ဆီးရန် ကြိုးပမ်းခဲ့ကြသည် သို့သော် သူတို့အားလုံး သေဆုံးသွားခဲ့ကြသည်။
လောင်လျူသည် မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလာခဲ့သည် “ အခုငါတို့က ဘာလုပ်ကြမှာလဲ “
“ စိတ်မပူပါနဲ့ အခုလောလောဆယ်တော့ ဒီမှာနေတာက တော်တော်လေးကို လုံခြုံတယ် “
“ အခုလောလောဆယ်လား။ နောက်ပိုင်းကျတော့ရော “
လောင်လျူသည် တအံ့တဩ ဖြစ်သွားကာ သူ၏ဦးနှောက်ကို အပြင်းအထန် အလုပ်ပေးလိုက်သော်လည်း အခြေအနေများက မည်ကဲ့သို့ ဤမျှလောက်အထိ ဆိုးရွားသွားရလဲဆိုသည်ကို နားမလည်နိုင် ဖြစ်သွားခဲ့သည်။
“ မလောပါနဲ့ “
“ ငါက ဘယ်လိုလုပ် မလောဘဲ နေနိုင်မှာလဲ။ ငါက နတ်ဘုရား မြှုပ်နှံခြင်းတောင်တန်းမှာ နှစ်ငါးရာတိတိ ပိတ်မိနေခဲ့တာလေ နောက်ဆုံး အပြင်ထွက်လာနိုင်တဲ့ အချိန်မှာ နှစ်ရက်တောင် ပြည့်ပြည့်ဝဝ မပျော်ရသေးဘဲ ထပ်သေရတော့မလို ဖြစ်နေခဲ့တာလေ “
“ အဲ့လိုဖြစ်မှာ မဟုတ်ပါဘူး “
“ မင်းဘာပြောချင်တာလဲ “ လောင်လျူ မျက်မှောင်ကြုတ်သွားခဲ့သည်။
သို့ရာတွင် လုချန်ရှန်းက တုံ့ပြန်လိုက်၏ “ မင်းဆီမှာ ဓားရှိလား “
“ မင်းဘာလုပ်ချင်နေတာလဲ “
“ မင်းဆီမှာ တစ်ခုခုရှိလား မေးနေတာ “
လောင်လျူသည် တစ်ခဏခန့် ငေးငိုင်သွား၏ ထို့နောက်၌ သူ၏လက်ထဲတွင် ဓားရှည်တစ်လက်ပေါ်လာခဲ့ကာ အရှေ့သို့ လက်ဆန့်တန်းလိုက်၏။
လုချန်ရှန်းသည် ၎င်းကို ယူလိုက်ကာ ခေါင်းခါပြ၍ စကားထပ်ပြောလိုက်သည် “ မင်းဆီမှာ ပိုပြီးတော့ အဆင့်မြင့်တဲ့ဟာ မရှိဘူးလား “
လောင်လျူသည် ဇဝေဇဝါ ဖြစ်သော်လည်း ရှေးဟောင်းဓားတစ်လက်ကို ထုတ်ယူလာသေး၏။
၎င်းနှင့်အတူ ရှေးကျသော အရှိန်အဝါတစ်ခု ပေါ်ထွက်လာခဲ့၏။ လွှဲရမ်းလိုက်သည့် အချိန်တွင် ၎င်းက အားကောင်းသော ဓားချီများကို လှုပ်ခတ်သွားစေခဲ့၏။
“ ဘုရင်အဆင့် လက်ခံပေးလို့ရပါတယ်။ ဒီဟာက အလုပ်ဖြစ်မှာပါ “ လုချန်ရှန်းသည် ထိုကဲ့သို့ပြောလိုက်ကာ ယခင်ကတစ်ခုကို သိမ်းထားလိုက်သည်။
လောင်လျူက ထပ်မံ၍ မေးမြန်းလာခဲ့၏ “ မင်းက ဘာလုပ်ဖို့ ဓားကို လိုအပ်နေရတာလဲ “
“ မင်းစိတ်ဝင်စားနေပြီပဲ။ ကိုယ့်ကိုကိုယ် ခုခံကာကွယ်ဖို့ပေါ့ဟ။ ငါက သေခြင်းတရားကို ထိုင်စောင့်နေရမှာလား “ လုချန်ရှန်းက တုံ့ပြန်လိုက်၏။
သို့သော် လောင်လျူကမူ ဇဝေဇဝါ ဖြစ်သွားသော အမူအရာမျိုးဖြင့် သူ့ကို ငေးကြည့်လာခဲ့သည်။
“ မင်းက ဓားဆန္ဒ ဖြစ်တည်ခြင်း အထွတ်အထိပ်ကို ရောက်နေတဲ့ ဓားကျင့်ကြံသူလေ ဓားလေးတစ်ချောင်းတောင် မတတ်နိုင်ဘူးလားဟ “
“ အဲ့တာက တော်တော်ကြီးကို ထူးဆန်းနေလို့လားဟ “
“ မထူးဆန်းဘူးလား။ ဓားမရှိဘဲနဲ့ မင်းရဲ့ ဓားတာအိုကို ဘယ်လိုမျိုး လေ့ကျင့်ခဲ့တာလဲ “
လောင်လျူသည် နားမလည်နိုင် ဖြစ်သွားခဲ့သည်။ သူ့ဆီမှာ ဓားတောင်မရှိဘူးလား။ ဒီကောင်က ဓားတာအို ကျင့်ကြံသူ မဟုတ်ဘူးလားဟ။
သို့ရာတွင် လုချန်ရှန်းကမူ ဓားရှည်ကို စူးစမ်းလေ့လာနေကာ ပြန်ပြောလိုက်သည် “ အဲ့လိုဟာမျိုးက လေ့ကျင့်ဖို့ လိုနေသေးလို့လားဟ။ မင်းရဲ့ စိတ်ထဲမှာ မြင်ယောင်ကြည့်လိုက်တာနဲ့ ပြီးသွားပြီ မဟုတ်ဘူးလား “
“ … “
လောင်လျူ တိတ်ဆိတ်ငြိမ်သက်သွား၏။
လွန်ခဲ့သော နှစ်ငါးရာခန့်က သူသည် ဓားကျမ်းစာကို ရရှိကာ ဓားနှလုံးသား သန့်စင်မှုကို ခူးဆွတ်နိုင်ခဲ့ပြီး ထို့နောက် နှစ်ငါးရာအကြာတွင် ဓားဆန္ဒ ဖြစ်တည်ခြင်း၏ အစောပိုင်းအဆင့်ကို အနည်းငယ်မျှ နားလည်ခဲ့ကာ ရောက်ရှိရုံဆိုမျှသာ ဖြစ်ခဲ့သည်။ သို့တိုင်အောင် သူသည် အလွန်တရာ ဂုဏ်ယူဝင့်ကြွားနေခဲ့၏။
သို့သော် သူ့အရှေ့တွင် ရှိနေသည့် အသက်နှစ်ဆယ်ပင် မပြည့်သေးသည့် အကောင်ကမူ နှစ်ရှစ်ရာအတွင်း ပြီးမြောက်မှုမရှိသည့် လမ်းကြောင်းကို လျှောက်ခဲ့လေ၏ သို့သော် ၎င်းက ကိစ္စတစ်ခုဖြစ်သည် သူသည် ဓားမရှိဘဲ ဓားတာအိုကို ကျင့်ကြံခဲ့ပြီး လေ့ကျင့်နေရန်ပင် မလိုအပ်ခဲ့ချေ။
“ သူက တကယ်ကြီးကို ဒေါသထွက်ဖို့ကောင်းတာပဲ “
ဤအခိုက်အတန့်တွင် သူသည် မည်သည့်စကားကိုမှ ထပ်မပြောချင်တော့ပေ။
ထိုစဥ် သူသည် အဝေးတွင် ပုံရိပ်အများအပြားက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ရွေ့လျားလာသည်ကို သတိပြုမိသွား၏။
“ သူတို့ ရောက်လာပြီ “ ဟု လောင်လျူက စကားလှမ်းပြောလိုက်၏။
ရွှမ်
ဓားအူသံ ပဲ့တင်ထပ်လာခဲ့ကာ လုချန်ရှန်း၏ အရှိန်အဝါမှာလည်း ချက်ချင်းပြောင်းလဲသွားခဲ့သည်။ သူသည် သူ၏ဓားကိုပင် ဆွဲမထုတ်လိုက်ချေ။ သို့သော် သူ၏ဓားဆန္ဒက ဓားအင်မော်တယ်တစ်ဦး ဆင်းသက်လာသကဲသို့ သက်တန့်အလား ဖြစ်နေခဲ့၏။
လုချန်ရှန်းက တုံ့ပြန်လာခဲ့၏ “ သွားကြစို့ ငါက ထပ်ပြီးတော့ ညှိနှိုင်းလိုက်မယ် “
--
……………………………………………………………………………………………………………………………..