အခန်း ၁၈၄
Vol. 13 Ch. 184
အပိုင်း ( 184 )
မသေချင်ရင် ပြေးကြ
လုချန်ရှန်းသည် ခြေတစ်လှမ်းလှမ်းကာ ကောင်းကင်ပြင်ကို ကျော်ဖြတ်၍ သူ့အရှေ့တွင် ရှိနေသည့် လူသုံးဦးထံသို့ ဦးတည်သွား၏။
ထိုလူသုံးဦးစလုံးက မွေးရာပါ ဝိညာဥ်နယ်ပယ် ပညာရှင်များ ဖြစ်သည်။
သူတို့သည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် လုချန်ရှန်းကို မျက်နှာချင်းဆိုင်လိုက်၏။
လောင်လျူက စကားပြောလာခဲ့သည် “ ညှိနှိုင်းမယ်ဆိုမှတော့ ဒီတစ်ခေါက်မှာ မင်းက စကားကောင်းကောင်း ပြောမှဖြစ်မယ် “
“ အိုကေ “
လုချန်ရှန်းသည် သဘောတူလိုက်ပြီး သူ၏ဦးခေါင်းကို လှည့်ကာ ထိုလူများကို စကားပြောလိုက်သည် “ ကျုပ်က တိုက်ခိုက်သတ်ဖြတ်ရတာကို မကြိုက်ဘူး။ တကယ်လို့ ခင်ဗျားတို့က မသေချင်ကြဘူးဆိုရင် အခုချက်ချင်း ပြေးသွားလို့ရသေးတယ်။ ဒါပင်မဲ့ ခင်ဗျားတို့က ခေါင်းမာနေမယ်ဆိုရင် ကျုပ်က ခင်ဗျားတို့ကို သတ်လိုက်ရမှာပဲ “
လောင်လျူ : “ … “
အဲ့တာကို ညှိနှိုင်းတယ်လို့ ခေါ်တာလား။ တိုက်ရိုက်ကြီး ရန်စနေတာ မဟုတ်ဘူးလားဟ။
“ သေ “
အသစ်ရောက်လာသူများ၏ တုံ့ပြန်မှုများက ပြတ်ပြတ်သားသား ဖြစ်နေခဲ့သည် ချက်ချင်းဆိုသလိုပင် သတ်ဖြတ်လိုသည့် အရှိန်အဝါတစ်ခု ပေါက်ထွက်လာခဲ့ပြီး ကောင်းကင်အနှံ့ ပြည့်နှက်သွား၏။
အလင်းတန်းများ ချက်ချင်းပေါက်ထွက်လာခဲ့ပြီး အဆုံးမဲ့ မှော်စွမ်းအားများ မြင့်တက်လာခဲ့၏။ လုချန်ရှန်းကမူ လက်တစ်ဖက် နောက်ပစ်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ဓားကိုင်ထားကာ မားမားမတ်မတ် ရပ်တည်နေလျက်ရှိ၏။
ထိုလူသုံးဦး၏ လှုပ်ရှားမှုနှင့်အတူ သူတို့၏ ဓားရှည်များ လွှဲရမ်းလာခဲ့ပြီး ဓားဆန္ဒ အပိုင်းအစတစ်ခုက ကောင်းကင်ဘုံကို ထိုးဖောက်သွား၏ ဓားသည် ကောင်းကင်ယံတွင် ကခုန်နေလျက်ရှိပြီး သူတို့၏ မျက်လုံးများအတွင်းတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့၏။
ရွှပ်
ခေါင်းဆောင်သည် ချက်ချင်းခုတ်ပိုင်းခံလိုက်ရပြီး ကောင်းကင်အနှံ့ သွေးများပြန့်ကျဲသွား၏။
“ ဘာကြီး “
ကျန်ရှိနေသည့် လူနှစ်ဦး၏ မျက်လုံးများအတွင်းတွင် အကြောက်တရားများ ဖြစ်တည်လာခဲ့သည် သို့သော် လုချန်ရှန်းကမူ တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ သူ၏ဓားကို ထပ်မံ၍ လွှဲရမ်းလိုက်သည် အားကောင်းသော သတ်ဖြတ်လိုစိတ်တစ်ခု ဖြစ်တည်လာကာ ကောင်းကင်ထက်သို့ ထောင်တက်သွား၏။
သူတို့သည် စောင့်ကြည့်နေရင်းဖြင့် ကြောက်လန့်တကြား ဖြစ်သွားကြသည် သူတို့၏ မှော်စွမ်းအားများ ဖြစ်တည်လာပြီး သတ်ဖြတ်ခြင်း တိုက်ကွက်များ လိုက်ပါလာခဲ့၏ သို့သော် သူတို့သည် အဆိုပါ သတ်ဖြတ်လိုစိတ်ကို မည်သို့မျှ မတားဆီးနိုင်ခဲ့ပေ။
တိုက်ခိုက်မှုတစ်ခုတည်းဖြင့် သူတို့၏ နည်းလမ်းအားလုံး ပြိုကွဲသွားပြီး ဓားချီက သူတို့၏ ခန္ဓာကိုယ်များအတွင်းသို့ ထိုးဖောက်လာခဲ့ကာ သူတို့၏ အသက်စွမ်းအားများ ချက်ချင်းငြိမ်းသတ်လိုက်သည်။
လူငယ်သည် ထိုနေရာတွင် မတ်တပ်ရပ်နေသေးစဲဖြစ်ပြီး ဓားသွားတွင် မည်သည့်သွေးစက်မှ ရှိမနေဘဲ အေးစက်စက် အလင်းတန်းတစ်ခုသာ ဖြာထွက်နေလျက်ရှိ၏။
“ အဲ့တာက ……. “
လောင်လျူသည် ပါးစပ်အဟောင်းသားဖြင့် ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။
သို့ရာတွင် လုချန်ရှန်းက စကားလှမ်းပြောလာခဲ့၏ “ တွေ့လား သူတို့က ရမ်းကားလွန်းတယ်။ ငါ့ရဲ့ သဘောထားက တော်တော်လေးကို ပြေပြစ်နေတာနေပြီလေ ဒါပင်မဲ့ သူတို့က နားမထောင်ကြဘူး သွေးမြေခနေရတုန်းပဲ “
“ မင်းမှန်တယ် …… “
လောင်လျူသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်။
သို့ရာတွင် သူတို့မတုံ့ပြန်နိုင်သေးခင် အချိန်မှာပင် အဝေးမှ လူများ ပိုမိုရောက်ရှိလာခဲ့သည်။
မွေးရာပါ ဝိညာဥ်အဆင့်၉ ပညာရှင်နှစ်ဦးနှင့် မွေးရာပါ ဝိညာဥ်အဆင့်၇ ပညာရှင်သုံးဦး ဖြစ်နေခဲ့၏။
“ သတ် “
ဟိန်းဟောက်သံတစ်သံ ပဲ့တင်ထပ် ပျံ့လွင့်လာခဲ့ပြီး အဆုံးမဲ့ သတ်ဖြတ်လိုစိတ်တစ်ခုသည် သူတို့၏ အကြည့်များ ကျဆင်းသွားရာ နေရာတိုင်းကို ဖုံးလွှမ်းသွားသည်။
လုချန်ရှန်းကမူ ၎င်းကို အေးအေးလူလူ ငေးကြည့်နေလျက်ရှိ၏။
လောင်လျူက စကားထပ်ပြောလာခဲ့သည် “ မင်းသွားတော့ ငါက ကိုယ့်ကိုကိုယ် ကာကွယ်နိုင်တယ် ငါ့ကို စိတ်မပူနဲ့ “
“ ငါက မင်းကို ဘယ်လိုမှ စိတ်မပူပါဘူး “
လုချန်ရှန်းသည် ထိုကဲ့သို့ ခွန်းတုံ့ပြန်လိုက်ကာ ကောင်းကင်ထက်သို့ ခုန်တက်သွား၏။
လောင်လျူ ဆွံ့အသွားတော့သည်။ ဤကာလအတွင်းတွင် သူ၏ ကျင့်ကြံရေးနယ်ပယ်က မွေးရာပါ ဝိညာဥ်က အဆင့်၃အထိ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ကျင့်ကြံရေးနှင့်သာဆိုပါက ထွက်ပြေးခြင်းက အလွန်တရာ လွယ်ကူနေမည် ဖြစ်သည်။
၎င်းက ယခင်က သူလျှောက်ခဲ့ဖူးသည့် လမ်းကြောင်းတစ်ခု ဖြစ်သောကြောင့် သူသည် ပြန်လည်သက်သာလာရန်အတွက် မှော်စွမ်းအားများကိုသာ အဆက်မပြတ် စုဆောင်းနေရမည် ဖြစ်သည်။
သို့သော် ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူတအံ့တဩ ဖြစ်သွားခဲ့ရသည်။
ပညာရှင် ငါးဦးက လုချန်ရှန်းကို ဝိုင်းရံ၍ တိုက်ခိုက်လာကြသည် သို့သော် လုချန်ရှန်းကမူ သူ၏ဓားကို ဝေ့ရမ်းလိုက်သည် ဓားအလင်းတန်းသည် ကောင်းကင်ပြင်ကိုပင် လင်းထိန်သွားစေခဲ့၏။ မွေးရာပါ ဝိညာဥ်အဆင့်၇ ပညာရှင်သုံးဦးက ချက်ချင်းရှုံးနိမ့်သွားပြီး နေရာမှာတင် သွေးများစီးကျလာခဲ့၏။
၎င်းက ကျန်ရှိနေသည့် လူနှစ်ဦးကို မယုံကြည်နိုင် ဖြစ်သွားစေခဲ့သည်။
ထိုအချိန်မှသာလျှင် သူတို့သည် ထိုလူငယ်က သူတို့ကို ရန်စရန် မည်သည့်အတွက်ကြောင့် ယုံကြည်မှု ရှိနေရလဲဆိုသည်ကို နားလည်သွားကြသည်။
မွေးရာပါ ဝိညာဥ် အဆင့်၉ ပညာရှင်နှစ်ဦးက ပူးပေါင်းလုပ်ဆောင်နေကြတော့သည် သို့သော် ၎င်းကပင် သူ့ကို မတားဆီးနိုင်ခဲ့ပေ။
သူက မွေးရာပါ ဝိညာဥ် အဆင့်၅တွင်သာ ရှိနေသော်လည်း သူ၏ ဓားဆန္ဒ ဖြစ်တည်ခြင်း အထွတ်အထိပ်က အရာအားလုံးကို ဖြေရှင်းရန် လုံလောက်နေခဲ့သည်။ ၎င်းက ပါရမီရှင် အများအပြားနှင့် ဓားကျင့်ကြံသူ တော်တော်များများ လက်လှမ်းမမှီသည့် အရာတစ်ခု ဖြစ်သည်။
သူတို့၏ မျက်လုံးများအတွင်းတွင် အကြောက်တရားသာ စိုးမိုးလာခဲ့သည်။ သူတို့က နှစ်ထောင်နှင့်ချီ၍ ရှင်သန်နေထိုင်လာကြသည့် လူများဖြစ်သည် သို့သော် ယခုလက်ရှိ အချိန်၌ သူတို့သည် သူတို့အရှေ့တွင် ရှိနေသည့်လူငယ်ကို အမှန်တကယ် ကြောက်ရွံ့သွားကြသည်။
“ ခုတ် “
ငြင်သာသော အသံတစ်သံ ပေါ်ထွက်လာခဲ့သည် သို့သော် မိုးကြိုးပစ်သံအလား လူတိုင်း၏ စိတ်နှလုံးသားကို တုန်ရင်သွားစေခဲ့၏။ နတ်ဖီးနစ်များ ကခုန်နေပြီး ဂဠုန်ကြီးများက ၎င်းတို့၏ တောင်ပံများကို ဖြန့်ကျက်ထားက နဂါးအရိပ်တို့ကလည်း ဂုဏ်ယူဝင့်ကြွားစွာ ဝဲပျံနေလျက်ရှိ၏။
မွေးရာပါ ဝိညာဥ် အဆင့်၉ ပညာရှင်ကပင် စိတ်ပျက်အားလျော့သွားခဲ့သည်။
လောင်လျူသည် အံ့ဩတကြီး စောင့်ကြည့်နေရင်းဖြင့် ၎င်းအား မည်ကဲ့သို့ ဖော်ပြရမှန်းမသိ ဖြစ်သွားခဲ့သည်။
“ လူဘယ်လောက်များများက အဲ့တာကို ယှဥ်နိုင်ကြမှာလဲ။ သူက ငါ့အစ်ကိုကြီးနဲ့ ယှဥ်ရင်တောင်မှ သိပ်ကွာနေမှာ မဟုတ်ဘူး “
သူသည် အကဲဖြတ်မှုတစ်ခုကို ပြုလုပ်လိုက်သည် လွန်ခဲ့သော နှစ်ငါးရာခန့်က ကွေ့ဝူချန်က နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်ခဲ့ဖူး၏။ ဒေသလေးခုအနှံ့ အမျိုးမျိုးသော မြင့်မြတ်နယ်မြေများမှ သူတော်စင်အားလုံးက အပြည့်အဝ ရှုံးနိမ့်သွားပြီး သူ့မျိုးဆက်တွင် ရှိနေသည့် မည်သူကမျှ အခွင့်အာဏာကို မတောင်းယူရဲကြပေ။
ဤအခိုက်အတန့်တွင် သူ၏ အတွေးများ ရှင်းလင်းသွားခဲ့သည်။ နောက်ဆုံးကျန်ရှိနေသည့် လူ၏ အသက်စွမ်းအားကို ဖြတ်တောက်ခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းသည် သူ့ဓားနှင့်အတူ ပြန်လာခဲ့ကာ အဝေးသို့ ငေးကြည့်နေတော့သည်။
“ သွားမယ် “
“ ဘယ်ကိုလဲ “
“ အဝေးမှာ လူတွေ ရှိနေတုန်းပဲ “ ဟု လုချန်ရှန်းမှ တုံ့ပြန်လိုက်၏။
လောင်လျူက ပြန်ပြောလိုက်သည် “ ဘာကိုဆိုလိုတာလဲ “
“ သူတို့က ဆွေးနွေးညှိနှိုင်းလို့ မရအောင် ခေါင်းမာကြတယ်လေ အဲ့တာကြောင့် သူတို့နဲ့ စကားပြောရမှာ ပျင်းသွားပြီ။ သတ်နိုင်သလောက် များများလေး သတ်ရမယ် “
သူသည် စကားပြောနေရင်းဖြင့်ပင် လှုပ်ရှားနေခဲ့ပြီဖြစ်သည်။
သူသွားခဲ့သည့် နေရာတိုင်းတွင် လူတိုင်း ရှင်းထုတ်ခံလိုက်ရသည်။ မွေးရာပါ ဝိညာဥ် အဆင့်၉ ကျင့်ကြံသူများကပင် တိုက်ကွက်တစ်ခုတည်းကို မခုခံနိုင်ခဲ့ကြပေ။ သူသည် ပြိုင်ဘက်ကင်းမှုကို အမှန်တကယ် အောင်နိုင်ထားပုံရပြီး သူ၏သတ်ဖြတ်လိုစိတ်မှာလည်း အလွန်ပင် အံ့ဖွယ်ကောင်း၏။ မည်သူမှ ထပ်မရောက်လာသေးခင် အချိန်မှာပင် အရာအားလုံး ပြီးဆုံးသွားခဲ့သည်။
နောက်မှရောက်လာကြသည့် လူများသည် နေရာအနှံ့ စွန်းထင်းနေသည့် သွေးများနှင့် အလောင်းတို့ဖြင့် ပြည့်နှက်နေသည့် တောင်တန်းများကို မြင်တွေ့သွားကာ မည်သည့်အရာများ ဖြစ်ပျက်ခဲ့လဲဆိုသည်ကို နားမလည်နိုင် ဖြစ်သွားကြ၏။
“ ဘာတွေ ဖြစ်နေတာလဲဟ “
နောက်မှရောက်လာသည့် သူများသည် မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားကြသည်။
သူတို့သည် အရှေ့သို့ ဆက်လိုက်သွားကြသော်လည်း အမှန်တရားကို မည်သို့မျှ မမြင်တွေ့ခဲ့ရပေ။
လုချန်ရှန်းက သတ်ဖြတ်ရင်းဖြင့် ရူးသွပ်သွားပုံရကာ ဘက်ပေါင်းစုံကို ရှင်းလင်းခဲ့၏။ သူ့ကို သတ်ချင်နေကြသည့် မည်သူမဆို ပျောက်ကွယ်သွားခဲ့သည်။
တိုက်ခိုက်ရေးစွမ်းအားတစ်ခုတည်းဖြင့်ပင် သူသည် အဆင့်၉တွင် ရှိနေသည့် မည်သူ့ကိုမှ မကြောက်ပေ။ ဓားကိုင်ထားသည့်အချိန်တွင် သူသည် မွေးရာပါ ဝိညာဥ်နယ်ပယ်ရှိ မည်သူ့ကိုမှ လူမထင်ပေ။
လောင်လျူမှာလည်း မည်သို့မျှ ပျင်းရိမနေခဲ့ပေ။ သူသည် လုချန်ရှန်းအနောက်မှ လိုက်သွားပြီး ပြုတ်ကျသွားသည့် လူများကို ဆက်တိုက်ဖမ်းယူ၍ ထိုလူများ၏ ခန္ဓာကိုယ်များကို ရှာဖွေကာ အဖိုးတန် ပစ္စည်းအားလုံးကို သိမ်းယူနေလျက်ရှိ၏။
မကြာခင် အချိန်မှာပင် နဂါးနစ်မြုပ်ခြင်း နယ်မြေတစ်ခုလုံး အထိတ်တလန့်ဖြစ်သွားကာ။ ကြေကွဲဖွယ်ကောင်းသည့် အဆိုပါ ဖြစ်ရပ်ကို မြင်တွေ့လိုက်ရသူတိုင်းက အဝေးသို့ ထွက်ပြေးသွားကြသည်။
“ မကောင်းတော့ဘူး ဆိုးရွားတဲ့ ကိစ္စကြီးတစ်ခု ဖြစ်သွားပြီ “
တစ်စုံတစ်ဦးသည် နဂါးနစ်မြုပ်ခြင်း နယ်မြေမှ ထွက်ခွာကာ သက်ဆိုင်ရာဂိုဏ်းထံသို့ ဦးတည်သွား၏။
“ ဘာဖြစ်တာလဲ “
အဘိုးအိုတစ်ဦးသည် မည်သည့်အရာကိုမှ မစိုးရိမ်မပူပန်သည့်အလား အေးအေးလူလူ တုံ့ပြန်လိုက်သည်။
“ နဂါးနစ်မြုပ်ခြင်း နယ်မြေထဲမှာ လူအများကြီး သေသွားပါပြီ။ ချင်းယီကို အမဲလိုက်နေတဲ့သူတိုင်း သေသွားပါပြီ “
“ ဘာဖြစ်တယ် “
“ လှုပ်ရှားနေကြတဲ့ လူတိုင်းက မွေးရာပါ ဝိညာဥ်နယ်ပယ်က ကျင့်ကြံသူတွေချည်းပဲလေ။ ဘယ်လိုလုပ် အဲ့လိုမျိုး ဖြစ်လာရတာလဲ “
“ ကျွန်တော်လည်း မသိပါဘူး “ သတင်းလာပို့သူမှာ အနည်းငယ် ကတုန်ကရင် ဖြစ်သွားခဲ့သည်။
နောက်လူတစ်ဦးက စကားဝင်ပြောလာခဲ့၏ “ ချင်းဝူရွှမ်းက တိုက်ပွဲမြေပြင်ကို ရှင်းနေတာကိုပဲ မြင်လိုက်ရတာပါ။ ကျွန်တော်တို့က အနားကို မကပ်သွားရဲဘူး “
သူတို့သည် သူတို့မြင်ခဲ့ ကြားခဲ့ရသည့် အရာများကို ပြန်လည်ပြောပြနေကြသည်။
အားလုံး၏ အမူအရာများ တစ်ဦးပြီးတစ်ဦး ပြောင်းလဲသွားသည်။
“ ချင်းဝူရွှမ်းလား “
“ လှုပ်ရှားခဲ့တဲ့လူက သူများလား “
လူတိုင်း ချိတုံချတုံ ဖြစ်သွားကြသည်။
သို့ရာတွင် တစ်စုံတစ်ဦးက စကားဝင်ပြောလာခဲ့၏ “ အဲ့လိုပဲဖြစ်ဖို့များတယ် “
“ ရှောင်ရွှမ်းနဲ့ ချူချန်ခုန်းတို့က မွေးရာပါ ဝိညာဥ်နယ်ပယ်ကို ရောက်နေကြပြီလေ။ ချင်းယီရဲ့ စကားတွေအရဆိုရင် လှုပ်ရှားခဲ့တဲ့လူက အဲ့လူပဲ ဖြစ်နေဖို့များတယ်။ သူက လက်သည်းဝှက်ထားတဲ့ ကျင့်ကြံသူတစ်ယောက်ပဲ “
“ ဒါပင်မဲ့ မွေးရာပါ ဝိညာဥ် အဆင့်၉ ပညာရှင်ကတောင် မတားဆီးနိုင်တာက ဘယ်လိုပညာရှင်မျိုးလဲ။ သူက အသွင်ပြောင်းခြင်းနယ်ပယ်က ကျင့်ကြံသူလား “
“ တကယ်လို့ သူက ဓားတာအိုကို ကျင့်ကြံထားတဲ့ မွေးရာပါ ဝိညာဥ် အဆင့်၉ ပညာရှင်တစ်ယောက်ဖြစ်နေမယ်ဆိုရင်ရော “
“ … “
အားလုံးသည် မှန်းဆတွက်ချက်နေလျက်ရှိပြီး သူတို့၏ မျက်ဝန်းများအတွင်းတွင် ရှိနေသည့် သတ်ဖြတ်လိုစိတ်များက ပိုမိုသိပ်သည်းအားကောင်းလာခဲ့၏။
သူတို့သည် တစ်ခုပြီးတစ်ခု ငြိမ်းသက်သွားသည့် မီးအိမ်များကို စောင့်ကြည့်နေကြသည် ၎င်းတို့အားလုံးက မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်များဖြစ်ပြီး သူတို့အခြေချရာ သက်ဆိုင်ရာ ဂိုဏ်းအသီးသီး၏ ထိပ်တန်းပညာရှင်များလည်း ဖြစ်သည်။ ဤတစ်ကြိမ်ဆုံးရှုံးမှုက အလွန်တရာ ကြီးမားနေခဲ့ပြီး သူတို့ကို အကြောက်တရားတို့ဖြင့် တုန်တုန်ရင်ရင် ဖြစ်သွားစေခဲ့၏။
သူတို့အတွေးများနေသည့် အချိန်မှာပင် လုချန်ရှန်းသည် အစွန်ဘက်တွင် ပေါ်လာခဲ့ကာ အရှေ့သို့ အေးဆေးလူလူ ငေးကြည့်နေတော့သည်။
“ ချင်းယီ မင်းဘာလိုချင်နေတာလဲ “
သို့သော် လုချန်ရှန်း၏ တုံ့ပြန်မှုကြောင့် သူတို့အားလုံး အံ့သြတကြီး ဖြစ်ကြသည် " ခင်ဗျားတို့ဆီမှာ သတ်စရာ လူအလုံအလောက်မရှိဘူး ကျုပ်ညီတောင် ပျင်းနေပြီ "
သူ၏ စကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်း ဒေါသူပုန်ထသွားကြ၏။
လောင်လျူသည် သူ့ကို ငေးကြည့်လာခဲ့သော်လည်း မည်သည့်မူမမှန်မှုကိုမှ မခံစားခဲ့ရပေ။ သူအမှန်တကယ် ပျင်းရိနေပြီ ဖြစ်သည်။
သို့သော် ထိုကောင်၏ စကားလုံးတို့မှာ အတော်ပင် မောက်မာနေလျက်ရှိ၏။
လုချန်ရှန်းက စကားဆက်ပြောလာခဲ့သည် " ခင်ဗျားတို့ မလာဘူးဆိုရင်လည်း အသွင်ပြောင်းခြင်းနယ်ပယ်က ခင်ဗျားတို့ရဲ့ ဂျူနီယာလေးတွေကို လွှတ်လိုက်။ မွေးရာပါ ဝိညာဥ်နယ်ပယ်က လူတွေက တိုက်ခိုက်ဖို့အတွက် မလုံလောက်ဘူး "
လူတိုင်း ထပ်မံ၍ အံ့အားသင့်သွားကြသည်။
လောင်လျူမှာလည်း အံ့သြမှင်သက်ကာ ဆွံ့အသွားခဲ့သည်။ သူ့စကားက ဘာကိုဆိုလိုတာလဲဟ
လုချန်ရှန်းကမူ စကားပြောခဲ့ပြီးသည့်နောက်တွင် နဂါးနစ်မြုပ်ခြင်းနယ်မြေ အတွင်းသို့ ပြန်ဝင်သွားခဲ့သည်။
လူအုပ်ကြီးသည် အမုန်းတရားတို့ဖြင့် အံတကြိတ်ကြိတ်ဖြစ်သွားကြသည်။ သူတို့က မောက်မာသည့် လူပေါင်းများစွာကို တွေ့ခဲ့ဖူးသော်လည်း ထိုမျှမောက်မာသည့် လူမျိုးကို တစ်ကြိမ်တစ်ခါမှ မတွေ့ခဲ့ဖူးချေ။ သမိုင်းကြောင်းတစ်လျှောက်လုံးမှာပင် ထိုမျှရူးနှမ်းသည့် လူမျိုးက အနည်းငယ်မျှသာရှိခဲ့ဖူးသည်။
ထိုအခိုက်အတန့်တွင် ဂိုဏ်းအသီးသီး၏ အမူအရာများ အပြည့်အဝ ပြောင်းလဲသွား၏။ ထျန်းကျီစံအိမ်နှင့် ထျန်းရီ မြင့်မြတ်နယ်မြေတို့မှာလည်း ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပုံရသည်။
--
.........................................................................................................................................