အခန်း ၁၈၅
Vol. 13 Ch. 185
အပိုင်း ( 185 )
ဘိုးဘေးနဂါးကို ဖိနှိပ်ခြင်း
နဂါးနစ်မြုပ်ခြင်း နယ်မြေအတွင်းရှိ လုချန်ရှန်းကမူ အေးဆေးတည်ငြိမ်နေလျက်ရှိ၏။
လောင်လျူသည် သူ့အနောက်မှ လိုက်သွားကာ ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည် " ခုနတုန်းက မင်းပြောလိုက်တဲ့စကားက ဘာကိုဆိုလိုချင်တာတုန်း "
" အသွင်ပြောင်းခြင်းနယ်ပယ်က ပညာရှင်တွေ တကယ်ဝင်လို့ရ မရဆိုတာကို စမ်းသပ်နေတာလေ "
" ရလဒ်ကရော "
“ အခြေအနေကို ကြည့်ရသလောက်အရဆိုရင်တော့ သူတို့က မဆင်မခြင် ဝင်မလာရဲဘူး။ တကယ်လို့ သူတို့က ဝင်လာနိုင်မယ်ဆိုရင်တောင်မှ တန်ကြေးတစ်ခု ပေးဆပ်ရလောက်တယ်။ ဒါပင်မဲ့ သူတို့က အဲ့လိုလုပ်ချင်ကြလိမ့်မယ်လို့ ငါမထင်ဘူး။ ငါ့အတွက် အသွင်ပြောင်းခြင်းနယ်ပယ်က ပညာရှင်တစ်ယောက်ကို စွန့်စားခိုင်းမှာလား။ အဲ့တာက တော်တော်ကြီးကို မိုက်မဲရာကျလွန်းတယ် “
လုချန်ရှန်းက ရှင်းပြလာခဲ့သည်။
လောင်လျူ အံ့အားသင့်သွားခဲ့သည်။ အဲ့တာက ဘယ်လို အယူအဆကြီးလဲဟ
တကယ်လို့ သူတို့က အဲ့လိုလုပ်လာမယ်ဆိုရင် မင်းက ဘာလုပ်မှာလဲ
“ စောင့်ကြည့်ကြတာပေါ့ကွာ “ ဟု လုချန်ရှန်းက စကားထပ်ပြောလာခဲ့၏။
နဂါးနစ်မြုပ်ခြင်း နယ်မြေမပိတ်ခင် အချိန်အထိ အချိန်တစ်ချို့ ကျန်နေသေးသည်။
ဤကာလအတွင်းတွင် မဟာတောရိုင်း ခန်းမ၏ လူများက သူ့ကို လာရှာခဲ့သည်။
“ မိတ်ဆွေလေး ဒီတစ်ခါတော့ မင်းက ကပ်ဘေးကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့တာပဲ “ ဟု အကြီးအကဲ ဝူယန်က စကားပြောလာခဲ့၏။
လုချန်ရှန်းက တုံ့ပြန်လိုက်သည် “ ခင်ဗျားတို့လည်း တွေ့တာပဲဗျာ အဲ့တာက ကျုပ်စခဲ့တဲ့ ကိစ္စမှ မဟုတ်တာဗျ “
“ ဒါပင်မဲ့ ………. “
အကြီးအကဲ ဝူယန်သည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ မည်သူ့ကြောင့်ပင်ဆိုစေကာမူ အဆုံးတွင် ခံစားသွားရမည့်လူမှာ သူတစ်ဦးတည်းသာလျှင် ဖြစ်နေလိမ့်မည်။
ကျီရှုက စကားဝင်ပြောလာခဲ့၏ “ မင်းကို ခေါ်ထုတ်ဖို့အတွက် ငါတို့ဆီမှာ နည်းလမ်းတစ်ခု ရှိတယ် ဒါပင်မဲ့ တော်တော်တော့ အန္တရာယ်များတယ် “
“ ရပါတယ် “
လုချန်ရှန်းက ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။
“ ဘာလို့လဲ “
“ တကယ်လို့ ကျွန်တော် အပြင်ရောက်သွားမယ်ဆိုရင် အဆင်ပြေတယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ ခင်ဗျားတို့ပါ ဆွဲချမိလိမ့်မယ် “
“ ဒါပင်မဲ့ ……. “
“ စောင့်ကြည့်ရုံပဲပေါ့ “
လုချန်ရှန်းသည် သူ၏လက်ကို ဝေ့ရမ်းပြကာ လှည့်ထွက်သွားတော့သည်။ သူသည် ကြီးမားသော ကျေးဇူးကြွေးတစ်ခုကို မတင်လိုပေ။ ကံကြွေးတင်သွားမည်ဆိုပါက ၎င်းကို ခက်ခက်ခဲခဲ ပြန်လည်ပေးဆပ်ရမည် ဖြစ်သည်။ အကယ်၍ သူ၏ခန္ဓာကိုယ်ဖြင့် ပေးချေရမည်ဆိုပါက မည်ကဲ့သို့ ပြုလုပ်ရမည်နည်း။
သူက တက်လှမ်းခြင်းနယ်ပယ်သို့ အရောက်သွားရန် စိတ်ပိုင်းဖြတ်ထားသည့် လူတစ်ဦး ဖြစ်သည်။ ထိုကဲ့သို့သော အသေးအမွှား ကိစ္စလေးများကြောင့် သူ့ကိုယ်သူ မည်ကဲ့သို့ နှောင့်နှေးခွင့်ပြုမည်နည်း။
“ အဲ့လိုစိတ်ဓာတ်မျိုးက တကယ်ကို ထူးခြားတယ် “
အကြီးအကဲ ဝူယန်နှင့် ကျီရှုတို့သည် ထွက်ခွာသွားသည့် လုချန်ရှန်း၏ ပုံရိပ်ကို ငေးကြည့်နေသည့် အချိန်တွင် အသံတစ်သံ ပေါ်ထွက်လာခဲ့၏။
၎င်းက အသက်ဆယ့်ခုနစ်(သို့) ဆယ့်ရှစ်နှစ်အရွယ် လူငယ်တစ်ဦး ဖြစ်သည်။
ထိုလူငယ်ကို မြင်လိုက်ရသောအခါတွင် သူတို့နှစ်ဦးစလုံး ဒူးထောက်ချလိုက်ပြီး ရိုသေလေးစားမှုသာလျှင် ကျန်နေခဲ့၏။
“ သူ့ကို လွှတ်ပေးလိုက်ပါ။ သူက ဒီကပ်ဘေးကို ဘယ်လိုကျော်လွှားမလဲဆိုတာကို ကျွန်တော်သိချင်တယ် “
“ ဒါပင်မဲ့ ……….. “
လူငယ်က ပြုံးပြလိုက်သည် “ ခင်ဗျားတို့ မမြင်တာကို ကျွန်တော်မြင်တယ်။ သူက တော်တော်လေးကို တည်ငြိမ်နေတယ် အဲ့တာကြောင့် သူ့ဆီမှာ အရန်အစီအစဥ် ရှိမှာပဲ စိတ်ပူနေဖို့ မလိုပါဘူး “
တစ်ဖက်ရှိ လုချန်ရှန်းကမူ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေလျက်ရှိ၏ ထိုအချိန်တွင် လောင်လျူက စကားထပ်ပြောလာခဲ့၏ “ မင်းက အဆင့်ထပ်တက်မလို့ ကြံနေတာလား “
“ ဘာအတွက် အဆင့်တက်ရမှာလဲ “
“ အသွင်ပြောင်းခြင်းနယ်ပယ်က ကျင့်ကြံသူတွေကို သတ်ဖို့လေ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းသည် အံ့အားသင့်သွားကာ မေးခွန်းပြန်ထုတ်လိုက်သည် “ မင်းရူးနေတာလား(ဒါမှမဟုတ်) ငါရူးနေတာလား။ မွေးရာပါ ဝိညာဥ် အဆင့်၆ ပညာရှင်တစ်ယောက်က အသွင်ပြောင်းခြင်းနယ်ပယ်က ပညာရှင်ကို သတ်ဖို့ကြိုးစားတယ်ပေါ့။ ဓားဆန္ဒ ဖြစ်တည်ခြင်းနဲ့ဆိုရင်တောင်မှ အလုပ်ဖြစ်မှာ မဟုတ်ဘူး “
“ ကြိုးစားကြည့်လိုက်လေ။ တကယ်လို့ မင်းက တကယ်ကြီးကို အံ့ဖွယ်ကောင်းနေပြီးတော့ ငါ့အတွက် လမ်းတစ်ခုခင်းပေးနိုင်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ “
လုချန်ရှန်းသည် ခေါင်းငြိမ့်ပြကာ တုံ့ပြန်လိုက်သည် “ မင်းပြောမှပဲ အဲ့တာက အဓိပ္ပါယ်ရှိတဲ့ပုံပဲ “
“ ဟုတ်တယ်မလား “
“ တကယ်လို့ မင်းကို အပြင်ကို လွှတ်လိုက်မယ်ဆိုရင် ငါ့အတွက် အခွင့်အရေးတစ်ခု ရလာနိုင်တယ်မဟုတ်ဘူးလား “ လုချန်ရှန်းမှာလည်း ဆော့ကစားလိုသော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်၏။
လောင်လျူသည် ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
လုချန်ရှန်းသည် သူ့ကို ထပ်မံ၍ စနောက်မနေတော့ဘဲ လေးလေးနက်နက် တွေးတောစဥ်းစားနေတော့သည်။ ဓားတာအိုက အလွန်တရာ အစွမ်းထက်သော်လည်း ၎င်းက အရာရာတိုင်းကို မဖြေရှင်းနိုင်ပေ။
မွေးရာပါ ဝိညာဥ် အဆင့်၆နှင့် အသွင်ပြောင်းခြင်း အဆင့်၁ကြားရှိ ကွာဟချက်က ချောက်နက်တစ်ခု မဟုတ်ဘဲ အသူရာချောက်တစ်ခုသာ ဖြစ်နေပေလိမ့်မည်။ အကယ်၍ မွေးရာပါ ဝိညာဥ် အဆင့်၉ဆိုပါက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမည် ဖြစ်သည်။
ထို့အပြင် သူက အသွင်ပြောင်းခြင်း အဆင့်၁ ပညာရှင်တို့ကိုသာ ရင်ဆိုင်ရမည်လော။
ပိုမိုအစွမ်းထက်သော တည်ရှိမှုများ ရှိပေသည် ရှောင်ရွှမ်း၏ ဆရာဖြစ်သူကို ဥပမာယူပါလေ သူက အဆင့်၁တွင်သာ ရှိနေလိမ့်မည် မဟုတ်ပေ။
ဤကာလအတွင်းတွင် လုချန်ရှန်းသည် မည်သည့်အရာမှ မပြုလုပ်ဘဲ နဂါးနစ်မြုပ်ခြင်း နယ်မြေအတွင်းတွင် အေးအေးလူလူ လှည့်ပတ်သွားလာနေလျက်ရှိ၏။
သို့ရာ၌ ဤတစ်ကြိမ်တွင် မွေးရာပါ ဝိညာဥ် ကျင့်ကြံသူတော်တော်များများ ပျောက်ကွယ်နေလျက်ရှိ၏ အဆင့်၉မှ လူများပင် သေဆုံးသွားခဲ့သောကြောင့် ထိုဂိုဏ်းကြီးသုံးခုက ထပ်မံ၍ မစွန့်စားဝံ့ကြတော့ပေ။ သူတို့က ထိုကဲ့သို့သော ဆုံးရှုံးမှုကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
အစတွင် သူတို့သည် အရာအားလုံး ပြီးဆုံးသွားပြီဟုသာ ထင်နေခဲ့ပြီး ဝင်ပေါက်ကို ပိတ်ဆို့ကာ နဂါးနစ်မြုပ်ခြင်း နယ်မြေပိတ်သွားသည့် အချိန်ကို စောင့်ဆိုင်းပြီး ထို့နောက်မှ လုချန်ရှန်းကို ကိုင်တွယ်ရန် ကြံရွယ်ထားကြသည်။
လုချန်ရှန်းကလည်း ထိုအတိုင်းသာ တွေးထားခဲ့၏။
သို့သော် သူလှည့်ပတ်သွားလာနေသည့် အချိန်မှာပင် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေအကြားတွင် ထူးဆန်းသော သဘာဝဖြစ်စဥ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
အမျိုးအမည် မသိရသော စွမ်းအားတစ်ခု ဖြစ်တည်လာပြီး နဂါးနစ်မြုပ်ခြင်း နယ်မြေတစ်ခုလုံးသည် တစ်စုံတစ်ခု နိုးထသကဲ့သို့ လှုပ်ရမ်းသွား၏။ တောင်တန်းများ လှုပ်ခါသွားကာ အားကောင်းသော စွမ်းအားတစ်ခု ပေါက်ထွက်လာခဲ့ပြီး လျင်မြန်စွာ ပြန်လည်ငြိမ်သက်သွားခဲ့သည်။
ပတ်ဝန်းကျင်တစ်ခုလုံး ဖိနှိပ်ခံလိုက်ရပြီး လေထုပင် လေးလံသွားခဲ့သည်။
“ ဘာတွေ ဖြစ်နေတာလဲဟ “ လောင်လျူသည် အထိတ်တလန့် ဖြစ်သွားခဲ့ပြီး သူ၏စိတ်ထဲတွင် ဆိုးရွားသော စိတ်ခံစားချက်တစ်ခု လှိုက်တက်လာခဲ့၏။
လုချန်ရှန်းမှာလည်း တစ်ခုခုမှားယွင်းနေသည်ကို အာရုံခံမိသွားခဲ့သည်။ ယခုလက်ရှိ အခြေအနေမှာ ဖိအားတို့ဖြင့် ပြည့်နှက်နေခြင်းပင် ဖြစ်သည်။
ထိုခံစားချက်က အဆက်မပြတ် ဖြစ်ပွားနေလျက်ရှိပြီး လုချန်ရှန်းသည် သိပ်မကြာခင် အချိန်မှာပင် ထိုဖြစ်ရပ် ပေါ်ထွက်လာရသည့် အကြောင်းအရင်းကို နားလည်သွားခဲ့သည်။
“ အသွင်ပြောင်းခြင်း ပညာရှင်တစ်ယောက် ဝင်လာပြီ “
“ ဘာကြီး “ လောင်လျူ မှင်သက်သွား၏။
ဤနေရာက ကံတရားနှင့်သက်ဆိုင်သည့် နေရာတစ်ခုဖြစ်သည်။ အသွင်ပြောင်းခြင်းအဆင့် ပညာရှင်များက အချိန်အတော်ကြာ အသက်ရှင်နေထိုင်ခဲ့ပြီးပြီဖြစ်သောကြောင့် သူတို့ထံတွင် ကံစွမ်းအား အနည်းငယ်မျှသာ ရှိနေမည် ဖြစ်သည်။ ဘိုးဘေးနဂါး၏ သက်ရောက်မှုကို ခံလိုက်ရကာ ကိုယ့်ကိုကိုယ်ကို ပြန်လည်ထိခိုက်သွားစေမည် ဖြစ်သည်။
ထို့ကြောင့် သူတို့သည် ဤနေရာသို့ မည်သို့မျှ ခြေမချခဲ့ပေ။
သို့သော် ယခုတွင်မူ အသွင်ပြောင်းခြင်း ကျင့်ကြံသူတစ်ဦး ဝင်လာပြီဟု လုချန်ရှန်းက အာရုံခံမိခဲ့၏။
သူအတွေးနက်နေသည့် အချိန်မှာပင် လောင်လျူက လေးလေးနက်နက် စကားပြောလာခဲ့၏ “ သူတို့က ဘိုးဘေးနဂါးကို တကယ်ကြီး ဖိနှိပ်လိုက်တာများလား “
“ ဘာကိုဆိုလိုတာလဲ “
“ ဒီနေရာရဲ့ ကံတရားက ဘိုးဘေးနဂါးရဲ့ နဂါးသွေးကြောဆီကနေ လာတာလေ။ တကယ်လို့ ဘိုးဘေးနဂါးကသာ တကယ်ကြီး ဖိနှိပ်ခံလိုက်ရမယ်ဆိုရင် အသွင်ပြောင်းခြင်းနယ်ပယ်က ကျင့်ကြံသူတွေက ဒီနေရာကို အေးအေးဆေးဆေး ဝင်လာနိုင်တယ် “ လောင်လျူသည် သူသိသည့် အရာများကို ပြောပြလာခဲ့သည်။
လုချန်ရှန်းက တအံ့တဩဖြင့် တုံ့ပြန်လိုက်၏ “ သူတို့က အဲ့တာကိုတောင် ဖိနှိပ်နိုင်တာလား “
“ ထျန်းကျီစံအိမ်က လျှို့ဝှက်ချက် အများကြီးကို သိနေပြီးတော့ နည်းလမ်းပေါင်းစုံ ပိုင်ထားတယ်လေ။ သူတို့ရဲ့ အခြေခံအုတ်မြစ်က တကယ်ကို ကြောက်ဖို့ကောင်းတယ်။ အဲ့တာက အထက်နယ်မြေနဲ့ ချိတ်ဆက်နေတယ်လို့တောင် ကောလဟာလတွေထွက်နေတယ် အဲ့တာကြောင့် သူတို့ဆီမှာ အဲ့လိုလုပ်နိုင်စွမ်းရှိတယ် ဒါပင်မဲ့ အဲ့လိုလုပ်လိုက်တာက ကုန်ကျစရိတ်များတယ် ပြီးတော့ အဲ့တာကလည်း ကြာကြာခံမှာ မဟုတ်ဘူး “
“ မင်းပြောစကားတွေအရဆိုရင် တန်ကြေးကြီးကြီး ပေးလိုက်ရမဲ့ပုံပဲ ငါ့ကို ဖမ်းဖို့အတွက်နဲ့လား။ တန်လို့လားဟ “ လုချန်ရှန်းသည် နားမလည်နိုင် ဖြစ်သွားခဲ့သည် ငါ့ကို အဲ့လောက်ကြီးတောင် မုန်းနေတာလားဟ
ကိစ္စက ထိုမျှလောက်ရိုးရှင်းနေမည်မဟုတ်ဘဲ တစ်ခြားသော ရည်ရွယ်ချက်များ ရှိနေနိုင်ပေသည်။
“ အခုတော့ မင်းအပေါ်မှာ မူတည်သွားပြီ “ လောင်လျူသည် ပြဿနာကို လုချန်ရှန်းဆီသို့ ပစ်ပေးလိုက်၏။
သူက ပဲလှော်ကြားဆားညပ်သွားခြင်းသာ ဖြစ်သည်။ ဒီကောင်က ယုံကြည်ချက်ရှိနေတယ်ဆိုမှတော့ အဖြေတစ်ခုခု ရှိနေတာပဲ ဖြစ်ရမယ်
“ အဲ့တော့ ငါဘာလုပ်သင့်လဲ “ ဟု လုချန်ရှန်းက တုံ့ပြန်လာခဲ့၏။
လောင်လျူ မျက်မှောင်ကြုတ်သွားတော့သည် “ မင်းဘာကိုဆိုလိုတာလဲ။ နည်းလမ်းတစ်ခုခု မရှိဘူးလား “
“ သူတို့လာတာ မြန်လွန်းတယ်လေ ဘာမှ မပြင်ဆင်ရသေးဘူး “
“ ငါ …….. “
လောင်လျူသည် ချက်ချင်းတိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
လုချန်ရှန်းက စကားထပ်ပြောလာခဲ့၏ “ ဘာပဲဖြစ်ဖြစ်ပါလေ ဒီနေရာက တော်တော်ကြီးကို ကြီးတယ် သူတို့က ငါ့ကို ရှာမတွေ့လောက်ပါဘူး “
လောင်လျူသည် သူ့အရှေ့တွင် ရှိနေသည့် လူငယ်လေးကို ကြည့်နေရင်းဖြင့် သူက မည်သည့်အတွက်ကြောင့် ဤကဲ့သို့သော အချိန်မျိုးတွင် ထိုမျှလောက်တည်ငြိမ်နေရလဲဆိုသည်ကို နားမလည်နိုင် ဖြစ်သွားခဲ့သည်။ ဘယ်လိုအရန်အစီအစဥ်မျိုးက သူ့ကို ဒီလောက်တောင် တည်ငြိမ်စေရတာလဲဟ။
ထိုစဥ် အသံတစ်သံ ဟိန်းထွက်လာခဲ့သည်။
“ ချင်းယီ မင်းက ဒီနေ့မှာ ဘေးကင်းကင်းနဲ့ ပြန်မသွားရဖို့ ကံပါလာတယ် မင်းရဲ့ မောက်မာမှုအတွက် သေချာပေါက် ပြန်ပေးဆပ်ရမယ် “
အသွင်ပြောင်းခြင်း(ဟွာရှု)နယ်ပယ် ပညာရှင်က စကားပြောလာခဲ့ပြီး ၎င်းက ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားခဲ့သည်။
လုချန်ရှန်းကမူ စိတ်အေးလက်အေး ဖြစ်နေသေး၏။ အရာအားလုံး ကျရှုံးသွားမည်ဆိုပါက သူသည် နေရာတစ်ခု ရှာဖွေ၍ သူ၏အရှိန်အဝါကို အပြည့်အဝ ဖုံးကွယ်လိုက်မည်ဖြစ်သည် ဟွာရှုနယ်ပယ် ပညာရှင်ကပင် သူ့ကို ရှာနိုင်လိမ့်မည် မဟုတ်ပေ။
ထို့အပြင် သူ့ထံတွင် ကန်းယွင်ကားချပ် ရှိနေသေးသည်။ အကယ်၍ နောက်ဆုံး အချိန်အထိ တိုက်ခိုက်ရမည်ဆိုလျှင်တောင်မှ မည်သူသေသွားရမလဲဆိုသည်ကို မသေချာလှပေ။
လောင်လျူ၏ ပြောစကားများအရ ဤနေရာ၏ ကံတရားကို ဖိနှိပ်ခြင်းက တာရှည်ခံမည် မဟုတ်ပေ ထို့ကြောင့် သူသည် တစ်ခဏခန့် တောင့်ခံရုံသာ ပြုလုပ်ရမည် ဖြစ်သည်။
ထိုအကြောင်းကို သူတွေးတောစဥ်းစားနေသည့် အချိန်မှာပင် တစ်ကမ္ဘာလုံး ထပ်မံ၍ လှုပ်ခတ်သွားခဲ့ပြန်သည်။
ဖိနှိပ်ခံနေရသည့် ခံစားချက် ချက်ချင်းပြိုကွဲသွားပြီး ကောင်းကင်နှင့်မြေပြင်ကို လှုပ်ခါသွားစေနိုင်သည့် စူးရှရှ နဂါးဟိန်းသံတစ်သံ ပေါ်ထွက်လာခဲ့၏။
သူတို့၏ အကြည့်များအောက်မှာပင် ဤနေရာ၏ အတွင်းကျဆုံး အပိုင်းတွင် ကောင်းကင်ထက်သို့ ရွှေရောင်ပုံရိပ် ခုန်ထွက်လာခဲ့၏။ ၎င်းက ကမ္ဘာလောကအတွင်းသို့ ရောက်ရှိလာသည့် အစစ်အမှန် နဂါးတစ်ကောင်အလား ဖြစ်နေခဲ့ပြီး ကောင်းကင်ယံသို့ ထိုးတက်သွား၏။
“ ဘာတွေဖြစ်နေတာလဲ။ အဲ့တာက အစစ်အမှန် နဂါးတစ်ကောင်လား “ လောင်လျူ အံ့အားသင့်သွားတော့သည်။
လုချန်ရှန်းသည် ထိုမြင်ကွင်းကို ငေးကြည့်နေရင်းဖြင့် အနည်းငယ် ကြောင်အသွားပြီး မည်သည့်အရာများ ဖြစ်ပျက်နေလဲဆိုသည်ကို နားမလည်နိုင် ဖြစ်သွားခဲ့သည်။
သို့ရာ၌ ထိုအခိုက်အတန့်တွင် ဘေးတစ်ဖက်မှ အသံတစ်သံ တဖြည်းဖြည်း ဟိန်းထွက်လာခဲ့သည်။
“ အဲ့တာက ဘိုးဘေးနဂါးရဲ့ စိတ်ဝိညာဥ်ပဲ။ အဲ့တာက အစစ်အမှန် နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းနိုင်ဦးမလားဆိုတာကိုတော့ မသိရသေးဘူး “
အသံတစ်သံ ပေါ်ထွက်လာခဲ့ပြီး သူတို့နှစ်ဦးက ထိုနေရာသို့ ငေးကြည့်လိုက်ကြသည်။ မိုချင်က ထိုနေရာတွင် အပြုံးတစ်ခုကို ဆင်မြန်း၍ မတ်တပ်ရပ်နေလျက်ရှိ၏။
သူ့ကို ထပ်တွေ့လိုက်ရသောအခါတွင် လုချန်ရှန်း အံ့အားသင့်သွားခဲ့သည်။ သူက ယခင်ကကဲ့သို့ အားနည်းမတော့ဘဲ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက သက်ဝင်တက်ကြွလာပုံရကာ အဆုံးမဲ့ ရောင်ဝါတို့ဖြင့် ပြည့်နှက်နေလျက်ရှိ၏။
--
……………………………………………………………………………………………………………………………………