အခန်း ၁၈၆
Vol. 13 Ch. 186
အပိုင်း ( 186 )
အဲ့တာကို ဘယ်လိုဆွဲဆောင်ရမှာလဲ
ဤနေရာသို့ မိုချင်ရောက်ရှိလာခဲ့သည်။
တစ်ရက်(သို့)နှစ်ရက်မျှ ကုန်ဆုံးခဲ့ပြီးသည့်နောက်တွင် သူလုံးဝကွဲပြားသွားခဲ့ပြီ ဖြစ်သည်။
လုချန်ရှန်းသည် ၎င်းက မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ အဆင့်တက်လိုက်ခြင်းကြောင့်လားဆိုသည်ကို မသိပေ။
“ မင်းက ငါ့နောက်ကိုလိုက်နေတာလား “ ဟု လုချန်ရှန်းက မေးမြန်းလိုက်၏။
မိုချင်သည် ခေါင်းခါပြကာ ပြန်ပြောလာခဲ့သည် “ မင်းက တော်တော်လေး ရှာရခက်တယ်။ ငါမင်းကို အခုမှ ရှာတွေ့တာ။ ကံတရား တွက်ချက်တာကတောင် မင်းရဲ့ တည်နေရာကို မခန့်မှန်းနိုင်ခဲ့ဘူး အဲ့တာကြောင့် မင်းကို ရှာတွေ့ဖို့အတွက် မင်းညီရဲ့ ကံတရားကို တွက်ချက်လိုက်တာ “
လောင်လျူ မျက်မှောင်ကြုတ်သွားခဲ့သည်။ ၎င်းက နိမိတ်ကောင်းတစ်ခု မဟုတ်ပေ။
မိုချင်က စကားထပ်ပြောလာခဲ့သည် “ စိတ်မပူပါနဲ့။ ထျန်းကျီစံအိမ်က မင်းတို့ရဲ့ ချီကို သိမ်းထားခဲ့တာ။ မင်းရဲ့ တည်နေရာကို ရှာဖို့အတွက် မင်းတို့ရဲ့ချီကို အခုလေးတင်ပဲ ငါသုံးခဲ့ရတယ် “
“ ကောင်းတယ် “ ဟု လောင်လျူက တုံ့ပြန်လိုက်၏။
သို့ရာတွင် လုချန်ရှန်းက စကားထပ်ပြောလာခဲ့သည် “ အဲ့လူတွေ ဆုံးရှုံးသွားတဲ့ ကံတရားက မင်းဆီကို ရောက်သွားတာလား “
“ ဟုတ်တယ် “
မိုချင်သည် မည်သည့်အရာကိုမှ မဖုံးကွယ်ထားခဲ့ပေ။
သူသည် သူ၏ကံတရားကို ဆုံးရှုံးခဲ့ဖူးပြီး ထို့ကြောင့်ပင် သူ၏ခန္ဓာကိုယ်က အားအင်ချိနဲ့ကာ အားနည်းပြီးရင်း အားနည်းနေခဲ့သည် မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ တက်လှမ်းခဲ့ပြီးသည့်နောက်မှာပင် များများစားစား မပြောင်းလဲသွားခဲ့ပေ။
သို့သော် ယခုတွင်ကား သူသည် တက်တက်ကြွကြွဖြင့် တောက်ပနေလျက်ရှိပြီး သူ၏ ကံကောင်းခြင်း( ကံအထောက်အပံ့) အများစုကို ပြန်လည်ရရှိသွားပုံရသည်။
ထိုအချိန်က လုချန်ရှန်းသည် ပုလ္လင်ပေါ်သို့ ခြေချခဲ့သူတိုင်း၏ ကံတရားများ အနည်းငယ်စီ ပျောက်ကွယ်သွားသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည် ၎င်းက ရတနာများကို အသုံးပြု၍ ဆွဲဆောင်ကာ ထိုလူများ၏ ကံတရား အနည်းငယ်ကို ထုတ်ယူသွားသည့် မိုချင်၏ လှည့်ကွက်တစ်ခု ဖြစ်နေဖို့များသည်။
ထုတ်ယူခဲ့သည့် ပမာဏက မကြီးမားသော်လည်း လူအမြောက်အများထံမှ စုဆောင်းခဲ့ခြင်းဖြစ်သောကြောင့် အတော်အတန် များပြားသွားမည် ဖြစ်သည် ထို့အပြင် ၎င်းကို မည်သူကမှ သတိမပြုမိခဲ့ပေ။
လုချန်ရှန်းသည် မိုချင်ကို ကြည့်နေရင်းဖြင့် လူတိုင်းကို တွက်ချက်တတ်သည့် ထိုလူ၏ အတိမ်အနက်က မှန်းဆရခက်သည်ဟုပင် ခံစားသွားခဲ့ရသည်။
“ အခုတော့ ငါနည်းနည်း နောင်တရသွားပြီ “ ဟု လုချန်ရှန်းက ပြောလိုက်သည်။
မိုချင်က အပြုံးဖြင့် တုံ့ပြန်လာခဲ့သည် “ ငါ့ကို ကူညီခဲ့တာကို နောင်တရတာလား “
“ မဟုတ်ဘူး “
သူသည် အသာအဘာ သက်ပြင်းချနေတော့သည်။ သူနောင်တရနေသည်မှာ ထိုအချိန်က အလွန်တရာ သတိကြီးခဲ့ခြင်းကို ဖြစ်သည်။ အကယ်၍ သူကသာ အနည်းငယ်မျှ ပိုမိုရဲတင်းခဲ့မည်ဆိုပါက သူ၏ မကောင်းမှုကံကို အနည်းငယ်မျှ ဖယ်ထုတ်နိုင်ခဲ့မည် မဟုတ်လော။
ထိုအကြောင်းကို ပိုတွေးလေလေ သူအရှုံးများခဲ့သည်ဟု ပိုမိုခံစားရလေလေပင်။
မိုချင်သည် သူ၏ ဆိုလိုရင်းကို နားမလည်သော်လည်း အပြုံးဖြင့် စကားထပ်ပြောလာခဲ့သည် “ မင်းတို့နှစ်ယောက်က ငါနဲ့ပတ်သက်ပြီးတော့ တွေးပူနေဖို့ မလိုပါဘူး ငါက ငါ့ရဲ့ ရိုးသားမှုကို ပြခဲ့ပြီးပြီလေ “
သူ့စကားဆုံးသွားသည့် အချိန်တွင် လောင်လျူသည် သူ၏လက်ကို မြှောက်ကာ နဂါးသွေးကြောကို ညွှန်ပြလိုက်သည်။
“ မင်းက အဲ့တာကို လွှတ်ပေးလိုက်တာလား “
“ ထျန်းကျီစံအိမ်က နဂါးသွေးကြောကို ဖိနှိပ်ဖို့အတွက် အစွမ်းထက် နည်းလမ်းတွေကို သုံးပြီးတော့ ဟွာရှုနယ်ပယ်ပညာရှင်တွေကို ဒီထဲကို ရောက်လာစေချင်ကြတာလေ။ အဲ့နည်းလမ်းနဲ့ ငါမင်းတို့ကို ကူညီပေးလိုက်တာ ”
လောင်လျူက တုံ့ပြန်လိုက်၏ “ ထျန်းကျီစံအိမ်က အစ်ကိုချင်းယီတစ်ယောက်တည်းအတွက်နဲ့တော့ အဲ့လောက်ကြီး အကုန်အကျခံမှာ မဟုတ်မလား “
“ အမှန်ပဲ “ မိုချင်က ပွင့်ပွင့်လင်းလင်း ပြန်ပြောလာခဲ့သည် “ သူတို့က အစ်ကိုချင်းယီ တစ်ယောက်တည်းအတွက် ရှိနေတာ မဟုတ်ဘူးလေ။ ကံတရားကို လွှဲပြောင်းဖို့ ကြိုးစားတာက ကျရှုံးခဲ့တယ်လေ။ သူတို့က ဟွာရှုနယ်ပယ် ပညာရှင်နဲ့ မင်းကို ဖိနှိပ်ပြီးတော့ ကံတရားကို ဆွဲထုတ်ချင်တာ(ဒါမှမဟုတ်) နဂါးသွေးကြောရဲ့ ကံတရားကို လိုချင်နေကြတာ ဖြစ်ဖို့များတယ် “
“ ဆိုတော့ အဲ့လိုပေါ့။ ထျန်းကျီစံအိမ်က တော်တော်လေးကို ကောက်ကျစ်တာပဲ “
လောင်လျူသည် အံ့ဩတကြီး ပြောလာခဲ့ပြီး စိတ်ခံစားချက်တို့ဖြင့် သက်ပြင်းချနေတော့၏။ သူတို့၏ နည်းလမ်းများက အမှန်ပင် အံ့ဖွယ်ကောင်းနေခဲ့ပြီး ဤနေရာရှိ ဘိုးဘေးနဂါးကို ဖိနှိပ်နိုင်ခဲ့ခြင်းကပင် သူတို့၏ ခွန်အားနှင့် အခြေခံအုတ်မြစ်တို့ကို ပြသရန် လုံလောက်နေခဲ့သည်။
နဂါးသွေးကြောများက ကောင်းကင်နှင့် ကမ္ဘာမြေတို့၏ ပျိုးထောင်ခြင်း(သို့) အားဖြည့်ပေးခြင်းကို ခံရပြီး ကံတရားကို ပိုင်ဆိုင်ထားကြသည်။ သူတို့သည် တစ်ခြားသော နဂါးသွေးကြောများထံမှ ကံတရားကို အလွယ်တကူ ထုတ်ယူနိုင်ရန်အတွက် ဘိုးဘေးနဂါးကို ဖိနှိပ်ချင်နေလျက်ရှိ၏။
သို့ရာတွင် လုချန်ရှန်းသည် မိုချင်ကို ကြည့်ကာ စကားထပ်ပြောလိုက်သည် “ မင်းကရော။ ဘာအတွက် အဲ့လိုလုပ်လိုက်တာလဲ “
“ မင်းကို ကူညီလိုက်တာက ဒုတိယဦးစားပေးပါ။ ပိုပြီးတော့ အရေးကြီးတာက ငါကလည်း နဂါးသွေးကြောကို လိုချင်နေလို့ပဲ အဲ့တာကြောင့် သူတို့ရဲ့ ဖိနှိပ်မှုကို ရိုက်ချိုးလိုက်တာ “
“ မင်းက တော်တော်လေးကို ရိုးသားတာပဲ “
လုချန်ရှန်းသည် ဤလူငယ်က မရိုးရှင်းဘူးဟု ပိုပို၍ ခံစားနေရတော့၏။
“ အစ်ကိုချင်းယီက ထူးခြားတယ်လို့ ကျုပ်ခံစားနေရတယ် ပြီးတော့ ကျုပ်ကလည်း အစ်ကိုချင်းယီနဲ့ မိတ်ဆွေဖြစ်ချင်တယ် အဲ့တာကြောင့် ရိုးသားနေတာပါ။ တကယ်တော့ နောင်မှာ ထွက်ပေါက်တစ်ခု ရှိလာနိုင်တယ် “ မိုချင်က ပြုံးပြလာခဲ့၏။
လုချန်ရှန်းသည် ထိုစကားလုံးများကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည် သို့သော် အပြုံးဖြင့် တုံ့ပြန်လိုက်သေး၏ “ ငါတို့က မိတ်ဆွေကောင်းတွေဆိုမှတော့ အဲ့တာကို ဘယ်လိုလုပ်ရလဲဆိုတာကို ငါ့ကိုပြောပြ။ ငါလည်း ကောင်းမှုကံတစ်ချို့လောက် လိုချင်တယ် “
ပန်းခင်းတစ်ခင်းကို မည်သည့်သစ်ရွက်နှင့်မှ မကပ်ငြိဘဲ ဖြတ်သန်းသွားလာခြင်းမှာ လုချန်ရှန်း၏ ပုံစံမဟုတ်ပေ။
သူက ကြည်လင်နေသော ရေထံမှ ဆီနှစ်စက် ညှစ်ထုတ်၍ သူ့အရှေ့မှ ဖြတ်သွားသော ခွေးကို နှစ်ချက်ပိတ်ကန်မည့် လူစားမျိုး ဖြစ်သည်။
သို့ရာတွင် မိုချင်က သူ့ကို ကောင်းကောင်းကြီး နားလည်နေခဲ့ပြီး အဆိုပါ တောင်းဆိုမှုကြောင့် မည်သို့မျှ မအံ့ဩသွားခဲ့ပေ။
“ မခက်ပါဘူး။ နဂါးဆင့်ခေါ်ခြင်း မန္တာန်ကိုသာ သင်လိုက်ပါ။ မန္တာန်ကို ရွတ် တကယ်လို့ မင်းရဲ့ ကံတရားက အံ့ဖွယ်ကောင်းနေမယ်ဆိုရင် နဂါးသွေးကြော ဝိညာဥ်က မင်းဆီမှာ သူကိုယ်တိုင် လာကပ်နေလိမ့်မယ် အဲ့အချိန်ကျရင် ကောင်းမှုကံ တစ်ချို့တစ်ဝက်ကို သိမ်းပိုက်ပြီးတော့ နဂါးသွေးကြောကို ထွက်သွားခွင့်ပေးလိုက်။ ဒါပင်မဲ့ မင်းက နဂါးသွေးကြောရဲ့ စွမ်းအားကို တောင့်ခံနိုင်မှ ဖြစ်မယ် အဲ့လိုမှမဟုတ်ဘူးဆိုရင် ကပ်ဘေးကြီးတစ်ခု ပေါ်လာလိမ့်မယ် “
မိုချင်သည် မည်သည့်အရာကိုမှ ထိန်ချန်မထားဘဲ လေးလေးနက်နက်ဖြင့် အသေးစိတ် ပြောပြလာခဲ့သည်။
ဤနေရာတွင် နဂါးသွေးကြော အများအပြား ရှိနေသောကြောင့် မည်သည့်အရာကိုမှ ဖုံးကွယ်ထားရန် မလိုအပ်ချေ။
လုချန်ရှန်းက ပြန်ပြောလိုက်သည် “ ငါ့ဆီမှာ မေးခွန်းတစ်ခု ရှိနေတုန်းပဲ “
“ ဘာလဲ “
“ ထျန်းကျီစံအိမ်က နဂါးသွေးကြောရဲ့ ကံတရားကို ခိုးဖို့အတွက် ဘိုးဘေးနဂါးကို ဖိနှိပ်ခဲ့တာလေ။ မင်းက ဖိနှိပ်မှုကို ချိုးဖျက်လိုက်တယ်ဆိုတော့ ဘိုးဘေးနဂါးရဲ့ ဘုန်းတန်ခိုးကို မကြောက်ဘူးလား “
မိုချင်က ခေါင်းခါပြလာခဲ့၏ “ ဘိုးဘေးနဂါးမှာက စိတ်ဝိညာဥ်ရှိတယ်လေ။ ဖိနှိပ်ခံလိုက်ရတဲ့အချိန်မှာ အဲ့တာက သေချာပေါက် ဒေါသထွက်သွားမှာပဲ။ အဲ့တာ လှုပ်ရှားလာတဲ့ အချိန်ကျရင် ကံအကျိုးဆက် ပြန်ဖြစ်လာပြီးတော့ အဲ့လိုလုပ်ခဲ့တဲ့ လူတွေကို မောင်းထုတ်လိုက်တယ်။ အဲ့တာကြောင့်ပဲ ငါ့အတွက် အခွင့်အရေးရလာခဲ့တာ “
“ ဪ အဲ့လိုကိုး “
လုချန်ရှန်းသည် ခေါင်းငြိမ့်ပြလိုက်ကာ အကြမ်းဖျင်း နားလည်သွား၏။ သူသည် အဆိုပါ နည်းလမ်းက ကံတရားအပေါ်တွင် အပြည့်အဝ မှီခိုနေသည်ကို နားလည်နေခဲ့သည်။ မည်သည့်နဂါးသွေးကြောကို ဆင့်ခေါ်နိုင်မလဲဆိုသည်ကို မည်သူကမှ အသေအချာ မသိကြပေ။ ထို့အပြင် ၎င်းက မည်သူမဆို ဆင့်ခေါ်နိုင်သော အရာမဟုတ်ပေ။
သို့သော် သူက ၎င်းတို့ကို ဂရုမစိုက်ပေ။ အခမဲ့ဖြစ်နေသောကြောင့် အဘယ့်ကြောင့် ချေးများနေရမည်နည်း။
ထိုအခိုက်အတန့်တွင် ဘိုးဘေးနဂါးက ကောင်းကင်ယံထက်သို့ တက်လှမ်းသွားပြီး ဤနေရာသို့ ဝင်လာခဲ့သည့် ဟွာရှုနယ်ပယ် ပညာရှင်အားလုံး၏ အမူအရာများ ပြောင်းလဲသွားသည်။
အပြင်ဘက်မှ လူများကပင် တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိသွား၏။
“ ချုပ်နှောင်မှုက ပျက်စီးသွားပြီ။ ဘယ်လိုလုပ် ဒီလောက်တောင် မြန်နေရတာလဲဟ “
ထျန်းကျီစံအိမ်မှ အကြီးအကဲသည် သိသိသာသာ မျက်နှာပျက်သွားခဲ့သည်။ သူတို့၏ အစီအစဥ်အရ သူတို့ထံတွင် နဂါးသွေးကြော၏ ကံတရားကို စုပ်ယူရန် အချိန်တစ်ချို့ ရှိနေမည် ဖြစ်သည်။
သို့သော် ၎င်းက အချိန်တိုအတွင်းမှာပင် ကျိုးပျက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် မိုချင်မှာလည်း လှုပ်ရှားလာခဲ့သည် လက်ဟန်များ ပြုလုပ်လိုက်ပြီး မန္တာန်ကို ရွတ်ဆိုကာ သူ၏ကံတရားကို ကြားခံအဖြစ် အသုံးပြုကာ နဂါးသွေးကြောကို ဆွဲဆောင်ရန် အသုံးပြုလိုက်သည်။
အဆိုပါ လုပ်ရပ်က အလွန်အန္တရာယ်များလှသည်။ ၎င်းကို တောင့်မခံနိုင်တော့သည်နှင့်တစ်ပြိုင်နက် တိုက်ရိုက်သေဆုံးသွားမည် ဖြစ်သည်။ အကယ်၍ သူတို့က ၎င်းကို တောင့်ခံနိုင်ခဲ့ကာ ကောင်းမှုကံ တစ်စွန်းတစ်စကို ခိုးယူနိုင်ခဲ့မည်ဆိုလျှင်တောင်မှ ကံကံ၏ အကျိုးဆက်ကို ရင်ဆိုင်ရကြမည် ဖြစ်သည်။
တစ်နည်းဆိုရသော် နောင်အနာဂတ်တွင် ပြန်လည်ပေးဆပ်ရမည် ဖြစ်သည် သို့သော် မည်ကဲ့သို့ ပေးဆပ်ရမလဲဆိုသည်ကမူ အချိန်ကျမှ သိလာမည့် ကိစ္စတစ်ခုဖြစ်သည်။
ရှေးလူကြီးများက သတိပေးခဲ့ကြ၏ သို့သော် ထျန်းကျီစံအိမ်သော်လည်းကောင်း မိုချင်သော်လည်းကောင်း နှစ်ဖက်စလုံးက အတင်းအကြပ် ပြုလုပ်ခဲ့ကြသည်။
တစ်ဖက်က ကံတရားကို စုမူယွဲ့ဆီသို့ လွှဲပြောင်းပေးချင်နေပြီး ကျန်တစ်ဖက်ကမူ ဆုံးရှုံးသွားခဲ့ရသော သူ၏ကိုယ်ပိုင် ကံတရားအတွက် လျော်ကြေးအဖြစ် အသုံးပြုချင်နေလျက်ရှိ၏။
သို့ရာတွင် လုချန်ရှန်းက လုံးဝကွဲပြားနေခဲ့သည် သူက အခွင့်ကောင်းယူနေခြင်းသာ ဖြစ်သည်။
မကြာခင် အချိန်မှာပင် ကောင်းကင်နှင့် ကမ္ဘာမြေဆီသို့ နဂါးဟိန်းသံတစ်သံ ပျံ့လွင့်လာခဲ့၏။ အဝေးရှိ တောင်တန်းများ လှုပ်ရမ်းလာကြပြီး ဝုန်းဟူသောအသံနှင့်အတူ တောင်တန်းများနှင့် ကမ္ဘာမြေအကြားမှ ဖျော့တော့သော ရွှေရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့၏။
“ အဲ့တာက နဂါးဝိညာဥ်ပဲဟ “
လောင်လျူထံမှာ အာမေဋိတ်သံ ပေါ်ထွက်လာခဲ့သည် အဆိုပါ မြင်ကွင်းက အလွန်တရာ အံ့ဖွယ်ကောင်းနေခဲ့၏။
၎င်းက တောင်တန်းများနှင့် မြစ်များအကြားတွင် လှည့်လည်သွားလာနေသည့် နဂါးသွေးကြော ဝိညာဥ်ဖြစ်ပြီး ၎င်းအခြေချရာ နေရာတိုင်းတွင် နဂါးသွေးကြောတစ်ခု ပေါ်ထွက်လာမည် ဖြစ်သည်။
အခွင့်အလမ်းကသာ လုံလောက်နေမည်ဆိုပါက ၎င်းက အစစ်အမှန် နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားမည် ဖြစ်သည်။
ထို့အပြင် နဂါးသွေးကြောမှ ဖြစ်တည်လာသည့် အစစ်အမှန် နဂါးကို ဤကမ္ဘာ၏ ဘိုးဘေးနဂါးဟု ခေါ်ဆိုလေ့ရှိသည်။ ၎င်းက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုဖြစ်ပြီး မွေးဖွားလာသည်နှင့်တစ်ပြိုင်နက် မလွဲမသွေ စွမ်းအားကြီးနေမည် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် နဂါးဝိညာဥ်ချဥ်းကပ်လာခဲ့ပြီး ၎င်းက မိုချင်၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွား၏။
သူသည် မသက်မသာဖြစ်နေပုံရပြီး သူ၏ပါးစပ်မှ ထူးခြားသော စွမ်းအင်လှိုင်းများ ထုတ်လွှင့်နေကာ ပိုပို၍ နက်နဲရှုပ်ထွေးသည်ဟု ခံစားနေခဲ့ရ၏။
သူ၏ခန္ဓာကိုယ်ပေါ်တွင်မူ အလင်းတန်းပေါင်းများစွာ ပေါ်လာခဲ့ပြီး အစတွင် ကံတရားမှ ဖြစ်တည်လာသည့် အလင်းတန်းမှာ ငါးရောင်မျှသာရှိနေခဲ့သည် သို့သော် ၎င်းတို့ ပျစ်ခဲလာသည့်အချိန်တွင် ခြောက်ခုမြောက် အရောင်တစ်ရောင် ပေါ်ထွက်လာခဲ့၏။
ကံတရားက ပြောင်းလဲ၍ မရသော အရာမဟုတ်ပေ ၎င်းကို တိုးတက်စေနိုင်သည့် နည်းလမ်းများလည်း ရှိပေသည် သို့သော် ထိုကဲ့သို့သော နည်းလမ်းမျိုးများကို အသုံးပြုမည်ဆိုပါက ကံကံ၏ အကျိုးဆက်ကို ရင်ဆိုင်ရမည် ဖြစ်သည်။
“ အဲ့လောက်တောင် ထူးခြားတာလားဟ “
လောင်လျူသည် ၎င်းကို စောင့်ကြည့်နေရင်းဖြင့် ဘာပြောရမှန်းမသိ ဖြစ်သွားတော့၏။
သူက လုချန်ရှန်းကို စကားလှမ်းပြောလိုက်တော့မည့် အချိန်မှာပင် ကောင်းကင်ထက်တွင် ရစ်ခွေနေသည့် ဘိုးလေးနဂါးသံမှ ဟိန်းဟောက်သံတစ်သံ ပေါ်ထွက်လာသည်ကို ကြားလိုက်ရ၏။
ထိုအခိုက်အတန့်တွင် လေထန်လာကာ တိမ်တိုက်များ ထူထပ်လာပြီး သူမတုံ့ပြန်နိုင်ခင် အချိန်မှာပင် ဘိုးဘေးနဂါးက ဤနေရာသို့ တဟုန်ထိုး ချဥ်းကပ်လာတော့၏။
“ မင်းမေကလွှား “
လောင်လျူသည် ဘိုးဘေးနဂါး ချဥ်းကပ်လာသည်ကို စောင့်ကြည့်နေခဲ့သည် သို့သော် ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ၎င်းက လုချန်ရှန်း၏ ခန္ဓာကိုယ်ကို ရစ်ပတ်နေတော့သည်။
“ အဲ့တာက ……. “
ထိုမြင်ကွင်းက လူတိုင်းကို မှင်သက်သွားစေခဲ့သည်။
လုချန်ရှန်းမှာလည်း ဘိုးဘေးနဂါးကို ငေးကြည့်နေလျက်ရှိပြီး အကြည့်ချင်းဆုံသွားသည့် အခိုက်အတန့်တွင် မျက်မှောင်ကြုတ်ကာ စကားပြောနေတော့သည် “ ဒီကောင် ဘယ်လိုလုပ် ဆင့်ခေါ်ခံလိုက်ရတာလဲ “
အစတွင် သူသည် နဂါးသွေးကြောတစ်ခုကို ပေါ့ပေါ့ပါးပါး ဆင့်ခေါ်ရန်သာ ကြံရွယ်ထားခဲ့သည် သူသည် ၎င်း၏ ကံတရားကို ထုတ်ယူရန် မရည်ရွယ်ထားဘဲ ၎င်း၏ အသိုက်ကို ရှာဖွေကာ မူလချီတစ်ချို့ကိုသာ သိမ်းယူရန် စဥ်းစားထားခဲ့သည်။ သို့သော် ရလဒ်အနေဖြင့် ဤအကောင်ကြီးကို ဆင့်ခေါ်မိသွားခဲ့သည်။
ဒီလိုကံတရားမျိုးကြီးကို ငါက ပြန်တောင်ဆပ်နိုင်ပါ့မလားဟ။
သူ့စကားဆုံးသွားသည်နှင့်တစ်ပြိုင်နက် ဘိုးဘေးနဂါးက ကျယ်လောင်စွာ ဟိန်းဟောက်လာတော့၏ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ၎င်းက သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်းလာကာ တစ်ကမ္ဘာလုံးကို လင်းထိန်သွားစေသည့် အဆုံးမဲ့ ရွှေရောင်အလင်းတန်းတစ်ခု ပေါက်ထွက်လာခဲ့၏။
--
…………………………………………………………………………………………………………………………………………..