← Chapters

အခန်း ၁၈၇

Vol. 13 Ch. 187

အခန်း ၁၈၇

Vol. 13 Ch. 187

အပိုင်း ( 187 )

လာစမ်းပါ ငါ့ကိုလာရိုက်လိုက်

တစ်ကမ္ဘာလုံး ကြောက်ခမမ်းလိလိ တိတ်ဆိတ်ငြိမ်သက်သွား၏။

လုချန်ရှန်းမှာလည်း အနည်းငယ် ငေးငိုင်သွားခဲ့သည်။

လောင်လျူ အံ့ဩတကြီး ဖြစ်သွားခဲ့သည် ထိုအကောက်က ဘိုးဘေးနဂါးကို ဆင့်ခေါ်နိုင်လိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။

“ အဲ့လောက်တောင် ထူးခြားတာလားဟ “ ဟု လောင်လျူက မေးမြန်းလိုက်၏။

လုချန်ရှန်းကမူ သူ၏ကံတရားက မည်သို့မျှ မပြောင်းလဲသွားဘူးဟုသာ ခံစားနေခဲ့ရသည် သို့သော် ချက်ချင်းဆိုသလိုပင် သူသည် တစ်စုံတစ်ခု ပျောက်ဆုံးသွားသည်ဟု ခံစားလိုက်ရ၏။

အဆိုပါ ခံစားချက်မှာ ယခင်က စုမူယွဲ့က သူ၏ မကောင်းမှုကံ ဆယ်ပုံတစ်ပုံကို ယူဆောင်သွားစဥ်အချိန်ကနှင့် တူညီနေလျက်ရှိပြီး အဆိုပါ ခံစားချက်က အလွန်တရာ လျှို့ဝှက်ဆန်းကြယ်ကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက အံ့မခမ်းလိလိ ပိုမိုပေါ့ပါးသွားသည်ဟု ခံစားနေခဲ့ရ၏။

“ ဒီကောင်က ဘာအတွက်ရောက်လာရတာလဲ “

လုချန်ရှန်းက မေးမြန်းလိုက်၏ လောင်လျူက ခေါင်းခါပြလိုက်သည် ငါက ဘယ်လိုလုပ်သိမှာတုန်း။

သို့ရာတွင် အဆိုပါ လှုပ်ခတ်မှုက မိုချင်ကို နိုးသွားစေပြီး သူ၏မျက်လုံးများအတွင်းတွင် အံ့အားသင့်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာကာ စကားပြောလာခဲ့သည် “ မင်းက ဘိုးဘေးနဂါးကို ဆင့်ခေါ်လိုက်တာလား “

“ ဟုတ်တယ် “

“ အဲ့တာက …….. “

အမြဲလိုလို တည်ငြိမ်နေလေ့ရှိသည့် မိုချင်ကပင် အနည်းငယ် ဂဏာမငြိမ် ဖြစ်သွားခဲ့သည်။

“ ဆိုးကျိုး ရှိလား “ ဟု လုချန်ရှန်းက မေးမြန်းလိုက်သည်။

မိုချင်က ခေါင်းခါပြလာခဲ့၏ “ ငါမသိဘူး တစ်ခါမှမမြင်ခဲ့ဖူးဘူး မှတ်တမ်းတွေထဲမှာတော့ ပြန့်ကျဲနေတဲ့ မှတ်စုတွေပဲ ရှိတယ်။ အဲ့ဒီကံတရားက တော်တော်လေး ထူးခြားတဲ့ပုံပဲ “

“ ဘယ်လိုထူးခြားတာလဲ “

“ ငါလည်း မသေချာဘူး ဒါပင်မဲ့ အရင်က စကားတွေအတိုင်းပဲ မင်းက နောင်အနာဂတ်မှာ သေချာပေါက် ပြန်ပေးဆပ်ရမှာပဲ “ ဟု မိုချင်က တုံ့ပြန်လာခဲ့၏ “ ဒါပင်မဲ့ ကိစ္စတစ်ခုကတော့ သေချာတယ်။ ဘိုးဘေးနဂါးက မင်းဆီမှာ ရှိနေတာကြောင့် နဂါးနစ်မြုပ်ခြင်း နယ်မြေကနေ မထွက်သွားသရွေ့ မင်းက ဘယ်သူကမှ မထိနိုင်ဘူး “

“ ဘာကိုဆိုလိုတာလဲ “

“ အခုဆိုရင် မင်းက ဘိုးဘေးနဂါးပဲ။ တကယ်လို့ တစ်ယောက်ယောက်က မင်းကို တိုက်ခိုက်ရဲမယ်ဆိုရင် သူတို့ရဲ့ ကံတရားတွေ ထိခိုက်ပျက်စီးသွားလိမ့်မယ် သူတို့အနောက်မှာ ရှိနေတဲ့ အင်အားစုတွေရဲ့ ကံတရားကလည်း လှုပ်ရမ်းသွားလိမ့်မယ် “ ဟု မိုချင်က ရှင်းပြလာခဲ့သည်။

လုချန်ရှန်းသည် ခေါင်းလှည့်ကြည့်ကာ စကားပြောလိုက်သည် “ လောင်လျူ ငါ့ကို လာထိုးလိုက် “

“ ငါတို့က တစ်လှေတည်းစီးနေကြတာလေ လာမရှုပ်နဲ့ “

ထိုကဲ့သို့ မှော်ဆန်သော ကိစ္စများအတွက် လောင်လျူက အလွန်တရာ သတိကြီး နေသေး၏။

သူ့ထံတွင် ကောင်းမှုကံ များများစားစား မရှိပေ တကယ်လို့ သူ့ကို ထိုးလိုက်လို့ အားလုံးပျောက်ကွယ်သွားရင် ဘယ်လိုလုပ်မလဲ။

“ ဘယ်လိုလဲ ….. “ လုချန်ရှန်းသည် မိုချင်ကို ပြန်လှည့်ကြည့်နေတော့သည်။

မိုချင်ကမူ ခေါင်းခါ၍ ငြင်းပယ်လိုက်ပြီး သူက ငွေညှစ်လာမည်ကို ကြောက်ရွံ့သွားကာ ခြေလှမ်းပေါင်းများစွာ နောက်ဆုတ်သွား၏။

သူပြန်လည်စုဆောင်းနိုင်ခဲ့သည့် ကောင်းမှုကံအနည်းငယ်ကို ဤနေရာတွင် လက်လွတ်ခံ၍ မဖြစ်ချေ။

ထို့နောက်တွင် လောင်လျူက စကားထပ်ပြောလာခဲ့သည် “ ဆိုတော့ အခုလက်ရှိအချိန်မှာ ဟွာရှုနယ်ပယ် ပညာရှင်ကတောင် သူ့ကို မထိနိုင်ဘူးလား “

“ သူတို့က ထိရဲမှာ မဟုတ်ဘူး “

“ ငါသွားစမ်းကြည့်လိုက်မယ် “

လုချန်ရှန်းသည် အဝေးသို့ ချက်ချင်းပြေးထွက်သွားသည်။

ဘိုးဘေးနဂါးက သူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်နေမှုနှင့်အတူ သူသည် မည်သည့်အဆင်မပြေမှုကိုမှ မခံစားခဲ့ရပေ ထို့အစား သူ၏ မကောင်းမှုကံများ လျော့ကျသွားကာ အနည်းငယ် ပိုမိုပေါ့ပါးသွားသည်ဟုပင် ခံစားနေခဲ့ရ၏။

မကြာခင် အချိန်မှာပင် သူသည် တောင်တန်းဒေသတစ်ခုသို့ ရောက်ရှိလာခဲ့သည်။

အဘိုးအိုတစ်ဦးက အနောက်ဘက်သို့ ငေးကြည့်နေလျက်ရှိသည် သူသည် ဘိုးဘေးနဂါးကြောင့် ရောက်လာခဲ့ခြင်း ဖြစ်သည် သို့သော် ဘိုးဘေနဂါးက ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ သူလှည့်ပတ်ကြည့်ရှုနေသည့် အချိန်မှာပင် လုချန်ရှန်းက စကားလှမ်းပြောလိုက်သည်။

“ ဟေး အဘိုးကြီး ခင်ဗျားက ဘယ်အင်အားစုကလဲ “

လုချန်ရှန်းသည် အပြာရောင် ကျောက်တုံးတစ်ခုပေါ်သို့ ခုန်ဆင်းကာ စကားပြောနေတော့သည်။

အဘိုးအိုမှာ မျက်မှောင်ကြုတ်သွားခဲ့သည် “ ချင်းယီ “

“ ဟုတ်တယ် ကျုပ်ပဲ “

“ မင်းက ကိုယ့်ကိုကိုယ် ပိုက်ကွန်ထဲကို တွန်းပို့နေတာလား “ အဘိုးအိုက တလေးတနက်ဖြစ်နေသော လေသံမျိုးဖြင့် စကားထပ်ပြောလာခဲ့၏။

လုချန်ရှန်းက တုံ့ပြန်လိုက်သည် “ ခင်ဗျားမှန်တယ်။ လာခဲ့ ခင်ဗျားကို တစ်ကွက်အကြောပေးတယ် “

ဟမ်

ထိုစကားကို ကြားလိုက်ရသောအခါတွင် အဘိုးအိုမှာ ဇဝေဇဝါဖြစ်ကာ စိတ်ရှုပ်ထွေးသွားခဲ့သည်။ တစ်ခုခုတော့ တစ်ခုခုပဲ ဒီကောင်က ဘာလုပ်နေတာလဲဟ

သို့ရာ၌ သူမလှုပ်ရှားဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းသည် တက်တက်ကြွကြွ ရှေ့တက်သွားတော့သည်။ သူ၏ခန့်မှန်းချက်အရ ဘိုးဘေးနဂါးက သူ့ကို ကာကွယ်ပေးနေသောကြောင့် ထိုလူ၏ နည်းလမ်းအားလုံးကို ထုတ်သုံးလာခဲ့မည်ဆိုလျှင်တောင်မှ သူက ၎င်းကို အေးအေးလူလူ ခုခံနိုင်သင့်ပေသည်။

သို့သော် သူ၏ အပြုအမူက အဘိုးအိုကို ပို၍အံ့အားသင့်သွားစေခဲ့၏။

သို့ရာရ သူပြေးထွက်သွားသည့် အချိန်တွင် သူ၏ခန္ဓာကိုယ်မှ နဂါးဟိန်းသံတစ်သံ ပေါ်ထွက်လာခဲ့ပြီး ရွှေရောင်နဂါး အရိပ်တစ်ခု ပေါ်လာခဲ့ကာ သူ့ကို လှည့်ပတ်၍ တောက်ပလာခဲ့၏။

အဘိုးအို၏ အမူအရာ ချက်ချက်ပြောင်းလဲသွားသည်။ သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ လျင်မြန်စွာ နောက်ဆုတ်သွားပြီး တောင်တန်းများစွာကို တစ်ပြိုင်နက် ပြိုကွဲသွားစေလိုက်သည်။

“ ဘိုးဘေးနဂါး …………….. မင်းကိုယ်ပေါ်မှာ ဘိုးဘေးနဂါး ရှိနေတယ် “

သူသည် တစ်ဖက်လူက မည်သည့်အတွက်ကြောင့် တက်တက်ကြွကြွ ပေါ်ထွက်လာရလဲဆိုသည်ကို နားလည်သွားခဲ့သည်။

၎င်းက ဘိုးဘေးနဂါးကို အသုံးပြုကာ သူ၏ကံတရားကို ထိခိုက်သွားစေ၍ သူ့အနောက်တွင် ရှိနေသည့် အင်အားစု၏ အခြေခံအုတ်မြစ်ကို လှုပ်ရမ်းသွားစေရန် ကြိုးပမ်းခြင်းပင် ဖြစ်သည်။

အဘိုးအို၏ အမူအရာ မည်းမှောင်သွားခဲ့သည်။ သူသည် တစ်ခြားအရာများကို လျစ်လျူရှုထားပြီး ထိုနေရာကိုသာ စိုက်ကြည့်နေကာ ၎င်းက ဘိုးဘေးနဂါးဖြစ်ကြောင်းကိုသာ အတည်ပြုနေခဲ့သည်။

“ မင်းက တော်တော်လေးကို ရက်စက်တာပဲ “

အရာအားလုံးကို နားလည်သွားခဲ့သည့်နောက်တွင် သူ၏စိတ်နှလုံးသားတစ်ခုလုံး ဂဏာမငြိမ်သွားခဲ့သည်။ သူသည် ထိုကောင်က မည်သည့်အတွက်ကြောင့် ဘိုးဘေးနဂါးဘိုးဘေးနဂါးကို ဆွဲဆောင်နိုင်ခဲ့လဲဆိုသည်ကို သူမသိပေ သို့သော် သူသည် အကယ်၍ သူကသာ ထိုကောင့်ကို တိုက်ခိုက်လိုက်မည်ဆိုပါက မည်သည့်အရာများ ဖြစ်ပျက်လာမလဲဆိုသည်ကို ကောင်းစွာ သိရှိနေခဲ့၏။

ယခုလက်ရှိ အချိန်တွင် မည်သည့်အရာမှ မဖြစ်ပေါ်လာလောက်ပေ။

သို့သော် သူသည် ကံတရားဖြင့် ချည်နှောင်ခံလိုက်ရကာ သူ့အနောက်တွင် ရှိနေသည့် အင်အားစု၏ ကံတရားကပါ ထိခိုက်ပျက်စီးသွားမည် ဖြစ်သည်။

သာမန်ကျင့်ကြံသူများအတွက်မူ ၎င်းက ကိစ္စကြီးတစ်ခု ဖြစ်နေလိမ့်မည် မဟုတ်ပေ သို့သော် သူတို့ကဲ့သို့သော အင်အားစုကြီးများကမူ ကံတရား ထိခိုက်ပျက်စီးသွားခြင်းက ဘာကိုဆိုလိုလဲဆိုသည်ကို ကောင်းစွာနားလည်နေကြ၏။

သူတို့၏ ကံတရားများက နဂါးသွေးကြာများ၏ ဖိနှိပ်မှုကို ခံလိုက်ရမည် ဖြစ်သည်။

သို့သော် သူတို့က ဘိုးဘေးနဂါးကို တိုက်ခိုက်လိုက်မည်ဆိုပါက သူတို့၏ နဂါးသွေးကြောများက မည်ကဲ့သို့ ဖြစ်သွားကြမည်နည်း။

သို့ရာတွင် လုချန်ရှန်းက အေးအေးလူလူ တုံ့ပြန်လိုက်သည် “ ခင်ဗျားတို့အားလုံးလောက် ဘယ်သူက ပိုရက်စက်လို့လဲ။ ကျုပ်ကို ထိခိုက်အောင်လုပ်ဖို့ပဲ အမြဲတွေးနေကြတာ‌လေ။ ပြီးတော့ အခု ကျုပ်က ခင်ဗျားတို့နဲ့ မျှတတဲ့တိုက်ပွဲတစ်ခုကို ဆင်နွှဲဖို့ ရောက်လာပြီလေ။ ကျုပ်က ရဲရင့်ပြတ်သားတဲ့အတွက် ခင်ဗျားက ကျုပ်ကို ချီးကျူးနေသင့်တယ် “

အဘိုးအိုသည် စိုးရိမ်ပူပန်မှုအပြည့်ဖြင့် တိတ်ဆိတ်ငြိမ်သက်နေလျက်ရှိ၏။ သူသည် အနည်းငယ်မျှပင် မလှုပ်ရှားဝံ့ချေ။

တစ်ချိန်တည်းမှာပင် လုချန်ရှန်းက သူ့အနားသို့ အဆက်မပြတ် ချဥ်းကပ်လာခဲ့၏ သို့သော် အဘိုးအို၏ အနောက်ဘက်တွင် ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။

“ မိစ္ဆာကောင် သေလိုက် “

အသစ်ရောက်လာသူ၏ မှော်စွမ်းအားများ တဟုန်ထိုး မြင့်တက်လာခဲ့ပြီး လုချန်ရှန်းထံသို့ ချက်ချင်းပြေးဝင်လာခဲ့၏။

လုချန်ရှန်းသည် ၎င်းကို အာရုံခံမိသွားကာ တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ အရှေ့သို့ တဟုန်ထိုးပြေးတက်သွား၏။

“ အဘိုးကြီး ဘာတွေအော်ပြောနေတာလဲ။ လာစမ်းပါ ငါ့ကို ကြမ်းကြမ်းလေး လာရိုက်ပြီးတော့ သတ်လိုက်စမ်း “

“ နေဦး “

၎င်းကို မြင်လိုက်ရသောအချိန်၌ ယခင်က ရှိနေခဲ့သည့် အဘိုးအိုသည် အထိတ်တလန့်ဖြစ်သွားကာ ထိုလူ့ကို တားဆီးရန် စကားလှမ်းပြောလိုက်သည်။

သို့သော် ထိုအချိန်တွင် တိုက်ခိုက်မှုက စတင်ခဲ့ပြီးပြီဖြစ်သောကြောင့် မည်သို့မျှ ရပ်တန့်၍ မရတော့ပေ။

သူ့ထံတွင် ရွေးချယ်စရာ မရှိတော့ပေ။ သူသည် ထိုလူနှစ်ဦး၏ အလယ်သို့ အလောတကြီး ပြေးဝင်သွားတော့သည်။

ထိုနှစ်ဦးက ထိတွေ့သွားတော့မည့် အချိန်တွင် အဘိုးအိုသည် လုချန်ရှန်းအရှေ့သို့ ပြေးဝင်သွားကာ တိုက်ခိုက်မှုကို တိုက်ရိုက်တားဆီးလိုက်သည်။

အဆုံးမဲ့ အော်မြည်သံများ ပေါ်ထွက်လာခဲ့သည် မှော်စွမ်းအားနှစ်ခုက လေဟာနယ်ကို ထိုးဖောက်သွားပုံရပြီး ဘက်ပေါင်းစုံသို့ အဆက်မပြတ် ပျံ့လွင့်သွားကာ တောင်တန်းဒေသတစ်ခုလုံးကို လှုပ်ရမ်းသွားစေခဲ့၏။

အသစ်ရောက်ရှိလာသူမှာလည်း အဘိုးအို၏ တွန်းထုတ်ခြင်းကို ခံလိုက်ရပြီး နှစ်ဦးစလုံး မြေပြင်နှင့် တိုက်မိသွားခဲ့သည်။

ဘုမ်းးး

ကျယ်လောင်လော အသံတစ်သံ ပေါက်ထွက်လာကာ ကမ္ဘာမြေ လှုပ်ခါသွား၏။

“ ချင်ယွမ် မင်းရူးနေတာလား “

ထျန်းကျီစံအိမ်မှ အဘိုးအို၏ အမည်မှာ ချင်ယွမ်ဖြစ်သည်။

အသစ်ရောက်လာသူကမူ ရှောင်ကျင်းဟု အမည်ရသည့် ထျန်းရီ မြင့်မြတ်နယ်မြေ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။

ချင်ယွမ်က စကားထပ်ပြောလိုက်၏ “ မင်းသူ့ကို ထိလို့မရဘူး “

“ မင်းတို့ ထျန်းကျီစံအိမ်က ကတိဖျက်ပြီးတော့ သူ့ကို ကာကွယ်ပေးချင်နေတာလား “

လုချန်ရှန်းကမူ ၎င်းကို နားထောင်နေရင်းဖြင့် မနေနိုင်တော့ဘဲ စကားဝင်ပြောနေတော့သည် “ ကတိဖျက်တယ်ဆိုတာက ထျန်းကျီစံအိမ်အတွက် ပုံမှန်ပဲမဟုတ်ဘူးလား “

သူက ကြိုတင်ပြင်ဆင်မှုအားလုံးကို ပြုလုပ်ထားခဲ့ပြီဖြစ်ပြီး ၎င်းအား တောင့်ခံနိုင်မလားဆိုသည်ကို စမ်းသပ်ရန် အသင့်ဖြစ်နေခဲ့ပြီသည် သို့သော် နောက်ဆုံးအခိုက်အတန့်တွင် ကြားဝင်စွက်ဖက်ခြင်းကို ခံလိုက်ရသည် ၎င်းက အမှန်ပင် စိတ်ရှုပ်ဖွယ်ကောင်းလွန်းလှသည်။

ချင်ယွမ်သည် မျက်မှောင်ကြုတ်သွားကာ သူ့ကို စူးစူးရဲရဲ စိုက်ကြည့်လာခဲ့၏။

ထို့နောက်တွင် သူသည် ရှောင်ကျင်းကို ကြည့်ကာ စကားထပ်ပြောလိုက်သည် “ ငါပြောတာကို နားထောင် သူ့ကိုယ်ပေါ်မှာ ဘိုးဘေးနဂါးရှိနေတယ်။ မင်းသူ့ကို ထိလို့မရဘူး အဲ့တာက ငါတို့ဂိုဏ်းတွေရဲ့ ကံတရားတွေကို ထိခိုက်သွားစေလိမ့်မယ် “

“ ဘာဖြစ်တယ် “

ရှောင်ကျင်း၏ အမူအရာ မည်းမှောင်သွားခဲ့သည်။

ချင်ယွမ်က စကားပြောချင်နေသေးသည် သို့သော် လုချန်ရှန်းက စကားဖြတ်ပြောနေတော့သည် “ ဘာလို့လေဖုတ်နေကြတာလဲ။ တိုက်ကြမယ် “

သူသည် စကားပြောနေရင်းဖြင့် လျှပ်စီးသဖွယ် ချဥ်းကပ်လာခဲ့၏။ ချင်ယွမ်သည် သူ၏တိုက်ခိုက်မှုကို မြင်တွေ့ခဲ့သော်လည်း ဘေးတစ်ဖက်သို့သာ ရှောင်တိမ်းလိုက်သည်။

လုချန်ရှန်းမှာလည်း ၎င်းကို မြင်တွေ့သွားပြီး ဦးတည်ချက် ပြောင်းလဲကာ ရှောင်ကျင်းကို ဖမ်းယူ၍ မျက်နှာကို ထိုးချလိုက်၏။

တိုးညှင်းသော အသံတစ်သံနှင့်အတူ ရှောင်ကျင်း၏ ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရမ်းသွားခဲ့သည်။ သူ၏လက်ကို မြှောက်၍ ပြိုင်ဘက်ကို အသေရိုက်သတ်ချင်နေသော်လည်း သူချုပ်တည်းထားခဲ့သည်။

အကယ်၍ သူကသာ တစ်ဖက်လူကို ရိုက်ချလိုက်မည်ဆိုပါက နောက်ဆက်တွဲအကျိုးဆက်များက ပြင်းထန်သွားလိမ့်မည် ဖြစ်သည်။

သို့ရာတွင် လုချန်ရှန်းကမူ မည်သည့်အရာကိုမှ တွေးပူမနေဘဲ လေထုအတွင်းသို့ ခုန်တက်ကာ သူ့ကိုထပ်မံ၍ ကန်ချလိုက်သည် ကန်ချက်သည် ရှောင်ကျင်း၏ ရင်ဘတ်ပေါ်သို့ တိုက်ရိုက်ကျဆင်းသွားကာ သူ၏ မီးခိုးရောင် ဝတ်ရုံပေါ်မှာပင် ထင်ရှားသော ခြေထောက်ရာတစ်ခုကို ချန်ထားခဲ့၏။

သူ၏တိုက်ခိုက်မှုများက ပြင်းထန်မနေခဲ့ပေ သို့သော် အလွန်အမင်း ရန်စစော်ကားရာရောက်နေခဲ့၏။

တိုက်ကွက်တစ်ခုက အောင်မြင်သွားသည်ကို မြင်လိုက်ရသောအခါတွင် သူသည် ပိုမိုကြမ်းတမ်းလာကာ ရှောင်ကျင်းကို ဖမ်းယူရန် လက်လှမ်းလိုက်သည်။

ရှောင်ကျင်းကမူ ရှောင်ရှားနေရင်းဖြင့် ဒေါသထွက်ကာ ကတုန်ကရင် ဖြစ်နေလျက်ရှိသည်။

“ အားးးး မင်းသေသင့်တယ် “

“ ငါက သေသင့်တာလား “ လုချန်ရှန်းက မျက်မှောင်ကြုတ်ကာ ပြန်ပြောလိုက်သည် “ ဒါဆိုရင် ဘာကိစ္စ ဒီအတိုင်းကြီး ရပ်နေရတာလဲ။ ငါ့ကို လာသတ်လေ “

“ မင်း …….. “

ထိုစကားတစ်ခွန်းသည် လူနှစ်ဦးစလုံးကို တိတ်ဆိတ်ငြိမ်သက်သွားစေခဲ့၏။

ထိုအချိန်တွင် လုချန်ရှန်းသည် ယခုလက်ရှိ အချိန်တွင် သူက မည်သူကမှ ရန်မစဝံ့သော ကပ်ဘေးကြယ်တစ်ခုကဲ့သို့ ပြိုင်ဘက်ကင်းသည့် အခြေအနေမျိုးတွင် ရှိနေကာ ထိတွေ့ခြင်းကပင် ကံဆိုးမိုးမှောင်ကျသွားစေမည်ဆိုသည်ကို အပြည့်အဝ သေချာသွားခဲ့သည်။

--

………………………………………………………………………………………………………………………………………

All Chapters