← Chapters

အခန်း ၁၈၉

Vol. 13 Ch. 189

အခန်း ၁၈၉

Vol. 13 Ch. 189

အပိုင်း ( 189 )

သတ္တိခဲလေးတွေ ရောက်လာကြပြီ

တိုက်ခိုက်မှုများ တစ်ခုပြီးတစ်ခု ကျဆင်းလာမှုနှင့်အတူ အပြင်ဘက်ရှိ လူတိုင်း အံ့ဩမှင်သက်သွား၏။

ထိုလူများ၏ အမူအရာများ ချက်ချင်းပြောင်းလဲသွားခဲ့သည် သူတို့သည် လူတစ်ဦးက မိမိဆန္ဒအလျောက် တစ်ခြားလူများ၏ ရိုက်နှက်မှုကို အမှန်တကယ် ခံယူလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

သူတို့သည် လုချန်ရှန်းက ထိုလူများကို အသေရိုက်သတ်လိုက်မည်ကိုသာ ပိုမိုလိုလားကြသည်။

“ ခင်ဗျားတို့ရဲ့ တပည့်တွေက တော်တော်ကြီးကို သတ္တိကောင်းတာပဲဗျ “ လုချန်ရှန်းက အပြုံးဖြင့် စကားလှမ်းပြောလိုက်၏။

ထိုလူများ၏ အမူအရာများ ထပ်မံ၍ ပြာနှမ်းသွားခဲ့ရပြန်သည်။

၎င်းက လူတစ်ဦး၏ စိတ်ဓာတ်ကို သတ်ဖြတ်လိုက်ခြင်းပင် ဖြစ်သည်။

“ မင်းတို့အားလုံး ရပ်ကြတော့ “

ဒေါကြီးမောကြီး အော်ငေါက်လိုက်သည့် အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။ မွေးရာပါ ဝိညာဥ်နယ်ပယ် ပညာရှင်တစ်ဦးသည် မည်သို့မျှ သည်းမခံနိုင်တော့ဘဲ အရှေ့သို့ တဟုန်ထိုး ပြေးထွက်သွားကာ အားလုံး၏ တားဆီးမှုကို ကျော်ဖြတ်ကာ လုချန်ရှန်းကို ကာကွယ်ပေးနေတော့၏။

“ သူတို့ကို မတားနဲ့ ရိုက်ခွင့်ပေးလိုက် “

လုချန်ရှန်းသည် စကားပြောနေရင်းဖြင့် ထိုလူကို အဝေးသို့ ကန်ထုတ်လိုက်၏။

အဆိုပါ မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်က အလွန်တရာ မာကြောလှသည် ထိုကဲ့သို့ အကန်ခံခဲ့ရပြီးသည့်နောက်မှာပင် တစ်ချက်လေးပင် မညီးတွားဘဲ ထိုလူငယ်များပေါ်ကို ခုန်အုပ်ကာ အပြင်သို့ ပြေးထွက်သွား၏။

ထိုမြင်ကွင်းက လူတိုင်းကို ကြောင်အမ်းအမ်း ဖြစ်သွားစေခဲ့ပြန်သည်။

“ အဲ့တာက …… “

“ မင်းတို့ကောင်တွေက ဖျားနေကြတာလား။ မင်းတို့ သတ်ချင်နေကြတဲ့ ငါက ဒီနေရာမှာ ရပ်နေပြီးတော့ မင်းတို့ကို တိုက်ခိုက်ခွင့်ပေးထားတယ်လေ မင်းတို့က အဲ့တာကို မကျေမနပ် ဖြစ်နေကြတုန်းပဲလား “ စိတ်ပျက်အားလျော့မှုတို့ဖြင့် ပြည့်နှက်နေသည့် လုချန်ရှန်း၏ စကားသံတစ်သံ ထပ်မံ၍ ပေါ်ထွက်လာခဲ့ပြန်၏။

အကြီးအကဲများသည် ကောင်းကင်ထက်မှ ပြုတ်ကျလုမတတ် ဖြစ်သွားခဲ့သည်။

“ ချင်းယီ မင်းက သေချာပေါက် ပြန်ပေးဆပ်ရမယ် “

“ အမြင့်ဆုံး ကောင်းကင်ဘုံနဲ့ အောက်မှာရှိတဲ့ အဝါရောင်စမ်းရေအထိ ဘယ်ကိုမှ မသွားနိုင်စေရဘူး “

“ … “

လူတစ်ဦးပြီးတစ်ဦး အံကြိတ်နေကြတော့သည် သူတို့သည် ထိုမျှမုန်းဖွယ်ကောင်းသည့် လူတစ်ဦးကို တစ်ကြိမ်တစ်ခါမှ မမြင်ခဲ့ဖူးပေ။

သို့ရာ၌ ထိုစကားများကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းက နှာခေါင်းရှုံ့နေတော့သည် “ အဲ့နေရာမှာ အော်မနေကြနဲ့ သတ္တိရှိရင် လာတိုက်လိုက်ကြ။ မင်းတို့ကို အကွက်သုံးရာ အကြောပေးတယ် “

“ ဘိုးဘေးနဂါးက သေချာပေါက် ထွက်သွားရမှာပဲ အဲ့အချိန်ကျရင် မင်းသေကိုသေရမယ် “

သူသည် သူတို့က သူ့ကို သတ်ဖြတ်ရန်အတွက် မည်သည့်တန်ကြေးကိုမဆို ပေးဆပ်သွားစေလိုသည်အထိ ဒေါသထွက်သွားစေခဲ့၏။

“ မင်းတို့က စကားလုံးတွေနဲ့ပဲ မာနိုင်တာလား “ လုချန်ရှန်းသည် မျက်မှောင်တကြုတ်ကြုတ်ဖြင့် တုံ့ပြန်နေတော့၏ “ တကယ်လို့ ဒီတစ်ကြိမ်မှာ မင်းတို့က ငါ့ကို မသတ်နိုင်ဘူးဆိုရင် နောက်ကျရင် မင်းတို့ကို ငါသတ်မယ် “

“ မင်းက အဲ့လိုအခွင့်အရေးမျိုးကို ရမှာ မဟုတ်ဘူး “ ထျန်းရီ မြင့်မြတ်နယ်မြေက အေးစက်စွာ လှောင်ပြောင်လာခဲ့သည်။

သို့ရာတွင် လုချန်ရှန်းကမူ ခေါင်းခါပြကာ ပြန်ပြောလိုက်သည် “ အဲ့လောက်ကြီးလည်း မသေချာပါဘူး “

“ ဘာဖြစ်တယ် “

လူတိုင်း မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားကြသည်။

သို့ရာတွင် လုချန်ရှန်းကမူ လက်နောက်ပစ်ထားသော ဟန်အမူအရာဖြင့် အနောက်သို့ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားခဲ့သည် အစမှအဆုံးအထိ သူသည် သူ၏အခြေအနေကို မည်သို့မျှ ဂရုမစိုက်ခဲ့ပေ။

တစ်ခြားလူများကလည်း သူက ထိုကဲ့သို့သော ယုံကြည်မှုမျိုးကို မည်သည့်နေရာမှ ရရှိခဲ့လဲဆိုသည်ကို နားမလည်နိုင် ဖြစ်သွားကြသည်။

နဂါးနစ်မြုပ်ခြင်း နယ်မြေအတွင်း၌ လုချန်ရှန်းသည် ပတ်ဝန်းကျင်၏ ရှုခင်းများကို ငေးမောကြည့်ရှုနေလျက်ရှိပြီး နဂါးအရိပ်များက ကောင်းကင်ဘုံ၏ သားတော်တစ်ပါးကဲ့သို့ သူ့ကို ရစ်ခွေနေကာ မြင့်မြတ်သော ဘုန်းတန်ခိုးကို ထုတ်လွှတ်နေလျက်ရှိ၏။

“ ထျန်းလော့ ပိုက်ကွန် “

သူသည် ဖြည်းဖြည်းချင်း စကားပြောခဲ့သည် အရှေ့ပိုင်းဒေသ မြင့်မြတ်နယ်မြေ ထျန်းကျီစံအိမ် နတ်ဘုရား သန့်စင်ခြင်း နန်းတော်နှင့် လက်ပါးစေ အင်အားစုလေးများ …….. အဆိုပါ အင်အားက မည်သို့မျှ သေးငယ်မနေခဲ့ပေ။

သူ့ကို စာရင်းရှင်းရန်အတွက် အင်အားစုမည်မျှ စောင့်ဆိုင်းနေလဲဆိုသည်ကို မည်သူမှ မသိကြပေ။

လူတစ်ချို့က ၎င်းကို စတင်၍ မျှော်မှန်းနေကြပြီ ဖြစ်သည်။

“ ဒီတစ်ခါတော့ တော်တော်လေးကို ရှုပ်ခဲ့မိတာပဲ ဆရာ အဲ့အဘိုးကြီးက အဲ့တာကို ကိုင်တွယ်နိုင်မလားဆိုတာကို ငါသိချင်မိတယ်။ သူ့ကိုအရင်မေးလိုက်ပါမယ်လေ “

ထိုအခိုက်အတန့်တွင် သူသည် အကယ်၍ ကူချန်ကျွင်းက ၎င်းကို မကိုင်တွယ်နိုင်ဘူးဆိုပါက ထိုအတိုင်းသာ ထားလိုက်မည်ဖြစ်သည် သို့သော် ၎င်းမှာ သူက ဤနေရာမှ မထွက်သွားနိုင်ဘူးဟု ဆိုလိုနေခြင်း မဟုတ်ပေ သို့ရာတွင် ကန်းယွင်ကားချပ်၏ တည်ရှိမှုက ပေါက်ကြားသွားနိုင်ခြေများသည်။

ကန်းယွင်ကားချပ်အတွင်းရှိ ဟင်းလင်းပြင်ကို ဆုတ်ဖြဲခြင်းက ကြီးမားသော လှုပ်ခတ်မှုများကို ဖြစ်ပေါ်သွားစေမည် ဖြစ်သည်။ ထိုအချိန်တွင် ဤအင်အားစုများကိုသာ ဆွဲဆောင်မိသွားလိမ့်မည် မဟုတ်ပေ။

ဒေသလေးခုစလုံးမှ အင်အားစုတိုင်းက သူ့ကို ဝိုင်းရံလာကြမည် ဖြစ်သည်။

ချက်ချင်းဆိုသလိုပင် သူသည် အသံထုတ်လွှင့်ခြင်း အဆောင်ကို ထုတ်ယူလိုက်သည် အဆောင် လောင်ကျွမ်းသွားသည့်နောက်တွင် အသံတစ်သံ ပေါ်ထွက်လာခဲ့၏။

“ ချန်ရှန်း ဘာဖြစ်လို့လဲ “

၎င်းက ကူချန်ကျွင်း၏ အသံဖြစ်သည်။

လုချန်ရှန်းက တုံ့ပြန်လိုက်၏ “ ဆရာ ကျွန်တော် ဂိုဏ်းကို ပြန်ချင်တယ် လာကြိုပေးလို့ရမလား “

“ ကောင်းပြီလေ ငါ့ကို ကန်းယွင်ဂိုဏ်းမှာ စောင့်နေ “

“ ဆရာ နေပါဦး “

“ ဘာလဲ “

“ ဆရာကို ကြိုပြောရမဲ့ ကိစ္စတစ်ခု ရှိနေသေးတယ် အရင်နားထောင်ကြည့်လိုက်ပါ ပြီးမှ လာကြို မကြိုဆိုတာကို ကြည့်လိုက်ကြတာပေါ့ “

ကူချန်ကျွင်းသည် တစ်ခဏခန့် တွေဝေတုံ့ဆိုင်းသွားကာ ပြန်ပြောလာခဲ့သည် “ ဘာကိစ္စလဲ “

“ အင်း အခုကျွန်တော်က အရှေ့ပိုင်းပြည်နယ်ရဲ့ နဂါးနစ်မြုပ်ခြင်း နယ်မြေမှာ ရှိနေတာ ပွတ်တိုက်မှုလေး တစ်ခုကြောင့် တစ်ယောက်ယောက်က ကျွန်တော့်ကို သေစေချင်နေပြီးတော့ ဒီနေရာမှာ ချုပ်ထားပြီး ထွက်သွားခွင့် မပေးကြဘူး။ ……… “

“ စောင့်နေ ငါအခုချက်ချင်း လာခဲ့မယ် “

ကူချန်ကျွင်းက ပြောလာခဲ့၏။

လုချန်ရှန်းက ပြန်ပြောလိုက်သည် “ ကောင်းပြီလေ ဆရာ အဲ့ဒီအင်အားစုတွေက တော်တော်လေးတော့ စွမ်းတယ်နော် ……. “

“ ဒီကမ္ဘာကြီးထဲမှာ ငါ ကူချန်ကျွင်းရဲ့ တပည့်ကို ဘယ်ကောင်မှ ထိလို့မရဘူး အဲ့မှာပဲ စောင့်နေ “

ထို့နောက်တွင် အသံထုတ်လွှင့်မှု ပြတ်တောက်သွားခဲ့သည် သူ၏ဆရာဖြစ်သူက အတော်လေး ဒေါသထွက်သွားပုံရ၏။

လုချန်ရှန်းသည် တစ်ခဏခန့် ငေးငိုင်သွားကာ ရေရွတ်ပြောဆိုနေတော့သည် “ ဆရာ အဲ့လောက်တောင်ကြီးစိုးပြီးတော့ အစွမ်းထက်တာလားဟ “

နတ်ကောင်းကင်ဂိုဏ်းသို့ ရောက်လာခဲ့ကာ သူ၏ဆရာနှင့် ဆုံခဲ့သည့် အချိန်ကတည်းက သူက ရက်စက်ကြမ်းကြုတ်သည့် လူတစ်ဦးဖြစ်သည်ဟု လူတော်တော်များများက သူ့ကို ပြောပြခဲ့ကြသည်။

သူသည် သူ၏ဆရာဖြစ်သူက မည်မျှရက်စက်လဲဆိုသည်ကို မသိပေ သို့သော် မြင့်မြတ်နယ်မြေ တစ်ခုကပင် သူ့ကို ရန်မစလိုကြဘဲ လွန်ခဲ့သော နှစ်ပေါင်းများစွာ သူငယ်ရွယ်ခဲ့စဥ် အချိန်ကတည်းက ထင်တိုင်းကြဲနိုင်သည့် အဆင့်မျိုးအထိ ရောက်ရှိခဲ့သည်ဟု ရှောင်ဟေးက ပြောပြခဲ့ဖူး၏။

သူ့ယုံကြည်မှု၏ တစ်စိတ်တစ်ပိုင်းက ကူချန်ကျွင်းထံမှ ရောက်ရှိလာခဲ့ခြင်းဖြစ်သည် ထို့အပြင် သူက နစ်နာသူဖြစ်သောကြောင့် သူ့ဆရာကို တိုင်တန်းခြင်းက မည်သို့မျှ မှားယွင်းနေမည် မဟုတ်ပေ။

အကယ်၍ တစ်ခြားသော နည်းလမ်းတစ်ခုခု အမှန်တကယ် မရှိတော့ဘူးဆိုပါက ကန်းယွင်ကားချပ်က သူ့ကို ခေါ်ဆောင်သွားခြင်း(သို့) သူ၏ဆရာဖြစ်သူထံသို့ ကန်းယွင်ကားချပ်ကို ပေးအပ်လိုက်ခြင်းဖြင့် သူ့ပြေးလမ်းကို ဖောက်လုပ်ရန်မှာ ပြဿနာကြီးတစ်ခု ဖြစ်နေလိမ့်မည် မဟုတ်ပေ။

အကယ်၍ ၎င်းတို့က အလုပ်မဖြစ်ဘူးဆိုပါက သူသည် သူတို့နှစ်ဦးလုံး လွတ်မြောက်သွားရန်အတွက် ကန်းယွင်ကားချပ်ကို အသုံးပြုလိုက်မည်ဖြစ်ပြီး နှစ်ရှစ်ရာ(သို့)နှစ်တစ်ထောင်အထိ ပုန်းအောင်းကျင့်ကြံပြီး ထို့နောက်တွင် ထိုလူအားလုံးကို အပြတ်ရှင်းမည် ဖြစ်သည်။ မည်သို့ဆိုစေကာမူ မည်သည့်အရာများ ဖြစ်ပျက်လာခဲ့ပါစေ ဤနေရာတွင် သူသေဆုံးသွားလိမ့်မည် မဟုတ်ပေ။

ချင်းယီဆိုသည့် အထောက်အထားအတွက်ကမူ သိမ်းထားသည်ဖြစ်စေ မသိမ်းထားသည်ဖြစ်စေ အရေးပါတော့မည် မဟုတ်ပေ အစပိုင်းတွင် သူသည် လော့ယွမ်တောင်တန်းဒေသတွင် လှည့်ပတ်သွားလာရန်အတွက်သာ ၎င်းကို အသုံးပြုခဲ့ခြင်းဖြစ်သည် ၎င်းကို အချိန်အတော်ကြာ အသုံးပြုခဲ့ရလိမ့်မည်ဟု မည်သူကထင်မှတ်ထားမည်နည်း။

၎င်းကို တွေးမိသွားသောအခါတွင် လုချန်ရှန်းမှာ ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားတော့၏ " အင်း အရာအားလုံးက တည်ငြိမ်နေတာပဲ "

ထို့နောက်တွင် သူသည် တောင်ထိပ်တစ်ခုပေါ်သို့ ရောက်ရှိသွားကာ နေရာမှာပင် ထိုင်ချလိုက်၏။

မည်သို့ပင်ဆိုစေကာမူ ဘိုးဘေးနဂါးကို ဆင့်ခေါ်ခဲ့ပြီးပြီဖြစ်ကာ ကံကံ၏ အကျိုးဆက်ကို မလွဲမသွေ ပြန်ပေးဆပ်ရမည်ဖြစ်သောကြောင့် ကံတရားကို သုံးစွဲခြင်းက နည်းနည်းများများ မည်သို့မျှ အရေးမပါတော့ပေ။

ချက်ချင်းဆိုသလိုပင် သူသည် ဘိုးဘေးနဂါး၏ ကံတရားကို စတင်၍ ဝါးမြိုနေတော့၏။

ဘိုးဘေးနဂါးကမူ သူ၏ရည်ရွယ်ချက်ကို အာရုံခံမိနေပုံရ၏ သို့သော် ၎င်းသည် မည်သို့မျှ မရုန်းကန်ခဲ့ပေ ထို့အစား သူ၏ ခန္ဓာကိုယ်ထဲတွင် ရွှေရောင်ပုလဲတစ်လုံး ပေါ်ထွက်လာခဲ့သည်။

၎င်းက ဘိုးဘေးနဂါး၏ ကံတရား အမျှင်တန်းကို ကိုယ်စားပြုပေသည်။

“ အဲ့လောက်တောင် လွယ်တာလားဟ “

လုချန်ရှန်းသည် သူ၏ စိတ်ခံစားချက်များကို ဖိနှိပ်ကာ တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ ဒုတိယအကြိမ်မြောက် ဝါးမြိုခြင်းကို စတင်၍ ပြုလုပ်နေတော့၏ ဘိုးဘေးနဂါးက ခုခံလာခဲ့သော်လည်း အဆုံးတွင် နောက်ထပ် ပုလဲလုံးတစ်လုံးကို ထုတ်ပေးလာခဲ့သည်။

“ ဟားဟားဟား “

နှစ်ခုစလုံးကို တစ်ပြိုင်နက် ရရှိလာခဲ့သောကြောင့် သူ၏အပြုံးမှာ တဖြည်းဖြည်း ပိုမိုထင်ရှားလာခဲ့သည်။

“ အဲ့လောက်ကြီးလည်း မခက်တဲ့ပုံပဲ “

အစတွင် သူသည် ၎င်းက အလွန်တရာ ခက်ခဲလိမ့်မည်ဟု ထင်နေခဲ့သည် သို့သော် မည်သို့မျှ အားစိုက်မထုတ်ခဲ့ရပေ ၎င်းက မည်သူမဆို လုပ်နိုင်သည့် အလုပ်တစ်ခုအလား ဖြစ်နေခဲ့၏။

ထို့နောက်တွင် သူသည် တတိယအကြိမ်မြောက် ဝါးမြိုခြင်းကို ပြုလုပ်နေတော့သည်။

ဤတစ်ကြိမ်တွင်မူ ဘိုးဘေးနဂါးက အပြင်းအထန် ခုခံလာခဲ့ပြီး နှစ်ဖက်စလုံးသည် ရှေ့မတိုးသာနောက်မဆုတ်သာ အခြေအနေမျိုးဖြင့် တစ်ရက်တိတိ ရှိနေခဲ့ပြီးမှ တတိယမြောက် ပုလဲလုံးကို ရယူနိုင်ခဲ့၏။

လုချန်ရှန်းသည် အလွန်တရာ လောဘကြီးနေခဲ့ပြီး ကံတရား၏ စတုတ္ထအမျှင်တန်းကို ဆက်လက်၍ ဝါးမြိုနေတော့သည်။

နောက်သုံးရက်ကြာသည်အထိ သူသည် စတုတ္ထမြောက် ပုလဲလုံးကို ရယူနိုင်ရန်အတွက် များပြားလွန်းလှသော နည်လမ်းများကို အသုံးပြုခဲ့ရသည် ဘိုးဘေးနဂါးကမူ အဆက်မပြတ် ရုန်းကန်နေခဲ့ကာ မကျေနပ်ကြောင်း ပြသခဲ့လေသည်။

ထို့နောက်တွင် ၎င်းသည် လုချန်ရှန်းက ထပ်မံ၍ လှုပ်ရှားလာမည်ကို စောင့်ဆိုင်းမနေတော့ဘဲ ကျယ်လောင်စွာ ဟိန်းဟောက်၍ သူ၏ခန္ဓာကိုယ်ထံမှ အလိုအလျောက် ထွက်ခွာသွားတော့သည်။

၎င်းသည် ကောင်းကင်ယံတွင် လှည့်ပတ်နေခဲ့ကာ သူ့ကို စူးစူးရဲရဲ စိုက်ကြည့်ခဲ့ပြီးမှ ထွက်ခွာသွားခဲ့သည်။

“ မိုချင် ပြောသလောက်လည်း ဆန်းကြယ်မနေပါဘူး တော်တော်လေးကို လွယ်ပါတယ်။ အဲ့ဒီ ဘိုးဘေးနဂါးက တော်တော်လေးကို ကပ်စီးနည်းတယ်။ ဒီလောက်နဂါးအကြီးကြီးကို ပုလဲလုံး လေးခုပဲ ပေးခဲ့တယ် ကံတရားက အဲ့လောက်ကြီးလည်း ကြီးမနေတဲ့ပုံပဲ “

လုချန်ရှန်းက တစ်ကိုယ်တည်း ရေရွှတ်ပြောဆိုနေခဲ့၏။

သို့ရာတွင် လောင်လျူကမူ အဝေးမှ အချိန်အတော်ကြာ စောင့်ကြည့်နေခဲ့ပြီး အရာအားလုံးကို မြင်တွေ့ခဲ့လေသည်။

“ မင်းက ဘိုးဘေးနဂါးကို ဘာလုပ်လိုက်တာလဲ “

“ ဘာဖြစ်လို့လဲ “ ဟု လုချန်ရှန်းက ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။

လောင်လျူက ပြန်ပြောလိုက်သည် “ ထွက်သွားခဲ့တဲ့ အချိန်တုန်းက အဲ့တာက တော်တော်လေးကို မကျေမချမ်းဖြစ်နေတယ်လို့ ငါခံစားခဲ့ရတယ်။ မင်းဘာတွေ လုပ်လိုက်တာလဲ “

--

……………………………………………………………………………………………………………………………………..

All Chapters