← Chapters

အခန်း ၁၉၁

Vol. 13 Ch. 191

အခန်း ၁၉၁

Vol. 13 Ch. 191

အပိုင်း ( 191 )

ကြောက်ခမမ်းလိလိ ရက်စက်ခြင်း

ဤအချိန်၌ ဤနေရာတွင် ရှိနေသည့် လူတိုင်း အံ့ဩမှင်သက်သွားကြသည်။

လောင်လျူကမူ ခေါင်းမော့ရင်ကော့ထားစဲဖြစ်ပြီး အမှန်တရားကို သိခဲ့ရပြီးသည့်နောက်တွင် သူသည် ၎င်းက သေချာသော ကိစ္စတစ်ခုဖြစ်သည်ဟု သိရှိနေခဲ့၏။

သို့ရာတွင် စိတ်ခံစားချက်ကင်းမဲ့နေသည့် ကူချန်ကျွင်းမှာ တအံ့တဩ ဖြစ်သွားခဲ့ပြီး ကိုယ့်ကိုကိုယ် လက်ညှိုးထိုးကာ မရေရာမသေချာ ဖြစ်နေသော လေသံမျိုးဖြင့် မေးခွန်းထုတ်လိုက်သည် “ မိတ်ဆွေလေး မင်းက ငါ့ကို ပြောနေတာလား “

ရှေ့သို့ အလောတကြီး ပြေးတက်လာကြသူများကလည်း နေရာမှာတင် ရပ်တန့်သွားကာ မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလာကြ၏ “ အဲ့တာက ဘာသဘောလဲဟ “

“ သူက အဲ့ကောင်ကို တပည့်အဖြစ် ခေါ်တော့မှာလား “

“ သူဘာတွေတွေးနေတာလဲ “

“ … “

မေးခွန်းများ မြင့်တက်လာသည်နှင့်တစ်ပြိုင်နက် လုချန်ရှန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည် “ ဆရာ ကျွန်တော်လေ “

အားလုံး၏ ရှေ့မှောက်တွင် သူ၏အသွင်အပြင် ပြောင်းလဲသွားပြီး ပြစ်ချက်ကင်းသည့် ချောမောသော မျက်နှာတစ်ခု ပေါ်ထွက်လာခဲ့၏။

လူငယ်သည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မားမားမတ်မတ် မတ်တပ်ရပ်ကာ အပြုံးတစ်ခုကို ဆင်မြန်း၍ ကူချန်ကျွင်းကို ငေးကြည့်နေလျက်ရှိ၏။

ထိုအခိုက်အတန့်တွင် အမျိုးသမီး ကျင့်ကြံသူများက နေရာမှာတင် မှင်သက်သွားကြသည်။

“ အဲ့တာက ချင်းယီရဲ့ တကယ့်အသွင်အပြင်လား “

“ သူက ဒီလောက်တောင် ချောတယ်ပေါ့ ချစ်တယ် ငါသူ့ကို ချစ်တယ် “

“ … “

သူမတို့သာလျှင် မဟုတ်ဘဲ လောင်လျူကပါ တအံ့တဩဖြင့် လွှတ်ခနဲ ပြောမိသွားခဲ့သည်။

“ မင်းမေကလွှား ချင်းကြီး မင်းတကယ်ကြီးကို ရုပ်ဖျက်ထားတာပဲ ပြီးတော့ တော်တော်ချောတာပဲဟ “

အရပ်မျက်နှာရှစ်ခုစလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။

စိတ်ဝိညာဥ် အရှင်သခင်မှာလည်း ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။

ကူချန်ကျွင်းကမူ အံ့ဩလွန်းသဖြင့် ဆွံ့အသွားခဲ့သည်။

၎င်းက သူ၏တပည့်ဖြစ်သူဆိုသည်ကို သူသေချာနေခဲ့သော်လည်း ၎င်းက အိမ်မက်တစ်ခုအလား ခံစားသွားခဲ့ရ၏။

ရုပ်ရည်မှအပ သုံးစားစရာမရှိသည့် သူ၏တပည့်ဖြစ်သူက တောင်ပိုင်းဒေသတစ်ခုလုံးကို မွှေနှောက်ခဲ့သည့် ချင်းယီဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားလိမ့်မည်နည်း။

သူ၏ အတွေးများက လိုက်မမှီနိုင်လောက်အောင်ဖြစ်နေခဲ့သော်လည်း သူသည် ကိစ္စတော်တော်များများကို ရုတ်တရက် နားလည်သွားခဲ့သည်။

လော့ယွမ်တောင်တန်းဒေသတွင် ချူလျူရှန်းကို သတ်ဖြတ်ပြီးသည့်နောက်တွင် မူလအရင်းအမြစ်အတွက် ပါဝင်မယှဥ်ပြိုင်ခဲ့သည်မှာ အံ့ဩဖွယ်ရာ မဟုတ်တော့ပေ။ မည်သည့်အတွက်ကြောင့် သူနှင့် စိတ်တူကိုယ်ကူဖြစ်ကာ အပေးအယူ တည့်သွားရသနည်း မည်သည့်အတွက်ကြောင့် ကျိုးချင်ယုကို ဓားတာအိုအကြောင်း လမ်းညွှန်ပေးခဲ့သနည်း။

ချင်းယီက လုချန်ရှန်းဖြစ်နေခဲ့သောကြောင့် အရာအားလုံး ရိုးရှင်းသွားခဲ့ပြီ ဖြစ်သည်။

သူသည် သူ၏ တပည့်ဖြစ်သူက ထိုကဲ့သို့သော ပါရမီရှင်မျိုး ဖြစ်နေလိမ့်မည်ဟု အိမ်မက်ပင်မမက်ဖူးခဲ့ချေ အကယ်၍ သူက ပြိုင်ဘက်မကင်းသေးဘူးဆိုလျှင်တောင်မှ ထိုအဆင့်နှင့်သိပ်မဝေးတော့ပေ။

သို့ရာ၌ သူလုပ်ခဲ့သည့် ကိစ္စများကို အမှတ်ရသွားသောအခါတွင် အမြဲလိုလို အေးဆေးတည်ငြိမ်နေသည့် သူ့လိုလူတစ်ဦးကပင် အမူအရာ ရှုံ့မဲ့သွားခဲ့သည်။

“ ချန်ရှန်း မင်း ……. “

စိတ်ဝိညာဥ် အရှင်သခင်သည် စကားပြောချင်နေသော်လည်း ဘာပြောရမှန်း မသိခဲ့ပေ။

သူသည် ယခင်ကဖြစ်ပျက်ခဲ့သည့် အရာများကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသောကြောင့် အရှေ့တွင် ပြဿနာကြီးတစ်ခု စောင့်ကြိုနေသည်ကို သိရှိနေခဲ့၏။

ကူချန်ကျွင်းမှာလည်း သတိပြန်ဝင်လာခဲ့ကာ ဖြည်းဖြည်းချင်း စကားပြောလာခဲ့သည် “ ဒီကိုလာခဲ့ “

“ ကောင်းပြီလေ “

ထို့နောက်တွင် လုချန်ရှန်းသည် ခြေတစ်လှမ်းလှမ်းကာ ကူချန်ကျွင်းရှိရာဘက်သို့ ဦးတည်သွား၏။

လောင်လျူမှာလည်း ခေါင်းမော့ရင်ကော့ထားသော အမူအရာမျိုးဖြင့် သူ့နောက်သို့ လိုက်သွားခဲ့သည် ယခုလက်ရှိ အချိန်၌ သူ့ထံတွင် အဆုံးမဲ့ ယုံကြည်မှုများ ရှိနေခဲ့သည်။

ပတ်ပတ်လည်ရှိ အင်အားစု အသီးသီးကမူ အမူအရာများ ပြာနှမ်းသွားကြ၏။

ချင်းယီက စစ်ပွဲဘုရင်၏ တပည့်ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။

ဤကိစ္စမတိုင်ခင် အချိန်အထိ စစ်ပွဲဘုရင်ကိုယ်တိုင်ကပင် ၎င်းကို မသိခဲ့ချေ။

“ ဆရာ သွားကြစို့ “ ဟု လုချန်ရှန်းက ပြောလိုက်သည်။

သို့ရာတွင် ကူချန်ကျွင်းက မေးခွန်းထုတ်လာခဲ့၏ “ ခုနတုန်းက မင်းကို ဘယ်သူက သတ်ချင်နေတာလဲ “

ဟမ်

ထိုစကားတစ်ခွန်းက လူတိုင်းကို အေးခဲတောင့်တင်းသွားစေခဲ့၏။

လုချန်ရှန်းမှာလည်း အတွေးယာဥ်ကြောအတွင်းသို့ ကျဆင်းသွားခဲ့သည်။

သို့ရာတွင် လောင်လျူက လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ပြီး ချက်ချင်းရှေ့တက်ကာ ပြန်ပြောလိုက်သည် “ စစ်ပွဲဘုရင်ခင်ဗျာ ကျုပ်အစ်ကို ဒုက္ခပေးချင်နေတဲ့ လူတွေက အဲ့လူတွေပါ။ ထျန်းရီ မြင့်မြတ်နယ်မြေက သူတို့ရဲ့ အင်အားကို မှီခိုပြီးတော့ သူတို့ရဲ့ သူတော်စင်နဲ့ နတ်ဘုရား သန့်စင်ခြင်း နန်းတော်က အဲ့ဒီခွေးသူတောင်းစားလေး နှစ်ယောက်ပေါင်းပြီးတော့ ကျုပ်အစ်ကိုရဲ့ ရှေးဦးဝိညာဥ်ကို လုဖို့ကြိုးစားခဲ့ကြပါတယ် အဲ့တာက သူ့ကို သေမလိုတောင် ဖြစ်သွားစေခဲ့ပါတယ်။ သူတို့က မတောင်းပန်တဲ့အပြင် သူ့ကို အတင်းအကြပ် ဒူးထောက်ခိုင်းပြီးတော့ ပြန်တောင်းပန်စေချင်နေကြပါတယ် တကယ်လို့ သူက မတောင်းပန်ဘူးဆိုရင် သူ့ကို အသေရိုက်သတ်မယ်လို့ သူတို့က ပြောခဲ့ပါတယ် “

“ အဲ့အချိန်တုန်းက ကျုပ်အစ်ကိုက ဒေါသထွက်လွန်းလို့ ဘာမှတောင် မလုပ်နိုင်ခဲ့ပါဘူး ကျွန်တော်ကပဲ ရေစီးကြောင်းကို ခုခံပေးခဲ့ပြီးတော့ သူက ဟိုနှစ်ကောင်ကို သတ်နိုင်မဲ့ အခွင့်အလမ်းတစ်ခု ရလာအောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင် အခုချိန်မှာ ဆရာက သူ့ကို တွေ့နိုင်တော့မှာ မဟုတ်ဘူး “

ထိုစကားလုံးများကို ကြားလိုက်ရသောအခါတွင် ထျန်းရီ မြင့်မြတ်နယ်မြေနှင့် ချူလျူရှန်းတို့၏ အမူအရာများ ပြောင်းလဲသွား၏။

လုချန်ရှန်းမှာလည် တအံ့တဩ ဖြစ်သွားခဲ့သည် လောင်လျူ၏ ကျုပ်အစ်ကိုဟု အဆက်မပြတ် သုံးနှုန်းမှုက သူ့ကို အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားစေခဲ့၏။

သို့ရာတွင် သူပြောခဲ့သည့် စကားများက ချဲ့ကားပြောဆိုခဲ့သည့် အမှန်တရား ဖြစ်ပြီး မည်သည့်အရာကိုမှ လုပ်ကြံမဖန်တီးထားခဲ့ပေ။

ထိုအချိန်တွင် ကူချန်ကျွင်း အမူအရာ လေးနက်သွားခဲ့သည်။

လောင်လျူက စကားဆက်ပြောနေတော့၏ “ ထျန်းကျီစံအိမ်ဆိုရင် ပိုဆိုးပါတယ်။ သူတို့က ကျုပ်အစ်ကိုကို အနိုင်ကျင့်ရလွယ်မယ်လို့ ထင်နေကြပြီးတော့ ကံကြမ္မာကျောက်တုံးကို ရှာပေးရင် ငွေငါးသန်းပေးမယ်ဆိုပြီးတော့ လှည့်စားခဲ့ပါတယ်။ ဒါပင်မဲ့ သူတို့က ဆိုးယုတ်တဲ့ ရည်ရွယ်ချက်တွေကို ကွယ်ဝှက်ထားခဲ့ကြတာပါ သူတို့က ကျုပ်အစ်ကိုရဲ့ ကံတရားကို သူတို့ရဲ့ နတ်မိမယ်ဆီကို လွှဲပေးချင်နေကြတာပါ။ အဲ့တုန်းက အခြေအနေက ဘယ်လောက်တောင် အရေးကြီးလိုက်လဲ ……….. “

“ ပြီးတော့ သူတို့ရဲ့ အကြံအစည် ကျရှုံးသွားခဲ့တဲ့ အချိန်မှာ ကျုပ်အစ်ကိုကို သတ်ချင်သွားကြပြီးတော့ ဟွာရှုနယ်ပယ် ပညာရှင်ကို အထဲကို လွှတ်လိုက်ပါတယ် အဲ့အချိန်တုန်းက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲဆိုတာကို ဆရာသိမှာ မဟုတ်ဘူး။ တကယ်လို့ သူကသာ ဘိုးဘေးနဂါးကို မပိုင်ဆိုင်ထားဘူးဆိုရင် ဆရာက ဒီနေရာကိုတောင် ရောက်လာမှာ မဟုတ်ဘူး “

လောင်လျူသည် တရစပ် ပြောဆိုနေလျက်ရှိပြီး ထိုလူများ၏ အမူအရာများက ပိုမိုမည်းမှောင်လာခဲ့သည်။

လုချန်ရှန်းမှာလည်း ဘေးတစ်ဖက်မှ အေးအေးလူလူ နားထောင်နေလျက်ရှိ၏။

သူ၏တပည့်ဖြစ်သူက မကန့်ကွက်လာသည်ကို မြင်လိုက်ရသောအခါတွင် ကူချန်ကျွင်းသည် အရှေ့သို့ ကြည့်ကာ စကားပြောလိုက်သည် “ ငါ့တပည့်ကို စော်ကားပြီးတော့ ဒီလိုအခြေအနေမျိုးအထိ အနိုင့်ကျင့်ခဲ့ကြတယ်ပေါ့ မင်းတို့က ငါမရှိတော့ဘူးလို့ သတ်မှတ်ထားကြတာလား “

သူ၏ အသံက ပေါ့ပါးနေခဲ့သော်လည်း ကြောက်မက်ဖွယ်ရာ စွမ်းအားများကို သယ်ဆောင်ထားခဲ့သည်။

စိတ်ဝိညာဥ် အရှင်သခင်၏ အမူအရာကပင် ချက်ချင်းပြောင်းလဲသွားခဲ့သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် ထျန်းရီ မြင့်မြတ်နယ်မြေ၏ ရှောင်ကျင်းက စကားစပြောလာခဲ့၏ “ တကယ်လို့ ကျုပ်တို့ ထျန်းရီ မြင့်မြတ်နယ်မြေရဲ့ အဖွဲ့ဝင်တွေက မှားသွားတယ်ဆိုရင်တောင်မှ သူက သူတို့ကို မသတ်လိုက်သင့်ဘူး။ မင်းတို့က …… “

ဝှစ်

သူ့စကားမဆုံးခင် အချိန်မှာပင် ကူချန်ကျွင်းက လှုပ်ရှားလာခဲ့သည် ကောင်းကင်ထက်သို့ မှော်စွမ်းအားများ ပစ်ခွင်းလာခဲ့ပြီး ကောင်းကင်နှင့် ကမ္ဘာမြေတို့၏ အရောင်များပင် ပြောင်းလဲသွား၏။

သူ၏ အရှိန်အဝါကြောင့် ပင်လယ်ပြင်တစ်ခုလုံး လှိုင်းထန်သွားခဲ့သည်။

ထိုအချိန်တွင် သူ၏မှော်စွမ်းအားများ လိမ်ယှက်ကာ ဧရာမ လက်ကြီးတစ်ဖက် ရုတ်တရက် ပေါ်ထွက်လာကာ အရှေ့သို့ ဆန့်တန်း၍ တိုက်ခိုက်လာတော့၏။

ရှောင်ကျင်း၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားပြီး သူ၏ မှော်စွမ်းအားများ ပေါက်ထွက်လာခဲ့သည် သူသည် တိုက်ခိုက်မှုကို တားဆီးချင်နေခဲ့သည် သို့သော် စွမ်းအားနှစ်ခု ထိတွေ့သွားသည့် အချိန်တွင် သူ၏မှော်စွမ်းအားများ ချက်ချင်းပြိုကွဲသွားခဲ့သည်။

ဧရာမ လက်ကြီးက သူ၏ခန္ဓာကိုယ်ကို ရိုက်ချလာခဲ့ပြီး ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်ရ၏။

သူ၏ အသက်စွမ်းအား ဖြတ်တောက်ခံလိုက်ရပြီး ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုများကို အဖော်ပြု၍ အလင်းတန်းများစွာ လိမ်ယှက်လာခဲ့သည်။ ရှောင်ကျင်း၏ အသက်စွမ်းအား ငြိမ်းသက်သွားကာ နေရာမှာတင် ပွဲချင်းပြီးသွားခဲ့သည်။

“ ကူချန်ကျွင်း မင်း ………. “

ထျန်းရီ မြင့်မြတ်နယ်မြေ၏ လူများက ဒေါသထွက်သွားကြသည်။

သို့ရာတွင် ကူချန်ကျွင်းက အေးအေးလူလူ တုံ့ပြန်လိုက်၏ “ ငါဘယ်တုန်းကမှ ကျိုးကြောင်းမဆင်ခြင်ခဲ့ဘူး။ ပြီးတော့ အခုလက်ရှိ အချိန်မှာ ငါမှန်နေတယ် “

“ အဲ့တာက …… “

ထိုအခိုက်အတန့်တွင် ကမ္ဘာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

လုချန်ရှန်း၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည် သူသည် ယခင်က သူတစ်ခါမှ မကြုံတွေ့ခဲ့ရဖူးသည့် ကူချန်ကျွင်းထံမှ ထွက်ပေါ်လာသော ကြီးစိုးသည့် အရှိန်အဝါတစ်ခုကို ခံစားနေခဲ့ရ၏။

စကားတစ်ခွန်းမျှသာဖြစ်သော်လည်း ၎င်းက လူတိုင်းကို ကြောက်လန့်သွားစေခဲ့သည်။

ထျန်းကျီစံအိမ်မှ လူများ၏ အမူအရာများ မည်းမှောင်သွား၏။

သို့ရာတွင် ကူချန်ကျွင်းက စကားတစ်ခွန်းမှ မပြောဘဲ သူ၏လက်ကို ထပ်မံ၍ ဆန့်တန်းကာ ချင်ယွမ်ကို တိုက်ခိုက်လိုက်၏။

“ မင်းဘာလုပ်ချင်နေတာလဲ “

ချင်ယွမ်သည် ဒေါသတကြီး ဟိန်းဟောက်လာခဲ့သည် အားလုံး၏ အရှေ့တွင် သူတို့ကို တိုက်ခိုက်ကာ စိတ်ထင်တိုင်း သတ်ဖြတ်ခြင်းက သူတို့ကို မျက်လုံးထဲပင် မထည့်ခြင်းမဟုတ်လော သူတို့ထံတွင် မည်သည့်မျက်နှာ ကျန်နေခဲ့မည်လော။ ( အကြီးအကျယ် မျက်နှာပျက်သွားရတယ်ဆိုတဲ့ သဘောပါ )

ထိုအခိုက်အတန့်တွင် ထျန်းကျီစံအိမ်၏ လူများကပါ စတင်၍ လှုပ်ရှားလာခဲ့သည်။

ကူချန်ကျွင်းက ပြန်ပြောလိုက်သည် “ ငါ့တပည့်အတွက် လက်စားချေပေးမယ် “

ပတ်ဝန်းကျင်တစ်ခုလုံး အုံ့အောသောင်းနင်းဖြစ်သွားတော့၏။

အားလုံး၏ အရှေ့မှာပင် ကောင်းကင်ထက်တွင် ရှေးဟောင်းကြေးမှန်တစ်ချပ် ပေါ်လာခဲ့ပြီး ၎င်းထံမှ အလင်းတန်းပေါင်းများစွာ ကျဆင်းလာခဲ့ကာ ထိုနေရာတစ်ခုလုံးကို လင်းထိန်သွားစေခဲ့၏။ ပင်လယ်ပြင်အထက်တွင် ကြီးမားသော ပိုက်ကွန်တစ်ခု ပေါ်ထွက်လာခဲ့ကာ အပေါ်သို့ ကျုံ့ဝင်သွား၏။

များပြားလွန်းလှသော တိုက်ခိုက်မှုများက ဤနေရာကို ဝိုင်းရံလိုသော ရည်ရွယ်ချက်မျိုးဖြင့် ချက်ချင်းတိုက်ခိုက်လာကြသည်။

သို့ရာတွင် ကူချန်ကျွင်း၏ အမူအရာကမူ မည်သို့မျှ မပြောင်းလဲသွားခဲ့ပေ။

သူသည် သူ၏လက်ကို ဆန့်တန်းကာ ကျဆင်းလာသည့် အလင်းတန်းများကို ပြိုကွဲသွားစေလိုက်သည်။

ကြေးမှန်ထံမှ ငြင်သာသော အသံတစ်သံ ပေါ်ထွက်လာခဲ့ပြီး တိုက်ခိုက်မှုများ ထုတ်လွှတ်လာခဲ့၏ သို့သော် စွမ်းအားနှစ်ခု ထိတွေ့သွားသည့် အချိန်တွင် ကျယ်လောင်သော ဟိန်းဟောက်သံတစ်သံ ပေါ်ထွက်လာခဲ့သည်။ အားလုံးသည် ထိုနေရာသို့ ငေးကြည့်ကာ မယုံကြည်နိုင် ဖြစ်သွားကြသည်။

ဂုဏ်သိက္ခာကြီးမားသည့် နတ်လက်နက်သည် ရိုက်ချက်တစ်ချက်တည်းဖြင့် လွင့်ထွက်သွား၏ ပတ်ဝန်းကျင်တစ်ခုလုံး ဖရိုဖရဲဖြစ်သွားကာ ဝိညာဥ်အလင်းတန်းများ တောက်ပလာခဲ့ပြီး သဲသဲကွဲကွဲ မကြားရသည့် အသံများ ပျံ့လွင့်လာကာ လူတိုင်းကို အံ့ဩတုန်လှုပ်သွားစေခဲ့၏။

သူတို့၏ ခြေထောက်များအောက်တွင် ရှိနေသည့် ဧရာမ ပိုက်ကွန်သည် သူတို့ကို ချုပ်နှောင်ရန် ရည်ရွယ်ရင်းဖြင့် တင်းကြပ်လာခဲ့သည်။

သို့သော် ကူချန်ကျွင်းမှ ခြေဆောင့်ချလိုက်ရာ အဆိုပါ မှော်စွမ်းအားများ ချက်ချင်းပြိုကွဲသွားခဲ့သည်။

ထို့နောက်တွင် အားလုံးသည် ဧရာမ လက်တစ်ဖက် ထပ်မံ၍ ပေါ်ထွက်လာပြီး မည်သို့မျှ မရပ်တန့်ဘဲ လူအုပ်ကြီးထံသို့ ပြေးဝင်လာခဲ့သည်ကို မြင်တွေ့သွားကြသည်။

လောင်လျူသည် ပို၍စောင့်ကြည့်လေလေ ပို၍စိတ်လှုပ်ရှားလေလေ ဖြစ်သွားခဲ့သည်။

လုချန်ရှန်းကမူ ထိုနေရာတွင် မတ်တပ်ရပ်နေရင်းဖြင့် အနည်းငယ် မိန်းမောသွားခဲ့သည် သူသည် သူ့ဆရာက ရက်စက်ကြမ်းကြုတ်သည်ဆိုသည်ကို သိနေခဲ့သော်လည်း ဤမျှလောက်အထိ ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ တစ်ချိန်တည်းမှာပင် သူ၏ အတွေးထဲသို့ မေးခွန်းတစ်ခု ရောက်ရှိလာခဲ့သည်။

သူက အရှင်သခင် သုံးပါးကို အောက်စည်းကို မရောက်ဘဲ ယှဥ်တိုက်နိုင်ပင်မဲ့ စိတ်ဝိညာဥ် အရှင်သခင်ကိုကျတော့ သတ်ဖို့ခက်တယ်လို့ သူတို့ပဲ ပြောခဲ့ကြတာ မဟုတ်ဘူးလား။ အခုကျတော့ ဘယ်လိုလုပ် ဒီလောက်တောင် ရက်စက်ကြမ်းတမ်းနေရတာလဲဟ။

--

……………………………………………………………………………………………………………………………..

All Chapters