အခန်း ၁၉၂
Vol. 13 Ch. 192
အပိုင်း ( 192 )
စစ်ပွဲဘုရင်မှာ စစ်ပွဲဆိုတဲ့ စကားလုံးက ဘယ်ကနေရောက်လာတာလို့ မင်းထင်လဲ
လုချန်ရှန်း စိတ်ရှုပ်ထွေးနေသည့် အချိန်မှာပင် ကူချန်ကျွင်းက သူ၏လက်ကို မြှောက်ကာ အရှေ့သို့ ရိုက်ချလိုက်သည်။
လူတိုင်းက ၎င်းကို တားဆီးပိတ်ဆို့ရန် ကြိုးပမ်းခဲ့ကြသည် ဧရာမလက်ကြီးက ပြိုကွဲသွားခဲ့သော်လည်း လူတိုင်း နောက်ဆုတ်သွားခဲ့ရသည်။
ကျန်ရှိနေသည့် စွမ်းအားများကမူ ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားပြီး တပည့်များကို သွေးအန်သွားရစေကာ ပြိုလဲသွားစေခဲ့၏။ မွေးရာပါ ဝိညာဥ်နယ်ပယ် ပညာရှင်တော်တော်များမှာလည်း သူတို့၏ ပါးစပ်များ ထောင့်များမှ သွေးများစီးကျလာကာ အမူအရာ မည်းနှောင်သွားကြသည်။
“ ကူချန်ကျွင်း မင်းတော်တော်မောက်မာတာပဲ။ မင်းက ငါတို့ ထျန်းရီ မြင့်မြတ်နယ်မြေနဲ့ ထျန်းကျီစံအိမ်တွေကို စစ်ကြေညာနေတာလား “
“ အဲ့စကားလုံးတွေက ငါ့အပေါ်မှာ အလုပ်ဖြစ်မယ်လို့ ထင်နေတာလား “ ကူချန်ကျွင်းကမူ မည်သည့်အရာကိုမှ ဂရုမစိုက်သည့်အလား အေးအေးလူလူ တုံ့ပြန်လိုက်၏။
လုချန်ရှန်းကမူ စုတ်တသပ်သပ် ဖြစ်သွားကာ စောင့်ကြည့်လေလေ နောင်တပိုရလေလေ ဖြစ်သွားခဲ့၏။ ထိုအချိန်က သူ့ဆရာကသာ အနည်းငယ် ပိုမိုကျော်ကြားနေခဲ့မည်ဆိုပါက သူက ချင်းယီအဖြစ် ရုပ်ဖျက်ခဲ့ရလိမ့်မည် မဟုတ်ပေ။
ကူချန်ကျွင်း၏ တပည့်ဆိုသည့် ဂုဏ်ပုဒ်က ပိုမိုစွဲမက်ဖွယ်ကောင်းနေသည် မဟုတ်လော။
“ တကယ်လို့ မင်းက အဆုံးမဲ့ တိုက်ပွဲကို တကယ်လိုချင်နေတယ်ဆိုရင် မင်းက ဘာကိုမှရမှာ မဟုတ်ဘူး “
“ တကယ်လို့ ဒီလိုမျိုးဆက်လုပ်နေဦးမယ်ဆိုရင် မင်းကြောင့် နတ်ကောင်းကင်ဂိုဏ်း ဖျက်စီးခံလိုက်ရမှာကို မင်းမကြောက်ဘူးလား “
“ … “
အသံများ အဆက်မပြတ် ပေါ်ထွက်လာခဲ့သည်။
ကူချန်ကျွင်းကမူ အေးဆေးတည်ငြိမ်နေစဲဖြစ်ကာ ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည် “ နတ်ကောင်းကင်ဂိုဏ်းက ဖျက်စီးခံရမှာလား။ အဲ့တာက ငါနဲ့ဘာဆိုင်လို့လဲ။ ဒါပင်မဲ့ ငါ့တပည့်ကို ထိတာကတော့ လုံးဝလက်ခံပေးလို့ မရဘူး “
ဝှစ်
သူ၏ မှော်စွမ်းအား ထပ်မံ၍ မြင့်တက်လာခဲ့ပြီး သတ်ဖြတ်လိုစိတ် ကျဆင်းလာခဲ့၏။
သူ၏ စကားများက လူတိုင်းကို ထပ်မံ၍ အံ့အားသင့်သွားစေခဲ့ပြန်သည်။
စိတ်ဝိညာဥ် အကြီးအကဲမှာလည်း ပါးစပ်အဟောင်းသားဖြင့် ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည် သူသည် ခါးသက်သက်ပြုံးကာ သူ၏ဦးခေါင်းကို ခါရမ်းနေတော့သည်။
သူက အရှင်သခင်လေးပါးအနက်မှ တစ်ဦးဖြစ်သော်လည်း ကူချန်ကျွင်းက သူတို့၏ဂိုဏ်းကို အမှန်တကယ် ဂရုမစိုက်ခဲ့ပေ သူက တစ်ချို့သော အကြောင်းအရင်းများကြောင့်သာ သူတို့ထံတွင် နေနေခဲ့ခြင်း ဖြစ်သည်။
သူ၏တည်ရှိမှုကြောင့်ပင် အင်အားစု တော်တော်များများက သူတို့၏ ဂိုဏ်းကို ကြောက်လန့်နေကြခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် နှစ်ဖက်စလုံးက ထပ်မံ၍ တိုက်ခိုက်နေကြပြီး ဟွာရှုနယ်ပယ် ပညာရှင်များက ဒေါသတကြီး ဖြစ်သွားကာ အတူတကွ တိုက်ခိုက်လာခဲ့ကြသည် သို့သော် သူတို့အားလုံး ပိတ်ဆို့ခံလိုက်ရ၏။
၎င်းကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းက စကားလှမ်းပြောလိုက်သည် “ ဆရာ ယုံကြည်ချက်ရှိရှိနဲ့ ဆက်လုပ်ပြီး သတ်လိုက်ပါ။ ကျွန်တော့်ကို တွေးပူနေဖို့ မလိုဘူး ကျွန်တော်က ကိုယ့်ကိုကိုယ် ကာကွယ်နိုင်တယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ကူချန်ကျွင်း၏ အမူအရာ ရှုံ့မဲ့သွားခဲ့သည် ထို့နောက်တွင် သူ ရှေ့တက်သွားတော့သည်။
သူလှုပ်ရှားနေသည်နှင့်အမျှ ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခု ချက်ချင်းမြင့်တက်လာခဲ့ပြီး ၎င်းသည် သားရဲတစ်ကောင်က ချုပ်နှောင်မှုမှ လွတ်မြောက်လာသကဲ့သို့ ကောင်းကင်ပြင်တွင် ပျံ့လွင့်သွားကာ လူတိုင်းကို ကြောက်လန့်သွားစေခဲ့၏။
“ သတ် “
ထိုအချိန်တွင် ဒေါသတကြီး ဟိန်းဟောက်သံတစ်သံ ပေါ်ထွက်လာခဲ့ပြီး ၎င်းက ကောင်းကင်နှင့် မြေပြင်ကို လှုပ်ရမ်းသွားစေကာ ပင်လယ်ပြင်တစ်ခုလုံးကို ခါရမ်းသွားစေခဲ့၏။
ကူချန်ကျွင်းသည် ထိုနေရာသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။ တစ်ခဏ အတွင်းမှာပင် သူသည် လူတိုင်းကို မောင်းထုတ်လိုက်သည်။ ချင်ယွမ်ကမူ မည်သို့ ထွက်မပြေးနိုင်ဘဲ အသတ်ခံလိုက်ရပြီး ကျယ်ပြန့်သော ပင်လယ်ပြင်က သွေးတို့ဖြင့် စွန်းထင်းသွားခဲ့သည်။
“ မင်း ……. “
ဟွာရှုနယ်ပယ် ပညာရှင်တစ်ဦး ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောအခါတွင် ထျန်းကျီစံအိမ်မှ ပညာရှင်တို့၏ အမူအရာများ အလွန်တရာ မည်းမှောင်သွားခဲ့သည်။
ကူချန်ကျွင်းက မည်သို့မျှ ရပ်တန့်လိမ့်မည် မဟုတ်ပေ။ သူသည် မည်သည့်လက်နက်မှ မပါဘဲ ချဥ်းကပ်လာခဲ့ပြီး လက်ဗလာဖြင့် အဆက်မပြတ် တိုက်ခိုက်နေလျက်ရှိ၏ သူသည် မှော်ပစ္စည်းတို့ဖြင့် တိုက်ရိုက်ရင်ဆိုင်နေခဲ့လေသည်။
ထိတွေ့တိုက်ခိုက်မှု အသံများ အဆက်မပြတ် ဟိန်းထွက်လာခဲ့ကာ လေပြင်းတိုက်ခတ်မှုများ မရပ်တန့်သွားခဲ့ပေ။ ဟွာရှုနယ်ပယ် ပညာရှင်များသည် ကောက်ရိုးမျှင်များကဲ့သို့ သူ၏တိုက်ခိုက်မှုများကို မည်သို့မျှ မခုခံနိုင်ခဲ့ကြပေ။
“ ငါ့ဆရာက အဲ့လောက်တောင် ရက်စက်တာလားဟ။ သူက မြင့်မြတ်နယ်မြေကိုတောင် အေးအေးဆေးဆေး ရိုက်နှက်နေတယ်ပေါ့ “
လုချန်ရှန်းသည် အနည်းငယ် မိန်းမောသွားခဲ့သည်။
လောင်လျူက တုံ့ပြန်လိုက်၏ “ စစ်ပွဲဘုရင်မှာ စစ်ပွဲဆိုတဲ့ စကားလုံးက ဘယ်လိုပေါ်လာခဲ့တယ်လို့ မင်းထင်လို့လဲ “
ဤအချိန်တွင် တစ်ကမ္ဘာလုံးက သူ၏တိုက်ခိုက်ရေး စွမ်းအားကို ထပ်မံ၍ မြင်တွေ့နေခဲ့ရပြီ ဖြစ်သည်။ မြင့်မြတ်နယ်မြေများနှင့် ဂိုဏ်းကြီးများက သူ၏တိုက်ခိုက်မှုများကြောင့် လွင့်ထွက်သွားခဲ့ကြသည်။
သူ့နောက်မှ စောင့်ကြည့်နေကြသူများမှာ ကတုန်ကရင်ဖြစ်သွားသည်။ အကယ်၍ ဟွာရှုနယ်ပယ် ပညာရှင်များ သေဆုံးသွားခဲ့မည်ဆိုပါက ကျန်ရှိနေသူများက သူ၏တိုက်ကွက်များကို တစ်ကွက်လေးပင် မခုခံနိုင်ဘဲ သေဆုံးသွားကြရမည်။
“ သွား သွားကြ “
ထျန်းကျီစံအိမ်၏ လူများက စကားပြောလာခဲ့၏။
ချက်ချင်းဆိုသလိုပင် လူများပြန့်ကျဲကာ ထွက်ပြေးသွားတော့သည်။
ကူချန်ကျွင်းက အလွန်တရာ စွမ်းလွန်းလှပြီး ဤနေရာတွင် ရှိနေသည့် လူများက သူ့ကို မည်သို့မျှ မယှဥ်နိုင်ကြပေ။
ကူချန်ကျွင်းသည် ကြောက်ရွံ့မှု ကင်းမဲ့နေသော မျက်လုံးများဖြင့် အရှေ့သို့ ငေးကြည့်နေလျက်ရှိပြီး ဧရာမ လှံရှည်တစ်လက် ပြေးဝင်လာသည်ကို မြင်လိုက်ရသောအခါတွင် သူကို တိုက်ရိုက်ဆုပ်ကိုင်လိုက်သည်။ ဘုရင်အဆင့် အထွတ်အထိပ် မှော်ပစ္စည်းသည် သူ့လက်ထဲတွင် ချက်ချင်းပျက်စီးသွားခဲ့သည်။
အနောက်တွင် ဘူးသီးခြောက်တစ်လုံး ပေါ်လာခဲ့ကာ သူ့ကို ဖိနှိပ်ရန် ကြိုးပမ်းလာခဲ့၏ သို့သော် ၎င်းက သူ၏လက်ချောင်းတစ်ချောင်းကြောင့် ချက်ချင်းပျက်စီးသွားခဲ့သည်။
လုချန်ရှန်းက ပို၍စောင့်ကြည့်နေလေလေ ပိုမို စိတ်လှုပ်ရှားလေလေ ဖြစ်သွားခဲ့သည်။ အစပိုင်းတွင် သူသည် ချူလျူရှန်းကိုပါ သတ်ဖြတ်ရန် လှမ်းပြောချင်နေခဲ့၏ သို့သော် သူတိုက်ခိုက်ခဲ့သည့် အချိန်ကတည်းက ချူလျူရှန်းက ပျောက်ကွယ်သွားခဲ့ပြီဆိုသည်ကို သိရှိသွားခဲ့သည်။
နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူများပါ ပျောက်ကွယ်နေလျက်ရှိ၏။
“ သူတို့ပြေးတာက အဲ့လောက်တောင် မြန်နေတာလားဟ “
ဘုမ်းးး
မည်သူမှ မတုံ့ပြန်နိုင်ခင် အချိန်မှာပင် ကျယ်လောင်သော အသံတစ်သံ ပျံ့လွင့်လာခဲ့ပြီး ဟွာရှုနယ်ပယ် ပညာရှင်ငါးဦးစလုံး သေဆုံးသွားခဲ့သည်။ သွေးများ ကျဆင်းနေကာ ပင်လယ်ရေမျက်နှာပြင်က အနီရောင်ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ကမ္ဘာမြေတုန်လှုပ်သွားစေသည့် တိုက်ပွဲက အချိန်တိုအတွင်းမှာပင် ပြီးဆုံးသွားခဲ့သည်။
ကောင်းကင်ယံတွင် အလင်းတန်းများ တောက်ပနေစဲဖြစ်ပြီး ၎င်းတို့က ယခင်က ထိုလူများ မမြင်ခဲ့ဖူးသည့် နည်းစနစ်များပင် ဖြစ်သည်။
ပိုမိုအစွမ်းထက်သည့် တည်ရှိမှုတစ်ခု ရောက်ရှိလာသည့်အလား ဖြစ်နေသည့် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ပေါ်ထွက်လာခဲ့၏။
စိတ်ဝိညာဥ် အရှင်သခင်၏ အမူအရာ မည်းမှောင်သွားခဲ့သည်။
ကူချန်ကျွင်းကမူ အဆိုပါ အလင်းတန်းနှစ်ခုကို ငေးကြည့်ကာ ဖြည်းဖြည်းချင်း ပြောဆိုလိုက်သည် “ ကိုယ့်ကိုကိုယ် ကိုယ်ထင်ပြချင်တယ်ဆိုရင်လည်း ထွက်လာခဲ့လိုက်။ ငါမင်းတို့နဲ့ တိုက်မယ် “
“ ဘယ်သူလဲ “ လုချန်ရှန်း ဇဝေဇဝါ ဖြစ်သွားခဲ့၏။
သူသည် အရှိန်အဝါကိုသာ အာရုံခံမိခဲ့ပြီး မည်သူ့ကိုမှ မမြင်နိုင်ခဲ့ပေ။
လောင်လျူက ပြန်ပြောလိုက်သည် “ ထျန်းရီ မြင့်မြတ်နယ်မြေနဲ့ ထျန်းကျီစံအိမ်ရဲ့ အစောင့်အရှောက်တွေ ဖြစ်ဖို့များတယ် “
“ ဘာကိုဆိုလိုတာလဲ “
“ သူတို့က ဘိုးဘေးတွေလို့ သတ်မှတ်လိုက်လို့ရတယ်။ သူတို့က တော်တော်လေးကို ကြောက်စရာကောင်းတဲ့ တည်ရှိမှုတွေပဲ ဒီကမ္ဘာကြီးရဲ့ ထိပ်ဆုံးမှာ ရှိနေကြတဲ့ လူတွေပဲ “
အဆိုပါ ရှင်းပြချက်ကို နားထောင်ခဲ့ရပြီးသည့်နောက်တွင် လုချန်ရှန်းက တဖြည်းဖြည်း နားလည်သွားခဲ့သည်။
ထိုစဥ် ရယ်မောသံတစ်သံ ပေါ်ထွက်လာခဲ့၏။
“ စစ်ပွဲဘုရင် မင်းရဲ့ ရန်လိုစိတ်က တော်တော်ကြီးကို အားကောင်းတာပဲ “
“ ကိစ္စသေးလေးတစ်ခုအတွက်နဲ့ ငါတို့ အင်အားစုနှစ်ခုဆီက ဟွာရှုနယ်ပယ် ပညာရှင်ခြောက်ယောက်ကို သတ်ခဲ့တယ်။ မင်းနည်းနည်း လွန်သွားပြီ “
အသံနှစ်သံ ဆက်တိုက်ဟိန်းထွက်လာခဲ့၏။
သို့ရာတွင် ကူချန်ကျွင်းက အေးအေးလူလူ တုံ့ပြန်လိုက်သည် “ ငါထပ်သတ်နိုင်သေးတယ် “
ထိုစကားတစ်ခွန်းသည် ဘက်ပေါင်းစုံကို တိတ်ဆိတ်ငြိမ်သက်သွားစေခဲ့သည်။
မြင့်မြတ်နယ်မြေနှင့် ဂိုဏ်းကြီးတစ်ခု၏ အစောင့်အရှောက်များနှင့် ရင်ဆိုင်ရသည့် အချိန်မှာပင် သူသည် မည်သို့မျှ နောက်မဆုတ်သွားဘဲ စိန်ခေါ်နေသည့်အလား အဓိပ္ပါယ်သက်ရောက်နေသော စကားကိုပင် ပြောလိုက်သေး၏။
“ ကူချန်ကျွင်း သိပ်မလွန်လာနဲ့။ ဒီနေရာမှာတင် ရပ်လိုက်ဖို့ ငါမင်းကို အကြံပေးလိုက်မယ် “ ထျန်းရီ မြင့်မြတ်နယ်မြေ၏ လူက စကားထပ်ပြောလာခဲ့၏။
ကူချန်ကျွင်းက တုံ့ပြန်လိုက်၏ “ တကယ်လို့ မရပ်ဘူးဆိုရင်ရော “
“ မင်းက ငြိမ်းချမ်းရေးကို လုံးဝဆုတ်ဖြဲလိုက်ချင်တာလား “
ကိစ္စများက ဤအထိ ရောက်လာခဲ့ပြီဖြစ်သော်လည်း ထျန်းရီ မြင့်မြတ်နယ်မြေက တိုက်ရိုက်စစ်မကြေညာရဲပေ ၎င်းကပင် ကူချန်ကျွင်း၏ စွမ်းအားကို သက်သေပြရန် လုံလောက်သည်ထပ် ပိုနေခဲ့၏။
ထျန်းကျီစံအိမ်၏ လူကပါ စကားဝင်ပြောလာခဲ့သည် “ ဒီကိစ္စက ငါတို့ထျန်းကျီစံအိမ်ရဲ့ ပေါ့လျော့မှုကြောင့် ဖြစ်သွားခဲ့တာ ဒါပင်မဲ့ မင်းတပည့်ကလည်း နည်းနည်းလေး လက်လွန်ခဲ့တယ် “
“ တကယ်လို့ မင်းတို့အားလုံးက ကံတရားကို တပ်မက်မနေဘူးဆိုရင် သူက ဘယ်လိုလုပ် ဒီလိုဖြစ်သွားရမှာလဲ “
ကူချန်ကျွင်းက မျက်နှာသာမပေးဘဲ မေးခွန်းပြန်ထုတ်လိုက်၏။
တစ်ဖက်လူကမူ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီးမှ စကားထပ်ပြောလာခဲ့သည် “ ငါသူ့ကို ထိမှာ မဟုတ်ဘူး “
“ တကယ်လို့ ထိရဲတယ်ဆိုရင်လည်း ကြိုးစားကြည့်လိုက်လို့ရတယ် “ ကူချန်ကျွင်းက စကားထပ်ပြောနေတော့၏ “ တစ်ခြားလူတွေက မင်းတို့ရဲ့ မြင့်မြတ်သားတော်သမီးတော်တွေကို သတ်နိုင်မှာမဟုတ်ဘူးဆိုပင်မဲ့ အဲ့တာက ငါ့ဆီမှာ ဘာနည်းလမ်းမှ မရှိဘူးလို့ မဆိုလိုဘူး။ တကယ်လို့ နောက်တစ်ခါ ထပ်ဖြစ်လာခဲ့မယ်ဆိုရင် ထျန်းကျီစံအိမ်ကို တိုက်ရိုက်တိုက်ခိုက်မယ် “
သူ၏ စကားသံပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ကမ္ဘာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
အလင်းတန်းပါ ပျောက်ကွယ်သွားပြီး ထိုလူများက ကူချန်ကျွင်း၏ ခြိမ်းခြောက်မှုကို တိတ်တဆိတ် လက်ခံလိုက်ပုံရ၏။
သို့သော် ကူချန်ကျွင်းကမူ သူ၏လက်ကို မြှောက်ကာ မှော်စွမ်းအားတို့ဖြင့် လှံတစ်လက် ဖွဲ့စည်းကာ ထိုနေရာဆီသို့ ရုတ်တရက် ပစ်လွှတ်လိုက်၏။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် ဘက်ပေါင်းစုံကို လှုပ်ခါသွားစေပြီး ထိုနေရာတစ်ခုလုံး ချက်ချင်းအရောင်ပြောင်းသွား၏။ လှံသည် ဟင်းလင်းပြင်ကို ထိုးဖောက်ကာ အလင်းမျက်နှာပြင်ဆီသို့ ပျံသန်းကာ ပျောက်ကွယ်သွားခဲ့သည်။
ဒေါသတကြီး ဟိန်းဟောက်သံများ ပေါ်ထွက်လာခဲ့သည်။
“ ကူချန်ကျွင်း မင်းတော်တော်လွန်နေပြီ “
ကူချန်ကျွင်းက အေးအေးလူလူ ပြန်ပြောလိုက်သည် “ မြင့်မြတ်တယ်မြေတွေက ဘာမှလည်း ထူးခြားမနေပါဘူး။ ငါလုပ်ချင်သရွေ့ ထျန်းရီကို အချိန်မရွေးတိုက်ခိုက်ပြီးတော့ မင်းတို့ရဲ့ ဆက်ခံသူအားလုံးကို အပြတ်ရှင်းလိုက်လို့ရတယ် “
“ မင်း …… “
“ အဲ့တာက ငါ့ရဲ့ သတိပေးချက်ပဲ။ မြင့်မြတ်နယ်မြေလေးတစ်ခုက ငါ့ရှေ့မှာ လာသောင်းကျန်းနေဖို့ မလိုအပ်ဘူး။ တကယ်လို့ တစ်ယောက်ယောက်က ငါ့တပည့်ကို ထိရဲနေမယ်ဆိုရင် ဘယ်သူပဲဖြစ်ဖြစ် အဲ့လူရဲ့ မျိုးဆက်တစ်ခုလုံးကို အပြတ်ရှင်းပေးမယ် “
ချက်ချင်းဆိုသလိုပင် တစ်ကမ္ဘာလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ဤနေရာတွင် ရှိနေသည့် လူများအနက် ကျော်ကြားထင်ရှားသည့် အင်အားစုက မဟုတ်သူဟူ၍ မည်သူရှိသနည်း။ သို့သော် ယခုတွင်ကား သူတို့က ဆောင်းရာသီမှ ပုစဥ်းရင်ကွဲများသဖွယ် တိတ်ဆိတ်ငြိမ်နေလျက်ရှိ၏ သူတို့သည် အဆိုပါ မြင်ကွင်းကို စောင့်ကြည့်နေရင်းဖြင့် စိတ်နှလုံးသား လှုပ်ခတ်သွား၏။
ကူချန်ကျွင်း၏ ကြီးစိုးသော သဘာဝက လူတိုင်းက သူ့ကို ရိုသေလေးစားသွားစေရန် လုံလောက်နေခဲ့၏။ နတ်ကောင်းကင်ဂိုဏ်းက ဘာမှမဟုတ်သော်လည်း မည်သူကမှ ကူချန်ကျွင်းကို မစော်ကားလိုကြပေ။
သူ့အား အရှင်သခင်လေးပါးအနက်မှ တစ်ပါးဟု ခေါ်ဆိုကြသော်လည်း ဂိုဏ်းကဂိုဏ်း သူကသူဖြစ်သည်။
အကယ်၍ နတ်ကောင်းကင်ဂိုဏ်း တိုက်ခိုက်ခံလိုက်ရမည်ဆိုလျှင်တောင်မှ သူလှုပ်ရှားလိမ့်မည် မဟုတ်ပေ သို့သော် သူ၏ တပည့်ကို တိုက်ခိုက်လိုက်သည်နှင့်တစ်ပြိုင်နက် မည်သည့်အရာများ ဖြစ်ပျက်လာမလဲဆိုသည်ကို ယနေ့ဖြစ်ရပ်ကပင် သက်သေပြနေခဲ့သည်။
လုချန်ရှန်းမှာလည်း အံ့ဩတကြီး ဖြစ်သွားခဲ့သည်။
သူ၏ဆရာက ကာကွယ်ပေးတတ်သည်ဆိုသည်ကို သူသိသော်လည်း ဤမျှလောက်အထိ ကာကွယ်ပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“ ဟူး “ လုချန်ရှန်းက အသာအယာ သက်ပြင်းချနေတော့၏။
လောင်လျူက စကားထပ်ပြောလာခဲ့သည် “ မင်းက ဘာကိစ္စ အဲ့လိုမျိုး သက်ပြင်းချနေရတာလဲ “
“ တကယ်လို့ ငါ့ဆရာကိုသာ စောစောလေး ခေါ်ခဲ့မယ်ဆိုရင် အရင်က ငါက အနိုင်ကျင့်တာတွေ အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရမှာ မဟုတ်ဘူး “
လောင်လျူ : “ … “
--
……………………………………………………………………………………………………………………………..