← Chapters

အခန်း ၁၉၄

Vol. 13 Ch. 194

အခန်း ၁၉၄

Vol. 13 Ch. 194

အပိုင်း ( 194 )

ရှုပ်ထွေးသော အခြေအနေ

လုချန်ရှန်းသည် ကူချန်ကျွင်း၏ အင်မော်တယ်ဂူဆီသို့ လိုက်သွားခဲ့သည်။

သူစကားပြောလိုက်တော့မည့် အချိန်မှာပင် သူသည် ကူချန်ကျွင်းက မျက်နှာဖြူဖျော့သွားပြီး သူ၏ပါးစပ်ထောင့်မှ သွေးစီးကြောင်းတစ်ခု ဖြည်းဖြည်းချင်း စီးကျလာသည်ကို မြင်တွေ့သွား၏။

"ဆရာ ဘာဖြစ်တာလဲ " လုချန်ရှန်းသည် အလောတကြီး ရှေ့တက်သွားကာ စစ်ဆေးကြည့်ရှုနေတော့သည် " ဒီတိုက်ပွဲက ဆရာ့ကို ဒဏ်ရာရသွားစေခဲ့တာပဲ "

သွေးစီးကြောင်းကို မြင်လိုက်ရသောအခါတွင် သူ၏စိတ်နှလုံးသား တုန်ရင်သွားကာ နောင်တရသွားခဲ့၏။

" ဘာမှမဟုတ်ပါဘူးကွာ " ကူချန်ကျွင်းသည် သူ၏ စိုးရိမ်ပူပန်မှုကို သတိပြုမိသွားကာ ပြန်ပြောလိုက်သည် " အဲ့တာက သူတို့နဲ့ တိုက်ခဲ့လို့ မဟုတ်ဘူး ဒီကမ္ဘာကြီးရဲ့ တန်ပြန်သက်ရောက်မှုပဲ "

" ဘာကိုဆိုလိုတာလဲ "

" ဘယ်အချိန်က စခဲ့လဲဆိုတာကို ငါမသိဘူး ဒါပင်မဲ့ ငါ့ရဲ့ ကံတရားက ဒီကမ္ဘာကြီးနဲ့ သဟဇာတ မဖြစ်ဘူး။ ဒီကမ္ဘာက ငါ့ကို သည်းမခံဘူး။ ကျင့်ကြံရေးကို သုံးတာများသွားရင် တန်ပြန်သက်ရောက်မှုကို ခံရတတ်တယ် "

" ကျွန်တော့်ကို ကယ်ဖို့အတွက် တန်ပြန်သက်ရောက်မှုကို ထပ်ခံလိုက်ရတာပေါ့ "

" ဟုတ်တယ် "

ကူချန်ကျွင်းက ခေါင်းငြိမ့်ပြလာခဲ့၏။

လုချန်ရှန်းမှာလည်း တစ်စုံတစ်ခုကို နားလည်သွားခဲ့သည်။

ယခင်က သူသည် အစွမ်းထက်လွန်းလှသည့် ကူချန်ကျွင်းက မည်သည့်အတွက်ကြောင့် အရှင်သခင် သုံးပါးနှင့် အလုပ်ဆက်လုပ်နေရလဲဆိုသည်ကို နားမလည်နိုင် ဖြစ်ခဲ့ဖူးသည်။ အရှင်သခင် သုံးပါးက အစွမ်းထက်လွန်းနေသောကြောင့် မဟုတ်ဘဲ သူက သူ၏ ကျင့်ကြံရေးကို အပြည့်အဝ အသုံးမပြုနိုင်သောကြောင့်သာလျှင် ဖြစ်နေခဲ့၏။

ယခင်က တိုက်ပွဲတွင် ကိုယ့်ကိုကိုယ် တွန်းအားပေးခြင်းက လက်လွန်သွားခဲ့သောကြောင့် သူသည် တန်ပြန်သက်ရောက်မှုကို ထပ်မံ၍ ခံယူခဲ့ရသည်။

ချက်ချင်းဆိုသလိုပင် လုချန်ရှန်းသည် တစ်စုံတစ်ခုကို တွေးမိသွားကာ စကားထပ်ပြောလိုက်သည် “ ဆရာ တကယ်လို့ ကျွန်တော်တို့က ဒီနယ်မြေရဲ့ ကံတရားကို ပေါင်းထည့်လိုက်မယ်ဆိုရင် အဲ့တာက တန်ပြန်သက်သက်ရောက်မှုကို ဖြိုခွင်းနိုင်မှာလား “

“ သာမန်ကံတရားတွေက ဘာကိုမှ ပြောင်းလဲပေးနိုင်မှာ မဟုတ်ဘူး “ ကူချန်ကျွင်းက ခေါင်းခါပြလာခဲ့၏။

လုချန်ရှန်းက ထပ်ပြောလိုက်သည် “ တကယ်လို့ အဲ့တာက ဘိုးဘေးနဂါးရဲ့ ကံတရား ဖြစ်နေမယ်ဆိုရင်ရော “

“ နဂါးနစ်မြုပ်ခြင်း နယ်မြေရဲ့ ဘိုးဘေးနဂါးလား “

“ ဟုတ်ပါတယ် “

အတည်ပြုချက်ကို သိလိုက်ရပြီးသည့်နောက်တွင် သူသည် တစ်ခဏခန့် အတွေးနက်သွားခဲ့သည် ထို့နောက်၌ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့၏ “ ကောင်းတယ် အရမ်းကောင်းတယ်။ မင်းက ဝဋ်ကြွေးကံကို ခံစားရလိမ့်မယ်ဆိုပင်မဲ့ ဘိုးဘေးနဂါးရဲ့ ကံတရားကို ရခဲ့တာက မင်းကို အကျိုးအမြတ် အများကြီး ရသွားစေလိမ့်မယ်။ မင်းက အဲ့တာကို ကိုယ့်ဘာသာ ပေါင်းစပ်လိုက်သင့်တယ်။ အဲ့တာကို ငါမလိုချင်ပါဘူးကွာ “

သူသည် လုချန်ရှန်း၏ ဆိုလိုရင်းကို အကြမ်းဖျင်းနားလည်သွားခဲ့သည်။

သို့ရာတွင် လုချန်ရှန်းက စကားထပ်ပြောလိုက်၏ “ အဲ့တာကို ကျေးဇူးဆပ်တာလို့ သဘောထားလိုက်ပေါ့ဗျာ။ ဆရာသိတဲ့အတိုင်းပဲလေ ကျွန်တော့်လိုမျိုး ပါရမီရှင်တစ်ယောက်ဆီမှာက မနာလိုမှုတွေကို ဖိတ်ခေါ်နိုင်တဲ့ အဆုံးမဲ့ ကံတရားရှိတယ်။ ဆရာရဲ့ ကျောထောက်နောက်ခံ မရှိဘူးဆိုရင် ကျွန်တော်က လူတွေကို ဘယ်လိုလုပ် ပြဿနာရှာနိုင်တော့မှာလဲ “

“ ချန်ရှန်း မင်း ……… “

လုချန်ရှန်းသည် စကားနားမထောင်ဘဲ ကူချန်ကျွင်းအရှေ့သို့ တက်လာခဲ့ပြီး သူ၏မျက်ခုံးများအကြားတွင် ရွှေရောင်ပုလဲလုံးတစ်လုံး ပေါ်ထွက်လာခဲ့ပြီး သူ၏ဆရာဖြစ်သူထံသို့ ချဥ်းကပ်သွား၏။

ကူချန်ကျွင်းက သူ့ကို တားဆီးချင်နေခဲ့သော်လည်း သူသည် သူ၏တပည့်ဖြစ်သူ ထိခိုက်နာကျင်သွားမည်ကို စိုးရိမ်နေလျက်ရှိသည်။

“ ဟူးး မင်း လူယုတ်မာလေး ဘိုးဘေးနဂါး ကံတရားကို ရဖို့က ဘယ်လောက်တောင် ခက်လိုက်လဲ မင်း ………. “

“ ဘိုးဘေးနဂါးရဲ့ ကံတရားလေးပါပဲ အများကြီး ရှိပါတယ် “

“ ထပ်ရှိသေးတာလား “

“ ဒါပေါ့ “

“ မင်း ဘယ်လောက်ရခဲ့တာလဲ “ ကူချန်ကျွင်းက ထပ်မံ၍ အတွေးနက်သွားခဲ့ရပြန်သည်။

“ အားလုံးအတွက် လုံလောက်ပါတယ် “ လုချန်ရှန်းက အေးအေးလူလူ ပြုံးပြလိုက်၏။

ကူချန်ကျွင်းကမူ ၎င်းကို စောင့်ကြည့်နေရင်းဖြင့် အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည် သို့သော် သူ၏ အကြည့်များအတွင်းတွင်မူ နွေးထွေးမှု အရိပ်အငွေ့များ ကိန်းအောင်းနေခဲ့ပြီး သူ၏စိတ်ထဲတွင်မူ နွေးထွေးသွားသော စိတ်ခံစားချက်တစ်ခု လှိုက်တက်လာခဲ့၏။

ဘိုးဘေးနဂါးက ကောင်းကင်ဘုံကို ဆန့်ကျင်သော အရာတစ်ခုဖြစ်သည် သို့သော် ဤတပည့်လေးကမူ ၎င်းကို သူ့ထံသို့ ပေးချင်နေသေး၏။

အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီးသည့်နောက်မှ လုချန်ရှန်းက စကားထပ်ပြောလာခဲ့သည် “ အို့ ဟုတ်သားပဲ ကျွန်တော့်ကို ဘာလို့ ဒီကို ခေါ်လာခဲ့တာလဲ “

“ ငါမင်းကို ပြောပြချင်တဲ့ ကိစ္စတစ်ခုရှိတယ် “

“ ဘာကြီးလဲ “

“ တကယ်လို့ မထင်မှတ်ထားတဲ့ ကိစ္စတစ်ခုခုသာ မဖြစ်လာခဲ့ဘူးဆိုရင် တောင်ပိုင်းဒေသတစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားတော့မယ် “ ဟု ကူချန်ကျွင်းက ပြောပြလိုက်၏။

လုချန်ရှန်း မျက်မှောင်ကြုတ်သွားတော့သည်။ ရှောင်ဟေးကလည်း ယခင်က ထိုကဲ့သို့ ပြောပြခဲ့ဖူးသည် သို့သော် သူက ၎င်းကို အလေးအနက် မထားခဲ့ပေ။

ယခုတွင် ကူချန်ကျွင်းကပါ ထိုကဲ့သို့ ပြောလာခဲ့ပြီဖြစ်သည်။

“ ဘာဖြစ်လို့လဲ “ ဟု လုချန်ရှန်းက မေးမြန်းလိုက်၏။

ကူချန်ကျွင်းက ပြန်ပြောလိုက်သည် “ မင်းက မဟာတောရိုင်း ခန်းမနဲ့ ဆက်ဆံဖူးတယ်လေ။ အဲ့တာက တောင်ပိုင်းဒေသရဲ့ တစ်ခုတည်းသော မြင့်မြတ်နယ်မြေဆိုတာကို မင်းသိပါတယ်။ သူတို့ဘိုးဘေးရဲ့ သက်တမ်းက အဆုံးသတ်နဲ့ နီးနေပြီ။ အချိန်ကျလာရင် သူတို့က ဖျက်စီးခံလိုက်ရဖို့များတယ် “

“ ဘယ်လိုလုပ် ဖျက်စီးခံလိုက်ရတာလဲ “

“ ရှေးခေတ်ကတည်းက ဒေသလေးခုစလုံးမှာ မြင့်မြတ်နယ်မြေတွေ ရှိတယ် သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် ကြားဝင်မစွက်ဖက်ကြဘူး ဘာလို့လဲဆိုတော့ သူတို့ရဲ့ စွမ်းအားတွေက ညီတူမျှတူဖြစ်နေပြီးတော့ မျှခြေတစ်ခုကို ဖန်တီးထားကြလို့ပဲ။ မဟာတောရိုင်း ခန်းမရဲ့ ဘိုးဘေး သေသွားတာနဲ့ တစ်ခြားဒေသသုံးခုရဲ့ မြင့်မြတ်နယ်မြေတွေက တောင်ပိုင်းဒေသကို ဝင်လာကြမှာပဲ ပဋိပက္ခတွေက မလွဲမသွေ ဖြစ်လာမှာပဲ “

ဤအခိုက်အတန့်တွင် ကူချန်ကျွင်းကပင် မူမမှန်သော အရိပ်အယောင်များကို ပြသနေလျက်ရှိ၏။

လုချန်ရှန်းကမူ ခေါင်းငြိမ့်ပြကာ ပြန်ပြောလိုက်သည် “ ကျွန်တော် နားလည်ပြီ “

“ ဘာကိုနားလည်တာလဲ “

ကူချန်ကျွင်း မှင်သက်သွားခဲ့သည်။

လုချန်ရှန်းက တုံ့ပြန်လိုက်၏ “ ဆရာက အောင်မြင်ချင်နေတာလေ အတားအဆီးတွေကို ရိုက်ချိုးပြီးတော့ မဟာတောရိုင်း ခန်းမရဲ့ မြင့်မြတ်နယ်မြေဆိုတဲ့ နေရာကို အစားထိုးချင်နေတာလေ။ အဲ့တာကြောင့် ကျွန်တော့်ကို စစ်သားတွေ စုဆောင်းဖို့ ကူညီခိုင်းနေတာမလား။ ပြဿနာ မရှိပါဘူး ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စုကို သွားပြီးတော့ ဖျောင်းဖျလိုက်မယ် သူတို့က တော်တော်လေးကို စွမ်းနေပါသေးတယ် “

ကူချန်ကျွင်း : “ … “

သူ့ဆရာက ငြိမ်ကျသွားသည်ကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းက ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည် “ အဲ့တာ မဟုတ်ဘူးလား “

“ ကသောင်းကနင်း ဖြစ်လာတာနဲ့တစ်ပြိုင်နက် လျှောက်မသွားဘဲ အထဲမှာပဲ အိမ်တွင်းအောင်းပြီးတော့ အေးအေးချမ်းချမ်း ကျင့်ကြံနေလို့ ပြောချင်ရုံပါပဲ။ ငါက အမြဲတမ်းကြီးတော့ အချိန်မှီ ရောက်မလာနိုင်ဘူးလေ “

“ အို့ အဲ့လိုကိုး ဟူး “

မကြာမှီ အချိန်ကမှ တောက်လောင်နေခဲ့သည့် လုချန်ရှန်း၏ စိတ်အားထက်သန်မှုများက ချက်ချင်းငြိမ်းသတ်ခံလိုက်ရ၏။

ကူချန်ကျွင်းသည် စိတ်ပျက်လက်ပျက်ဖြစ်သွားသည့် သူ၏အမူအရာကို ကြည့်ကာ အမူအရာ ရှုံ့မဲ့သွားခဲ့သည်။

သူသည် ဤကလေး၏ စိတ်ထဲတွင် မည်သည့်ထူးဆန်းသော အတွေးတို့ဖြင့် ပြည့်နှက်နေလဲဆိုသည်ကို နားမလည်နိုင်ဖြစ်သွားခဲ့သည် သို့သော် သူသည် ဤကလေး၏ ရည်မှန်းချက်က မသေးငယ်ဘူးဆိုသည်ကို နားလည်သွားခဲ့သည်။

သူ့ထံတွင် ထိုကဲ့သို့သော စွမ်းရည်မျိုး ရှိနေခဲ့သည်။ အသက်နှစ်ဆယ်ပင် မပြည့်သေးသည့် အချိန်တွင် ထိုကလေးက အူတိုင်ဖွဲ့စည်းခြင်း အဆင့်၆အထိ ကျင့်ကြံနိုင်ခဲ့ပြီး ဓားနှလုံးသား သန့်စင်မှုကို ပိုင်ဆိုင်ထားကာ ဂိုဏ်းဆက်ခံသူဟု ခေါ်ဆိုကြသည့် ပါရမီရှင်များကိုပင် ဖိနှိပ်ခဲ့ပြီးလေ၏။

“ ချန်ရှန်း “

“ ဟမ် “

“ ငါက မင်းရဲ့ဆရာလေ ငါမင်းကို ကာကွယ်ပေးသင့်တယ်။ မင်းက ထပ်ပြီးတော့ စွန့်စားနေဖို့ မလိုတော့ပါဘူး ပြီးတော့ ဘယ်သူ့ကိုမှ ကြောက်နေစရာ မလိုတော့ဘူး “ ဟု ကူချန်ကျွင်းက အပြုံးဖြင့် ပြောလာခဲ့၏။

သူ၏ အကြည့်များအတွင်းတွင် ဂုဏ်ယူဝင့်ကြွားနေသည့် အရိပ်အငွေ့များ ကိန်းအောင်းနေလျက်ရှိ၏။

သို့ရာတွင် လုချန်ရှန်းက ပြန်ပြောလိုက်သည် “ အဲ့အကြောင်းပြောမှပဲ ကျွန်တော် တော်တော်လေးကို ကြောက်တဲ့ လူတစ်ယောက်ရှိတယ် “

“ ဘယ်သူလဲ “

“ ထျန်းကျီစံအိမ်ရဲ့ နတ်ဘုရားမ စုမူယွဲ့။ အဲ့မိန်းမက တော်တော်ကြီးကို ထူးဆန်းတယ် သူမကို သတ်လို့မရဘူး။ ကျွန်တော် နှစ်ခါတိတိ ကြိုးစားကြည့်ခဲ့ပြီးပြီ ဒါပင်မဲ့ သူမကို နာကျင်အောင် မလုပ်နိုင်ခဲ့ဘူး “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ကူချန်ကျွင်းက မျက်မှောင်ကြုတ်သွားကာ တုံ့ပြန်လာခဲ့သည် “ ကံကောင်းထောက်မစွာနဲ့ မင်းက သူမကို မသတ်နိုင်ဘူး “

“ ဘာဖြစ်လို့လဲ “

“ သူမက ကောင်းချီးမဂ်လာနဲ့အတူ မွေးဖွားလာခဲ့တဲ့ သူတော်စင် မွေးရာပါ ဝိညာဥ်လေ ကြောက်ဖို့ကောင်းတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားပြီးတော့ လုံးဝထူးခြားတယ်။ တကယ်လို့ မင်းက သူမကို သတ်နိုင်ခဲ့မယ်ဆိုရင် မင်းရဲ့ အနာဂတ်လမ်းကြောင်းကိုတောင် ထိခိုက်သွားစေမဲ့ ကံဝဋ်ကြွေးကို ခံရလိမ့်မယ် “

ကူချန်ကျွင်းက အလွန်တရာ လေးနက်သော အသံမျိုးဖြင့် တုံ့ပြန်လာခဲ့၏။

“ အဲ့လောက်တောင် ကြောက်ဖို့ကောင်းတာလား “

“ အမှန်ပဲ “

“ ဒါပင်မဲ့ သူမကို ဘယ်လိုသတ်ရမလဲဆိုတာကို သိချင်နေတုန်းပဲ “ လုချန်ရှန်းကမူ ထိုကဲ့သို့ မပြုလုပ်လိုပေ။

ကူချန်ကျွင်းက တုံ့ပြန်လိုက်၏ “ မင်းက အခုချက်ချင်း လုပ်လိုက်လို့ မရဘူး “

“ အဲ့တာဆိုရင် သူမနဲ့ ထပ်တွေ့ရင် ကျွန်တော်က ဘာလုပ်လိုက်သင့်လဲ “

“ အရင်တုန်းကလိုပဲ လုပ်ပေါ့။ သူမကို တွေ့တဲ့အချိန်တိုင်း တိုက်ခိုက်လိုက်။ မင်းက သူမကို အနိုင်ယူနိုင်တယ်မလား “

“ အဲ့တာက အဓိပ္ပါယ်ရှိတယ် “

လုချန်ရှန်းက ထိုစကားကို အခိုင်အမာ သဘောတူညီနေလျက်ရှိ၏။

ဆရာနှင့်တပည့်တို့သည် အချိန်အတော်ကြာ စကားပြောနေခဲ့ပြီး သူတို့၏ စိတ်နှလုံးသားများကို ဖွင့်ထုတ်ခဲ့ကြသည်။ ထို့နောက်တွင် သူသည် ကူချန်ကျွင်း၏ အင်မော်တယ်ဂူမှ ထွက်လာခဲ့ကာ လူသုံးဦးက တာအိုအကြောင်း ဆွေးနွေးနေစဲဆိုသည်ကို မြင်တွေ့လိုက်ရ၏။

၎င်းကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းက စကားစပြောလိုက်သည် “ လောင်လျူ မင်းက ငါ့စီနီယာအစ်ကိုကို ဓားကျမ်းစာ သင်ပေးနေတာလား “

“ ငါ …….. “

လောင်လျူသည် စိတ်ပျက်အားလျော့မှုများ ပြည့်နှက်နေသော အမူအရာမျိုးဖြင့် ပါးစပ်ဖွင့်လာခဲ့၏။

သို့ရာတွင် လုချန်ရှန်းက တဟုန်ထိုး တုံ့ပြန်လိုက်၏ “ ဘာမင်းလဲ။ တုံ့ဆိုင်းနေတာလား။ အခုလေးတင်ပဲ ငါ့ဆရာနဲ့ စိတ်တူကိုယ်တူ ဖြစ်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ဘာလဲ။ အခုကျတော့ အဲ့တာကို ငြင်းချင်နေတာလား ”

လောင်လျူသည် သက်ပြင်းတချချဖြင့် ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့၏။

သို့ရာတွင် ကျိုးချင်ယုကမူ သူတို့က ထပ်ခါတလဲလဲ ပြောနေကြသည့် ကိစ္စအကြောင်းကို တွေးတောစဥ်းစားကာ ဇဝေဇဝါ ဖြစ်သွားတော့သည်။

ထို့နောက်တွင် လုချန်ရှန်းက သူ၏အသံကို ပို့လွှတ်ကာ စကားပြောလိုက်၏ “ ငါ့စီနီယာအစ်ကိုကို ဓားကျမ်းစာ သင်ပေးလိုက် ပြီးတော့ ဓားနှလုံးသား သန့်စင်မှု လမ်းကြောင်းအတွက် လမ်းညွှန်ပေးလိုက် “

“ မင်းက ငါ့ကိုလူတစ်ယောက်အဖြစ် ဆက်ဆံနေသေးတာလား။ အခွင့်အရေးတိုင်းကို အခွင့်ကောင်းယူချင်နေတာလား “

“ မင်းရဲ့ စိုးရိမ်ပူပန်မှုတွေကို ပျောက်သွားစေမဲ့ မန္တာန်တစ်ခုကို ငါသင်ပေးမယ်။ ဓားဆန္ဒ ဖြစ်တည်ခြင်းအထက်က ငါ့ရဲ့ အတွေးအမြင်အားလုံးကို လက်ဆင့်ကမ်းပေးမယ်။ မင်းမရှုံးပါဘူးကွာ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လောင်လျူ အဆွဲဆောင်ခံလိုက်ရသည်။

ဓားတာအိုဆိုသည်မှာ ရှေ့ဆက်သွားလေလေ ပိုမိုခက်ခဲလာလေလေဖြစ်သည်။ သူထိုအဆင့်သို့ ရောက်ခဲ့သည်မှာ လွန်ခဲ့သော နှစ်တစ်ရာခန့်ကဖြစ်သည် သို့သော် နှစ်တစ်ရာကျော်ကြာခဲ့ပြီးသည့်နောက်တွင် သူက မည်သို့မျှ မတိုးတက်လာတော့ပေ။ ထို့ကြောင့် ၎င်းက သူ့အတွက် ကြီးမားသော ဆွဲဆောင်မှုတစ်ခု ဖြစ်နေခဲ့၏။

“ လုချန်ရှန်း တကယ်လို့ မင်းက ငါ့ကို ထပ်ပြီးတော့ လှည့်စားရဲမယ်ဆိုရင် ငါမင်းနဲ့ သေတဲ့အထိ တိုက်မယ် “

လောင်လျူသည် ထိုကဲ့သို့ ပြောလိုက်ကာ သူ၏စိတ်သဘောထားကို ပြောင်းလဲလိုက်သည်။

လုချန်ရှန်းကမူ ခေါင်းတငြိမ့်ငြိမ့်ဖြစ်သွားခဲ့သည်။ သူက ကျိုးချင်ယုကို မသင်ပေးလိုခြင်း မဟုတ်ပေ ဂျူနီယာတစ်ဦးအနေဖြင့် သူ၏ စီနီယာအစ်ကိုကို ပြန်လည်သင်ပြပေးခြင်းမှာ သူ့ကို မျက်နှာပျက်သွားရစေလိမ့်မည် ဖြစ်သည်။

သို့သော် လောင်လျူကသာ သူ့ကို သက်ပြပေးမည်ဆိုပါက အခြေအနေက လုံးဝကွဲပြားသွားလိမ့်မည် ဖြစ်ပြီး လောင်လျူ၏ အဆင့်မှာလည်း သိပ်မဆိုးလှပေ။

ထို့နောက်တွင် လုချန်ရှန်းသည် သူ၏အင်မော်တယ်ဂူဆီသို့ ပြန်သွားကာ တွေးတောစဥ်းစားနေတော့၏။ မွေးရာပါ ဝိညာဥ်အဆင့်၆သို့ အဆင့်ထိုးဖောက်ရန်အတွက် ပြင်ဆင်ရန် အချိန်ကျလာခဲ့ပြီ ဖြစ်သည်။

သို့ရာတွင် အကြောင်းအရင်းကို မသိသော်လည်း ဤတစ်ကြိမ် အဆင့်ထိုးဖောက်မှုနှင့်ပတ်သက်၍ သူ၏စိတ်ထဲတွင် စိတ်မသက်မသာဖြစ်နေသည့် ခံစားချက်တစ်ခု လှိုက်တက်လာခဲ့ပြီး မည်သို့မျှ စိတ်တည်ငြိမ်အောင် မပြုလုပ်နိုင်ခဲ့ပေ။

--

……………………………………………………………………………………………………………………………………

All Chapters