← Chapters

အခန်း ၁၀၅၄

Vol. 103 Ch. 1054

အခန်း ၁၀၅၄

Vol. 103 Ch. 1054

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၅၄)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

တစ်ချိန်တည်းမှာပင် အိပ်မက်ဆိုးမိစ္ဆာဘုရင်က နဂါးအလောင်းကြီးထဲသို့ သူ၏ မိစ္ဆာဝိညာဉ်ကို ဆက်တိုက် ထည့်သွင်းနေဆဲပင်။

နဂါးအလောင်းကြီးပေါ်ရှိ အမှောင်စွမ်းအင်အရှိန်အဝါမှာလည်း အချိန်နှင့်အမျှ ပိုမိုအားကောင်းလာနေ၏။ ဤနေရာတွင် သူက နဂါးအလောင်းကြီးကို ထိန်းချုပ်ရန် ကြိုးစားနေပြီး အခြားတစ်ဖက်ရှိ ကိုယ်ပွားကလည်း မြင့်မြတ်နယ်မြေ၏ ဘုရင်မကို ဖျက်ဆီးတော့လေမည်။

အိပ်မက်ဆိုးမိစ္ဆာဘုရင်၏ ကိုယ်ပွားခွဲခြားခြင်းအတတ်ပညာမှာ တုပိုင်ထက် များစွာ သာလွန်လှ၏။

နဂါးမလေး မိုဟန်ကမူ မီးမှုတ်ထုတ်နိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။ သူမအနေဖြင့် အကြိမ်ပေါင်း ရာချီကြိုးစားခဲ့သော်လည်း အားလုံး ကျရှုံးခဲ့ရ၏။ လက်ရှိအချိန်တွင် ရန်ယဲ့ရှောင်မှာ တကယ်ကို စိုးရိမ်ပူပန်နေပြီဖြစ်သော်လည်း မျက်နှာပေါ်ရှိ အပြုံးကိုမူ လုံးဝ အပျက်မခံဘဲ နဂါးမလေး မိုဟန်ကို ညင်သာစွာ နှစ်သိမ့်ပေးနေရဆဲပင်။

သို့သော်လည်း သူမသည်လည်း စိတ်ထဲတွင် ပေါက်ကွဲထွက်လုမတတ် ဖြစ်နေ၏။ ကောင်းကင်ဘုံက အဘယ်ကြောင့် ဤမျှ တုံးအသည့် နဂါးမျိုးကို ဖန်ဆင်းကာ နောက်ပြောင်ရသည်နည်း။

အချိန်ကုန်တော့​လေမည်။ မကြာမီတွင် အိပ်မက်ဆိုးမိစ္ဆာဘုရင်က နဂါးအလောင်းကြီးတစ်ခုလုံးကို သိမ်းပိုက်သွားပေလိမ့်မည်။

အကယ်၍ သူသာ နဂါးအလောင်းကြီးကို အလုံးစုံ သိမ်းပိုက်ပြီးသွားပါက အရာအားလုံး ပြီးဆုံးသွားလေပြီ။

ရန်ယဲ့ရှောင်လည်း သေချာပေါက် သေဆုံးမည်ဖြစ်သလို တုပိုင်လည်း သေဆုံးမည်ဖြစ်ကာ တစ်ကမ္ဘာလုံးလည်း ပျက်သုဉ်းသွားပေလိမ့်မည်။

ရုတ်တရက် ရန်ယဲ့ရှောင်က အော်လိုက်သည်။ "မိုဟန်... ဟိုတိရစ္ဆာန် အိမ်ရှေ့စံ လာပြီး နင့်ကို သတ်တော့မယ်။"

ထိုစကားကို ကြားသည်နှင့် တစ်ပြိုင်နက် မိုဟန်မှာ ချက်ချင်းဆိုသလိုပင် အသွင်ပြောင်းသွားသည်။ လူသားခန္ဓာကိုယ်မှနေ၍ နဂါးခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲသွားခြင်းဖြစ်၏။ ယခင်တစ်ခေါက်ကလည်း ဤသို့ လုပ်ခဲ့ဖူးသည်။

ရန်ယဲ့ရှောင်က ထပ်ပြောလိုက်၏။ "သူ့ကို မီးနဲ့ မှုတ်။ မဟုတ်ရင် သူက ချက်ချင်း ပြေးလာပြီး နင့်အရေခွံကို အရှင်လတ်လတ် ဆုတ်ပစ်လိမ့်မယ်။"

ထိုအခါ နဂါးမလေး မိုဟန်က ပါးစပ်ကို ရုတ်တရက် ဟလိုက်သည်။ "ဝေါးးး" ရွှေရောင်မီးတောက်တစ်ခု ပန်းထွက်လာ၏။

ယခင်က ဧရာမ အရိုးနဂါးကြီးဖြစ်စေ ၊ မီးတောက်သားရဲကြီးဖြစ်စေ မှုတ်ထုတ်လိုက်သည့် မီးတောက်များမှာ မီတာ ရာဂဏန်း ဉ ထောင်ဂဏန်းအထိ ရှည်လျားကြသည်။

သို့သော် နဂါးမလေး မိုဟန် မှုတ်ထုတ်လိုက်သည့် မီးတောက်မှာမူ တစ်ပေခန့်သာ ရှိနေသည်။

အိမ်ရှေ့စံမင်းသားမှာ အစပိုင်း၌ မှင်သက်သွားခဲ့သော်လည်း ချက်ချင်းပင် ရယ်မောလိုက်သည်။ "နဂါး ဟုတ်လား။ ခွေးလို အိမ်မွေးတိရစ္ဆာန်လေးတစ်ခုပါပဲ။ သူ့ရဲ့ တစ်ခုတည်းသည့် အသုံးဝင်မှုက အရှင် မိစ္ဆာဘုရင်ကြီးစိတ်ဖြေဖို့ အတွက်ပဲ။"

သို့သော်လည်း... နဂါးမလေး မိုဟန် မှုတ်ထုတ်လိုက်သည့် မီးတောက်မှာ အလွန် သေးငယ်ပြီး စွမ်းအင်ပမာဏ ကြီးမားလှခြင်းမရှိသော်လည်း စွမ်းအင်အဆင့်အတန်းမှာမူ အလွန် မြင့်မားလှကာ စွမ်းအင်ပိရမစ်၏ အထွတ်အထိပ်၌ ရှိနေ၏။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ပိတ်လှောင်ထားသည့် စွမ်းအင်လှောင်ချိုင့်မှာ လုံးဝ ပျက်စီးသွားခဲ့ပြီး နဂါးမလေး မိုဟန်မှာ လွတ်လပ်ခွင့် ပြန်လည်ရရှိသွားတော့သည်။

ရန်ယဲ့ရှောင်က အော်လိုက်၏။ "မိုဟန်... မြန်မြန်လုပ်။ နဂါးအလောင်းကြီးရဲ့ မျက်လုံးထဲ ဝင်ဖို့ပဲ လိုတယ်။ သူ့မျက်လုံးထဲ ဝင်။"

နဂါးမလေး မိုဟန်က နဂါးခေါင်းလေးဖြင့် ချစ်စဖွယ် ခေါင်းညိတ်သည်။ "အင်း... အင်း။"

ထို့နောက် ဧရာမ နဂါးအလောင်းကြီး၏ မျက်လုံးများကို ချိန်ရွယ်ကာ အသည်းအသန် ပျံသန်းသွားလိုက်တော့၏။

သူမသည် နဂါးတစ်ကောင်ဖြစ်သော်လည်း ခန္ဓာကိုယ်မှာ ခုနစ်မီတာ ၊ ရှစ်မီတာခန့်သာရှိပြီး အလွန်သေးငယ်သည့် ရွှေရောင်နဂါးလေးတစ်ကောင်သာ ဖြစ်သည်။

"ရွှီးးး" သူမ၏ ပျံသန်းနှုန်းမှာ မမြန်ဆန်လှသည့်အတွက် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲမသွားခဲ့ချေ။

အိပ်မက်ဆိုးမိစ္ဆာဘုရင်က မထီမဲ့မြင်ပြုလိုက်ပြီး လက်ဝါးကြီးကို မြှောက်ကာ နဂါးမလေး မိုဟန်ကို အလွယ်တကူ တားဆီးလိုက်၏။

လက်ရှိအချိန်၌ သူ၏ ခန္ဓာကိုယ်မှာ မီတာ ရာဂဏန်းခန့်အထိ မြင့်မားနေလေပြီး လက်ဝါးတစ်ဖက်တည်းကပင် မီတာ ဆယ်ဂဏန်းခန့် ရှိနေရာ နဂါးမလေး မိုဟန်၏ အရွယ်အစားထက် များစွာ သာလွန်နေလေပြီ။

သို့သော်လည်း အလွန် တုန်လှုပ်ဖွယ်ကောင်းသည့် အရာတစ်ခု ဖြစ်ပျက်လာ၏။ နဂါးမလေး မိုဟန်က ခေါင်းငုံ့ကာ အသည်းအသန် ရှေ့သို့သာ ဆက်တိုက် တိုးဝင်သွားလိုက်သည်။

သူမက ထပ်တလဲလဲ ရေရွတ်နေ၏။ "မျက်လုံးထဲ ဝင်ရမယ်... မျက်လုံးထဲ ဝင်ရမယ်... မျက်လုံးထဲ ဝင်ရမယ်။"

ရန်ယဲ့ရှောင်က သူမကို နဂါးအလောင်းကြီး၏ မျက်လုံးထဲသို့ ဝင်ခိုင်း၏။ ထိုမျှ ရိုးရှင်းသည့် အရာလောက်ကိုတော့ သူ လုပ်နိုင်ပေလိမ့်မည်။ မဟုတ်ချေ။ လုပ်နိုင်ရမည်။

သူမ၏ ခန္ဓာကိုယ်က အိပ်မက်ဆိုးမိစ္ဆာဘုရင်၏ လက်ဝါးကို အလွယ်တကူ ထိုးဖောက်သွားခဲ့ပြီး သူ၏ လက်မောင်းမှတစ်ဆင့် ခန္ဓာကိုယ်ကိုပါ ထိုးဖောက်ဖြတ်သန်းသွား၏။

မည်သို့မျှ တားဆီး၍ မရနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် သူမက နဂါးတစ်ကောင် ဖြစ်နေသည့်ကြောင့်ပင်။

နဂါးမျိုးနွယ်စု၏ မွေးကင်းစလေးတစ်ကောင် ဖြစ်နေသည့်တိုင်အောင် အလွန်အမင်း အားနည်းနေသည့်တိုင်အောင်ပင် သူမ၌ အလွန် မြင့်မားသည့် စွမ်းအင်အဆင့်အတန်းတစ်ခု ရှိနေ၏။

နဂါးသွေးနွယ်ဖွား သောင်းနှင့်ချီကိုပင် ရိုက်သတ်နိုင်စွမ်းရှိသည့် အိပ်မက်ဆိုးမိစ္ဆာဘုရင်ပင် မြွေတစ်ကောင်အရွယ်ခန့်သာရှိသော နဂါးမလေး မိုဟန်ကို လုံးဝ မတားဆီးနိုင်ချေ။

နဂါးမလေး မိုဟန်က မည်သည့်အရာကိုမျှ မတွေးတောတော့ဘဲ အိပ်မက်ဆိုးမိစ္ဆာဘုရင်ကို လျစ်လျူရှုလိုက်သည်။ မျက်လုံးထဲ၌ ပန်းတိုင်တစ်ခုတည်းသာ ရှိနေတော့၏။ ထိုအရာမှာ ဧရာမ နဂါးအလောင်းကြီး၏ မျက်လုံးကြီးများပင်။ "မျက်လုံးထဲ ဝင်ရမယ်... မျက်လုံးထဲ ဝင်ရမယ်။"

"ရွှပ်..." ထိုသို့ဖြင့် သူမသည် နဂါးအလောင်းကြီး၏ မျက်လုံးထဲသို့ မည်သည့် အတားအဆီးမျှမရှိဘဲ ဝင်ရောက်သွားတော့သည်။ အိပ်မက်ဆိုးမိစ္ဆာဘုရင်မှာ လွန်စွာ တုန်လှုပ်သွားရပြီး မျက်စိရှေ့ရှိ မြင်ကွင်းကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေမိသည်။

"လီးးး" အိပ်မက်ဆိုးမိစ္ဆာဘုရင် ကျယ်လောင်စွာ ဆဲဆိုလိုက်တော့၏။ "မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး။"

နဂါးအလောင်းကြီးကို သိမ်းပိုက်နိုင်တော့မည်ဖြစ်သော်လည်း နဂါးမလေးက နဂါးအလောင်းကြီးထဲသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် သူ၏ အမှောင်စိတ်ဆန္ဒများမှာ ဒီရေကျသွားသည့်အလား ချက်ချင်း ဆုတ်ခွာသွားရပြီး လုံးဝ ပျောက်ကွယ်သွားတော့သည်။

ဤသည်မှာ နဂါးမျိုးနွယ်ပင်။ သူတို့သည် အမြင့်ဆုံးသော စွမ်းအင်နိယာမကို ပိုင်ဆိုင်ထားကြ၏။

အိပ်မက်ဆိုးမိစ္ဆာဘုရင်က အမျက်ချောင်းချောင်းထွက်သွားတော့သည်။ "ဒါ မတရားဘူး... မတရားဘူးကွ။"

**--**--**--**--**--**--**--**

တစ်ချိန်တည်းမှာပင် မေနန်းတော်ထဲ၌ ရှိနေသည့် အိပ်မက်ဆိုးမိစ္ဆာဘုရင်၏ အခြား ကိုယ်ပွားတစ်ခုက မြင့်မြတ်နယ်မြေ ဘုရင်မ၏ လည်ပင်းကို ညှစ်ထားပြီး သူမ၏ ဧကရီဝတ်ရုံကို ဆုတ်ဖြဲတော့မည်ဖြစ်၏။

သို့သော်လည်း ရုတ်တရက် သူ၏ မျက်နှာမှာ အကြီးအကျယ် ပြောင်းလဲသွားတော့သည်။ ထို့နောက် အမည်းရောင် အရိပ်တစ်ခုကဲ့သို့ သဲလွန်စမကျန် ပျောက်ကွယ်သွား၏။

မြင့်မြတ်နယ်မြေ၏ ဘုရင်မမှာလည်း သေဘေးမှ သီသီလေး လွတ်မြောက်သွားတော့သည်။

**--**--**--**--**--**--**--**

နဂါးမလေး မိုဟန်က ပျော်ရွှင်စွာ ခုန်ပေါက်လိုက်၏။ "ငါ လုပ်နိုင်ပြီ... ငါ လုပ်နိုင်ပြီ။"

ရန်ယဲ့ရှောင်သည်လည်း လွန်စွာ ဝမ်းသာလုံးဆို့သွားတော့၏။ မလွယ်ကူခဲ့သော်လည်း နောက်ဆုံး၌ မိုဟန်က နဂါးအလောင်းကြီးကို သိမ်းပိုက်နိုင်လေပြီ။

နဂါးမလေး မိုဟန်က မေးသည်။ "နောက်ထပ် ဘာဆက်လုပ်ရမလဲ။"

ရန်ယဲ့ရှောင်က အသည်းအသန် အော်လိုက်၏။ "အစ်မ ပြောတာ မှတ်မိလား။ တုပိုင်ကို နမ်း။ ပြီးရင် နင့်စွမ်းအင်တွေ သူ့ပါးစပ်ထဲ ထည့်ပြီး နိုးထလာအောင် လုပ်ရမယ်။"

သို့သော် ရန်ယဲ့ရှောင်၏ စကားများမှာ ဆုံးခန်းတိုင်မသွားဘဲ ရုတ်တရက် ရပ်တန့်သွား၏။

"ဟားဟား" အိမ်ရှေ့စံမင်းသား၏ မျက်လုံးများ ရုတ်တရက် အရောင်လက်သွားပြီး အော်လိုက်၏။ "မြန်မြန်... တုပိုင်ကို သတ်။ ဒီနဂါးမ မိုဟန်က ကျပ်မပြည့်ဘူး။ သူက ဒီဧရာမ နဂါးအလောင်းကြီးကို ထိန်းချုပ်နိုင်ရင်တောင် စွမ်းအားကို ဘယ်လိုသုံးရမလဲ သိမှာမဟုတ်ဘူး။"

"ဒါပေမဲ့ သူနဲ့ တုပိုင်က စိတ်ဆန္ဒတွေကို မျှဝေသုံးစွဲနိုင်တယ်။ သူက တုပိုင်ရဲ့ ဝိညာဉ်ကို နိုးထလာအောင် လုပ်လိုက်ရင် တုပိုင်က ဒီနဂါးအလောင်းကြီးကို ထိန်းချုပ်နိုင်သွားလိမ့်မယ်။ တုပိုင်ကို မြန်မြန်သတ်ပြီး အစအနမကျန်အောင် ဖျက်ဆီးပစ်။ ဒါမှ ဦးနှောက်မရှိတဲ့ ဒီနဂါးမက နဂါးအလောင်းကြီးကို ထိန်းချုပ်ထားနိုင်ရင်တောင် အလကား ဖြစ်သွားမှာ။"

ထိုစကားကို ကြားသည်နှင့် တစ်ပြိုင်နက် ရန်ယဲ့ရှောင်နှင့် နဂါးကျောင်းတော်၏ အကြီးအကဲများမှာ မယုံကြည်နိုင်စွာဖြင့် သူ့ကို ကြည့်လိုက်မိကြသည်။

အိပ်မက်ဆိုးမိစ္ဆာဘုရင်ပင်လျှင် အံ့အားသင့်သွားရပြီး သူ့ကို လှမ်းကြည့်လိုက်၏။

တုပိုင်၏ ဝိညာဉ်သာ နိုးထလာခဲ့လျှင် နဂါးကြီးကို ထိန်းချုပ်ကာ အိပ်မက်ဆိုးမိစ္ဆာဘုရင်၏ သန်းနှင့်ချီသည့် မိစ္ဆာစစ်တပ်ကို အလုံးစုံ သုတ်သင်ရှင်းလင်းနိုင်မည်ဖြစ်ပြီး ထို့နောက် မြင့်မြတ်နယ်မြေကိုလည်း ကယ်တင်နိုင်ပေလိမ့်မည် မဟုတ်လား။

မြင့်မြတ်နယ်မြေက သူ အိမ်ရှေ့စံမင်းသား၏ ကမ္ဘာလောက မဟုတ်လား။ တုပိုင် ကယ်တင်ရှင် ဖြစ်လာမည့်အစား ဤလောကကြီး ပျက်သုဉ်းသွားသည်ကိုသာ သူက ပို၍ လိုလားနေသည်လား။ သောက်ကျိုးနည်းလွန်း၍ အိမ်မက်ဆိုးမိစ္ဆာဘုရင်ပင် ဆွံ့အသွားရသည်။

အတန်ကြာသောအခါ အိပ်မက်ဆိုးမိစ္ဆာဘုရင်က တဟားဟားဖြင့် ရယ်မောလိုက်၏။ "မင်းရဲ့ သစ္စာစောင့်သိမှုက ငါ့ကို အံ့ဩသွားစေတယ်။ ကောင်းပြီ... တုပိုင်ကို ဝိညာဉ်ပါ မကျန်အောင် ခုချက်ချင်း သွားသတ်။ ငါက နဂါးမ မိုဟန်ကို ဒီကနေ တားထားပေးမယ်။"

မြင့်မြတ်နယ်မြေ၏ အိမ်ရှေ့စံမင်းသားက ပြောလိုက်သည်။ "ကောင်းပါပြီ။" ထို့နောက် အရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ တုပိုင်ရှိနေသည့် နန်းဆောင်ဆီသို့ အပြေးအလွှား သွား​တော့၏။

"ခွေးကောင်... တိရစ္ဆာန်ကောင်။" ရန်ယဲ့ရှောင်နှင့် နဂါးကျောင်းတော် အကြီးအကဲများမှာ ဒေါသကြောင့် မျက်နှာကြီးများပင် နီရဲလာကြသည်။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၅၄) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters