အခန်း ၁၀၅၈
Vol. 103 Ch. 1058
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၅၈)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
နဂါးမလေးမိုဟန် သူ၏ထိန်းချုပ်မှုအောက်မှ ရုန်းထွက်ကာ တုပိုင်ထံသို့ ပျံသန်းသွားချိန်တွင် အခြေအနေအားလုံး ပြီးဆုံးသွားပြီဖြစ်ကြောင်း အိပ်မက်ဆိုးမိစ္ဆာဘုရင် သိလိုက်၏။ သန်းချီသည့် မိစ္ဆာစစ်တပ်ကြီးကို ဆုတ်ခွာရန်ပင် သူ မတတ်နိုင်တော့ချေ။
တုပိုင် နိဗ္ဗာန်မှတစ်ဆင့် ပြန်လည်မွေးဖွားမလာမီမှာပင် အိပ်မက်ဆိုးမိစ္ဆာဘုရင် မြင့်မြတ်နယ်မြေကမ္ဘာမှ အမြန်ဆုံး ပျံသန်းထွက်ခွာသွားခဲ့သည်။ ယခုအချိန်၌ သူသည် မြင့်မြတ်နယ်မြေ၏ စွမ်းအင်အကာအကွယ်အပြင်ဘက် ကောင်းကင်ယံထက်တွင် ဝဲပျံနေ၏။
သူ၏အကြည့်များထဲ၌ မယုံကြည်နိုင်ခြင်းများ ပြည့်နှက်နေပြီး မျက်နှာကြီးမှာလည်း အကျည်းတန်စွာ ရှုံ့မဲ့နေ၏။
လွန်ခဲ့သည့်ခဏလေးကမှ သူ၏ သန်းချီသော မိစ္ဆာစစ်တပ်ကြီး လုံးဝသုတ်သင်ခံလိုက်ရသည်ကို သူကိုယ်တိုင် မျက်ဝါးထင်ထင် ကြည့်နေခဲ့ရသည်။ သူ အရာအားလုံးကို အနိုင်ရခဲ့ပြီဖြစ်သော်လည်း တုပိုင်ကြောင့် ချက်ချင်းဆိုသလို အားလုံး ဆုံးရှုံးသွားခဲ့ရလေပြီ။
"တုပိုင်... အခုအချိန် ငါ သွေးအန်သင့်နေပြီလား။ ငါ့ရဲ့ ဖြေရှင်းမရတဲ့ လှည့်ကွက်တွေနဲ့ ငါခေါ်လာတဲ့ သန်းချီတဲ့ မိစ္ဆာစစ်တပ်ကြီးက ပြိုင်ဘက်ကင်းတယ်။ မြင့်မြတ်နယ်မြေ တစ်ခုလုံးကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ရုံသာမက ဒီနဂါးကြီးရဲ့ စွမ်းအားကိုပါ သိမ်းပိုက်နိုင်ခဲ့ပြီ။ ဒါပေမဲ့... အားလုံး မင်းကြောင့် ပျက်စီးသွားခဲ့ရပြီ။"
"တုပိုင်... မင်းက တကယ် အံ့ဩဖို့ကောင်းတယ်။ မင်း သိပ်ရူးလွန်းတယ်။ မင်းကိုယ်မင်း ဖုတ်ကောင်အဖြစ် ပြောင်းပစ်ခဲ့ပြီး အရာအားလုံးကို ဦးနှောက်မရှိတဲ့ ကောင်မလေးဆီ ပုံအပ်လိုက်တယ်။ မင်းလုပ်ရပ်က ပညာရှိဆန်သလား ၊ ရူးနေသလားဆိုတာ ငါ မဆုံးဖြတ်နိုင်တော့ဘူး။ ဒါပေမဲ့... အဲဒီလိုလုပ်ခဲ့လို့လည်း မင်း နိုင်သွားတာပဲ။ ငါ့ရဲ့ သန်းချီတဲ့ မိစ္ဆာစစ်တပ်ကြီးကို မင်း ဖျက်ဆီးပစ်နိုင်ခဲ့တယ်။ လေးစားတယ်... တကယ် လေးစားတယ်။"
"အရင်က ငါ့ပြိုင်ဘက်ဖြစ်လာဖို့ မင်းမှာ အရည်အချင်း မပြည့်မီဘူးလို့ ငါ အမြဲ ခံစားခဲ့ရတယ်။ ဒါပေမဲ့... အခုတော့ အဲဒီစကားကို ငါ ပြန်ရုပ်သိမ်းလိုက်ပြီ။" အိပ်မက်ဆိုးမိစ္ဆာဘုရင်က ကြုံးဝါးလိုက်၏။ "တာ့နင်ဟင်းလင်းပြင်အခွဲမှာ မင်းနဲ့ငါ့ရဲ့ ပတ်သက်မှုက အနက်ရှိုင်းဆုံး ဖြစ်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့... ငါက မင်းစိတ်ထဲမှာ နှစ်ပေါင်းများစွာ အိပ်မက်စနစ်တစ်ခုအနေနဲ့ နေခဲ့ပြီး မင်းကို လူမိုက်တစ်ယောက်လို နှစ်ချီပြီး ကစားခဲ့လို့ပဲ။"
"ဒါဆိုလည်း... ငါတို့ရဲ့ ရန်ငြိုးတွေ အားလုံးကို အဆုံးသတ်လိုက်ကြရအောင်။ ထိုက်ခန်အင်ပါယာ မြို့တော်မှာ မင်းကို ငါ စောင့်နေမယ်။ အချိန် ၄၈ နာရီပဲ ပေးမယ်။ ဒါပေမဲ့ မစိုးရိမ်နဲ့။ ၄၈ နာရီအတွင်း မင်း ရောက်မလာရင်တောင် မင်းမိန်းမနဲ့ ကလေးတွေကို ငါ နှိပ်စက်မှာ မဟုတ်ဘူး။ ငါက သောက်ရူး ကျောက်ယန်ဖိန်မှ မဟုတ်တာ။ ၄၈ နာရီအတွင်းသာ မင်း ရောက်မလာရင်တော့ မင်းမိန်းမနဲ့ ကလေးတွေ အပါအဝင် ထိုက်ခန်အင်ပါယာက လူအားလုံးကို ငါ ရှင်းပစ်မယ်။ သေချာတာကတော့ သူတို့ သေသွားချိန်မှာ ဘာနာကျင်မှုကိုမှ ခံစားရမှာ မဟုတ်ဘဲ အိပ်မက်ထဲမှာတင် လွယ်လွယ်ကူကူ ပျောက်ကွယ်သွားကြလိမ့်မယ်။"
အိပ်မက်ဆိုးမိစ္ဆာဘုရင်က အော်ဟစ်လိုက်သည်။
"နှုတ်ဆက်ခဲ့ပါတယ်။ ထိုက်ခန်အင်ပါယာ မြို့တော်ကနေ မင်းကို ငါ စောင့်နေမယ်။"
ထို့နောက် အိပ်မက်ဆိုးမိစ္ဆာဘုရင်မှာ ရိုးရှင်းစွာပင် ပျောက်ကွယ်သွားတော့၏။ ပျံသန်းထွက်ခွာသွားခြင်းမျိုး မဟုတ်ဘဲ လုံးဝကို အစအနဖျောက် ပျောက်ကွယ်သွားခြင်းပင်။
ရုတ်တရက် ဘုရင်မမိုဟန်က တုပိုင်ထံသို့ ပျံသန်းလာပြီး လူသားပုံစံအဖြစ် ပြောင်းလဲဆင်းသက်လိုက်၏။ "ဘာလို့ သူ့ကို ထွက်ပြေးခွင့် ပေးလိုက်တာလဲ။ ငါတို့ အမြန်လိုက်သတ်ကြမယ်။ သူ့ကို ငါ သတ်နိုင်မယ်လို့ ထင်တယ်။"
တုပိုင်က ရယ်မောလိုက်သည်။ "ဟက်... မင်းက မီးမှုတ်ပြီး တိုက်ခိုက်တဲ့နည်းကို အခုမှ တတ်ခါစရှိသေးတာ အကုန်လုံးကို လိုက်သတ်ချင်နေတာလား။"
"ဒါက သူ့ကိုယ်ပွားတစ်ခုပဲလေ။ အချိန်မရွေး ပြန်ရုပ်သိမ်းသွားလို့ ရသလို မိုင်ထောင်ချီဝေးတဲ့ နေရာကနေ မူလခန္ဓာကိုယ်ထဲလည်း ပြန်ပေါင်းစည်းသွားနိုင်တယ်။ ငါတို့ သတ်လည်း အလကားပဲ။"
ထို့နောက် မိုဟန်၏ လှပသည့် မျက်နှာလေးကို တုပိုင် ကြည့်လိုက်သည်။ "အားလုံးအတွက် ကျေးဇူးပဲ။ မင်း အကောင်းဆုံး လုပ်နိုင်ခဲ့တယ်။ မင်းသာ မရှိရင် မြင့်မြတ်နယ်မြေလည်း ပျက်စီးသွားပြီး ငါလည်း ဘယ်တော့မှ အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး။ မင်း လုပ်နိုင်လိမ့်မယ်လို့ ငါ ယုံတယ်လို့ ပြောခဲ့သားပဲ။ မင်း တကယ် လုပ်နိုင်ခဲ့တယ်။"
တုပိုင်က သူမအား ဤသို့ လေးလေးနက်နက် ချီးကျူးနေမှုကို မိုဟန် လုံးဝ အသားမကျချေ။ သူမအတွက်မူ တုပိုင်က သူမကို ဦးနှောက်မရှိဘူးဟု ဆဲဆိုလိုက်ခြင်းကသာ ပို၍ သဘာဝကျမည်ဟု ခံစားနေရ၏။
နဂါးမလေးမိုဟန်က နှုတ်ခမ်းဆူလိုက်သည်။ "နင်... အဲဒီလိုကြီး မလုပ်ပါနဲ့။ ငါ့ကို အဲဒီလို လာပြောနေတော့ ငါ့တစ်ကိုယ်လုံး ကြက်သီးထပြီး တော်တော်လေး ရွံစရာကောင်းတယ်လို့ ခံစားရတယ်။"
"အင်း..." တုပိုင် ဆွံ့အသွားရ၏။
ထိုစဉ် တုပိုင်၏ စိတ်စွမ်းအင်က ခိုးကြောင်ခိုးဝှက် လုပ်နေသည့် ပုံရိပ်တစ်ခုအား အလွယ်တကူ ရှာဖွေတွေ့ရှိသွားသည်။ ချက်ချင်းဆိုသလိုပင် သူ၏အကြည့်များက ထက်မြက်သည့် အလင်းတန်းတစ်ခုပမာ ထိုသူ၏အပေါ်သို့ တည့်မတ်စွာ ကျရောက်သွား၏။
ထိုသူကား... အိမ်ရှေ့စံမင်းသားပင်။ ထွက်ပြေးရန် ဟန်ပြင်နေခြင်း ဖြစ်၏။
ဤစစ်ပွဲ၌ မြင့်မြတ်နယ်မြေက အနိုင်ရရှိခဲ့ပြီး တုပိုင်က ကယ်တင်ရှင် ဖြစ်လာခဲ့ရာ သစ္စာဖောက်တစ်ယောက်ဖြစ်သည့် သူ့အတွက် နေရာမရှိတော့ချေ။
သူ အသက်ရှင်နိုင်မည့် တစ်ခုတည်းသော လမ်းစမှာ အိပ်မက်ဆိုးမိစ္ဆာဘုရင်ဘက်၌ ရပ်တည်ရန်သာ ဖြစ်သည်။ ထို့ကြောင့် အိပ်မက်ဆိုးမိစ္ဆာဘုရင်ထံ ခိုလှုံရန် ထိုက်ခန်အင်ပါယာသို့ ထွက်ပြေးချင်နေပြီး တုပိုင်၏ ကလေးများကို ဓားစာခံအဖြစ် ဖမ်းဆီးသွားနိုင်လျှင် အကောင်းဆုံးဖြစ်မည်ဟု တွေးတောထား၏။
တုပိုင်၏ စိုက်ကြည့်မှုကို ခံလိုက်ရသောအခါ သူ လန့်ဖျပ်တုန်ယင်သွားပြီးနောက် ချက်ချင်းပင် ထက်မြက်သည့် ဓားတစ်လက်ဖြင့် ရန်ယဲ့ရှောင်၏ လည်ပင်းအား ရွယ်ထားလိုက်သည်။
အိမ်ရှေ့စံမင်းသားက စူးရှစွာ အော်ဟစ်လိုက်၏။ "တုပိုင်... ငါ့ကို သွားခွင့်ပြုစမ်း။ ငါ့ကို သွားခွင့်ပြု။ မဟုတ်ရင် မင်းမိန်းမကို ငါ သတ်မယ်။ မင်း အချစ်ရဆုံး မိန်းမကို ငါ သတ်ပစ်မယ်။"
ရန်ယဲ့ရှောင်ကမူ သူမ၏လည်ပင်းအား ရွယ်ထားသည့် ဓားကို ဂရုမစိုက်ဘဲ သူမ၏ လှပသော မျက်ဝန်းများဖြင့် တုပိုင်ကိုသာ စိုက်ကြည့်နေ၏။ သူမ၏ အသက်ရှူနှုန်းများမှာ ပိုမိုမြန်ဆန်လာကာ သူမ၏ လှပသည့် မျက်နှာလေးမှာ ရဲရဲနီလာပြီး တစ်ကိုယ်လုံး ပူနွေးလာရသည်။
ခွဲခွာနေရချိန် ကြာမြင့်လေလေ တမ်းတစိတ်များ ပိုမိုနက်ရှိုင်းလေလေပင်။ သူမနှင့် တုပိုင်တို့ ခွဲခွာနေရသည်မှာ ဆယ်နှစ်ကျော်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
တုပိုင်သည် ဘေးနားတွင် အလှမယ်ပေါင်းများစွာ ခြံရံလျက်ရှိသော လူရှုပ်လူပွေတစ်ယောက် ဖြစ်သော်လည်း ရန်ယဲ့ရှောင်ကမူ သူမ၏ ခန္ဓာကိုယ်ကို ကျောက်စိမ်းတစ်ခုပမာ ဆယ်နှစ်ကျော်တိုင်တိုင် ဖြူစင်စွာ စောင့်ထိန်းခဲ့ရာ ထိုကိစ္စနှင့် ပတ်သက်သည့် လိုအင်ဆန္ဒများအားလုံး လုံးဝ ဖိနှိပ်ခံထားရ၏။
ရင့်ကျက်သည့် အမျိုးသမီးတစ်ဦးအနေဖြင့် ယခုအချိန်၌ သူမလေးသည် ပေါက်ကွဲရန် အသင့်ဖြစ်နေသော မီးတောင်ကြီးတစ်ခုအလား ဖြစ်နေလေပြီ။
သူမ၏ လှပသည့် မျက်ဝန်းများဖြင့် တုပိုင်ကို အရိုင်းဆန်ဆန် စိုက်ကြည့်နေလျက် တုပိုင်နှင့် စိတ်ချင်း ဆက်သွယ်လိုက်၏။ "တုပိုင်... ဒီလာခဲ့။ အသက်သုံးဆယ်မှာ ဝံပုလွေလို ၊ အသက်လေးဆယ်မှာ ကျားလိုဆိုတာ ဘာလဲဆိုတာ ပြပေးမယ်။"
တုပိုင်က စိတ်ချင်းဆက်သွယ်လျက် ပြန်ပြောသည်။ "တစ်ရက်ပဲဖြစ်ဖြစ် တစ်ညလုံးပဲဖြစ်ဖြစ် ပြဿနာမရှိဘူး။ နဂါးရဲ့ *** နဲ့ ကျားရဲ့ သက်လုံဆိုတာ ဘာလဲဆိုတာ ကိုယ် မင်းကို ပြမယ်။"
အိမ်ရှေ့စံမင်းသား၏ မျက်နှာမှာ ရှုံ့မဲ့သွားပြီး နာကြည်းစွာ ဟိန်းဟောက်လိုက်၏။ "တုပိုင်... ငါ့ကို သွားခွင့်ပြု။ မဟုတ်ရင် မင်းမိန်းမကို ငါ သတ်မယ်။ သတ်ပစ်မယ်။ မင်းမိန်းမ ခန္ဓာကိုယ်က ဘယ်လောက်တောင် လှလဲဆိုတာ အားလုံး မြင်ရအောင် သူ့အဝတ်အစားတွေ အကုန် ငါ ဆွဲဆုတ်ပစ်မယ်။"
တုပိုင်ကမူ တိတ်ဆိတ်လျက်ပင် သူ၏ လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်၏။ ရုတ်တရက် အိမ်ရှေ့စံမင်းသား၏ လက်ထဲရှိ ဓားမှာ အမှုန့်ဖြစ်သွားပြီး သူ၏ ခန္ဓာကိုယ်မှာလည်း အဝေးသို့ တန်းမတ်စွာ လွင့်စင်ထွက်သွားတော့သည်။
ထိုအခါ နဂါးကျောင်းတော် အကြီးအကဲလေးပါးက ချက်ချင်းပင် ခုန်ဝင်သွားလိုက်ကြပြီး သူ့ကို ဖမ်းဆီးလိုက်ကြ၏။
တစ်ချိန်တည်းမှာပင် ရန်ယဲ့ရှောင်၏ နူးညံ့သိမ်မွေ့သည့် ခန္ဓာကိုယ်လေးမှာ လူသားအမြောက်ဆန်တစ်ခုပမာ တုပိုင်ထံသို့ တိုက်ရိုက် ပစ်ဝင်လာသည်။
သူမသည် တုပိုင်၏ ရင်ခွင်ထဲသို့ ရုတ်ချည်း တိုးဝင်သွား၏။ ရင်ခွင်ထဲ၌ ငြိမ်သက်မနေဘဲ သူမသည် သူမ၏ ခြေလက်များဖြင့် မီးလောင်နေသည့်အလား တုပိုင်၏ ခန္ဓာကိုယ်ကို ရုတ်တရက် ရစ်ပတ်ဖက်တွယ်လိုက်သည်။
ထို့နောက် မီးတောက်မီးလျှံများကဲ့သို့ ပူပြင်းသည့် နှုတ်ခမ်းများဖြင့် တုပိုင်ကို ကြမ်းတမ်းစွာ နမ်းရှိုက်လိုက်၏။
ရန်ယဲ့ရှောင်က လည်ချောင်းထဲမှ ညည်းတွားလိုက်သည်။ "တုပိုင်... တုလုံ... နင့်ကို ငါ စားပစ်မယ်။ အရိုးတစ်စတောင် မကျန်အောင် အကုန်စားပစ်မယ်။"
တုပိုင်က ရန်ယဲ့ရှောင်၏ ကြမ်းတမ်းလှသော အနမ်းများကို လက်ခံရင်း ပြောသည်။ "အိမ်ရှေ့စံမင်းသားကို ကိုယ် အကျဉ်းချထားမယ်။ ကိုယ်တို့ကိစ္စပြီးရင် သူ့ခြေလက်တွေကို ကိုယ်တိုင်ဖြတ်ပြီး စဉ့်အိုးတစ်လုံးထဲမှာ လူသားအပင်လို စိုက်ထားမယ်။"
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၅၈) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။