← Chapters

ပြိုင်ဘက် ၃ ဦးကိုပြတ်သားစွာ သတ်ဖြတ်ခြင်း

Vol. 118 Ch. 1180

ပြိုင်ဘက် ၃ ဦးကိုပြတ်သားစွာ သတ်ဖြတ်ခြင်း

Vol. 118 Ch. 1180

"ဟက်" ကောင်းကင်ယံကိုဖြတ်ကျော်ကာ ရိုက်ချလာသောကြောက်မက်ဖွယ်ကောင်းသည့် ပုံရိပ်ကြီးက အရပ်ငါးမျက်နှာ ဗောဓိသတ္တ၏သူငယ်အိမ်များတွင် ထင်ဟပ်သွား၏။

သူ၏မျက်ခွံများ ပြင်းထန်စွာ လှုပ်ရှားသွားသော်လည်း ကြောက်ရွံ့ခြင်းကြောင့် မဟုတ်ဘဲ ဒေါသကြောင့်သာ ဖြစ်သည်။

ဗောဓိသတ္တတစ်ပါးဖြစ်လာကာစ ရွှေကြာပန်းပလ္လင်ပင် တည်ငြိမ်မှုမရှိသေးဘဲနှင့် စီနီယာဖြစ်သော သူ့ကို လုံးဝ ဂရုမစိုက်ဘဲ ဤမျှထိမောက်မာဝင့်ကြွားနေခြင်းကို ဒေါသထွက်နေခြင်း ဖြစ်၏။

ဤနေရာအား ပေလျိုမြစ်ဟု သူက တကယ်ပင် ထင်မှတ်နေပုံရသည်။

အသံနိမ့်နိမ့်ဖြင့်ညည်းတွားလိုက်ပြီးနောက် အရပ်ငါးမျက်နှာ ဗောဓိသတ္တက သူ၏လက်ညှိုးဖြင့် ညွှန်လိုက်ရာ အရှေ့ဘက်အလံက လှုပ်ရှားဖြစ်သွားပြီး ပြင်းထန်သော မိုးကြိုးမုန်တိုင်းကြီး တစ်ခုကို ထုတ်လွှတ်လိုက်၏။

အစွန်းရှစ်ပါးချိုင့်ဝှမ်း၏ အထက်ရှိ ကောင်းကင်ယံက မျက်တောင်တစ်ခတ်အတွင်း မိုးကြိုးများဖြင့် ပြုလုပ်ထားသော ခမ်းနားကြီးကျယ်သည့် သစ်ကိုင်းယှက်အမိုးအကာကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

လင်းလက်နေသော လျှပ်စီးကြောင်းများက လောကကြီးကို ဖိနှိပ်နိုင်စွမ်းရှိသည့် နဂါးများကဲ့သို့ လျင်မြန်စွာ ကျဆင်းလာ၏။

ဘုန်း

အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် အရပ်ငါးမျက်နှာ ဗောဓိသတ္တက အစစ်အမှန်နတ်ဘုရားတစ်ပါးကို အဘယ်ကြောင့် ယှဉ်ပြိုင်ရဲကြောင်း ပြသလိုက်သည်။

ဤကြီးမားကျယ်ပြန့်လှသော ကပ်ဘေးစွမ်းအားက ခြောက်နှင့်ခြောက် အသွင်ပြောင်းလဲခြင်းကို မပြီးစီးသေးသော်လည်း အနည်းဆုံးတော့ လက်တစ်ထောင် ဗောဓိသတ္တ၏ငါးနှင့်သုံး အဆင့်နီးပါးသို့ ရောက်ရှိနေပြီ ဖြစ်၏။

အခြေခံအုတ်မြစ် သက်သက်ဖြင့်ပင် သူက ရှန်းယီကို လုံးဝ ဖိနှိပ်ထားနိုင်သည်။

ထို့အပြင် ဤဗောဓိသတ္တက ဒဏ်ရာရနေခြင်း မရှိသကဲ့သို့ တိုက်ရိုက်တိုက်ခိုက်ရန် ကျွမ်းကျင်မှုမရှိသော ရှန်းရွှီဘိုးဘေးနှင့်လည်း မတူပေ။

အရပ်ငါးမျက်နှာ အလံက ထောင်ချောက်ဆင်ပြီး သတ်ဖြတ်ရန်အတွက် မွေးဖွားလာကြောင်း ထင်ရှား၏။

"ဂါး" ဖမ်းဆီးခံထားရပြီးဖြစ်သော အနက်ရောင်နဂါးနတ်ဆိုးက ပြင်းထန်သော မိုးကြိုးမုန်တိုင်းအောက်တွင် မည်သည့်မျှော်လင့်ချက်မျှ မထားရဲတော့ဘဲ အသက်လုတိုက်ခိုက်မည့် အနေအထားကို ချက်ချင်း ပြင်ဆင်လိုက်၏။

ခြေတစ်ထောင်က ၎င်းကိုယ်လုံးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ၎င်း၏အနှစ်သာရသွေးများ တဟုန်ထိုး ထွက်ပေါ်လာကာ နက်မှောင်သော ခန္ဓာကိုယ်ပေါ်တွင် နက်ရှိုင်းသော အနီရောင်အလင်းတန်းတစ်ခု ပေါ်လာသည်။

တာ့လော်မသေမျိုးအရှင်အဆင့်တွင် နတ်ဆိုးမျိုးနွယ်၏မွေးရာပါ နတ်ဘုရားစွမ်းရည်များက သိပ်ပြီး အရေးမပါတော့သော်လည်း သာမန် မှော်ရတနာများနှင့် နှိုင်းယှဉ်၍မရနိုင်သေးပေ။ ၎င်းတို့၏ကာကွယ်ရေးစွမ်းရည်များက ချီသန့်စင်သူများထက်များစွာ သာလွန်၏။

၎င်း၏ခန္ဓာကိုယ်ကို ကာကွယ်လိုက်သည်နှင့် တပြိုင်နက် ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော လျှပ်စီးကြောင်းများက ၎င်းအပေါ်သို့ မိုးကြိုးနဂါးများအလား သွန်းဖြိုးကျလာသည်။

မျက်တောင်တစ်ခတ်အတွင်း ခိုင်မာသော အနီရောင်အလင်းတန်းက ပြိုကွဲသွားပြီး ၎င်း၏မာကျောသော အကြေးခွံများက သစ်ရွက်ခြောက်များကဲ့သို့ အက်ကွဲသွားကာ နတ်ဆိုးသွေးများမစီးဆင်းနိုင်မီမှာပင် လျှပ်စီးကြောင်းများ၏ဒဏ်ကြောင့် မည်းနက်သွားသည်အထိ ကျွမ်းလောင်သွား၏။

"အန်း.." အနက်ရောင်နဂါးက နာကျင်စွာ အော်ဟစ်လိုက်သည်။ မဟာဂိုဏ်းကြီးတစ်ခုမှ ဗောဓိသတ္တတစ်ပါးကို သာမန် နတ်ဆိုးကျင့်ကြံသူတစ်ဦးနှင့် နှိုင်းယှဉ်နိုင်ခြင်းမရှိသည်မှာ အမှန်ပင်။ ထိတွေ့ရုံဖြင့်ပင် ပြင်းထန်စွာ ဒဏ်ရာရသွားခြင်းမှာ အံ့သြစရာ မဟုတ်ပေ။

၎င်း၏နတ်ဆိုးခန္ဓာကိုယ်အများစု ပျက်စီးလုနီးပါး ဖြစ်လာနေသည်ကို ကြည့်နေစဉ် နောက်ဆုံးတွင် ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လာပြီး သာမန်မျက်စိဖြင့်မမြင်နိုင်သော အရှိန်ဖြင့် ပျံ့နှံ့သွား၏။

ရှန်းယီ၏အနောက်တွင် လက်ခြောက်ဖက်က ရုတ်တရက် ကျယ်ပြန့်လာပြီး မြင့်မားလှသော ဓမ္မကိုယ်ထည်က လွှမ်းမိုးနိုင်သောသဏ္ဍာန်ဖြင့် ပေါ်ထွက်လာကာ လက်နှစ်ဖက်ကို ကောင်းကင်သို့ တည့်မတ်စွာ ဆန့်ထုတ်၍ နဂါးအုပ်ကြီးအလား ကျဆင်းလာသော လျှပ်စီးများစွာကို ဆုပ်ကိုင်လိုက်သည်။

အနက်ရောင်နဂါးနတ်ဆိုး၏ ခန္ဓာကိုယ်ကို အလွယ်တကူ ဖျက်ဆီးနိုင်သော မိုးကြိုးများက ရွှေရောင်ပုံရိပ်အပေါ် မည်သည့် သိသာထင်ရှားသော ထိခိုက်မှုမျှ မဖြစ်စေခဲ့ပေ။

တာအိုကိုကာကွယ်ခြင်းက မိမိကိုယ်ကို ကာကွယ်ခြင်းမှ စတင်သည်။

ကောင်းကင်တာအို၏မူလရင်းမြစ်များစွာထဲတွင် တာအိုကာကွယ်ရေးစွမ်းအားက မွေးရာပါ အကြံ့ခိုင်ဆုံးနှင့် အခိုင်မာဆုံးစွမ်းအားများထဲမှ တစ်ခု ဖြစ်၏။

ဝိညာဉ်စွမ်းအားအကာအကွယ်ကျမ်းစာမှ ဖန်တီးထားသော ဤဓမ္မကိုယ်ထည်ကို အလံတစ်လက်တည်းဖြင့် ထိုးဖောက်နိုင်ရန်မှာ မဖြစ်နိုင်ပေ။

နောက်တစ်ခဏတွင် ရှန်းယီက အနက်ရောင်နဂါးနတ်ဆိုးကိုကြာပွတ်အဖြစ် အသုံးပြုကာ အရပ်ငါးမျက်နှာ ဗောဓိသတ္တ၏အရှေ့တွင် ပြင်းထန်စွာ ရိုက်ချလိုက်၏။

"လက်တစ်ထောင်ဗောဓိသတ္တက နှမြောတွန့်တိုမနေဘဲ မင်းလိုယုတ်မာတဲ့ကောင်အတွက် သူ့ရဲ့ လျှို့ဝှက်လက်နက်ကိုတောင် ချန်ထားပေးခဲ့တာပဲ" ဘုန်းကြီးအို၏သင်္ကန်းများက ရိုင်းစိုင်းစွာလွင့်ခါနေပြီး မထီမဲ့မြင်ပြောလိုက်သော်လည်း သူက ဓမ္မကိုယ်ထည်ဖြင့်တိုက်ခိုက်မှုကို ထိပ်တိုက် ရင်မဆိုင်ခဲ့ပေ။

သူက ဝိညာဉ်စွမ်းအားအကာအကွယ်ဓမ္မကိုယ်ထည်ကို အတော်လေး သတိထားနေကြောင်း ထင်ရှား၏။

အရပ်ငါးမျက်နှာ ဗောဓိသတ္တက သူ၏လက်ညှိုးဖြင့် နောက်တစ်ကြိမ်ညွှန်လိုက်ရာ အနောက်ဘက်အလံကမျက်တောင်တစ်ခတ်အတွင်း ရိုင်းစိုင်းစွာ ကခုန်သွား၏။

အေးစက်သောတောင်လေပြင်းတစ်ခု ရုတ်တရက် တိုက်ခိုက်လာပြီး အသံက ချောက်နက်မှနိုးထလာသော ဧရာမ သတ္တဝါကြီးတစ်ခု၏တိုးညှင်းသော ဟိန်းဟောက်သံနှင့် ဆင်တူ၏။

သဘာဝအရ ပုံသဏ္ဌာန်မရှိသော လေက သူ၏အရှေ့တွင်မြင့်မားလှသော နံရံကြီးတစ်ခုအဖြစ် စုစည်းသွားသည်။

ရိုက်ချလာသော အနက်ရောင်နဂါးနတ်ဆိုး၏ခန္ဓာကိုယ်က ရွှံ့နွံထဲတွင် ပိတ်မိသွားသကဲ့သို့လေထဲတွင် ရုတ်တရက် ရပ်တန့်သွား၏။ လေပြင်းများ ပိုမိုပြင်းထန်လာခြင်းနှင့်အတူ ခြေတစ်ထောင် အနက်ရောင်နဂါး၏နာကျင်စွာ ဟိန်းဟောက်သံနှင့်အတူ ထွက်ပေါ်လာသည်။

၎င်း၏ကျွမ်းလောင်နေသော ခန္ဓာကိုယ်က အကြိမ်တစ်ထောင်ခုတ်ပိုင်းခံထားရသကဲ့သို့ သွေးနှင့် အသားများလွင့်စင်သွားပြီး မကြာမီမှာပင် ကြောက်မက်ဖွယ်ကောင်းသော အရိုးဖြူဖြူကို မြင်တွေ့လိုက်ရ၏။

"အရှင်တို့၊ ရပ်ပါတော့" ခြေတစ်ထောင် အနက်ရောင်နဂါး၏သနားညှာတာမှု တောင်းခံသံက တိုက်ခိုက်နေသူနှစ်ဦးကို လုံးဝ မရပ်စေနိုင်ခဲ့ပေ။

မဟာဂိုဏ်းကြီးမှ ဗောဓိသတ္တတစ်ပါး၏အရှေ့တွင် တူညီသောနယ်ပယ်ရှိ ဤနတ်ဆိုးအရှင်က တိုက်ပွဲအတွက်ကိရိယာတစ်ခုမျှသာဖြစ်သွားခဲ့သည်။

"အခု ငါ့အလှည့်ပဲ" အရပ်ငါးမျက်နှာ ဗောဓိသတ္တကကျယ်ပြန့်လှသော ပုံရိပ်ယောင်အတွင်းရှိ လူငယ်နှင့် အကြည့်ချင်း ဆုံလိုက်ပြီး သူ၏နှုတ်ခမ်းပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာ၏။

တိုက်ခိုက်မှုများက သူ၏အဝတ်အစားများကို မထိတွေ့နိုင်ခြင်းက သူတို့၏နည်းလမ်းများအကြား ကွာဟချက်ကို ရှင်းလင်းစွာပြသနေသကဲ့သို့ပင်။

သူ၏စကားအဆုံးတွင် သူက လက်ချောင်းငါးချောင်းကို ဖြည်းညှင်းစွာဆုပ်ကိုင်လိုက်၏။

ကျန်ရှိနေသော အလံသုံးလက်က တစ်ပြိုင်နက်တည်းဗုဒ္ဓအလင်းရောင်များဖြင့် ဖုံးလွှမ်းသွားသည်။

ရုတ်တရက်ကမ္ဘာမြေကြီးက မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်လာပြီးမရေမတွက်နိုင်သော အက်ကွဲကြောင်းများပျံ့နှံ့လာကာ ကောင်းကင်ထောက်တိုင်ကဲ့သို့သော သစ်ပင်ကြီးများ မြေကြီးထဲမှ ပေါက်ကွဲထွက်လာပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် ရာဂဏန်းထက်မနည်းရှိနေသည်။

မျက်တောင်တစ်ခတ်အတွင်း အစွန်းရှစ်ပါးချိုင့်ဝှမ်းကပြိုကျတော့မည့် အခြေအနေသို့ ရောက်ရှိလာလေ၏။

ဧရာမ သစ်ပင်ကြီးများက ကြီးမားသော်လည်း စပျစ်နွယ်ပင်များထက် ပိုမိုသွက်လက်ကာ ကောင်းကင်သို့ယိမ်းနွဲ့ပျံတက်သွားပြီး ဧရာမဓမ္မပုံရိပ်ယောင်ကြီးကို လျင်မြန်စွာရစ်ပတ်ကာ ၎င်း၏ခြေလက်များကိုချည်နှောင်ပြီး လည်ပင်းကို ညှစ်ကာ ခါးနှင့်ဝမ်းဗိုက်ကိုပင် ချန်လှပ်မထားခဲ့ပေ။

ထို့အတူ ကောင်းကင်မြစ်တစ်ခု ဆင်းသက်လာသကဲ့သို့ ပင်လယ်ရေများရုတ်တရက်ထွက်ပေါ်လာကာ ပုံရိပ်ယောင်ကြီးကို လုံးဝနစ်မြုပ်သွားစေသည်။

"ဟူး" တိုက်ပွဲကိုကြည့်ရှုရန် အောက်ဘက်တွင် ရပ်နေသော ချီဖုန်းနတ်ဘုရားစစ်သူကြီးက ဤမြင်ကွင်းကို ကြည့်ရင်း သူ၏နှလုံးသားထဲတွင် အေးစိမ့်သွားသလို မခံစားဘဲ မနေနိုင်ခဲ့ပေ။

နှစ်များတစ်လျှောက် ဤကျင့်ကြံသူများ၏နည်းလမ်းများက အစစ်အမှန်နတ်ဘုရားများဖြစ်ကြသော သူ့ပင်ထိတ်လန့်ရလောက်သည့်အတိုင်းအတာအထိ တိုးတက်လာခဲ့ပြီဖြစ်သည်။

အရပ်ငါးမျက်နှာအလံမှ ပြသလာသော နတ်ဘုရားစွမ်းရည်များက တစ်ခါပိတ်မိသွားပါက လွတ်မြောက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

သူ ဝင်ရောက်စွက်ဖက်လိုလျှင်ပင် တစ်ခဏတာအတွင်း ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။

ဤလူငယ်လေးကတော့ ဤတစ်ကြိမ်တွင် မိမိကိုယ်ကိုယ်အထင်ကြီးလွန်းသွားပြီဖြစ်သည်။

"..."

ရှန်းယီက ပုံရိပ်ယောင်ကြီးအတွင်းတွင် လက်များကိုတွဲလောင်းချကာရပ်နေပြီး ကြီးမားလှသော ရေထု၏ဖုံးလွှမ်းမှုကိုလည်း ခံထားရ၏။

အသက်အန္တရာယ်ရှိသော အကျပ်အတည်းတွင် ရှိနေကြောင်းထင်ရှားသော်လည်း သူယခင်ကဲ့သို့ပင် တည်ငြိမ်နေပုံရသည်။

သူ၏ဓမ္မကိုယ်ထည်က မကြာမီရက်စက်စွာ ဆုတ်ဖြဲခံရတော့မည်ကို သတိမပြုမိသကဲ့သို့ အရပ်ငါးမျက်နှာဗောဓိသတ္တကို အဝေးမှ ငေးကြည့်နေ၏။

All Chapters