← Chapters

အခန်း ၂၇၅

Vol. 28 Ch. 275

အခန်း ၂၇၅

Vol. 28 Ch. 275

အခန်း (၂၇၅) ကျွန်မက ပျံသန်းနိုင်တယ် [၂]

ပိုင်ချူးရန်၏ အသံကို ကြားသောအခါ လီကျင်းယောင်သည် အလျင်အမြန် ပြေးဝင်လာသည်။ ပိုင်ချူးရန်ကို မြင်သောအခါ သူမသည် ပိုင်ချူးရန်အား အလွန် ဝမ်းသာစွာ နှုတ်ဆက်၏။ "မင်္ဂလာပါ စီနီယာ ဓားဘိုးဘေး။ စီနီယာ့ကို တွေ့ရတာ အရမ်း ဝမ်းသာတာပဲ။"

ထို့နောက် သူမသည် ခေါင်းပြန်လှည့်ကာ ထန်ရော်ဝေအား နှုတ်ဆက်သည်။

"ညီမလေး ရော်ဝေ... အစ်မ ရောက်ပြီ။"

"မင်းက သူနဲ့ ကိစ္စရှိလို့ လာတာလား။"

ပိုင်ချူးရန်သည် ခေါင်းညိတ်ကာ ပြော၏။

"ဒါဆိုလည်း ငါလို လူအိုကြီးက မင်းတို့နှစ်ယောက်ရဲ့ စကားတွေကို အနှောင့်အယှက် မပေးတော့ပါဘူးလေ။ ငါ အပြင်ထွက်ပေးပါ့မယ်။"

"နေပါဦး။ စီနီယာ ဓားဘိုးဘေးက အနှောင့်အယှက် မဖြစ်ပါဘူး။"

လီကျင်းယောင်က သူ့အား အလျင်အမြန် တားဆီးသည်။

"ကျွန်မနဲ့ ရော်ဝေကြားက ကိစ္စက သိပ်အရေးမကြီးပါဘူး။ ပြီးတော့ စီနီယာ ဓားဘိုးဘေးနဲ့လည်း ကျွန်မမှာ ပြောစရာ ကိစ္စရှိသေးတယ်။"

"ကောင်းပြီ။ တကယ်တော့ ငါလည်း မင်းနဲ့ ကိစ္စတစ်ခု ရှိတယ်။ ခဏစောင့်ဦး။"

ပိုင်ချူးရန်သည် စကားပြောနေရင်း သူ၏ သိုလှောင်ရေးအိတ်ထဲတွင် ပြန်လည်မွှေနှောက်ရှာဖွေပြီး တစ်ချိန်တည်းမှာပင် မေးလေသည်။

"မိန်းကလေးလီ ကြည့်ရတာ အရမ်းပျော်နေပုံရတယ်။ ကောင်းတဲ့ကိစ္စ တစ်ခုခုများ ရှိလို့လား။"

"ဟုတ်တယ် ဟုတ်တယ်။"

လီကျင်းယောင်က ခေါင်းညိတ်လာ၏။ ထိုမျှကောင်းမွန်သော ကိစ္စရပ်ကို အခြားသူများအား ဝေမျှပြောပြရန် သူမ တက်ကြွနေသည်။

"မနေ့ကမှ ကျွန်မ စိတ်ဝိဉာဉ်ခွဲထွက်ခြင်းအဆင့်ကို ဖောက်ထွက်နိုင်ခဲ့တယ်။ ပြီးတော့ ဆရာနဲ့ ယှဉ်ပြိုင်ကြည့်တာ ဓားသိုင်းမှာ ဆရာကို တစ်ကြိမ် အနိုင်ယူနိုင်ခဲ့တယ်။"

"ဟင်။ ကျီလင်ယွင်က တိုက်ခိုက်တဲ့နေရာမှာ မင်းကို ရှုံးသွားတယ်ပေါ့။"

ပိုင်ချူးရန် အံ့သြသွားရသည်။

"ဟုတ်တယ်။ သူ ဒီနေ့ သခင်ကြီးဟွမ်ဖုကို သောက်ဖို့ ခေါ်သွားတယ်။ အဲ့မှာ ငိုလိုက်၊ ရယ်လိုက်နဲ့ ကြည့်ရတာ တော်တော် ရယ်စရာကောင်းတာ။"

လီကျင်းယောင်သည် ဆရာဖြစ်သူ၏ မကောင်းသတင်းကို ပျော်ရွှင်သော မျက်နှာဖြင့် ပြောလေ၏။

"သူက ကျူးယွင်ကျီထက်တောင် တပည့်တွေရဲ့ အနိုင်ယူတာခံလိုက်ရတယ်ပေါ့"

ပိုင်ချူးရန်သည် သိုလှောင်ရေးအိတ်ထဲမှ

ဓားမြှောင်တစ်စုံကို ထုတ်ယူလာသည်။

"ဒါဆိုလည်း ငါ မင်းကို ဒီဓားမြှောင်ကို ပေးမယ်။ ရော့ ယူလိုက်။"

"အားနာစရာကြီးရှင်။"

ထိုအချိန်တွင် လီကျင်းယောင်သည် ပြန်တည်ငြိမ်သွား၏။ သူမသည် ပိုင်ချူးရန်၏ လက်ထဲရှိ ဓားမြှောင် ထူးခြားမှုကို တစ်ချက်ကြည့်ရုံဖြင့် သိသည်။

တစ်ခါတစ်ရံတွင် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ တပည့်များသည် ဆရာကို လှည့်စားပြီး ဘိုးဘေးကို ဖျက်ဆီးသည့် အချက်တွင် နတ်ဆိုးကျင့်ကြံရေးဂိုဏ်း၏ အစဉ်အလာကို ထိန်းသိမ်းထားသေးသည်မှလွဲ၍ သူတို့သည် နတ်ဆိုးကျင့်ကြံသူများလောက်ပင် မဆိုးရွားလှဟု ပိုင်ချူးရန် ခံစားမိ၏။

"ယူလိုက်ပါ။ ဘာပဲဖြစ်ဖြစ် ငါ မင်းကို ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ အကောင်းဆုံး ဓားသိုင်းကိုလည်း ပေးမလို့ပဲ။ လက်ရှိမှာ ဟွမ်ဖုဖုိန်က ဓားလမ်းစဉ်မှာ ကျင့်ကြံမှုအဆင့် အမြင့်ဆုံးဖြစ်နေပေမဲ့ မင်းရဲ့ ပါရမီအရည်အချင်းနဲ့ သူ့ကို ကျော်တက်ဖို့ဆိုတာက အချိန်ကာလတစ်ခုပဲ လိုတော့မှာ။"

ပိုင်ချူးရန်က ပြောလေသည်။ "ငါ ဒီဓားမြှောင်ကို ရှေးဟောင်း နတ်ဆိုးနဂါးကြီးတစ်ကောင်ရဲ့ သွားတွေကနေ ထုဆစ်ဖန်တီးထားတာ။ ဒါကြောင့် သူ့နာမည်ကိုလည်း နဂါးသွားလို့ပဲ ခေါ်တယ်။ ဒီဓားရဲ့ ဝိညာဉ်က အခုမှ စတင်မွေးဖွားလာတာဆိုတော့ မင်း သူ့ကို သေသေချာချာ ဆက်ဆံပြီး ပျော်အောင် ထားရမယ်။ သူက မင်းကို အများကြီး ကူညီပေးနိုင်တယ်။"

"နားလည်ပါပြီ။"

လီကျင်းယောင်သည် အားနာမနေတော့ဘဲ ခေါင်းညိတ်ကာ ဓားမြှောင်ကို လက်ခံ၏။

"ဒါနဲ့ မိန်းကလေးလီ ငါ့ဆီလာတာ ဘာကိစ္စရှိလို့လဲ။" ပိုင်ချူးရန်က ထပ်မေးလိုက်သည်။

"ဒီလိုပါ။ ဂိုဏ်းချုပ်စုဆီက ကြားတာတော့ စီနီယာ ဓားဘိုးဘေးက မကြာခင်မှာ အခွင့်အရေးတချို့ ရှာဖို့ မြေရိုင်းနယ်မြေရဲ့ အနက်ရှိုင်းဆုံးနေရာကို သွားမယ်ဆိုလို့ ကျင်းယောင်လည်း အတူတူ လိုက်ချင်လို့ပါ။"

လီကျင်းယောင်က လေးနက်စွာ ထပ်ပြောသည်။ "စီနီယာ ဓားဘိုးဘေး။ ကျင်းယောင်နဲ့ စီနီယာက တိုက်ခိုက်ရေးစွမ်းအားမှာ အများကြီး ကွာခြားပေမဲ့ လမ်းခရီးတစ်လျှောက် စီနီယာ့ရဲ့ အစားအသောက်နဲ့ နေ့စဉ်ဘဝကို ဂရုစိုက်ဖို့တော့ တော်တော်လေး ယုံကြည်ချက်ရှိပါတယ်။ ကျွန်မက အိမ်မှုကိစ္စ၊ ချက်ပြုတ်ရေးပိုင်းတွေမှာ အထူးပြုလေ့လာထားပါတယ်။ အပ်ချုပ်တာ၊ ဖာထေးတာတွေမှာလည်း တော်တော်လေး ယုံကြည်မှုရှိပါတယ်။"

"ဒါတော့ မဖြစ်ဘူး။"

ပိုင်ချူးရန်က ပြတ်သားစွာ ငြင်းဆန်၏။

"မင်းက ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ အနာဂတ် ကြယ်ပွင့်လေးပဲ။ တကယ်လို့ မင်းသာ တစ်ခုခုဖြစ်သွားရင် ကျီလင်ယွင်နဲ့ ဟွမ်ဖုဖိန်တို့က ငါနဲ့ အသေ တိုက်ခိုက်ကြတော့မှာပေါ့။ အမှန်တရားလမ်းစဉ်နဲ့ နတ်ဆိုးကျင့်စဉ်တွေကြားမှာ စစ်ပွဲတွေ ထပ်မဖြစ်ချင်တော့ဘူး။"

"မဟုတ်ဘူး"

လီကျင်းယောင်က အမြန်ထပ်ပြောသည်။ "စီနီယာ မလုပ်နိုင်တဲ့အရာကို ကျွန်မ လုပ်နိုင်ရင်ကော။"

"ဒါဆို မင်းပြောကြည့်လေ။ ငါ မလုပ်နိုင်ဘဲ မင်း လုပ်နိုင်တဲ့အရာက ဘာလဲ။"

'ဘိုး‌ဘေးပိုင်ဆိုတဲ့ ငါက တိုက်ပွဲတွေ အများကြီး ကြုံဖူးပြီး ငါ မသိတဲ့ ကျွမ်းကျင်မှုဆိုတာ မရှိသလောက်ပဲ'

"မင်း ပြောနိုင်ရင် ခေါ်သွားမယ်။"

"ဆရာ။"

ဘေးနားရှိ ထန်ရော်ဝေက တိုးညှင်းစွာ ဝင်ပြော၏။ "ဆရာ မေ့နေတာလား။ အစ်မလီက ပျံသန်းနိုင်တယ်လေ။"

"ဟုတ်တယ်။ ကျွန်မ ပျံသန်းနိုင်တယ်။"

လီကျင်းယောင်သည် ထန်ရော်ဝေအား ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်ပြီးနောက် အလျင်အမြန် ပြော၏။ "တကယ်လို့ စီနီယာ စူးစမ်းရှာဖွေချင်တဲ့နေရာက လေဟာနယ်ကြီးဖြစ်နေပြီး နားခိုစရာ နေရာမရှိဘူးဆိုရင် ကျွန်မရဲ့ ဓားနဲ့ပဲ စီနီယာ့ကို သယ်ပြီး ပျံသန်းသွားလို့ ရတယ်လေ။"

သူတို့၏ အဖြေများကို ကြားသောအခါ ပိုင်ချူးရန် ဆွံ့အသွားရသည်။ သူ ရှင်းပြချင်သော်လည်း အမှန်တရားက စကားလုံးများထက် ပိုကျယ်လောင်လှ၏။ သူ၏ ခွန်အားက မည်မျှပင် ကြီးမားစေကာမူ ချီသန့်စင်ခြင်းအဆင့်တွင်သာ ရှိသေးသော ကျင့်ကြံသူတစ်ဦးမှာ မပျံသန်းနိုင်ခြင်းသည် မပျံသန်းနိုင်ခြင်းသာဖြစ်သည်။

"ကောင်းပြီလေ။ မင်းကို ငါ ခေါ်သွားနိုင်တယ်။" အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ပိုင်ချူးရန် သဘောတူလိုက်၏။

"ရေး"

လီကျင်းယောင်လည်း အောင်ပွဲခံကာ အော်ဟစ်လိုက်ပြီး ထန်ရော်ဝေအား ဝမ်းသာအားရ သွားဖက်သည်။

"ဒါပေမဲ မင်း ငါ့စကားကို နားထောင်ရမယ်"

ပိုင်ချူးရန်က ထပ်ပြောပြန်သည်။ "ပြဿနာမရှာဖို့လည်း မင်း ကျိန်ဆိုရမယ်။ ငါချမှတ်ထားတဲ့ စည်းကမ်းတွေကိုလည်း လိုက်နာမယ်လို့ ကတိပေးရမယ်။”

All Chapters