အခန်း ၆၀၁
Vol. 43 Ch. 601
အခန်း ၆၀၁ - ကြီးမားလှသော အကျိုးအမြတ်များကို ဆက်တိုက် ရရှိခြင်း၊ အဆင့်နိမ့် ကောင်းကင်ဘုံ ဝိညာဉ်ရတနာ - မူလသံလိုက် နတ်ဘုရား မိုးကြိုးပုတီးစေ့ ကို ရယူခြင်း။
"နောက်ဆုံးတော့ ဘေးဒုက္ခက အတည် လုံးဝ ပြီးဆုံးသွားပြီလို့ တကယ် သတ်မှတ်လို့ရပြီပဲ။"
ဤသတင်းစကားကို သိမြင်လိုက်ရချိန်တွင် ကျန်းဖန်သည် နောက်ဆုံးတော့ စိတ်သက်သာရာ ရသွားခဲ့၏။
အစောပိုင်းက မည်သည့် အသိပေးချက်မှ ထွက်ပေါ်မလာသည့် အတွက် သူ ထူးဆန်းနေခဲ့သည်။ ယင်းက ဘေးဒုက္ခ မပြီးဆုံးသေးကြောင်းကို ဆိုလိုသည့်အတွက် သူသည် အလွန်အမင်း သတိထားနေခဲ့ပြီး ပေါ့ပေါ့ဆဆ မလှုပ်ရှားခဲ့ချေ။
နောက်ပိုင်းတွင် အဆင့် ၄ မိစ္ဆာကြီး ဖန်ဝူဖန်း အသက်ရှင်နေသေးသည်ကို သူ မြင်လိုက်ရသည့်အခါ၊ သူ၏ သတိထားမှုက အမှန်တကယ် မှန်ကန်ခဲ့ကြောင်း သူ သဘောပေါက်သွားခဲ့သည်။
ထို့နောက်တွင်မူ ဖန်ဝူဖန်း၏ ရောင်ဝါ အားနည်းသွားသည်ကို သူ အာရုံခံမိလိုက်၏။ တိုက်ခိုက်ရေးစွမ်းအား မည်မျှအထိ ဆုံးရှုံးသွားခဲ့လဲဆိုသည်ကိုမူ သူ သေချာမသိခဲ့ပါ။
ပြိုင်ဘက်၏ ပေါ့ဆမှုနှင့် ပေါင်းစပ်ပြီး၊ သူသည် မူလအင်းစုတ်တံနှင့် ပြတ်ပြတ်သားသား တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။
မျှော်လင့်ထားသည့် အတိုင်းပင် အဆင့် ၄ မိစ္ဆာကြီး ဖန်ဝူဖန်းသည် သူ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
ပြိုင်ဘက်သည် အဆင့် ၄ အစောပိုင်းအဆင့် မိစ္ဆာကြီးတစ်ဦး ဖြစ်နေလျှင်တောင်မှ မူလအင်းစုတ်တံ၏ ထက်မြက်မှုကို သူ မခုခံနိုင်ခဲ့ချေ။
ဝှစ်။
နောက်တစ်စက္ကန့်တွင် အဆင့် ၄ မိစ္ဆာကြီး ဖန်ဝူဖန်း သေဆုံးသွားသည်နှင့်အမျှ၊ ၎င်းထံရှိ သွေးကြော ကျိန်စာသည် သွေးရောင်အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ၎င်းသည် ကျန်းဖန်၏ ရောင်ဝါကို ပစ်မှတ်ထား သော့ခတ်လိုက်ကာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်ရန် ကြိုးပမ်းလာခဲ့၏။
သို့သော် ၎င်းကို မိစ္ဆာတုန်ခါမှု ခေါင်းလောင်း၏ စွမ်းအားက အလွယ်တကူ ပိတ်ဆို့ ဟန့်တားပစ်လိုက်သည်။
သွေးကြော ကျိန်စာသည် မည်သည့် အရိပ်အယောင်မျှ မကျန်ရစ်ဘဲ ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။
"ကျွတ်ကျွတ်၊ တကယ်ကြီး အဆင့် ၄ မိစ္ဆာကြီး နှစ်ဦးရဲ့ ကြွယ်ဝချမ်းသာမှုတွေပဲကို။ ဒီတစ်ကြိမ်တော့ ငါတို့ တကယ်ကြီး ချမ်းသာသွားပြီ။"
"ရတနာတွေ ဘယ်လောက်တောင်များမလဲ မသိဘူးနော်။"
မူလအင်းစုတ်တံက ခံစားချက်အပြည့်ဖြင့် မှတ်ချက်ချလိုက်၏။
ကျန်းဖန်တွင် ဤမျှ ကြီးမားလှသော ကံကြမ္မာမျိုး ရှိနေလိမ့်မည်ဟု ၎င်းကိုယ်တိုင်ပင် မမျှော်လင့်ထားခဲ့ချေ။
အဆင့် ၄ မိစ္ဆာကြီး နှစ်ဦး အတူတကွ သေဆုံးသွားသည်နှင့် ဆုံတွေ့ပြီးနောက် အကျိုးအမြတ်များကို ရိတ်သိမ်းလိုက်ရခြင်းပင် ဖြစ်သည်။
ရွှေအမြုတေ အဆင့်နှင့် ယွမ်ယင်း တစ်ဦးကို သတ်ဖြတ်ပြီး ယွမ်ယင်း၏ ကြွယ်ဝချမ်းသာမှုကို ရယူနိုင်ခြင်းသည် အမှန်တကယ်ကို ရှားပါးလွန်းလှသည်။
ရှေးခေတ်ကာလတွင်ပင်လျှင် ဤကဲ့သို့သော အရာမျိုးမှာ အလွန်အမင်း ရှားပါးပြီး အံ့ဖွယ်အရာတစ်ခုနီးပါး ဖြစ်၏။
သံသယဖြစ်ဖွယ်မရှိအောင်ပင် ဤ အဆင့် ၄ မိစ္ဆာကြီး နှစ်ဦး၏ ကြွယ်ဝချမ်းသာမှုကို ရယူလိုက်ခြင်းသည် ညတွင်းချင်း ကြီးပွားချမ်းသာလာခြင်းနှင့် တူညီလှပေသည်။
ဝှစ်။
လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး၊ ကျန်းဖန်သည် အဆင့် ၄ မိစ္ဆာကြီး ဖန်ဝူဖန်း၏ အလောင်းနှင့်အတူ သိုလှောင်အိတ် နှစ်လုံးကို ချက်ချင်း စုဆောင်းသိမ်းဆည်းလိုက်၏။
မိစ္ဆာကြီး ရှုံးကျို၏ အလောင်းနှင့် ပတ်သက်၍မူ၊ ၎င်းမှာ ပတ်ဝန်းကျင် အရပ်မျက်နှာ အနှံ့အပြားသို့ ပြန့်ကျဲနေသော အသားစအသားနများ အဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်ရာ အကုန်အစင် စုဆောင်းရန်မှာ မဖြစ်နိုင်တော့ချေ။
သို့သော် ဤ အဆင့် ၄ မိစ္ဆာကြီး၏ အလောင်းကို ရယူနိုင်ခြင်းကပင် အတော်လေး ကြီးမားလှသော အကျိုးအမြတ်တစ်ခုအဖြစ် သတ်မှတ်နိုင်နေပြီ ဖြစ်သည်။
အဆင့် ၄ မိစ္ဆာကြီး နှစ်ဦး၏ သိုလှောင်အိတ် များနှင့် ပေါင်းစပ်လိုက်ပါက ၎င်းမှာ အံ့မခန်း ကြွယ်ဝချမ်းသာမှု တစ်ခုပင် ဖြစ်၏။
"ဒါပေမယ့် ဒီတစ်ကြိမ်မှာ အကြီးမားဆုံး အကျိုးအမြတ်က တကယ်တမ်းကျ အဆင့် (၄) အခွင့်အရေးကို ရယူနိုင်ခဲ့တာ မဟုတ်ဘူး။"
"အဆင့် ၄ မိစ္ဆာကြီးတွေရဲ့ ကြွယ်ဝချမ်းသာမှုကို ရယူနိုင်ခဲ့တာလည်း မဟုတ်ဘူး။"
"တကယ်တမ်းက အနာဂတ်မှာ ဖြစ်လာမယ့် ဘေးအန္တရာယ်တွေကို ရှင်းလင်းလိုက်သလိုပဲ။"
"ဒီ အဆင့် ၄ မိစ္ဆာကြီး ဖန်ဝူဖန်းကို ရှင်းလင်းပစ်လိုက်တာက အနာဂတ် အခြေအနေတွေအပေါ် သက်ရောက်မှု ရှိလာနိုင်မလား။"
ကျန်းဖန် သူ၏ မေးစေ့ကို ပွတ်သပ်လိုက်၏။
သူ၏ လုပ်ရပ်များသည် လိပ်ပြာတစ်ကောင်ကဲ့သို့ ဖြစ်၏။ အနည်းငယ် တောင်ပံခတ်လိုက်ရုံဖြင့် ဧရာမ မုန်တိုင်းကြီးတစ်ခုကို ဖြစ်ပေါ်လာစေနိုင်ကြောင်း သူ ခံစားလိုက်ရသည်။
ယခုလောလောဆယ်တွင် မသိသာသေးသော်ငြားလည်း၊ အနာဂတ်အပေါ် သက်ရောက်မှုမှာ နက်ရှိုင်းလှမည်မှာ သေချာပေသည်။
ထို့ကြောင့် အနာဂတ် ဘေးဒုက္ခများကို ကြိုတင် ဖြေရှင်းထားခြင်းက လူသားမျိုးနွယ်ကို အနောက်ပိုင်းတိုက်ကြီးတွင် လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်လာစေရန် ခွင့်ပြုပေးလိမ့်မည်။
"ထားလိုက်ပါတော့လေ၊ အရင်ဆုံး ပြန်သွားတာက ပိုကောင်းပါတယ်။"
ကျန်းဖန် တွေးတောလိုက်၏။
သူသည် ဤနေရာတွင် ဆက်လက်နေထိုင်ရန် မည်သည့် ရည်ရွယ်ချက်မျှ မရှိဘဲ လေဟာနယ် တံခါးပေါက်ကို ချက်ချင်း ဖွင့်လှစ်လိုက်သည်။
အစောပိုင်းက သားရဲတစ်သောင်း လျှို့ဝှက်နယ်မြေတွင် ဟင်းလင်းပြင် ကိုဩဒိနိတ် တစ်ခုကို သူ မှတ်သားထားပြီးဖြစ်ရာ၊ သဘာဝကျကျပင် ၎င်းဆီသို့ နေရာရွှေ့ပြောင်း သွားနိုင်ပေသည်။
မည်သို့ပင် ဆိုစေကာမူ၊ ပျံသန်းသွားခြင်းက အချိန်များစွာ ပိုမို ကြာမြင့်စေမည် မဟုတ်ပါလား။
လေဟာနယ် တံခါးပေါက်သည် များစွာ ပိုမို အဆင်ပြေလှပေသည်။
ဝုန်းခနဲ မြည်ဟည်းသံတစ်ခုနှင့်အတူ သူသည် ထိုနေရာမှ ပျောက်ကွယ်သွားပြီး သားရဲတစ်သောင်း လျှို့ဝှက်နယ်မြေ သို့ ပြန်လည် ရောက်ရှိသွားခဲ့၏။
......
ကျန်းဖန် ထွက်ခွာသွားပြီး သိပ်မကြာမီမှာပင်၊ ကောင်းကင် ပန်ငှက်မျိုးနွယ် မှ ကျင့်ကြံသူ အများအပြားသည် လျှင်မြန်စွာ ပျံသန်းလာခဲ့ကြသည်။
ကြောက်မက်ဖွယ်ကောင်းသော ရက်စက်ကြမ်းကြုတ်သည့် ရောင်ဝါတစ်ခုသည် သူတို့ထံမှ ထွက်ပေါ်နေပြီး၊ မြင်ကွင်းကို တည်ကြည်လေးနက်စွာ စောင့်ကြည့်နေခဲ့ကြ၏။
"ဒီနေရာမှာ အဆင့် ၄ မိစ္ဆာကြီး နှစ်ဦး ကျဆုံးသွားခဲ့တယ်၊ အဲဒါကတော့ ဖန်ဝူဖန်း နဲ့ ရှုံးကျို တို့ပဲ။"
"ဖန်ဝူဖန်း က ရှုံးကျို ကို လိုက်ဖမ်းနေတယ်လို့ အရင်က ငါ ကြားဖူးတယ်၊ သူတို့နှစ်ယောက် အတူတူ သေဆုံးသွားတာများလား။"
"မဟုတ်ဘူး၊ ရှုံးကျိုက သူ့ရဲ့ မိစ္ဆာအမြုတေ ကို ကိုယ်တိုင် ဖောက်ခွဲခဲ့တာ၊ ဖန်ဝူဖန်း နဲ့ အတူတူ သေဖို့ ရည်ရွယ်ခဲ့တာ ရှင်းနေတာပဲ။ ကံဆိုးတာက ဖန်ဝူဖန်း က အဆင့် ၅ ကောင်းကင် ပန်ငှက် ရွှေအမွေးအတောင် အင်းကို လဲလှယ်ရယူထားခဲ့တော့ သူက အသက်ရှင်ကျန်ရစ်ခဲ့တာပေါ့ကွာ။"
"နေပါဦး၊ အာ့လိုသာဆိုရင် ဖန်ဝူဖန်း က ဘာဖြစ်လို့ သေသွားရသေးတာလဲ။"
"ဒါက ရှင်းနေတာပဲ မဟုတ်ဘူးလား။ တတိယလူ ရှိနေခဲ့တာပေါ့ဟ၊ တခြား အဆင့် ၄ မိစ္ဆာကြီး တစ်ဦးက အနီးအနားမှာ ပုန်းအောင်းနေခဲ့တာဘဲ ဖြစ်မယ်၊ အဲ့ဒါကြောင့် ဖန်ဝူဖန်းက ထွက်မပြေးနိုင်တော့ဘဲ သေဆုံးသွားခဲ့ရတာပေါ့ အလောင်းတောင်မှ အယူခံလိုက်ရတယ်။"
ကောင်းကင် ပန်ငှက်မျိုးနွယ် ကျင့်ကြံသူများသည် စိတ်အားထက်သန်စွာဖြင့် ဆွေးနွေးနေကြ၏။
သူတို့သည် ပတ်ဝန်းကျင် ဧရိယာကို ခေတ္တမျှ စုံစမ်းစစ်ဆေးလိုက်ပြီးနောက် ဘာတွေဖြစ်ပျက်ခဲ့သနည်း ဆိုသည်ကို ကောက်ချက်ချလိုက်ကြသည်။
သူတို့သည် မူလဇစ်မြစ် အချို့ကိုလည်း သိရှိသွားခဲ့ကြ၏။
"ငါတို့ ကောင်းကင် ပန်ငှက်မျိုးနွယ် ရဲ့ အဆင့် ၄ မိစ္ဆာကြီးကို တိုက်ခိုက်ရဲဝံ့တဲ့ကောင်က ဘယ်သူလဲ။"
ကောင်းကင် ပန်ငှက်မျိုးနွယ် ကျင့်ကြံသူ တစ်ဦးသည် ဒေါသထွက်နေခဲ့၏။
သူတို့အတွက်မူ အဆင့် ၄ မိစ္ဆာကြီး တစ်ဦးစီတိုင်းသည် အလွန်အမင်း တန်ဖိုးကြီးမားလှပေသည်။
တစ်ဦး ကျဆုံးသွားခြင်းကပင် မျိုးနွယ်စုအတွင်း တုန်လှုပ်မှုတစ်ခုကို ဖြစ်ပေါ်စေနိုင်၏။
ယခုအခါ ရန်သူတစ်ဦးက ဖန်ဝူဖန်း ကို လုပ်ကြံသတ်ဖြတ်လိုက်ခြင်းသည် ကောင်းကင် ပန်ငှက်မျိုးနွယ်ကို ရန်စလိုက်ခြင်း သက်သက်ဖြစ်ပြီး၊ သူတို့၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင် ဖြစ်သည်။
သူတို့သည် အဆုံးအစမရှိသော ဒေါသများကို သိုဝှက်ထားကြပြီး၊ ပြစ်မှုကျူးလွန်သူကို ချက်ချင်း ရှာဖွေကာ အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်လိုနေကြ၏။
"မေးနေဖို့ လိုသေးလို့လား။ အဲဒါက သေချာပေါက်ဘအဲဒီ ယုတ်မာကောက်ကျစ်တဲ့ ကောင်တွေ ဖြစ်လိမ့်မယ်။"
"အဲဒီ အရှုံးသမားတွေက ငါတို့ ကောင်းကင် ပန်ငှက်မျိုးနွယ်ကို ဖြုတ်ချဖို့ အမြဲတမ်း ကြိုးစားနေကြတာ။"
"မိလ္လာမြောင်းတွေထဲက ကြွက်တွေလိုပဲ၊ အတော် ရွံစရာကောင်းတဲ့ ကောင်တေွ။"
နောက်ထပ် ကောင်းကင် ပန်ငှက်မျိုးနွယ် ကျင့်ကြံသူ တစ်ဦးက အေးစက်စွာ လှောင်ပြုံးပြုံးလိုက်၏။
သံသယဖြစ်ဖွယ်မရှိအောင်ပင် အနောက်ပိုင်းတိုက်ကြီးတွင် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ တစ်လျှောက်လုံး၊ ကောင်းကင် ပန်ငှက်မျိုးနွယ်၏ အနေအထားကို စိန်ခေါ်ရန် ကြိုးပမ်းခဲ့သည့် မျိုးနွယ်စုများမှာ မရေမတွက်နိုင်အောင် များပြားလှ၏။ သို့သော်ငြားလည်း အများစုမှာ မျိုးတုံးသတ်ဖြတ်ခံခဲ့ရပြီး သူတို့၏ နယ်မြေများကို ဆုံးရှုံးခဲ့ကြရသည်။
သို့သော် ဤသို့ဖြစ်လင့်ကစား ထို ရှုံးနိမ့်သူများသည် အမှန်တကယ် သေဆုံးသွားခဲ့ကြခြင်း မဟုတ်ဘဲ ပုန်းအောင်းနေခဲ့ကြခြင်း ဖြစ်၏။
အချိန်တွေ ကုန်လွန်လာသည်နှင့်အမျှ သူတို့သည် ရှုံးနိမ့်သူများ မဟာမိတ်အဖွဲ့ တစ်ခုကို ဖွဲ့စည်းခဲ့ကြသည်။
သူတို့သည် သူတို့၏ မျိုးနွယ်စုများကို ကောင်းကင် ပန်ငှက်မျိုးနွယ် က မျိုးတုံးသတ်ဖြတ်လိုက်သဖြင့်၊ အရိပ်ထဲတွင် ပုန်းအောင်းကာ လက်စားချေရန် အခွင့်အရေးကို စောင့်ဆိုင်းနေကြသော အဆင့် ၄ မိစ္ဆာကြီးများပင် ဖြစ်ကြသည်။
ဤ အဆင့် ၄ မိစ္ဆာကြီးများ သည် တစ်ကိုယ်တော်သမားများ ဖြစ်ကြပြီး မျိုးနွယ်စု ဝန်ထုပ်ဝန်ပိုးများ မရှိသည့်အပြင်၊ သူတို့၏ လျှို့ဝှက်သော တည်နေရာများကြောင့်၊ ကောင်းကင် ပန်ငှက်မျိုးနွယ်သည် ကြီးမြတ် အစွမ်းထက်နေသော်ငြားလည်း သူတို့ကို မရှာဖွေနိုင်ခဲ့ကြချေ။
……..