← Chapters

အခန်း ၈၂

Vol. 9 Ch. 82

အခန်း ၈၂

Vol. 9 Ch. 82

၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်

အပိုင်း ၈၂

"ဟေ့... နင်တို့ ကယ်လိုက်တာက..."

လမ်းသရဲများ ရေထဲဆင်းသွားသည်ကို မြင်သောအခါ ပိုင်ရန်ရန်သည် လူမှားကယ်နေကြောင်း အော်ပြောရန် ပြင်လိုက်သည်။

သို့သော် ထိုစဉ်မှာပင် သူမကို လှောင်ပြောင်နေသလိုလို မျက်ဝန်းများဖြင့် ကြည့်နေသော ထျဲလန်ယန်ကို မြင်လိုက်ရသည်။

ပိုင်ရန်ရန်၏ ကျောပြင်တစ်ခုလုံး အေးစိမ့်သွားပြီး နောက်ထပ် စကားမဟရဲတော့ပေ။

ထျဲလန်ယန်က သူမကို သံသယဝင်နေပြီဖြစ်ကြောင်း သိသာလှရာ သူမကိုယ်သူမ ဖော်ကောင်မလုပ်နိုင်တော့ပေ။

မကြာမီမှာပင် ရေထဲနစ်နေသော ဟန်ခယ်အာကို ကယ်တင်နိုင်ခဲ့သည်။

ထျဲလန်ယန်က သူမ၏ အပေါ်အင်္ကျီကို ချွတ်ယူသွားခဲ့သဖြင့် ဟန်ခယ်အာ၏ အတွင်းမှ အင်္ကျီဖြူလေးမှာ ရေစိုရွှဲနေပြီး သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ အထင်အရှား ပေါ်လွင်နေတော့သည်။

လမ်းသရဲလေးယောက်မှာ သူမ၏ ခြေလက်များကို တစ်ယောက်တစ်ဖက်စီ ကိုင်ထားကြပြီး အသားယူ ပွတ်သပ်ရင်း ကုန်းပေါ်သို့ တရွတ်တိုက် ဆွဲခေါ်လာကြသည်။

ဤမြင်ကွင်းကို ရှိနေသမျှ အမျိုးသမီး ပညာတတ်လူငယ်များအားလုံး မြင်တွေ့သွားကြပြီး သူတို့၏ မျက်ဝန်းများတွင် ထုတ်မပြောရက်သော စကားလုံးများဖြင့် ပြည့်နှက်နေတော့သည်။

"အမလေး... ဒီမှာ လူတစ်ယောက် ရေထဲပြုတ်ကျနေပါလား။"

ထိုအချိန်တွင် မြစ်နားသို့ အဝတ်လျှော်ရန်လာသော အဒေါ်ကြီးတစ်စုက အံ့သြတကြီး အော်ဟစ်လိုက်ကြသည်။

ပွဲကောင်းရှိနေသည်ကို မြင်သောအခါ သူတို့သည် အဝတ်လျှော်ဇလုံများကို ကိုင်ကာ အပြေးအလွှား ရောက်လာကြတော့သည်။

ထိုအချိန်တွင် ဟန်ခယ်အာမှာ ရေမွန်းပြီး သတိမေ့နေခဲ့ကာ လမ်းသရဲများမှာလည်း မပြန်ကြသေးဘဲ တမင်တကာ အချိန်ဆွဲနေကြသည်။

လူစုလူဝေးကြီးမှာ တဖြည်းဖြည်း ကြီးထွားလာသည်ကို မြင်သောအခါ လမ်းသရဲခေါင်းဆောင်က ချက်ချင်း အော်ပြောလိုက်သည်။

"ဘယ်သူ အသက်ရှူနှုန်း ပြန်မှန်အောင် လုပ်တတ်လဲ၊ တတ်တဲ့လူလာပြီး ကယ်ကြပါဦး။"

အခြားသူများက ပြန်မေးကြသည်။ "အသက်ရှူနှုန်း ပြန်မှန်အောင် လုပ်တယ်ဆိုတာ ဘာလဲ။"

ထိုခေတ်အခါက ရေနစ်သူကို ရင်ဘတ်ဖိပြီး ရေထုတ်သည့်နည်းကိုသာ သိကြပြီး ပါးစပ်ချင်းတေ့၍ အသက်ရှူသွင်းပေးခြင်းအကြောင်းကို မကြားဖူးကြပေ။

လမ်းသရဲများမှာလည်း သေချာပေါက် မကြားဖူးပါ၊ ၎င်းမှာ ဟန်ခယ်အာက သူတို့ကို သင်ပေးထားခြင်း ဖြစ်သည်။

ဟန်ခယ်အာ ကြံစည်ထားသည်မှာ ထျဲလန်ယန် ရေနစ်ချိန်တွင် လူပုံအလယ်၌ ပါးစပ်ချင်းတေ့ပြီး အသက်ရှူသွင်းခြင်းကို ခံရစေရန် ဖြစ်သည်၊ သို့မှသာ သူမ၏ အပျိုစင်ဂုဏ်သိက္ခာ ညှိုးနွမ်းသွားမည် မဟုတ်ပါလား။

သို့သော် သူမပြုခဲ့သော ကံသည် သူမထံသို့ပင် ပြန်လည်သက်ရောက်လာလိမ့်မည်ဟု သူမ လုံးဝမထင်ထားခဲ့ပေ။

"ပါးစပ်ချင်းတေ့ပြီး အဆုတ်ထဲ လေမှုတ်သွင်းရမှာလေ၊ ဘယ်သူ လုပ်တတ်လဲ။"

လမ်းသရဲခေါင်းဆောင် စကားဆုံးသည်နှင့် နောက်ထပ် လမ်းသရဲတစ်ယောက်က လက်ထောင်လိုက်သည်။

"ခေါင်းဆောင်... ကျွန်တော် လုပ်တတ်တယ်၊ ကျွန်တော် ကယ်လိုက်မယ်။"

အခြားသူများ တုံ့ပြန်ရန်ပင် မအားသေးမီ ထိုလမ်းသရဲက စတင် အကောင်အထည်ဖော်တော့သည်။

အဆိုးဆုံးမှာ ထိုလမ်းသရဲမှာ အလွန်ပင် ရုပ်ဆိုးလှပြီး မျက်နှာတစ်ခုလုံး ကျောက်ပေါက်မာများ၊ သွားခေါခေါများနှင့် နှုတ်ခမ်းတွင် မှဲ့နက်ကြီး တစ်လုံးပါ ရှိနေခြင်းပင်။

သူသည် ပါးစပ်ကို ဟလိုက်ရာ မြင်ရုံနှင့်ပင် အော့အန်ချင်စဖွယ် ကောင်းလှသော သွားမည်းမည်း ဝါဝါကြီးများကို တွေ့လိုက်ရသည်။ "ဟူးးး။"

သူ၏ ၀ဖြိုးလှသော နှုတ်ခမ်းကြီးဖြင့် ဟန်ခယ်အာ၏ ပါးစပ်ထဲသို့ လေမှုတ်သွင်းလိုက်သော မြင်ကွင်းမှာ အလွန်ပင် ရင်နင့်စရာ ကောင်းလှသည်။

ဟန်ခယ်အာ သတိပြန်လည်လာချိန်တွင် ရုပ်ဆိုးလှသော လူတစ်ယောက်က သူမကို နမ်းနေသည်ကို မြင်လိုက်ရသဖြင့် ထိတ်လန့်တကြား အော်ဟစ်လိုက်တော့သည်။

"အားးးးး၊ ဖယ်စမ်း၊ ရုပ်ဆိုးကြီး။"

သူမသည် ထိုလူ၏ မျက်နှာကို ဖြတ်ရိုက်လိုက်ပြီး ကုန်းရုန်းထလိုက်သည်။

အရိုက်ခံလိုက်ရသော လမ်းသရဲမှာ မျက်နှာကို အုပ်ကာ ဒေါသတကြီး ခြေဆောင့်လိုက်သည်။ "ငါ့ကို ဘာလို့ ရိုက်တာလဲ၊ ငါက နင့်ကို ကယ်နေတာလေ။"

"ဘယ်သူက နင့်ကို ကယ်ခိုင်းလို့လဲ၊ ငါ နင့်ကို..."

ဟန်ခယ်အာသည် ဒေါသတကြီး ဆဲဆိုရန် ပြင်လိုက်သော်လည်း တစ်ခုခု မှားနေသည်ကို သတိပြုမိသွားသည်။

မဖြစ်နိုင်တာ။ ထျဲလန်ယန် ရေထဲပြုတ်ကျပြီး လမ်းသရဲတွေရဲ့ ကယ်တင်တာကို ခံရမှာ မဟုတ်လား၊ ဘာလို့ ငါ ဖြစ်နေရတာလဲ။

ထျဲလန်ယန်က သူမကို ရေထဲဆွဲချပြီး ရေအောက်မှာ နှိပ်စက်ခဲ့သည်ကို သူမ မှတ်မိသွားသည်။

လမ်းသရဲများက အခြေအနေကို နားမလည်ဘဲ သူမကို ကယ်ခဲ့ခြင်း ဖြစ်သည်။

ဒါဆိုရင်... အခု လူပုံအလယ်မှာ အရှက်ကွဲပြီး ဂုဏ်သိက္ခာပျက်သွားတာ ငါပေါ့လေ။

ဟန်ခယ်အာ၏ မျက်နှာမှာ ဖြူလျော်သွားတော့သည်။

လှည့်ကြည့်လိုက်သောအခါ သူမကို ရန်စသော အပြုံးဖြင့် ကြည့်နေသည့် ထျဲလန်ယန်ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် ဒေါသ အလိပ်လိုက် ထွက်လာခဲ့သည်။

"ထျဲလန်ယန်... နင်ကတော့ တကယ်ကို ယုတ်မာတဲ့ ကောင်မပဲ။ နင် ငါ့ကို ရေထဲဆွဲချပြီး ငါ့ဂုဏ်သိက္ခာ ပျက်အောင် တမင်လုပ်တာ၊ နင် နောင်တရစေရမယ်။"

ဟန်ခယ်အာသည် ထျဲလန်ယန်ထံသို့ ပြေးဝင်သွားသော်လည်း သူမ၏ လက်သည်းများက ထျဲလန်ယန်ကို မထိမီမှာပင် ကန်ထုတ်ခြင်း ခံလိုက်ရသည်။

ထျဲလန်ယန် လှောင်ပြုံးပြုံးလိုက်သည်။ "ဟန်ခယ်အာ... နင်ကတော့ အပြစ်ကို တခြားသူအပေါ် ပုံချရာမှာ တကယ်ကို တော်တာပဲ။"

"မြွေရှိတယ်လို့ အော်ပြီး ငါ့ကို ရေထဲတွန်းချတာ နင်လေ၊ ငါကလည်း မတော်တဆဖြစ်သွားလို့ နင့်ကို ဆွဲမိသွားတာ။"

"အခုကြတော့ ဘာလို့ ငါက နင့်ကို လုပ်ကြံသလို ဖြစ်သွားရတာလဲ။ ငါ့ကို ဒုက္ခပေးတာ နင်ပဲ ဖြစ်ရမယ်။"

"နင် လိမ်နေတာ။"

လူတိုင်း၏ မျက်နှာများကို ကြည့်ပြီး ဟန်ခယ်အာ တုန်လှုပ်နေသည်။ "ငါက တမင်လုပ်တာ မဟုတ်ပါဘူး၊ မတော်တဆ ဖြစ်သွားတာပါ။"

ထျဲလန်ယန် မျက်ခုံးပင့်လိုက်မိသည်။ "ဒါဆို ငါ့ဂုဏ်သိက္ခာကို စော်ကားတယ်ဆိုတာကရော၊ ဒီရဲဘော်တွေက စေတနာနဲ့ နင့်ကို ကယ်တာကို နင်က သူတို့ကို ပြန်ပြီး စွပ်စွဲနေတာလား။"

လူပုံအလယ်တွင် အမေးခံလိုက်ရသဖြင့် ဟန်ခယ်အာမှာ ဒေါသထွက်သော်လည်း ဘာမှ ပြန်မပြောနိုင်ပေ။

သူမကပင် ထိုလမ်းသရဲများကို ငှားရမ်းခဲ့ကြောင်းကိုလည်း သူမ မပြောနိုင်ပါ၊ ယခုတော့ ထိုကံသည် သူမထံသို့ပင် ပြန်လည် သက်ရောက်လာခဲ့ပြီ ဖြစ်သည်။

ဒါကို ကြားလိုက်သောအခါ လမ်းသရဲများ သဘောပေါက်သွားကြသည်။ သူတို့ လူမှားကယ်မိသွားပြီ ဖြစ်သည်။

သူတို့သည် ပိုက်ဆံယူပြီး လုပ်ခိုင်းသည့်အတိုင်း လုပ်ခြင်းဖြစ်သော်လည်း ဤသို့ အဖော်ခံ၍တော့ မဖြစ်ပေ။

မဟုတ်လျှင် လမ်းသရဲမှုဖြင့် ဖမ်းခံရမည်မှာ သေချာလှသည်။

လမ်းသရဲတစ်ယောက်က တိုးတိုးလေး မေးသည်။ "ခေါင်းဆောင်... ဘာဆက်လုပ်ကြမလဲ။"

လမ်းသရဲခေါင်းဆောင်က အံကြိတ်လိုက်သည်။ "သွားကြစို့။"

ပိုက်ဆံက ရထားပြီးသားဖြစ်ရာ အကြောင်းပြချက်တစ်ခုပေးပြီး ထွက်သွားရန်သာ လိုတော့သည်။

"ကဲ... ငါတို့တွေ လူလည်း ကယ်ပြီးပြီဆိုတော့ အခု ပြန်တော့မယ်။"

လမ်းသရဲခေါင်းဆောင်က အမြန် ပြောလိုက်သည်။

အခု မထွက်သွားရင် နောက်မှ ပိုပြီး ပြဿနာတက်နိုင်သည် မဟုတ်ပါလား။

"ခေါင်းဆောင်... ကျွန်တော် မပြန်ချင်သေးဘူး..."

ဟန်ခယ်အာကို နမ်းခဲ့သော ကျောက်ပေါက်မာနှင့် လမ်းသရဲက ပြောလိုက်သည်။

မူလအစီအစဉ်အရ သူကယ်လိုက်သော မိန်းကလေးကို သူက တာဝန်ယူရမည် ဖြစ်သည်။

သူ လူမှားကယ်မိသော်လည်း ဤအခြေအနေကို အသုံးချချင်နေသည်။

ဘာပဲဖြစ်ဖြစ် ဟန်ခယ်အာက… အရမ်းလှတာပဲလေ။

သူက လူပျိုကြီးဖြစ်ပြီး မိန်းကလေးတစ်ယောက်ရဲ့ လက်ကိုတောင် မကိုင်ဖူးပေ။

ဒီတစ်ခါတော့ ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ကို နမ်းလိုက်ရသဖြင့် သူ ဘယ်လိုမှ မနေနိုင်တော့ပေ။

"ကျောက်ပေါက်... မင်း မဟုတ်တာတွေ လုပ်ဖို့ ကြံနေတာလား။" လမ်းသရဲခေါင်းဆောင်က သူ့ကို စိုက်ကြည့်လိုက်သည်။

ကျောက်ပေါက်က ပါးစပ်ဟလိုက်ရုံရှိသေး ထျဲလန်ယန်က သူ့ကိုယ်စား ဝင်ပြောလိုက်သည်။

"ဒီရဲဘော်ကို ထွက်သွားခိုင်းလို့ မရဘူး၊ သူက ရဲဘော်ဟန်ခယ်အာကို နမ်းလိုက်တာဆိုတော့ ဟန်ခယ်အာက သူ့ကို ရှင်းပြချက်တစ်ခု ပေးရမယ်။"

ဟန်ခယ်အာမှာ ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး မီးတောက်မတတ် ဖြစ်နေခဲ့သည်။

"ထျဲလန်ယန်... နင် ဘာကို ဆိုလိုတာလဲ။ သူက ငါ့ကို စော်ကားတာကို ငါက သူ့ကို ပြန်ပြီး ရှင်းပြရမယ် ဟုတ်လား၊ မဖြစ်နိုင်တာ။"

ဤစကားများမှာ အနည်းငယ် ပြင်းထန်လှသည်၊ ဘာပဲဖြစ်ဖြစ် သူက သူမကို ကယ်တင်ခဲ့သူ မဟုတ်ပါလား။

ကျောက်ပေါက်က မကျေမနပ် ရေရွတ်လိုက်သည်။ "မိန်းမ... မင်းပြောတာ မှားနေပြီ၊ ငါတို့ညီအစ်ကိုတွေက မင်းကို ကယ်လိုက်တာလေ၊ အနည်းဆုံးတော့ ကျေးဇူးတင်စကား ပြောသင့်တာပေါ့။"

ဟန်ခယ်အာ ခုန်ပေါက်လိုက်သည်။ "ဘယ်သူက နင့်မိန်းမလဲ။ အဲဒီလို လာမခေါ်နဲ့။"

ကျောက်ပေါက် - "မင်းက ငါ့မိန်းမပဲ၊ ငါ မင်းကို ပါးစပ်ချင်းတေ့ပြီး နမ်းလိုက်ပြီလေ၊ ငါ့ဂုဏ်သိက္ခာလည်း ပျက်သွားပြီ၊ မင်း တာဝန်ယူရမယ်။"

ရှိနေသမျှ လူအားလုံး - ......

ဒီလူကတော့ တကယ့်ကို အရှက်မရှိတဲ့လူပဲ။

ဟန်ခယ်အာမှာ ဒေါသ အကြီးအကျာ် ထွက်နေသည်။ "နင်က ကျောက်ပေါက်တွေနဲ့ ရုပ်ဆိုးပြီး အရှက်မရှိတဲ့လူ၊ ရွံစရာကောင်းပြီး ညစ်ပတ်နံစော်နေတဲ့..."

ကျောက်ပေါက်၏ မျက်နှာ ညိုမည်းသွားသည်။

ဒီမိန်းမက ဒီလောက် ရိုင်းစိုင်းတာ၊ သူမကို လက်ထပ်လိုက်ရင်တော့ ဒုက္ခရောက်မှာပဲ၊ တခြားတစ်ခုခု ရဖို့ပဲ ကြိုးစားတော့မည်။

"အဲဒီလိုဆိုရင်လည်း ကါတို့ညီအစ်ကိုတွေကို ယွမ် ၂၀ ပေးလိုက်၊ နင့်အသက်ကို ကယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတုံ့ပြန်တာပေါ့။"

"နင်က ပိုက်ဆံတောင် လိုချင်သေးတယ် ဟုတ်လား။ နင် ငါ့ကို စော်ကားထားတာကိုတောင် ငါက စာရင်းမရှင်းရသေးဘူး။"

ဟန်ခယ်အာ ရူးမတတ် ဖြစ်နေပြီပင်။

သူမမှာ ယွမ် ၅၀ ပဲ ရှိရာ ယွမ် ၂၀ ကို ဒီလမ်းသရဲတွေကို ပေးခဲ့ပြီးပြီ၊ ထို့အပြင် ပစ္စည်းတချို့ ဝယ်လိုက်သေးသဖြင့် အခု သူမမှာ ယွမ် ၂၀ ပဲ ကျန်တော့သည်။

မထင်မှတ်ဘဲ သူတို့က အခု ပိုက်ဆံထပ်တောင်းနေသည်၊ ဒါက တကယ်ကို လွန်လွန်းလှသည်။

ကျောက်ပေါက်က ရယ်မောလိုက်သည်။ "မပေးဘူးပေါ့ ဟုတ်လား။ မပေးရင်တော့ ငါ ဒီပညာတတ်လူငယ်ဝင်းမှာပဲ နေတော့မယ်၊ မင်းက ငါ့မိန်းမဆိုတာ လူတိုင်းသိအောင် လိုက်ပြောမှာ။"

ဟန်ခယ်အာ - "ဘာမှ မပေးနိုင်ဘူး၊ ပြောချင်ရာပြော၊ ဘယ်သူက နင့်လို ရုပ်ဆိုးကြီးကို ယုံမှာလဲ။"

သူမသည် အခြားကမ္ဘာမှ ကူးပြောင်းလာသူဖြစ်ရာ ဤကိစ္စများကို ဂရုမစိုက်ပေ၊ ဘာလို့ ခြိမ်းခြောက် ခံနေရမှာလဲ။

အခြားသူများလည်း ဆက်နားမထောင်နိုင်တော့ဘဲ ဝင်ပြီး ဖျောင်းဖျကြသည်။

"ရဲဘော်ဟန်... ပိုက်ဆံပေးပြီး သူတို့ကို ပြန်ခိုင်းလိုက်တာ အကောင်းဆုံးပဲ၊ မဟုတ်ရင် တကယ် အကျပ်ကိုင်ခံရပြီး နင့်ဘဝ ပျက်သွားနိုင်တယ်။"

"ဟုတ်တယ်၊ နင်က ငယ်လည်းငယ်သေးသလို အရမ်းလည်း လှတယ်၊ နင့်ရဲ့ နာမည်မှာ အပြစ်အနာအဆာ မရှိသင့်ဘူး။"

All Chapters