← Chapters

အခန်း ၈၄

Vol. 9 Ch. 84

အခန်း ၈၄

Vol. 9 Ch. 84

၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်

အပိုင်း ၈၄

"ဘန်း။"

လူပျိုကြီး၏ နဖူးမှာ ကွဲအက်သွားပြီး ရဲရဲနီသော အပေါက်ကြီး ဖြစ်သွားတော့သည်။

သူသည် သွေးမြင်လျှင် ကြောက်တတ်သူဖြစ်ရာ နဖူးကို သုတ်ကြည့်ပြီး လက်ရှိသွေးများကို မြင်သောအခါ မျက်စိများ ပြာဝေသွားကာ တန်းခနဲ လဲကျသွားတော့သည်။

"အမလေး... ရဲဘော်ဟန် လူသတ်လိုက်ပြီ။"

ကြည့်နေကြသော လူအုပ်ကြီးမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

ရွာသားများက အသင်းခေါင်းဆောင်ကို ပြေးခေါ်ကြပြီး အသင်းခေါင်းဆောင်ကလည်း လူပျိုကြီးကို စစ်ဆေးရန် ရွာသမားတော်ကို ခေါ်လာခဲ့သည်။

သမားတော်က လူပျိုကြီး၏ နဖူးကို ဆေးထည့်ပေးပြီး အကြောစုကို ဖိနှိပ်ပေးလိုက်မှ သူ သတိပြန်လည်လာတော့သည်။

သူ သတိရရချင်း ပထမဆုံး ပြောလိုက်သည့် စကားမှာ ဟန်ခယ်အာကို သူ့အား လက်ထပ်ခိုင်းရန်ပင် ဖြစ်သည်။

"ငါ့ခေါင်းကို သူမက ရိုက်ခွဲလိုက်တာ၊ နောက်ဆို ငါ လေဖြတ်ချင် ဖြတ်သွားမှာ၊ သူမသာ ငါ့ကို တာဝန်ယူပြီး မပြုစုရင် ငါ သူမကို ဘယ်တော့မှ အလွတ်မပေးဘူး။"

ဒါကို ကြားလိုက်ရသောအခါ ဟန်ခယ်အာမှာ ချက်ချင်းပင် စိတ်လှုပ်ရှား တုန်လှုပ်သွားခဲ့သည်။

"အီးးး။ နင်လို သွားကျိုးနေတဲ့ အဘိုးကြီးကများ၊ အိပ်မက်တောင်မက်မနေနဲ့၊ သွားသေလိုက်စမ်း။"

"နင်က ငါ့ကို သေဖို့ ဆုတောင်းနေတာလား။ တကယ်ကို လွန်လွန်းတယ်၊ နင့်ကို ငါ ရိုက်မှာ။"

လူပျိုကြီးသည် ဒေါသတကြီးဖြင့် ကုတင်ပေါ်မှ ခုန်ဆင်းကာ သူမကို ရိုက်ရန် ကြိုးစားတော့သည်။

အခြားသူများကလည်း ရန်ပွဲကို အမြန်ဝင်တားကြသဖြင့် မြင်ကွင်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

"ဒီမှာ လူပျိုကြီး... ခင်ဗျား တကယ် လွန်နေပြီ၊ ခင်ဗျားက အဘိုးကြီး ဖြစ်နေပြီကို ဒီလို ပညာတတ် မိန်းကလေးငယ်လေးကို လက်ထပ်ချင်နေတာလား။ ခင်ဗျား ခေါင်းထဲမှာ ချီးတွေနဲ့ပဲ ပြည့်နေတာလား။"

အသင်းခေါင်းဆောင်က လူပျိုကြီးကို မညှာမတာ ဆူပူလိုက်သည်။

"ဒါက ခင်ဗျားအပြစ်လည်း ပါတာပဲ၊ ရဲဘော်ဟန်ဆီ သွားပြီး မဟုတ်ကဟုတ်ကတွေ လျှောက်ပြောနေတာကိုး။ သူမ ရိုက်တာ ခံရမှာပေါ့၊ ခံရတာ တန်ပါတယ်။"

အသင်းခေါင်းဆောင်မှာ ပြဿနာများကို ညှိနှိုင်းရသည်ကို ဝါသနာပါသော်လည်း စိတ်ထားကောင်းသူ တစ်ဦး ဖြစ်သည်။

ဒီလူပျိုကြီးက တကယ်ကို စုတ်ပြတ်သတ်နေသူ ဖြစ်ရာ ရွာထဲက မုဆိုးမတွေတောင် သူ့ကို လှည့်မကြည့်ကြပေ၊ ထိုသို့သောသူက ပညာတတ် မိန်းကလေးကို လက်ထပ်ချင်နေခြင်းမှာ မဖြစ်နိုင်သောအရာပင် ဖြစ်သည်။

အသင်းခေါင်းဆောင်၏ စကားကို ကြားသောအခါ လူပျိုကြီးက မကျေမနပ် ရေရွတ်လိုက်သည်။

"ကျွန်တော် ပြောတာ ဘာမှ မမှားဘူး၊ သူမက ကျွန်တော့်ကို အဝတ်အစားတွေ ပေးထားတာ၊ သူမက အကျင့်မကောင်းတဲ့ မိန်းမပဲ၊ နာမည်လည်း ပျက်နေပြီ၊ ငါ တစ်ယောက်ပဲ သူမကို သည်းခံနိုင်မှာ။"

"အကျင့်မကောင်းတဲ့ မိန်းမ" ဆိုသော စကားလုံးမှာ ဟန်ခယ်အာ၏ နှလုံးသားကို နက်နက်ရှိုင်းရှိုင်း ထိုးစိုက်လိုက်သကဲ့သို့ ဖြစ်နေသည်။

သူမ၏ မျက်ဝန်းများမှာ ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းအောင် ပြောင်းလဲသွားသည်။

လူပျိုကြီးကို အတင်းအကျပ် ပြန်ခိုင်းလိုက်သော်လည်း သူမ၏ အကြည့်များမှာမူ သူ့ကျောပြင်ပေါ်သို့ စိုက်ကြည့်နေဆဲ ဖြစ်သည်။

သူ ထွက်သွားသည်ကို မြင်သောအခါ ပိုင်ရန်ရန်က အနားသို့ လာပြီး ဟန်ဆောင်ကာ နှစ်သိမ့်ပေးလိုက်သည်။

"ခယ်အာ... စိတ်မကောင်း မဖြစ်ပါနဲ့၊ နင့်နောက်ကို တကောက်ကောက် လိုက်နေတဲ့ ဒီအဘိုးကြီးကို ဂရုမစိုက်နဲ့၊ ခဏနေရင် သူလည်း ငြိမ်သွားမှာပါ။"

ဟန်ခယ်အာက သူမကို မှိုင်တွေစွာ ကြည့်လိုက်သည်။ "ပိုင်ရန်ရန်... နင်က ငါ့ကို လာလှောင်နေတာလား။"

ပိုင်ရန်ရန် ကြောင်သွားခဲ့သည်။ "ခယ်အာ... နင် ဘာတွေ ပြောနေတာလဲ၊ ငါက နင့်ကို စိတ်ပူလို့ပါ..."

"တော်တော့။" ဟန်ခယ်အာက သူမစကားကို ဖြတ်ပြောလိုက်သည်။ သူမ အံကြိတ်ကာ ဆက်ပြောလိုက်သည်။

"နင် ဘာတွေ ကြံစည်နေလဲဆိုတာ ငါမသိဘူးလို့ မမှတ်နဲ့၊ ငါ အခု အခြေအနေ မကောင်းပေမယ့် နင်ကတော့..."

"နင်က ငါ့လောက်တောင် အဆင့်မရှိဘူး၊ နင်က ငါ့ရဲ့ ခွေးတစ်ကောင်လိုပဲ။"

ပိုင်ရန်ရန်၏ မျက်နှာ ပျက်သွားပြီး သူမ၏ နှုတ်ခမ်းထောင့်မှ အပြုံးမှာ လှောင်ပြုံးအဖြစ် ပြောင်းလဲသွားသည်။

"ဟန်ခယ်အာ... နင်က အခုထိ မာနကြီးနေတုန်းပဲလား၊ နင် ဒီနယ်မှာ လုပ်သမျှ မကောင်းတာတွေကို နင့်မိသားစုသာ သိသွားရင် သူတို့ နင့်ဆီ ပိုက်ဆံ ဆက်ပို့ဦးမယ် ထင်လို့လား။"

ဟန်ခယ်အာ၏ ဒေါသပေါက်ကွဲသွားခဲ့သည်။ "ပိုင်ရန်ရန်... နင် လှောင်ရဲတယ်ပေါ့။"

"ဟုတ်တယ်၊ ငါကတော့ ရဲရဲပဲ လုပ်မှာ၊ ငါက နင့်ကို သူငယ်ချင်းလို ဆက်ဆံပေမယ့် နင်ကတော့ ငါ့ကို ဒီလို ပြောတယ်ပေါ့။"

ပိုင်ရန်ရန်၏ မျက်လုံးများ နီမြန်းလာပြီး စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားတော့သည်။

နောက်တစ်နေ့တွင် ဟန်ခယ်အာ မိသားစုထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။

"နင်လို သမီးမိုက်။ မိသားစု သိက္ခာကို နင် ဖျက်ဆီးလိုက်ပြီ၊ အဲဒီ တောနယ်မှာပဲ သေလိုက်တော့၊ နင့်ဆီကို နောက်ထပ် ပိုက်ဆံ ပို့ပေးဖို့ ဘယ်တော့မှ မမျှော်လင့်နဲ့တော့။"

ဟန်ခယ်အာမှာ မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူမ မည်သို့ပင် ရှင်းပြပါစေ၊ အချည်းနှီးသာ ဖြစ်ခဲ့သည်။

သူမ ရွာထဲသို့ ငိုင်တိုင်တိုင် ပြန်ရောက်လာသောအခါ လူတိုင်းက သူမကို ရွံရှာသော အကြည့်များဖြင့် ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။

"သူမပဲ၊ ဒီလောက် လှလှပပလေးကို ဘာလို့ ဟိုလူပျိုကြီးလို လူစားမျိုးနဲ့ ပတ်သက်နေရတာလဲ မသိဘူး။"

"ငါကြားတာတော့ အဲဒီလူပျိုကြီးဆီမှာ သူမရဲ့ အဝတ်အစားတွေတင် မဟုတ်ဘူး၊ သူမ ရေးထားတဲ့ စာတွေပါ ရှိနေတာတဲ့။"

"ဒီနေ့ လူပျိုကြီးက အဲဒီစာတွေကို တခြားသူတွေကို ထုတ်ပြနေတာ၊ သူတို့နှစ်ယောက် ဖောက်ပြန်နေကြတာ လူတိုင်း သိကုန်ပြီ။"

"ဘာစာတွေလဲ၊ နင်တို့ လိမ်နေတာ။ ငါက ဘယ်တုန်းက အဲဒီလူပျိုကြီးဆီ စာရေးဖူးလို့လဲ။ ငါ သွားမေးမယ်။"

ဟန်ခယ်အာ ဒေါသတကြီးဖြင့် ပညာတတ်လူငယ်ဝင်းသို့ ပြေးပြန်လာရာ အဲဒီမှာ ထပ်ရောက်နေသော လူပျိုကြီးကို မြင်လိုက်ရပြန်သည်။

စာထဲက အကြောင်းအရာမှာ လူပျိုကြီးကို တောင်နောက်ဘက်မှာ တွေ့ဖို့ ချိန်းဆိုထားခြင်း ဖြစ်ပြီး လက်ရေးမှာလည်း သူမ၏ လက်ရေးနှင့် အလွန်ပင် ဆင်တူနေသဖြင့် ခွဲခြားရ ခက်လှသည်။

ယခင်က ပညာတတ်လူငယ်များမှာ အတူတူ စာဖတ်၊ စာလေ့လာကြသဖြင့် တစ်ဦး၏ လက်ရေးကို တစ်ဦးက ကောင်းကောင်း သိကြသည်။

ယခုအခါတွင် ဟန်ခယ်အာမှာ စကားပင် မပြောနိုင်တော့ဘဲ နှလုံးသားတစ်ခုလုံး ကြေကွဲသွားရတော့သည်။

လူပျိုကြီးမှာလည်း ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်သွားရင်း ဟန်ခယ်အာကို ပြင်ဆင်ထားရန်နှင့် ရက်အနည်းငယ်အတွင်း အောင်သွယ်တော် လွှတ်လိုက်မည်ဟု ပြောခဲ့သေးသည်။

ဟန်ခယ်အာမှာ ခန္ဓာကိုယ် ယိုင်နဲ့သွားပြီး မျက်နှာမှာလည်း ဖြူလျော်သွားသည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သမျှသော အဆိုးများက သူမကို နွမ်းနယ်စေခဲ့ပြီး ဘာမှ မတတ်နိုင်တော့ဟု ခံစားနေရသည်။

သူမသည် လူတိုင်းနှင့် ရန်သူဖြစ်ထားခဲ့ရာ မည်သူ့ထံသို့ အကူအညီ တောင်းရမည်ကိုလည်း မသိတော့ပေ။

သို့သော် သူမသည် သူမ၏ ကံကြမ္မာကို ဒီအတိုင်း အရှုံးမပေးလိုပေ။

သူမသည် အခြားကမ္ဘာမှ ကူးပြောင်းလာသူ၊ လှပပြီး ထက်မြက်သူ တစ်ဦး ဖြစ်ပါလျက်နှင့်။

သူမသည် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွေ ပြန်စမည့်အချိန်နှင့် ပြုပြင်ပြောင်းလဲရေး ခေတ်ဦးတွင် အောင်မြင်မှုတွေ ရယူရန် စောင့်ဆိုင်းနေခဲ့သူ မဟုတ်ပါလား။

ဘာလို့ သူမ ဘဝက ဒီလို ဖြစ်သွားရတာလဲ။

ဝူး ဝူး ဝူး၊ သူမ နားမလည်နိုင်တော့ပါ၊ တကယ်ကို နားမလည်နိုင်တော့ပါ။

ဟန်ခယ်အာသည် မျက်နှာကို အုပ်ကာ ထိုင်ချပြီး ငိုနေတော့သည်။

ထိုအချိန်တွင် ပိုင်ရန်ရန် အနားသို့ လျှောက်လာခဲ့သည်။

"ဟန်ခယ်အာ... နင် အခုထိ နားမလည်သေးဘူးလား။"

"ဒါတွေ အားလုံးက ထျဲလန်ယန်ရဲ့ အစီအစဉ်တွေပဲ၊ သူမသာ မရှိရင် နင် ဒီလောက်အထိ ဒုက္ခရောက်မှာ မဟုတ်ဘူး။"

ဟန်ခယ်အာ ရုတ်တရက် ခေါင်းထောင်ကြည့်လိုက်ရာ ပါးပြင်ပေါ်တွင် မျက်ရည်များ စိုရွှဲနေဆဲ ဖြစ်သည်။

"ဟုတ်တယ်... အဲဒီကောင်မ ထျဲလန်ယန်ပဲ၊ အဲဒီကောင်မကြောင့်။"

ဟန်ခယ်အာ၏ မျက်လုံးများတွင် ကလဲ့စားချေလိုစိတ်များ တောက်လောင်လာပြီး အံကြိတ်ကာ ပြောလိုက်သည်။ "အဲဒီကောင်မ... သူမကို ဘဝပျက်အောင် လုပ်ပစ်မယ်၊ ဟိုလူပျိုကြီးလည်း ငါ့အလှည့်ကို စောင့်နေလိုက်..."

….

ထိုညတွင်။

လူရိပ်တစ်ခုမှာ ပညာတတ်လူငယ်ဝင်းထဲမှ တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။

နာရီဝက်ခန့် ကြာပြီးနောက် သူမသည် ဝင်းတံခါးဝသို့ ပြန်ရောက်လာသည်။

ဝင်းထဲသို့ ဝင်လာပြီးနောက် သူမ မီးဖိုချောင်ထဲသို့ ဝင်ကာ ဓားတစ်ချောင်းကို ယူလိုက်သည်၊ ထို့နောက် အမျိုးသမီး ပညာတတ်လူငယ်များ အခန်းဆီသို့ ပြေးသွားတော့သည်။

တံခါးကို ဝုန်းခနဲ ဖွင့်လိုက်သည်နှင့် သူမသည် ဓားကို မြှောက်ကာ ကုတင်ပေါ်ရှိ လူရိပ်တစ်ခုဆီသို့ ခုတ်ချလိုက်သည်။

ဓားမကျမီမှာပင် သူမ၏ လက်မောင်းမှာ အတင်းအကျပ် အဖမ်းခံလိုက်ရသည်။

"ဟန်ခယ်အာ... နင် ဘာလုပ်နေတာလဲ။ နင် လူသတ်မလို့လား။"

ထျဲလန်ယန်က ဒေါသတကြီး အော်ဟစ်လိုက်သဖြင့် အခန်းထဲရှိ လူအားလုံး နိုးလာကြတော့သည်။

အခြား မိန်းကလေးများက ရေနံဆီမီးအိမ်ကို အမြန် ထွန်းလိုက်ကြရာ ဟန်ခယ်အာသည် ရူးသွပ်နေသော ပုံစံဖြင့် ဓားကို ကိုင်ထားသည်ကို မြင်လိုက်ရသဖြင့် ကြောက်လန့်တကြား အပြင်သို့ ပြေးထွက်ကုန်ကြသည်။

"ကယ်ကြပါဦး၊ ကယ်ကြပါဦး၊ ဟန်ခယ်အာ ရူးသွားပြီ။ သူမ ရဲဘော်ထျဲကို သတ်မလို့ လုပ်နေတယ်။"

တာဝန်ခံ ဟူဟောင်မှာ အလွန်စိုးရိမ်သွားသဖြင့် ဖိနပ်ပင် မစီးနိုင်တော့ဘဲ အပေါ်အင်္ကျီကို ဆွဲဝတ်ကာ ပြေးလာခဲ့သည်။

အခြားလူများလည်း နိုးလာကြပြီး အမျိုးသမီး အခန်းဆီသို့ အပြေးအလွှား ရောက်လာကြတော့သည်။

ယခုအခါ ထျဲလန်ယန်က ဟန်ခယ်အာထံမှ ဓားကို လုယူလိုက်ပြီဖြစ်ကာ ဟန်ခယ်အာမှာ နံရံဆီသို့ ကန်ထုတ်ခံလိုက်ရသဖြင့် ကြမ်းပြင်ပေါ်တွင် လူးလိမ့်နေတော့သည်။

သူမ ထရန် ကြိုးစားသော်လည်း ထျဲလန်ယန်၏ ကန်ချက်မှာ အားအပြည့် ပါဝင်နေသဖြင့် မထနိုင်ရှာပေ။

ဟန်ခယ်အာမှာ တစ်ကိုယ်လုံး နာကျင်နေပြီး မထနိုင်တော့ပေ။

သူမသည် ထျဲလန်ယန်ကို နာကျည်းမှုများဖြင့်သာ စိုက်ကြည့်နိုင်ပြီး ဆဲရေးတိုင်းထွာနေတော့သည်။

"ထျဲလန်ယန်... နင်က ယုတ်မာတဲ့ ကောင်မ၊ နင်ပဲ ငါ့ကို ဒီလိုဖြစ်အောင် လုပ်တာ၊ နင့်ကို ငါ အလွှတ်မပေးဘူး၊ နင့်ကို ငါ သတ်ပစ်မယ်။"

All Chapters