← Chapters

အခန်း ၈၇

Vol. 9 Ch. 87

အခန်း ၈၇

Vol. 9 Ch. 87

၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်

အပိုင်း ၈၇

စုန့်မိသားစု၏ အိမ်ဝင်းလေးအတွင်း၌။

စုန့်ရွှယ်သည် ဝင်းတံခါးကို တွန်းဖွင့်ကာ စိတ်လှုပ်ရှားစွာဖြင့် အိမ်ထဲသို့ ပြေးဝင်လာသည်။

"အမေ၊ အမေ၊ သတင်းကောင်း ရှိတယ်။"

စုန့်၏အမေ ဟဲချွန်းဟွာမှာ မီးဖိုချောင်တွင် ဟင်းချက်နေရင်း သမီးဖြစ်သူ၏ အသံကို ကြားသည်နှင့် လက်ကို အေပရွန်တွင် အမြန်သုတ်ကာ ပြုံးရွှင်စွာဖြင့် ခေါင်းပြူကြည့်လိုက်သည်။

"ဘာဖြစ်လာလို့လဲ။ ကြည့်စမ်း... အရမ်းပျော်နေလိုက်တာ၊ ဆံပင်တွေလည်း ဖရိုဖရဲနဲ့။"

"အမေ။ ကိုကြီးနဲ့ အစ်မယန်နဲ့က အရင်ကတည်းက သိနေကြတာတဲ့ သိလား။"

စုန့်ရွှယ်၏ စပျစ်သီးကဲ့သို့ ဝိုင်းစက်နေသော မျက်ဝန်းလေးများမှာ ဝမ်းသာအားရ တောက်ပနေပြီး သူမ ဆက်ပြောလိုက်သည်။

"အရေးကြီးဆုံးကတော့လေ... ကိုကြီးက အစ်မယန်ကို ကြိုက်နေတာ။"

"ဘာ၊ တကယ်လား။"

ဟဲချွန်းဟွာမှာ ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး သားကြီးကို လှမ်းကြည့်ကာ မေးလိုက်သည်။

"သား... မင်းမှာ ကြိုက်တဲ့သူ ရှိနေပြီ မဟုတ်လား။"

စုန့်ပိုင်ယွမ်က ပါးစပ်ကို လက်ဖြင့်အုပ်ကာ ချောင်းဟန့်လိုက်သည်။ "အမေ... အရင်က ကျွန်တော် လျှောက်ပြောမိတာပါ။"

ဟဲချွန်းဟွာ အလွန်ဝမ်းသာသွားခဲ့သည်။ "ဒါဆို မင်းက မိန်းကလေးယန်ကို တကယ်ကြိုက်နေတာပေါ့၊ ဘယ်တုန်းက တွေ့ခဲ့ကြတာလဲ။"

ထျဲလန်ယန်က ပေကျင်းတွင် စုန့်ပိုင်ယွမ်ကို ကူညီခဲ့ဖူးကြောင်း သိလိုက်ရသောအခါ ဟဲချွန်းဟွာမှာ ပျော်လွန်း၍ ပေါင်ကိုပင် လက်ဖြင့် ပုတ်လိုက်မိသည်။

"သား... တွေ့လား၊ အမေ ပြောသားပဲ။ ရှောင်ယန်က လူကောင်းလေးပါလို့။"

"ကြည့်စမ်း... သူမက ဘယ်လောက် စိတ်ထားကောင်းလဲ၊ ဒီလို သမီးမျိုးသာ အိမ်ကို ခေါ်လာနိုင်ရင် ငါတို့ မိသားစု မျိုးဆက်ပေါင်းများစွာ ကံကောင်းမှာ သေချာတယ်။"

စုန့်ပိုင်ယွမ် နဖူးကို လက်နှင့်အုပ်လိုက်မိသည်။ "အမေရာ... ဘာမှ မရေရာသေးပါဘူး၊ အရမ်း စိတ်မလှုပ်ရှားပါနဲ့ဦး။"

လောလောဆယ်တွင် သူကသာ စိတ်ဝင်စားနေခြင်း ဖြစ်ပြီး အမျိုးသမီးလေးဘက်မှ စိတ်မပါလျှင် အားလုံးက အလကား ဖြစ်သွားလိမ့်မည်။

ဟဲချွန်းဟွာက ရယ်မောလိုက်သည်။ "သား... မင်းကိုယ်မင်း ယုံကြည်ချက် မရှိဘူးလား။ ဒါမျိုးတော့ မလုပ်နဲ့လေ၊ ယောက်ျားဖြစ်ပြီး မလုပ်နိုင်ဘူးလို့ မပြောရဘူး။"

စုန့်ရွှယ်ကလည်း မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။ "ဟုတ်တယ် ကိုကြီး၊ ပိုကြိုးစားမှ ဖြစ်မယ်၊ မမချောချောလေးကို အိမ်ကို အမြန်ဆုံး ခေါ်လာခဲ့နော်။"

စုန့်ပိုင်ယွမ် - .....

"အမေ... ဒီမနက် သမဝါယမဆိုင်ကနေ ဝက်သား ဝယ်လာတယ် မဟုတ်လား။ အဲဒါလေး နည်းနည်း ယူသွားမယ်နော်၊ ပညာတတ်လူငယ်ဝင်းမှာ သွားစားမလို့။"

စုန့်ပိုင်ယွမ်သည် မီးဖိုချောင်ထဲသို့ တန်းဝင်ကာ လက်ဖဝါးခန့်ရှိသော အသားတစ်တုံးကို ဆွဲယူပြီး အပြင်သို့ ပြေးထွက်သွားတော့သည်။

ဟဲချွန်းဟွာက ယောက်မကို ကိုင်လျက် နောက်က လိုက်အော်ခဲ့သည်။ "သား၊ မင်း ယူသွားတာ မှားနေပြီ။ အဲဒါ ဝက်အသည်းလေ၊ ဝက်သား မဟုတ်ဘူး။"

ကံမကောင်းစွာဖြင့် စုန့်ပိုင်ယွမ်က အပြေးမြန်လွန်းသဖြင့် သူမ ပြောသည်ကို မကြားလိုက်ပေ။ ကြားလျှင်ပင် သူ ပြန်လာမည် မဟုတ်ပါ။

သူ့အမေနှင့် ညီမမှာ အယုံသွင်းရာတွင် ကျွမ်းကျင်သော ဆရာကြီးများ ဖြစ်ကြသဖြင့် သူ မတတ်နိုင်တော့ပေ။

အိမ်မှာသာ ခဏထပ်နေလျှင် သူ တစ်ခုခုကို စိတ်လိုက်မာန်ပါ လုပ်မိမည်ကို စိုးရိမ်နေသည်။

အမျိုးသမီးလေးက ငယ်သေးသဖြင့် သူကသာ ရုတ်တရက်ကြီး လုပ်ဆောင်လိုက်လျှင် သူမ ထိတ်လန့်သွားမည်ကို သူ မလိုလားပေ။

စုန့်ပိုင်ယွမ် ရောက်လာသောအခါ ပညာတတ်လူငယ်များအားလုံးက သူ့ကို ကြိုဆိုကြသည်။

သူ ယူလာသော အသားကို ထုတ်ပြသောအခါ ဟင်းချက်ရန် တာဝန်ကျသော အမျိုးသမီး ပညာတတ်လေးက ပြုံးကာ ပြောလိုက်သည်။

"ဩော်... ဝက်အသည်းပါလား၊ ကျွန်မ ဝက်အသည်း သိပ်ကြိုက်တာ။ ဝက်အသည်း၊ ကြက်ဥနဲ့ မှိုဟင်းချို ချက်လိုက်ရမလား။ သိပ်ကောင်းမှာနော်။"

အခြားသူများကလည်း ခေါင်းညိတ်ကြသည်။ "ကောင်းသားပဲ။"

ဝက်အသည်းမှာလည်း အသားဟုပင် သတ်မှတ်နိုင်ကာ အားရှိစေသဖြင့် အားလုံးက သဘောကျနေကြသည်။

ယနေ့တွင် ပညာတတ်လူငယ်ဝင်း၌ လူစုပွဲရှိသဖြင့် လူတိုင်း အလုပ်ရှုပ်နေကြသည်။

မီးဖိုချောင်တွင် လေးယောက် ဟင်းချက်နေပြီး နှစ်ယောက်က ဟင်းသီးဟင်းရွက် ဆေးကြောကာ အမျိုးသား သုံးဦးမှာ ထင်းခွဲ၊ ရေခပ် အလုပ်များကို လုပ်နေကြသည်။

ကျန်သူများမှာမူ သန့်ရှင်းရေး လုပ်နေကြရာ နှစ်သစ်တွင် ပုံစံသစ်ဖြင့် အရာအားလုံး လန်းဆန်းနေရန် ပြင်ဆင်နေကြခြင်း ဖြစ်သည်။

စုန့်ပိုင်ယွမ်မှာ ထိုင်စားရုံသာ မလုပ်လိုပေ၊ ဘာမှ မလုပ်ဘဲ နေရသည်ကို သူ စိတ်မသက်မသာ ဖြစ်နေသည်။

ဝမ်ကျွင်းကျွင်းသည် ပုဆိန်ဖြင့် ထင်းခွဲရန် ရုန်းကန်နေသည်ကို မြင်သောအခါ သူ အနားသို့ လျှောက်သွားလိုက်သည်။

"ငါ ကူညီပေးမယ်။"

ဝမ်ကျွင်းကျွင်းက သူ့ကို ကယ်တင်ရှင်တစ်ဦးအလား ကြည့်ကာ ပြောလိုက်သည်။

"ကောင်းပါပြီ အစ်ကိုကြီးစုန့်၊ အစ်ကိုကြီးပဲ လုပ်လိုက်ပါတော့။"

၀မ်ကျွင်းကျွင်းမှာ နှုတ်ချိုသူ ဖြစ်သည်၊ စုန့်ပိုင်ယွမ်နှင့် နှစ်ခါသာ ဆုံဖူးသော်လည်း အစ်ကိုကြီး ဟုပင် ခေါ်နေပြီ ဖြစ်သည်။

စုန့်ပိုင်ယွမ်က အပေါ်အင်္ကျီကို ချွတ်ကာ ပုဆိန်ကို ယူလိုက်ပြီး ပေါ့ပေါ့ပါးပါးပင် လွှဲလိုက်သည်။

ဝမ်ကျွင်းကျွင်း လေးငါးကြိမ် ခုတ်သော်လည်း မပြတ်သော ထင်းတုံးကြီးမှာ ချက်ချင်းပင် နှစ်ခြမ်းကွဲသွားတော့သည်။

ဝမ်ကျွင်းကျွင်းက အံ့သြတကြီးဖြင့် လက်မထောင်ပြလိုက်သည်။ "အစ်ကိုကြီးစုန့်၊ တကယ်ကို တော်တာပဲ။"

သူ ပုဆိန်ကို ထပ်လွှဲလိုက်ရာ ထင်းတုံးမှာ ထပ်၍ ကွဲသွားပြန်သည်။

ဝမ်ကျွင်းကျွင်းက တအံ့တဩ လက်ခုပ်တီးရင်း ပြောလိုက်သည်။

"အစ်ကိုကြီးစုန့်... ဘယ်လိုလုပ်လိုက်တာလဲ။ ကြည့်ရတာ အားတောင် မစိုက်ရသလိုပဲ။"

စုန့်ပိုင်ယွမ် - "စစ်တပ်မှာ အမြဲတမ်း လေ့ကျင့်ခန်း လုပ်နေရလို့ ဖြစ်မှာပါ။"

"ဒါကြောင့် အစ်ကိုကြီးရဲ့ ကြွက်သားတွေက ဒီလောက် ထွက်နေတာကိုး။"

ဝမ်ကျွင်းကျွင်းက အားကျစွာဖြင့် ပြောလိုက်သည်။ "ပြီးခဲ့တဲ့ အခေါက် တောင်ခြေမှာ အစ်ကိုကြီး ထင်းခွဲနေတာကို တွေ့တုန်းက ကျွန်တော်နဲ့ အစ်မယန်နဲ့ အစ်ကိုကြီးအကြောင်း ပြောဖြစ်သေးတယ်။"

စုန့်ပိုင်ယွမ် ခဏရပ်လိုက်မိသည်။ "ရဲဘော်ထျဲနဲ့ ငါ့အကြောင်း ဘာတွေ ပြောဖြစ်ကြတာလဲ။"

ဝမ်ကျွင်းကျွင်း - "ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး၊ အစ်ကိုကြီး အင်္ကျီမပါဘဲ ထင်းခွဲနေတာကို တွေ့တော့ ကျွန်တော်က အစ်ကိုကြီးရဲ့ ခန္ဓာကိုယ်ကို အားကျတယ်လို့ ပြောတာ၊ သူမကတော့ ကျွန်တော့်ကို နင် တစ်သက်လုံး လေ့ကျင့်ရင်တောင် အဲဒီလို ဖြစ်လာမှာ မဟုတ်ဘူးလို့ ပြန်ပြောတယ်။"

စုန့်ပိုင်ယွမ် : ???

စုန့်ပိုင်ယွမ် - .....

ဒါဆို ထျဲလန်ယန်က သူ့ရဲ့ ခန္ဓာကိုယ် တောင့်တင်းတာကို ချီးကျူးခဲ့တာပေါ့။

ဖြစ်နိုင်ပါသည်။

သူ့ရှေ့တွင် တိုက်ရိုက်မပြောသော်လည်း အဓိပ္ပာယ်ကတော့ အတူတူပင် ဖြစ်သည်။

စုန့်ပိုင်ယွမ် ပြုံးလိုက်မိပြီး ထင်းကို ပို၍ပင် အားသွန်ခွန်စိုက် ခုတ်တော့သည်။

ဝမ်ကျွင်းကျွင်းက တအံ့တဩ ရေရွတ်ရင်း ခုတ်ပြီးသား ထင်းများကို မီးဖိုချောင် ထောင့်တွင် သွားပုံလိုက်သည်။

ထျဲလန်ယန်သည် မီးဖိုချောင်တွင် ကူညီပေးနေရင်း အပြင်သို့ ထွက်လာသောအခါ ဤမြင်ကွင်းကို မြင်လိုက်ရသည်။

ဆောင်းရာသီ၏ နေရောင်အောက်တွင် အရပ်ရှည်ရှည် လူရိပ်တစ်ခုမှာ ဝင်းထဲ၌ ကျွမ်းကျင်စွာ ထင်းခွဲနေသည်။

ပုဆိန် အကျတွင် ဖောက်ခနဲ အသံနှင့်အတူ ထူထဲသော ထင်းတုံးကြီးမှာ ချက်ချင်းပင် ကွဲထွက်သွားပြီး ထင်းစအချို့ လွင့်စင်သွားခဲ့သည်။

ဝမ်ကျွင်းကျွင်းမှာမူ လက်ပါးစေတစ်ဦးပမာ ထင်းများကို ဟိုဖက်ဒီဖက် သယ်ယူရင်း ပြေးလွှားနေသည်။

ထျဲလန်ယန် ထွက်လာသည်ကို မြင်သောအခါ သူ လက်ဝှေ့ယမ်းပြလိုက်သည်။ "အစ်မယန်... ပြီးပြီလား။"

ထင်းခွဲနေသူမှာ ခဏရပ်ကာ လှည့်ကြည့်လိုက်ရာ ထင်ရှားပြတ်သားသော မျက်နှာကျနှင့် ခံ့ညားသည့် မျက်နှာတစ်ခု ပေါ်ထွက်လာသည်။

"ရဲဘော်ထျဲ။"

စုန့်ပိုင်ယွမ်က ထျဲလန်ယန်ကို ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် သူသည် ပုဆိန်ကို ချကာ အနက်ရောင် ဆွယ်တာအင်္ကျီကို ချွတ်လိုက်ရာ အတွင်းမှ အဖြူရောင် စွပ်ကျယ်အင်္ကျီ ပေါ်လာတော့သည်။

ဝမ်ကျွင်းကျွင်းက အံ့သြစွာ ကြည့်လိုက်မိသည်။ "အစ်ကိုကြီးစုန့်... ဒီလောက် အေးနေတာကို ဘာလို့ ဆွယ်တာ ချွတ်လိုက်တာလဲ၊ မအေးဘူးလား။"

စုန့်ပိုင်ယွမ် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "ထင်းခွဲရတာ နည်းနည်း ပူလာလို့ပါ။"

ဝမ်ကျွင်းကျွင်းက အနားသို့ တိုးကြည့်လိုက်သည်။ "ဒါပေမယ့်... အစ်ကိုကြီးဆီမှာ ချွေးလည်း ထွက်မနေပါဘူး။"

စုန့်ပိုင်ယွမ် - .....

ညီလေးရာ... ငါ့ကို အရှက်တော့ မခွဲပါနဲ့ကွာ။

စုန့်ပိုင်ယွမ်က သူ့ကို ဂရုမစိုက်တော့ဘဲ ပုဆိန်ကို ပြန်ကောက်ကာ ထင်းကို ဆက်ခုတ်နေတော့သည်။

အဖြူရောင် စွပ်ကျယ်အင်္ကျီသာ ဝတ်ထားသဖြင့် ပုဆိန်ကို လွှဲလိုက်တိုင်း လက်မောင်းကြွက်သားများမှာ ရုန်းတက်လာပြီး ကြည့်ရသည်မှာ ခွန်အားအပြည့်နှင့် ဆွဲဆောင်မှု ရှိလှသည်။

တစ်ကိုယ်လုံးရှိ ကြွက်သားများမှာ တကယ်ပင် မြင်ရသူကို ဖမ်းစားနိုင်စွမ်း ရှိသည်။

ဝမ်ကျွင်းကျွင်းမှာ ခေါင်းခါရင်း သက်ပြင်းချလိုက်မိသည်၊ သူကတော့ အားကျရုံမှတစ်ပါး အခြားမရှိပေ။

ထျဲလန်ယန်သည် သန်မာထွားကြိုင်းသော အမျိုးသားကြီး ထင်းခွဲနေသည့် မြင်ကွင်းကို ခဏတာ ငေးကြည့်နေပြီးမှ ခန်းမကြီးထဲသို့ ဝင်သွားတော့သည်။

ဝမ်ကျွင်းကျွင်းသည် သူမကို စကားပြောရန် ပြင်လိုက်သော်လည်း သူမ ထွက်သွားသည်ကို မြင်သောအခါ နောက်မှ အမြန်လိုက်သွားခဲ့သည်။

"အစ်မယန်... ဘယ်သွားမလို့လဲ။ ကျွန်တော် ကူညီပေးရမလား။"

မကြာမီ ဝင်းထဲတွင် စုန့်ပိုင်ယွမ် တစ်ယောက်တည်းသာ ထင်းခွဲရင်း ကျန်ရစ်တော့သည်။

"ဝူးး။"

အေးစက်သော လေတစ်ချက် တိုက်ခတ်သွားရာ စုန့်ပိုင်ယွမ်မှာ မနေနိုင်ဘဲ ချမ်းတုန်သွားရှာသည်။

အားလုံးလည်း ထွက်သွားကြပြီဆိုတော့ ဆွယ်တာ ပြန်ဝတ်လိုက်ရင် ကောင်းမလား။

တစ်ယောက်ယောက် ထပ်ထွက်လာရင်ရော။

သူ ဝေခွဲမရ ဖြစ်နေစဉ်မှာပင် ထျဲလန်ယန်သည် အခန်းထဲမှ ပြန်ထွက်လာခဲ့သည်။

"အပြင်မှာ တော်တော်အေးတယ်နော်၊ ဒီမနက်တောင် နှင်းတွေ ခဲနေတာ၊ ဆွယ်တာ ပြန်ဝတ်ထားလိုက်ပါဦး။"

စုန့်ပိုင်ယွမ်၏ နှုတ်ခမ်းများ ပြုံးယောင်သန်းသွားခဲ့သည်။ "ကောင်းပါပြီ... မင်းစကားအတိုင်း နားထောင်ပါ့မယ်။"

All Chapters