← Chapters

အခန်း (၂၄၉-၂၅၀)

Vol. 14 Ch. 249-250

အခန်း (၂၄၉-၂၅၀)

Vol. 14 Ch. 249-250

အခန်း (၂၄၉) သန်းတစ်ရာ

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလျက် “ကျေးဇူးတင်ပါတယ်” ဟု ဆိုလိုက်သည်။

ထိုလူကလည်း ခေါင်းညိတ်တုံ့ပြန်လိုက်ပြီး “နောက်ထပ် တစ်ခုရှိသေးတယ်၊ မင်း ဒီကထွက်သွားပြီးရင် လင်ယင်းဘုရားကျောင်းကိုသွားပြီး ဆရာကြီးကုဝုကို ရှာလိုက်ပါ၊ ပြီးတော့ သူ့ကို မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုးအကြောင်း ပြောပြလိုက်” ဟု မှာကြားလေသည်။

ချင်ယွမ်ဖုန်းက “ကျွန်တော် နားလည်ပါပြီ” ဟု ဆိုကာ ခေါင်းညိတ်ဝန်ခံခဲ့သည်။

ထို့နောက် ချင်ယွမ်ဖုန်းသည် ဟင်းလင်းပြင်ဝင်ပေါက်ဆီသို့ လျှောက်လှမ်းသွားတော့သည်။

ထိုလူက လက်တစ်ချက်ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင်ဝင်ပေါက်ကို ပိတ်ဆို့ထားသော ဝိညာဉ်အဆောင်ပုံရိပ်များမှာ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေသည်။

“ကောင်လေး၊ ငါ့နာမည်က ကျိရှန့်တဲ့၊ အဲဒါကို မှတ်ထားပါ” ဟု ထိုလူက နောက်ကနေ လှမ်းအော်ပြောလိုက်သည်။

ချင်ယွမ်ဖုန်းက လက်ပြနှုတ်ဆက်ရင်း ဟင်းလင်းပြင်လမ်းကြောင်းထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။

ကျိရှန့်သည် ထွက်ခွာသွားသော ချင်ယွမ်ဖုန်း၏ ကျောပြင်ကို ငေးကြည့်နေရင်း နတ်သက်ကြွေဆေးမြက်၏ အရွက်ကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။

သူသည် ချင်ယွမ်ဖုန်းနှင့် သူ၏မိခင်ကို ထားရစ်ခဲ့ပြီးကတည်းက ဤနေရာတွင် ရှိနေခဲ့သည်မှာ ဆယ့်ရှစ်နှစ်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ကျိရှန့်သည် ချင်ဟွားနှင့် သူတစ်ခါမှမမြင်ဖူးသေးသော သားဖြစ်သူအကြောင်းကို အချိန်တိုင်း တွေးတောနေခဲ့မိသော်လည်း ယခုကဲ့သို့ သတင်းစကားကို အရင်ဆုံး ကြားသိရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ယနေ့သည် သူချစ်မြတ်နိုးရသော အမျိုးသမီး ကွယ်လွန်သွားပြီဖြစ်ကြောင်း သိလိုက်ရသည့်အတွက် ဝမ်းနည်းစရာနေ့တစ်နေ့အဖြစ် သတ်မှတ်ရမည်ဖြစ်သော်လည်း တစ်ဖက်တွင်လည်း မိမိ၏ရင်သွေးနှင့် ဆုံတွေ့ခွင့်ရခဲ့သည့်အတွက် ပျော်ရွှင်စရာနေ့တစ်နေ့လည်း ဖြစ်နေပေသည်။

ကျိရှန့်၏ ခြေလှမ်းများမှာ အနည်းငယ် ယိုင်နဲ့နေသည်။ သူသည် ဟင်းလင်းပြင်ဝင်ပေါက်၏ အပြင်ဘက်တွင် ဝိညာဉ်အဆောင်ပုံရိပ်များကို ပြန်လည်ရေးဆွဲလိုက်ပြီးနောက် လမ်းတစ်ခုအတိုင်း တည့်တည့်လျှောက်သွားလေသည်။

သူသည် အလျင်စလို မလျှောက်သော်လည်း ခြေတစ်လှမ်းလှမ်းတိုင်း မိုင်တစ်ရာခန့် ခရီးပေါက်နေ၏။ ဤသည်မှာ မြေကျုံ့ခြင်းပညာရပ်ထက် ပိုမိုနက်ရှိုင်းသော လှုပ်ရှားမှုပညာရပ်ဖြစ်သည့် ဟင်းလင်းပြင်ဆိုင်ရာ နိယာမကို အသုံးချခြင်းပင် ဖြစ်သည်။

မကြာမီမှာပင် ကျိရှန့်သည် အိမ်လေးတစ်လုံး၏ ရှေ့သို့ ရောက်ရှိလာသည်။ ဤကဲ့သို့သော နေရာမျိုးတွင် အိမ်ကလေးတစ်လုံး ရှိနေခြင်းမှာ အလွန်ပင် ထူးဆန်းနေပေသည်။

ထိုအိမ်လေး၏ ရှေ့တွင် ကျောက်စားပွဲတစ်ခု ရှိနေပြီး အိမ်နှင့်မလှမ်းမကမ်းတွင် နောက်ထပ် ဟင်းလင်းပြင်ဝင်ပေါက်တစ်ခု ရှိနေပြန်သည်။

“ဆရာတော်၊ ထွက်ခဲ့စမ်း” ဟု ကျိရှန့်က အော်ဟစ်လိုက်သည်။

အိမ်လေး၏ တံခါးမှာ အသာအယာ ပွင့်ဟလာပြီးအတွင်းမှ ရဟန်းတစ်ပါး ထွက်လာခဲ့သည်။

ထိုရဟန်းမှာ အရပ်နှစ်မီတာကျော် မြင့်မားပြီး ဗလတောင့်တင်းကာ အလွန်ပင် ခန့်ညားလှပေသည်။ ပြောင်လက်နေသော ဦးခေါင်းပေါ်တွင်လည်း သင်္ကန်းစာအမှတ်ကိုးခု ရှိနေပြီး လည်ပင်းတွင် လက်သီးဆုပ်ခန့်ရှိသော စိတ်ပုတီးစေ့များကို ဆွဲထားလေသည်။

“ကျိရှန့်၊ မင်း ဒီကို ဘာလာလုပ်တာလဲ၊ အရက်လာနှိုက်ပြန်ပြီလား” ဟု ထိုရဟန်းကြီးက အေးစက်စွာ မေးလိုက်သည်။

ကျိရှန့်က ပြုံးလိုက်ရင်း “ဆရာကြီးက တကယ်ပဲ ကျွန်တော့်ရင်ထဲက အူသိမ်အူမလေးလိုပါပဲ၊ ကျွန်တော် ဘာတွေးနေလဲဆိုတာ အကုန်သိနေတာပဲ။ မြန်မြန်၊ မြန်မြန်၊ ဆရာကြီး သိမ်းထားတဲ့ အကောင်းဆုံးအရက်တွေကို ဒီနေ့ ထုတ်ခဲ့စမ်းပါ၊ မူးအောင် သောက်ကြတာပေါ့” ဟု ဆိုလေသည်။

“သွားစမ်း၊ သွားစမ်း။ ပြီးခဲ့တဲ့တစ်ခေါက်က ငါ့အရက်အိုးတွေကို ခိုးသွားတဲ့ကိစ္စတောင် မင်းကို အပြစ်မပေးရသေးဘူး” ဟု ရဟန်းကြီးက မကျေမနပ် ပြောလိုက်သည်။

သို့သော် ကျိရှန့်ကမူ အရှက်မရှိဘဲ ကပ်တွယ်နေလျက် “ဆရာကြီးကလည်း မစေးနဲပါနဲ့။ ဒီနေ့ ကျွန်တော့်မှာ ပျော်စရာ အခမ်းအနားတစ်ခု ရှိလို့ပါ” ဟု ဆိုသည်။

“ဘာပျော်စရာရှိလို့လဲ” ဟု ရဟန်းကြီးက စူးစမ်းစွာ မေးမြန်းလေသည်။

ကျိရှန့်က ရယ်မောရင်း “ကျွန်တော်... ကျွန်တော့်သားနဲ့ တွေ့ခဲ့တယ်” ဟု ပြန်ဖြေလိုက်သည်။

“မင်းရဲ့သား ဟုတ်လား” ရဟန်းကြီးက တဟားဟား ရယ်မောလိုက်ပြီး “ကျိရှန့်၊ မင်းမှာ သားရှိတယ်လို့ တစ်ခါမှ မပြောဖူးပါလား” ဟု ဆိုသည်။

“ဟုတ်တယ်၊ ကျွန်တော်ကိုယ်တိုင်လည်း သူ့ကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ” ဟု ကျိရှန့်က ရယ်လျက် ပြောလိုက်သည်။

နောက်ဆုံးတွင် ရဟန်းကြီးသည် ကျိရှန့်ကို မလွန်ဆန်နိုင်တော့ဘဲ သူသိမ်းဆည်းထားသော အကောင်းဆုံးအရက်များကို ထုတ်ပေးလိုက်ရာ ကျိရှန့်နှင့်အတူ အားရပါးရ သောက်စားကြတော့သည်။

ကြည့်ရသည်မှာ ဤရဟန်းသည်လည်း အသားသောက် အရက်စား ရဟန်းတစ်ပါး ဖြစ်ပုံရပေသည်။

ကျိရှန့်သည် အရက်ခွက်များကို တစ်ခွက်ပြီးတစ်ခွက် မော့ချနေရင်း နောက်ဆုံးတွင် ကျောက်စားပွဲပေါ်၌ပင် မူးယစ်ကာ မှောက်ရက်သား လဲကျသွားတော့သည်။ “အမိတာဘ” ဟု ရဟန်းကြီးက လက်အုပ်ချီလျက် အသံတိုးတိုးဖြင့် ရွတ်ဆိုလိုက်လေသည်။

ပြီးခဲ့သည့်အကြိမ်က ချင်ယွမ်ဖုန်းသည် ဟင်းလင်းပြင်လမ်းကြောင်းထဲသို့ ကျရောက်စဉ်က သတိလစ်နေခဲ့သဖြင့် အတွင်း၌ မည်သို့ခံစားရသည်ကို မသိရှိခဲ့ပေ။

ယခုတစ်ကြိမ်တွင်မူ ချင်ယွမ်ဖုန်းသည် ပတ်ဝန်းကျင်ကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။

ယခုအချိန်တွင် သူသည် ပြွန်တစ်ခုအတွင်းသို့ ရောက်ရှိနေသကဲ့သို့ ခံစားရပြီး အထက်၊ အောက်၊ ဝဲ၊ ယာ ပတ်ပတ်လည်တွင် မှောင်အတိ ကျနေသော်လည်း ရှေ့နှင့်နောက်တွင်မူ တောက်ပသော အလင်းရောင်များကို မြင်တွေ့နေရသည်။

စွမ်းအားတစ်ခုက သူ၏ခန္ဓာကိုယ်ကို တွန်းထုတ်နေပြီး ထိုနေရာမှ ထွက်ခွာရန် တိုက်တွန်းနေသကဲ့သို့ ရှိပေသည်။

မကြာမီမှာပင် ချင်ယွမ်ဖုန်းသည် ဟင်းလင်းပြင်လမ်းကြောင်းထဲမှ ထွက်လာခဲ့ပြီး သူ၏နောက်ကွယ်ရှိ နက်မှောင်သော အပေါက်ကြီးနှင့်တူသည့် ဟင်းလင်းပြင်လမ်းကြောင်းမှာ တဖြည်းဖြည်း ပြန်လည်ပိတ်သိမ်းသွားလေသည်။

ချင်ယွမ်ဖုန်းသည် ဟင်းလင်းပြင်ဝင်ပေါက်ကို နောက်ဆုံးတစ်ခေါက် ငေးကြည့်ရင်း သက်ပြင်းချလိုက်မိသည်။ ထို့အတူ ကျိရှန့်ဟူသော အမည်ကိုလည်း ရင်ထဲတွင် အမှတ်ရနေမိတော့သည်။

အကယ်၍ သူသာ ထိုသူနှင့်အတူ ရှိနေခဲ့လျှင် ချင်ယွမ်ဖုန်းသည် ကျိဟူသော မျိုးရိုးအမည်ကို ခံယူခဲ့ရလေမလား။

ချင်ယွမ်ဖုန်းသည် သူရောက်ရှိသွားသော နေရာက မည်သည့်နေရာမှန်း မသိသကဲ့သို့ ကျိရှန့်ကလည်း ထိုနေရာတွင် အဘယ်ကြောင့် ရှိနေရသည်ကို မသိပေ။

ကျိရှန့်ကိုယ်တိုင်ကလည်း ချင်ယွမ်ဖုန်းအား ထိုအကြောင်းအရာများကို မသိစေလိုသဖြင့် ဘာမှ ပြောမပြခဲ့ခြင်း ဖြစ်သည်။

သူ့တွင် သံသယများစွာ ရှိနေသော်လည်း ကျိရှန့်၏ တကယ့်မည်သူမည်ဝါဖြစ်ကြောင်း သိရှိပြီးနောက်တွင် သူသည် ထပ်မံမမေးမြန်းတော့ပေ။

အတိုချုပ်ပြောရလျှင် ထိုနေရာသည် လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေသော်လည်း ချင်ယွမ်ဖုန်း၏ လက်ရှိကျင့်စဉ်အဆင့်ဖြင့် သိမြင်နိုင်စွမ်း မရှိသေးပေ။

ချင်ယွမ်ဖုန်း ခေါင်းကို လှည့်ကြည့်လိုက်သောအခါ အဆုံးမရှိသော မြက်ခင်းပြင်ကြီးသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

“ငါ ဒီကို ပြန်ရောက်လာတာပဲ။ နာရင်ထူးယားနဲ့ မန်တာတို့ အခု ဘယ်လိုနေကြလဲ မသိဘူး” ဟု ချင်ယွမ်ဖုန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။

ထိုအချိန်တွင် သူသည် သင့်တော်သော နေရာတစ်ခုကို ရှာဖွေပြီး သိုလှောင်အိတ်ထဲမှ တဲကို ထုတ်ယူကာ အတွင်းသို့ ဝင်လိုက်လေသည်။

တစ္ဆေတံဆိပ်တော်ပေါ်ရှိ တံဆိပ်ခတ်နှိပ်ထားမှုကို ကျိရှန့်က ဖယ်ရှားပေးခဲ့ပြီဖြစ်ရာ ယခုအခါ ချင်ယွမ်ဖုန်းသည် တစ္ဆေတံဆိပ်တော်ကို ပိုင်ရှင်အဖြစ် အသိအမှတ်ပြုစေပြီး ၎င်းကို ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။

ချင်ယွမ်ဖုန်းသည် သူ၏လက်ချောင်းကို ကိုက်ဖြတ်ကာ ထွက်လာသော သွေးကို တစ္ဆေတံဆိပ်တော်ပေါ်သို့ သုတ်လိမ်းလိုက်သည်။

သို့သော် ချင်ယွမ်ဖုန်း အံ့အားသင့်သွားရသည်မှာ ထွင်းထုထားသော တစ္ဆေခေါင်းကြီးက ပါးစပ်ကို ဟလိုက်ပြီး သွေးထွက်နေသော ချင်ယွမ်ဖုန်း၏ လက်ချောင်းကို ကိုက်လိုက်ခြင်းပင် ဖြစ်သည်။

ချင်ယွမ်ဖုန်းသည် သူ၏လက်ချောင်းမှတစ်ဆင့် သွေးမြောက်မြားစွာကို တစ္ဆေတံဆိပ်တော်က စုပ်ယူနေသည်ကို ခံစားလိုက်ရပြီး ထိုခဏ၌ တစ္ဆေတံဆိပ်တော်သည် သွေးကဲ့သို့ ရဲရဲနီသွားတော့သည်။

“ဒါက ဘာကြီးလဲဟ”

ချင်ယွမ်ဖုန်းက အတင်းခါထုတ်လိုက်ပြီး တစ္ဆေတံဆိပ်တော်ကို မြေကြီးပေါ်သို့ လွှင့်ပစ်လိုက်သည်။

တစ္ဆေတံဆိပ်တော်ပေါ်ရှိ အနီရောင်များမှာ တဖြည်းဖြည်း မှိန်ဖျော့သွားသည်။ ချင်ယွမ်ဖုန်းသည် ရှေ့သို့ တိုးသွားကာ တစ္ဆေတံဆိပ်တော်ကို ပြန်လည်ကောက်ယူလိုက်သည်။

ယခုတစ်ကြိမ်တွင်မူ တစ္ဆေတံဆိပ်တော်က သူ့ကို ထပ်မံတိုက်ခိုက်ခြင်း မပြုတော့ဘဲ ချင်ယွမ်ဖုန်းနှင့် တစ္ဆေတံဆိပ်တော်ကြားတွင် ဆက်နွှယ်မှုတစ်ခု ဖြစ်ပေါ်လာလေသည်။

တစ္ဆေတံဆိပ်တော်သည် ၎င်း၏အမည်ကဲ့သို့ပင် တစ္ဆေများ သို့မဟုတ် ဝိညာဉ်များနှင့် သက်ဆိုင်နေပေသည်။

တစ္ဆေတံဆိပ်တော်သည် ကွယ်လွန်သွားသူများ၏ ဝိညာဉ်များကို မပျောက်ကွယ်သွားအောင် စုစည်းပေးနိုင်ပြီး ပိုင်ရှင်ဖြစ်သူက စုပ်ယူနိုင်ရန် ကူညီပေးနိုင်သည့်အပြင် တစ္ဆေများနှင့် ထိုကဲ့သို့သော အရာများအပေါ်တွင်လည်း ကြီးမားသော စွမ်းအား ရှိပေသည်။

သို့သော် ရန်သူများကို တိုက်ခိုက်ရာတွင်မူ တစ္ဆေတံဆိပ်တော်၏ အာနိသင်မှာ ထင်သလောက် သိသာခြင်း မရှိပေ။

တစ်နည်းအားဖြင့်ဆိုသော် တစ္ဆေတံဆိပ်တော်သည် ဝိညာဉ်များကို စုဆောင်းရန် ကိရိယာသက်သက်သာ ဖြစ်သော်လည်း ဤစွမ်းဆောင်ရည်ကပင် ချင်ယွမ်ဖုန်း၏ မျက်လုံးများကို တောက်ပသွားစေသည်။

ယခင်က သူသည် မိုးကောင်းကင်ဟိန်းသံ လင်းတ၏ မှော်အမြူတေမှ အနှစ်သာရကို စုပ်ယူပြီးနောက် ဝိညာဉ်စွမ်းအားမှာ သိသိသာသာ တိုးတက်လာခဲ့သည်။

ယခုအခါ ကွယ်လွန်သွားသူများ၏ ဝိညာဉ်များကို မိမိ၏ ဝိညာဉ်အတွက် အာဟာရအဖြစ် စုပ်ယူနိုင်မည်ဆိုပါက သူ၏ ဝိညာဉ်မှာ ပိုမိုအားကောင်းလာမည် ဖြစ်သည်။

ဤသည်မှာ ချင်ယွမ်ဖုန်းအတွက် အလွန်ပင် အရေးကြီးသော ကိစ္စရပ်တစ်ခု ဖြစ်ပေသည်။

အဘယ်ကြောင့်ဆိုသော် အဆင့်မြင့် ဆေးဖော်စပ်သူတစ်ဦး ဖြစ်လာရန်အတွက် ကြီးမားသော ဝိညာဉ်စွမ်းအား လိုအပ်သောကြောင့် ဖြစ်သည်။

ထို့အပြင် ကောင်းကင်ဘုံ သန့်စင်ခြင်း ပညာရပ်ကို ကျင့်ကြံနေသော ချင်ယွမ်ဖုန်းအတွက် ဝိညာဉ်စွမ်းအား ပိုမိုအားကောင်းလေလေ၊ သူ၏ ကောင်းကင်ဘုံ သန့်စင်ခြင်း ပညာရပ်မှာ ပိုမိုစွမ်းအားကြီးမားလေလေ ဖြစ်ပေလိမ့်မည်။

ချင်ယွမ်ဖုန်းသည် တစ္ဆေတံဆိပ်တော်ကို ဝမ်းသာအားရ သိမ်းဆည်းလိုက်သည်။ အရေးကြီးသော အချိန်များတွင် ဤတစ္ဆေတံဆိပ်တော်က များစွာ အထောက်အကူ ဖြစ်စေနိုင်ပေသည်။

ထိုအချိန်တွင်မှ ချင်ယွမ်ဖုန်းသည် ယုံကြည်မှုတန်ဖိုးများ ရရှိနေကြောင်း အသိပေးချက် မြောက်မြားစွာကို သတိပြုမိလိုက်သည်။

“ရှောင်လင်၊ ငါ့ရဲ့ အရည်အချင်းပြကွက်ကို ထုတ်ပြစမ်း” ဟု ချင်ယွမ်ဖုန်းက မြန်မြန် ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ သခင်” ရှောင်လင်သည် ချင်ယွမ်ဖုန်း၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။

သခင် - ချင်ယွမ်ဖုန်း

အသက် - ၁၈ နှစ်

ကျင့်စဉ်အဆင့် - သတ္တမအဆင့် မဟာဆရာနယ်ပယ်၊ စတုတ္ထအဆင့် ဆေးဖော်စပ်သူ၊ ပဉ္စမအဆင့် ဝိညာဉ်အဆောင်လက်ဖွဲ့ ဖန်တီးသူ

တိုက်ခိုက်ရေးပညာ - ဝိညာဉ်ရှာဖွေခြင်း ပညာရပ်၊ အဆိပ်တစ်သောင်း ပညာရပ်၊ မိုးတိမ်လွင့် ပညာရပ်၊ ကောင်းကင်ဘုံ သန့်စင်ခြင်း ပညာရပ်၊ အလောင်းကောင်ရုပ်သေး ပညာရပ်၊ သားရဲမီးလျှံ၊ ယင်ယန်ပေါင်းစပ်ခြင်း ပညာရပ်၊ ဝိညာဉ်သားရဲထိန်းကျောင်းရေး ပညာရပ်၊ နဂါးဟိန်းသံပညာရပ်၊ ဓားဆွဲ ခုတ်ချက်၊ လင်းနို့အသွင်ပြောင်းလဲခြင်း ပညာရပ်၊ သွေးပေါက်ကွဲခြင်း ပညာရပ်၊ မီးလျှံကောင်းကင် ခုတ်ချက်၊ နေဝင်ချိန်တစ်ချက်ခုတ်

ကျင့်စဉ် - စွမ်းအင်စုပ်ယူခြင်း မဟာပညာရပ်

ယုံကြည်မှုတန်ဖိုး - ၁၀၀,၃၀၀,၆၀၉

အခန်း (၂၅၀)ကြီးမားသော အပြောင်းအလဲများ

ချင်ယွမ်ဖုန်းသည် ယုံကြည်မှုတန်ဖိုးပြကွက်ကို ကြည့်ရင်း မနေနိုင်ဘဲ ရေတွက်မိလေတော့သည်။ "ခု၊ ဆယ်၊ ရာ၊ ထောင်၊ သောင်း၊ သိန်း၊ သန်း၊ ကုဋေ..."

သူသည် ထိုနေရာ၌ပင် ဘုန်းခနဲ ထိုင်ချမိလုနီးပါး ဖြစ်သွားရသည်။ သူ၏ ယုံကြည်မှုတန်ဖိုးမှာ အံ့ဩစရာကောင်းလောက်အောင်ပင် ကုဋေတစ်ဆယ်သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။

"ဒါ... ဒါက ဘယ်လိုဖြစ်တာလဲ" ချင်ယွမ်ဖုန်းမှာ မိမိကိုယ်ကိုယ်ပင် မယုံကြည်နိုင်အောင် ဖြစ်နေရသည်။

သူ မသိသည်မှာ သူသည် ခုနစ်ရက်တိုင်တိုင် သတိမေ့မြောနေခဲ့ခြင်း ဖြစ်သည်။

ထိုခုနစ်ရက်အတွင်း ချင်ယွမ်ဖုန်း၏ စွမ်းဆောင်ချက်သတင်းများမှာ အရပ်ရပ်သို့ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့လေပြီ။

လမ်းဘေးဝဲယာ အရပ်မျက်နှာ အသီးသီးရှိ လူအပေါင်းက ချင်ယွမ်ဖုန်း၏ အကြောင်းကို စိတ်အားထက်သန်စွာ ပြောဆိုနေကြသဖြင့် ယုံကြည်မှုတန်ဖိုးများ ဤမျှအထိ စုမိဆောင်းမိ ဖြစ်သွားခြင်းမှာ သဘာဝပင် ဖြစ်တော့သည်။

ထို့ပြင် ဤအရေအတွက်မှာ ရပ်တန့်သွားခြင်း မရှိသေးဘဲ ယုံကြည်မှုတန်ဖိုးအသစ်များမှာ အဆက်မပြတ် တိုးဝင်လာနေဆဲပင်

ချင်ယွမ်ဖုန်း၏ အမည်နာမမှာ ဆက်လက်ကျော်ကြားနေသရွေ့ သူသည် ယုံကြည်မှုတန်ဖိုးများကို ပိုမိုရရှိနိုင်ဦးမည် ဖြစ်ကြောင်း ထင်ရှားလှပေသည်။

ချင်ယွမ်ဖုန်းမှာ အလွန်အမင်း ဝမ်းမြောက်သွားရသည်။ ဤမျှများပြားသော ယုံကြည်မှုတန်ဖိုးကို သူ တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ ခဏတာမျှ ဤမျှကြီးမားသော ပမာဏကို မည်သို့သုံးစွဲရမည်ကိုပင် သူ မသိတော့ချေ။

သူသည် စနစ်အရောင်းဆိုင်ကို ဖွင့်ကြည့်လိုက်ရာ ထိုအချိန်တွင် အရောင်းဆိုင်ရှိ ပစ္စည်းများ၏ ထက်ဝက်နီးပါးမှာ လင်းထိန်နေပြီး ချင်ယွမ်ဖုန်းအနေဖြင့် ယင်းတို့ကို လဲလှယ်ယူနိုင်ပြီဖြစ်ကြောင်း ဖော်ပြနေသည်။

မလင်းသေးသော ပစ္စည်းများကို ကြည့်လိုက်သောအခါ ချင်ယွမ်ဖုန်းမှာ ထိတ်လန့်သွားရသည်။ ယင်းတို့အားလုံးမှာ ယုံကြည်မှုတန်ဖိုး ကုဋေတစ်ဆယ်ကျော်စီ လိုအပ်သောကြောင့် ဖြစ်ပေသည်။

"အလို... ဒါက ဈေးကြီးလွန်းလှချေလား" ချင်ယွမ်ဖုန်းက မတတ်သာသည့်အဆုံး ခေါင်းကို ခါယမ်းမိသည်။ သူသည် မလင်းသေးသော နေရာများကို ကြည့်ကာ မျက်နှာတွင် အံ့အားသင့်သည့် အရိပ်အယောင်များ ထင်ဟပ်နေဆဲ ဖြစ်သည်။

မီးခိုးရောင်သန်းနေဆဲဖြစ်သော ပစ္စည်းများထဲတွင် ချင်ယွမ်ဖုန်းသည် အစွမ်းအစနိယာမကိုပင် တွေ့လိုက်ရပေသည်။

ယင်းက ချင်ယွမ်ဖုန်းတွင်သာ လုံလောက်သော ယုံကြည်မှုတန်ဖိုး ရှိပါက အစွမ်းအစနိယာမကိုပင် လဲလှယ်ယူနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ သို့သော် ဈေးနှုန်းမှာမူ အလွန်ပင် ကြီးမြင့်လှပေရာ အစွမ်းအစနိယာမ တစ်မျိုးကိုပင် ယုံကြည်မှုတန်ဖိုး ကုဋေတစ်ထောင် ပေးရမည် ဖြစ်သည်။

"ထားလိုက်ပါတော့... ထားလိုက်ပါတော့... ငါက ဆင်းရဲသားတစ်ယောက်ပါပဲ။ ငါ တတ်နိုင်တာကိုပဲ ကြည့်တော့မယ်" ချင်ယွမ်ဖုန်းက သက်ပြင်းချရင်း ဆိုလိုက်သည်။

သူ တတ်နိုင်သော ပစ္စည်းများမှာလည်း များပြားလှသဖြင့် ချင်ယွမ်ဖုန်းမှာ မည်သည်ကို ရွေးချယ်ရမည်ကိုပင် ဝေခွဲမရ ဖြစ်နေတော့သည်။

သိုင်းပညာရှင်တစ်ဦး အဆင့်တက်ချိန်တွင် ရာနှုန်းပြည့် အောင်မြင်မှုရစေမည့် အဆင့်တက်ဆေးလုံးများလည်း ရှိနေသည်။

ထို့ပြင် သေလူကို ပြန်ရှင်စေနိုင်သော သို့မဟုတ် ကျင့်စဉ်အဆင့်ကို မြင့်တက်စေနိုင်သော ထိပ်တန်းဆေးလုံးများလည်း ရှိနေသေးသည်။

ချင်ယွမ်ဖုန်းသည် နတ်ဘုရားအဆင့် သိုင်းပညာရပ်များ၊ ထိပ်တန်းမှော်လက်နက်များနှင့် ရတနာလက်နက်များကိုပင် တွေ့မြင်နေရသည်။

သို့သော် ဤပစ္စည်းများမှာလည်း ဈေးမချိုလှချေ။ အသိဉာဏ်ပွင့် ဆေးလုံးမှလွဲလျှင် အချိုသာဆုံးမှာ သဘာဝ နတ်စမ်းရေ ဖြစ်ပြီး တစ်ပုလင်းလျှင် ယုံကြည်မှုတန်ဖိုး တစ်သန်း ပေးရသည်။ ယခုအခါ ချင်ယွမ်ဖုန်းအနေဖြင့် ယင်းကို ပုလင်းတစ်ရာအထိ လဲလှယ်နိုင်ပြီ ဖြစ်သည်။

ချင်ယွမ်ဖုန်းသည် ယုံကြည်မှုတန်ဖိုး သန်းကိုးဆယ် ပေးရသော နတ်ဘုရားအဆင့် သိုင်းပညာရပ်တစ်ခုကိုပင် တွေ့လိုက်ရသေးသည်။

ဤပစ္စည်းများက ချင်ယွမ်ဖုန်းကို ရွေးချယ်ရ ခက်ခဲစေသည်။

အမှန်အတိုင်းဆိုရလျှင် ချင်ယွမ်ဖုန်း၏ လက်ရှိပိုင်ဆိုင်မှုများမှာ လောလောဆယ်တွင် လုံလောက်နေပြီ ဖြစ်ရာ ခဏတာမျှ မည်သည်ကို လဲလှယ်ရမည်ကို သူ မသိ ဖြစ်နေရခြင်း ဖြစ်ပေသည်။

"ထားလိုက်ပါဦးမယ်... လိုအပ်တဲ့အခါကျမှပဲ လဲတော့မယ်။ ဘာပဲဖြစ်ဖြစ် ဒီယုံကြည်မှုတန်ဖိုးတွေက ပျောက်သွားမှာမှ မဟုတ်တာ" ချင်ယွမ်ဖုန်းက ပြုံးလျက် ဆိုလိုက်သည်။

စနစ်အရောင်းဆိုင်မှ ထွက်လာပြီးနောက် ချင်ယွမ်ဖုန်းသည် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ တစ်ညတည်းနှင့် သူဌေးဖြစ်သွားရသည့် ခံစားချက်မှာ အမှန်တကယ်ပင် ရင်ခုန်ကြည်နူးစရာ ကောင်းလှပေသည်။

ချင်ယွမ်ဖုန်းသည် သူဌေးကြီးတစ်ဦးကဲ့သို့ ယုံကြည်မှုအပြည့်ရှိသော အရှိန်အဝါဖြင့် သူ၏ တဲအတွင်းမှ ထွက်လာခဲ့သည်။

"ဒါချောင်နဲ့ ရှောင်ချောင်တို့လည်း အဆင်ပြေမှာပါ။ ငါက မြက်ခင်းပြင်ကို ရောက်နေတာဆိုတော့ နာရင်ထူးယားဆီ သွားကြည့်ရမယ်" ချင်ယွမ်ဖုန်းက အေးအေးလူလူပင် ပြောလိုက်သည်။

သူသည် သတိမေ့နေခဲ့သည်မှာ မည်မျှကြာပြီဖြစ်ကြောင်း မေးမြန်းရန် မေ့လျော့နေခဲ့ပြီး အလွန်ဆုံးရှိလှ တစ်ရက်ခန့်သာ ရှိမည်ဟု ခန့်မှန်းထားမိသည်။

နာရင်ထူးယားထံ သွားရောက်ခြင်းမှာလည်း အချိန်အကြာကြီး ပေးရမည် မဟုတ်ချေ။

သို့သော် ချင်ယွမ်ဖုန်းသည် သူ သတိမေ့နေခဲ့သည့် ကြာချိန်ကို မှားယွင်းစွာ တွက်ချက်မိခြင်း ဖြစ်ပေသည်။

ခုနစ်ရက်တိုင်တိုင် ကုန်ဆုံးသွားခဲ့ပြီဖြစ်ကြောင်း သူ မသိရှိခဲ့ပေ။

သူသည် လောလောဆယ်တွင် ဂီရီလီတာနာ မြစ်အနီး၌ ရှိနေပြီး မြောက်ဘက်သို့ ဦးတည်ကာ ထွက်ခွာခဲ့လေသည်။

သို့ရာတွင် ချင်ယွမ်ဖုန်းမှာ သူ နတ်ဘုရားသောင်းချီနယ်မြေ၌ ပိတ်မိနေခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ကြီးမားသော နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုများကိုမူ မသိရှိခဲ့ချေ။

ပဉ္စမမြောက်နေ့တွင် နတ်ဘုရားသောင်းချီနယ်မြေမှာ တစ်ဖန်ပြန်လည် ကွယ်ပျောက်သွားခဲ့ရာ ဂိုဏ်းချုပ်များအားလုံးမှာ စိတ်အေးသွားကြပြီး အဓိကတိုက်ကြီးသို့ ပြန်သွားခဲ့ကြသည်။

ဂိုဏ်းအသီးသီးမှ တပည့်များမှာလည်း ထွက်ခွာရန် ငြင်းဆန်နေသူ အနည်းငယ်မှလွဲ၍ မိမိတို့၏ ဂိုဏ်းများသို့ အသီးသီး ပြန်သွားကြလေပြီ။

ဆေးနတ်ဘုရားဂိုဏ်းကမူ ချင်ယွမ်ဖုန်းအတွက် ခမ်းနားသော ဈာပနအခမ်းအနားတစ်ခုကိုပင် ပြုလုပ်ပေးခဲ့သည်။ ကျန်ရှိနေသော တပည့်များ၊ ဂိုဏ်းချုပ်နှင့် အကြီးအကဲများအားလုံးမှာ ချင်ယွမ်ဖုန်း၏ ဈာပနသို့ တက်ရောက်ခဲ့ကြသည်။

ဒါချောင်နှင့် ရှောင်ချောင်တို့မှာ ဈာပနတွင် မျက်ရည်မဆည်နိုင်အောင် ငိုကြွေးကြပြီး အကြိမ်ကြိမ် သတိလစ်မေ့မြောခဲ့ကြရသည်။

ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းကပင် ဈာပနသို့ တက်ရောက်ရန် လူလွှတ်ခဲ့သော်လည်း အခြားဂိုဏ်းများ၏ ယင်းတို့အပေါ် ထားရှိသော အာဃာတများမှာမူ လျော့ပါးသွားခြင်း မရှိချေ။

ဆေးနတ်ဘုရားဂိုဏ်းက ထျန်းတူး ပြည်နယ်မြို့တော်ရှိ ချင်မိသားစုထံသို့လည်း အကြောင်းကြားရန် လူလွှတ်ခဲ့သော်လည်း ချင်မိသားစုဝင်များမှာ ပြန်မလာနိုင်ခဲ့ဘဲ ဝမ်းနည်းဖွယ် သတင်းစကားတစ်ခုကိုသာ သယ်ဆောင်လာနိုင်ခဲ့ကြသည်။

ချင်မိသားစုမှာ မတော်တဆမှုတစ်ခုနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ လျှို့ဝှက်ဆန်းပြားသော လူတစ်စုက ချင်မိသားစုကို တိုက်ခိုက်ခဲ့ကြသဖြင့် ချင်မိသားစုမှာ ထျန်းတူး ပြည်နယ်မြို့တော်မှ တစ်ညတည်းနှင့် ပျောက်ကွယ်သွားခဲ့ရသည်။

ချင်မိသားစုဝင် အနည်းငယ်သာ ထွက်ပြေး လွတ်မြောက်နိုင်ခဲ့ကြသည်။

မည်သူက ဤသို့ လုပ်ဆောင်ခဲ့သည်ကို မည်သူမျှ မသိသော်လည်း သူတို့၏ ပန်းတိုင်မှာ ချင်မိသားစုသာမက ထျန်းတူး ပြည်နယ်မြို့တော်ရှိ အခြားမိသားစုများလည်း ပါဝင်နေသည်။

ရှန်မိသားစုမှာလည်း အလားတူ အခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ရသည်။

ဒုန်ဖန်းရှန့်မင်သည် ဤအကြောင်းကို သိရှိသောအခါ အလွန်အမင်း ဒေါသထွက်သွားရသည်။

ချင်ယွမ်ဖုန်း၏ အလောင်းပင် မအေးသေးမီ သူ၏ မိသားစုမှာ အမြစ်ပြတ် သုတ်သင်ခံလိုက်ရခြင်း ဖြစ်ပေသည်။ ဤသည်မှာ ချင်ယွမ်ဖုန်း နတ်ဘုရားသောင်းချီနယ်မြေ၌ သေဆုံးသွားပြီဟူသော သတင်း ပျံ့နှံ့သွားပြီးနောက်တွင်မှ ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။

ယခင်က သူတို့သည် ချင်ယွမ်ဖုန်းကို ကြောက်ရွံ့သတိထားနေခဲ့ကြသည်မှာ သိသာလှပေသည်။

ဒုန်ဖန်းရှန့်မင်က ချင်မိသားစုကို ဖျက်ဆီးခဲ့သည့် တရားခံများကို ရှာဖွေရန် အမိန့်ပေးလိုက်သည်။ ဤသူရဲကောင်း ချင်ယွမ်ဖုန်း၏ မိသားစုမှာ ဤကဲ့သို့သော ကံကြမ္မာဆိုးမျိုးနှင့် မကြုံတွေ့သင့်ပေ။

ချင်ယွမ်ဖုန်းမှာမူ ထိုအချိန်တွင် မည်သည့်အရာကိုမျှ မသိရှိသေးချေ။ သူသည် တစ်နေ့လုံး မြောက်ဘက်သို့ မြင်းစီးနှင်ခဲ့ပြီး တစ်နေ့တာ ကုန်ဆုံးသွားသောအခါမှ မျိုးနွယ်စုငယ်လေးတစ်ခုကို တွေ့လိုက်ရသည်။

ဤမျိုးနွယ်စုမှာ အလွန်သေးငယ်လှပြီး နွားနှင့် သိုး အနည်းငယ်၊ လူတစ်ကျိပ်ကျော်ခန့်သာ ရှိပေသည်။

ချင်ယွမ်ဖုန်းသည် ထိုမျိုးနွယ်စုငယ်လေးအတွင်းသို့ ဖြည်းညှင်းစွာ လမ်းလျှောက်ဝင်ခဲ့သည်။

မျိုးနွယ်စုရှိ လူများက ဤစိမ်းသက်သော အလယ်ပိုင်းဒေသသားကို စူးစမ်းစွာ ကြည့်နေကြသည်။

"မကြောက်ကြပါနဲ့၊ ကျွန်တော်က လမ်းကြုံလို့ ဝင်လာရင်း ကိစ္စတချို့ မေးချင်လို့ပါ" ချင်ယွမ်ဖုန်းက အမြန်ပင် ပြောလိုက်သည်။

မျိုးနွယ်စုရှိ လူများက ချင်ယွမ်ဖုန်းကို သံသယဖြင့် ကြည့်နေကြပြီး နောက်ဆုံးတွင် အသက်အကြီးဆုံး အဘိုးအိုတစ်ဦး ထွက်လာသည်။

"လူငယ်လေး၊ မင်း ဘာမေးချင်လို့လဲ" အဘိုးအိုက မေးလိုက်သည်။

"ကျွန်တော် သိချင်တာက ပုယန် အခု ဘယ်လိုနေလဲဆိုတာပါပဲ" ချင်ယွမ်ဖုန်းက မေးလိုက်သည်။

ချင်ယွမ်ဖုန်းထံမှ ပုယန်၏ အမည်ကို ကြားလိုက်ရသောအခါ အဘိုးအို၏ မျက်နှာမှာ ရုတ်တရက် တောင့်တင်းသွားရသည်။

"ဒါကို ဘာလို့ မေးတာလဲ။ သံမဏိစစ်သည်တွေသာ ကြားရင် မင်းကို သတ်ပစ်လိမ့်မယ်" အဘိုးအိုက ဝမ်းနည်းပူဆွေးသော မျက်နှာဖြင့် ပြောလိုက်ရာ သူသည် သံမဏိစစ်သည်များကို များစွာ နာကျည်းနေပုံရသည်။

ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်လိုက်ကာ "ဒါဆို ပုယန်က အခုထိ အင်အားကြီးနေတုန်းပေါ့။ အရင် ခန် ရော ဘယ်လိုလဲ"

အဘိုးအိုက ချင်ယွမ်ဖုန်းကို ကြည့်ကာ မတတ်သာသလို သက်ပြင်းချလိုက်သည်။ "လွန်ခဲ့တဲ့ ရက်အနည်းငယ်က ခန်ဟာ သူ၏ လက်အောက်ငယ်သားဟောင်းတွေကို စုစည်းပြီး သံမဏိစစ်သည်တွေကို ရုတ်တရက် တိုက်ခိုက်ခဲ့တယ်။ ရလဒ်က ဘယ်လိုဖြစ်သွားလဲဆိုတာ ငါတို့ မသိပေမဲ့ အခုတော့ ပုယန်နဲ့ ခန်ဟာ မြက်ခင်းပြင်ရဲ့ တစ်ဝက်စီကို သိမ်းပိုက်ထားကြတယ်"

ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်သည်။ "ဒါဆို အခြေအနေက ဒီလိုပေါ့။ ပုယန်က တကယ်ပဲ အစွမ်းထက်တာပဲ၊ ဒီလိုအခြေအနေမှာတောင် ခန်ကို ယှဉ်နိုင်သေးတာပဲ"

"ဟူး... စစ်ပွဲဆိုတာ ငါတို့အတွက်တော့ အနာကျင်ရဆုံး အရာပါပဲ။ ဒါက ငါတို့ကို အိုးမဲ့အိမ်မဲ့ ဖြစ်စေသလို ငတ်မွတ်မှုကိုလည်း ဖြစ်စေတယ်။ မြက်ခင်းပြင်ပေါ်မှာ စစ်ပွဲတွေ မရှိတော့ဖို့ ငါ တကယ်ပဲ မျှော်လင့်မိပါတယ်"

အဘိုးအိုက လေးပင်စွာ သက်ပြင်းချလိုက်သည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြရင်း "စိတ်မပူပါနဲ့ အဘိုး၊ မြက်ခင်းပြင်မှာ စစ်ပွဲတွေ မရှိတော့မယ့် နေ့တစ်နေ့ ရောက်လာမှာပါ" ဟု ဆိုလိုက်လေတော့သည်။

All Chapters