အခန်း (၂၆၃-၂၆၄)
Vol. 15 Ch. 263-264
အခန်း(၂၆၃)
“ပါရမီက အရာရာကို မဆုံးဖြတ်နိုင်ပါဘူး” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“ဟင်း… နင်က လင်ယွဲ့ဘက်က တကယ်ပဲ ကာကွယ်ပြောနေတာလား။ တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ။ နင်သူကို သိလို့လား” မုဟွိုက်က မျက်စိစောင်းကာ မေး၏။
ချင်ယွမ်ဖုန်းက ခေါင်းခါယမ်းလျက် “ငါ သူမကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သူမရဲ့ စိတ်ဓာတ်ကတော့ အတုယူဖို့ တန်ပါတယ်” ဟု ဆိုသည်။
“တော်ပါပြီ၊ မင်းလို လူအနဲ့ ငါ စကားမပြောချင်တော့ဘူး” မုဟွိုက်က နှာမှုတ်ကာ မျက်နှာလွှဲသွားလေသည်။
ချင်ယွမ်ဖုန်းနှင့် မုဟွိုက်တို့သည် အတော်ကြာအောင် လိုက်လံစုံစမ်းပြီးနောက် နောက်ဆုံးတွင် လင်ယွဲ့ တည်းခိုနေသည့် တည်းခိုခန်းကို ရှာဖွေတွေ့ရှိသွားကြသည်။
ဤနေရာတွင် ရွာလေးရွာသာရှိပြီး ရွာတိုင်းတွင် တည်းခိုခန်း တစ်ခုစီ ရှိပေရာ သူမသည် ဤတည်းခိုခန်းတွင် မရှိပါက ထိုတည်းခိုခန်းတွင် ရှိမည်ဖြစ်သဖြင့် ရှာဖွေရသည်မှာ မခက်ခဲလှပေ။
“အခုတော့ နင်အလှည့် ရောက်ပြီပေါ့” မုဟွိုက်က နောက်ပြောင်သော အပြုံးဖြင့် ချင်ယွမ်ဖုန်း၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။
“ငါ့စိတ်ကူးတော့ မင်း ဒီလင်ယွဲ့ကိုပဲ ကောက်ယူပြီး လက်ထပ်လိုက်တာ ပိုကောင်းမယ် ထင်တယ်။ ငါ ဝန်မခံချင်ပေမဲ့ လင်ယွဲ့ကလည်း တကယ့်ကို အလှပဂေးလေးပါပဲ”
ချင်ယွမ်ဖုန်းက နားမလည်နိုင်ဟန်ဖြင့် “မင်းက အောင်သွယ်တော်အလုပ်ပါ အချိန်ပိုင်း လုပ်နေတာလား” ဟု မေး၏။
“အောင်သွယ်တော် လုပ်ရမှာလား၊ ဝေးသေးတယ်” မုဟွိုက်က ကျိန်ဆဲလျက် “ငါက လင်ယွဲ့တစ်ယောက် နင့်ကို အတင်းအကျပ် လက်ထပ်လိုက်ရရင် ဘယ်လိုမျက်နှာပေးမျိုး ဖြစ်သွားမလဲဆိုတာကိုပဲ ကြည့်ချင်တာ” ဟု ဆိုသည်။
“တကယ့်ကို ကောက်ကျစ်တဲ့ အကြံအစည်ပဲ” ချင်ယွမ်ဖုန်းက ခေါင်းခါလိုက်ပြီး “ကဲပါ… မင်း အပြင်မှာပဲ စောင့်ပြီး ငါ့ရဲ့ သတင်းကောင်းကို စောင့်နေလိုက်တော့” ဟု ပြောလေသည်။
“ကောင်းပါပြီ၊ မောင်လေးရဲ့ အနာဂတ်ဇနီးလောင်းကတော့ မောင်လေးလက်ထဲမှာပဲ ရှိတော့တယ်” မုဟွိုက်က ရယ်မောရင်း ချင်ယွမ်ဖုန်း၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။
ချင်ယွမ်ဖုန်းသည် သက်ပြင်းချရင်း တည်းခိုခန်းထဲသို့ တိုက်ရိုက် လျှောက်လှမ်းဝင်ရွေ့သွားခဲ့သည်။
လင်ယွဲ့၏ အခန်းမှာ တတိယအထပ်တွင် ရှိပေသည်။ ချင်ယွမ်ဖုန်းသည် အပေါ်သို့ တန်းတန်းမတ်မတ် တက်သွားပြီး လင်ယွဲ့၏ အခန်းတံခါးကို ခေါက်လိုက်သည်။
“ဘယ်သူလဲ” အတွင်းမှ လင်ယွဲ့က သတိကြီးစွာဖြင့် လှမ်းမေးသည်။
“တံခါးဖွင့်ကြည့်ရင် သိမှာပေါ့” ချင်ယွမ်ဖုန်းက ပြုံးလျက် ပြောလိုက်သည်။
လင်ယွဲ့ တံခါးဖွင့်လိုက်သောအခါ ချင်ယွမ်ဖုန်းကို မြင်သည်နှင့် တပြိုင်နက် သူမ၏ ပါးစပ်ကို ချက်ချင်း အုပ်လိုက်ပြီး မျက်ရည်များ ဝိုင်းစက်စီးကျလာတော့သည်။
“နင်… နင်က…” လင်ယွဲ့က ချင်ယွမ်ဖုန်းကို လက်ညှိုးထိုးကာ ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။
“အတွင်းထဲဝင်ပြီး စကားပြောရအောင်” ချင်ယွမ်ဖုန်းက အခန်းထဲသို့ ဝင်ကာ တံခါးကို ပြန်ပိတ်လိုက်သည်။
“နင် တကယ်ပဲ ချင်ယွမ်ဖုန်းလား” လင်ယွဲ့က ရှိုက်ငိုရင်း မေး၏။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြကာ “အစစ်ပါပဲ။ ကျွန်တော် နတ်ဘုရားသောင်းချီနယ်မြေကနေ ထွက်ပြေးလွတ်မြောက်လာပြီး အကြောင်းအမျိုးမျိုးကြောင့် ဒီကို ရောက်လာတာ” ဟု ရှင်းပြသည်။
လင်ယွဲ့က ချက်ချင်း ရှေ့သို့ တိုးလာပြီး ချင်ယွမ်ဖုန်းကို ဖက်ထားလိုက်ကာ “နင်ငါ့အတွက် ထျန်းမင်ကျယ်ကို ဆုံးမပေးခဲ့တာ။ ငါ မင်းကို ကျေးဇူးတင်ဖို့ အခွင့်အရေး မရသေးဘူး။ နောက်ဆို အခွင့်အရေး ရတော့မှာ မဟုတ်ဘူးလို့ တောင် ထင်နေတာ…”
ချင်ယွမ်ဖုန်းက လင်ယွဲ့၏ ပုခုံးကို ညင်သာစွာ ပုတ်ပေးရင်း “ရပါတယ်၊ အားလုံး အဆင်ပြေသွားပါပြီ။မသေသေးတဲ့ သတင်းက မကြာခင် ဆေးနတ်ဘုရားဂိုဏ်းကို ရောက်သွားတော့မှာပါ။ အဲဒီကျရင် အားလုံး သိကြရလိမ့်မယ်” ဟု နှစ်သိမ့်လိုက်သည်။
ယန်ရုအင်ပါယာတွင် ရှိနေစဉ်က ချင်ယွမ်ဖုန်းသည် ခန်အား ဆေးနတ်ဘုရားဂိုဏ်းသို့ သူ အသက်ရှင်နေသေးသည့် သတင်းကို လူလွှတ်၍ အကြောင်းကြားပေးရန် တောင်းဆိုခဲ့ပေရာ ယခုအချိန်တွင် ရောက်ရှိနေလောက်ပြီဟု သူ တွေးဆမိသည်။
“နင် ဘာမှမဖြစ်တာ တကယ်ပဲ ကောင်းပါတယ်။ ဆေးနတ်ဘုရားဂိုဏ်းတုန်းက နင်ရဲ့ ဂူဗိမာန်ရှေ့မှာ ငါ အကြာကြီး ငိုခဲ့ရတာ” ဟု လင်ယွဲ့က မျက်လုံးများ နီမြန်းလျက် ပြောရှာသည်။
သူတို့နှစ်ဦးသည် အတူတကွ ဆုံတွေ့ခွင့် များများစားစား မရှိခဲ့သော်လည်း ဟောင်းနွမ်းသော မိတ်ဆွေရင်းချာများကဲ့သို့ ခံစားရစေသည်။
“ဒါနဲ့ နင် ဒီကို ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ” လင်ယွဲ့က မျက်ရည်များကို သုတ်ရင်း မေးသည်။
ချင်ယွမ်ဖုန်းက သက်ပြင်းချကာ “ဒီနေရာမှာ ကောင်းကင်ဘုံသန့်စင်သီး ရှိတယ်ဆိုတဲ့ သတင်းကို ကြားလို့။ ကျွန်တော်လည်း ကောင်းကင်ဘုံသန့်စင်သီးကို အရေးတကြီး လိုအပ်နေတာနဲ့ မရပ်မနား နှင်လာခဲ့ရတာပဲ” ဟု ပြောပြသည်။
“ဪ… အဲဒါလား။ ကောင်းကင်ဘုံလမ်းစဉ် ပြိုင်ပွဲက မနက်ဖြန် စတော့မှာ။ နင်အမီလိုက်နိုင်ပါ့မလား” ဟု လင်ယွဲ့က မေး၏။
ချင်ယွမ်ဖုန်းက ပြုံးကာ “စိတ်မပူပါနဲ့၊ အားလုံး အဆင်သင့် ဖြစ်နေပါပြီ။ ဒါပေမဲ့ စီနီယာအစ်မရဲ့ အကူအညီ လိုအပ်တဲ့ ကိစ္စအချို့ ရှိသေးတယ်” ဟု ဆိုသည်။
“ပြောသာပြောပါ။ ငါ့ရဲ့ အသက်က နတ်ဘုရားသောင်းချီနယ်မြေမှာ တင်ရှိမနေခဲ့ရင် မင်းကို ငါ မုချကူညီမှာပါ” ဟု လင်ယွဲ့က ပြတ်သားစွာ ပြောလိုက်သည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြီး “မေးချင်တာက မင်း မုဟွိုက်ကို သိလား”
“မုဟွိုက်လား။ သိတာပေါ့။ ထိုမြူနှင်းဂိုဏ်းရဲ့ မှော်ဆရာမက ငါနဲ့ အကြိမ်အနည်းငယ် ရန်ဖြစ်ဖူးတယ်။ ဒါပေမဲ့ အကြိမ်တိုင်းမှာ သူမကို သတ်နိုင်ဖို့ လက်တစ်ကမ်းပဲ လိုတော့တာ” ဟု လင်ယွဲ့က အေးစက်စွာ ပြောသည်။
“ဟူး…” ချင်ယွမ်ဖုန်းက သက်ပြင်းချကာ မုဟွိုက်က သူ့ကို လာရောက်ရှာဖွေခဲ့သည့် အကြောင်းစုံကို လင်ယွဲ့အား ပြောပြလိုက်သည်။
“အဲ့မိန်းမက ဒီလိုမျိုး အကွက်ဆင်ဖို့အထိ တွေးမိတယ်ဆိုတော့ တကယ့်ကို ရက်စက်လွန်းတယ်” ဟု လင်ယွဲ့က ဆို၏။
ချင်ယွမ်ဖုန်းက သူ့ခေါင်းကို ကုတ်ရင်း “တကယ်တော့ ငါကလည်း ဒီအစီအစဉ်ကို သဘောတူတယ်။ အဓိကက ငါ ကောင်းကင်ဘုံသန့်စင်သီးကို အသည်းအသန် လိုချင်နေလို့ပဲ”
လင်ယွဲ့က ခေါင်းကို အမြန်ခါယမ်းကာ “နင် ဘာမှ မမှားပါဘူး။ ဒါက နင်ရဲ့ အပြစ် လုံးဝမဟုတ်ဘူး။ ပြီးတော့ သူတို့ကို နစ်နာအောင် လုပ်တာလည်း မဟုတ်ဘူးလေ”
ချင်ယွမ်ဖုန်းက ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါမိသည်။ ဤလင်ယွဲ့သည် သူ၏ အသက်ကယ်ကျေးဇူးကြောင့် အမှားအမှန်ကိုပင် ဝေခွဲနိုင်စွမ်း မရှိတော့ချင်ပြီ။
သို့သော်လည်း သူ နာမည်ဆိုးဖြင့် ကျန်ရစ်ခဲ့မည် ဆိုပါကလည်း ချင်ယွမ်ဖုန်းအနေဖြင့် ကောင်းကင်ဘုံသန့်စင်သီးကို မဖြစ်ဖြစ်အောင် ရယူရမည်သာ ဖြစ်သည်။
“ဒါပေမဲ့ မုဟွိုက်ကိုတော့ သတိထားပြီး ကာကွယ်ရမယ်။ အဲ့မိန်းမက ကောက်ကျစ်ပြီး ယုံကြည်လို့မရဘူး။ နင့်ကိုပါ ပြန်လှည့်ပြီး အန္တရာယ်ပြုမှာကို ငါ စိုးရိမ်တယ်” ဟု လင်ယွဲ့က သတိပေးသည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ကာ “ငါ သိပါတယ်။ ဒီမိန်းမက လျှို့ဝှက်ချက်တွေ သိပ်များပြီး ကြောက်စရာကောင်းတယ်”
“အင်း… သတိထားပါ။ ဒါမှမဟုတ်ရင်လည်း ပြန်မသွားနဲ့တော့” ဟု လင်ယွဲ့က ဆို၏။
“စီနီယာအမကလည်း အဲဒီစာရင်းထဲမှာ ပါနေတာ။ ဒါပေမဲ့ ကျွန်တော်အတွက် ပြဇာတ်တစ်ခန်းလောက် အတူတူ ကပြဖို့ စီနီယာအမရဲ့ အကူအညီ လိုတယ်” ဟု ချင်ယွမ်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
မုဟွိုက်သည် တည်းခိုခန်းအပြင်ဘက်တွင် စိတ်မရှည်သည့် အရိပ်အယောင် လုံးဝမပြဘဲ စောင့်ဆိုင်းနေသည်။ ချင်ယွမ်ဖုန်းက လင်ယွဲ့ကို ဘယ်လိုကိုင်တွယ်မလဲဆိုသည်ကို သူမ တကယ့်ကို သိချင်နေမိသည်။
အတော်ကြာပြီးနောက်တွင် ချင်ယွမ်ဖုန်းသည် အဝတ်နက် အုပ်ထားသည့် ဝိညာဉ်အဆောင်ပိတ်လှောင်ခြင်း လှောင်အိမ်ကို ကိုင်ဆောင်လျက် တည်းခိုခန်းထဲမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။
“ပြီးသွားပြီလား” မုဟွိုက်က အံ့အားသင့်စွာ မေးလိုက်သည်။
လင်ယွဲ့သည် အေးစက်သော စရိုက်ရှိသူ ဖြစ်ပေရာ မုဟွိုက်၏ တွေးဆချက်အရ ချင်ယွမ်ဖုန်းအနေဖြင့် သူမကို သွားရောက်ပရောပရည်လုပ်ပါက အရိုက်ခံရရုံသာ ရှိမည်ဟု ထင်မှတ်ကာ ပွဲကြည့်ရန် စောင့်နေခြင်း ဖြစ်သည်။
တစုံတရာ သံသယဖြစ်ဖွယ် အသံဗလံမျှပင် မကြားရဘဲ ချင်ယွမ်ဖုန်းက လင်ယွဲ့ကို အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
“မင်း ဘယ်လိုလုပ်လိုက်တာလဲ” မုဟွိုက်က လုံးဝ အံ့ဩမှင်သက်လျက် မေးသည်။
ချင်ယွမ်ဖုန်းက ပြုံးကာ “မတတ်နိုင်ဘူးလေ၊ ငါ့ရဲ့ ဆွဲဆောင်မှုကြောင့်ပဲ ဖြစ်လိမ့်မယ်” ဟု ဆို၏။
“မောင်လေးကတော့ ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီး ထင်နေတာပဲ။ မြန်မြန်… ငါ့ကို လင်ယွဲ့ရဲ့ အသံ ကြားခွင့်ပေးဦး” မုဟွိုက်က နောက်ပြောင်သော အပြုံးဖြင့် ပြောလိုက်သည်။
ချင်ယွုန်းဖုန်းက ခေါင်းညိတ်ကာ လက်ဖျောက်တစ်ချက် တီးလိုက်ရာ ဝိညာဉ်အဆောင်ပိတ်လှောင်ခြင်း လှောင်အိမ်အတွင်းရှိ အသံပိတ်အစီအရင် ကွယ်ပျောက်သွားခဲ့သည်။
“ချင်ကျိ… နင်လို လူယုတ်မာ၊ ငါ့ကို မြန်မြန်လွှတ်ပေးစမ်း” လင်ယွဲ့၏ အော်ဟစ်သံသည် လှောင်အိမ်အတွင်းမှ ထွက်ပေါ်လာသည်။
“နေပါဦး… ဒါ လင်ယွဲ့ရဲ့ အသံ မဟုတ်လား။ နှင်းမြူဓားဂိုဏ်းရဲ့ ဂုဏ်သရေရှိ တိုက်ရိုက်သင်ကြားခွင့်ရတပည့်လေးက သူများရဲ့ ပိတ်လှောင်တာကို ခံလိုက်ရတာပေါ့လား”
မုဟွိုက်က လှောင်ပြောင် သရော်လိုက်သည်။
“နင်မုဟွိုက်လား။ တောက်… နင်လက်ချက်ဆိုတာ ငါ သိနေတာပဲ။ ငါ့ကို အခုချက်ချင်း လွှတ်ပေးစမ်း” လင်ယွဲ့၏ စိတ်ဆိုးဒေါသထွက်နေသော အသံက ဟိန်းထွက်လာသည်။
“ထွက်လာရမယ် ဟုတ်လား။ စိတ်လျှော့လိုက်ပါတော့။ ငါ နင်အတွက် လင်ယောက်ျားတစ်ယောက် ရှာပေးထားပြီးပြီ။ နင်လည်း ဒီချင်ကျိကို သဘောကျတယ် မဟုတ်လား။ နင့်ကို သူနဲ့ ပေးစားလိုက်ရင် ဘယ်လိုလဲ” မုဟွိုက်သည် အောင်နိုင်သူတစ်ယောက်ကဲ့သို့ ပန်းတစ်ပွင့်လို လှပစွာ ရယ်မောလိုက်သည်။
“မုဟွိုက်… နင်က လူမဟုတ်ဘူး”
“ဖျောက်”
ချင်ယွမ်ဖုန်းက လက်ဖျောက်တစ်ချက် ထပ်မံတီးလိုက်ရာ အသံပိတ်အစီအရင်က ချက်ချင်း ပြန်လည် အသက်ဝင်သွားခဲ့သည်။
“ကဲ… အခုဆို စာရင်းထဲက လူအားလုံးကို ဖမ်းမိသွားပြီ။ ဒီတစ်ကြိမ်တော့ ငါတို့နှစ်ယောက်ကို ဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်တော့ဘူး” ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် ပြောလိုက်သည်။
“ဒါပေါ့… စိတ်မပူပါနဲ့၊ ငါတို့နှစ်ယောက်လုံး ကိုယ်လိုချင်တာကို ကိုယ်စီ ရကြမှာပါ” မုဟွိုက်က ချင်ယွမ်ဖုန်း၏ ပုခုံးကို ပုတ်ပေးသည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြီး မုဟွိုက်နှင့်အတူ ပန်းရနံ့ရွာ တည်းခိုခန်းသို့ ပြန်လာခဲ့ကြသည်။
ယခုအချိန်တွင် တည်းခိုခန်း အခန်းတွင်း၌ လှောင်အိမ် ကိုးခုမှာ စုပြုံလျက် တည်ရှိနေပေရာ မုဟွိုက်အတွက်မူ တကယ့်ကို အတိုင်းထက်အလွန် ဝမ်းမြောက်စရာ ကောင်းလှပေတော့သည်။
အခန်း (၂၆၄)အံ့အားသင့်ဖွယ်ရာ
“ဟားဟားဟား... သိပ်ကောင်းတာပဲ။ အခု မင်းတို့တွေ ငါ့ကို ဘယ်လိုများ ယှဉ်ပြိုင်ကြမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်” မုဟွိုက်သည် ဝမ်းသာအားရ တဟားဟား ရယ်မောလိုက်လေသည်။
ထိုအချိန်တွင် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ကျူးပိက ရုတ်တရက် ဝင်ပြော၏။ “ငါ ဘာလို့ မိစ္ဆာဂိုဏ်းမှော်ဆရာမ မုဟွိုက်ရဲ့ အသံကို ကြားနေရတာလဲ”
“မှန်တယ်... အဲဒီမိစ္ဆာမပဲ။ ငါလည်း ဘာလို့ တစ်ယောက်ယောက်က ငါတို့ကို ပစ်မှတ်ထားနေရတာလဲလို့ စဉ်းစားနေတာ။ တကယ်တော့ ဒီမိစ္ဆာမကပဲ နောက်ကွယ်ကနေ လှည့်ကွက်တွေ သုံးနေတာကိုး” ယန်ချိုင်ကလည်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ဟားဟားဟား... ငါပဲလေ။ နင်တို့က ငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ။ မင်းတို့တွေ ဒီမှာပဲ ငြိမ်ငြိမ်လေးနေပြီး ကောင်းကင်ဘုံလမ်းစဉ် ပွင့်လာမယ့်အချိန်ကို စောင့်နေလိုက်ကြ။ အဆင့်သတ်မှတ်ချက် ရဖို့ကတော့ မင်းတို့ အိပ်မက်မက်ရုံပဲ ရှိတော့မယ်” မုဟွိုက်က ရယ်မောလျက် ပြောဆိုလိုက်၏။
ချင်ယွမ်ဖုန်းသည် မတတ်သာသဖြင့် သက်ပြင်းချလိုက်ပြီး “ဟူး... မင်း ဒီလောက်တောင် ပျော်နေတာ မြင်ရတော့လည်း ငါ မင်းကို အံ့အားသင့်စရာတစ်ခု ပေးဖို့ ကြံရွယ်ထားတာ ရှိသေးတယ်” ဟု ဆိုလေသည်။
“အံ့အားသင့်စရာ ဟုတ်လား။ ဘာလဲ” မုဟွိုက်သည် ချက်ချင်းပင် စိတ်ဝင်စားသွားခဲ့သည်။
“အစ်ကို... အဲဒီမိစ္ဆာမကို လုံးဝ မယုံကြည်နဲ့။ သူမက ကတိဖျက်တတ်ပြီး ကောက်ကျစ်စဉ်းလဲတာ သဘာဝပဲ။ ဒါတင်မကသေးဘူး သူမက ရက်စက်တတ်ပြီး အစ်ကို့ကို ပျက်စီးရာ ပျက်စီးကြောင်း သေချာပေါက် ဆွဲခေါ်သွားလိမ့်မယ်” ထိုအချိန်တွင် ယန်ချိုင်က အလေးအနက် သတိပေးလိုက်၏။
“နင်စကားတွေ သိပ်များနေတယ်
မုဟွိုက်သည် ယန်ချိုင်၏ အဆောင်လက်ဖွဲ့လှောင်အိမ်ကို ကန်လိုက်ရာ ယန်ချိုင်မှာ လလှောင်အိမ်ထဲတွင် အကြိမ်အနည်းငယ်မျှ လိမ့်လှေသွားတော့သည်။
“ချင်ကျိ... မင်းကတော့ ငါ့ကို မယုံဘဲ မနေပါဘူးနော်” မုဟွိုက်သည် သနားစရာကောင်းသော မျက်နှာပေးလေး လုပ်ပြလျက် ချင်ယွမ်ဖုန်းကို ကြည့်လိုက်သည်။
“ငါက မင်းကို ဘာလို့ မယုံဘဲ နေရမှာလဲ” ချင်ယွမ်ဖုန်းက ပြုံးလျက် “ဒီအခြေအနေအထိ ရောက်နေပြီပဲ။ မင်း နောင်တရပြီး နောက်ဆုတ်ဖို့ ဆိုတာလည်း နောက်ကျသွားပါပြီ”
“မောင်လေး ငါ့ကို ယုံကြည်မယ်ဆိုတာ ငါ သိသားပဲ” မုဟွိုက်က ပြုံးရွှင်စွာ ပြောဆိုရင်း ကုတင်ပေါ်တွင် ချက်ချင်း ဝင်ထိုင်လိုက်ကာ “အော်... ဒါနဲ့ ငါ့ကို အံ့အားသင့်စရာ ပေးမယ်ဆိုတာ ဘာလဲ”
“မလောပါနဲ့ဦး။ အရင်ဆုံး အဲဒါ ဘယ်လိုအံ့အားသင့်စရာမျိုး ဖြစ်မလဲဆိုတာ မင်း ခန့်မှန်းကြည့်ပါဦး” ချင်ယွမ်ဖုန်းက ပြုံးလျက် မေးလိုက်၏။
“အံ့အားသင့်စရာ ဟုတ်လား။ ငါ ခန့်မှန်းလို့ သိသွားရင် အံ့အားသင့်စရာ မဟုတ်တော့ဘူးပေါ့” မုဟွိုက်က မျက်စောင်းထိုးလိုက်သည်။
“ကောင်းပြီ... ကောင်းပြီ... ငါ သိပါတယ်။ အခု မင်းအတွက် ငါ ပြင်ဆင်ထားတဲ့ အံ့အားသင့်စရာကို ပြရတာပေါ့” ချင်ယွမ်ဖုန်းသည် သူ၏ ရင်ခွင်ထဲသို့ လက်ကို နှိုက်လိုက်လေသည်။
မုဟွိုက်သည် မျှော်လင့်ချက်အပြည့်ဖြင့် ချင်ယွမ်ဖုန်းကို ကြည့်နေစဉ်မှာပင် ချင်ယွမ်ဖုန်းက လက်တံဆိပ်တော်များကို လျင်မြန်စွာ ဖော်ဆောင်နေသည်ကို ရုတ်တရက် သတိပြုမိသွားခဲ့သည်။
သူမ၏ နှလုံးသားမှာ ထိတ်ကနဲ ဖြစ်သွားပြီး ချက်ချင်းပင် တုံ့ပြန်ကာ ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ ခုန်ထွက်ရန် ကြိုးစားလိုက်တော့သည်။
သို့သော်လည်း ကုတင်အောက်မှနေ၍ အဆောင်လက်ဖွဲ့ အမြောက်အမြား ပျံထွက်လာပြီး မုဟွိုက်ကို တခဏချင်းအတွင်း အထပ်ထပ်အခဲခဲ ဝိုင်းရံပိတ်ဆို့ကာ လုံးဝ ချိတ်ပိတ်လိုက်လေတော့သည်။
“ချင်ကျိ... မင်း ဘာလုပ်တာလဲ” မုဟွိုက်သည် တုန်လှုပ်ချောက်ချားစွာ အော်ဟစ်လိုက်၏။
ချင်ယွမ်ဖုန်းက ပြုံးလျက် “မုဟွိုက်... မင်း ဘာတွေ ကြံစည်နေလဲဆိုတာ ငါ မသိဘူးလို့ မင်း တကယ်ပဲ ထင်နေတာလား။ သူတို့တွေကတော့ ဒီမှာ အဖမ်းခံထားရပြီ။ နောက်တစ်ဆင့်အနေနဲ့ မင်း ငါ့ကို ရှင်းပစ်ဖို့ ကြံစည်ထားတာ မဟုတ်လား”
“ချင်ကျိ... နင်ဘာတွေ ပြောနေတာလဲ။ ငါတို့က မဟာမိတ်တွေလေ။ ငါက မင်းကို ဘယ်လိုလုပ်ပြီး တိုက်ခိုက်မှာလဲ” မုဟွိုက်သည် ဆင်ခြေပေးရန် ကြိုးစားနေဆဲ ဖြစ်သည်။
ချင်ယွမ်ဖုန်းက ပြုံးလျက် “တော်စမ်းပါ မုဟွိုက်ရယ်။ မင်း ဘယ်လောက်ပဲ စကားတွေ တတ်နေပါစေ ငါ မင်းကို အပြင်ပေးမထွက်နိုင်ဘူး။ ဒါနဲ့ စကားမစပ် လင်ယွဲ့နဲ့ ငါက ဒီမတိုင်ခင်ကတည်းက သိကျွမ်းပြီးသားပါ”
ထိုသို့ ပြောပြီးနောက် ချင်ယွမ်ဖုန်းသည် လင်ယွဲ့၏ အဆောင်လက်ဖွဲ့လှောင်အိမ်ကို ဖွင့်ပေးလိုက်ရာ လင်ယွဲ့မှာ အပြင်သို့ လှမ်းထွက်လာနိုင်ခဲ့သည်။
“နင်... နင်က ငါ့ကို လှည့်စားဝံ့တယ်ပေါ့လေ” မုဟွိုက်သည် အလွန်အမင်း ဒေါသထွက်သွားခဲ့သည်။ ချင်ယွမ်ဖုန်း၏ သစ္စာဖောက်မှုကပင် သူမကို ဤမျှအထိ ဒေါသမထွက်စေနိုင်ခဲ့ပေ။
“ မုဟွိုက်ထံမှ အာဃာတတန်ဖိုး ၁၀၀ ရရှိပါသည်”
“မင်း ကိုယ်တိုင်ပဲ ဒီလမ်းကို ရွေးခဲ့တာလို့ ပြောရမှာပဲ” ချင်ယွမ်ဖုန်းက အေးစက်စွာ ပြောဆိုရင်း သူ၏ လက်ချောင်းကို တောက်ခေါက်လိုက်ရာ မုဟွိုက်၏ အဆောင်လက်ဖွဲ့လှောင်အိမ်မှ အသံလုံစနစ် အလုပ်လုပ်သွားလေသည်။
“အစ်ကို... အစ်ကိုက မုဟွိုက်ကို ဖမ်းချုပ်ထားပြီးပြီပဲ။ ငါတို့ကိုလည်း လွှတ်ပေးပါဦး။ ဒီထဲမှာ တကယ်ပဲ ပိတ်လှောင်လွန်းလို့ လက်ခြေတောင် ဆန့်လို့မရတော့ဘူး” ထိုအချိန်တွင် ကျူးပိက ဝင်ပြော၏။
ချင်ယွမ်ဖုန်းက ခေါင်းခါပြကာ “စိတ်မရှိပါနဲ့ အမျိုးတို့ရာ။ မင်းတို့တွေ လောလောဆယ်တော့ ဒီထဲမှာပဲ နေနေကြဦး။ အဆောင်လက်ဖွဲ့လှောင်အိမ်က သုံးရက်ပဲ အာနိသင်ရှိတာ။ သုံးရက်ပြည့်သွားရင် မင်းတို့ဘာသာမဆို အပြင်ကို ထွက်လာနိုင်ပါလိမ့်မယ်”
ထိုသို့ ပြောပြီးနောက် ချင်ယွမ်ဖုန်းသည် အဆောင်လက်ဖွဲ့လှောင်အိမ် အားလုံး၏ အသံလုံစနစ်ကို အသက်သွင်းလိုက်လေသည်။
ယခုအခါ အခန်းထဲတွင် အဆောင်လက်ဖွဲ့လှောင်အိမ် ကိုးခုသာ ကျန်ရှိတော့၏။
“သွားကြစို့။ ငါတို့ ပြန်ပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီးရင် ကောင်းကင်ဘုံလမ်းစဉ် ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြတာပေါ့” ချင်ယွမ်ဖုန်းက ပြုံးလျက် ဆိုသည်။
လင်ယွဲ့က ခေါင်းညိတ်ပြကာ တည်းခိုခန်းအခန်းထဲမှ ချင်ယွမ်ဖုန်းနှင့်အတူ ထွက်လာခဲ့ပြီး သူတို့နောက်ကွယ်မှ တံခါးကို ဂရုတစိုက် ပြန်ပိတ်ပေးခဲ့သည်။
ချင်ယွမ်ဖုန်းနှင့် လင်ယွဲ့တို့သည် တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်လိုက်ကြ၏။ တစ်ယောက်က တည်းခိုခန်းသို့ ပြန်သွားပြီး ကျန်တစ်ယောက်က ကောင်းကင်ဘုံမျှော်စင်သို့ ပြန်သွားခဲ့သည်။
သူတို့သည် မနက်ဖြန်တွင် ကောင်းကင်ဘုံလမ်းစဉ် ရှေ့၌ ဆုံတွေ့ရန် ကတိကဝတ်ပြုခဲ့ကြသည်။
ချင်ယွမ်ဖုန်း ကောင်းကင်ဘုံမျှော်စင်သို့ ပြန်ရောက်သည့်အချိန်တွင် မှောင်ရီပျိုးနေပြီ ဖြစ်သည်။
ချင်ယွမ်ဖုန်းသည် လွန်ခဲ့သော နှစ်ရက်လုံးလုံး ကောင်းကောင်းမွန်မွန် မနားခဲ့ရသဖြင့် အနည်းငယ် မောပန်းနွမ်းနယ်နေသော ပုံစံ ပေါက်နေ၏။
“.. မင်း ဘယ်တွေ သွားနေတာလဲ” အဘိုးကျိုးသည် ချင်ယွမ်ဖုန်း၏ ပုံစံကို မြင်သောအခါ အမြန်လှမ်းလာပြီး မေးမြန်းလိုက်သည်။
ချင်ယွမ်ဖုန်းက လက်ဝှေ့ယမ်းပြကာ “အဘိုးကျိုး... ဘာမှမမေးပါနဲ့ဦး။ ကျွန်တော်ကောင်းကောင်းလေး နားချင်လို့ပါ”
“အော်... လူငယ်တွေ စိတ်လှုပ်ရှားတတ်တာကို ငါ နားလည်ပါတယ်။ စိတ်လိုက်မာန်ပါ ဖြစ်တတ်တာကိုလည်း ငါ နားလည်ပါတယ်။ ဒါပေမဲ့ မင်းတို့တွေ အတန်အသင့် ဖြစ်ဖို့တော့ သတိထားရမယ်။ လူငယ်တွေက သိပ်ပြီး စိတ်စောလွန်းတယ်၊ သည်းခံနိုင်စွမ်း လုံးဝ မရှိကြဘူး” အဘိုးကျိုးက အလေးအနက် ဆုံးမလေသည်။
ချင်ယွမ်ဖုန်းသည် အဘိုးကျိုး မိမိကို အထင်လွဲနေမှန်း သိသဖြင့် လက်ကို အထပ်ထပ် ဝှေ့ယမ်းကာ “အဘိုးကျိုး... ကျွန်တော်က အဲလို...”
“ကဲပါ... ငါလည်း တစ်ချိန်က လူငယ်ဖြစ်ခဲ့ဖူးတာပဲ။ သိပ်ပြီး ရှက်မနေပါနဲ့။ မြန်မြန်သွားပြီး နားလိုက်တော့” အဘိုးကျိုးက ချင်ယွမ်ဖုန်း၏ ပုခုံးကို ပုတ်ပေးလိုက်၏။
ချင်ယွမ်ဖုန်းမှာ ငိုချင်ရက်လက်စ ဖြစ်သွားခဲ့ရသည်။ သူက ရှင်းပြရန် ကြံရွယ်သော်လည်း အဘိုးကျိုးက ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ မတတ်နိုင်သည့်အဆုံး သူ၏ ကိုယ်ပိုင်အခန်းသို့သာ ပြန်လာခဲ့ရတော့သည်။
ညဉ့်နက်သန်းခေါင်အချိန်တွင် မုဟွိုက်၏ စီနီယာအစ်ကို အနည်းငယ်မှာ ငြိမ်သက်စွာ မထိုင်နိုင်ကြတော့ပေ။
“ဟူး... ဂျူနီယာညီမလေး ဘာလို့ အခုထိ ရောက်မလာသေးတာလဲ။ တစ်ခုခု ဖြစ်သွားလို့လား” လူတစ်ယောက်က မေးလိုက်၏။
“မဖြစ်နိုင်တာ။ ဒီလောက် ပါးနပ်တဲ့ ဂျူနီယာညီမလေးက ဘာကိစ္စ တစ်ခုခု ဖြစ်ရမှာလဲ”
“ဒါဆို သူမ ဘာလို့ အခုထိ ရောက်မလာသေးတာလဲ”
လူတိုင်း ခေတ္တမျှ စဉ်းစားလိုက်ကြပြီး နောက်ဆုံးတွင် အခြေအနေကို သွားရောက် စစ်ဆေးရန်အတွက် လူတစ်ယောက်ကို ပြန်လည် စေလွှတ်ရန် ဆုံးဖြတ်လိုက်ကြသည်။
သူတို့ ခြုံခိုတိုက်ခိုက်ရန် ပြင်ဆင်ထားသော နေရာမှာ ပန်းရနံ့ရွာ နောက်ကွယ်ရှိ တောအုပ်ထဲတွင် ဖြစ်သည်။ မုဟွိုက်သည် မူလက လူတိုင်းကို ရှင်းလင်းပြီးနောက်
ချင်ယွမ်ဖုန်းကို ထိုနေရာသို့ ခေါ်ဆောင်လာရန် အစီအစဉ် ရှိခဲ့ခြင်း ဖြစ်၏။
မုဟွိုက်၏ စီနီယာအစ်ကိုများမှာ ပဉ္စမအဆင့် မဟာဆရာနယ်ပယ်ဝန်းကျင်တွင်သာ ရှိကြသော်လည်း သူတို့သည် အစီအရင်တစ်ခုကို ကြိုတင်ပြင်ဆင်ထားကြသည်။
ချင်ယွမ်ဖုန်း ရောက်လာသည်နှင့် တစ်ပြိုင်နက် သူတို့သည် ယင်းကို ဖမ်းချုပ်ထားနိုင်မည် ဖြစ်ပေသည်။
သို့သော်လည်း အခုအခါ မုဟွိုက် ကြာမြင့်စွာ ပျောက်ကွယ်နေခြင်းက ထိုလူအနည်းငယ်ကို စိတ်မအေးဖြစ်စေခဲ့သည်။
အခြေအနေ သွားရောက်ကြည့်ရှုရန် စေလွှတ်ခြင်းခံရသော လူသည် ပြတင်းပေါက်မှတစ်ဆင့် မုဟွိုက်၏ အခန်းထဲသို့ တိတ်တဆိတ် ခိုးဝင်သွားခဲ့ရာ အခန်းထဲ၌ အဆောင်လက်ဖွဲ့လှောင်အိမ် အနည်းငယ်မှတစ်ပါး အခြားမည်သည့်အရာမျှ မရှိသည်ကို တွေ့ရှိခဲ့ရသည်။
ထိုလူက ရေတွက်ကြည့်ရာ အဆောင်လက်ဖွဲ့လှောင်အိမ် စုစုပေါင်း ကိုးခု ရှိနေ၏။
“အရေအတွက်ကတော့ မှန်ပါတယ်။ ဒါပေမဲ့ ဂျူနီယာညီမလေးနဲ့ ချင်ကျိက ဘယ်ရောက်သွားတာလဲ”
သူသည် နေရာအနှံ့ ရှာဖွေခဲ့သော်လည်း မုဟွိုက်၏ အရိပ်အယောင်ကို လုံးဝ ရှာမတွေ့ခဲ့ပေ။
“ထူးဆန်းလိုက်တာ။ ဂျူနီယာညီမလေးနဲ့ အဲဒီချင်ကျိက ကောင်းကင်ဘုံမျှော်စင်ကို ကြိုတင်သွားနှင့်ကြပြီလား မသိဘူး” ထိုလူသည် ဝေခွဲမရ ဖြစ်နေခဲ့သည်။
နောက်ဆုံးတွင် သူသည် တည်းခိုခန်းမှ ထွက်ခွာခဲ့ပြီး သူတို့ ခြုံခိုတိုက်ခိုက်မည့် နေရာသို့ ပြန်လာခဲ့တော့သည်။
လူတိုင်း ဆွေးနွေးတိုင်ပင်လိုက်ကြပြီးနောက် အဖြစ်နိုင်ဆုံး အခြေအနေမှာ မုဟွိုက်သည် ချင်ယွမ်ဖုန်းကို ကောင်းကင်ဘုံလမ်းစဉ် ဘက်သို့ ခေါ်ဆောင်သွားခြင်း ဖြစ်လိမ့်မည်ဟု ကောက်ချက်ချလိုက်ကြသည်။
“ဒါဆို ငါတို့တွေ ဒီမှာ အလဟဿ ခြုံခိုစောင့်ဆိုင်းနေခဲ့တာပေါ့” လူတစ်ယောက်က မကျေမနပ်ဖြင့် ပြောဆိုလိုက်သည်။
“ကဲပါ... ဂျူနီယာညီမလေးမှာ သူမရဲ့ ကိုယ်ပိုင်အစီအစဉ် ရှိမှာပါ။ ငါတို့က အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေးဖို့ပဲ လိုအပ်ပါတယ်။ ဒီလိုလုပ်ကြစို့၊ မနက်ဖြန် ကောင်းကင်ဘုံလမ်းစဉ် ရောက်ရင် ဂျူနီယာညီမလေးကို တိုက်ရိုက်ပဲ မေးမြန်းကြည့်ကြတာပေါ့” ဟု လူတစ်ယောက်က အကြံပြု၏။
ကျန်ရှိနေသော သူများကလည်း ခေါင်းညိတ် ထောက်ခံကြလေသည်။
ချင်ယွမ်ဖုန်းသည် ကောင်းကင်ဘုံမျှော်စင်တွင် တစ်ညလုံး အပြည့်အဝ နားခွင့်ရခဲ့သဖြင့် သူ၏ အခြေအနေကို ထိပ်တန်းအဆင့်သို့ ပြန်လည် ရောက်ရှိအောင် ညှိယူနိုင်ခဲ့သည်။
နောက်တစ်နေ့ နံနက်ခင်းတွင် ချင်ယွမ်ဖုန်းသည် အိပ်ရာမှ နိုးထလာခဲ့လေတော့သည်။