← Chapters

အခန်း (၁၀၇-၁၀၉)

Vol. 8 Ch. 107-109

အခန်း (၁၀၇-၁၀၉)

Vol. 8 Ch. 107-109

အခန်း (၁၀၇) - ပရီယွန် ဗိုင်းရပ်စ်

"ဟုတ်တယ် ကုသလို့မရဘူး တစ်ခါ ကူးစက်ခံရပြီဆိုတာနဲ့ သေမယ့်အချိန်ကို စောင့်နေရုံပဲ"

လင်းစစ်ကျား၏ မျက်နှာအမူအရာမှာ အနည်းငယ် လေးလံသွားခဲ့သည်။ ရဲ့ရှင်းချန်သည် လက်လှမ်းကာ သူမ၏ ပါးပြင်လေးအား အသာအယာ ဆွဲညှစ်လိုက်လေသည်။ ဆရာဝန် တစ်ဦးအနေဖြင့် လင်းစစ်ကျားသည် မည်သူ့ကိုမျှ မသေဆုံးစေချင်ပေ။ သို့သော်လည်း ဤလူများမှာ ဤသို့ ခံထိုက်ကြောင်းအားလည်း သူမ ကောင်းစွာ သိရှိထားပေသည်။

သူတို့သည် ပရီယွန် ဗိုင်းရပ်စ် ကူးစက်ခံရခြင်း၏ အဓိက အကြောင်းရင်းမှာ လူသားမျိုးနွယ်တူ အချင်းချင်းအား သတ်ဖြတ်ကာ အသားအား စားသောက် ခဲ့ကြသောကြောင့်ပင် ဖြစ်သည်။

၎င်းမှာ ရွံရှာမုန်းတီးဖွယ် ကောင်းလှသကဲ့သို့ အလွန်လည်း သနားစရာ ကောင်းလှပေသည်။ မည်သို့ပင် ဖြစ်စေ ဤ ကမ္ဘာ ပျက်ကပ်ကြီးထဲတွင် သူတို့သည်...

"ကဲပါ ကျားကျားက ဘာတွေ တွေးနေတာလဲကွာ စိတ်မကောင်း မဖြစ်ပါနဲ့ကွာ ဒီည အမဲသားဟင်း အပြင် ဘာတွေ ချက်ထားသေးလဲ မွှေးနေတာပဲ စားကြစို့လေ"

ရဲ့ရှင်းချန်မှ လင်းစစ်ကျား၏ လက်အား ဆွဲလျှက် ထမင်းစားပွဲဆီသို့ လျှောက်သွား ခဲ့လေတော့သည်။ သူသည် လင်းစစ်ကျား၏ ထိုင်ခုံနေရာကိုပင် ပြောင်းလဲ ပေးလိုက်ပြီး စောင့်ကြည့် စခရင်နှင့် ကျောခိုင်းထားနိုင်ရန် သူမအား နေရာရွှေ့ပေး လိုက်တေ့ာသည်။

ယခင်ဘဝတွင် ကမ္ဘာပျက်ကပ်ကြီး စတင် ပြီးနောက်တွင် ရဲ့ရှင်းချန်သည် တစ်လကျော်မျှသာ အသက်ရှင်ခဲ့ရခြင်း ဖြစ်သည်။ ဤကမ္ဘာ လောက၏ အနာဂတ်တွင် မည်သို့သော အရာများ ဆက်လက် ဖြစ်ပေါ်လာမည်အား သူ လုံးဝ မသိရှိခဲ့ချေ။ အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် စခရင်အား ကြည့်လိုက်တိုင်း သူ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေမိလေသည်။

ယနေ့ည အမဲသားဟင်းမှာ အလွန် အရသာရှိလှပေသည်။ မိုချီမှာ သွေးထွက်သံယို မြင်ကွင်းကြောင့် အစားအသောက် ပျက်သွားခဲ့သော်လည်း ဟင်းအနှစ်များဖြင့် ထမင်း ပန်းကန်လုံးကြီး နှစ်လုံးအား စားသောက်ခဲ့သေးသည့် အပြင် တုန်ယမ်း ဟင်းချို နှစ်ပန်းကန်ကိုပါ သောက်သုံးခဲ့သေးသည်။

ယနေ့ညတွင် လင်းစစ်ကျားအား နှစ်သိမ့်ပေးရန် အတွက် ရဲ့ရှင်းချန်သည် ရုပ်ရှင်အား အဆုံးထိမကြည့်တော့ဘဲ ရေချိုးကာ အိပ်ရာဝင်ရန် အပေါ်ထပ်သို့ တက်လာခဲ့တော့သည်။

"ရပါတယ် ညီမ ရေချိုးတာကို ကိုယ်က ထိုင်ကြည့်နေမှာပါ"

လင်းစစ်ကျားမှာ မူလတွင် အနည်းငယ် စိတ်ဓာတ်ကျ နေခဲ့သော်လည်း ယခုအချိန်တွင် ရဲ့ရှင်းချန်မှ သူမ၏ ရေချိုးခန်း တံခါးဝတွင် ကင်းစောင့်နေပြီး ထွက်မသွားရန် ငြင်းဆန်နေသဖြင့် မျက်နှာလေး နီမြန်းလာသည်အား မတားဆီးနိုင်တော့ချေ။

"အိုက်ယား ရှင် သွား ဆိုဖာပေါ် သွားထိုင်နေ ရှင်က တကယ်ကို မျက်စိနောက်စရာ ကောင်းတာပဲ"

သူ၏ ကျီစယ်မှု အောင်မြင်သွားသဖြင့် ရဲ့ရှင်းချန်မှ ရယ်မော လိုက်လေသည်။

"ကောင်းပါပြီ ကောင်းပါပြီ ကောင်းပါပြီဗျာ လင်းသခင်မလေး စကားကို ကိုယ် နားထောင်ပါ့မယ် မြန်မြန်ချိုးနော် အပြင်ကနေ စောင့်နေမယ်"

အချိန်သည် သိပ်မနှောင်းသေးချေ။ လင်းစစ်ကျား လှည့်ကာ ရေချိုးခန်းထဲသို့ ဝင်သွားချိန်တွင် ရဲ့ရှင်းချန်မှ ဧည့်ခန်းနံရံရှိ နာရီအား တစ်ချက် ကြည့်လိုက်လေရာ ညရှစ်နာရီပင် မထိုးသေးကြောင်း တွေ့လိုက်ရသည်။

လင်းစစ်ကျားသည် ရေချိုးခန်းတံခါးအား သော့ခတ်လိုက်ပြီး ရဲ့ရှင်းချန်သည် ရပ်ကွက်ထဲရှိ စောင့်ကြည့်ကင်မရာ မှတ်တမ်းများအား ဆွဲဖွင့် လိုက်လေတော့သည်။

တံခါးဝရှိ မြေပြင်ပေါ်မှ သွေးအိုင်ကြီးမှာ နီညိုရောင် အဖြစ်သို့ ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။ ချန်းကျုံနှင့် ကျန်းဆန်တို့မှာ ပြောင်စင်နေအောင် ကိုက်ဖြတ် စားသောက်ခံလိုက်ရပြီ ဖြစ်လေသည်။ မြေပြင်ပေါ်ရှိ အရိုးပုံနှစ်ပုံမှာ ရေဆေးချလိုက်မည်ဆိုပါက အရိုးစု ပုံစံငယ်များအဖြစ်ပင် အသုံးပြုနိုင်လောက်သည်။

သူတို့၏ အဝတ်အစားများမှာ တစ်စစီ ဆုတ်ဖြဲခံထားရပြီး သူတို့၏ဘေးပတ်လည်တွင် ပြန့်ကျဲနေခဲ့သည်။ ဧည့်သည် ရှစ်ဦးမှာမူ ပျောက်ကွယ်သွားခဲ့ကြပြီ ဖြစ်သည်။ နှင်းကျခြင်း ရပ်တန့်သွားသော်လည်း လေပြင်းများမှာမူ တိုက်ခတ်နေဆဲ ဖြစ်သည်။

မြေပြင်ပေါ်ရှိ ခြေရာများ မည်သည့်နေရာသို့ ဦးတည်သွားသည်ကို မြင်ရရန် ရဲ့ရှင်းချန်အား စခရင်ကို ချဲ့ကြည့်လိုက်လေသည်။ မည်သို့ပင်ဆိုစေ အပြင်ဘက်တွင် မှောင်မိုက်နေခဲ့သည်။ သူ၏ ကင်မရာတွင် ညကြည့်မှန်ဘီလူး ပါဝင်သော်ငြား ချဲ့ကြည့်ပြီးနောက်တွင် လူ့မျက်လုံးကဲ့သို့ ရှင်းလင်းပြတ်သားမှု မရှိချေ။

"ဟူး အဲဒီလူတွေ ဘယ်ကိုသွားကြတာလဲ မသိဘူး သူတို့က ဘယ်သူတွေများလဲ"

ရဲ့ရှင်းချန် ခေတ္တမျှ စဉ်းစားလိုက်သည်။ သူ၏ အနီးအနားသို့ ရောက်လာ နိုင်သူများမှာ ဤမြို့မှ လူများသာ ဖြစ်တန်ရာ၏။ သေချာသည်မှာ သူတို့သာ အခြားမြို့များမှ လာခဲ့မည်ဆိုပါက လမ်းခုလတ်မှာပင် သေဆုံးသွားခဲ့ကြသည်မှာ ကြာမြင့်နေပြီ ဖြစ်လိမ့်မည်။

လင်းစစ်ကျားသည် အလွန်မြန်ဆန်စွာ ရေချိုးလိုက်လေသည်။ ယနေ့ သူမ ခေါင်းမလျှော်ခဲ့ချေ။ သူမ ထွက်လာချိန်တွင် လွန်ခဲ့သော ရက်အနည်းငယ်မှ ရဲ့ရှင်းချန် လက်ဆောင် ပေးထားသည့် ဝိုင်နီရောင် ပိုးသား ညအိပ်ဝတ်စုံလေးကို ဝတ်ဆင်ထားလေသည်။

"ကဲ အိပ်ကြစို့လေ"

လင်းစစ်ကျား၏ မျက်နှာပေါ်ရှိ နီမြန်းမှုများမှာ မပျောက်ကွယ်သေးချေ။ သူမသည် ညအိပ်ဝတ်စုံ၏ ကြိုးလေးအား ဆွဲညှစ်ထားရင်း ကုတင်ဆီသို့ ရှက်သွေးဖြာစွာ လျှောက်သွားခဲ့သည်။

ရေချိုးခန်းထဲမှ ရေသံ ရပ်တန့်သွားကတည်းမှ ရဲ့ရှင်းချန်သည် စခရင်အား ချုံ့လိုက်ပြီး ထောင့်တစ်နေရာသို့ ရွှေ့ထားလိုက်ပြီ ဖြစ်သည်။ ထို့နောက် သူသည် ပရိုဂျက်တာအား ပိတ်လိုက်လေသည်

လင်းစစ်ကျား ရေချိုးခန်းထဲမှ ထွက်လာသောအခါ ရဲ့ရှင်းချန်မှာ ဆိုဖာပေါ်မှ ထရပ်လိုက်ပြီးနောက် သူမအနီးသို့ တိုးသွားခဲ့လေသည်။ ရေချိုးပြီးကာစ လင်းစစ်ကျားထံမှ သင်းပျံ့သော ရနံ့လေးတစ်ခုသည် ပို၍ပင် သိသာစွာ ထွက်ပေါ်နေခဲ့သည်။ ရဲ့ရှင်းချန်မှ သူမအား ဖက်မထားဘဲ မနေနိုင်တော့ချေ။

"ကျားကျားလေးက အရမ်းမွှေးနေတာပဲကွာ"

ရဲ့ရှင်းချန်၏ လက်ကြီးများသည်လည်း ငြိမ်သက်မနေခဲ့ချေ။ ရဲ့ရှင်းချန်သည် လင်းစစ်ကျား၏ ခန္ဓာကိုယ်အနှံ့ အချိန်အတော်ကြာ လှည့်လည် သွားလာနေခဲ့လေသည်။ ကိုယ်လက်လှုပ်ရှားမှု တစ်ကြိမ် ပြုလုပ်ပြီးနောက် လင်းစစ်ကျားမှာ အလွန် ပင်ပန်းသွားကာ အိပ်ပျော်သွားတော့သည်။

ရဲ့ရှင်းချန်သည် လင်းစစ်ကျား၏ ကုတင်ပေါ်မှ ဆင်းလာခဲ့ပြီးနောက် သူမအား စောင် သေချာ လွှမ်းခြုံပေးလိုက်လေသည်။ သူသည် ခေါင်းငုံ့ကာ လင်းစစ်ကျား၏ နဖူးလေးအား အနမ်းတစ်ပွင့် ခြွေလိုက်တော့သည်။ ၎င်းနောက် အခန်းထဲမှ ထွက်လာခဲ့ပြီး လင်းစစ်ကျား၏ တံခါးကို သော့ခတ်ပေးခဲ့သည်။

အပြင်ဘက်ရှိ နာရီတွင် ည ၁၀ နာရီပင် ထိုးနေခဲ့ပြီ ဖြစ်ကြောင်း ပြသနေခဲ့သည် ရဲ့ရှင်းချန်သည် ခြောက်လွှာမှ ထွက်လာပြီးနောက် ခြောက်လွှာတံခါးအား သော့ခတ်လိုက်ကာ ရေချိုးရန် ခုနစ်လွှာသို့ ဖြည်းညင်းစွာ ပြန်တက်လာခဲ့သည်။

ရေချိုး ပြီးနောက် ရဲ့ရှင်းချန်သည် ခုနစ်လွှာရှိ ထိန်းချုပ်ခန်းသို့ သွားကာ ယနေ့ ကျင်းဟွာရပ်ကွက် ဝင်ပေါက်ရှိ စောင့်ကြည့်ကင်မရာ မှတ်တမ်းများအား ဆွဲထုတ်လိုက်တော့သည်။

စခရင်အား နှစ်ချက် နှိပ်၍ ချဲ့လိုက်ပြီးနောက် ရဲ့ရှင်းချန်သည် ရပ်ကွက် ဝင်ပေါက်တွင် ရပ်နေသော ထိုလူများ၏ မြင်ကွင်းအား ဖမ်းယူလိုက်ကာ ကျောက်ဟောင်ထံသို့ ပေးပို့လိုက်သည်။

ကျောက်ဟောင်သည် လူကောင်း တစ်ယောက် ဖြစ်ပြီး လုံခြုံရေးကုမ္ပဏီမှ လူအများအပြားနှင့် ဆက်ဆံရေး ကောင်းမွန်သူ ဖြစ်သည်။ သူသည် ထိုသူများ နှင့်အတူ အရက်သောက်ရန် ရံဖန်ရံခါ ထွက်သွားလေ့ ရှိပေသည်။ သူ၏ အဆက်အသွယ် ကွန်ရက်မှာလည်း အလွန်ကျယ်ပြန့်လှသည်။

ဗဟိုထိန်းချုပ်ခန်း ထဲရှိ မီးများအား ပိတ်လိုက်ပြီးနောက် ရဲ့ရှင်းချန်သည် တံခါးအား သော့ခတ်ကာ သူ၏အခန်းသို့ ပြန်လာခဲ့သည်။ ကျောက်ဟောင်မှ ပြန်လည် မဖြေကြားသေးချေ။ ရဲ့ရှင်းချန် မော့၍ နာရီကို ကြည့်လိုက်ရာ မနက် တစ်နာရီပင် ကျော်လွန်နေပြီ ဖြစ်ကြောင်း သတိပြုမိသွားခဲ့သည်။ သူလည်း အိပ်စက်ရန် ကုတင်ပေါ်သို့ အမြန် ပြန်တက်သွားတော့သည်။

နိုးလာပြီးနောက် အမြဲတမ်း ပုံမှန် လည်ပတ်နေသော ဇီဝနာရီ ရှိသည့် ရဲ့ရှင်းချန်သည် ထုံးစံအတိုင်း အချိန်မှန်တွင် နိုးထလာခဲ့သည်။ သူသည် ရှေးဦးစွာ လင်းစစ်ကျား၏ အခန်းကို သော့သွား ဖွင့်ပေးပြီးနောက် မိုချီ၏ တံခါးအား သော့ဖွင့်ပေးရန် အောက်ထပ်သို့ ဆင်းလာခဲ့သည်။

ပြင်ဆင်မှုများ အားလုံး ပြီးစီး သွားသောအခါ ရဲ့ရှင်းချန်နှင့် မိုချီတို့သည် ခြောက်လွှာ ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်နေကြပြီး သူသည် ဖုန်းအား စတင်၍ ကြည့်ရှုလိုက်လေတော့သည်။ ကျောက်ဟောင်က မနက်အစောကြီးကတည်းက စာပြန်ထားခြင်း ဖြစ်သည်။

"ဒီလူတွေက ကျန့်ဟွာချန်နဲ့ သူ့လူတွေပဲ အရှေ့ဆုံးက တစ်ယောက်က ကျန့်ဟွာချန်လေ သူ့နောက်က လူတွေကို ငါ အရင်က မြင်ဖူးတယ် အားလုံးက ကျန့်ဟွာချန်ရဲ့ တပည့်တွေချည်းပဲ ဒါပေမဲ့ နာမည်တွေတော့ ငါ မမှတ်မိတော့ဘူး"

ဤအဖြေအား မြင်လိုက်ရသောအခါ ရဲ့ရှင်းချန် အနည်းငယ် အံ့အားသင့်သွားမိသည်။ မူလတွင် ထိုသူများမှာ သူစိမ်းများ ဖြစ်မည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း အသိဟောင်းများ ဖြစ်နေလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ချေ။

ကျန့်ဟွာချန်သည် ကျင်းဟွာ ရပ်ကွက်သို့ အရင်တွင် လာရောက်ဖူးပြီး ရဲ့ရှင်းချန်နှင့်ပင် တိုက်ခိုက်ခဲ့ဖူးသည်။ သို့သော်လည်း သူသည် ခေါင်းတွင် မာဖလာနှင့် နှာခေါင်းစည်း အမြဲတပ်ဆင်ထားခဲ့သဖြင့် သူ၏ရုပ်ရည်သွင်ပြင် မည်သို့ရှိသည်ကို ရဲ့ရှင်းချန် မသိခဲ့ရပေ။

ယခုမူ ရုတ်တရက်ပင် သူ သိရှိသွားခဲ့ပြီ ဖြစ်သည်။ ထိုသူမှာ ကျန့်ဟွာချန် ဖြစ်ကြောင်း သိလိုက်ရသောအခါ ဤလူများသည် စိတ်လွတ် နေကြသည်မှာ သိသာနေသော်ငြား သူတို့၏ ရပ်ကွက်သို့ ဘာကြောင့် လာရောက် ခဲ့ကြသနည်း ဆိုသည်အား ရဲ့ရှင်းချန် သိရှိသွားသလိုပင် ခံစားလိုက်ရလေသည်။

အဘယ်ကြောင့်ဆိုသော် သူတို့သည် ဤနေရာသို့ အရင်တွင် ရောက်ဖူးကြပြီး ဤနေရာအား ရင်းနှီးနေကြသောကြောင့် ဖြစ်ပေသည်။ ထို့အပြင် သူတို့ ဤဗိုင်းရပ်စ် ကူးစက်ခံရခြင်းမှာလည်း ပုံမှန်သာ ဖြစ်သည်။ ယခင်တွင် ကျောက်ဟောင်အား ဤအကြောင်းများ မေးမြန်းခဲ့ဖူးသည်ကို ရဲ့ရှင်းချန် မှတ်မိနေခဲ့ကာ သူတို့သည် အချိန်အတော်ကြာ ချဉ်စော် နံနေသော အသားများအား စားသုံးခဲ့ကြမည်ဟု အကြမ်းဖျင်း ကောက်ချက် ချလိုက်လေသည်။

သို့ရာတွင် ရဲ့ရှင်းချန် မသိခဲ့သော အရာမှာ လူအများအပြားသည် ထိုချဉ်စော်နံနေသော အသားများအား စားသုံးခဲ့ကြသော်လည်း အနည်းငယ်သော သူများသာ ကူးစက်ခံရခြင်း (အနည်းဆုံးတွင် ယခုအချိန်အထိ) ၏ သွယ်ဝိုက်သော အကြောင်းရင်းမှာ သူ၏ကြောင့်ပင် ဖြစ်နေသည်ကို ဖြစ်ပေသည်။

အကြောင်းမှာ ထိုနေ့တွင် စနိုက်ပါရိုင်ဖယ်အား စမ်းသပ်ပစ်ခတ်စဉ် ရဲ့ရှင်းချန်သည် သူတို့၏ ညီအစ်ကို အနည်းငယ်၏ ခေါင်းတည့်တည့် ပစ်ခတ်ခဲ့သောကြောင့် ဖြစ်ပြီး ကျန့်ဟွာချန်က သေဆုံးသွားသော ထိုညီအစ်ကိုများအား ပြန်လည်ဆွဲယူလာရန် သူ၏လူများအား အမိန့်ပေးခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။

ချဉ်စော်နံနေသော အသားများတွင် ထိုသူများ၏ ဦးနှောက် အစအနများ စွန်းထင်းသွားခဲ့ပြီး ကျန့်ဟွာချန်မှ အားလုံးအား အိုးတစ်လုံးတည်းတွင် ပြုတ်ခဲ့ခြင်း ဖြစ်သည်။ ထိုအရာများအား အလွန်အကျွံ စားသုံး ပြီးနောက်တွင် ပရီယွန် ဗိုင်းရပ်စ်များမှာ သူတို့၏ ဦးနှောက်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့ခြင်း ဖြစ်သည်။

ရဲ့ရှင်းချန်မှာ အနည်းနှင့်အများ စိတ်သက်သာရာ ရသွားခဲ့လေသည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် အသိဟောင်းများသာ ဖြစ်ကြပြီး သူ မသိရှိသော ရင်းနှီးမှု မရှိသည့် အခြား အင်အားစုတစ်ခု မဟုတ်သောကြောင့်ပင် ဖြစ်သည်။

အခန်း (၁၀၈) - ထိတ်လန့်တုန်လှုပ်ခြင်း

ကျန့်ဟွာချန်နှင့် အခြားသူများသည် မနေ့ညတွင် လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေး အစားအစာတစ်ခုအား စားသုံးခဲ့ကြသည်။ စားသောက် ပြီးနောက်တွင် သူတို့သည် ခပ်ဝေးဝေးသို့ ထွက်မသွားကြဘဲ လမ်းမများပေါ်တွင် စတင် လှည့်လည် သွားလာနေခဲ့ကြသည်။ မကြာသေးမီက ရှာမတွေ့သေးသော ရိက္ခာများအား ရှာဖွေနိုင်ရန် နေ့စဉ် ကံစမ်းရန် ထွက်လာသူများ ရှိနေခဲ့သည်။

ကျင်းဟွာရပ်ကွက်မှ နေထိုင်သူများမှာလည်း ချွင်းချက် မဟုတ်ပေ။ သူတို့သည် နံနက်စာ စားပြီးကြပြီ ဖြစ်ကာ သူတို့၏ ကံကြမ္မာအား လက်ခံလိုက်ကြလေပြီ ဖြစ်သည်။ တစ်ပတ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ရဲ့ရှင်းချန်မှ သူတို့အား လျစ်လျူရှုထားဆဲ ဖြစ်ချေသည်။ သူတို့အနေဖြင့် အိမ်ထဲတွင် ယခု အတိုင်း ငတ်မသေခံနိုင်မည် မဟုတ်ချေ။ တံခါးဝရှိ အရိုးပုံနှစ်ပုံအား ပထမဆုံး တွေ့ရှိခဲ့သူများမှာ အတူတကွ ခရီးထွက်လာကြသော အမျိုးသား ခုနစ်ဦးပင် ဖြစ်သည်။

"တောက် ဒါက ဘာခွေးချီးတွေလဲကွ"

ဓာတ်ပုံ အနည်းငယ်အား အိမ်ရှင်များ ဂရုချတ်ထဲသို့ ပေးပို့လိုက်ရာ ဂရုချတ်တစ်ခုလုံး ပေါက်ကွဲသွားတော့သည်။

"ဒါတွေက ဘာတွေလဲ"

"သွေး သွေးတွေ မြေပြင်တစ်ခုလုံး သွေးတွေချည်းပဲ"

"တစ်ယောက်ယောက် သေသွားတာများလား ကံဆိုးလိုက်တာကွာ ဘာလို့များ ငါတို့ရပ်ကွက် ဝင်ပေါက်မှာ လာသေရတာလဲ ကျက်သရေ မရှိလိုက်တာ"

"အဲဒါကြီးက ရွံစရာမကောင်းဘူးလား သူ သေချင်တယ်ဆိုရင်တောင် ခပ်ဝေးဝေးမှာ သွားသေလို့ မရဘူးလား ရပ်ကွက်ဝင်ပေါက်မှာ သေတာက ရွံစရာမကောင်းဘူးလား"

ထိုအခိုက်တွင် တစ်စုံတစ်ယောက်မှ တုန်ရီစွာဖြင့် ဂရုချတ်ထဲတွင် ပြောလာခဲ့သည်။

"ဟို မနေ့ညက တစ်ယောက်ယောက် အော်ဟစ် အကူအညီ တောင်းနေတာကို ငါ ကြားလိုက်ရသလိုပဲ မင်းတို့ရော ကြားလိုက်ကြလား"

သူ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဂရုချတ်ထဲရှိ လူများမှာ ခေတ္တမျှ တိတ်ဆိတ်သွားကြ ပြီးနောက် ထပ်မံ၍ အားတက်သရော စတင်၍ ဆွေးနွေးလာကြပြန်သည်။

"အင်း ငါလည်း ကြားလိုက်သလိုပဲ ဒါပေမဲ့ ငါ နားကြားမှားတာလို့ပဲ ထင်နေခဲ့တာ"

"ဘာ မင်းတို့ရော ကြားလိုက်တာလား ငါ အိပ်ရာဝင်မလို့ လုပ်နေတုန်း အဲဒါကို ကြားလိုက်ရတာ"

"မနေ့ညက ငါ အစောကြီး အိပ်ရာဝင်ခဲ့တာ မှောင်ကတည်းက အိပ်လိုက်တာလေ တစ်ခုခု ဖြစ်သွားလို့လား"

"အိုး ဟုတ်သားပဲ တစ်ခုခုများ ဖြစ်သွားလို့လား မနေ့က ဂရုချတ်ထဲမှာ ကျုံလေးတို့ အလုပ်သွားမလို့ ပြောနေတာကို ငါ မြင်လိုက်တယ် မဟုတ်လား @ချန်ကျုံရေ မနေ့ညက ဘာဖြစ်သွားတာလဲ"

"@ချန်ကျုံ ဟုတ်တယ် ကျုံလေး ဘာလို့ မနက်အစောကြီး လူတွေ သေနေရတာလဲ ပြီးတော့ အားလုံးက ငါတို့ရပ်ကွက် ဝင်ပေါက်မှာ လာသေနေကြတာနော်"

"ကျုံလေးက ဘယ်ရောက်နေတာလဲ သူ အိပ်ရာမထသေးလို့ စာတစ်စောင်မှ ပြန်မပို့သေးတာလို့တော့ မပြောနဲ့နော်"

မနေ့ညတွင် ကြောက်လန့်သဖြင့် အိမ်သို့ အစောကြီး ပြေးပြန်ခဲ့ကြသော လူနှစ်ယောက်မှာ ဖုန်းစခရင်အား စိုက်ကြည့်နေကြပြီး စကားတစ်ခွန်းမျှ မဟရဲကြချေ။ စခရင်ပေါ်တွင် အရိုးပုံနှစ်ပုံ၏ ချဲ့ထားသော ဓာတ်ပုံတစ်ပုံ ရှိနေခဲ့သည်။

ဤသည်မှာ ချန်းကျုံနှင့် ကျန်းဆန် ဖြစ်ရမည်ကို သူတို့ သိရှိကြသည်။ ဤအခိုက်အတန့်တွင် မနေ့ညတွင် သူတို့ တုံ့ပြန်မှု မြန်ဆန်ကာ ထွက်ပြေးခဲ့ခြင်း အတွက် သူတို့ကိုယ်သူတို့ အလွန်အမင်း ကံကောင်းသည်ဟု မှတ်ယူနေကြခြင်း ဖြစ်သည်။ သို့မဟုတ်ပါက တံခါးဝတွင် အရိုးပုံ နှစ်ပုံထက်မက ရှိနေနိုင်ပေသည်။

တံတွေးမြိုချ လိုက်ပြီးနောက် မနေ့တွင် သူတို့ နှင့်အတူ တာဝန်ကျခဲ့သော ရှကျွီမှာ နောက်ဆုံးတွင် အပြစ်ရှိသလို ခံစားလာရသဖြင့် ဂရုချတ်ထဲတွင် သတိပေးလိုက်လေသည်။

"မကြာသေးခင်က အပြင်ဘက်မှာ သိပ်ပြီး ငြိမ်းချမ်းပုံမပေါ်ဘူး လူတိုင်း အိမ်ထဲမှာပဲ နေနိုင်ရင် အိမ်ထဲမှာပဲနေကြပါ အပြင်မထွက်ဖို့ ကြိုးစားကြပါ"

မနေ့ညတွင် သူ မြင်တွေ့ခဲ့ရသော အရာများအား သူ ထုတ်မပြောပြနိုင်ချေ။ ၎င်းတို့မှာ လူများ ဖြစ်ကြောင်း ရှင်းလင်း နေသော်လည်း ထိုလူများအား မြင်လိုက်ရချိန်တွင် ထိတ်လန့်ကြောက်ရွံ့မှုအား သူ မထိန်းချုပ်နိုင်ခဲ့ပေ။

သို့သော်လည်း ရှကျွီ၏ စကားများမှာ လူအုပ်ကြီး အကြားတွင် လျင်မြန်စွာပင် နစ်မြုပ်သွားခဲ့သည်။ မည်သို့ပင်ဆိုစေ ကမ္ဘာပျက်ကပ်ကြီး ကျရောက် ပြီးနောက်ပိုင်းတွင် လုံခြုံသောနေ့ ဟူ၍ မရှိတော့ချေ။ နေ့စဉ်နှင့်အမျှ မတူညီသော အန္တရာယ်များ ရှိနေသေးသည်။ ရပ်ကွက် ဝင်ပေါက်ရှိ အရိုးပုံနှစ်ပုံကြောင့် သူ ကြောက်လန့်နေခြင်းသာ ဖြစ်မည်ဟု လူတိုင်းမှ ထင်မှတ်နေကြခြင်း ဖြစ်သည်။

သူတို့ ကြောက်လန့် နေကြသော်လည်း သူတို့၏ အသက်ရှင်သန်ရေးသည် ပို၍ အရေးကြီးသည် မဟုတ်ပါလား။ ထို့အပြင် အလွန်အမင်း အေးခဲမှုကြီး ရောက်ရှိလာ ပြီးနောက်ပိုင်းတွင် နေရာတိုင်း၌ လူများ သေဆုံးနေကြသည်။ သူတို့သည် မိသားစု သို့မဟုတ် သူငယ်ချင်းများ သူတို့ ရှေ့မှာပင် သေဆုံးသွားသည်အား မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။

သို့ရာတွင် ဤတစ်ကြိမ် သေဆုံးသွား သူများမှာ အနည်းငယ် ထူးဆန်းနေရုံမျှသာ ဖြစ်ပေသည်။ လူအများအပြားမှာ အဖွဲ့များ ဖွဲ့လျှက် ရပ်ကွက်ထဲမှ ထွက်ခွာ သွားကြဆဲ ဖြစ်ပြီး ရိက္ခာများ ပိုမို၍ ရှာဖွေလိုနေကြသည်။

ရဲ့ရှင်းချန်သည် သူတို့အား ဂရုမစိုက်တော့ သော်လည်း သူတို့အနေဖြင့် မိမိကိုယ်ကို လက်လျှော့ကာ အလကား သက်သက် ငတ်မသေခံနိုင်မည် မဟုတ်ချေ။

ရဲ့ရှင်းချန်သည် နေ့လယ်စာ စားပြီးခါစ ဖြစ်ကာ ဆိုဖာပေါ်တွင် သက်တောင့်သက်သာ တစ်ရေးအိပ်တော့မည် ပြုစဉ် ဂရုချတ်ထဲရှိ စကားပြောဆိုမှုများ လုံးဝ ပြောင်းလဲသွားသည်အား မြင်လိုက်ရသည်။

"ကယ်ကြပါဦး ဒီနေ့ အပြင်မှာ ဇွန်ဘီတွေကို ငါ မြင်ခဲ့ရတယ်"

"ဘာ ဇွန်ဘီတွေ ဟုတ်လား မင်း ရုပ်ရှင်တွေ ကြည့်တာ များသွားပြီ ထင်တယ်"

"တကယ် ဇွန်ဘီတွေကွ အရမ်းကြောက်ဖို့ ကောင်းတယ် လမ်းမပေါ်မှာ လူတွေကို သူတို့ ကိုက်ဖြတ် စားသောက်နေတာ ငါမြင်ခဲ့ရတာ တကယ်ပြောတာပါ"

"ဇွန်ဘီတွေက ဘယ်လိုလုပ် ရှိနိုင်မှာလဲ မင်း အမြင်မှားတာများလား"

"မဖြစ်နိုင်ဘူး ငါ အမြင်မှားတာ မဖြစ်နိုင်ဘူး သူ သူတို့ ငါ့နောက်ကို လိုက်လာကြတာလေ ကံကောင်းလို့ ငါ အပြေးမြန်လို့ သူတို့ မီမလာတာ"

"ဟားဟား မင်း အရမ်းဆာလောင်နေလို့ နေမှာပါကွာ ဒီနေ့ ငါလည်း အပြင်ထွက်ခဲ့သေးတယ် ဘာဇွန်ဘီမှ မရှိပါဘူး ဟူး ဒါပေမဲ့ အခု အပြင်ထွက်ရင် ရိက္ခာတွေ သိပ်ရှာမတွေ့နိုင်တော့ဘူးကွာ"

"အေးလေ ဒီနေ့ ငါလည်း အပြင်ထွက်ခဲ့တယ် အကြာကြီး လမ်းလျှောက်ခဲ့ရတာပဲ ငါ့မှတ်ဉာဏ်ထဲက ဆိုင်ငယ်လေးတွေနဲ့ စူပါမားကတ်တွေ အားလုံးကို တူးဖော်ပြီးကုန်ကြပြီ ငါ အထဲကို ဝင်ကြည့်ခဲ့သေးတယ် ကျွတ်ကျွတ် ပစ္စည်းတွေ အကုန်လုံးကို ပြောင်စင်အောင် သယ်သွားကြတာပဲ"

"ငါ့အမြင်တော့ အဲဒီလူတွေက အရမ်း လောဘကြီးလွန်းတယ် သူတို့က အကုန်လုံးကို သယ်သွားကြပြီး တခြားလူတွေအတွက် နည်းနည်းလေးမှတောင် မချန်ထားခဲ့ကြဘူး"

ဂရုချတ်မှာ ညည်းညူသံများဖြင့် ပြည့်နှက်သွားခဲ့ကာ ဇွန်ဘီများ အကြောင်း အော်ဟစ် ပြောဆိုနေသူကို မည်သူမျှ အာရုံမစိုက်ကြတော့ချေ။ တစ်ချိန်တည်းမှာပင် လမ်းမများပေါ်တွင် လှည့်လည် သွားလာနေကြသော ကျန့်ဟွာချန်နှင့် သူ၏အုပ်စုသည် လူအနည်းငယ်အား တစ်ယောက်ပြီ းတစ်ယောက် သတ်ဖြတ်ခဲ့ကြပြီး ဖြစ်သည်။ ထိုသူများမှာ ရိက္ခာရှာဖွေရန် ခရိုင်အသီးသီးမှ ထွက်လာကြသူများ ဖြစ်ကြလေသည်။

သေချာသည်မှာ သူတို့အဖွဲ့တွင် ရှစ်ယောက်သာ ရှိသည်။ သူတို့သည် နာကျင်မှုအား မခံစားနိုင်ကြဘဲ အပူချိန် ရှိသော မည်သည့် အရာကိုမဆို ဆွဲကိုက်ရုံသာ တတ်နိုင်ကြသည်တိုင် ယခုအချိန်အထိ အသက်ရှင်ကျန်ရစ်သူ အများစုမှာ လူကောင်းများ မဟုတ်ကြကြောင်း သိသာ ထင်ရှားလှပေသည်။

မကြာမီမှာပင် ကျန့်ဟွာချန်နှင့် သူ၏အုပ်စုမှာ လူတစ်စု၏ ရိုက်နှက် သတ်ဖြတ်ခြင်းကို ခံလိုက်ရကြသည်။ ထိုသူများမှာ ခပ်လှမ်းလှမ်းရှိ ခရိုင်ငယ်လေး တစ်ခုမှ လူများ ဖြစ်ကြပေသည်။ သူတို့၏ ရိက္ခာများမှာ ခွဲဝေယူငင် ခံလိုက်ရသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။

သူတို့သည် အချိန်အတော်ကြာ ဆာလောင် မွတ်သိပ်နေခဲ့ကြပြီး မျှော်လင့်ချက်မဲ့နေကြပြီ ဖြစ်သည်။ ကျန့်ဟွာချန်နှင့် အခြားသူများ၏ ခံစားချက် မဲ့နေသော မျက်နှာ အမူအရာများအား မြင်လိုက်ရသောအခါ သူတို့ အပင်ပန်းခံ ရှာဖွေထားရသော အစားအစာ အနည်းငယ်လေးအား လာရောက်လုယူမည်ဟု ထင်မှတ်သွားခဲ့ကြခြင်း ဖြစ်သည်။

"အစ်ကိုကြီး သူတို့ကို ဒီအတိုင်း ထားခဲ့ရင် နှမြောစရာ မကောင်းဘူးလား"

"အဲဒါလည်း ဟုတ်တာပဲ ဟို တစ် နှစ် သုံး လေး သူတို့ ရှစ်ယောက်တောင် ရှိတာပဲ ငါတို့များ"

"ကောင်းပြီလေ သူ့ကို ဆွဲခေါ်သွားကြစို့ ဒီလောက် တုံးအတဲ့လူကို မတွေ့ရတာ ကြာပြီ ဒီနေ့တော့ ငါတို့ ကောင်းကောင်း စားရတော့မယ်ဟေ့"

ကျန့်ဟွာချန်နှင့် သူ၏ အုပ်စုဝင်များ၏ အလောင်းများမှာ ထိုသို့ပင် ဆွဲယူသွားခြင်း ခံလိုက်ရတော့သည်။ ကျန့်ဟွာချန်နှင့် သူ၏အုပ်စုသည် သူ၏ ရပ်ကွက်အား ထပ်မံ တိုက်ခိုက်လာမည်လား ဟု စဉ်းစားရင်း ရဲ့ရှင်းချန်မှာ အိမ်တွင် ရှိနေဆဲ ဖြစ်လေသည်။

ရက်အနည်းငယ် ကြာပြီးနောက်တွင် မည်သူမျှ အမှားဟောင်းအား ထပ်မံ မကျူးလွန်ကြတော့ချေ။ ဂရုချတ်ထဲတွင်လည်း ဇွန်ဘီများနှင့် ဆင်တူသော စကားလုံးမျိုးအား ရဲ့ရှင်းချန် မမြင်ရတော့ချေ။ သူ အနည်းငယ် သိချင်စိတ် ပြင်းပြနေသော်လည်း ဤအချိန်တွင် ဂရုချတ်ထဲ၌ သူ စကားဝင်ပြောလိုက်ပါက အရှက်မရှိသော လူအများအပြားသည် သူ့အား ထပ်မံ နှောင့်ယှက်ကြမည်ကို သိရှိထားသဖြင့် မမေးမြန်းတော့ပေ။

ရပ်ကွက်ဝင်ပေါက်ရှိ အရိုးပုံ နှစ်ပုံအား ကျောက်ဟောင်နှင့် သူ၏ညီအစ်ကိုများမှ ရှင်းလင်းပေးခဲ့ကြခြင်း ဖြစ်သည်။ ဤအချိန်အတွင်း ရဲ့ရှင်းချန်သည် ကျောက်ဟောင်ထံသို့ သတင်း အချက်အလက် အချို့အား ဖွင့်ဟပြောပြခဲ့လေသည်။

"အစ်ကိုကျောက် ကျွန်တော် အစ်ကို့ကို ဒုက္ခပေးရပြန်ပြီ။ ကျွန်တော်တို့ ရပ်ကွက်ကို အရင်ပုံစံအတိုင်း အမြန်ဆုံး ပြန်ထားသင့်တယ်လို့ ထင်တယ် နေ့တိုင်း ကင်းလှည့်မယ့်သူ ရှိတာ ပိုကောင်းတယ်"

"ဒါပေမဲ့ ဒီကိစ္စအတွက် ကျွန်တော် ရှေ့ထွက်ဖို့က အဆင်မပြေဘူးလေ အစ်ကိုကျောက်ကိုပဲ အကူအညီတောင်းရမှာပဲ"

ကျောက်ဟောင်သည် ထက်မြက်သူတစ်ဦး ဖြစ်ပေသည်။ သူသည် ချက်ချင်းပင် နားလည် သဘောပေါက် သွားခဲ့တော့သည်။ စောင့်ကြည့်ကင်မရာ မှတ်တမ်းများအရ ဤလူများ ရပ်ကွက်ထဲမှ ခဏခဏ ပြေးထွက်နေကြသည်မှာ သူတို့ထံတွင် အစားအစာ များများစားစား မကျန်တော့သောကြောင့် ဖြစ်တန်ရာသည်ဟု ရဲ့ရှင်းချန် ခန့်မှန်းမိလေသည်။ သူတို့သည် စူပါမားကတ်မှ အများအပြား လုယက် လာခဲ့ကြသော်လည်း တစ်နေ့နေ့တွင် ကုန်သွားမည်သာ ဖြစ်သည်။

အခန်း (၁၀၉) - စည်းမျဉ်းများ ထပ်မံသတ်မှတ်ခြင်း

မည်သို့ပင်ဆိုစေ ခွေးတစ်ကောင်အား လေ့ကျင့်ပေးရာတွင် အနည်းငယ် လျှော့ပေးထားရန် လိုအပ်ပြီး အလွန်အမင်း ဖိအား မပေးမိစေရန် အရေးကြီးပေသည်။ အကယ်၍ သူတို့အား အလွန်အမင်း ဖိအားပေးလိုက်ပါမူ နောင်တွင် ထိုခွေးမှ ပြန်ကိုက်လာလိမ့်မည် ဖြစ်သည်။ သင့်လျော်သော အချိန်တွင် ခွေးအား ဆုလာဘ်အချို့ ပေးရမည် ဖြစ်သည်။

လူသားများအတွက်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်ချေသည်။ ရဲ့ရှင်းချန်သည် ကိုယ်တိုင် ကိုယ်ထင်ပြ၍ မရနိုင်သဖြင့် ဤကိစ္စအား ကျောက်ဟောင်ထံ လွှဲအပ်ထားခဲ့တော့သည်။ ကျောက်ဟောင်မှာ ယုံကြည်စိတ်ချရသူ ဖြစ်သည်။ သူသည် ချက်ချင်းပင် ဂရုချတ်ထဲသို့ စာတစ်စောင် ပေးပို့လိုက်တေ့သည်။

"ဟူး မြို့ထဲမှာ အရင်းအမြစ်တွေက တဖြည်းဖြည်း နည်းပါးလာပြီ ငါတို့ တခြားမြို့တွေကိုများ သွားကြည့်သင့်သလား"

"ဒါပေမဲ့ ငါတို့ဆီမှာ ဘာ သယ်ယူ ပို့ဆောင်ရေးယာဉ်မှ မရှိဘူးလေ ပြီးတော့ မိသားစုကိုလည်း စောင့်ရှောက်ရဦးမယ် မိသားစုကို ထားခဲ့ပြီး တစ်နေရာရာကို ဒီအတိုင်း ပြေးသွားလို့မှ မရတာ"

"ငါ့အိမ်မှာလည်း စားစရာ သိပ်မကျန်တော့ဘူး တကယ်ကို ဘာလုပ်ရမှန်း မသိတော့ဘူးကွာ"

ဤအချိန်တွင် လူအများမှ စတင်၍ ညည်းညူ လာကြကုန်တော့သည်။

"အေးလေ ငါ့အိမ်မှာလည်း အစားအစာတွေ ကုန်တော့မယ် ငါ ဘာလုပ်ရမလဲ အိမ်မှာ စောင့်ရှောက် ရမယ့်သူတွေ ရှိသေးတယ်ကွ ငါ့ဘာသာ တစ်ယောက်တည်း အစားအစာ ရှာဖို့ အဝေးကြီး သွားလို့မရဘူးလေ မဟုတ်ဘူးလား"

"ဒါဆို ငါတို့ ဘာလုပ်ကြမလဲ ငါလည်း အတူတူပဲ ဒါပေမဲ့ တကယ်လို့ အစားအစာရှာဖို့ တခြားမြို့ကို သွားရမယ် ဆိုရင်တောင် တခြားမြို့တွေမှာကော တကယ် အစားအစာ ရှိပါ့မလား"

"ဟုတ်တယ် တခြားမြို့တွေမှာလည်း သူတို့ ကိုယ်ပိုင် နေထိုင်သူတွေ ရှိတာပဲလေ တစ်ခါတလေ ငါတို့အားလုံးက"

"ဟူး အခု ပြန်တွေးကြည့်တော့ အရင်တုန်းက အခြေအနေက တော်တော်လေး ကောင်းတယ်လို့ ငါ ထင်မိတယ် နေ့တိုင်း ကင်းလှည့်ရုံနဲ့ အစားအစာ စားရတယ်လေ"

"အေးလေ ငါတို့ အဲဒီလောက် အဝေးကြီး သွားစရာတောင် မလိုဘူး အခုထက်စာရင် အများကြီး ပိုလုံခြုံတယ်"

"ဟူး အားလုံး သူတို့အပြစ်တွေချည်းပဲ ဘာလို့များ စကား အဲဒီလောက် များရတာလဲ လိမ်လိမ်မာမာ ပါးပါးနပ်နပ်နဲ့ မနေနိုင်ကြဘူးလား မသိဘူး "

"ဟုတ်တယ် အစ်ကိုရှင်းချန် ပြောတာ တစ်ခုမှ မမှားဘူးလို့ ငါထင်တယ် သူက ငါတို့ကို အစားအစာတွေ လက်နက်တွေ ပံ့ပိုးပေးပြီး ကာကွယ်တောင် ကာကွယ်ပေးသေးတာ နောက်ဆုံးကျတော့ အဲဒီလူတွေက လောဘကြီးပြီး အစ်ကိုရှင်းချန်ကို ဒေါသထွက်အောင် လုပ်လိုက်ကြတာပဲ"

"@ကျောက်ဟောင် အစ်ကိုကျောက် အစ်ကိုက ညီလေးရဲ့နဲ့ အဆင်ပြေတယ် မဟုတ်လား အရင်က သူ့ကို ဖျောင်းဖျပေးဖို့ အစ်ကို့ကို အကူအညီ တောင်းထားတာ သူ ဘာပြောသေးလဲဟင်"

ကျောက်ဟောင်သည် ဂရုချတ်ထဲရှိ စာများအား ကြည့်ကာ မပြုံးဘဲ မနေနိုင်တော့ချေ။ သူသည် စိတ်ဓာတ်ကျ နေဟန်ဆောင်ကာ ဂရုချတ်ထဲသို့ သက်ပြင်းချသံ တစ်ခု ပေးပို့လိုက်သည်။

"ပြောရခက်ပါတယ်ကွာ ညီလေးရဲ့က ဒီတစ်ခါတော့ အားလုံးကို တကယ် စိတ်ပျက်သွားပြီ ထင်တယ် သူက အားလုံး အပေါ် ဒီလောက် စာနာ ထောက်ထား ပေးတာတောင် လူတိုင်းက ဒီလောက် လောဘ ကြီးကြလိမ့်မယ်လို့ သူ မမျှော်လင့် ထားခဲ့မိဘူးတဲ့ သူတို့က ငါတို့ အတွက် အစားအစာ ရှာပေးတဲ့ သူ့ရဲ့ ကိရိယာတွေကိုတောင် လုယူချင်နေကြတာကိုး"

"ညီလေးရဲ့ကို ငါလည်း အကြိမ်ကြိမ် ပြောပြပြီးပါပြီ ဒါပေမဲ့ ညီလေးရဲ့က လုံးဝ နားမထောင်တော့ဘူး မင်းတို့တွေမှာ အဖွဲ့အစည်းကို ပိုကောင်း လာအောင် လုပ်ချင်တဲ့ စိတ်ဆန္ဒ လုံးဝမရှိဘူးလို့ သူ ခံစားနေရတယ်လေ မင်းတို့တွေက နောက်ဆုံးတော့ တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ့်ကိုယ်ကိုယ်ပဲ တွေးကြတယ်လို့ သူက ထင်နေတာ"

ကျောက်ဟောင်၏ အသံမှာ ခံစားချက်များဖြင့် ပြည့်နှက်နေခဲ့သည်။ သူသည် စာရိုက်၍ အသံမက်ဆေ့ချ်များ ပေးပို့လိုက်သည်။ ဂရုချတ်ထဲရှိ လူအများအပြားမှာ ချက်ချင်းဆိုသလို မိမိကိုယ်ကို ပြန်လည် သုံးသပ် လာကြတော့သည်။ သူတို့သည် လွန်ကျူး သွားခဲ့ပြီလား ဟုလည်း စတင်၍ တွေးတောလာကြသည်။

"ဟုတ်တယ် အစ်ကိုရှင်းချန်က အားလုံးအပေါ် ဒီလောက် စာနာပေးခဲ့တာ သိသာနေတာပဲ"

"ဟူး ငါတို့ ညီလေးရဲ့ကို စိတ်ပျက်အောင် လုပ်မိသွားပြီ"

"တောက် ငါ တာဝန်ထမ်းဆောင်သင့်တာ ဒါပေမဲ့ အားလုံးက စည်းကမ်းတွေကို သေချာ မလိုက်နာကြဘူးလို့ ထင်ပြီး ငါ ပျင်းနေခဲ့မိတာ"

"@ကျောက်ဟောင် အစ်ကိုကျောက် ကျေးဇူးပြုပြီး ငါတို့ မှားသွားမှန်း တကယ် သိပါပြီ ကျေးဇူးပြုပြီး ညီလေးရဲ့ကို တောင်းပန်ပေးပါဦးကွာ"

"ဟုတ်တယ် ငါတို့အားလုံး ငါတို့အမှားကို သိကြပါပြီ ငါတို့ တကယ် ပြင်ဆင်ရမှာပါ နောက်နောင် အစ်ကိုရှင်းချန် တစ်ခုပြောရင် ငါတို့ သေချာပေါက် နောက်တစ်ခု မပြောတော့ပါဘူး အစ်ကိုရှင်းချန်က အရှေ့ကို သွားဆိုရင် ငါတို့ သေချာပေါက် အနောက်ကို မသွားတော့ပါဘူး"

ဂရုချတ်မှာ ဆူညံနေလေပြီ။ ရဲ့ရှင်းချန်သည် စာများအား တစ်စောင်ပြီး တစ်စောင် ပေါ့ပေါ့ပါးပါး ကြည့်ရှုနေခဲ့သည်။ ကျောက်ဟောင်၏ ဩဇာ လွှမ်းမိုးနိုင်စွမ်းအား သူ၏စိတ်ထဲတွင် မချီးကျူးဘဲ မနေနိုင်တော့ချေ။ သူ၏စကားအား နားထောင် ပြီးနောက် မိမိကိုယ်ကို ပြန်လည် သုံးသပ်ချင်စိတ်ပင် ပေါက်သွားစေသည်။

ဂရုချတ်ထဲရှိ လူများမှာ ရဲ့ရှင်းချန်ထံသို့ သီးသန့်စာ ပို့ရဲခြင်း မရှိကြတော့ချေ။ ရဲ့ရှင်းချန် စာများအား ဖတ်ရှု၍ မပြီးမီမှာပင် ကျောက်ဟောင်၏ သီးသန့်စာ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

"ကဲ ညီလေးရဲ့ ဂရုချတ်ထဲက သူတို့ရဲ့ တုံ့ပြန်မှုတွေကို ကြည့်လိုက်ဦး မင်း ထင်တဲ့အတိုင်းပဲလား"

"အရမ်းကောင်းတယ် အစ်ကိုကျောက် ကျွန်တော် အကြာကြီး စဉ်းစား ပြီးနောက်မှာ သူတို့ကို အခွင့်အရေး တစ်ကြိမ်ပေးဖို့ ဆုံးဖြတ်လိုက်ပြီလို့ အစ်ကို သူတို့ကို ပြောလိုက်လို့ရပြီ"

သူတို့၏ ခေါင်းဆောင် စိတ်ဆိုးပြေစေရန် ကျောက်ဟောင်အား ချော့မော့ခိုင်းလို၍လားတော့ မသိချေ။ သို့သော် ပိုင်ရှင်များ၏ ဂရုတွင် ကျောက်ဟောင်အား အက်မက် လုပ်ပိုင်ခွင့် ရုတ်တရက် ပေးအပ် လိုက်လေတော့သည်။

ကျောက်ဟောင် မှ ရေးသား လိုက်သည်မှာ ထိုသို့ ဖြစ်ချေသည်။

"@လူတိုင်း ငါ ညီလေးရဲ့နဲ့ အကြာကြီး စကားပြောခဲ့တယ် အားလုံးက ကိုယ့်အမှားကို နက်နက်ရှိုင်းရှိုင်း သိမြင်သွားကြပြီ ပြီးတော့ အားလုံးက ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ပြီးပြီလို့ ငါ သူ့ကို ပြောပြလိုက်တယ် ဒါကြောင့် ညီလေးရဲ့က ငါ့မျက်နှာနဲ့ အားလုံးနဲ့ ပြန်လည်ပူးပေါင်းဖို့ သဘောတူလိုက်ပြီ"

"အရင်က အချိန်အတိုင်းပဲ ဒီည ညီလေးရဲ့ရဲ့ ဗီလာအရှေ့မှာ အားလုံး စုဝေးကြဖို့ ညီလေးရဲ့က ပြောလိုက်တယ်"

ကျောက်ဟောင်မှ စာပို့လိုက်သောအခါ ဂရုချတ်ထဲရှိ လူများမှာ ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့သည်။ ရဲ့ရှင်းချန်သည် နေ့စဉ် သူတို့ကို အစားအစာ များများစားစား မပေးခဲ့သော်လည်း (အလွန်နည်းပါးသည်ဟုပင် ဆိုနိုင်သော်ငြား) အနည်းဆုံးတွင် မည်သည့်အရာမှ မရှိခြင်းထက် ပိုကောင်းပေသည်။ အိမ်တွင် နေ့စဉ်နှင့်အမျှ သိုလှောင်ထားသော အစားအစာများမှာ ပြန်လည် ဖြည့်တင်းနိုင်ခြင်း မရှိဘဲ တစ်စစီ လျော့နည်းသွားသည်အား ကြည့်နေရခြင်းမှာ သူတို့အား မည်မျှ ကြောက်လန့်စေသည်ကို ထည့်ပြောနေစရာပင် မလိုတော့ချေ။

ရဲ့ရှင်းချန်သည် ရပ်ကွက်၏ အနက်ရှိုင်းဆုံး အပိုင်းတွင် နေထိုင်သော်လည်း တစ်ရပ်ကွက်လုံး လုံခြုံနေမည်ဆိုပါက သူ၏ လုံခြုံရေးအဆင့်မှာ နောက်ထပ် အဆင့်တစ်ဆင့်သို့ တိုးမြင့်သွားနိုင်ပေသည်။

ရပ်ကွက်ထဲရှိ အခြားလူများ၏ အသက်အန္တရာယ်အား သူ ဂရုမစိုက်ချေ။ အများဆုံး ဂရုစိုက်မိလျှင်ပင် ကျောက်ဟောင်နှင့် သူ၏ သစ္စာရှိသော ညီအစ်ကိုများ၏ အသက်ကိုသာ ဂရုစိုက်မည် ဖြစ်သည်။ အခြား တစ်ကိုယ် ကောင်းဆန်သော လူယုတ်မာများ၏ အသက်ကိုမူ ရဲ့ရှင်းချန် လုံးဝ ဂရုမစိုက်ပါချေ။

လွန်ခဲ့သော ည အနည်းငယ်တွင် ကျန့်ဟွာချန်နှင့် အခြားသူများ၏ ကျူးကျော် ဝင်ရောက်လာမှုကြောင့် ရပ်ကွက်အတွင်း ကာကွယ်ရေး ယန္တရားအား ပြန်လည်တည်ဆောက်ရန် လိုအပ်သည်ဟု ရဲ့ရှင်းချန် ထင်မြင်မိခြင်း ဖြစ်သည်။

အနည်းဆုံးတွင် နောက်တစ်ကြိမ် အလားတူ ကိစ္စမျိုး ဖြစ်လာပါက လူတိုင်းမှ သတင်း ဖြန့်ဝေနိုင်ပြီး ကာကွယ်ရန် စတင် ပြင်ဆင်နိုင်မည် မဟုတ်ပါလား။ မည်သို့ပင်ဆိုစေ သူတို့ ရှစ်ယောက်တည်းသာ ပရီယွန် ဗိုင်းရပ်စ် ကူးစက်ခံရခြင်း ဖြစ်မည်ဟု ရဲ့ရှင်းချန် မထင်မှတ်ထားချေ။

ကမ္ဘာပျက်ကပ်ကြီး ကျရောက်ပြီးသည်မှာ အချိန် အတော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ လူအများစုမှာ သူ့ကဲ့သို့ ပြန်လည် မွေးဖွားလာရန် အခွင့်အရေး မရရှိခဲ့ကြပေ။ သဘာဝကျစွာပင် သူတို့၏အိမ်များတွင် အစားအစာ များများစားစား ရှိနေမည်မဟုတ်ချေ။

အစားအစာမရှိဘဲ အသက်ရှင်သန်နိုင်သူများမှာ သူတို့စားသုံးသည့် အရာများကိုသာ အားကိုး၍ အသက် ရှင်သန်နေကြရမည် ဖြစ်သည်။ အပြင်ဘက်ရှိ ခရိုင်များအား ထားလိုက်လျှင်ပင် သူ၏ ကိုယ်ပိုင် ရပ်ကွက်ထဲတွင်ပင် ချဉ်စော်နံနေသော အသားများအား စားသုံး၍ အသက်ရှင်သန်နေကြသူ အများအပြား ရှိနေကြောင်း ရဲ့ရှင်းချန် သိရှိထားလေသည်။

ရဲ့ရှင်းချန် မသိသောအရာမှာ သူတို့ထံတွင် မည်သည့်အရာများ ရှိနေသနည်း ဆိုသည်ကိုသာ ဖြစ်လေသည်။ လူတိုင်း စုဝေး ရောက်ရှိ လာကြသော်လည်း ရဲ့ရှင်းချန် အပြင်ထွက်မလာခဲ့ချေ။ သူ၏ အိမ်အပြင်ဘက် အထပ်တိုင်းတွင် တပ်ဆင်ထားသော အသံလွှင့်စက်များအား သူ ဖွင့်လိုက်လေသည်။

"ငါ အရင်က သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအရ ရပ်ကွက်ဝင်ပေါက်မှာ ကင်းစောင့်မယ့်သူနဲ့ ဧရိယာထဲမှာ ကင်းလှည့်မယ့်သူ ရှိဖို့ လိုအပ်တယ် ဒါပေမဲ့ အခု ငါက ဝင်ပေါက်မှာ ကင်းစောင့်မယ့် လူဦးရေကို နှစ်ဆတိုးစေချင်ပြီး ဧရိယာထဲမှာ ကင်းလှည့်မယ့် အရေအတွက်ကို သုံးဆတိုးစေချင်တယ်"

"စစ်ဆင်ရေး တစ်ခုချင်းစီအတွက် လူသုံးယောက် ဒါမှမဟုတ် အဲဒီထက်ပိုတဲ့လူတွေ အတူတကွ လှုပ်ရှားရမယ် အရေးပေါ် အခြေအနေ တစ်ခုခု ဖြစ်လာရင် ခရာမှုတ်ပါ ဒါမှမဟုတ် ဟွန်းကို အသုံးပြုပါ"

"ပြင်ပကနေ ကျူးကျော် ဝင်ရောက်လာတာကို တားဆီးဖို့ အပြင် ကိုယ့်အဖော်တွေဆီမှာ ပုံမှန်မဟုတ်တာ တစ်ခုခုကို တွေ့ရှိရင် ချက်ချင်း သတင်းပို့ရမယ် ပြီးတော့ ပုံမှန် မဟုတ်တဲ့ အဖော်တွေကို သီးသန့် ခွဲထုတ်ထားရမယ်"

"ကောင်းပြီ ငါ ပြောစရာ ဘာမှမရှိတော့ဘူး အစ်ကိုကျောက် ဒီမှာ ခဏနေခဲ့ဦး ကျွန်တော် အစ်ကို့အတွက် ခရာတွေနဲ့ ဟွန်းတွေ ယူလာခဲ့ပေးမယ်"

ရဲ့ရှင်းချန်၏ စကားများကြောင့် လူတိုင်း ကြက်သေ သေသွားကြတော့သည်။ ရဲ့ရှင်းချန်ပြောသော "ပုံမှန်မဟုတ်တဲ့" နှင့် "သီးသန့်ခွဲထုတ်ထားရမယ်" ဆိုသည့် စကားလုံးများ၏ အဓိပ္ပာယ်အား သူတို့ သေချာပေါက် နားမလည်ကြချေ။

ရုတ်တရက် လူတိုင်း တုန်ယင်သွားသည်အား မတားဆီးနိုင်တော့ပေ။ အချို့သောသူများမှာ ရပ်ကွက် ဝင်ပေါက်တွင် ပုံထားသော အရိုးပုံနှစ်ပုံအား မတွေးမိဘဲ မနေနိုင်ကြတော့ချေ။

All Chapters