← Chapters

အခန်း (၁၄၃)

Vol. 15 Ch. 143

အခန်း (၁၄၃)

Vol. 15 Ch. 143

အခန်း(143)

ဝုန်း!

ဝုန်း!

မကြာမီတွင် ကလပ်အတွင်းမှ ပြင်းထန်သော ပေါက်ကွဲသံကြီးများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

ထို့နောက် လျို့ချင်း၏ အကြည့်အောက်တွင်ပင် ကျန်ရှိနေသေးသော ကလပ်၏တစ်ဝက်ခန့်မှာလည်း မြေပြင်ပေါ်သို့ ပြိုကျပျက်စီးသွားပြီး ပျက်စီးယိုယွင်းသော နေရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။

ချက်ချင်းဆိုသလိုပင် ကပ္ပတိန်လင်းက တင့်ကားဆယ်စီးကျော်နှင့် လူအုပ်စုတစ်စုနှင့်အတူ ပေါ်လာခဲ့ချေသည်။

သူတို့၏ ခြေလှမ်းများလည်း ညီညာလွန်းပြီး အရှိန်အဝါမှာလည်း ခန့်ညားလှပေသည်။

မြေအောက်ဘော့စ်အချို့မှာ ရင်ထဲတွင် သက်ပြင်းချနိုင်သွားကြချေသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့ အလျင်အမြန် တုံ့ပြန်နိုင်ခဲ့ပေသည်။ ဤကဲ့သို့သော စွမ်းအားကို သူတို့ မပြစ်မှားရဲကြချေ။

သူတို့သည် အကြီးအကဲမို၏ ဒေါသဘေးမှ ကင်းဝေးစေရန်အတွက် နောက်ပိုင်းတွင် အကြီးအကဲမိုအား သွားရောက်တောင်းပန်ရမည်လားဟူ၍ပင် တွေးတောမိကြချေသည်။

လျို့ချင်းမှာတော့ ဒေါသများကြောင့် တစ်ကိုယ်လုံး တုန်ရင်နေချေပြီ။

ဤကလပ်မှာ သူ အသစ်တည်ဆောက်ထားခဲ့ပြီး ကြီးမားသော တန်ဖိုးရှိသည့် ကလပ်ဖြစ်ရုံမျှမက သူ၏ အကြီးမားဆုံးသော ကလပ်လည်း ဖြစ်ပေသည်။

ကလပ်မှာ ဖွင့်လှစ်ပြီး ငွေရှာတော့မည့် အချိန်ဖြစ်သော်လည်း ယခုတွင်တော့ တင့်ကားဆယ်စီးကျော်၏ လက်ချက်ဖြင့် မျက်စိတစ်မှိတ်အတွင်း ပျက်စီးသွားခဲ့ချေပြီ။

“သခင်လေးယောင်... ကျွန်တော် မှားမှန်း သိပါပြီ၊ ကျွန်တော့်ကို ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါဦး”

လျို့ချင်းက မြေပြင်ပေါ်သို့ လဲကျလျက် ယောင်ပင်းအား လွှတ်ပေးရန် အသည်းအသန် တောင်းပန်လာတော့သည်။

ယခုတစ်ကြိမ်တွင်တော့ သူ လုံးဝ ပျက်စီးသွားခဲ့ချေပြီ။

သူ၏အသက်ကို ကယ်တင်ရန်သာ အဓိက ဖြစ်ပေသည်။

ကျန်ရှိသောအရာများကိုမူ နောင်မှသာ စဉ်းစားရမည် ဖြစ်ပေသည်။

“ဘော့စ်လျို့”

ယောင်ပင်းက သူ့ရှေ့တွင် ဒူးထောက်နေသော လျို့ချင်းကို ငုံ့ကြည့်လိုက်ပြီး တည်ငြိမ်စွာ ဆိုလေသည်။

“ခင်ဗျား ကျုပ်ကို သူရဲကောင်းပြိုင်ပွဲမှာ အနိုင်ရတဲ့အတွက် သန်းနှစ်ရာ မပေးရသေးဘူးနော်”

လျို့ချင်း ကြောင်အမ်းသွားရပေသည်။ ဤမျှအထိ ဖြစ်ပျက်နေချိန်တွင် ယောင်ပင်းက ထိုသန်းနှစ်ရာကို မှတ်မိနေဆဲ ဖြစ်လိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ချေ။

“ကျွန်တော် အခုချက်ချင်း ပေးပါ့မယ်...”

လက်ရှိအခြေအနေအရ ယောင်ပင်း ပြောသမျှအရာအားလုံးမှာ ဥပဒေဖြစ်၍ လျို့ချင်းက ယောင်ပင်းအား ချက်လက်မှတ်တစ်စောင် ရေးပေးရန် ချက်ချင်း ထရပ်လိုက်ပေသည်။

သို့သော်လည်း မိမိကိုယ်မိမိ ပြန်လည်ကြည့်ရှုလိုက်သောအခါ သူ့တွင် အဝတ်အစားပင် ဝတ်ဆင်ထားခြင်း မရှိသည်ကို သတိပြုမိသွားသဖြင့် သူ၏မျက်နှာမှာ ချက်ချင်းပင် ခရမ်းပုပ်ရောင် ဖြစ်သွားရပေသည်။

ယောင်ပင်းက ခေါင်းခါလိုက်သည်။

“မလိုပါဘူး... မလိုပါဘူး... ကျုပ် ငွေကို မလိုအပ်ပါဘူး၊ ဒီလိုလုပ်ရအောင်... အဲဒီသန်းနှစ်ရာအစား ခင်ဗျားရဲ့ ပိုင်ဆိုင်မှုတွေတချို့တစ်ဝက်လောက်ကို ကျုပ်ဆီကို အပ်နှံလိုက်ပါ၊ ဘယ်လိုလဲ”

ခိုင်ယဲ့၏ မျက်ဝန်းများမှာ ချက်ချင်းပင် တောက်ပသွားရပေသည်။

အကယ်၍ ယောင်ပင်းသာ ဤနည်းလမ်းကို အသုံးပြုပါက လျို့ချင်း၏ နိုက်ကလပ်များ၊ ကလပ်များနှင့် တခြားသော ဖျော်ဖြေရေးနေရာ အချို့မှာ ယောင်ပင်း၏ နာမည်အောက်သို့ ရောက်ရှိသွားမည် ဖြစ်ပေသည်။

သို့ဆိုလျှင် လျို့ချင်း၏ ပိုင်ဆိုင်မှု တန်ဖိုးမှာကြီးမားစွာ လျော့နည်းသွားလိမ့်မည်။

လျို့ချင်း၏ မျက်နှာမှာ ပြာနှမ်းသွားရပေသည်။

ဤသည်ကား သူ၏အသက်ကို နှုတ်ယူလိုက်သည်နှင့် အတူတူပင်။

“အစ်ကိုလျို့... မင်း သခင်လေးယောင်ကို မြန်မြန်ကျေးဇူးမတင်ဘဲ ဘာလုပ်နေတာလဲ

ယောင်ပင်းက သူ၏စည်းကမ်းချက်များကို ပြောဆိုလိုက်သည်နှင့် အခြားမြေအောက်ဘော့စ်များက လျို့ချင်းအား ကျေးဇူးတင်စကား ပြောရန် ချက်ချင်း တိုက်တွန်းကြချေသည်။

“သခင်လေးယောင်က စိတ်သဘောထား ကြီးမြတ်လွန်းလို့ မင်းရဲ့ဆုကြေးငွေကိုပဲ ပြန်တောင်းတာလေ၊ ဒါ ဘာမှားလို့လဲ၊ မင်း ဒီကိုလာတုန်းက ငါတို့ ဘယ်လို အကြံပေးခဲ့လဲဆိုတာ မေ့သွားပြီလား”

လျို့ချင်းလည်း ခေါင်းညိတ်လိုက်ရကာ စိတ်ပျက်လက်ပျက်ဖြင့် သဘောတူလိုက်ရပေသည်။

“သခင်လေးယောင်... ကျွန်တော် နောက်နှစ်ရက်အတွင်း စာချုပ်ကို သခင်လေးဆီကို ကိုယ်တိုင် လာရောက်အပ်နှံပါ့မယ်၊ သခင်လေး အဲဒီအချိန်ကျမှ စစ်ဆေးလိုက်ပါ”

ထိုသို့ပြောနေချိန်အတွင်း လျို့ချင်း၏ ရင်ထဲ၌ သွေးခဲမတတ် ခံစားရချေသည်။

အဘယ်ကြောင့်ဆိုသော် သူ၏နာမည်အောက်က ထိုဖျော်ဖြေရေးနေရာများသည်ကား သူ့ဘဝ၏ တစ်ဝက်ခန့်ကို အသုံးပြု၍ ပင်ပန်းကြီးစွာ တည်ဆောက်ခဲ့ရသော အင်ပါယာကြီး ဖြစ်သောကြောင့်ပင် ဖြစ်ပေသည်။

ယခုတွင် ယောင်ပင်းက စကားအနည်းငယ်ဖြင့် သူ၏အင်ပါယာ တစ်ဝက်ခန့်ကို မြေလှန်ပစ်လိုက်ချေပြီ။

သူ အဘယ်ကြောင့် ရင်မကျိုးဘဲ နေနိုင်ပါမည်နည်း။

လျို့ချင်းက သဘောတူလိုက်ပြီးနောက် လေးယောက်မြောက်သခင်မလေးက အနည်းငယ် ပြုံးလိုက်လေ၏။

“ကောင်းပြီ... ဘော့စ်လျို့ကို ငါတို့ရဲ့ကားပေါ်ကို ဖိတ်ခေါ်လိုက်ကြစို့”

အားလုံးက တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း လေးယောက်မြောက်သခင်မလေးက အဘယ်ကြောင့် လျို့ချင်းအား ရုတ်တရက် ခေါ်ဆောင်သွားသနည်းဆိုသည်ကို မည်သူမျှ မသိကြချေ။

နောက်ဆုံးတွင် လျို့ချင်း၏ မျက်ဝန်းများထဲ၌ ထိတ်လန့်ရိပ်များ ပေါ်လာခဲ့ချေပြီ။

“လေးယောက်မြောက်သခင်မလေး... မင်း... မင်း ဘာလုပ်မလို့လဲ”

လေးယောက်မြောက်သခင်မလေးသည် အလွန်အမင်း လှပလျောမောသောကြောင့် ယောကျာ်းများကို ရူးသွပ်သွားစေရန် လုံလောက်ပေသည်။

သို့သော်လည်း လျို့ချင်း၏ မျက်စိထဲတွင်မူ ထိတ်လန့်ခြင်းသာ ရှိပေသည်။လေးယောက်မြောက်သခင်မလေးသည် ရက်စက်ပြီး မကောင်းဆိုးဝါးဆန်လှကာ မည်သည့်နည်းလမ်းကိုမဆို အသုံးပြုတတ်သဖြင့် သူ့အား ကျောချမ်းသွားစေပေသည်။

သူသည်က လူတစ်ဦးအား သူမကဲ့သို့ တစ်ကြိမ်တစ်ခါမျှ မကြောက်ရွံ့ခဲ့ဖူးချေ။

အထူးသဖြင့် ဤမျှ လှပသောအမျိုးသမီးတစ်ဦးအား ဖြစ်ပေသည်။

လေးယောက်မြောက်သခင်မလေး၏ အရှေ့တွင်တော့ ထိတ်လန့်ခြင်းဟူသည်ကို ဒါပထမဆုံးအကြိမ် ခံစားလိုက်ရသည်။

လျို့ချင်းအား လူအချို့က လေးယောက်မြောက်သခင်မလေး၏ SUV ကားအတွင်းသို့ “ဖိတ်ခေါ်” လိုက်ကြပြီး လျို့ချင်းကတော့ အလွန်အမင်း ထိတ်လန့်ခြောက်ချားသွားရပေသည်။

လေးယောက်မြောက်သခင်မလေးက သူ့ကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားမည်ကို သူ မသိရှိချေ။

“ဘော့စ်လျို့... စိတ်မပူပါနဲ့”

လျို့ချင်း၏ မျက်နှာထက်က ထိတ်လန့်မှုကို မြင်ရသောအခါ လေးယောက်မြောက်သခင်မလေးက သူ့အား ပြုံးပြလိုက်ပေသည်။

“ငါတို့ မင်းကို လမ်းလျှောက်ဖို့ခေါ်သွားပါပဲ”

လမ်းလျှောက်ဖို့ခေါ်သွားရုံပဲ ဟုတ်လား။

လျို့ချင်း၏ နှလုံးက တုန်ယင်သွားပြီးချက်ချင်း မေးလိုက်ပေသည်။

“လေးယောက်မြောက်သခင်မလေး... မင်း ငါ့ကို ဘယ်ခေါ်သွားမလို့လဲ”

လေးယောက်မြောက်သခင်မလေးက အနည်းငယ် ပြုံးလိုက်သည်။

“ မင်းရဲ့ ဖျော်ဖြေရေးနေရာတွေကို လိုက်လံကြည့်ရှုဖို့ပေါ့... ဘာလဲ ဘော့စ်လျို့၊ မင်းက ငါတို့ကို လိုက်မပြချင်ဘူးလား”

သူ့ရဲ့ ဖျော်ဖြေရေးနေရာတွေကို လိုက်လံကြည့်ရှုဖို့ ဟုတ်လား။

သူ၏အခြားသော ဖျော်ဖြေရေးနေရာများကို သွားရောက်ဖျက်ဆီးပစ်ရန်ဟု တိုက်ရိုက်ပြောဆိုလိုက်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။

ဤမိန်းကလေးသည်က သူ၏ဖျော်ဖြေရေးနေရာ နှစ်ခုကို ဖျက်ဆီးခဲ့ပြီး သူ၏စီးပွားရေး တစ်ဝက်ခန့်ကို လုယူခဲ့ပြီးဖြစ်ပေသည်။

သူမက အားမရသေးဘူးလား။

သူမက သူ၏ပိုင်ဆိုင်မှုအားလုံးကို ယောင်ပင်းအား အတင်းအကျပ် ပေးအပ်ချင်နေသည်ပင်။

လျို့ချင်း၏ မျက်နှာမှာ လူသေတစ်ယောက်ကဲ့သို့ ဖြူဖျော့သွားရပေသည်။ သူသည်က သူ့ဘာသာ ရေရွတ်လိုက်သော်လည်း အပြင်သို့ ထုတ်မပြောရဲဘဲ စိတ်ပျက်လက်ပျက် မျက်နှာဖြင့် SUV ကားမောင်းထွက်သွားသည်ကို ခွင့်ပြုလိုက်ရလေ၏။

သူ၏ ဖျော်ဖြေရေးနေရာများက ကြီးမားသော အန္တရာယ်နှင့် ကြုံတွေ့နေရပေပြီ။

နာရီဝက်ခန့် ကြာပြီးနောက် :

မြို့အရှေ့ဘက်ရှိ လျို့ချင်း၏ အကြီးမားဆုံးသော နိုက်ကလပ် တံခါးဝတွင် ။

လေးယောက်မြောက်သခင်မလေးက ယောင်ပင်းအား အေးအေးလူလူ မေးလိုက်ပေသည်။

“ဒီနေရာက တော်တော်လေးကောင်းတယ်၊ တည်နေရာနဲ့ ပတ်ဝန်းကျင်ကော အဆင်ပြေတယ်၊ သခင်လေးယောင်... မင်း ဘယ်လိုထင်လဲ”

ယောင်ပင်းနှင့် ခိုင်ယဲ့တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ယောင်ပင်းက အလျင်အမြန် ခေါင်းညိတလာသည်။

“လေးယောက်မြောက်သခင်မလေး... ဒါက တော်တော်ကောင်းတယ်”

သူတို့မှာ အတူတကွ လိုက်ပါလာခဲ့ကြသော်လည်း လေးယောက်မြောက်သခင်မလေးတွင် မည်သည့်ရည်ရွယ်ချက်ရှိသည်ကို မသိကြသဖြင့် သူမ၏ အကြံပြုချက်ကိုသာ သဘောတူလိုက်ကြသည်။

“ဘော့စ်လျို့... မင်းလည်း ကြားတယ်မလား၊ သခင်လေးယောင်က မင်းရဲ့နေရာကို သဘောကျတယ်တဲ့”

ယောင်ပင်း၏ တုံ့ပြန်မှုအပြီးတွင် လေးယောက်မြောက်သခင်မလေးက ဘေးရှိ လျို့ချင်းအား ကြည့်ရှုရင်း ပြုံးလျက်ပြောလိုက်လေသည်။

“သခင်လေးယောင်က သဘောကျတယ်ဆိုမှတော့ မင်း ဒီနေရာကို သူ့ကို အလကား ပေးလိုက်ပါလား”

လျို့ချင်းမှာ အသက်ရှူပင် ကျပ်သွားရပေသည်။

လိုက်လံချီးမွမ်းပြီးနောက်တွင် လေးယောက်မြောက်သခင်မလေးက သူ၏နေရာကို ယောင်ပင်းအား အလကား ပေးခိုင်းနေခြင်းသာ ဖြစ်နေခဲ့သည်။

အလွန်အမင်း တရားလွန်လွန်းသည်။

သူ ယောင်ပင်းအပေါ် တင်ရှိနေသော သန်းနှစ်ရာဟူသော အကြွေးကြောင့် သူ၏ဖျော်ဖြေရေးနေရာအချို့က ယောင်ပင်း၏ ပိုင်ဆိုင်မှု ဖြစ်သွားလေပြီ။

သို့သော်လည်း လေးယောက်မြောက်သခင်မလေးမှာ အားမရသေးဘဲ ဤနေရာကိုပါ ယောင်ပင်းအား အတင်းအကျပ် ပေးခိုင်းနေပြန်၏။

“လေးယောက်မြောက်သခင်မလေး... ကျွန်တော် ယောင်ပင်းအပေါ် တင်ရှိနေတဲ့ အကြွေးတွေအတွက် နေရာတွေကို နောက်နှစ်ရက်အတွင်း အပ်နှံပါ့မယ်”

သူ၏ရင်ထဲတွင် ဒေါသများ ပြည့်နှက်နေသော်လည်း လေးယောက်မြောက်သခင်မလေး၏ ကားအတွင်း၌ သူ၏နာကျည်းမှုကို မျိုချလိုက်ရပြီး ဂရုတစိုက်ပြောလိုက်ရသည်။

“ဒီနေရာနဲ့ ပတ်သက်လာရင်တော့... ကျွန်တော့်မှာ လုပ်ကျွေးရမယ့် လက်အောက်ငယ်သားတွေ ရှိသလို အိမ်မှာလည်း အသက် ရှစ်ဆယ်အရွယ် မိခင်အိုကြီး ရှိပါသေးတယ်”

လျို့ချင်းမှာ ဆင်းရဲတွင်းနက်နေသည့် အမူအရာ ပြုလုပ်ကာ တောင်းပန်လာသည်။

လေးယောက်မြောက်သခင်မလေး သူ့အား လွှတ်ပေးလိမ့်မည်ဟု သူ မျှော်လင့်မိပေသည်။

လေးယောက်မြောက်သခင်မလေးသည် သူ၏တိုင်တည်မှုကို အလေးအနက်နှင့် စိတ်ရှည်စွာ နားထောင်ပေးရသည်။

လျို့ချင်း၏ ရင်ထဲတွင် မျှော်လင့်ချက်များ တိုးပွားလာရပေသည်။ လေးယောက်မြောက်သခင်မလေး ဤမျှ စိတ်ရှည်စွာ နားထောင်ပေးနေသဖြင့် သူမ သူ့ကို လွှတ်ပေးလိမ့်မည် မဟုတ်ပါလော။

မျှော်လင့်မထားဘဲ သူ၏စကားများကို စိတ်ရှည်စွာ နားထောင်ပြီးနောက် လေးယောက်မြောက်သခင်မလေးသည် ဖုန်းကို ထုတ်ယူလိုက်လေ၏။

“ကပ္ပတိန်လင်း... ဘော့စ်လျို့က ဒီနေရာကို မပေးချင်ဘူးတဲ့၊ ဖြိုချဖျက်ဆီးပစ်လိုက်တော့”

ဝုန်း...

ဝုန်း...

ဖုန်းထဲက ကပ္ပတိန်လင်းက သဘောတူလိုက်ပြီး ချက်ချင်းပင် အပြင်ဘက်၌ နားကွဲလုမတတ် ပြင်းထန်သော အော်မြည်သံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

မြို့အရှေ့ဘက်ရှိ အကြီးမားဆုံးသော နိုက်ကလပ်ကြီးမှာ မျက်စိတစ်မှိတ်အတွင်း ပျက်စီးယိုယွင်းသော နေရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။

လျို့ချင်း လုံးဝ ကြောင်အမ်းသွားရပေသည်။

သူ စကားတစ်ခွန်းမျှပင် သဘောမတူရသေးခင် လေးယောက်မြောက်သခင်မလေးက သူ၏နိုက်ကလပ်ကို ဖြိုချဖျက်ဆီးပစ်လိုက်ချေပြီ။

ဤသည်ကား ဆွေးနွေးခြင်း မဟုတ်ချေ၊ အတင်းအကျပ် လုယက်ခြင်း ဖြစ်ပြီး သူ့အား ငြင်းပယ်ခွင့် လုံးဝ မပေးခြင်း ဖြစ်ပေသည်။

ရက်စက်လွန်းပေသည်။

တကယ့်ကို ရက်စက်လွန်းသည်

မိနစ်အနည်းငယ်ခန့် ကြာပြီးနောက် :

မြို့အရှေ့ဘက်ရှိ ဒုတိယမြောက် နိုက်ကလပ် တံခါးဝတွင် ဖြစ်ပေသည်။

လေးယောက်မြောက်သခင်မလေးက ပြုံးလျက် ယောင်ပင်းအား မေးပြန်သည်။

“သခင်လေးယောင်... ဒီနိုက်ကလပ်ကို မင်း ဘယ်လိုထင်လဲ၊ ငါကြားတာတော့ တည်နေရာ တော်တော်ကောင်းပြီး အကျိုးအမြတ်လည်း အင်မတန် ကြီးမားတယ်တဲ့”

တကယ်တမ်းတွင်တော့ ယောင်ပင်းသည်က ဤအကြောင်းများကို တစ်ခုမျှမသိရှိချေ။

သို့သော်လည်း လေးယောက်မြောက်သခင်မလေးက ဤသို့ပြောဆိုလာသဖြင့် သူ ငြင်းပယ်၍ မဖြစ်ပါချေ။

“ကျွန်တော်လည်း တော်တော်ကောင်းတယ်လို့ ထင်ပါတယ်”

သူ စကားပင်မဆုံးသေးခင်မှာပင် လေးယောက်မြောက်သခင်မလေးသည် လျို့ချင်းဘက်သို့ လှည့်၍မေးပြန်သည်။

“ဘော့စ်လျို့... သခင်လေးယောင်က မင်းရဲ့ နိုက်ကလပ်ကို သဘောကျတယ်တဲ့၊ မင်း သူ့ကို ပေးလိုက်ရင် ဘယ်လိုလဲ”

နောက်တစ်ကြိမ်လာပြန်ပြီလား။

*

All Chapters