← Chapters

အခန်း (၁၄၆)

Vol. 15 Ch. 146

အခန်း (၁၄၆)

Vol. 15 Ch. 146

အခန်း(146)

“မင်း... မင်းက ဘယ်သူလဲ...”

လျို့ချင်းသည်ကား သူမထံမှ ပါးရိုက်ခြင်း ခံခဲ့ရသဖြင့် မသိစိတ်ဖြင့် ဒေါသထွက်သွားရလေ၏။ သို့သော်လည်း ယောင်ပင်းက သူ့နောက်တွင် ရပ်နေဆဲဖြစ်ကြောင်းကို သတိပြုမိသွားသဖြင့် သူ၏ဒေါသကို အတင်းအကျပ် ဖိနှိပ်ထားလိုက်ရသည်။

ပြီးနောက် ရှောင်ချင်းအား သံသယဖြင့် ကြည့်ရှုရင်း မေးလေသည်။

“မင်းက ဘယ်သူလဲ”

ယောင်ပင်းက သူ့ကို နေရာတစ်ခုသို့ ခေါ်ဆောင်သွားမည်ဟု ပြောခဲ့သော်လည်း လျို့ချင်းအနေဖြင့် ယောင်ပင်း ကျင့်ဟွမ်ကလပ်သို့ ခေါ်ဆောင်လာလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ချေ။

ထို့အပြင် သူသည်က ဤကလပ်၏ ပိုင်ရှင်မမလေးရှေ့သို့ ခေါ်ဆောင်ခြင်း ခံလိုက်ရပေသည်။

ဒါ ဘာဖြစ်ပျက်နေတာလဲ။

လျို့ချင်း၏ ဇဝေဇဝါဖြစ်နေသော မျက်နှာကို မြင်ရသောအခါ ရှောင်ချင်း၏ နာကျည်းမှုမှာ ပို၍ နက်ရှိုင်းလာရပေသည်။ သို့ဆိုလျှင် လျို့ချင်း၏ ယခင်ပြောဆိုခဲ့သော စကားများသည်က တိုက်ဆိုင်မှုသက်သက်သာ ဖြစ်ပေ၏။ သူ ရှောင်ချင်းအား လုံးဝ မှတ်မိခြင်း မရှိချေ။

မှန်ပေသည်။ အချိန်တွေက အများကြီး ကုန်ဆုံးသွားခဲ့ချေပြီ။ လျို့ချင်းသည်လည်း ရေတွက်၍မရသော မိသားစုများနှင့် မိန်းကလေးများကို နာကျင်အောင် ပြုလုပ်ခဲ့ဖူးသဖြင့် သူမကို မည်သို့ မှတ်မိနိုင်ပါမည်နည်း။

ထိုအချိန်က သူမ၏ သံသယစိတ်ကသာ သူမအား လှည့်စားနေခဲ့ခြင်း ဖြစ်ပေသည်။

“လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က လျို့ကျားရွာမှာ...”

ရှောင်ချင်းသည် လျို့ချင်းအား အလေးအနက် စိုက်ကြည့်လိုက်ပြီး သူမ၏လေသံမှာလည်း အေးစက်လွန်းပေသည်။

“ရှင် အရွယ်မရောက်သေးတဲ့ မိန်းကလေးတစ်ယောက်ကို အတင်းအဓမ္မ ဖျက်ဆီးခဲ့တယ်၊ သူမရဲ့ မိဘတွေကိုလည်း အတင်းအကျပ် စောင့်ကြည့်ခိုင်းခဲ့တယ်၊

သူမကို သေကြောင်းကြံစည်အောင် ဖိအားပေးခဲ့သလို သူမရဲ့ မိဘတွေနဲ့ ညီမလေးကိုပါ သေဆုံးစေခဲ့တယ်၊

ရှင်က သူတို့ရဲ့ အိမ်ကိုပါ လုယူခဲ့သေးတယ်... လျို့ချင်း၊ ရှင် ပြစ်မှုအမျိုးမျိုးကို ကျူးလွန်ခဲ့တာဆိုတော့ ဒီလို အရှက်ရစရာ ကိစ္စကို မှတ်မိမှာ မဟုတ်တော့ဘူးပေါ့ ဟုတ်တယ်မလား”

လွန်ခဲ့သည့် အနှစ်သုံးဆယ်က နာကျည်းမှုများသည် သူမ၏ ရင်ထဲတွင် ထင်ရှားစွာ ရှိနေဆဲ ဖြစ်ပေသည်။

ရှောင်ချင်း၏ လှပသော မျက်ဝန်းအစုံမှ ဒေါသအရှိန်အဝါများ ထွက်ပေါ်နေချေပြီ။

“လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က...”

လျို့ချင်း ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သံသယဖြင့် မေးလေသည်။

“မင်းက သူမရဲ့ ညီမလေးလား၊ မဟုတ်ဘူး... သူမရဲ့ ညီမလေးက အဲဒီအချိန်ကတည်းက သေဆုံးသွားခဲ့တာလေ၊ ဒါဆိုရင် မင်းက...”

ထိုသို့ပြောပြီးနောက် လျို့ချင်းသည် စကားကို ရုတ်တရက် ရပ်တန့်လိုက်ပြီး ရှောင်ချင်းအား စိုက်ကြည့်လိုက်ပေသည်။

ရှောင်ချင်းက လှောင်ပြုံးပြုံးလာသည်။

“ရှင် ခန့်မှန်းတာ မှန်ပါတယ်၊ ကျွန်မက အဲဒီသေဆုံးသွားခဲ့တဲ့ ညီမပဲ”

လျို့ချင်းသည် ပါးစပ်ပင် ဟသွားရပြီး မျက်နှာမှာ ချက်ချင်းပင် လူသေကဲ့သို့ ဖြူဖျော့သွားရပေသည်။ သူသည်က သူ့ထံသို့ ဖြည်းညှင်းစွာ တိုးကပ်လာသော ရှောင်ချင်းအား စိုက်ကြည့်ရင်း ထိတ်လန့်တုန်လှုပ်စွာ နောက်ဆုတ်လိုက်မိသည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ မင်း... မင်း မသေဘူးပေါ့ ဟုတ်လား၊ မင်း ဒီမှာ ဘယ်လိုလုပ် မတ်တတ်ရပ်နေနိုင်ရတာလဲ၊ မင်း... မင်းက သေပြီးသားလူတစ်ယောက်လား”

လွန်ခဲ့သည့် အနှစ်သုံးဆယ်ကျော်ကတည်းက သေဆုံးသွားခဲ့သော လူတစ်ဦးက ယခုအခါ သူ့အရှေ့တွင် အသက်ရှင်လျက် မတ်တတ်ရပ်နေသည်ဖြစ်၍ လျို့ချင်းအား အလွန်အမင်း ထိတ်လန့်ချောက်ချားသွားစေပေသည်။

“ဘာလဲ... ရှင် ကြောက်နေတာလား” ရှောင်ချင်း၏ လှပသော မျက်နှာလေးမှာ နာကျည်းမှုများကြောင့် အနည်းငယ် ပျက်ယွင်းနေခဲ့သည်။

“ရှင် ပြစ်မှုအမျိုးမျိုးကို ကျူးလွန်ခဲ့ပြီး ရေတွက်၍မရတဲ့ အပြစ်မဲ့သူတွေကို သတ်ခဲ့တာမလား၊ ရှင်က ကြောက်တတ်သေးလို့လား”

ထိုသို့ပြောပြီးနောက် ရှောင်ချင်းက ဘေးနားက ဓားမြှောင်တစ်စင်းကို အလျင်အမြန် ဆွဲထုတ်လိုက်ပြီး လျို့ချင်းဆီသို့ ထိုးစိုက်လိုက်တော့သည်။

“ခဏစောင့်ဦး”

အရာအားလုံးကို မြင်တွေ့လိုက်ရသော ယောင်ပင်းက ရှောင်ချင်းကို တားဆီးရန် ချက်ချင်း အော်ဟစ်လိုက်ပေသည်။

သို့သော်လည်း နောက်ကျသွားခဲ့ချေပြီ။

ဒုန်း!

တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

လျို့ချင်း၏ ခန္ဓာကိုယ်ထက်မှ ရွှေရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး အရှေ့သို့ တိုးဝင်လာသော ရှောင်ချင်းသည်လည်း ပြင်းထန်စွာ တန်ပြန်လွင့်စင်သွားကာ နံရံကို ပြင်းထန်စွာ ဆောင့်မိပြီးနောက် မြေပြင်ပေါ်သို့ ဘုန်းကနဲ လဲကျသွားရရှာသည်။

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ရှောင်ချင်း၏ မျက်နှာတွင် နာကျည်းရိပ်များ ပြည့်နှက်နေချေသည်။

“သူ့လို လူယုတ်မာတစ်ဦးမှာ ဘာလို့ ရွှေရောင်အလင်းတန်း အကာအကွယ် ရှိနေရတာလဲ”

ထိတ်လန့်နေခဲ့သော လျို့ချင်းသည်ကား ရှောင်ချင်း တန်ပြန်လဲကျသွားသည်ကို မြင်ရသောအခါ ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလေသည်။

“လက်လျှော့လိုက်စမ်းပါ၊ မင်း ငါ့ကို သတ်နိုင်မှာ မဟုတ်ဘူး၊ ငါ့မှာ နည်းလမ်းအမျိုးမျိုးနဲ့ ရရှိထားတဲ့ ရွှေရောင်အလင်းတန်း အကာအကွယ် ရှိတယ်လေ... ငါ မင်းကို အမှန်အတိုင်း ပြောပြရရင် .. ငါ့ကို သတ်ချင်တဲ့သူက မင်းတစ်ယောက်တည်း မဟုတ်ဘူး၊ ဒါပေမဲ့ ငါကတော့ အသက်ရှင်လျက်နဲ့ ကောင်းမွန်စွာ ရှိနေဆဲပဲ ဟားဟားဟားဟား...”

ရှောင်ချင်း၏ မျက်နှာတွင် နာကျည်းရိပ်များ ပြည့်နှက်နေသော်လည်း လျို့ချင်းမှာတော့ အလွန်အမင်း မောက်မာနေချေပြီ။

ရှောင်ချင်းက သူ့ကို မည်မျှပင် နာကျည်းနေပါစေ၊ သူမ၏အစ်မအား ဖျက်ဆီးခဲ့ပြီး သူမ၏မိသားစုတစ်ခုလုံးကို သေကြောင်းကြံစည်အောင် ဖိအားပေးခဲ့ပါစေ၊ အရေးမကြီးတော့ပေ။

သူသည်က ရှောင်ချင်း၏ အရှေ့တွင် ကောင်းမွန်စွာ ရပ်တည်နေဆဲ ဖြစ်ပြီး သူမသည်လည်း သူ့အား မည်သည့်အရာမျှလုပ်ဆောင်နိုင်မည် မဟုတ်ချေ။

ဟားဟားဟားဟား...

လျို့ချင်းသည် မောက်မာမှုများ ပြည့်နှက်လျက် ရူးသွပ်စွာ ရယ်မောလေသည်။

ထို့နောက် သူက တံခါးဝဆီသို့ မောက်မာထောင်လွှားစွာ လျှောက်လှမ်းသွားခဲ့သည်။

ယခုအချိန်တွင် ထိုတင့်ကားဆယ်စီးကျော် မရှိတော့သဖြင့် သူသည် ယောင်ပင်းကိုပင် အလေးထားတော့မည် မဟုတ်ချေ။

“ဘော့စ်လျို့”

လျို့ချင်း တံခါးဝသို့ ရောက်ခါနီးအချိန်မှာပင် ယောင်ပင်းက တည်ငြိမ်စွာ မေးလာလေသည်။

“ခင်ဗျား ဘယ်ကိုသွားမလို့လဲ”

ယောင်ပင်း စကားပြောလိုက်သည်နှင့် လျို့ချင်းာ သူ၏ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်ပေသည်။

ထို့နောက် သူက ယောင်ပင်းဘက်သို့ လှည့်ကြည့်လိုက်ပြီး အထင်သေးသော လေသံဖြင့် ဆိုသည်။

“ကောင်လေး... မင်း ငါ့ကို ခေါ်လိုက်တာလား”

ဤအချိန်တွင် လျို့ချင်း၏ မောက်မာမှုနှင့် ထောင်လွှားမှုတို့မှာ အပြည့်အဝ ပေါ်လွင်နေချေပြီ။

သူသည် သူ့၏ ခန္ဓာကိုယ်ထက်က ရွှေရောင်အလင်းတန်း အကာအကွယ်ကို ယုံကြည်နေသဖြင့် ယောင်ပင်းအနေဖြင့် သူ့အား ဘာမျှလုပ်ဆောင်နိုင်မည်မဟုတ်ဟု ထင်မှတ်ထားကာ မည်သည့်အရာကိုမျှ မကြောက်ရွံ့ဘဲ ယောင်ပင်းအားလည်း လုံးဝ အလေးမထားတော့ချေ။

ယောင်ပင်းက ခေါင်းညိတ်လိုက်သည်။

“မှန်တယ်... ခင်ဗျား ရှောင်ချင်းအပေါ် တင်ရှိနေတဲ့ အကြွေးကို မဆပ်ရသေးပုံပဲနော်... ဘာလဲ ခင်ဗျား ဒီအတိုင်း ထွက်သွားမလို့လား”

သူ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေပြီး မည်သည့် တုန်လှုပ်မှု အရိပ်အယောင်မျှ မရှိချေ။

“ရှောင်ချင်း ဟုတ်လား”

လျို့ချင်း ခဏမျှ ကြောင်အမ်းသွားပြီးနောက် ကျယ်လောင်စွာ ရယ်မောလျက် ရှောင်ချင်းအား အပေါ်အောက် တစ်ချက်ကြည့်ကာ ရွတ်ဆိုလေသည်။

“ဒီတော့ ဒီအသက်ရှင်နေတဲ့ အလောင်းမလေးရဲ့ နာမည်က ရှောင်ချင်းပေါ့၊ တော်တော်လေး ကောင်းတဲ့ နာမည်ပဲ... မင်းက သူမအတွက် ဘာလို့ ဒီလောက်တောင် ပင်ပန်းခံနေရတာလဲ၊ မင်းက လူပျိုလေးဖြစ်ပြီးတော့ သူမအပေါ် စိတ်ကူးတွေ ရှိနေလို့လား”

ယောင်ပင်းက တုန်လှုပ်ခြင်းမရှိဘဲ ပြုံးနေဆဲ ဖြစ်ပေသည်။

ရှောင်ချင်းမှာမူ ဒေါသများကြောင့် မျက်နှာလေး နီမြန်းလျက် ရက်စက်စွာ ပြန်လည်ဟောက်လေသည်။

“လျို့ချင်း... ရှင့်ရဲ့ ညစ်ညမ်းတဲ့ ပါးစပ်ကို ပိတ်စမ်း၊ ဒီလောကရှိ လူအားလုံးက ရှင့်လို အမှိုက်နဲ့ လူယုတ်မာ ဖြစ်နေလိမ့်မယ်လို့ ထင်နေတာလား”

သူမသည်က သူ့အား အတိုင်းအဆမရှိ နာကျည်းနေသော်လည်း၊

လျို့ချင်းအပေါ် မည်သည့်အရာကိုမျှလုပ်ဆောင်နိုင်ခြင်း မရှိရှာချေ။

သူ့တွင် ရွှေရောင်အလင်းတန်း အကာအကွယ် ရှိနေပြီး ယောင်ပင်းပင်လျှင် သူ့အား ဘာမျှလုပ်ဆောင်နိုင်ခြင်းမရှိသဖြင့် သူမ လုံးဝ စွမ်းအားမဲ့နေရချေပြီ။

“ယောက်ျားတိုင်းကတော့ မိန်းမတွေအပေါ် စိတ်ကူးတွေ ရှိကြတာပဲလေ”

ရှောင်ချင်း၏ ဆဲဆိုမှုကြောင့် လျို့ချင်းသည် ဒေါသထွက်မည့်အစား ရယ်မောလိုက်ပေသည်။ သူသည် ရှောင်ချင်း၏အနားသို့ ခြေလှမ်းအနည်းငယ် ထပ်မံတိုးကပ်သွားပြီး သူမ၏မျက်နှာကို လက်လှမ်း၍ ကိုင်တွယ်ရန် ကြံစည်လေသည်။

“သူက အသက်ငယ်နေရုံနဲ့ ယောက်ျားမဟုတ်ဘူးလို့ မင်း ထင်နေတာလား၊ ဟားဟားဟား... မင်းက တကယ့်ကို ရိုးအလွန်းတာပဲ၊

ယောက်ျားဆိုတာ အသက်ဘယ်လောက်ပဲရှိရှိ မိန်းမတွေအပေါ် စိတ်ကူး ရှိကြတာချည်းပဲ”

သူက တမင်တကာ ပြုလုပ်ခြင်း ဖြစ်ပေသည်။

သူသည် ယောင်ပင်း၏အရှေ့တွင် ရှောင်ချင်းအား ကိုင်တွယ်ခြင်းဖြင့် ယောင်ပင်းအား တမင်တကာ နှိုးဆွနေခြင်း ဖြစ်ပေသည်။

သူက ယောင်ပင်းအား ဒေါသထွက်စေရန် ဖိအားပေးပြီး ယောင်ပင်းက တိုက်ခိုက်လာပါက သူ့၏ ရွှေရောင်အလင်းတန်းဖြင့် သူ့အား သတ်ပစ်ရန် ကြံစည်နေခြင်း ဖြစ်ပေသည်။

လျို့ချင်း၏ ကိုင်တွယ်မှုကြောင့် ရှောင်ချင်းတစ်ယောက် ဒေါသထွက်သွားပြီး မသိစိတ်ဖြင့် သူ့အား ပါးရိုက်လိုက်ပေသည်။

ဒုန်း!

နောက်ထပ် တိုးညှင်းသော အသံတစ်ခု ထွက်လာပြန်၏။

လျို့ချင်း၏ ခန္ဓာကိုယ်ထက်မှ ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာချေသည်။

ရှောင်ချင်း သတိပြန်ဝင်လာချိန်တွင် နောက်သို့ လဲကျသွားခဲ့ချေပြီ။

“သတိထားဦး”

ယောင်ပင်းက သတိပေးလိုက်ပြီး ရှောင်ချင်း၏ဘေးသို့ လျှပ်တစ်ပြက် ရောက်ရှိသွားကာ သူမအား ဖမ်းထိန်းလိုက်ပေသည်။

ဟားဟားဟားဟား...

လျို့ချင်းသည် မာနထောင်လွှားစွာဖြင့် ရယ်မောလေသည်။

“ရှောင်ချင်း... ဒီကိစ္စကို ငါ ကိုင်တွယ်ပါ့မယ်”

ရှောင်ချင်းအား ဖမ်းထိန်းလိုက်ပြီးနောက် သာယာလှသော ရနံ့တစ်ခုက ယောင်ပင်း၏ နှာခေါင်းအတွင်းသို့ တိုးဝင်လာချေသည်။ ယောင်ပင်း၏ ရင်ခုန်သံမှာ တုန်ယင်သွားသော်လည်း သူ၏ စိတ်ကို အလျင်အမြန် ပြန်လည်ထိန်းချုပ်လိုက်ပြီး ရှောင်ချင်း၏ပုခုံးကို ညင်သာစွာ ပုတ်ပေးလိုက်ပေသည်။

“မင်း ဘေးနားကနေပဲ စောင့်ကြည့်နေလိုက်ပါ”

ရှောင်ချင်းသည် ယောင်ပင်းအား သံသယဖြင့် ကြည့်လိုက်ပေသည်။

“သခင်...”

လျို့ချင်း၏ ပတ်ပတ်လည်က ရွှေရောင်အလင်းတန်းမှာ ဖျက်ဆီး၍မရသော ဒိုင်းတစ်ခုကဲ့သို့ပင် ဖြစ်ချေသည်။ ၎င်းအား ဖောက်ထွင်းနိုင်မည့် နည်းလမ်း လုံးဝမရှိချေ။

ယောင်ပင်းဆီမှာ နည်းလမ်း ရှိနေလို့လား။

ယောင်ပင်းက သူမအား ပြုံးပြလိုက်ပြီး သူမ စိတ်ပူရန်မလိုကြောင်း ပြသလိုက်ပေသည်။

“ကောင်လေး... အလှလေးရဲ့ ရှေ့မှာ ဒီလောက်တောင် အစွမ်းပြချင်နေတာလား”

လျို့ချင်းသည် ကောက်ကျစ်စွာ ပြုံးလိုက်ပြီး ယောင်ပင်း၏အနားသို့ ဖြည်းညှင်းစွာ တိုးကပ်လာချေသည်။

“မင်းက ဒီလောက်ထိ အစွမ်းပြချင်နေမှတော့ ငါ မင်းရဲ့ ဆန္ဒကို ပြည့်ဝစေရတာပေါ့”

ထိုသို့ပြောပြီးနောက် လျို့ချင်းက ယောင်ပင်းအား ကန်ထုတ်လိုက်ပေသည်။

သူ ကန်ထုတ်လိုက်သည့် ခဏချင်းတွင်ပင် သူ၏ပတ်ပတ်လည်က ရွှေရောင်အလင်းတန်းမှာ ရုတ်တရက် ကျယ်ပြန့်လာပြီး စက်ဝိုင်းပုံစံ အကာအကွယ်ဒိုင်းတစ်ခုအဖြစ် သူ့အား တင်းကျပ်စွာ ဝိုင်းရံလိုက်ပေသည်။

ယောင်ပင်းလည်း နောက်ဆုတ်လိုက်ရသည်။

ထိုကန်ချက်သည် ယောင်ပင်း၏ ခန္ဓာကိုယ်ပေါ်သို့ တည့်တည့် ကျရောက်သွားခဲ့ချေပြီ။

အလစ်အငိုက်မိသွားသဖြင့် ယောင်ပင်းလည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားရပြီး လဲကျလုနီးပါး ဖြစ်သွားရသည်။

ဟားဟားဟားဟား...

လျို့ချင်းသည် မာနကြီးစွာဖြင့် ရယ်မောလေသည်။

“မင်းက အားလုံး လေးစားကြတဲ့ သခင်လေးယောင် မဟုတ်ဘူးလား၊ မင်းက အရမ်းကို မောက်မာခဲ့တာလေ၊ ဘာလို့ ပြန်မတိုက်တာလဲ၊ ပြန်တိုက်စမ်းပါ၊ ပြန်တိုက်စမ်းပါ၊ ဘာလဲ မင်း ကြောက်သွားပြီလား၊ ငါ ကန်လိုက်တာနဲ့ မင်း ပြန်မတိုက်ရဲတော့ဘူးလား”

“ခွေးမသား... မင်းက ငါ့နယ်မြေကို တကယ်ကြီး လာလုရဲတယ်ပေါ့၊ မင်းက သေချင်နေတာပဲ၊ ဒီနေ့ ငါ မင်းကို အလျှော့မပေးတဲ့ အဓိပ္ပာယ်ကို ပြသပေးမယ်”

…

All Chapters