အခန်း (၁၄၈)
Vol. 15 Ch. 148
အခန်း(148)
“ရှောင်ချင်း... ဒီလိုမျိုး မလုပ်ပါနှင့်”
ယောင်ပင်းတစ်ယောက် အသိစိတ်ကို ထိန်းထားရန်ကြိုးစားရင်း မြွေတစ်ကောင်ကဲ့သို့ ရစ်ပတ်နေသော ရှောင်ချင်းအား တွန်းဖယ်ရန် ကြံစည်နေဆဲပင်။
“ငါ မင်းကို ကလဲ့စားချေပေးဖို့ ကတိပေးခဲ့တယ်၊ဒါကြောင့် ကတိအတိုင်းလုပာပေးခဲ့တာပါ၊ ဒီလိုမလုပ်ပါနဲ့”
သူသည် ရှောင်ချင်းအား ကလဲ့စားချေပေးမည်ဟု ကတိပြုခဲ့ပေသည်။
ယခုတွင် သူက သူမအတွက် ကလဲ့စားချေပေးခဲ့ရုံသာ ရှိသေးပေသည်။
ရှောင်ချင်းက သူ၏အကြွေးကို ဤနည်းလမ်းဖြင့် ပြန်ဆပ်လိမ့်မည်ဟု ယောင်ပင်း လုံးဝ မျှော်လင့်မထားခဲ့ချေ။
“သခင်က ကျွန်မရဲ့ အရှင်သခင်ပဲလေ၊ ဒီလိုဆိုမှတော့ ကျွန်မပိုင်ဆိုင်သမျှ အရာအားလုံးက သခင့်အပိုင်ပေါ့”
ရှောင်ချင်းက ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်။ သူမ၏ ထွက်သက်ဝင်သက်မှာ သစ်ခွပန်းကဲ့သို့ သင်းပျံ့လှပေသည်။
“ကျွန်မကိုယ်တိုင်လည်း အပါအဝင်ပဲ”
ရှောင်ချင်း၏ စကားလုံးများမှာ ပွင့်လင်းလွန်းသည်။
ငတုံးတစ်ယောက်ပင်လျှင် သူမ၏ ဆိုလိုရင်းကို နားလည်နိုင်ပေသည်
ယောင်ပင်းသည်လည်း ငတုံးမဟုတ်ချေ။ သူသည်က ရှောင်ချင်း၏ ဆိုလိုရင်းကို သဘာဝအတိုင်း ကောင်းစွာ နားလည်ပေသည်။
သူ၏ ရင်ခုန်သံများ တုန်ယင်သွားပြီး သူ၏လက်မောင်များသည်လည်း မသိစိတ်ဖြင့် ရှောင်ချင်း၏ ခန္ဓာကိုယ်ကို သိုင်းဖက်မိသွားချေတော့သည်။
သူသည်က ပုံမှန်ယောကျာ်းတစ်ဦး ဖြစ်ပေသည်။ ထို့ကြောင့် ရှောင်ချင်းကဲ့သို့သော အမျိုးသမီးတစ်ဦးအား သူ မငြင်းပယ်နိုင်ချေ။
ပတ်ဝန်းကျင်၏ အပူချိန်မှာလည်း ရုတ်တရက် မြင့်တက်လာခဲ့ချေပြီ။
ရှပ်၊ ရှပ်..
အဆုံးအဖြတ်ပေးရမည့် အရေးကြီးသော အချိန်တွင် ခြေသံအချို့က ရုတ်တရက် နီးကပ်လာခဲ့ချေသည်။
ထို့နောက် ချက်ချင်းပင် မကျေနပ်သည့် အရိပ်အယောင်အချို့ ပါဝင်နေသော မေးခွန်းထုတ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ယောင်ပင်း... ရှင် ဘာလုပ်နေတာလဲ”
ယောင်ပင်း၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တောင့်တင်းသွားရပေသည်။
လေထုတစ်ခုလုံး အေးခဲသွားသကဲ့သို့ပင် ခံစားလိုက်ရပေသည်။
အဘယ်ကြောင့်ဆိုသော် သူ၏နောက်က အသံမှာ မိုရှောက်ယောင်၏ အသံ ဖြစ်နေသောကြောင့်ပင်။
မိုရှောက်ယောင် ဤအချိန်တွင် ပေါ်လာလိမ့်မည်ဟု ယောင်ပင်း လုံးဝ မျှော်လင့်မထားခဲ့ချေ။
“ရှောက်ယောင်..”
ယောင်ပင်းသည် မသိစိတ်ဖြင့် ရှောင်ချင်းအား တွန်းဖယ်လိုက်ပြီး အလျင်အမြန် ထရပ်ကာ မိုရှောက်ယောင်ထံသို့ လျှောက်လှမ်းသွားရင်း ဂရုတစိုက် မေးမြန်းလိုက်ပေသည်။
“မင်း ဘာလို့ ဒီကို ရောက်နေတာလဲ”
မိုရှောက်ယောင်အနေဖြင့် ကျင့်ဟွမ်ကလပ်သို့ ရောက်ရှိလာလိမ့်မည်ဟု သူ လုံးဝ မတွေးမိခဲ့ချေ။
မိုရှောက်ယောင်က ယောင်ပင်း၏ နောက်မှ ရှောင်ချင်းအား တစ်ချက်ကြည့်လိုက်ပြီး လှောင်ပြုံးပြုံးကာ ဆိုလေသည်။
“ဘာလဲ... ကျွန်မလာတာ အချိန်မတော် ဖြစ်သွားတာလား၊ စိတ်မကောင်းပါဘူး၊ ကျွန်မ ရှင်တို့ကို နှောင့်ယှက်မိသွားပြီ၊ ကျွန်မ အောက်ထပ်ကနေ စောင့်နေပါ့မယ်၊ ရှင်တို့ ဆက်လုပ်ကြပါ”
ထိုသို့ပြောပြီးနောက် သူမ လှည့်ထွက်သွားခဲ့ချေသည်။ယောင်ပင်းအား ရှင်းပြခွင့် လုံးဝ မပေးခဲ့ချေ။
“ရှောက်ယောင်...”
ယောင်ပင်း ပျာယာခတ်သွားပြီး မသိစိတ်ဖြင့် နောက်ကနေ လိုက်လံဖမ်းဆီးရန် ကြံစည်လိုက်ပေသည်။
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူအနေဖြင့် အနောက်မှ ရှောင်ချင်းကို ရုတ်တရက် သတိရသွားသဖြင့် ချက်ချင်းလှည့်၍ သူမအား တောင်းပန်စကား ဆိုလိုက်သည်။
“ရှောင်ချင်း... စိတ်မကောင်းပါဘူး၊ ငါ သွားရတော့မယ်၊ နောက်မှ မင်းကို ပြန်ရှင်းပြပါ့မယ်”
ရှောင်ချင်းအား တောင်းပန်နေချိန်အတွင်း ယောင်ပင်း၏ မျက်နှာမှာ အလွန်အမင်း ပူလောင်နေပြီး ရှောင်ချင်း၏ မျက်လုံးများကိုပင် စေ့စေ့မကြည့်ရဲတော့ချေ။
ဆိုရလျှင် သူ အမှန်တကယ်ပင် စိတ်လှုပ်ရှားသွားခဲ့သည်ပင်။
သို့သော်လည်း မိုရှောက်ယောင်၏ ပေါ်လာမှုက ယောင်ပင်းအား အသိစိတ် ပြန်လည်ဝင်လာစေခဲ့ချေပြီ။
ရှောင်ချင်းသည် ဆွဲဆောင်မှုရှိသော်လည်း သူ့အနေဖြင့် မိုရှောက်ယောင် ဒေါသထွက်သွားမည်ကို ပို၍ စိုးရိမ်မိပေသည်။
ထို့ကြောင့် ယခုအချိန်တွင် မိုရှောက်ယောင်နောက်သို့သာ အလျင်အမြန် လိုက်ရလိမ့်မည်။
“မိန်းကလေးက ဒေါသထွက်သွားပြီ၊ စိတ်ဝင်စားစရာပဲ”
ရှောင်ချင်းသည်ကား စိုးရိမ်ခြင်း၊ စိတ်ဆိုးခြင်း လုံးဝမရှိဘဲ နူးညံ့စွာစွာ ရယ်မောလျက် ယောင်ပင်းအား ပြောလာလေသည်။
“သခင်... သူမရဲ့နောာ်ကို မြန်မြန် လိုက်သွားလိုက်ပါ၊ မိန်းကလေးကို သဝန်တိုခွင့် မပေးပါနဲ့နဲ့”
ယောင်ပင်းလည်း မိုရှောက်ယောင်နောက်သို့ အလျင်အမြန် လိုက်ရန် လောနေသဖြင့် ရှောင်ချင်း၏ စကားလုံး နောက်ကွယ်က ဆိုလိုရင်းကို အလေးအနက် မတွေးတောမိချေ။
ရှောင်ချင်းက သူ့အား မိုရှောက်ယောင်နောက်သို့ မြန်မြန်လိုက်ရန် တိုက်တွန်းနေသည်ကို မြင်ရသဖြင့် ယောင်ပင်းဘည်း သက်ပြင်းချနိုင်သွားပြီး ရှောင်ချင်းအား အထပ်ထပ်အခါခါ တောင်းပန်စကားဆိုကာ အောက်ထပ်သို့ အပြေးအလွှား ဆင်းခဲ့ချေတော့သည်။
ယောင်ပင်း ထွက်ခွာသွားသည်ကို စောင့်ကြည့်ပြီးနောက် ရှောင်ချင်းသည်လည်း ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး ပြတင်းပေါက်အနားသို့ လျှောက်လှမ်းသွားပေသည်။
ယောင်ပင်းက အောက်ထပ်တွင် မိုရှောက်ယောင်နောက်သို့ စိတ်ပူပန်စွာဖြင့် လိုက်လံဖမ်းဆီးနေသည်ကို ကြည့်ရှုရင်း ရှောင်ချင်း၏ မျက်နှာထက်တွင် အတွေးပြည့်နေသောအပြုံးတစ်ခု ပေါ်လာခဲ့ချေသည်။
အကယ်၍ သူမသာ ယောင်ပင်းနှင့် အမှန်တကယ် အတူရှိနေနိုင်မည်ဆိုပါက... မဆိုးလှပါချေ။
*
ကျင့်ဟွမ်ကလပ်၏ အောက်ထပ်တွင် :
ယောင်ပင်းသည် မိုရှောက်ယောင်ကို မှီသွားခဲ့ပြီး အလျင်အမြန် တောင်းပန်စကား ဆိုလေသည်။
“ရှောက်ယောင်... ငါ မှားသွားပါတယ်... တကယ်လို့ မင်း ဒေါသထွက်နေရင် ငါ့ကို အပြစ်ပေးတဲ့အနေနဲ့
ရိုက်လို့ရပါတယ်...”
မိုရှောက်ယောင် ဒေါသထွက်နေသည်ကို မြင်ရသဖြင့် ယောင်ပင်းတစ်ယောက် ရုတ်တရက် ပျာယာခတ်သွားပြီး မိုရှောက်ယောင်၏ လက်ကို ဖမ်းဆွဲကာ သူ့ကိုယ်သူ ရိုက်နှက်တော့ပေသည်။
သူသည်ကား မိုရှောက်ယောင်အား ဖုံးကွယ်ထားရန် ရည်ရွယ်ချက် လုံးဝမရှိချေ။
ဖြန်း... ဖြန်း... ဖြန်း...
နှုတ်ခမ်းဆူနေခဲ့သော မိုရှောက်ယောင်သည်လည်း အောင့်အီးမထားနိုင်တော့ဘဲ ရုတ်တရက် ရယ်မောလိုက်ချေတော့သည်။
“ရှင် မှားသွားတယ်ဆိုတာကိုသိတယ် ဟုတ်လား၊ ဒါဆို ရှင် ဘာမှားတာလဲ”
သူမသည် ယောင်ပင်းအား လစ်လျူရှုထားရန် ကြံရွယ်ခဲ့သော်လည်း သူမ၏ တည်ငြိမ်မှုကို ဆက်လက်မထိန်းသိမ်းနိုင် ဖြစ်သွားရပေသည်။
“ငါ... ငါ ရှောင်ချင်းနဲ့ အဲဒီလို မလုပ်သင့်ပါဘူး...”
မိုရှောက်ယောင် ရယ်မောသည်ကို မြင်ရသောအခါ ယောင်ပင်းလည်း နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားခဲ့ချေပြီ။
“တောင်းပန်ပါတယ်”
“ရှင် ရှောင်ချင်းနဲ့ ဘာပဲလုပ်လုပ် ကျွန်မနဲ့ ဘာဆိုင်လို့လဲ၊ ဘာလို့ ကျွန်မကို လာပြီးတောင်းပန်နေရတာလဲ”
“ငါ... ငါလည်း မသိပါဘူး”
“နောင်ကိုရော ၊ ရှင် ရှောင်ချင်းနဲ့ ဒီလို ထပ်လုပ်ဦးမှာလား”
“ရှောက်ယောင်... ငါ မင်းကို ကတိပေးပါတယ်၊ နောက်ကို ဘယ်တော့မှ ထပ်မလုပ်တော့ပါဘူး”
ယောင်ပင်းက မိုရှောက်ယောင်အား အလျင်အမြန် ကတိပြုလိုက်ပေသည်။
သူ၏ ပုံစံမှာ ပျာယာခတ်နေသော်လည်း အလွန်အမင်း အလေးအနက် ရှိနေခဲ့သည်။
မိုရှောက်ယောင် အောင့်အီးမထားနိုင်ဘဲ ထပ်မံရယ်မောလိုက်ပြန်ချေသည်။
ရယ်မောနေစဉ်အတွင်း သူမ၏ မျက်နှာလေးမှာ ရုတ်တရက် နီမြန်းသွားပြီး တိုးတိုးလေး မေးမြန်းလိုက်ပေသည်။
“ ရှင် ကျွန်ရဲ့လက်ကို ဒီအတိုင်း ဖမ်းဆွဲထားတော့မှာလား၊ လွှတ်မပေးတော့ဘူးလား”
ယောင်ပင်းလည်း သူ မိုရှောက်ယောင်၏ လက်က
လေးကို တင်းကျပ်စွာ ဖမ်းဆွဲထားဆဲ ဖြစ်သည်ကို ရုတ်တရက် သဘောပေါက်သွားခဲ့ရသည်။
မိုရှောက်ယောင်၏ လက်ချောင်းလေးများက သွယ်လျပြီး သန့်ရှင်းကာ သူမ၏ လက်ဖဝါးလေးမှာ သေးငယ်ပြီး နူးညံ့လွန်ပေသည်။
ယောင်ပင်း၏ နှလုံးသားက တုန်ယင်သွားရသည်။
“ရှောက်ယောင်... ခုနက မင်း ဘာလို့ ဒေါသထွက်နေရတာလဲ”
ယောင်ပင်းက လွှတ်ပေးရန် ဝန်လေးနေသဖြင့် သူမ၏ လက်ကို တင်းကျပ်စွာ ဆက်လက်ဖမ်းဆွဲထားကာ သံသယဖြင့် မေးမြန်းလိုက်ပေသည်။
“ဘယ်သူက ဒေါသထွက်လို့လဲ”
မိုရှောက်ယောင်၏ မျက်နှာလေးမှာ ရှက်သွေးဖြန်းကာ နီမြန်းသွားရသည်။
“ကျွန်မကို မြန်မြန်လွှတ်စမ်းပါ၊ သူများတွေ မြင်ရင် မကောင်းဘူး”
မိုရှောက်ယောင်၏ မျက်နှာလေး တည်သွားသည်ကို မြင်လျှင် ယောင်ပင်းသည်လည်း သူမ၏ လက်ကို အလျင်အမြန် လွှတ်ပေးလိုက်ပြီး ထပ်မံ၍ တောင်းပန်စကားပြောခဲ့သည်။
“တောင်းပန်ပါတယ် ငါ တမင်တကာ လုပ်တာ မဟုတ်ပါဘူး...”
“ကောင်းပြီ... ကျွန်မ ရှင့်ကို ခွင့်လွှတ်ပါတယ်”
ယောင်ပင်း၏ အကူအညီမဲ့နေသော ပုံစံကို မြင်လျှင် မိုရှောက်ယောင်၏ တင်းမာနေသော မျက်နှာလေးမှာ ချက်ချင်း ပြေလျော့သွားခဲ့ချေပြီ။
“အဖိုးက ရှင့်ကို လာတွေ့ခိုင်းတယ်၊ အခု ကျွန်မနဲ့အတူ လိုက်ခဲ့ပါဦး”
အကြီးအကဲမိုက သူ့ကို တွေ့ဆုံချင်နေသည်လား။
ယောင်ပင်း အနည်းငယ် သံသယဝင်မိပြီး မေးလိုက်ပေသည်။
“ရှောက်ယောင်... အကြီးအကဲမိုက ဘာပြောချင်လို့လဲဆိုတာ မင်း သိလား”
မိုရှောက်ယောင်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး သူ့အား တမင်တကာ အချိန်ဆွဲသည့်အနေဖြင့်ပြောလာ၏။
“ရောက်ရင် သိပါလိမ့်မယ်.. ကျွန်ရဲ့ကားက ရှေ့မှာ ရှိတယ်၊ ကျွန်မ ရှင့်ကို လိုက်ပို့ပေးမယ်”
မိုရှောက်ယောင်က မတိုင်မီကကိစ္စကို ဆက်လက်အပြစ်မရှာတော့သည်ကို မြင်ရသဖြင့် ယောင်ပင်းလည်း သက်ပြင်းရှည်တစ်ချက်ကို ချလိုက်မိသည်။
ထိုအချိန်တွင် ရှောင်ချင်း ပြောခဲ့သော စကားကို ရုတ်တရက် သတိရသွားခဲ့ချေသည်။ ရှောင်ချင်းက မိုရှောက်ယောင် သဝန်တိုနေသည်ဟူ၍ ပြောခဲ့လား။
သူမက ဘာလို့ သဝန်တိုရတာလဲ။
ဒါက... ဖြစ်နိုင်မလား...
မိုမိသားစု စံအိမ်ဟောင်း၏ တံခါးဝတွင်:
မိုရှောက်ယောင်နှင့် ယောင်ပင်းတို့ ကားပေါ်မှ အတူဆင်းခဲ့ကြပြီး စံအိမ်ကြီးဆီသို့ အတူသွားခဲ့ကြသည်။
သူတို့က အကြီးအကဲမို၏ စာကြည့်ခန်းဝသို့ ရောက်ရှိလုနီးပါးအချိန်တွင် ယောင်ပင်းတစ်ယောက် ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်ပြီး သူ၏မျက်နှာမှာလည်း လေးနက်သွားရလေ၏။
“ရှောက်ယောင်... မင်းရဲ့ အဖိုး ကွယ်လွန်သွားပြီးရင် မိုမိသားစုရဲ့ ပိုင်ဆိုင်မှုအားလုံးကို ဘယ်သူက ဆက်ခံမှာလဲ”
ယောင်ပင်း၏ မေးခွန်းမှာ ရုတ်တရက် ဆန်လွန်းသည်။
“အဖိုးက သေတမ်းစာ ရေးထိုးထားပြီးသားလေ၊ ပိုင်ဆိုင်မှုအားလုံးကို ကျွန်မဆီကို အပ်နှံမယ်လို့ ပြောထားတာ”
ယောင်ပင်းက သူမ၏ အသက်ကို ကယ်တင်ပေးခဲ့ခြင်းဖြစ်၍ မိုရှောက်ယောင်သည်လည်း သူ့အပေါ် မည်သည့် လျှို့ဝှက်ချက်မျှ မထားခဲ့ပေ။
သူမက သူ၏မေးခွန်းကို ပြန်လည်ဖြေပြီးနောက် သံသယဖြင့် မေးမြန်းလိုက်ပေသည်။
“ရှင် ဘာလို့ ဒီအကြောင်းကို ရုတ်တရက် တွေးမိသွားရတာလဲ”
မိုရှောက်ယောင်ကတော့ အလေးအနက် မတွေးတောမိချေ။
အဘယ်ကြောင့်ဆိုသော် သူမ၏ အဖိုးမှ သူမအား ယောင်ပင်းတစ်ဦးတည်း၏ တန်ဖိုးကပင် မိုမိသားစု၏ ရာစုနှစ်နီးပါးကြာမြင့်ခဲ့သော အင်ပါယာထက်ပင် များစွာ ပိုမိုကြီးမားကြောင်း ပြောဖူးသည်။
အကယ်၍ ယောင်ပင်းအား သူတို့ဘက်သို့ သိမ်းသွင်းနိုင်မည်ဆိုပါက ရာစုနှစ်ချီကြာအောင် ထူထောင်ခဲ့ရသော အင်ပါယာကိုပင် လဲလှယ်ရန် လိုလားပေသည်။
ထို့ကြောင့် ယောင်ပင်း၏ မေးခွန်းက သီးသန့်ဆန်ပြီး ရုတ်တရက် ဖြစ်နေသော်လည်း မိုရှောက်ယောင်က မည်သည့် သံသယမျှမဝင်ခဲ့ပေ။
သူမက ယောင်ပင်း အဘယ်ကြောင့် ဤမေးခွန်းကို ရုတ်တရက် မေးမြန်းရသနည်းဆိုသည်ကိုသာ သိချင်ခဲ့ခြင်း ဖြစ်ပေသည်။
ယောင်ပင်း၏ မျက်နှာက လေးနက်သွားကာ အတွေးနက်သွားခဲ့ပုံရသည်။
အချိန်အတော်ကြာအောင် ယောင်ပင်း တိတ်ဆိတ်နေခဲ့ချေသည်။
“ယောင်ပင်း...”
မိုရှောက်ယောင်က သူမ၏ လက်လေးကို ယောင်ပင်း၏ မျက်လုံးရှေ့တွင် ဝှေ့ယမ်းပြလိုက်ပေသည်။
“ဘာဖြစ်လို့လဲ... ရှင် ဘာလို့ ရုတ်တရက် စကားမပြောတော့တာလဲ”
ယောင်ပင်း၏ တုံ့ပြန်မှုက အနည်းငယ် ထူးဆန်းလွန်းပေသည်။
သူမက သူ့အား အကြိမ်ကြိမ် ခေါ်ဆိုပြီးနောက်မှသာ ယောင်ပင်းက သတိပြန်ဝင်လာပြီး သူမအား မော့ကြည့်လျက် အလျင်အမြန် ပြောလာခဲ့သည်။
“ရှောက်ယောင်... ငါ့မှာ ကိစ္စတစ်ခု ရှိနေလို့ အခု အကြီးအကဲမိုကို သွားမတွေ့နိုင်တော့ဘူး”
ထိုသို့ပြောပြီးနောက် ယောင်ပင်းက ချက်ချင်း လှည့်ထွက်သွားခဲ့သည် သူ၏ ခြေလှမ်းများမှာ အလွန်အမင်း အလောတကြီး ဖြစ်နေချေပြီ။
မည်သည့် ရှင်းပြချက်ကိုမျှ မပေးခဲ့ပါချေ။
*