အခန်း (၃၆၆-၃၆၇)
Vol. 36 Ch. 366-367
အခန်း (၃၆၆) အရှင်သခင်
နာမည် အနည်းငယ် ကျော်ကြားသော ဂိုဏ်းတိုင်းက သူတို့၏ သိုင်းပညာရှင်များကို ရှန်ဝူမြို့သို့ စေလွှတ်ခဲ့ကြသည်။
ယခုအခါ ရှန်ဝူမြို့က အမှန်တကယ် မပြောင်းလဲသေးသည့်အပြင် မိုင်ဆယ်ဂဏန်းခန့် ကွာဝေးနေသေးသဖြင့် အန္တရာယ်ကို စိုးရိမ်ရန် မလိုသေးပေ။
ဂိုဏ်းများစွာက နောက်ဆုံးရ သတင်းများကို ရရှိရန် မျှော်လင့်ကြသဖြင့် သူတို့၏ တပည့်များကို ဤနေရာသို့ လာရောက်၍ အနီးကပ် ဂရုစိုက် စောင့်ကြည့်စေခဲ့သည်။
ထိုဂိုဏ်းများ အနက်မှ အချို့မှာ ဂိုဏ်း၏ ကံကြမ္မာကို ဖိနှိပ်ပေးနိုင်သော ဒွာရပေါင်းစည်းခြင်း အဆင့် ပညာရှင်များ ရှိနေသောကြောင့် အလွန် အစွမ်းထက်ကြသည်။
ဤမင်းဆက်၏ နယ်မြေအတွင်း ဒွာရပေါင်းစည်းခြင်း အဆင့်ကို နတ်တိမ်ဓားဂိုဏ်း တစ်ခုတည်းကသာ ပိုင်ဆိုင်ထားခြင်း မဟုတ်ပေ။
အကယ်၍ ထိုသို့သာ ဖြစ်ပါက နတ်တိမ်ဓားဂိုဏ်းက အစပိုင်းတွင် ဂုဏ်သတင်းကို မိုင်ထောင်ချီ၍ ဖြန့်ကျက်ထားရုံမျှသာ မဟုတ်ဘဲ မင်းဆက် တစ်ခုလုံးကို လွှမ်းမိုးထားနိုင်လောက်ပြီ ဖြစ်သည်။
ဒွာရပေါင်းစည်းခြင်း အဆင့်ရှိသူများသည် သဘာဝအတိုင်း မွေးဖွားလာသော အရှင်သခင်များဖြစ်သည်။ ဤမင်းဆက် အတွင်း၌ ဒွာရပေါင်းစည်းခြင်း အဆင့်များ သိပ်မများလှသော်လည်း အနည်းငယ်တော့ ရှိသေးသည်။
ပုံမှန်အားဖြင့် ထိုဒွာရပေါင်းစည်းခြင်း အဆင့် အများစုက မိမိတို့၏ ကိုယ်ပိုင် နယ်မြေကိုသာ ကာကွယ်စောင့်ရှောက်လေ့ ရှိပြီး ဘုရင်တစ်ပါးနှင့် တစ်ပါး တွေ့ဆုံလေ့ မရှိကြချေ။
အစပိုင်းက နတ်တိမ်ဓားဂိုဏ်းတွင် ဒွာရပေါင်းစည်းခြင်း အဆင့် နှစ်ယောက် တစ်ပြိုင်နက်တည်း ရှိနေခြင်းက အင်အားစု များစွာကြားတွင် အလွန် အစွမ်းထက်သော တည်ရှိမှု တစ်ခု ဖြစ်နေခဲ့ပြီး အကျော်ကြားဆုံး မဟုတ်လျှင်တောင်မှ သိပ်မကွာခြားလှပေ။
ဤအချက်ကြောင့်ပင် လူများစွာက နတ်တိမ်ဓားဂိုဏ်းသို့ ဝင်ရောက်ရန် နတ်တိမ်မြို့သို့ အပြေးအလွှား လာရောက်ခဲ့ကြခြင်း ဖြစ်သည်။
ယခုအခါ ရှန်ဝူမြို့ ပတ်ဝန်းကျင်တွင် အင်အားစု များစွာ စုဝေးနေကြပြီး ရံဖန်ရံခါ အငြင်းပွားမှုများ ရှိတတ်သော်လည်း အများစုမှာ သည်းခံခဲ့ကြသည်။
မည်သို့ပင်ဆိုစေ ယခု အရေးကြီးဆုံးမှာ ရှန်ဝူမြို့ အတွင်းရှိ လူသားလောင်းကောင်ပင် ဖြစ်သည်။
ဤနေ့တွင် ရုတ်တရက် ရှန်ဝူမြို့မှ ကျောက်တုံးကြီး တစ်တုံးက မြေကြီးပေါ်သို့ ကမ္ဘာမြေကို တုန်လှုပ်စေမည့် အသံကြီးဖြင့် ကျဆင်းလာသည်။
ဤအသံက အနီးအနားရှိ သိုင်းပညာရှင် အချို့ကို ဆွဲဆောင်သွားခဲ့သည်။
ထပ်ခါတလဲလဲ စမ်းသပ်ပြီးနောက် အန္တရာယ် မရှိကြောင်း သေချာသွားသောအခါ ထိုသိုင်းပညာရှင်များက ဝိုင်းအုံလာကြပြီး ဤကျောက်တုံးကြီးပေါ်တွင် စာလုံးများ ထွင်းထုထားသည်ကို တွေ့လိုက်ရသည်။
ထိုစာလုံးများကို သေချာ ဖတ်ကြည့်လိုက်သောအခါ ထိုနေရာတွင် ရှိနေသူ အားလုံး၏ မျက်နှာများ ပြင်းထန်စွာ ပြောင်းလဲသွားကြသည်။
အခြား ဘာမှ မဟုတ်ဘဲ ဤကျောက်တုံးကြီးပေါ်ရှိ စာလုံးများက အမှန်တကယ်ပင် ကျင့်စဉ်တစ်ခု ဖြစ်နေသည်။
ထို့အပြင် သူတို့၏ မျက်နှာများ ပြင်းထန်စွာ ပြောင်းလဲသွားရခြင်းမှာ ဤကျင့်စဉ်က သိုင်းပညာရှင် တစ်ယောက်ကို မိမိကိုယ်ကို မိစ္ဆာကောင်အဖြစ် မည်သို့ သန့်စင်ရမည်ကို သင်ကြားပေးသည့်ကျင့်စဥ် ဖြစ်နေသောကြောင့် ဖြစ်သည်။
လူတစ်ဝက် မိစ္ဆာတစ်ဝက် မဟုတ်ဘဲ အစစ်အမှန် မိစ္ဆာကောင် တစ်ကောင်၊ ဆိုလိုသည်မှာ လူသားလောင်းကောင် အခြေအနေကို ဆိုလိုခြင်း ဖြစ်သည်။
လူတစ်ဝက် မိစ္ဆာတစ်ဝက် ဆိုသည်မှာ နောက်ဆုံးတွင် လူသားကို အခြေခံထားဆဲ ဖြစ်ပြီး ခန္ဓာကိုယ် အစိတ်အပိုင်း အချို့သာ မိစ္ဆာအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်ကာ နောက်ဆုံးတွင် မိစ္ဆာကို တွန်းအားပေးရန် မူလစွမ်းအား အချို့ကို အသုံးပြုသည့် သဘောသက်ရောက်သည်။
ဤသို့သော ကျင့်စဉ်မျိုးက ရက်စက်ကြမ်းကြုတ်သော်လည်း အများဆုံးက လမ်းလွဲနေသည်ဟုသာ ဝေဖန်နိုင်ပြီး လူသားလောင်းကောင် ကဲ့သို့သော အများပြည်သူ ရန်သူနှင့် အနည်းငယ်မျှ နှိုင်းယှဉ်၍ မရနိုင်ချေ။
သိုင်းပညာရှင်များက ဤကျင့်စဉ်ကို မြင်တွေ့လိုက်ရသောအခါ အနည်းငယ်မျှ အချိန်မဆွဲဝံ့ဘဲ သတင်းကို မိမိတို့၏ ဂိုဏ်း သို့မဟုတ် အင်အားစုများထံ ပြန်လည် ပေးပို့ခဲ့ကြသည်။
တစ်နာရီ အကြာတွင် ဒွာရသန့်စင်ခြင်း အဆင့် များစွာက ကျောက်တုံးကြီးရှေ့သို့ ရောက်လာကြပြီး အပေါ်တွင် မှတ်တမ်းတင်ထားသော ကျင့်စဉ်ကို ကြည့်ကာ မျက်နှာများ တည်ကြည်လေးနက်နေကြသည်။
တစ်ယောက်ယောက်က ကျောက်တုံးကြီးကို ပွဲချင်းပြီး ဖျက်ဆီးရန် ကြိုးစားခဲ့သော်လည်း အခြားလူများ၏ တားဆီးခြင်းကို ခံလိုက်ရသည်။
တစ်ရက်ခွဲခန့် အကြာတွင် ကြောက်မက်ဖွယ် ဖိအားကြီး တစ်ခုက ကောင်းကင်ယံမှ ထွက်ပေါ်လာပြီး ဒွာရပေါင်းစည်းခြင်း အဆင့် တစ်ယောက် ရောက်ရှိလာ၏။
တစ်ယောက်တည်း မဟုတ်ဘဲ မျက်စိတစ်မှိတ် အတွင်းမှာပင် တစ်ခုပြီးတစ်ခုသော ဖိအားများက အရပ်လေးမျက်နှာကို ဖုံးလွှမ်းသွားကာ အောက်ဘက်ရှိ သာမန် သိုင်းပညာရှင်များကို အသက်ရှူရပင် ခက်ခဲသွားစေသည်။
ဒွာရသန့်စင်ခြင်း အဆင့်များပင် ဤအခိုက်အတန့်တွင် အောက်၌ ရိုးသားစွာ ရပ်နေကြပြီး အပို လှုပ်ရှားမှုများ မလုပ်ရဲကြချေ။
ကျောက်တုံးကြီးကို ဆွဲတင်ထားသော လေထဲတွင် စိတ်ဝိညာဉ် အများအပြား တွေ့ဆုံကာ တိုက်မိကြသည်။
ကျင့်စဉ်၏ အကြောင်းအရာကို အမှန်တကယ်ပင် ပထမဆုံး အကြိမ်ကတည်းက အင်အားစု အသီးသီးထံ ပြန်လည် ပေးပို့ခဲ့ပြီး ဖြစ်ရာ ဤဒွာရပေါင်းစည်းခြင်း အဆင့်များ အားလုံးက ကျင့်စဉ် အကြောင်းအရာများကို မြင်တွေ့ပြီးကြပြီ ဖြစ်သည်။
သူတို့ ဤနေရာသို့ လာရောက်ခြင်းမှာ အတည်ပြုရန်သာ ဖြစ်သည်။
"ဒွာရပေါင်းစည်းခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်က... သက်တမ်း ကုန်ဆုံးလုနီးပါး အချိန်မှာ... အောင်မြင်နိုင်ခြေ ပိုများတယ်တဲ့... တကယ့်ကို ရယ်စရာပဲ..."
ဒေါသတကြီး ဆဲဆိုသံ တစ်သံက မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာ၏။
"ဒီကျင့်စဉ်မှာ ပြောထားတာတွေကို ကြည့်ရတာ... နည်းနည်းတော့ ယုတ္တိရှိသလိုပဲ... အတုအယောင် ဖြစ်ချင်မှ ဖြစ်မှာပါ..."
တစ်ယောက်ယောက်က တိုးညှင်းစွာ ပြောလိုက်သည်။
"ဘာလဲ... မင်း စမ်းကြည့်ချင်လို့လား... မင်းကိုယ်မင်း မိစ္ဆာအဖြစ် သန့်စင်မလို့လား... ဒါဆို မင်းရဲ့ အနောက်ချောက်ကမ်းပါး ဂိုဏ်း အမြစ်ပြတ် သုတ်သင်ခံရဖို့သာ စောင့်နေတော့..."
အခြား တစ်ယောက်က လှောင်ပြောင်လိုက်၏။
"ငါ့ရဲ့ အနောက်ချောက်ကမ်းပါး ဂိုဏ်းကို အမြစ်ပြတ် သုတ်သင်မလို့ ဟုတ်လား... ဟားဟားဟား... ကျန်းထူ... မင်း စမ်းကြည့်လို့ ရတယ်လေ... အနောက်ချောက်ကမ်းပါး ဂိုဏ်း အမြစ်ပြတ် သုတ်သင်ခံရမလား၊ ဒါမှမဟုတ် ကျန်းထူဆိုတဲ့မင်းက ငါ့ရှေ့မှာ အရင် သေမလား ဆိုတာကို ကြည့်ကြတာပေါ့..."
"အရင်က အခွင့်အရေး မရှိခဲ့ပေမဲ့... ဒီနေ့တော့ တစ်ခုခု သင်ယူချင်သေးတယ်..."
ကျန်းထူက ကြမ်းတမ်းစွာ အော်ဟစ်လိုက်သည်။
"ကဲပါ... ရှီးလျန် အစစ်အမှန်သခင်ကို မရှင်းရသေးခင်... မင်းတို့က အရင် စတိုက်နေကြပြီပဲ... ဒါက နောက်ပြောင်နေတာ မဟုတ်ဘူးနော်..."
တစ်ယောက်ယောက်က အလျင်အမြန် ဝင်ဖျန်ဖြေလိုက်သည်။
"ဟွန့်..."
ကျန်းထူက အေးစက်စွာ နှာမှုတ်လိုက်ပြီး ထပ်မပြောတော့ချေ။
"ဒီအဖိုးကြီးကို ရှင်းပစ်မလို့လား... ဒီအဖိုးကြီးက စေတနာကောင်းနဲ့ ဒီကျင့်စဉ်ကို မင်းတို့ဆီ ပေးပို့ခဲ့တာကို... မင်းတို့က ဒီလို ကျေးဇူးဆပ်ကြတာလား…”
ဝမ်းနည်းကြေကွဲဖွယ် အသံတစ်ခုက ကောင်းကင်ယံတွင် ထွက်ပေါ်လာပြီး အေးစက်သော ချီအရှိန်အဝါက တစ်ခဏချင်းမှာပင် ကမ္ဘာမြေ တစ်ခုလုံးသို့ ပျံ့နှံ့သွား၏။
ထိုဒွာရပေါင်းစည်းခြင်း အဆင့်များက အေးစက်မှုကို လျစ်လျူရှုနိုင်သော်လည်း မြေကြီးပေါ်ရှိ သိုင်းပညာရှင်များမှာ တောင့်တင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
ဒွာရသန့်စင်ခြင်း အဆင့်များပင် မူလစွမ်းအားများ နှေးကွေးသွားသည်ကို ခံစားလိုက်ရပြီး အောက်ဘက်ရှိ သိုင်းပညာရှင်များမှာ ခန္ဓာကိုယ်ကို လှုပ်ရှားရန်ပင် ခက်ခဲလုနီးပါး ဖြစ်သွားကြသည်။
"ရှီးလျန် အစစ်အမှန်သခင်... မင်း အဖိုးကြီး... ဒီနေ့ ထွက်လာရဲတယ်ပေါ့... လူတိုင်း ပူးပေါင်းပြီး ဒီလူသားလောင်းကောင်ကို ရှင်းပစ်ကြ..."
ကျန်းထူ၏ ခန္ဓာကိုယ်မှ အရှိန်အဝါများ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး လူသတ်လိုစိတ်များက ရှန်ဝူမြို့ ရှိရာဘက်သို့ ဖုံးလွှမ်းသွား၏။
"ဒီအဖိုးကြီးကို သတ်တာက သေးငယ်တဲ့ ကိစ္စပါ... အချိန်မရွေး သတ်လို့ရပါတယ်... ဒါပေမဲ့ ဒီနည်းလမ်း အကြောင်းကို မင်းတို့ သိချင်ကြဘူးလား..."
ပုံရိပ်ယောင် တစ်ခုက လေထဲတွင် ထွက်ပေါ်လာပြီး ရှီးလျန် အစစ်အမှန်သခင်ပင် ဖြစ်သည်။ ရှီးလျန် အစစ်အမှန်သခင်က ပတ်ဝန်းကျင်ရှိ ဒွာရပေါင်းစည်းခြင်း အဆင့်များကို မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ကြည့်ကာ ပြောလိုက်သည်။
"အားနည်းချက်တွေ အများကြီး ရှိပေမဲ့... မင်းတို့ ငြင်းလို့မရတဲ့ အချက်တစ်ချက် ရှိတယ်... ငါတို့ရဲ့ သက်တမ်းက အများကြီး တိုးလာလိမ့်မယ်..."
မူလက ကျန်းထူ၏ စကားကြောင့် အရှိန်အဝါ အနည်းငယ် မြင့်တက်လာခဲ့သော ဒွာရပေါင်းစည်းခြင်း အဆင့်များ အနက် အချို့၏ အမူအရာများ အနည်းငယ် ပြောင်းလဲသွား၏။
ဒွာရသန့်စင်ခြင်း အဆင့်၏ သက်တမ်းမှာ အနှစ်နှစ်ရာ ဖြစ်ပြီး ဒွာရပေါင်းစည်းခြင်း အဆင့်၏ သက်တမ်းမှာ အနှစ်သုံးရာ ဖြစ်သည်။
အနှစ်သုံးရာ ဆိုသည်မှာ ဤလောကရှိ သာမန်လူများ၏ သက်တမ်းနှင့် နှိုင်းယှဉ်ပါက လေးငါးဆခန့် ကွာခြားပြီး သာမန်လူများ၏ အမြင်တွင် နတ်ဘုရားများကဲ့သို့ တည်ရှိမှုမျိုး ဖြစ်သည်။
သို့သော် ဒွာရပေါင်းစည်းခြင်း အဆင့်များ အတွက်မူ အနှစ်သုံးရာ ဆိုသည်မှာ အလွန် တိုတောင်းလွန်းလှပြီး သူတို့ နောက်တစ်ဆင့်သို့ ကျင့်ကြံရန်ပင် လုံးဝ မလုံလောက်ချေ။
ဒွာရပေါင်းစည်းခြင်း အဆင့်များမှာ မည်သည့် အင်အားစုတွင်မဆို အရှင်သခင် အဆင့် တည်ရှိမှုမျိုး ဖြစ်ကြသည်။ သူတို့၏ အထက်တွင် မည်သူမျှ မရှိဘဲ သူတို့က မွေးရာပါ ဘုရင်များ ဖြစ်ကြသည်။
သူတို့က လောကရှိ အရာအားလုံးကို ပိုင်ဆိုင်ထားပြီး သူတို့ ပြောသမျှ စကားတစ်ခွန်းကို မည်သူကမျှ မဖီဆန်ရဲကြချေ။
ဤသည်က မည်မျှ လွတ်လပ်ပျော်ရွှင်ဖွယ် ကောင်းပြီး မည်မျှ သာယာဖွယ် ကောင်းသော ခံစားမှုမျိုးနည်း။ အနှစ်သုံးရာမျှဖြင့် မည်သို့ လုံလောက်မည်နည်း။
သို့သော် တိုက်ဆိုင်စွာပင် ဒွာရပေါင်းစည်းခြင်း အဆင့်များက အနှစ်သုံးရာ သက်တမ်းကိုသာ ရရှိနိုင်ပြီး တိုးမြှင့်ရန် အလွန် ခက်ခဲလှသည်။
သက်တမ်း ကန့်သတ်ချက် ဆိုသည်မှာ ဒွာရပေါင်းစည်းခြင်း အဆင့်တိုင်း ရင်မဆိုင်လိုသော်လည်း မလွှဲမရှောင်သာ ရင်ဆိုင်ရမည့် အရာတစ်ခု ဖြစ်သည်။
"ငါတို့ အားလုံးကို ဝါးမြိုပြီး မင်းရဲ့ သက်တမ်း ဖြစ်လာစေဖို့လား..."
ကျန်းထူက လှောင်ပြောင်လိုက်၏။
"ငါ့ရဲ့ ဉာဏ်ရည်ကို ထိန်းသိမ်းဖို့ တစ်နှစ်ကို လူ ၅၀၀၀ ပဲ လိုတယ်... မင်းတို့ ကျင့်ကြံမယ် ဆိုရင်... ဒီလောက် လူနည်းနည်းလေးပဲ လိုမှာပါ... ဒါက မကောင်းဘူးလား..."
ရှီးလျန် အစစ်အမှန်သခင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ဒွာရပေါင်းစည်းခြင်း အဆင့် အတော်များများ၏ မျက်လုံးများ အနည်းငယ် ပြောင်းလဲသွားကြ၏။
တစ်နှစ်လျှင် လူ ၅၀၀၀ ဆိုသည်မှာ များသလား။ များသည်ဟု ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် မြို့ရွာ အများအပြား၏ လူဦးရေကို ပေါင်းလိုက်လျှင်ပင် ၅၀၀၀ မပြည့်နိုင်သောကြောင့် ဖြစ်သည်။
တစ်နှစ်လျှင် ၅၀၀၀ ဆိုသည်မှာ မြို့တစ်မြို့လုံးကို တိုက်ရိုက် ဝါးမြိုပစ်ခြင်းပင် ဖြစ်သည်။
သို့သော် တစ်နှစ်လျှင် ၅၀၀၀ ဆိုသည်မှာ များပြားပုံ မရပေ။ အဘယ်ကြောင့်ဆိုသော် ဤမင်းဆက်က အလွန် ကြီးမားကျယ်ပြန့်ပြီး မြို့ရွာများစွာ ရှိသောကြောင့် ဖြစ်သည်။
၅၀၀၀ ဆိုသည်မှာ ပြောပလောက်အောင် မဟုတ်ဟု ထင်ရသည်။
အကယ်၍ လူသားလောင်းကောင် ဖြစ်သွားပြီး ဉာဏ်ရည်ကို ထိန်းသိမ်းရန် ဤမျှသာ လိုအပ်မည် ဆိုပါက လုံးဝ လက်မခံနိုင်စရာ မဟုတ်ဟု ထင်ရသည်။
မည်သို့ပင်ဆိုစေ သက်တမ်း ကုန်ဆုံး၍ တိုက်ရိုက် သေဆုံးသွားခြင်းနှင့် နှိုင်းယှဉ်ပါက အသက်ရှင်နေခြင်းက သေချာပေါက် ပိုမို ဆွဲဆောင်မှု ရှိပေသည်။
"အဓိပ္ပာယ် မရှိတာတွေ... မင်း စကားတစ်ခွန်းတည်းနဲ့... ငါ့ရဲ့ စိတ်အခြေအနေကို ဘယ်လိုလုပ် ရှုပ်ထွေးအောင် လုပ်နိုင်မှာလဲ..."
ကျန်းထူက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ဓားအလင်းတန်း တစ်ခုက မုန်တိုင်းထန်နေသော လှိုင်းလုံးကြီးများအလား ရှီးလျန် အစစ်အမှန်သခင်၏ ပုံရိပ်ယောင်ကို အပြည့်အဝ ဝါးမြိုသွား၏။
"ဟားဟားဟား... ဒီကျင့်စဉ်နဲ့ ပတ်သက်ပြီး မင်းတို့မှာ သံသယတွေ ရှိသေးရင်... အချိန်မရွေး ဒီအဖိုးကြီးဆီ လာခဲ့လို့ ရတယ်... ဒီအဖိုးကြီးက အိပ်ရာပြင်ပြီး စောင့်နေမယ်..."
ရှီးလျန် အစစ်အမှန်သခင်၏ အသံက ရှန်ဝူမြို့ ရှိရာဘက်မှ ထွက်ပေါ်လာပြီး အရပ်လေးမျက်နှာသို့ ပဲ့တင်ထပ်သွားသည်။
ကျန်းထူက အခြား ဒွာရပေါင်းစည်းခြင်း အဆင့်များကို တစ်ချက် လှမ်းကြည့်လိုက်ရာ သူ၏ မျက်နှာက ဖြူလျော့သွား၏။
အခြား လူအနည်းငယ်က ရှီးလျန် အစစ်အမှန်သခင်ကို ဝိုင်းရံသတ်ဖြတ်ရန် ရည်ရွယ်ချက် မရှိသည်ကို သူ မြင်တွေ့ခဲ့ပြီးပြီ ဖြစ်သည်။
သူတို့ အားလုံးက ရှီးလျန် အစစ်အမှန်သခင်၏ စကားများကြောင့် ဆွဲဆောင်ခံလိုက်ရပြီ ဖြစ်သည်။
သေချာပေါက် ကျင့်ကြံမည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေ လူသားလောင်းကောင် ဖြစ်လာခြင်းက နောက်ပြောင်စရာ ကိစ္စ မဟုတ်ပေ။
သို့သော် ပြန်သွားပြီး ကျင့်စဉ် အကြောင်းကို သေချာ တွေးတောကြည့်ရန်မှာ လုံးဝ ဖြစ်နိုင်ချေ ရှိပေသည်။
ရှီးလျန် အစစ်အမှန်သခင်ကို သတ်ဖြတ်ရန် ကိစ္စနှင့် ပတ်သက်၍မူ ရှန်ဝူမြို့က ထိုနေရာတွင် ရှိနေပြီး မြန်မြန်ဖြစ်စေ၊ နှေးနှေးဖြစ်စေ အရေးမကြီးချေ။
ကောင်းကင်ယံရှိ ဖိအားများ တဖြည်းဖြည်း ပျောက်ကွယ်သွားရာ မြေကြီးပေါ်ရှိ သိုင်းပညာရှင်များက လေပူတစ်ချက်ကို အလိုအလျောက် မှုတ်ထုတ်လိုက်မိကြ၏။
ထို့အပြင် အစောက သူတို့ ကြားခဲ့ရသော စကားများက သူတို့၏ နှလုံးသားများကို ပိုမို လေးလံသွားစေခဲ့သည်။
အထူးသဖြင့် ထိုဒွာရသန့်စင်ခြင်း အဆင့်ရှိ သိုင်းပညာရှင်များက အကောင်းဆုံး နားလည်ကြသည်။ သက်တမ်း ကုန်ဆုံးလုနီးပါး ဖြစ်နေပြီး ကျင့်ကြံမှု အဆင့်က အဆင့်မတက်နိုင်သည့် နာကျင်မှုမျိုး ဖြစ်သည်။
အကယ်၍ သက်တမ်းကို တိုးမြှင့်နိုင်မည် ဆိုပါက သိုင်းပညာရှင် များစွာက မရိုးသားသော လုပ်ရပ်များစွာကို လုပ်ဆောင်ကြလိမ့်မည်။
ရှီးလျန် အစစ်အမှန်သခင်၏ ဤကျင့်စဉ်ကို သိရှိသူ အလွန် များပြားပြီး သိရှိသည့် အင်အားစုများလည်း အလွန် များပြားလှရာ လုံးဝ ဖုံးကွယ်ထား၍ မရနိုင်တော့ဘဲ မကြာမီမှာပင် လောက တစ်ခွင်လုံးသို့ ပျံ့နှံ့သွားတော့သည်။
ဒွာရပေါင်းစည်းခြင်း အဆင့်များနှင့် ပတ်သက်နေပြီး လူသားလောင်းကောင် ကဲ့သို့သော သတင်းမျိုးက သဘာဝကျကျ ပျံ့နှံ့ရန် သင့်တော်လှရာ မြို့တွင်းရှိ လမ်းမများ အားလုံးတွင် ဤကိစ္စကို ဆွေးနွေးနေကြသည်။
မရေမတွက်နိုင်သော လူများစွာက ဆဲဆိုနေကြပြီး သူတို့၏ နှလုံးသားထဲတွင် အလွန် ဒေါသထွက်နေကြ၏။
ထို့အပြင် ဤကိစ္စက အမှန်လား အမှားလား မသိသဖြင့် ဝမ်းနည်းနေသူ များစွာလည်း ရှိနေသည်။ အကယ်၍ အမှန်တကယ်သာ ဖြစ်နေပါက နတ်ဘုရားများ ကဲ့သို့သော ထိုဒွာရပေါင်းစည်းခြင်း အဆင့်များက အမှန်တကယ် သွားရောက် ကျင့်ကြံကြမည်လော။
ဤသို့သာ ဖြစ်လာပါက သာမန်လူများအတွက် ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မည်။
ယွမ်ချန်ဓားဂိုဏ်း အတွင်း၌ ချန်ဖေးက ဤကောလာဟလများကို ကြားသောအခါ မျက်မှောင်ကြုတ်သွား၏။
ရှီးလျန် အစစ်အမှန်သခင်၏ လှည့်ကွက်က ဒွာရပေါင်းစည်းခြင်း အဆင့်များ၏ ဝိုင်းရံမှုကို တိုက်ရိုက် ချိုးဖျက်ပစ်လိုက်သည်။
အနည်းဆုံးတော့ အချိန်တိုအတွင်း မည်သည့် ဒွာရပေါင်းစည်းခြင်း အဆင့်ကမျှ သူ့ကို သွားရောက် သတ်ဖြတ်မည် မဟုတ်ဟု ခန့်မှန်းရသည်။
လူသားလောင်းကောင်၏ စွမ်းအားက မူလကတည်းက ပြောင်းလဲလွယ်သည်။
ရှီးလျန် အစစ်အမှန်သခင်က ရှန်ဝူမြို့ကို တစ္ဆေမြို့အဖြစ် အထူး ပြောင်းလဲထားခဲ့ပြီး သူ၏ ကိုယ်ပိုင် စွမ်းအားကို အဆများစွာ တိုးချဲ့ထားခဲ့သည်။
ထို့ကြောင့် ဒွာရပေါင်းစည်းခြင်း အဆင့် များစွာ ပူးပေါင်းလုပ်ဆောင်ခြင်း မရှိပါက ရှန်ဝူမြို့ကို ဖျက်ဆီးပစ်ရန် မဖြစ်နိုင်ချေ။
ထို့အပြင် ဤကဲ့သို့သော တိုက်ပွဲမျိုးက သေချာပေါက် ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေလိမ့်မည်။
ဒွာရပေါင်းစည်းခြင်း အဆင့် တစ်ယောက်စီတိုင်းက မိမိတို့၏ ကိုယ်ပိုင် မိသားစု ကံကြမ္မာကို ကိုင်ထားသော တည်ရှိမှုများ ဖြစ်ကြရာ အနည်းငယ်မျှ မှားယွင်းသွားပါက သက်ဆိုင်ရာ အင်အားစုများ အတွက် ကြီးမားသော ကပ်ဘေးကြီး တစ်ခု ဖြစ်လာလိမ့်မည်။
ပူးပေါင်းဆောင်ရွက်ရန်က မူလကတည်းက ခက်ခဲနေပြီး ဤသို့သော ကျင့်စဉ်မျိုး ထွက်ပေါ်လာခြင်းက အခြေအနေကို တိုက်ရိုက် ရှုပ်ထွေးသွားစေခဲ့သည်။
ရှီးလျန် အစစ်အမှန်သခင်တွင် ကြီးမားသော ကြံစည်မှု တစ်ခု ရှိနေပြီး အင်အားစု အသီးသီးမှ ရှီးလျန် အစစ်အမှန်သခင် ဟူသော ဤလူသားလောင်းကောင်ကို မည်သို့ ရင်ဆိုင်ကြမည် ဆိုသည့်အပေါ် မူတည်နေသည်။
သက်တမ်း ကုန်ဆုံးလုနီးပါး ဖြစ်နေသော ဒွာရပေါင်းစည်းခြင်း အဆင့်များက အမှန်တကယ်ပင် ပိုမို ရှည်လျားသော သက်တမ်းကို ရရှိရန်အတွက် ဤကျင့်စဉ်ကို သွားရောက် ကျင့်ကြံကြမည်လော။
လူတိုင်းက မိမိတို့၏ အသက်ကို တန်ဖိုးထားကြပြီး အလွန်မြင့်မားသော နေရာတွင် ရှိသည့် ထိုဒွာရပေါင်းစည်းခြင်း အဆင့်များ ဆိုလျှင် ပို၍ပင် ဆိုဖွယ်ရာ မရှိတော့ချေ။
ချန်ဖေး၏ မျက်လုံးများက အလိုအလျောက် နတ်တိမ်ဓားဂိုဏ်း ရှိရာဘက်သို့ လှမ်းကြည့်လိုက်မိသည်။ သက်တမ်း ကုန်ဆုံးလုနီးပါး ဆိုလျှင် ထိုနေရာတွင် တစ်ယောက် ရှိနေသည် မဟုတ်ပါလား။
"သခင်လေးချန်... အားနေလားဟင်..."
ချန်ရွှေတောင်ကြားဂိုဏ်းမှ ချီရှူချင်းက မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ချန်ဖေး၏ ခြံဝင်း အပြင်ဘက်တွင် ရပ်ကာ တိုးညှင်းစွာ မေးလိုက်၏။
ချန်ဖေးက ခြံဝင်း အပြင်ဘက်သို့ ထွက်လာပြီး ချီရှူချင်းကို အနည်းငယ် အံ့အားသင့်စွာ ကြည့်လိုက်သည်။
နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့သည်နှင့် နှိုင်းယှဉ်ပါက ချီရှူချင်းက ပိုမို ဆွဲဆောင်မှု ရှိပြီး ညှို့ယူဖမ်းစားနိုင်စွမ်း ရှိလာကာ ချန်ဖေးကို ကြည့်နေသော မျက်လုံးများတွင် ရေလှိုင်းများ လှုပ်ခတ်နေသကဲ့သို့ ရှိနေသည်။
"ဒဏ်ရာတွေ ပျောက်သွားပြီလား..." ချန်ဖေးက ပြုံး၍ မေးလိုက်သည်။
"ပြီးခဲ့တဲ့ တစ်ခေါက်က ကုသပေးခဲ့တဲ့ အကျိုးသက်ရောက်မှုက အရမ်းကောင်းပါတယ်... ကျွန်မရဲ့ ကျင့်ကြံမှုလည်း အနည်းငယ် တိုးတက်လာခဲ့ပါတယ်... ကျေးဇူးတင်ပါတယ်..."
ချီရှူချင်းက အနည်းငယ် ဦးညွှတ်လိုက်ပြီး သူမ၏ နားရွက်များတွင် အနီရောင် အရိပ်အယောင်လေး တစ်ခု တိတ်တဆိတ် တက်လာ၏။
အခန်း (၃၆၇) ပါရမီရှင်
"ဒါဆို... အခုဘာလို့ဒီဆိုရောက်လာလဲ..."
ချန်ဖေးက ချီရှူချင်း၏ နူးညံ့ပြီး အနိုင်ကျင့်ခံရလွယ်တဲ့ အသွင်ကို ကြည့်ကာ သူ၏ နှလုံးသား အနည်းငယ် လှုပ်ရှားသွား၏။
"ကျင့်ကြံရေးနဲ့ ပတ်သက်ပြီး... သခင်လေးချန်ကို မေးစရာလေး ရှိလို့ပါ... မေးလို့ရလားတော့ မသိဘူး..."
ချီရှူချင်းက ချန်ဖေးကို မျက်လုံးလေး ပင့်ကြည့်ကာ သူမ၏ အောက်နှုတ်ခမ်းကို ညင်သာစွာ ကိုက်လိုက်သည်။
"ဘာလို့မရမှာလဲ... အထဲဝင်ပါဦး..."
ချန်ဖေးက ညင်သာစွာ ပြုံးလိုက်ပြီး ချီရှူချင်းကို အိမ်ထဲသို့ ဖိတ်ခေါ်လိုက်သည်။
အချိန်အနည်းငယ် ကြာပြီးနောက် အိမ်ထဲတွင် ပြင်းထန်သော ဆူညံသံအချို့ ထွက်ပေါ်လာပြီး ချီရှူချင်းက တစ်စုံတစ်ခုကို ကြိတ်မှိတ်သည်းခံနေရသကဲ့သို့ ဖြစ်နေကာ ကျင့်ကြံရေး လုပ်ငန်းစဉ်တွင် နာကျင်မှု အနည်းငယ် ရှိနေပုံရသည်။
"သခင်လေးချန်... ရှင့်ရဲ့ ကျင့်ကြံမှုအဆင့်က..."
ချီရှူချင်းက မျက်လုံးများကို အနည်းငယ် ဖွင့်၍ ချန်ဖေးကို ကြည့်လိုက်ရာ သူမ၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေ၏။
ဘယ်လောက်ကြာသေးလို့လဲ။ ချန်ဖေး၏ ကျင့်ကြံမှုအဆင့်က မည်သို့ ဤမျှ တိုးတက်လာရသနည်း။
သူက ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီ မဟုတ်ပါလား။ ထို့အပြင် ယခုမှ ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့်သို့ ကူးပြောင်းခါစ အသွင်လည်း မဟုတ်ချေ။
လွန်ခဲ့သောလကမှ သူမ လာရောက်ခဲ့သည်မှာ ထင်ရှားပြီး ထိုအချိန်က နှစ်ဘက်စလုံး၏ ကျင့်ကြံမှုများ တိုးတက်ခဲ့လျှင်တောင်မှ ဤမျှ မြန်ဆန်၍ မရနိုင်ချေ။
"မကြာသေးခင်ကမှ ကျင့်ကြံရင်းနဲ့... တစ်ခုခု ရလိုက်လို့ပါ..."
"အင်း..."
ချီရှူချင်း၏ နှာခေါင်းထဲမှ တိုးညှင်းသော အသံလေးတစ်ခု ထွက်ပေါ်လာပြီး မည်သည့်အရာကိုမျှ ထပ်မံ မမေးမြန်းနိုင်တော့ချေ။
သူမ၏ ခန္ဓာကိုယ်ထဲရှိ အရိုးများက အားအင်ကုန်ခမ်းသွားသဖြင့် အခြေအနေပေးသည့်အတိုင်းသာ လိုက်ပါစီးမျောသွားနိုင်တော့သည်။
ခြံဝင်း ပတ်လည်ရှိ ယွမ်ချီစွမ်းအင်များက စတင် လှုပ်ခတ်လာပြီး ဤနေရာသို့ စုစည်းလာကြရာ တစ်နာရီတိတိ ကြာမြင့်ခဲ့သည်။
ယွမ်ချီစွမ်းအင်များက အတက်အကျ အနိမ့်အမြင့်ဖြင့် လှိုင်းထန်နေပြီး နှေးကွေးချိန်တွင် မြစ်ရေစီးဆင်းသကဲ့သို့ ဖြစ်နေကာ မြန်ဆန်ချိန်တွင်မူ ကမ်းခြေကို ရိုက်ခတ်နေသော ဆူနာမီ လှိုင်းတံပိုးများအလား ဖြစ်နေ၏။
ရံဖန်ရံခါ ချီရှူချင်း၏ အဓိပ္ပာယ် မပီပြင်သော အော်သံလေးများ ထွက်ပေါ်လာတတ်သည်။
ဤကျင့်စဉ်၏ ကျင့်ကြံရမှုက အမှန်တကယ်ပင် ထူးဆန်းပြီး နားလည်ရန် ခက်ခဲလှရာ ကိုယ်တိုင် ကိုယ်ကျ ပါဝင်မှသာ နက်နဲမှုကို နားလည်နိုင်မည်ဟု ခန့်မှန်းရသည်။
အရပ်လေးမျက်နှာရှိ ယွမ်ချီစွမ်းအင်များ အနည်းငယ် ငြိမ်သက်သွားပြီးနောက် အိမ်ထဲရှိ လှုပ်ရှားမှုများကလည်း အစောက ဘာမှ မဖြစ်ခဲ့သကဲ့သို့ တိတ်ဆိတ်သွားပြန်၏။
"မင်းကို တစ်ခုလောက် မေးပါရစေ..."
ချန်ဖေး၏ အသံ ထွက်ပေါ်လာပြီး စိတ်အခြေအနေက အတော်လေး တည်ငြိမ်နေပုံ ရသည်။
"သခင်လေးချန်... ပြောပါရှင်..."
ချီရှူချင်း၏ အသံက အလွန် ပျင်းရိနေပုံရပြီး တစ်ခဏမျှပင် မလှုပ်ရှားချင်တော့ဘဲ ဤအတိုင်း ညင်သာစွာ လဲလျောင်းနေချင်ပုံ ရသည်။
သူမ အနည်းငယ် ပင်ပန်းနေပြီ ဖြစ်သည်။
"ချန်ရွှေတောင်ကြားဂိုဏ်းမှာ စိတ်စွမ်းအား တိုးတက်စေမယ့် နည်းလမ်း ရှိလား..."
"စိတ်စွမ်းအားလား..."
ချီရှူချင်းက ချန်ဖေးကို မော့ကြည့်လိုက်ပြီး အနည်းငယ် သံသယ ဝင်သွား၏။ အဘယ်ကြောင့်ဆိုသော် အတူတကွ ကျင့်ကြံမှုများကြောင့် ချီရှူချင်း အနေဖြင့် ချန်ဖေး၏ စိတ်စွမ်းအားများကို အာရုံခံနိုင်သောကြောင့် ဖြစ်သည်။
သူ၏ စိတ်စွမ်းအားက အားကောင်းပြီး သွက်လက်နေကာ သာမန် ဒွာရသန့်စင်ခြင်း အဆင့်များထက် များစွာ ပိုမို အစွမ်းထက်ပေသည်။
ရှင်းလင်းစွာပင် ချန်ဖေးထံတွင် စိတ်စွမ်းအားပိုင်းဆိုင်ရာ ကျင့်စဉ်များ ရှိနေပြီး တိုတောင်းသော အချိန်ကာလအတွင်း သူ၏ စိတ်ကို ဤအဆင့်ထိ သန့်စင်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။
ဤအခြေအနေတိုင်းသာဆိုပါက ပုံမှန်အဆင့်ဆင့် ကျင့်ကြံသွားလျှင် အဆင်ပြေပေမည်။
"ဒွာရတွေ ဖွင့်တဲ့ အရှိန်က စိတ်စွမ်းအားထက် ကျော်လွန်သွားလို့..."
ချီရှူချင်း သံသယ ဝင်နေသည်ကို မြင်သောအခါ ချန်ဖေးက ရှင်းပြလိုက်သည်။
ချီရှူချင်း၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားပြီး ချန်ဖေး၏ ယနေ့ ကျင့်ကြံမှုကို သတိရသွားကာ အနည်းငယ် အံ့အားသင့်သွားသော်လည်း အားကျမှုက ပိုများနေပြီး တစ်ချိန်တည်းမှာပင် သူမ၏ နှလုံးသားထဲတွင် ဝမ်းသာပျော်ရွှင်မှု အနည်းငယ်လည်း ရှိနေသည်။
ဤသို့သော ပါရမီရှင် တစ်ယောက်နှင့် နှစ်ဦးနှစ်ဘက် သံယောဇဉ် ရှိနေခဲ့ပြီ ဖြစ်ရာ ဂိုဏ်းတူ အစ်မများထက် မည်မျှ ပို၍ သာလွန်နေသည်ကို မသိနိုင်တော့ချေ။
"ဂိုဏ်းထဲမှာ စိတ်စွမ်းအား တိုးတက်စေတဲ့ လျှို့ဝှက်နည်းလမ်း တစ်ခု ရှိပါတယ်... ဒါပေမဲ့ ကျင့်ကြံဖို့ အလွန် ခက်ခဲပြီး ဂိုဏ်းထဲမှာ နှစ်ပေါင်းများစွာ ကြာလာတဲ့အထိ အောင်မြင်အောင် ကျင့်ကြံနိုင်သူ သိပ်မရှိပါဘူး..."
ချီရှူချင်းက တိုးညှင်းစွာ ပြောလိုက်သည်။
"ကိုယ် ကျင့်ကြံလို့ ရမလား..."
ချန်ဖေး၏ နှလုံးသား အနည်းငယ် လှုပ်ရှားသွား၏။ ကျင့်ကြံရန် ခက်ခဲခြင်း ဆိုသည်ကို ချန်ဖေးက စိတ်ထဲတွင် ဂရုမစိုက်ချေ။
"ရှင်နဲ့ကျွန်မ အတူတူ ကျင့်ကြံကြမယ်လေ... ဂိုဏ်းကလည်း သဘောတူပါတယ်..."
ချီရှူချင်းက အနည်းငယ် ရှက်ရွံ့စွာ ပြောလိုက်သည်။
"ဒါဆို... ကျေးဇူးပြုပြီး သွန်သင်ပေးပါဦး မိန်းကလေးချီ..."
ချန်ဖေးက အသံနက်ဖြင့် ပြောလိုက်သည်။
အချိန်အနည်းငယ် ကြာပြီးနောက် ခြံဝင်း ပတ်လည်ရှိ ယွမ်ချီစွမ်းအင်များ ထပ်မံ လှုပ်ခတ်လာပြန်၏။
ယခင်အကြိမ်နှင့် နှိုင်းယှဉ်ပါက ဤတစ်ကြိမ်တွင် ယွမ်ချီစွမ်းအင်များ၏ အတက်အကျက အစပိုင်းတွင် မပြင်းထန်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ယွမ်ချီစွမ်းအင်များ၏ လှုပ်ခတ်မှုက တဖြည်းဖြည်း တိုးလာသည်။
နောက်ဆုံးတွင် လှိုင်းလုံးကြီးများကဲ့သို့ ဖြစ်လာ၏။
"သခင်လေး... သခင်လေးက ဒီကျင့်စဉ်ကို အရင်က သင်ဖူးတာလားဟင်..."
ချီရှူချင်းမှာ ခန္ဓာကိုယ် အားနည်းနေပြီး စိတ်အခြေအနေကလည်း ဤယွမ်ချီစွမ်းအင်များကဲ့သို့ပင် တိုင်းတာ၍ မရနိုင်လောက်အောင် တုန်လှုပ်နေသည်။
ယခုလေးတင်မှ သူမက သင်ပေးခဲ့ခြင်း ဖြစ်ပြီး အစပိုင်းတွင် ကျင့်စဉ်၏ လည်ပတ်မှုက အနည်းငယ် ထိုင်းမှိုင်းနေခဲ့သည်မှာ ထင်ရှားသည်။
သို့သော် ထို့နောက်တွင် ချန်ဖေး၏ တိုးတက်မှုနှုန်းက ယုံကြည်နိုင်စရာ မရှိလောက်အောင် မြန်ဆန်လွန်းလှသည်။
"အရင်က မသင်ဖူးပါဘူး... ဒါပေမဲ့ သိပ်မခက်ပါဘူး..."
ချန်ဖေးက စိတ်စွမ်းအားများ တိုးတက်လာမှုကို အာရုံခံမိပြီး သူ၏ မျက်နှာထက်တွင် အပြုံးတစ်ခု အလိုအလျောက် ပေါ်လာ၏။
ဤနည်းလမ်းက စိတ်စွမ်းအား တိုးတက်မှုကို အရင်ကထက် များစွာ ပိုမို မြန်ဆန်စေသည်။
ချီရှူချင်းက ပြန်မဖြေတော့ချေ။ အဘယ်ကြောင့်ဆိုသော် ဤအခိုက်အတန့်တွင် သူမ၌ စကားပြောရန် အားအင် မရှိတော့သောကြောင့် ဖြစ်သည်။
အရပ်လေးမျက်နှာရှိ ယွမ်ချီစွမ်းအင်များက သူမကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အပြည့်အဝ နစ်မြုပ်သွားစေခဲ့ပြီး တိမ်တိုက်များထဲတွင် လွင့်မျောနေသကဲ့သို့ ဖြစ်နေသည်။
ယိမ်းထိုး လှုပ်ရှားနေပြီး သူမ ဘယ်နေရာ ရောက်နေမှန်းကိုပင် သူမ မသိတော့ချေ။
ချီရှူချင်း သိသည်မှာ သူမက ကောင်းကင်ဘုံ၏ ဂုဏ်ယူဝင့်ကြွားရသော သားတော် တစ်ယောက်နှင့် အမှန်တကယ် ဆုံတွေ့ခဲ့ခြင်းပင် ဖြစ်သည်။
သူမ အနေဖြင့် ဉာဏ်ကြီးရှင်များ အကြောင်း ကြားဖူးခဲ့လျှင်တောင်မှ ချန်ဖေးနှင့် နှိုင်းယှဉ်ဆွေးနွေးနိုင်ရန် များစွာ ကွာဝေးလှပေသည်။
ခမ်းနားထည်ဝါပြီး ဘုရင်တစ်ပါးကဲ့သို့သော ချန်ဖေး၏ ခြံဝင်းထဲတွင် ချီရှူချင်းက ငါးရက်ကြာ နေထိုင်ခဲ့ပြီးနောက် သူမကိုယ်သူမ အနည်းငယ် ခံနိုင်ရည် မရှိတော့ကြောင်း တွေ့ရှိရသဖြင့် ထွက်ခွာသွားခဲ့ရသည်။
ချန်ဖေးက ရှေးဟောင်း ဧရာမ သားရဲကြီး တစ်ကောင်ကဲ့သို့ အနည်းငယ်မျှပင် ပင်ပန်းနွမ်းနယ်မှု မရှိချေ။
ထို့အပြင် ကျင့်စဉ်ကို ချန်ဖေးက ဦးဆောင်နေခြင်းကြောင့် တိုးတက်မှုက အံ့အားသင့်စရာ ကောင်းလောက်အောင် မြန်ဆန်လှပြီး ချီရှူချင်း၏ ကျင့်ကြံမှုနှင့် စိတ်စွမ်းအား တိုးတက်မှုက အချိန်တိုအတွင်း သူမ ခန္ဓာကိုယ်၏ ခံနိုင်ရည်ထက် ကျော်လွန်သွားခဲ့သည်။
ဆန့်ကျင်ဘက်အားဖြင့် ချန်ဖေးတွင်မူ မည်သည့် ပြဿနာမျှ မရှိသည့်အပြင် အနည်းငယ်ပင် မဝသေးသကဲ့သို့ ဖြစ်နေ၏။
ငါးရက်မျှ အချိန်အတွင်း ချန်ဖေး၏ စိတ်စွမ်းအားက ဒွာရ ၅၂ ခုကို ထိန်းချုပ်နိုင်သည့် အဆင့်မှ ဒွာရ ၆၀ နေရာအထိ တိုက်ရိုက် ထိုးတက်သွားခဲ့သည်။
ဤသို့သော ကျင့်ကြံရေး အရှိန်မျိုးက ယုံကြည်နိုင်စရာ မရှိလောက်အောင်ပင် ဖြစ်သည်။
နောက်ပိုင်း ရောက်လေလေ ကျင့်ကြံရေး အရှိန်က နှေးကွေးလေလေ ဖြစ်သော်လည်း နောက်ဆုံး ရလဒ်က ဝိညာဉ်ဆေးလုံးများနှင့် အံ့ဖွယ်ဆေးဘက်ဝင် အပင်များစွာထက် များစွာ ပိုကောင်းပေသည်။
သို့သော် ဤသို့သော လျင်မြန်သည့် တိုးတက်မှုမျိုးက ယခုတစ်ကြိမ်သာ ဖြစ်နိုင်ပေလိမ့်မည်။
ချန်ရွှေတောင်ကြားဂိုဏ်း၏ ကျင့်စဉ်က နက်နဲလှသော်လည်း ခန္ဓာကိုယ်၏ အလားအလာများကို ဖော်ထုတ်ရန် ယင်နှင့် ယန် စွမ်းအားများ တိုက်မိခြင်းကို အသုံးပြုခြင်းသာ ဖြစ်သည်။
ချန်ဖေး၏ ဤတစ်ကြိမ် စိတ်စွမ်းအား ၆၀ နေရာအထိ ထိုးတက်သွားခြင်းက ယခင်က ချန်ဖေး စုပ်ယူခဲ့သော တစ္ဆေမြို့တော်၏ အသက်စွမ်းအင်များကြောင့် ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေသော အရာအချို့ အပြည့်အဝ ပြောင်းလဲသွားခြင်းနှင့် အနည်းငယ် တူညီနေသည်။
ထို့ကြောင့် ဤကဲ့သို့သော ရလဒ်မျိုး အကြိမ်တိုင်း ရရှိရန်မှာ လက်တွေ့မကျပေ။
သို့သော် ချီရှူချင်းနှင့်အတူ ဤကျင့်စဉ်ကို ကျင့်ကြံခြင်းက တစ်ယောက်တည်း ကျင့်ကြံခြင်းထက် အမှန်တကယ်ပင် ပိုမို မြန်ဆန်လှသည်။
"သခင်လေး... နေရစ်ခဲ့ပါဦး..."
ချီရှူချင်းက ချန်ဖေးကို ကြင်နာယုယစွာ တစ်ချက် လှမ်းကြည့်လိုက်ပြီး ခြေလှမ်းများကို ညင်သာစွာ နင်း၍ နေရာတွင် ပျောက်ကွယ်သွား၏။
ချန်ဖေးက ချီရှူချင်း ထွက်သွားသည်ကို ကြည့်ပြီးနောက် လှည့်၍ ခြံဝင်းထဲသို့ ပြန်ဝင်လာခဲ့သည်။
ဤငါးရက်အတွင်း အဓိကအားဖြင့် စိတ်စွမ်းအားများကို သန့်စင်ခဲ့ခြင်း ဖြစ်သော်လည်း မူလစွမ်းအားများ တိုးတက်မှုလည်း နောက်မကျခဲ့ချေ။
ငါးရက်အတွင်း ဒွာရတစ်ခု ပွင့်သွားခဲ့ပြီး ၅၃ ခု နေရာသို့ ရောက်ရှိသွားခဲ့သည်။
ကျင့်ကြံမှု တိုးတက်လာခြင်းမှာ ချီရှူချင်းက ချန်ဖေးထံ ရောက်လာရခြင်း၏ အကြောင်းရင်း ဖြစ်သည်။ သေချာပေါက် တစ်ယောက်နှင့်တစ်ယောက် အဆက်အသွယ် ရှိနေခြင်းကလည်း မရှိမဖြစ် လိုအပ်ပေသည်။
စိတ်စွမ်းအား ရုတ်တရက် မြင့်တက်သွားခြင်းက မျှော်လင့်မထားသော အရာ ဖြစ်သည်။
မည်သို့ပင်ဆိုစေ ချီရှူချင်း အနေဖြင့် ချန်ဖေး၏ ထူးဆန်းသော ပါရမီကို ထပ်မံ ခံစားလိုက်ရပြီး ချန်ဖေးက ကျင့်စဉ်တစ်ခုကို သင်ယူရာတွင် ဤမျှ အချိန်တိုလေးသာ ယူရလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ချေ။
ထို့အပြင် ဤသည်က ချီရှူချင်း၏ စိတ်ထဲရှိ သံသယ တစ်ခုကို တစ်ချိန်တည်းမှာပင် ရှင်းလင်းသွားစေခဲ့သည်။
ချန်ဖေး၏ ကျင့်ကြံရေး အရှိန်က အဘယ်ကြောင့် ဤမျှ မြန်ဆန်ရသနည်း၊ တိုက်ခိုက်ရေး စွမ်းအားက အဘယ်ကြောင့် ဤမျှ အစွမ်းထက်ရသနည်း ဆိုသည်ပင် ဖြစ်သည်။
ဤမျှ ကြောက်မက်ဖွယ် ကောင်းသော နားလည်သဘောပေါက်နိုင်စွမ်း ရှိနေခြင်းကြောင့် ကျင့်စဉ်များကို နားလည်သဘောပေါက်ရန် ချန်ဖေးအတွက် အချိန်ကိစ္စသာ ဖြစ်ပြီး ထိုအချိန်ကလည်း အလွန် တိုတောင်းလှပေသည်။
အခြားသော ဒွာရသန့်စင်ခြင်း အဆင့်များက ကျင့်စဉ်များကို ရုန်းကန်နေရဆဲ ဖြစ်ပြီး ရက်ပေါင်းများစွာ သို့မဟုတ် လပေါင်းများစွာ ကြာသည်အထိ ဘာမှ မရရှိချိန်တွင် ချန်ဖေးက ကျင့်စဉ်များ၏ ကျင့်ကြံမှုကို လျင်မြန်စွာ တိုးတက်အောင် လုပ်ဆောင်နိုင်နေပြီ ဖြစ်သည်။
ဤအခြေအနေမျိုးတွင် ချန်ဖေး၏ ကျင့်ကြံမှုက မည်သို့ မမြန်ဆန်ဘဲ နေမည်နည်း။ သူ၏ တိုက်ခိုက်ရေး စွမ်းအားက မည်သို့ အစွမ်းမထက်ဘဲ နေမည်နည်း။
ယခု ချန်ဖေးက ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့် ဆိုသည်မှာ ချန်ဖေးအတွက် အခက်အခဲ တစ်ခု မဟုတ်ဟု ခန့်မှန်းရသည်။
ထိုသို့ဆိုလျှင် ချီရှူချင်း အနေဖြင့် အသက်ကယ်ကျေးဇူးကို ဆပ်ရုံသာမက အနာဂတ်၏ အဓိက အင်အားစု တစ်ခု မဟုတ်ဘဲ မိုးထိအောင် မြင့်မားသော သစ်ပင်ကြီး တစ်ပင်ကဲ့သို့ တည်ရှိမှုမျိုးကို ဖက်တွယ်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။
ယွမ်ချန်ဓားဂိုဏ်း၏ ကျင့်စဉ်များတွင် အားနည်းချက်များ ရှိနေသည်ဟု ချီရှူချင်း ထင်မြင်သော်လည်း ဤပါရမီရှင်အတွက်မူ ကျင့်စဉ်များက တစ်ခါတစ်ရံ သူ၏ တိုးတက်မှုတွင် အတားအဆီး တစ်ခု ဖြစ်လာနိုင်မည် မဟုတ်ချေ။
ယွမ်ချန်ဓားဂိုဏ်းက ကျင့်စဉ်များကို ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ပြီ ဖြစ်ကြောင်း ချီရှူချင်း မသိသေးချေ။ သို့မဟုတ်ပါက ဤစိုးရိမ်မှုပင် လုံးဝ ပျောက်ကွယ်သွားပေလိမ့်မည်။
ချန်ဖေးက ကျင့်ကြံခြင်းတွင် ပြန်လည် နစ်မြုပ်သွား၏။
စိတ်စွမ်းအား ပြဿနာကို ယာယီ ဖြေရှင်းပြီးသွားပြီ ဖြစ်ရာ ချန်ဖေး အနေဖြင့် ယာရှန်းဂိုဏ်းမှ ရရှိခဲ့သော အရင်းအမြစ်များကို ဆက်လက် အသုံးပြု၍ ဖွင့်လှစ်ထားသော ဒွာရ အရေအတွက်ကို ဆက်လက် မြှင့်တင်နိုင်ပြီ ဖြစ်သည်။
ချန်ဖေးက အပြင်းအထန် ကျင့်ကြံနေချိန်တွင် ပြင်ပလောက၌ လျှို့ဝှက်သော အပြောင်းအလဲများ စတင် ဖြစ်ပေါ်နေပြီ ဖြစ်သည်။
ယွမ်ချန်ဓားဂိုဏ်းက ရှင်းကွေ့နယ်မြေ (တစ္ဆေနယ်မြေ) အတွင်း၌ မိမိကိုယ်ကို တစ်ပိုင်း မိစ္ဆာအဖြစ် သန့်စင်သည့် ကျင့်စဉ်တစ်ခုကို ရရှိခဲ့ဖူးသည်။
သို့သော် တစ်ပိုင်း မိစ္ဆာသာ ဖြစ်ပြီး လူသားလောင်းကောင်နှင့် ဆိုလျှင် အယူအဆ နှစ်ခု ဖြစ်သည်။
ထို့အပြင် ဒွာရသန့်စင်ခြင်း အဆင့်များအတွက် ကျင့်စဉ်မျှသာ ဖြစ်ပြီး အဓိက အချက်မှာ မပြည့်စုံခြင်း ဖြစ်သည်။
ရှီးလျန် အစစ်အမှန်သခင်က တမင်တကာ ဖြန့်ဝေခဲ့သော ကျင့်စဉ်နှင့် နှိုင်းယှဉ်ပါက တိမ်နှင့် ရွှံ့ ကဲ့သို့ ကွာခြားပြီး လုံးဝ နှိုင်းယှဉ်၍ မရနိုင်ဟု ဆိုနိုင်သည်။
ရှီးလျန် အစစ်အမှန်သခင်က ဤနယ်မြေတွင် မိမိကိုယ်ကို လူသားလောင်းကောင် အဖြစ် ပထမဆုံး အောင်မြင်စွာ သန့်စင်နိုင်ခဲ့သော ဒွာရပေါင်းစည်းခြင်း အဆင့် ပညာရှင် ဖြစ်သည်။
ယခင်က ဒွာရသန့်စင်ခြင်း အဆင့်များ လူသားလောင်းကောင် အဖြစ်သို့ ပြောင်းလဲသွားဖူးသော်လည်း ဒွာရသန့်စင်ခြင်း အဆင့်မျှသာ ဖြစ်ရာ ဒွာရသန့်စင်ခြင်း အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက် သွားရောက်ပါက ဖိနှိပ်ရန် လုံလောက်ပေသည်။
ကျင့်ကြံမှုအဆင့် မြင့်မားလေလေ မိစ္ဆာကောင်အဖြစ် ပြောင်းလဲရန် ခက်ခဲလေလေ ဖြစ်ပြီး ဒွာရပေါင်းစည်းခြင်း အဆင့်ရှိ လူသားလောင်းကောင် ဆိုသည်မှာ မဖြစ်နိုင်သင့်သော အရာ တစ်ခု ဖြစ်သည်။
ယွီ မိသားစု၏ ဂိုဏ်းတံခါး။
"ဘိုးဘေးကြီး... ရှီးလျန် အစစ်အမှန်သခင် ဖြန့်ဝေလိုက်တဲ့ ကျင့်စဉ်က... အစစ်အမှန်ပဲလား..." ယွီကျန်းရုံက ယွီရှိုချန်ကို ကြည့်ကာ တိုးညှင်းစွာ မေးလိုက်၏။
ယခုအခါ ပြင်ပလောကတွင် ရှီးလျန် အစစ်အမှန်သခင်၏ ကျင့်စဉ်ကြောင့် လူများ၏ စိတ်နှလုံးများက လွင့်မျောနေကြသည်။
ရှီးလျန် အစစ်အမှန်သခင်က ကျင့်စဉ်များကို ဒွာရပေါင်းစည်းခြင်း အဆင့်များထံ လျှို့ဝှက်စွာ ပေးအပ်ခြင်း မဟုတ်ဘဲ လူတိုင်းကို ဖြန့်ဝေခဲ့ခြင်းမှာ လူများကို တစ်ယောက်နှင့်တစ်ယောက် သံသယ ဝင်စေရန် ဖြစ်သည်။
ဤနယ်မြေတွင် လူငယ် ဒွာရပေါင်းစည်းခြင်း အဆင့်များ အလွန် နည်းပါးပြီး အများစုမှာ သက်တမ်း အနှစ်နှစ်ရာကျော် နေပြီ ဖြစ်သည်။
အချို့လူများက အနှစ်ဆယ်ဂဏန်း သို့မဟုတ် ရာဂဏန်းခန့် ကျန်ရှိနေသေးသော်လည်း လက်ရှိတွင် အနည်းငယ်သော သူများမှာ အနှစ်သုံးဆယ်၊ လေးဆယ်ခန့်သာ ကျန်ရှိတော့သည်။
ဒွာရပေါင်းစည်းခြင်း အဆင့်၏ ရှေ့ကို သူတို့ ဖြတ်ကျော်၍ မရနိုင်တော့သလို သက်တမ်းကို တိုးမြှင့်ပေးနိုင်သော ပါရမီရှင် ဝိညာဉ် ရတနာများကိုလည်း ရှာဖွေရန် ခက်ခဲလှသည်။
ယခင်က သူတို့ အနေဖြင့် ဒွာရပေါင်းစည်းခြင်း အဆင့်များ အားလုံး ဤသို့ပင် ဖြစ်ပြီး ပြောင်းလဲ၍ မရနိုင်ဟု မိမိကိုယ်ကို နှစ်သိမ့်နိုင်ခဲ့ကြသည်။
သို့သော် ယခုအခါ ရှီးလျန် အစစ်အမှန်သခင်က လူသားလောင်းကောင် အဖြစ်သို့ အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့ခြင်းကြောင့် လူများကို ပိုမို တွေးတောလာစေခဲ့သည်။
ကျောက်တုံးကြီးပေါ်ရှိ ကျင့်စဉ်က ယေဘုယျ အကြမ်းဖျင်းမျှသာ ဖြစ်ပြီး အတွင်း၌ အသေးစိတ် အချက်အလက်များစွာ ရှိနေသေးသော်လည်း ရှီးလျန် အစစ်အမှန်သခင်က ထုတ်ဖော် ပြောကြားခြင်း မရှိခဲ့ချေ။
သို့သော် ယေဘုယျ အကြမ်းဖျင်းမျှဖြင့်ပင် ဤကျင့်စဉ်က သာမန် မဟုတ်ကြောင်း အမှန်တကယ် တွေ့မြင်နိုင်ပေသည်။
"ဒွာရပေါင်းစည်းခြင်း အဆင့်ရဲ့ သက်တမ်း ကန့်သတ်ချက်ကို ကျော်လွန်ဖို့... တစ်နှစ်ကို လူ ၅၀၀၀ ဆိုတာ... တကယ်ကို ကြီးမားတဲ့ သွေးဆောင်မှု တစ်ခုပါပဲ..."
ယွီရှိုချန်၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်သည်။
"အဲဒီလောက်သာ ရိုးရှင်းရင်... အဆုံးမဲ့ ပင်လယ်မှာ နေရာအနှံ့ လူသားလောင်းကောင်တွေ ပြည့်နေလောက်ပြီ... ဘယ်လိုလုပ် နှစ်ပေါင်းများစွာ ကြာတဲ့အထိ တစ်ကောင်တောင် မြင်ရခဲနေမှာလဲ..."
"တောင်ပင်လယ် အဆင့်က အစွမ်းထက် ပညာရှင်တွေ ဖိနှိပ်ထားလို့ မဟုတ်ဘူးလား..."
ယွီကျန်းရုံက သံသယဖြစ်စွာ မေးလိုက်၏။
"တောင်ပင်လယ် အဆင့်မှာလည်း ဆွေမျိုးတွေ ရှိတာပဲ... တကယ်လို့ တစ်နှစ်ကို ၅၀၀၀ ပဲ လိုတယ်ဆိုရင်... မင်းပြောကြည့်... တောင်ပင်လယ် အဆင့်က ဘယ်လို ရွေးချယ်မလဲ..."
ယွီရှိုချန်က လှည့်၍ ယွီကျန်းရုံကို ကြည့်ကာ အသံနက်ဖြင့် ပြောလိုက်သည်။
"လူတွေရဲ့ စိတ်နှလုံးက မူလကတည်းက လောဘကြီးပြီးသားပါ... သူတို့က မိစ္ဆာ ဖြစ်သွားရင်... ဘာတွေ ဖြစ်လာမယ် ထင်လဲ..."
ယွီကျန်းရုံ၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွား၏။
လူတွေ၏ စိတ်နှလုံးက လောဘကြီးလွန်းလှပြီး မိမိကိုယ်ကို လူသားလောင်းကောင်အဖြစ် သန့်စင်ရက်သော ထိုရက်စက်သည့် လူများဆိုလျှင် သူတို့၏ လောဘက မည်မျှ ကြီးမားနေမည်နည်း။
ထို့အပြင် တစ်နှစ်လျှင် ၅၀၀၀ ဆိုသည်မှာ ရှီးလျန် အစစ်အမှန်သခင် ပြောထားခြင်းမျှသာ ဖြစ်ပြီး အမှန်တရားက ဘာလဲဆိုတာ မည်သူကမျှ မသိကြချေ။
"ဒါဆို ဘိုးဘေးကြီး... ကျွန်တော်တို့ ဘာလုပ်ရမလဲ..." ယွီကျန်းရုံက တိုးညှင်းစွာ မေးလိုက်၏။
"ငါ့စကားတွေကို ဖြန့်လိုက်ပါ... ဒါပေမဲ့ စိတ်ပိုင်းဖြတ်ထားတဲ့ သူတွေအတွက်တော့... ဘာမှ နားထောင်မှာ မဟုတ်ဘဲ သူတို့ မှန်တယ်လို့ ထင်တာကိုပဲ လုပ်ကြလိမ့်မယ်..."