အခန်း (၃၈၀-၃၈၁)
Vol. 37 Ch. 380-381
အခန်း (၃၈၀) အလျင်အမြန် တိုးတက်ခြင်း
ယနေ့အထိ ချန်ဖေး၏ စိတ်စွမ်းအား အဓိက တိုးတက်လာသည့် နည်းလမ်းမှာ နေ့စဉ် ကျင့်ကြံရာတွင် ကျင့်စဉ်များနှင့် ယွမ်ချီစွမ်းအင်များ၏ လှုံ့ဆော်မှုအပေါ် အားကိုး၍ စိတ်ကို သဘာဝကျကျ ကြီးထွားလာစေခြင်း ဖြစ်သည်။
ပြီးပြည့်စုံခြင်း အဆင့်ထိ ကျင့်ကြံထားသော ကျင့်စဉ် သုံးခု ရှိနေသဖြင့် ချန်ဖေး အနေဖြင့် ယွမ်ချီစွမ်းအင်ကို အသုံးပြု၍ စိတ်စွမ်းအားကို အာဟာရ ဖြည့်တင်းပေးသည့် စွမ်းဆောင်ရည်မှာ သာမန် ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့် များထက် များစွာ သာလွန်ပြီး ထိုဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့် များနှင့် နှိုင်းယှဉ်ပါက များစွာ ကွာခြားမည် မဟုတ်ဟု ဆိုနိုင်သည်။
စိတ်စွမ်းအားကို အာဟာရ ဖြည့်တင်းပေးနိုင်သည့် ဆေးလုံးများနှင့် ပတ်သက်၍မူ ချန်ဖေးက ရံဖန်ရံခါ တစ်ကြိမ် နှစ်ကြိမ် ဝယ်ယူနိုင်သော်လည်း အများစု မှာ ပစ္စည်းပြတ်လတ် နေတတ်သည်။
အချိန်ကြာလာသည်နှင့်အမျှ ချန်ဖေးက ဤအရာအတွက် အချိန်မဖြုန်းတော့ချေ။
ဤနည်းလမ်း နှစ်သွယ်က ကျင့်ကြံသူ အများစု၏ စိတ်စွမ်းအားကို တိုးတက်စေသည့် နည်းလမ်းများ ဖြစ်ပြီး ရိုးရိုးရှင်းရှင်း ပြောရလျှင် စိတ်စွမ်းအားကို အချိန် အားကိုး၍ စုဆောင်းခြင်းပင် ဖြစ်သည်။
သေချာပေါက် ချီရှူချင်း ကြောင့်လည်း ဖြစ်သည်။ ယခု ချန်ဖေးက ချီရှူချင်းနှင့် အတူတကွ ကျင့်ကြံနေသဖြင့် စိတ်စွမ်းအား တိုးတက်မှုနှုန်းက မနှေးကွေးချေ။
ချီရှူချင်းက အနည်းငယ် အားနည်းပြီး နေ့တိုင်း မကျင့်ကြံနိုင်သဖြင့်သာ ချန်ဖေးအတွက် အနည်းငယ် နှမြောစရာ ကောင်းနေခြင်း ဖြစ်သည်။
ယခု နှလုံးသားနယ်မြေက ဤကဲ့သို့ ဖွံ့ဖြိုးလာခဲ့ပြီ ဖြစ်ရာ အဆင့်တစ် နှလုံးသား မိစ္ဆာ တစ်ကောင်က စိတ်စွမ်းအား တစ်ဝက်ခန့် တိုးတက်လာစေနိုင်သည်။
ဤကဲ့သို့သော အရှိန်မျိုးသာ အပြင်သို့ ပျံ့နှံ့သွားပါက လူများကို တုန်လှုပ်သွားစေပေလိမ့်မည်။
အကယ်၍ အဆင့်နှစ် နှလုံးသား မိစ္ဆာ တစ်ကောင်ကိုသာ သတ်ဖြတ်လိုက်ပါက အကျိုးသက်ရောက်မှုက မည်မျှ အားကောင်းမည်နည်း။
သို့သော် လောလောဆယ်တွင် ချန်ဖေး အနေဖြင့် အဆင့်နှစ် မိစ္ဆာများကို ထိတွေ့ရန် အစီအစဉ် မရှိသေးချေ။
အဘယ်ကြောင့်ဆိုသော် မလိုအပ်သောကြောင့် ဖြစ်သည်။
စိတ်ဝိညာဉ် သန့်စင်ရေး အစီအရင်၏ ညစ်ညမ်းမှုများကို ဖယ်ရှားနိုင်စွမ်းက အလွန် အစွမ်းထက်နေပြီ ဖြစ်သော်လည်း ကန့်သတ်ချက် မရှိဟု မဆိုလိုပေ။
အဆင့်တစ် မိစ္ဆာများကို သတ်ဖြတ်ပြီးနောက် စိတ်ဝိညာဉ် သန့်စင်ရေး အစီအရင်က ညစ်ညမ်းမှုများကို အပြည့်အဝ ဖယ်ရှားပေးနိုင်သည်။
ထိုသို့ဆိုလျှင် ချန်ဖေးက အဘယ်ကြောင့် အဆင့်နှစ် မိစ္ဆာများကို စမ်းသပ်ရန် အန္တရာယ်ယူရမည်နည်း။
ထို့အပြင် အဆင့်နှစ် မိစ္ဆာများ၏ ခွန်အား ကွာဟချက်က အလွန် ကြီးမားလှပေသည်။
အားနည်းသော ကောင်များက ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့် ခန့်သာ ရှိနိုင်သော်လည်း အားကောင်းသော ကောင်များက ဒွာရသန့်စင်ခြင်း အထွတ်အထိပ်အဆင့် အထိ တိုက်ရိုက် ထိုးတက်သွားနိုင်သည်။
အဆက့်နှစ် မိစ္ဆာသည် အဆင့်တစ် မိစ္ဆာများနှင့် မတူချေ။ အဆင့်တစ်မိစ္ဆာသည် မည်မျှပင် အစွမ်းထက်နေစေကာမူ ချန်ဖေး၏ မျက်လုံးထဲတွင် နတ်ဘုရား သတ်ဖြတ်ခြင်းဓား တစ်ချက်တည်း၏ ကိစ္စသာ ဖြစ်ပြီး ခြွင်းချက် ရှိမည် မဟုတ်ချေ။
ချန်ဖေးက လက်ဝှေ့ယမ်းလိုက်ရာ ခြေရင်းရှိ စိတ်ဝိညာဉ် သန့်စင်ရေး အစီအရင်ကို သိမ်းဆည်းလိုက်ပြီး ပတ်ဝန်းကျင်ကို အာရုံခံလိုက်ကာ ဘယ်ဘက် အနောက်ဘက်ရှိ နေရာသို့ လျှောက်သွားလိုက်သည်။
ထိုနေရာတွင် နှလုံးသား မိစ္ဆာ တစ်ကောင် ရှိနေကြောင်း ချန်ဖေး ခပ်ရေးရေး အာရုံခံမိသည်။
တိကျမှု ရှိမရှိ ဆိုသည်ကိုမူ ချန်ဖေး ကိုယ်တိုင် သွားရောက် ကြည့်ရှုမှသာ သိနိုင်မည် ဖြစ်သည်။
ဤကဲ့သို့သော ရှာဖွေမှုမျိုးက အမှန်တကယ်ပင် စွမ်းဆောင်ရည် အနည်းငယ် နိမ့်ကျလှသည်။
ကြယ်စင်ကြည့်ရှုခြင်း ကျင့်စဉ်ကို ချန်ဖေး အလိုအလျောက် သတိရသွားပြီး ဤကျင့်စဉ်ကို အောင်မြင်အောင် ကျင့်ကြံနိုင်ပါက နှလုံးသား မိစ္ဆာများကို ရှာဖွေရန် အသုံးပြုနိုင်ကောင်း အသုံးပြုနိုင်ပေလိမ့်မည်။
ကြယ်စင်ကြည့်ရှုခြင်း ကျင့်စဉ်ဖြင့် မိစ္ဆာများကို ရှာဖွေပြီးနောက် သတ်ဖြတ်ကာ စိတ်ဝိညာဉ် သန့်စင်ရေး အစီအရင် အတွင်းသို့ ထည့်သွင်း၍ သန့်စင်ရမည်။
ဤလျှို့ဝှက်ဆန်းကြယ်သော အမွေအနှစ်တွင် နှလုံးသား မိစ္ဆာများကို မည်သို့ လျင်မြန်စွာ သတ်ဖြတ်ရမည် ဆိုသည့် ကျင့်စဉ်မျိုးလည်း ရှိနေလောက်သည်ဟု ခန့်မှန်းရပြီး ဤနည်းဖြင့် ပြီးပြည့်စုံသော အစုအဝေး တစ်ခု ဖြစ်လာပေလိမ့်မည်။
ကံမကောင်းစွာဖြင့် ဤအမွေအနှစ် လမ်းကြောင်းက ပြတ်တောက်သွားခဲ့ပြီ ဖြစ်ရာ နောင်တွင် ဤအမွေအနှစ် လမ်းကြောင်း၏ အပျက်အစီးများနှင့် ထပ်မံ ဆုံတွေ့ခွင့် ရမရ ဆိုသည်ကို ချန်ဖေး မသိတော့ချေ။
နှလုံးသားနယ်မြေ၏ တစ်နေရာရာတွင် ဤအမွေအနှစ် လမ်းကြောင်း ရှိနေနိုင်သေးသလို ဆက်ခံသူများပင် ရှိနေနိုင်သေးသည်။ သို့မဟုတ် ဘာမှ မကျန်ရှိတော့ခြင်းမျိုးလည်း ဖြစ်နိုင်ပေသည်။
တစ်ရက် ကြာပြီးနောက် လက်တွေ့ဘဝရှိ ရေတံခွန်အောက်၌ ချန်ဖေး၏ မျက်လုံးများ ဖြည်းညင်းစွာ ပွင့်လာ၏။
အတွင်း၌ အလင်းတန်းလေး တစ်ခု လက်ခနဲ ဖြစ်သွားသကဲ့သို့ ရှိနေပြီး အစွမ်းထက်သော စိတ်စွမ်းအားများက အသိစိတ်ပင်လယ် အတွင်း၌ အနည်းငယ် တုန်ခါနေသည်။
သို့သော် ဝိညာဉ်ကြိုးမျှင် ကျင့်စဉ်နှင့် နဂါးဆင်နှိမ်နင်းခြင်း ကျင့်စဉ်တို့ လည်ပတ်နေသဖြင့် စိတ်စွမ်းအား၏ လွင့်မျောနေမှုများက လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ဤခန္ဓာကိုယ်က အပြည့်အဝ လက်ခံလိုက်ပြီ ဖြစ်သည်။
၇၂၊ ချန်ဖေး၏ ဤအခိုက်အတန့် စိတ်စွမ်းအားက ဒွာရ ၇၂ ခုကို ထိန်းချုပ်နိုင်သည့် အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
၆၀ မှ ၇၂ သို့ ရောက်ရှိလာခြင်းမှာ ချန်ဖေးက အဆင့်တစ် နှလုံးသား မိစ္ဆာ ဆယ်ကောင်ကျော်ကို ဆက်တိုက် သတ်ဖြတ်ခဲ့သောကြောင့် ဖြစ်သည်။
စိတ်စွမ်းအားက နောက်ပိုင်း ရောက်လေလေ တိုးတက်ရန် ခက်ခဲလေလေ ဖြစ်သည်။
သို့သော် ဤသည်က ချန်ဖေးအတွက် ကြီးမားသော သက်ရောက်မှု မရှိခဲ့ချေ။ အဆင့်တစ် နှလုံးသား မိစ္ဆာ အနည်းငယ်မျှ ပိုသတ်ရုံသာ ဖြစ်သည်။
သို့သော် ချန်ဖေး အမှန်တကယ် ခံစားနေရသည်မှာ အဆင့်တစ် နှလုံးသား မိစ္ဆာများ၏ မူလအစစွမ်းအင်များက စိတ်စွမ်းအား တိုးတက်မှုအတွက် အကျိုးသက်ရောက်မှု အားနည်းလာနေခြင်းပင် ဖြစ်သည်။
သို့သော် အကျိုးသက်ရောက်မှု ရှိနေသေးသရွေ့ ပစ်မှတ် ပြောင်းရန် ချန်ဖေး အစီအစဉ် မရှိသေးပေ။
အဆင့်တစ် နှလုံးသား မိစ္ဆာများ လုံးဝ အသုံးမဝင်တော့သည့် အချိန်ရောက်မှသာ ချန်ဖေးက အဆင့်နှစ် နှလုံးသား မိစ္ဆာများထံသို့ ပြောင်းလဲပေလိမ့်မည်။
တစ်ရက်တည်းဖြင့် စိတ်စွမ်းအားကို ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့် အထွတ်အထိပ်သို့ ကျင့်ကြံနိုင်ခဲ့ခြင်းမှာ မြောင်ချီရှန်း၏ မူလအဆင့်တူပင် ဖြစ်ပြီး မြောင်ချီရှန်းထက်ပင် ပိုမို အစွမ်းထက်နေသေးသည်။
ဒိုင်ယာရီ မှတ်တမ်းများအရ မြောင်ချီရှန်းက စိတ်ဝိညာဉ် သန့်စင်ရေး အစီအရင်ကို စတင် ရရှိခဲ့သည်မှာ အမှန်တကယ်တော့ ဆယ်နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
အစပိုင်းတွင် စိတ်ဝိညာဉ် သန့်စင်ရေး အစီအရင်ကို သေချာစွာ လေ့လာခဲ့ပြီး နောက်ပိုင်းတွင် အနည်းငယ် နားလည်လာသောအခါမှ နှလုံးသားနယ်မြေ အတွင်းသို့ ဝင်ရောက်၍ နှလုံးသား မိစ္ဆာများကို သတ်ဖြတ်ကာ သန့်စင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် မြောင်ချီရှန်း၏ စိတ်ဝိညာဉ် သန့်စင်ရေး အစီအရင် အပေါ် ထိန်းချုပ်နိုင်စွမ်းက မမြင့်မားသဖြင့် အစီအရင်များကို ထုပ်ပိုးရန် မဆိုထားနှင့်၊ အစီအရင် တစ်ခုကိုပင် ပြီးပြည့်စုံအောင် မလည်ပတ်နိုင်ခဲ့ချေ။
ထို့ကြောင့် နှလုံးသား မိစ္ဆာများ၏ မူလအစစွမ်းအင် ထဲတွင် အမှန်တကယ်တော့ ညစ်ညမ်းမှု များစွာ ကျန်ရှိနေခဲ့သည်။
ထို့ကြောင့် မြောင်ချီရှန်း က နှလုံးသား မိစ္ဆာ၏ မူလအစစွမ်းအင် တစ်ခုကို စုပ်ယူပြီးနောက် မူလအစစွမ်းအင် ထဲရှိ ရူးသွပ်မှုနှင့် ရှုပ်ထွေးမှုများကို သန့်စင်ရန် အချိန်အတိုင်းအတာ တစ်ခုအထိ အနားယူရပြီး ထို့နောက်မှသာ နှလုံးသားနယ်မြေ အတွင်းသို့ ဆက်လက် ဝင်ရောက်နိုင်ခဲ့သည်။
ဤသို့ဖြင့် အကြိမ်ကြိမ် အဖန်ဖန် ပြုလုပ်ပြီးနောက် မြောင်ချီရှန်းက သူ၏ စိတ်စွမ်းအားကို ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့် အထွတ်အထိပ် နေရာအထိ တဖြည်းဖြည်း တွန်းတင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဤတိုးတက်မှု အရှိန်အတွက် မြောင်ချီရှန်း ကိုယ်တိုင်က အလွန် ကျေနပ်နေခဲ့သည်။ မည်သို့ပင်ဆိုစေ စိတ်ဝိညာဉ် သန့်စင်ရေး အစီအရင် အပေါ် အားကိုးခြင်းကြောင့်သာ မြောင်ချီရှန်း က ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့်မှ အလယ်အလတ်အဆင့်သို့ ချောမွေ့စွာ ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်သည်။
မြောင်ချီရှန်း၏ မျှော်မှန်းချက်ထဲတွင်ပင် အနာဂတ်တွင် ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့်သို့ တက်လှမ်းရန် ကြီးမားသော ပြဿနာ မရှိတော့ဘဲ ထိုအချိန်ကျလျှင် မိုးမျှော်စင်၏ မျှော်စင်သခင်နှင့် တန်းတူ ရင်ပေါင်တန်းနိုင်မည် ဖြစ်သည်။
မြောင်ချီရှန်းသာ ချန်ဖေး၏ ကျင့်ကြံရေး အမြန်နှုန်းကို သိခဲ့ပါက တိုက်ရိုက် ခုန်ပေါက်သွားမည်ဟု ထင်သည်။
ချန်ဖေးက သူ၏ စိတ်စွမ်းအား ၇၂ ခုသို့ ရောက်ရှိသွားသည်ကို ခံစားပြီးနောက် နှလုံးသားနယ်မြေ ထဲမှ ဆန္ဒအလျောက် ထွက်လာခဲ့သည်။
မည်သို့ပင်ဆိုစေ ဤကဲ့သို့သော တိုးတက်မှုမျိုးက ပုံမှန် ကျင့်ကြံခြင်းနှင့် နှိုင်းယှဉ်ပါက အနည်းငယ် ကွာခြားမှု ရှိနေဆဲ ဖြစ်သည်။
တစ်ခါတစ်ရံတွင် ခန္ဓာကိုယ်က ဤသို့ ရုတ်တရက် မြင့်တက်လာသော စိတ်စွမ်းအားကို လိုက်လျောညီထွေ ဖြစ်အောင် မနေနိုင်ချေ။
ချန်ဖေးတွင် နဂါးဆင်နှိမ်နင်းခြင်း ကျင့်စဉ် ရှိနေပြီး ခန္ဓာကိုယ်က သာမန်ထက် ထူးကဲနေသောကြောင့်သာ ဖြစ်သည်။
သို့မဟုတ်ပါက အခြားသူများ ကျင့်ကြံပါက ဤသို့သော အခြေအနေမျိုး ရှိနေလျှင်တောင်မှ အဆင့်ဆင့်သာ သွားရမည် ဖြစ်သည်။
နဂါးဆင် အစီအရင်ကို ရုပ်သိမ်းလိုက်ပြီးနောက် ချန်ဖေး၏ ပုံရိပ်က ရေပေါ်သို့ ပေါ့ပါးစွာ လွင့်တက်လာပြီး ရေကန်မျက်နှာပြင်ပေါ်တွင် ရပ်လိုက်၏။
လရောင်က ရေပြင်အလား လင်းထိန်နေပြီး ရေတံခွန်၏ အသံက နားကွဲမတတ် ကျယ်လောင်နေဆဲ ဖြစ်သော်လည်း နေ့ခင်းဘက် နေရောင်အောက်ရှိ နေရောင်ခြည် အမွှေးတိုင်မှ ခရမ်းရောင် အခိုးအငွေ့များနှင့် နှိုင်းယှဉ်ပါက ယခုအခိုက်အတန့်ရှိ ရေကန်က ကွဲပြားသော နူးညံ့မှု တစ်ခုကို ဖြစ်ပေါ်စေသည်။
ချန်ဖေးက ကောင်းကင်ယံကို မော့ကြည့်လိုက်ရာ ကြယ်များက ကောင်းကင် တစ်ခွင်လုံးတွင် ပြည့်နှက်နေပြီး တစ်ပွင့်စီက သူတို့၏ ကိုယ်ပိုင် အလင်းရောင်များဖြင့် တောက်ပနေကြသည်။
ကြယ်စင်ကြည့်ရှုခြင်း ကျင့်စဉ်၏ နားလည်သဘောပေါက်မှုများက ချန်ဖေး၏ စိတ်ထဲတွင် စတင် ပေါ်ပေါက်လာ၏။
ချန်ဖေး၏ ညာဘက်ခြေက ရေပြင်ကို အနည်းငယ် ပုတ်လိုက်ရာ ရေပြင်ပေါ်တွင် လှိုင်းဂယက်များ ထသွားပြီး ချန်ဖေး၏ ပုံရိပ်က ထက်မြက်လှသော မြားတစ်စင်းအလား ချောက်ကမ်းပါးထိပ်သို့ လွင့်တက်သွားတော့သည်။
စိတ်ထဲတွင် ကြယ်စင်ကြည့်ရှုခြင်း ကျင့်စဉ်နှင့် ပတ်သက်သည့် နားလည်သဘောပေါက်မှု အရှိန်က များစွာ မြန်ဆန်လာခဲ့ပြီ ဖြစ်သည်။
ကြယ်များနှင့် နီးကပ်လေလေ နားလည်သဘောပေါက်မှု အရှိန်က ပိုမို မြန်ဆန်လေလေ ဖြစ်သည်။
အသိစိတ်ပင်လယ် အတွင်း၌ စိတ်စွမ်းအားများက တိကျသော လမ်းကြောင်း တစ်ခု အတိုင်း မျက်လုံးပုံစံ အဆောင်အယောင် တစ်ခုကို တဖြည်းဖြည်း ဖန်တီးလာ၏။
နောက်တစ်စက္ကန့်တွင် ချန်ဖေး၏ မျက်လုံးများမှ အလင်းတန်းလေး တစ်ခု တောက်ပသွားပြီး ကောင်းကင်ယံရှိ ကြယ်များကို တစ်ခဏချင်းမှာပင် အနီးသို့ ဆွဲယူလိုက်သကဲ့သို့ ဖြစ်သွားသည်။
အသိစိတ်ပင်လယ် အတွင်း၌ ကြယ်စင်ကြည့်ရှုခြင်း ကျင့်စဉ်နှင့် ပတ်သက်သည့် နားလည်သဘောပေါက်မှုများ တမုဟုတ်ချင်း တဟုန်ထိုး တက်လာရာ ချန်ဖေး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု အလိုအလျောက် ပေါ်လာ၏။
ကျင့်စဉ်ကို လူတစ်ယောက်၏ နားလည်သဘောပေါက်မှု တိုးတက်လာစေရန် အသုံးပြုခြင်းမှာ ပုံမှန်ကိစ္စ တစ်ခု ဖြစ်ပြီး လူအများစုက ကျင့်စဉ်များကို ဤနည်းဖြင့်သာ နားလည်သဘောပေါက်အောင် ကြိုးစားကြခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေ အသုံးမပြုပါက မည်သို့ ကောင်းစွာ နားလည်နိုင်မည်နည်း။
သို့သော် ကျင့်စဉ်ကို အသုံးပြုပြီးနောက် နားလည်သဘောပေါက်မှု အဆင့်ကို ဤအတိုင်းအတာအထိ မြှင့်တင်နိုင်ခြင်းမှာ သေချာပေါက် ထူးခြားသော ကိစ္စ တစ်ခု ဖြစ်သည်။
ချန်ဖေးက ချောက်ကမ်းပါးပေါ်တွင် ရပ်နေပြီး ကြယ်စင်ကြည့်ရှုခြင်း ကျင့်စဉ်၏ ကျွမ်းကျင်မှုက အဆက်မပြတ် တိုးတက်လာသည်နှင့်အမျှ ချန်ဖေး၏ မျက်လုံးများ မြင်နိုင်သော အကွာအဝေးကလည်း အဆက်မပြတ် တိုးလာနေသည်။
အကွာအဝေး တိုးလာပြီးနောက် ကျွမ်းကျင်မှု တိုးတက်နှုန်းကလည်း သဘာဝကျကျ မြန်ဆန်လာ၏။
နှစ်ခုစလုံးက လုံးဝ အပြုသဘောဆောင်သော အဆင့်ဆင့် တိုးတက်သည့် ဆက်ဆံရေး တစ်ခုကို ဖြစ်ပေါ်စေသည်။ ကျင့်ကြံခြင်းက နောက်ပိုင်း ရောက်လေလေ ပိုမို ခက်ခဲလာရမည် ဖြစ်သော်လည်း ချန်ဖေး အတွက်မူ ကျင့်ကြံလေလေ ကျင့်ကြံရသည့် အရှိန်က ပိုမို မြန်ဆန်လာလေလေ ဖြစ်နေသည်။
နှစ်နာရီ ကြာပြီးနောက် ချန်ဖေး ယွမ်ချန်ဓားဂိုဏ်းသို့ ပြန်ရောက်လာခဲ့သည်။
ချန်ဖေးက ပုံမှန်အတိုင်း လျှို့ဝှက်ခန်းထဲသို့ ဝင်၍ မကျင့်ကြံတော့ဘဲ ခြံဝင်းထဲတွင် မူလ ဓားသိုင်းကို တိုက်ရိုက် စတင် ကစားကာ သတ်ဖြတ်ခြင်းဓားသွား ဓားသိုင်း၏ ကျွမ်းကျင်မှုကို တိုးမြှင့်လိုက်သည်။
တစ်ချိန်တည်းမှာပင် ချန်ဖေး၏ ခေါင်းက အနည်းငယ် မော့နေပြီး မျက်လုံးများက ကောင်းကင်ယံကို လှမ်းကြည့်နေကာ ကြယ်စင်ကြည့်ရှုခြင်း ကျင့်စဉ်နှင့် ပတ်သက်သည့်
နားလည်သဘောပေါက်မှုများက သူ၏ စိတ်ထဲတွင် ဆက်လက် ပေါ်ပေါက်နေ၏။
ကျင့်ကြံမှု တစ်ခုတည်းဖြင့် ကျင့်စဉ် နှစ်ခုကို တစ်ပြိုင်နက်တည်း ကျွမ်းကျင်မှု တိုးမြှင့်နေရသည့် ဤဝမ်းသာပျော်ရွှင်မှုမျိုးကို နောက်ဆုံးအကြိမ်က ဘီလူး ဝိညာဉ် ဓားသိုင်းကို ကျင့်ကြံစဉ်ကသာ ခံစားခဲ့ရဖူးသည်။
နားလည်သဘောပေါက်မှု နှစ်ခုက စိတ်ထဲတွင် တိုက်မိနေသဖြင့် အနည်းငယ် ထူးဆန်းသကဲ့သို့ ခံစားရသော်လည်း ယနေ့ ချန်ဖေး၏ စိတ်စွမ်းအား အတွက်မူ စုပ်ယူရန် မခက်ခဲလှချေ။
မည်သို့ပင်ဆိုစေ ဤနားလည်သဘောပေါက်မှုများက တစ်ဆင့်ပြီးတစ်ဆင့် စိတ်ထဲတွင် ပေါ်လာခြင်း ဖြစ်ပြီး ကျင့်စဉ် တစ်ခုလုံးကို တစ်ပြိုင်နက်တည်း ထည့်သွင်းလိုက်သည့် ခံစားချက်မျိုး မဟုတ်ပေ။
နေထွက်လာပြီး လဝင်သွားကာ စိတ်စွမ်းအား ပြဿနာကို ဖြေရှင်းနိုင်ခဲ့သဖြင့် ချန်ဖေး အနေဖြင့် ကျင့်ကြံခြင်းတွင် အပြည့်အဝ အာရုံစိုက်နိုင်ခဲ့ပြီ ဖြစ်သည်။
ပြန်ရောက်ပြီး ဆယ်ရက်မြောက်နေ့တွင် ချန်ဖေးက ဒွာရ ၃ ခုကို ဖွင့်လှစ်နိုင်ခဲ့ပြီး စုစုပေါင်း ဒွာရ အရေအတွက် ၆၁ ခု နေရာသို့ ရောက်ရှိသွားခဲ့သည်။
ယနေ့သည် ချန်ဖေးက ရေကန်မှ ပြန်ရောက်လာပြီးကတည်းက ဒုတိယအကြိမ်အဖြစ် နှလုံးသားနယ်မြေ အတွင်းသို့ ဝင်ရောက်ခဲ့သည်။
ဆယ်ရက်ကြာ ကျင့်ကြံပြီးနောက် ချန်ဖေး၏ စိတ်စွမ်းအားက လုံးဝ တည်ငြိမ်သွားခဲ့ပြီ ဖြစ်ပြီး ခန္ဓာကိုယ်နှင့် မည်သည့် အတားအဆီးမျှ မရှိတော့သလို နဂါးဆင်နှိမ်နင်းခြင်း ကျင့်စဉ်ကို အသုံးပြု၍ အတင်းအကျပ် ခိုင်မာအောင် ပြုလုပ်ရန်လည်း မလိုအပ်တော့ချေ။
တစ်ချိန်တည်းမှာပင် ကြယ်စင်ကြည့်ရှုခြင်း ကျင့်စဉ်ကလည်း ဆယ်ရက်ကြာ ကျင့်ကြံပြီးနောက် ကျွမ်းကျင်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
နောက်ဆုံးအကြိမ် နှလုံးသားနယ်မြေ အတွင်း တစ်ရက်တာ နေထိုင်ခဲ့စဉ်က နှလုံးသား မိစ္ဆာများကို သတ်ဖြတ်ရန် အချိန် အလွန် နည်းပါးခဲ့ပြီး အချိန်အများစုကို နှလုံးသား မိစ္ဆာများကို ရှာဖွေရာတွင် ကုန်ဆုံးခဲ့ရသည်။
ချန်ဖေး၏ စိတ်စွမ်းအားက နှလုံးသားနယ်မြေ အတွင်း၌ အနီးအနားရှိ မိစ္ဆာများ၏ တည်နေရာကို ခပ်ရေးရေးမျှသာ အာရုံခံနိုင်ပြီး ဝေဝါးနေသဖြင့် ထိုနေရာသို့ ရောက်သွားသောအခါ တွေ့ရသည်မှာ အဆင့်တစ် မိစ္ဆာ ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။
အဆင့်နှစ် ဖြစ်နိုင်သလို အဆင့်နှစ်ထက်ပင် ပိုမို အစွမ်းထက်သည့် အရာများ ဖြစ်နိုင်သည်။
အဆင့်နှစ် နှလုံးသား မိစ္ဆာနှင့် တွေ့ကြုံပါက ချန်ဖေးက အဝေးမှ ရှောင်လွှဲသွားမည် ဖြစ်ပြီး အဆင့်နှစ်ထက် ကျော်လွန်သော အရာများ ဆိုပါက လမ်းတစ်ဝက် ရောက်သည်နှင့် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ချန်ဖေး အာရုံခံမိပြီး လမ်းလွှဲကာ ထွက်ပြေးပေလိမ့်မည်။
ဤရှာဖွေမှု နည်းလမ်းက အချိန်ဖြုန်းရုံသာမက အန္တရာယ်နှင့် ကြုံတွေ့ရရန် အလွန် လွယ်ကူလှသည်။
ထို့ကြောင့် ဤဆယ်ရက် အတွင်း ဝိညာဉ်ဆေးလုံးများ သောက်သုံးချိန်မှလွဲ၍ ကျန်အချိန် အားလုံးနီးပါးတွင် ချန်ဖေးက ကောင်းကင်ယံကို မော့ကြည့်နေခဲ့သည်။
ကြယ်စင်ကောင်းကင်ယံ ဆိုသည်မှာ နေ့ခင်းဘက်တွင် မရှိခြင်း မဟုတ်ပေ။
ကြယ်စင်ကောင်းကင်ယံက အမှန်တကယ်တော့ အမြဲတမ်း ရှိနေပြီး နေ့ခင်းဘက်တွင်သာ ရှင်းလင်းစွာ မမြင်ရခြင်း ဖြစ်သည်။
သို့သော် ချန်ဖေး၏ ကျင့်ကြံခြင်းကို မထိခိုက်စေချေ။
ထို့ကြောင့် ချန်ဖေးက ကြယ်စင်ကြည့်ရှုခြင်း ကျင့်စဉ်၏ ကျင့်ကြံမှုကို ရူးသွပ်စွာဖြင့် အစွမ်းကုန် ကျွမ်းကျင်မှု တိုးမြှင့်နေခဲ့သည်။
ဆယ်ရက် အတွင်း ကြယ်စင်ကြည့်ရှုခြင်း ကျင့်စဉ်က ကျွမ်းကျင်အဆင့်သို့ ရောက်ရှိရုံသာမက ကျွမ်းကျင်အဆင့် အပေါ် အခြေခံ၍ ပြီးပြည့်စုံခြင်း အဆင့်ဆီသို့ အပြင်းအထန် ပြေးလွှားနေပြီ ဖြစ်သည်။
ချန်ဖေး၏ ခန့်မှန်းချက် အရဆိုလျှင် နောက်ထပ် လဝက်ခန့် ကြာပါက ကြယ်စင်ကြည့်ရှုခြင်း ကျင့်စဉ်က ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိမည် ဖြစ်ပြီး သုံးလ အတွင်း ကြယ်စင်ကြည့်ရှုခြင်း ကျင့်စဉ် ဟူသော ဤလျှို့ဝှက်ဆန်းကြယ်သည့် အမွေအနှစ်က အထွတ်အထိပ် အဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။
ထို့အပြင် ကြယ်စင်ကြည့်ရှုခြင်း ကျင့်စဉ်ကို အဆက်မပြတ် လေ့ကျင့်နေခြင်းကြောင့် ချန်ဖေး အနေဖြင့် ကြယ်စင်ကြည့်ရှုခြင်း ကျင့်စဉ်ကို အသုံးမပြုလျှင်တောင်မှ ပတ်ဝန်းကျင်ရှိ ချီအရှိန်အဝါ အပေါ် အာရုံခံနိုင်စွမ်းက ပို၍ ထက်မြက်လာခဲ့ပြီး တစ်ချိန်တည်းမှာပင် အာရုံခံနိုင်စွမ်း အကွာအဝေးကလည်း အလိုအလျောက် ကျယ်ပြန့်လာခဲ့သည်။
ကြယ်စင်ကြည့်ရှုခြင်း ကျင့်စဉ်ကို ကျင့်ကြံပြီးနောက် ချန်ဖေးကို အချိန်မရွေး ပတ်ဝန်းကျင် အာရုံခံနိုင်စွမ်းကို အားကောင်းစေသည့် စိတ်ပိုင်းဆိုင်ရာ စွမ်းရည် တစ်ခုကို အလိုအလျောက် ပေါင်းထည့်ပေးလိုက်သကဲ့သို့ပင် ဖြစ်သည်။
နှစ်နာရီ ကြာပြီးနောက် ချန်ဖေးက နှလုံးသားနယ်မြေ ထဲမှ ထွက်လာခဲ့သည်။
အဆင့်တစ် နှလုံးသား မိစ္ဆာများ၏ အကျိုးသက်ရောက်မှုက ဆက်လက် လျော့ကျလာပြီး အလွန် လျင်မြန်စွာ လျော့ကျလာခဲ့သော်လည်း ချန်ဖေး၏ နှလုံးသား မိစ္ဆာများကို ရှာဖွေနိုင်စွမ်း တဟုန်ထိုး တိုးတက်လာမှုကို မတားဆီးနိုင်ခဲ့ချေ။
နှစ်နာရီ အတွင်း အဆင့်တစ် နှလုံးသား မိစ္ဆာ အကောင်တစ်ရာ နီးပါးကို သတ်ဖြတ်ခဲ့ပြီး ချန်ဖေး၏ စိတ်စွမ်းအားက ဒွာရ ၇၂ ခုကို ထိန်းချုပ်နိုင်သည့် အဆင့်မှ ဒွာရ ၈၀ နေရာအထိ တိုက်ရိုက် ထိုးတက်သွားခဲ့သည်။
သူ၏ စိတ်စွမ်းအား တိုးတက်နှုန်းက ဒွာရများ တိုးတက်နှုန်းကို အလှမ်းဝေးစွာ ကျော်လွန်သွားမည့် နေ့တစ်နေ့ ရှိလာလိမ့်မည်ဟု ချန်ဖေး တစ်ခါမျှ မတွေးမိခဲ့ဖူးချေ။
ဤခံစားချက်က တကယ့်ကို စိတ်လှုပ်ရှားစရာပင် ဖြစ်သည်။
အခန်း (၃၈၁) ကောင်းကင်က ဖန်တီးထားတာ
သို့သော် ချန်ဖေး နှလုံးသားနယ်မြေထဲမှ ထွက်လာသောအခါ ထိုခေါင်းမူးပြီး ကိုယ်ပေါ့နေသည့် ခံစားချက်က ပြန်ပေါ်လာသည်။
စိတ်စွမ်းအားက ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားသောအခါ ချန်ဖေး၏ ဒွာရပိုင်း ဆိုင်ရာ အားနည်းသော ကျင့်ကြံမှုကို အနည်းငယ် ထင်ရှားလာစေခဲ့သည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် နဂါးဆင်နှိမ်နင်းခြင်း ကျင့်စဉ် ဆက်တိုက် လည်ပတ်နေသဖြင့် ဤမသက်မသာ ဖြစ်မှု ခံစားချက်က တဖြည်းဖြည်း ပျောက်ကွယ်သွား၏။
တံခါးပိတ်ထားသော အခန်းထဲတွင် ချန်ဖေး မျက်လုံးများ ဖွင့်လိုက်သောအခါ မျက်လုံးများထဲတွင် အလင်းရောင်များ စီးဆင်းနေသကဲ့သို့ ရှိနေပြီး ခန့်ညားသော အရှိန်အဝါ တစ်ခုက ချန်ဖေး၏ ခန္ဓာကိုယ်မှ ပျံ့နှံ့ထွက်ပေါ်လာသည်။
အချိန်အနည်းငယ် ကြာပြီးနောက်မှသာ ဤအရှိန်အဝါကို ချန်ဖေးက ဖိနှိင်ခဲ့သည်။
အချိန်တိုအတွင်း သို့မဟုတ် ချန်ဖေး၏ ဒွာရ အရေအတွက်များ မတိုးတက်လာမီ အချိန်အထိ နှလုံးသားနယ်မြေ အတွင်းသို့ ထပ်မံ ဝင်ရောက်ရန် မလိုအပ်တော့ချေ။
သိုင်းပညာ ကျင့်ကြံရာတွင် မူလစွမ်းအားနှင့် စိတ်စွမ်းအားတို့က တူညီစွာ အရေးကြီးပြီး ဒွာရ အရေအတွက်များက စိတ်စွမ်းအားထက် မကျော်လွန်ခြင်းက အကောင်းဆုံး ဖြစ်သည်။
သို့မဟုတ်ပါက အပြည့်အဝ မထိန်းချုပ်နိုင်သည့် အခြေအနေမျိုး ဖြစ်ပေါ်လာနိုင်သည်။
စိတ်စွမ်းအားက ဒွာရ အရေအတွက်ကို ကျော်လွန်နေခြင်းက လူများစွာ၏ အမြင်တွင် များလေလေ ပိုကောင်းလေလေပင် ဖြစ်သည်။
သို့သော် ရှင်းလင်းစွာပင် ကိစ္စများစွာက များလေလေ ပိုကောင်းလေလေ ဆိုသည်မှာ မဟုတ်ပေ။
လူအများစုက ဤသို့ တွေးထင်ရခြင်းမှာ သူတို့၏ စိတ်စွမ်းအားက ဒွာရ အရေအတွက်ထက် များစွာ ကျော်လွန်နိုင်မည့် အခွင့်အရေး မရှိသောကြောင့်သာ ဖြစ်သည်။
စိတ်စွမ်းအားက ဒွာရ အရေအတွက်ထက် အနည်းငယ် ကျော်လွန်နေပါက အဆင်ပြေသည်။ သို့သော် ချန်ဖေး ကဲ့သို့ အဆင့်တစ်ဆင့်ကျော် ကွာဟနေပါက ပြဿနာ အနည်းငယ် ထင်ရှားလာပေလိမ့်မည်။
ကံကောင်းထောက်မစွာဖြင့် ချန်ဖေးတွင် နဂါးဆင်နှိမ်နင်းခြင်း ကျင့်စဉ် ရှိနေသဖြင့် ဤသေးငယ်သော ပြဿနာက ချန်ဖေးအပေါ် မည်သည့် ဆိုးကျိုးမျှ မဖြစ်ပေါ်စေနိုင်ချေ။
နှလုံးသားနယ်မြေက ထိုနေရာတွင် ရှိနေပြီး ဘယ်မှ ထွက်သွားမည် မဟုတ်ချေ။
ချန်ဖေး အနေဖြင့် စိတ်စွမ်းအား တိုးတက်စေမည့် နည်းလမ်းကို ရှာတွေ့ထားပြီ ဖြစ်ရာ လိုအပ်သည့် အချိန်တိုင်းတွင် သဘာဝကျကျ အသုံးပြု၍ စိတ်စွမ်းအားကို မြှင့်တင်ရုံပင် ဖြစ်သည်။
နောက်တစ်နေ့ နံနက်စောစော။
"ရှင့်ရဲ့ စိတ်စွမ်းအားတွေ... ထပ်တိုးလာပြန်ပြီလား..."
ချီရှူချင်းက အနည်းငယ် ညည်းတွားလိုက်ပြီး ချန်ဖေးကို အံ့အားသင့်စွာ ကြည့်လိုက်၏။
လွန်ခဲ့သော ရက်အနည်းငယ်က ချီရှူချင်း အနေဖြင့် ချန်ဖေး၏ စိတ်စွမ်းအားများ များစွာ အားကောင်းလာသည်ကို တွေ့ရှိခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် အတူတကွ ကျင့်ကြံရာတွင် အများစုက ချန်ဖေး၏ ဦးဆောင်မှုအောက်တွင် ကျင့်စဉ်များ လည်ပတ်နေခြင်းကြောင့် ဖြစ်သည်။
ချီရှူချင်းက ကိုယ်ပိုင် စိတ်စွမ်းအား လှုပ်ရှားမှုများနှင့် တိုးတက်မှုများက ပုံမှန်ထက် ပိုများနေကြောင်း ရှင်းလင်းစွာ ခံစားနေရသည်။
ချီရှူချင်း ကိုယ်တိုင်၏ စိတ်စွမ်းအားက မကြာသေးမီက မည်သည့် အပြောင်းအလဲမျှ မရှိခဲ့ရာ ထိုအပြောင်းအလဲများက ချန်ဖေး ထံမှသာ လာနိုင်ပေသည်။
သို့သော် ယနေ့တွင်မူ ဤစိတ်စွမ်းအား တိုးတက်မှုက လွန်ခဲ့သော ရက်အနည်းငယ်ကထက်ပင် ထပ်မံ တိုးလာသည်ကို ချီရှူချင်း တွေ့ရှိလိုက်ရသည်။
ချန်ဖေး၏ စိတ်စွမ်းအားက မည်သို့ ဤမျှ မြန်ဆန်စွာ တိုးတက်လာရသနည်း။
"ကျင့်ကြံရင်းနဲ့... တစ်ခုခု ရလိုက်ပြန်လို့ပါ..."
ချန်ဖေးက ချီရှူချင်း၏ ပျင်းရိနေသော အသွင်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
"နှလုံးသားနယ်မြေ အကြောင်း ကြားဖူးလား..."
"သဘာဝကျကျ ကြားဖူးတာပေါ့... အဲဒီကို စိတ်ဝိညာဉ် တစ်ခုတည်းနဲ့ပဲ ဝင်လို့ရတယ်လို့ ကောလာဟလတွေ ရှိတယ်... ပြီးတော့ အဲဒီမှာ ညစ်ညမ်းမှုတွေ နေရာအနှံ့ ရှိနေတယ်လေ... အဲဒီ စိတ်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုတွေကို ခုခံနိုင်ဖို့... ဒွာရသန့်စင်ခြင်း အဆင့်ကို ရောက်မှပဲ အဆင်ပြေမှာပါ..."
ချီရှူချင်းက အားနည်းစွာဖြင့် ပြန်ဖြေလိုက်၏။
သူမ အနည်းငယ် အားအင် ကုန်ခမ်းနေပြီ ဖြစ်သည်။
"နှလုံးသားနယ်မြေ ထဲကို... သွားကြည့်ချင်လား..."
ချန်ဖေးက တစ်ခဏမျှ စဉ်းစားပြီးနောက် မေးလိုက်သည်။
ယနေ့ ချီရှူချင်းက အလွန် အားနည်းနေပြီး သူမနှင့် အတူတကွ ကျင့်စဉ် ကျင့်ကြံခြင်းက ချန်ဖေးကို ပေးစွမ်းနိုင်သော အကူအညီက ပို၍ နည်းပါးလာကာ ယခုအခါ ပျော်ရွှင်မှု သက်သက် အဖြစ်သို့သာ ရောက်ရှိနေပြီ ဖြစ်သည်။
သေချာပေါက် ပျော်ရွှင်မှုကလည်း မဆိုးလှချေ။ အလုပ်နှင့် အနားယူခြင်းကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။
သို့သော် ပျော်ရွှင်မှု အပေါ် အခြေခံ၍ ကျင့်ကြံမှုကိုပါ တိုးတက်စေနိုင်မည် ဆိုပါက နှစ်ဆသော ပျော်ရွှင်မှု ဖြစ်လာမည် မဟုတ်ပါလား။
နှလုံးသားနယ်မြေ အတွင်း၌ နှလုံးသား မိစ္ဆာများ အလွန် များပြားလှရာ နောက်ထပ် လူရာပေါင်းများစွာက နှလုံးသား မိစ္ဆာများကို အမဲလိုက်မည် ဆိုလျှင်တောင်မှ ချန်ဖေးအပေါ် မည်သည့် ဆုံးရှုံးမှုမျှ ဖြစ်ပေါ်စေမည် မဟုတ်ချေ။
ချီရှူချင်း တစ်ယောက်တည်း ဆိုလျှင် ပို၍ပင် ဆိုဖွယ်ရာ မရှိတော့ချေ။
ထို့အပြင် ချန်ဖေးက အဆင့်တစ် နှလုံးသား မိစ္ဆာများက နောက်ပိုင်းတွင် သူ့အပေါ် အကျိုးသက်ရောက်မှု ပို၍ အားနည်းလာနိုင်ပြီး နောက်ဆုံးတွင် မည်သည့် တိုးတက်မှုမျှ မရှိတော့သည်အထိ ဖြစ်လာနိုင်ကြောင်း ရှင်းလင်းစွာ ခံစားနေရသည်။
ချီရှူချင်းသာ တိုးတက်လာနိုင်မည် ဆိုပါက ချန်ဖေးအတွက် အကူအညီက အစစ်အမှန် ဖြစ်လာပေလိမ့်မည်။
"နှလုံးသားနယ်မြေ ထဲကို သွားမလို့လား..."
ချီရှူချင်း အနည်းငယ် အံ့အားသင့်သွားသော်လည်း ခေါင်းညိတ်လိုက်၏။
ယခုအခိုက်အတန့်တွင် ချန်ဖေး ဘာပြောပြော သူမ နားထောင်ရန် ဆန္ဒရှိပေသည်။
"ဒါဆို... ကျင့်ကြံတဲ့ အရှိန်ကို မြှင့်လိုက်ကြရအောင်..."
ချန်ဖေးက ညင်သာစွာ ရယ်မောလိုက်ရာ ချီရှူချင်းက ရှက်ရွံ့စွာဖြင့် မျက်လုံးများကို မှိတ်လိုက်၏။
နာရီဝက် ကြာပြီးနောက် ချန်ဖေးက ချီရှူချင်းကို ခေါ်ဆောင်၍ နှလုံးသားနယ်မြေ အတွင်းသို့ ဝင်ရောက်လာခဲ့သည်။
ချီရှူချင်း အတွက်မူ နှလုံးသားနယ်မြေသို့ ပထမဆုံး အကြိမ် ရောက်ဖူးခြင်း ဖြစ်ပြီး လောကကြီး တစ်ခုလုံးက မီးခိုးရောင် ဖြစ်နေကာ နားထဲတွင် တီးတိုးသံများကို ကြားနေရသဖြင့် ချီရှူချင်း၏ မျက်မှောင်များ အလိုအလျောက် အနည်းငယ် ကျုံ့သွား၏။
ဤပတ်ဝန်းကျင်က အလွန် ဖိနှိပ်မှု ရှိလွန်းလှသည်။
ဤနေရာတွင် သက်ရှိ သတ္တဝါများ နေထိုင်ခွင့် မရှိချေ။
"ကျွန်မတို့... အခု ဘယ်သွားကြမလဲ..."
ချီရှူချင်းက ချန်ဖေး၏ အနားသို့ ကပ်သွား၏။
ဤနည်းဖြင့်သာ လုံခြုံမှု အနည်းငယ်ကို အလိုအလျောက် ခံစားရပုံ ရသည်။
ချန်ဖေးက ဘာမှ မပြောဘဲ ကြယ်စင်ကြည့်ရှုခြင်း ကျင့်စဉ်ကို လည်ပတ်လိုက်ရာ သူ၏ မျက်လုံးများမှ အလင်းတန်းလေး တစ်ခု တောက်ပသွား၏။
နောက်တစ်စက္ကန့်တွင် ချန်ဖေးက ချီရှူချင်း၏ လက်ကို ဆွဲ၍ သူ၏ ပုံရိပ် လက်ခနဲ ဖြစ်သွားကာ ရှေ့သို့ ပြေးထွက်သွားသည်။
အချိန်အနည်းငယ် ကြာပြီးနောက် ဝေဝါးနေသော ပုံရိပ်တစ်ခုက ချီရှူချင်း၏ မျက်လုံးထဲတွင် ပေါ်လာပြီး ရူးသွပ်မှုများနှင့် ရှုပ်ထွေးနေသော ချီအရှိန်အဝါ တစ်ခုက မျက်နှာပေါ်သို့ ရိုက်ခတ်လာ၏။
ချီရှူချင်းက စကားပြောရန် ပြင်လိုက်စဉ်မှာပင် ချန်ဖေးက သူမကို ခေါ်ဆောင်၍ အနက်ရောင် မြူခိုးများထဲသို့ ပြေးဝင်သွားသည်ကို မြင်လိုက်ရသည်။
နှလုံးသား မိစ္ဆာက လှည့်၍ ချန်ဖေးကို ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်များက နားရွက်အောက်အထိ ပြဲလန်သွားကာ ဟိန်းဟောက်သံပင် မထွက်ရသေးမီ ဓားအလင်းတန်း တစ်ခု လက်ခနဲ ဖြစ်သွားပြီး နှလုံးသား မိစ္ဆာ၏ ပုံရိပ်က ရပ်တန့်သွားကာ မျက်စိတစ်မှိတ် အတွင်းမှာပင် နှစ်ခြမ်း ကွဲသွားတော့သည်။
နှလုံးသားကျောက်တုံး က လွင့်မျောလာပြီး ချန်ဖေးက ညာဘက်ခြေကို ရှေ့သို့ တစ်လှမ်း လှမ်းလိုက်ရာ စိတ်ဝိညာဉ် သန့်စင်ရေး အစီအရင် ပုံကြမ်း သုံးခုက မြေကြီးပေါ်တွင် ပေါ်လာပြီး နှလုံးသား မိစ္ဆာ၏ ဝိညာဉ်အနှစ်သာရ များကို အတင်းအကျပ် ဆွဲယူလိုက်၏။
မကြာသေးမီက နှလုံးသား မိစ္ဆာများကို အလွန်အမင်း သတ်ဖြတ်ခဲ့သဖြင့် ချန်ဖေး ယခု ဤကဲ့သို့သော အဆင့်တစ် နှလုံးသား မိစ္ဆာများကို ရင်ဆိုင်ရာတွင် အပို လှုပ်ရှားမှုများ လုံးဝ မရှိတော့ဘဲ ရိုးရှင်းပြီး တိုက်ရိုက်ပင် ဖြစ်သည်။
ချီရှူချင်း ပြန်လည် မတုံ့ပြန်နိုင်သေးမီမှာပင် အစီအရင် ပုံကြမ်းထဲမှ အနက်ရောင် ချီစွမ်းအင် အမျှင်လေးများ ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရပြီး ညစ်ညမ်းမှုများနှင့် ရူးသွပ်မှုများ ပြည့်နှက်နေကာ လူများကို ကြောက်ရွံ့၍ ရှောင်ဖယ်ချင်စိတ် ပေါက်သွားစေသည်။
တစ်ခဏချင်းမှာပင် သန့်စင်သော နှလုံးသား မိစ္ဆာများ၏ မူလအစစွမ်းအင် အစုအဝေး တစ်ခုက အစီအရင် အတွင်း၌ တိတ်ဆိတ်စွာ လွင့်မျောနေ၏။
ချီရှူချင်းက ချန်ဖေးကို တစ်ချက် လှမ်းကြည့်လိုက်ရာ ချန်ဖေး ခေါင်းညိတ်ပြသည်ကို မြင်သောအခါ ချီရှူချင်းက သူမ၏ လက်ဝါးကို အစီအရင် ပုံကြမ်းပေါ်သို့ တင်လိုက်သည်။
အစီအရင် ပုံကြမ်း အတွင်းရှိ နှလုံးသား မိစ္ဆာများ၏ မူလအစစွမ်းအင် က လွင့်မျောလာပြီး ချီရှူချင်း၏ လက်ဖဝါး နေရာကို ဖြတ်သန်းသွား၏။
ချန်ဖေး၏ မျက်မှောင်များ အနည်းငယ် ကျုံ့သွားသည်။ ဤနှလုံးသား မိစ္ဆာများ၏ မူလအစစွမ်းအင် အစုအဝေးက ချီရှူချင်း၏ စိတ်ထဲသို့ ပေါင်းစပ် မဝင်ရောက်ခဲ့ချေ။
ချီရှူချင်း၏ အမူအရာကလည်း အနည်းငယ် အံ့အားသင့်နေ၏။ ဤမူလအစစွမ်းအင် အစုအဝေးကို စိတ်ထဲသို့ ပေါင်းစပ်ထည့်သွင်းလိုက်ပါက ကြီးမားသော အကျိုးကျေးဇူးများ ရှိလာမည် ဖြစ်ကြောင်း သူမ၏ စိတ်က ရှင်းလင်းစွာ ခံစားနေရသည်။
သို့သော် ဤမူလအစစွမ်းအင် အစုအဝေးက ချီရှူချင်း အတွက်မူ ပုံရိပ်ယောင် တစ်ခုကဲ့သို့ ဖြစ်နေပြီး နှစ်ဘက်စလုံးက မည်သည့် အဆက်အသွယ်မျှ မလုပ်နိုင်ခဲ့ချေ။
ချန်ဖေးက မူလအစစွမ်းအင်ကို ထိန်းချုပ်၍ ချီရှူချင်းနှင့် ထပ်မံ ထိတွေ့စေရန် ကြိုးစားခဲ့သော်လည်း ရလဒ်က အနည်းငယ်မျှ မပြောင်းလဲခဲ့ချေ။
ချီရှူချင်း အတွက်မူ ဤမူလအစစွမ်းအင် အစုအဝေးက အတုအယောင် ကဲ့သို့သာ ဖြစ်နေ၏။
ချန်ဖေးက ရှေ့သို့ တစ်လှမ်း တိုး၍ အစီအရင် ပုံကြမ်းထဲသို့ လက်လှမ်းလိုက်ရာ နှလုံးသား မိစ္ဆာများ၏ မူလအစစွမ်းအင် က ချန်ဖေးကို ထိလိုက်သည်နှင့် မြစ်ရေက ပင်လယ်ထဲသို့ စီးဝင်သွားသကဲ့သို့ ချန်ဖေး၏ စိတ်ထဲသို့ အလွန် သဘာဝကျစွာ ပေါင်းစပ် ဝင်ရောက်သွားတော့သည်။
ချန်ဖေး တစ်ကိုယ်လုံးက မှိန်ဖျော့ဖျော့ အလင်းရောင်များ ထုတ်လွှတ်နေပြီး တစ်ခဏမျှ ကြာပြီးနောက်မှ ရပ်တန့်သွား၏။
ချန်ဖေး၏ စိတ်စွမ်းအားက အနည်းငယ် တိုးလာသော်လည်း အစပိုင်းနှင့် နှိုင်းယှဉ်ပါက အဆင့်တစ် နှလုံးသား မိစ္ဆာများ ပေးစွမ်းနိုင်သော တိုးတက်မှုက အလွန် နိမ့်ကျလာခဲ့ပြီ ဖြစ်သည်။
သို့သော် ယခု ဤသည်က အဓိက အချက် မဟုတ်ပေ။ မူလအစစွမ်းအင် က ပုံမှန် ဖြစ်နေသည်မှာ ထင်ရှားပါလျက် အဘယ်ကြောင့် ချီရှူချင်း စုပ်ယူ၍ မရသနည်း။
ချန်ဖေး၏ စိတ်ထဲတွင် ခန့်မှန်းချက် အချို့ ရှိလာပြီး ကြယ်စင်ကြည့်ရှုခြင်း ကျင့်စဉ်ကို လည်ပတ်ကာ ပတ်ဝန်းကျင်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ချီရှူချင်းကို ခေါ်ဆောင်၍ အနက်ရောင် မြူခိုးများထဲတွင် ပျောက်ကွယ်သွား၏။
အချိန်အနည်းငယ် ကြာပြီးနောက် စမ်းချောင်းလေး တစ်ခုဘေးတွင် နှလုံးသား မိစ္ဆာ တစ်ကောင်က ချန်ဖေး၏ ဓားဖြင့် အပိုင်းပိုင်း ခုတ်ထစ်ခံလိုက်ရသော်လည်း မသေဆုံးဘဲ ချန်ဖေးက တမင်တကာ အသက်ချန်ထားခဲ့ခြင်း ဖြစ်သည်။
"မင်း အဲဒါကို သတ်လိုက်..."
ချန်ဖေးက ချီရှူချင်းကို လှည့်ကြည့်ကာ ပြောလိုက်သည်။
"ကောင်းပြီ..."
ချီရှူချင်းက များများ မမေးတော့ဘဲ သူမ၏ လက်ထဲတွင် ဓားတစ်လက် ဖန်တီး၍ ရှေ့သို့ တိုးကာ နှလုံးသား မိစ္ဆာကို ဓားအချက် အနည်းငယ်ဖြင့် သတ်ဖြတ်လိုက်သည်။
ဝိညာဉ်သတ်ဖြတ်ခြင်း ကျင့်စဉ်ဖြင့် သတ်ဖြတ်ခြင်း မခံရသောကြောင့် ဤအခိုက်အတန့်တွင် နှလုံးသား မိစ္ဆာက အနက်ရောင် ချီစွမ်းအင် အစုအဝေး တစ်ခု အဖြစ်သို့ ပြောင်းလဲသွား၏။
ချီရှူချင်းက ဤအနက်ရောင် ချီစွမ်းအင်များကို မောင်းနှင်၍ စိတ်ဝိညာဉ် သန့်စင်ရေး အစီအရင် အတွင်းသို့ ထည့်သွင်းလိုက်သည်။
စိတ်ဝိညာဉ် သန့်စင်ရေး အစီအရင် လည်ပတ်သွားရာ အနက်ရောင် ချီစွမ်းအင်များ လျှံထွက်လာပြီး အစီအရင် ပုံကြမ်းထဲတွင် နှလုံးသား မိစ္ဆာများ၏ မူလအစစွမ်းအင် အစုအဝေး တစ်ခု ကျန်ရစ်ခဲ့သည်။
သို့သော် ချန်ဖေးက ဝိညာဉ်သတ်ဖြတ်ခြင်း ကျင့်စဉ်ကို အသုံးပြု၍ သတ်ဖြတ်ပြီးနောက်နှင့် နှိုင်းယှဉ်ပါက အစီအရင် လည်ပတ်ရသည့် အချိန်က များစွာ ပိုမို ကြာမြင့်သွားပြီး နောက်ဆုံး အချိန်ရောက်မှသာ မူလအစစွမ်းအင် ထဲရှိ ကျန်ရှိနေသော ညစ်ညမ်းမှုများကို ဖယ်ရှားပစ်နိုင်ခဲ့သည်။
"အခု စမ်းကြည့်..."
ချန်ဖေးက ချီရှူချင်းကို လှည့်ကြည့်ကာ ပြောလိုက်သည်။
ချီရှူချင်းက ခေါင်းညိတ်လိုက်ပြီး စိတ်ဝိညာဉ် သန့်စင်ရေး အစီအရင် ထဲသို့ လက်လှမ်းလိုက်ရာ နှလုံးသား မိစ္ဆာများ၏ မူလအစစွမ်းအင် က လွင့်မျောလာသော်လည်း ရလဒ်က ပထမအကြိမ်နှင့် အတူတူပင် ဖြစ်ပြီး ချီရှူချင်း၏ လက်ဖဝါးများ ကြားမှ လွင့်မျော ထွက်သွားဆဲ ဖြစ်သည်။
မြူခိုးများ လွင့်မျောလာသကဲ့သို့ ဖြစ်နေသည်။
အနည်းဆုံး မြူခိုးများကို ထိတွေ့ရချိန်တွင် ခံစားမှု ရှိနေသေးသော်လည်း ဤနှလုံးသား မိစ္ဆာများ၏ မူလအစစွမ်းအင် ဖြတ်သန်းသွားပြီးနောက် ချီရှူချင်း အနေဖြင့် မည်သည့် ထိတွေ့မှုမျိုးကိုမျှ မခံစားရချေ။
ချန်ဖေးက ချီရှူချင်းကို စိတ်ဝိညာဉ် သန့်စင်ရေး အစီအရင် ပေါ်တွင် တိုက်ရိုက် မတ်တတ် ရပ်ခိုင်းလိုက်သော်လည်း ရလဒ်က အနည်းငယ်မျှ မပြောင်းလဲခဲ့ချေ။
နောက်ဆုံးတွင် ဤနှလုံးသား မိစ္ဆာများ၏ မူလအစစွမ်းအင် အစုအဝေးကို ချန်ဖေးကသာ စုပ်ယူလိုက်ရသည်။
"နှလုံးသား လျှို့ဝှက်ချက်... စိတ်ဝိညာဉ် သန့်စင်ရေး အစီအရင်..."
ချန်ဖေး၏ စိတ်ထဲတွင် လေတိုက်နယ် အတွင်းရှိ နှလုံးသား အစီအရင်နှင့် သူ တွေ့ကြုံခဲ့ရသော ရဟန်း ချီလင်းတို့ကို အလိုအလျောက် သတိရသွား၏။
"ကျွန်မက ဒီအစီအရင်ကို မထိန်းချုပ်နိုင်လို့များလား..."
ချီရှူချင်းက ခန့်မှန်း၍ ပြောလိုက်သည်။
"ဖြစ်နိုင်တယ်... ဒါပေမဲ့ စိတ်ဝိညာဉ် သန့်စင်ရေး အစီအရင် ကို ထိန်းချုပ်နိုင်ရင်တောင်မှ... ဒီမူလအစစွမ်းအင် တွေကို စုပ်ယူနိုင်မှာ မဟုတ်ဘူး..."
ချန်ဖေး အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ထိုပျက်စီးယိုယွင်းနေသော အဆောက်အအုံ များကို ထပ်မံ သတိရသွား၏။
စိတ်ဝိညာဉ် သန့်စင်ရေး အစီအရင် အပြင် ကြယ်စင်ကြည့်ရှုခြင်း ကျင့်စဉ် ၏ လေထဲမှ ခုတ်ပိုင်းခြင်းနှင့် လူသတ်ခြင်း နည်းစနစ်များ ပေါင်းစပ်လိုက်ပါက ထိုလျှို့ဝှက်ဆန်းကြယ်သော ဂိုဏ်းက ထိုအချိန်က အလွန် စည်ကားပြီး အစွမ်းထက်ခဲ့မည်မှာ သေချာသည်။
မည်သို့ပင်ဆိုစေ စိတ်စွမ်းအား၏ လျင်မြန်သော တိုးတက်မှုက ကျင့်ကြံသူများ၏ ပြဿနာများစွာကို ဖြေရှင်းပေးနိုင်ပေသည်။
သို့သော် တိုက်ဆိုင်စွာပင် ဤမျှ အစွမ်းထက်သော အမွေအနှစ် လမ်းကြောင်းက ကျဆင်းသွားခဲ့ပြီး အပျက်အစီးများသာ ကျန်ရစ်ခဲ့သည်။
အစပိုင်းက ဤဂိုဏ်းမှာ နှလုံးသားနယ်မြေ အတွင်း၌ ခုခံ၍ မရနိုင်သော ရန်သူ အချို့နှင့် တွေ့ကြုံခဲ့ရပြီး အတင်းအကျပ် ဖျက်ဆီးခံခဲ့ရသည်ဟု ချန်ဖေး ထင်ခဲ့သည်။
ယခု ကြည့်ရလျှင် ဤ အမွေအနှစ် ဆက်ခံမှုသည် အထူး ခန္ဓာကိုယ် ရှိသူများကိုသာ ကျင့်ကြံနိုင်သည်ဟု ဆိုရမည်လား။
ကျင့်စဉ်များနှင့် သိုင်းပညာရှင်များ အကြားတွင် ကိုက်ညီမှု ဆိုသည်မှာ ရှိသည်။
အကယ်၍ ကိုက်ညီမှု မြင့်မားပါက ကျင့်ကြံရာတွင် လေချိုသွေးသကဲ့သို့ အဆင်ပြေချောမွေ့သည်ဟု ဆိုနိုင်သည်။
အကယ်၍ ကိုက်ညီမှု မလုံလောက်ပါက သင်၏ ပါရမီ လုံလောက်စွာ မြင့်မားနေလျှင် ကိစ္စမရှိသော်လည်း ပါရမီက သာမန်မျှသာ ဖြစ်နေပါက တစ်သက်လုံး တိုးတက်မှု ရှိလာရန် ခက်ခဲပေလိမ့်မည်။
ထို့ကြောင့် လုံလောက်စွာ အစွမ်းထက်သော ဂိုဏ်းတစ်ခုတွင် ယေဘုယျအားဖြင့် အမွေအနှစ် ကျင့်စဉ် အများအပြား ရှိနေတတ်ပြီး ဂိုဏ်းအတွင်းရှိ လူများကို အမှောင်ထဲတွင် လမ်းမဆုံးစေဘဲ ရွေးချယ်စရာ ပိုမို များပြားစေရန် ဖြစ်သည်။
စတင် ကျင့်ကြံရသော ကျင့်စဉ် အချို့က အမှန်တကယ်တော့ လူများကို စစ်ထုတ်နေခြင်းပင် ဖြစ်သည်။
ထိုစတင်သည့် ကျင့်စဉ်များက အတိုင်းအတာ တစ်ခုအထိ ဂိုဏ်းတစ်ခု၏ ကျင့်စဉ် ဝိသေသလက္ခဏာများပင် ဖြစ်သည်။
သာမန် သိုင်းပညာ ကျင့်စဉ်များ အားလုံးက ကိုက်ညီမှုကို အလေးထားကြပြီး နှလုံးသားနယ်မြေ အတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သော ဂိုဏ်း၏ ကျင့်စဉ်များက ကိုက်ညီမှုကို အလေးထားခြင်းက အလွန် ပုံမှန်ပင် ဖြစ်သည်။
ဤဂိုဏ်းက သီးခြား ခန္ဓာကိုယ် ရှိသူများ သို့မဟုတ် သီးခြား စိတ်ပိုင်းဆိုင်ရာ ဝိသေသလက္ခဏာ ရှိသူများကိုသာ ကျင့်ကြံခွင့် ပြုနိုင်သည်ဟုပင် ဆိုနိုင်သည်။
"အရင် ပြန်ကြရအောင်... နောက်မှ စိတ်ဝိညာဉ် သန့်စင်ရေး အစီအရင် ကို မင်းဆီ လက်ဆင့်ကမ်း ပေးမယ်... မင်း ကျင့်ကြံကြည့်ပြီး ကျွမ်းကျင်အောင် လုပ်နိုင်မလား ကြည့်ရအောင်..."
ချန်ဖေးက ချီရှူချင်းကို ကြည့်ကာ တိုးညှင်းစွာ ပြောလိုက်သည်။
ချန်ဖေး သံသယ ဝင်နေသော်လည်း ချီရှူချင်း အနေဖြင့် ဤစိတ်ဝိညာဉ် သန့်စင်ရေး အစီအရင် ကို မထိန်းချုပ်နိုင်ခြင်း ဖြစ်နိုင်ချေ ရှိသည်။
သို့မဟုတ်ပါက အစောက သူမ မူလအစစွမ်းအင် ကို ထိလိုက်ချိန်တွင် တုံ့ပြန်မှု မရှိခဲ့ခြင်း မဟုတ်ပေ။ သို့သော် မည်သို့ပင်ဆိုစေ စမ်းသပ်ကြည့်ရန် လိုအပ်ပေသေးသည်။
ချန်ဖေးက သူသည် ဤအထူး ခန္ဓာကိုယ်မျိုး ဖြစ်သလား ဆိုသည်ကိုမူ၊ ဖြစ်လည်း ဖြစ်နိုင်သလို မဖြစ်လည်း မဖြစ်နိုင်ပေ။
သို့သော် စနစ်က ချန်ဖေးကို စိတ်ဝိညာဉ် သန့်စင်ရေး အစီအရင် အား အတင်းအကျပ် ထိန်းချုပ်ခွင့် ပြုလိုက်ပြီ ဖြစ်ရာ ချန်ဖေးက အထူး ခန္ဓာကိုယ် ဖြစ်သည် မဖြစ်သည် ဆိုသည်မှာ အရေးမကြီးတော့ချေ။
"ဒီအစီအရင်ကို ကျွန်မ မထိန်းချုပ်နိုင်ရင်... နောက်ပိုင်းကျရင် ကျွန်မရဲ့ စိတ်စွမ်းအားကို ကျင့်ကြံဖို့... ရှင့်ကိုပဲ အားကိုးရတော့မှာပေါ့..."
ချီရှူချင်းက ချန်ဖေးကို ကြည့်ကာ နောက်ပြောင်၍ ပြောလိုက်၏။
ဤအစီအရင်ကို သူမ မထိန်းချုပ်နိုင်မည်ကို ချီရှူချင်း ကိုယ်တိုင်လည်း ခန့်မှန်းမိပြီး သူမ၏ နှလုံးသားထဲတွင် စိတ်ပျက်မှု အချို့တော့ သေချာပေါက် ရှိနေမည် ဖြစ်သည်။
သို့သော် ခန္ဓာကိုယ် ဆိုသည့်အရာက ရှင်းလင်းစွာ ပြော၍ မရနိုင်ဘဲ မွေးရာပါ ကံကြမ္မာ ကိစ္စတစ်ခု ဖြစ်ကာ နောက်ပိုင်းမှ ပြောင်းလဲရန် လုံးဝ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
ချန်ဖေးက ညင်သာစွာ ပြုံးလိုက်ပြီး ချီရှူချင်း၏ လက်ဖဝါးကို ဖမ်းဆွဲကာ နှလုံးသားနယ်မြေ ထဲမှ အတူတကွ ပျောက်ကွယ်သွား၏။
နောက်တစ်လတွင် ချန်ဖေးက အဆင့်ဆင့် ကျင့်ကြံသွားခဲ့ပြီး ဒွာရ နောက်ထပ် ၇ ခု ဖွင့်လှစ်နိုင်ခဲ့ရာ စုစုပေါင်း ဒွာရ အရေအတွက် ၆၈ ခု နေရာသို့ ရောက်ရှိသွားခဲ့သည်။
ယခင် သုံးရက်လျှင် ဒွာရ တစ်ခု ဖွင့်လှစ်နိုင်သော အရှိန်နှင့် နှိုင်းယှဉ်ပါက ဤလတွင် ချန်ဖေး၏ ကျင့်ကြံမှုက အနည်းငယ် နှေးကွေးသွားခဲ့သည်။
အရင်းအမြစ်များ ချို့တဲ့နေခြင်း မဟုတ်ဘဲ ချန်ဖေးက အခြေခံ အုတ်မြစ်ကို ခိုင်မာစေရန် တမင်တကာ အရှိန် လျှော့ချခဲ့ခြင်း ဖြစ်သည်။
အခြား ကျင့်ကြံသူများနှင့် နှိုင်းယှဉ်ပါက ချန်ဖေး၏ သိုင်းပညာ အခြေခံ အုတ်မြစ်က အမှန်တကယ်တော့ အလွန် ခိုင်မာလှသည်။
မည်သို့ပင်ဆိုစေ ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့် ကျင့်စဉ် သုံးခုကို ပြီးပြည့်စုံခြင်း အဆင့်ထိ ကျင့်ကြံထားပြီး ဖြစ်ရာ အဆုံးမဲ့ ပင်လယ် ဘက်တွင် ချန်ဖေး မသိသော်လည်း ဤနယ်မြေတွင်မူ သေချာပေါက် ပြိုင်ဘက်ကင်းသော တည်ရှိမှု တစ်ခု ဖြစ်ပေလိမ့်မည်။
ပါရမီရှင်များ ပေါများလှသော အင်ပါယာ မြို့တော် သို့မဟုတ် အခြား အာဏာရှင် အဆင့် အင်အားစုများ တွင်ပင်လျှင် ချန်ဖေး ကဲ့သို့သော ပါရမီရှင်မျိုး ပေါ်ထွက်လာနိုင်မည် မဟုတ်ချေ။