← Chapters

အခန်း (၃၈၂-၃၈၃)

Vol. 37 Ch. 382-383

အခန်း (၃၈၂-၃၈၃)

Vol. 37 Ch. 382-383

အခန်း (၃၈၂) ရုပ်သေးရုပ်

ကျင့်စဉ်များကို ပြီးပြည့်စုံခြင်း အဆင့်ထိ ကျင့်ကြံထားသည့် အပြင် ချန်ဖေး၏ စိတ်စွမ်းအား ကလည်း ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့် နေရာသို့ ရောက်ရှိနေပြီ ဖြစ်ပြီး နဂါးဆင်နှိမ်နင်းခြင်း ကျင့်စဉ်က ပေးစွမ်းထားသော အစွမ်းထက်သည့် ခန္ဓာကိုယ် စွမ်းရည်၊ ဤအရာအားလုံးက ချန်ဖေးအား ပြိုင်ဘက်ကင်းသော အခြေခံ အုတ်မြစ်ကို ပေးစွမ်းထားသည်။

သို့သော် ဤသို့ ဖြစ်နေလျှင်တောင်မှ ချန်ဖေးက အရှိန်ကို အနည်းငယ် လျှော့ချရန် ဆုံးဖြတ်ခဲ့သည်။

ဒွာရတစ်ခု ဖွင့်လှစ်ပြီးတိုင်း ချန်ဖေးက ရက်အနည်းငယ် ရပ်နားကာ ဒွာရက ခန္ဓာကိုယ်အပေါ် သက်ရောက်စေသော ပြောင်းလဲမှု အချို့ကို နားလည်အောင် ကြိုးစားလေ့ ရှိသည်။

နားလည်သဘောပေါက်ပြီးနောက် မှသာ ချန်ဖေးက ဒွာရသစ်များကို ဆက်လက် ဖွင့်လှစ်တော့သည်။

သိုင်းပညာ ကျင့်ကြံခြင်း ဆိုသည်မှာ ဘာလဲဆိုတာကိုသာ သိပြီး ဘာကြောင့်လဲ ဆိုတာကို မသိပါက တိတ်ဆိတ်သော အန္တရာယ် အချို့ကို ချန်ရစ်ရန် လွယ်ကူလှသည်။

စနစ်က ဤကဲ့သို့ ကောင်းကင်ကို ဆန့်ကျင်သော အရာ ဖြစ်သော်လည်း ကျင့်စဉ် တစ်ခုစီကို ကျင့်ကြံစဉ် အတွင်း ချန်ဖေးကို အစစ်အမှန် နားလည်သဘောပေါက်မှုများ ပေးစွမ်းပြီး ကျင့်စဉ်များ အတွင်း၌ ပါဝင်သော နက်နဲမှုများကို နားလည်စေသည်။

ချန်ဖေးကလည်း နားလည်သဘောပေါက်မှုများကို စုပ်ယူ၍ မိမိ၏ ကိုယ်ပိုင် အရာများအဖြစ် ပြောင်းလဲရန် ကြိုးစားလေ့ ရှိသည်။

သို့သော် ချန်ဖေး အနည်းငယ် အရှိန် လျှော့ချခဲ့သော်လည်း တစ်လအတွင်း ဒွာရ ၇ ခု ဖွင့်လှစ်နိုင်သည့် အရှိန်က အပြင်သို့ ပျံ့နှံ့သွားပါက ယုံကြည်လိမ့်မည် မဟုတ်သော အရှိန် ဖြစ်သည်။

ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့် သို့ ရောက်ရှိခဲ့သည်မှ ယခုအထိ အမှန်တကယ်တော့ ၈ လခန့်သာ ကြာမြင့်သေးပြီး တစ်နှစ်ပင် မပြည့်သေးချေ။

သို့သော် ဤအတိုင်းပင် ချန်ဖေး၏ ဒွာရ အရေအတွက်က ၆၈ ခု နေရာသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

နောက်ထပ် လေးခု ထပ်ဖွင့်ပါက ချန်ဖေး အနေဖြင့် ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့် သို့ အဆင့်တက်ရန် စမ်းသပ်နိုင်ပြီ ဖြစ်သည်။

တစ်နှစ်ပင် မပြည့်သေးသော အချိန်အတွင်း ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့် မှ နောက်ဆုံးအဆင့်သို့ အဆင့်တက်ခြင်း၊ ဤကဲ့သို့သော ကိစ္စမျိုးကို ထုတ်ပြောလိုက်ပါက လူများကို ရူးမိုက်သော အိပ်မက်မက်နေသကဲ့သို့ ခံစားရစေမည် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဒွာရသန့်စင်ခြင်း အဆင့် သိုင်းပညာရှင် များစွာက တစ်နှစ်အတွင်း ဒွာရ တစ်ခု ဖွင့်လှစ်နိုင်ရန်ပင် အလွန် ခက်ခဲသောကြောင့် ဖြစ်သည်။

ချန်ဖေးကမူ တစ်နှစ်အတွင်း အဆင့်ကြီး တစ်ခုလုံးကို တိုက်ရိုက် ကျော်ဖြတ်သွားခဲ့ခြင်း ဖြစ်သည်။

အစပိုင်းက ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့် မှ အလယ်အလတ်အဆင့် သို့ အဆင့်တက်ရန် ချန်ဖေးက နှစ်နှစ်ကျော် အချိန်ယူခဲ့ရပြီး ယခု ကျင့်ကြံမှုအဆင့် ပိုမြင့်လာလေလေ အဆင့်တက်ရန် အချိန်ပို၍ ပို၍ မြန်ဆန်လာလေလေ ဖြစ်နေသည်။

ဤတစ်လအတွင်း ချန်ဖေးက ဒွာရများ တိုးတက်လာသည့်အပြင် ကြယ်စင်ကြည့်ရှုခြင်း ကျင့်စဉ်ကို ကျင့်ကြံခြင်း ကလည်း ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ကြယ်စင်ကြည့်ရှုခြင်း ကျင့်စဉ်ကို ဤအဆင့်ထိ ကျင့်ကြံပြီးနောက် ချန်ဖေး အနေဖြင့် နေ့စဉ် ကြယ်စင်ကြည့်ရှုခြင်း ကျင့်စဉ်ကို မလည်ပတ်လျှင်တောင်မှ အာရုံခံနိုင်စွမ်းက ပို၍ ကျယ်ပြန့်လာခဲ့ပြီ ဖြစ်သည်။

ယခုအခါ ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့် များပင် ဖြစ်ပါစေ၊ ဒွာရသန့်စင်ခြင်း အထွတ်အထိပ်အဆင့် များပင် ဖြစ်ပါစေ၊ ချန်ဖေး၏ အနီးသို့ တိတ်တဆိတ် ချဉ်းကပ်ရန်မှာ လုံးဝ မဖြစ်နိုင်တော့ချေ။

ချောင်းမြောင်း တိုက်ခိုက်ခြင်း သို့မဟုတ် ချုံခို တိုက်ခိုက်ခြင်း ဆိုသည်များက ချန်ဖေးအတွက် လုံးဝ အသုံးမဝင်တော့ချေ။

တစ်ချိန်တည်းမှာပင် ချန်ဖေး ယခု ဆန္ဒရှိပါက မိုင်ဆယ်ဂဏန်းခန့် အဝေးမှ မြင်ကွင်းများကိုလည်း မျက်စိထဲတွင် မြင်တွေ့နိုင်ပြီ ဖြစ်သည်။

မိုင်တစ်ထောင် ဝိညာဉ် သော့ခတ်ခြင်း ကို ယခု ချန်ဖေး မလုပ်နိုင်သေးသော်လည်း မိုင်တစ်ရာ ပတ်လည် အတွင်းတွင်မူ ချန်ဖေး၏ ချီအရှိန်အဝါ သော့ခတ်ခြင်းကို ခံလိုက်ရပြီ ဆိုပါက ချန်ဖေး၏ လိုက်လံ ဖမ်းဆီးမှုမှ လွတ်မြောက်ရန် မစဉ်းစားသင့်တော့ချေ။

ထိုလူ၏ ကိုယ်ဖော့ပညာ အရှိန်က ချန်ဖေးထက် များစွာ သာလွန်နေပါက လွဲ၍ဖြစ်သည်။

သို့သော် အဆင့်တူများ ကြားတွင်မူ ချန်ဖေး အနေဖြင့် ကိုယ်ဖော့ပညာ အရှိန်တွင် သူ့ထက် သာလွန်နိုင်သူများကို မတွေ့ကြုံဖူးသေးချေ။

ကြယ်စင်ကြည့်ရှုခြင်း ကျင့်စဉ် အပြင် ချန်ဖေးက အချိန်တိုင်း ကျင့်ကြံနေသော ယွမ်ချန် ဓားကျမ်းစာ သည်လည်း စတုတ္ထအဆင့် ပြီးပြည့်စုံခြင်း နေရာသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ယွမ်ချန် ဓားကျမ်းစာ စတုတ္ထအဆင့် ပြီးပြည့်စုံခြင်းက စတုတ္ထမြောက် အမွေအနှစ်ကို စတင် ပေါင်းစပ် ထည့်သွင်းနိုင်ပြီ ဖြစ်သည်။

သို့သော် ချန်ဖေး ယခုအခါ အမြန်ဆုံး ကျင့်ကြံနေသော မဟာမိုးကြိုးဓားသိုင်း မှာ ကျွမ်းကျင်အဆင့် တွင်သာ ရှိနေသေးသည်။

ထို့ကြောင့် ယွမ်ချန် ဓားကျမ်းစာ စတုတ္ထအဆင့် ပြီးပြည့်စုံခြင်းက လောလောဆယ်တွင် ချန်ဖေးကို ကြီးမားသော တိုက်ခိုက်ရေး စွမ်းအား အပိုဆုများ မပေးနိုင်သေးချေ။

သို့သော် ယခုအခါ မဟာမိုးကြိုးဓားသိုင်း၏ ကျင့်ကြံရေး အရှိန်အရ အချိန်အနည်းငယ် ကြာပါက ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိနိုင်ပေလိမ့်မည်။

ထို့အပြင် ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိနေသော မဟာမိုးကြိုးဓားသိုင်းကို ယွမ်ချန် ဓားကျမ်းစာ အတွင်းသို့ ပေါင်းစပ် ထည့်သွင်းလိုက်ပါက တိုးတက်လာမည့် စွမ်းအားက အလွန် များပြားလာပေလိမ့်မည်။

ချန်ဖေး၏ ကျင့်ကြံရေး အရှိန်က မြန်ဆန်လာသည်နှင့်အမျှ ချီရှူချင်း၏ ကျင့်ကြံရေး အရှိန်ကလည်း တိုးတက်လာခဲ့သည်။

မည်သို့ပင်ဆိုစေ သူတို့ နှစ်ယောက် အတူတကွ ကျင့်ကြံရာတွင် အမြဲတမ်း ချန်ဖေး၏ မူလစွမ်းအားက ဦးဆောင်နေခြင်း ဖြစ်ပြီး ချန်ဖေး ပိုမို အစွမ်းထက်လာလေလေ အရပ်လေးမျက်နှာရှိ ယွမ်ချီစွမ်းအင် များကို ပိုမို ဆွဲဆောင်နိုင်လေလေ ဖြစ်ကာ သဘာဝကျကျ ပိုမို များပြားလာလေလေ ဖြစ်သည်။

ချီရှူချင်း ယခုအခါ အမြဲတမ်းနီးပါး ယွမ်ချန်ဓားဂိုဏ်းတွင် နေထိုင်နေပြီး နှစ်ရက် သို့မဟုတ် သုံးရက် တစ်ခါ ဟိုဟိုဒီဒီ ပြေးလွှားနေရခြင်းက အနည်းငယ် ဒုက္ခများသည်ဟု ချီရှူချင်း ခံစားနေရသည်။

ကိုယ်တိုင် ကျင့်ကြံခြင်းနှင့် နှိုင်းယှဉ်ပါက ချန်ဖေးနှင့် အတူတကွ ရှိနေခြင်းက သေချာပေါက် များစွာ ပိုမို မြန်ဆန်ပေသည်။

ပိုမို မြန်ဆန်ပြီး ပိုမို ကောင်းမွန်သော နည်းလမ်း ရှိနေသည်မှာ ထင်ရှားပါလျက် မူလ နည်းလမ်းကို ရွေးချယ်မည့်သူ လုံးဝ မရှိသလောက်ပင် ဖြစ်သည်။

ချွေတာခြင်းမှ ဇိမ်ခံခြင်းသို့ ကူးပြောင်းရန် လွယ်ကူသော်လည်း ဇိမ်ခံခြင်းမှ ချွေတာခြင်းသို့ ကူးပြောင်းရန်မှာ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းကို အနည်းငယ် စမ်းသပ်နေသကဲ့သို့ ဖြစ်သည်။

အဓိက အချက်မှာ ဤကဲ့သို့သော ကိစ္စမျိုးကို ချီရှူချင်း အနေဖြင့် မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ရှိမရှိ စမ်းသပ်ရန် လုံးဝ မလိုအပ်ဘဲ စဉ်းစားစရာပင် မလိုသော ကိစ္စ တစ်ခု ဖြစ်သည်။

ထို့အပြင် အတူတကွ ကျင့်ကြံပြီးတိုင်း ချီရှူချင်း၏ ခန္ဓာကိုယ်က အားနည်းသွားလေ့ ရှိပြီး ထွက်သွားချင်ပါကလည်း အချိန်အတော်ကြာ အနားယူရပေသည်။

ဤကဲ့သို့သော ကျင့်ကြံရေး ဘဝမျိုးကို ချီရှူချင်းက အလွန် ကျေနပ်နေ၏။

တစ်ခုတည်းသော အရာမှာ ချန်ဖေးက သူမအား စိတ်ဝိညာဉ် သန့်စင်ရေး အစီအရင် ကို လက်ဆင့်ကမ်း ပေးခဲ့သော်လည်း ချီရှူချင်း အနေဖြင့် အချိန်အတော်ကြာသည်အထိ စတင်၍ မရခဲ့ချေ။

အစီအရင် ပုံကြမ်းများ ကဲ့သို့သော အရာများကို နားလည်နိုင်သည်မှာ ထင်ရှားသော်လည်း ပေါင်းစပ်၍ အစီအရင် အဖြစ် ဖန်တီး၍ မရနိုင်ချေ။

လက်တွေ့ဘဝတွင် ဖြစ်စေ၊ နှလုံးသားနယ်မြေ အတွင်း၌ ဖြစ်စေ အားလုံး အတူတူပင် ဖြစ်သည်။

ဤသည်က ချန်ဖေး၏ ယခင် ခန့်မှန်းချက်ကို အတည်ပြုနေသကဲ့သို့ ပင် ဖြစ်သည်။

ထိုလျှို့ဝှက်ဆန်းကြယ်သော ဂိုဏ်း၏ ကျင့်စဉ် သို့မဟုတ် အစီအရင်များက အမှန်တကယ်ပင် အောင်မြင်စွာ ကျင့်ကြံနိုင်ရန် အထူး ခန္ဓာကိုယ် အချို့ လိုအပ်ပုံ ရသည်။

ရှင်းလင်းစွာပင် ချီရှူချင်းတွင် ထိုကဲ့သို့ ခန္ဓာကိုယ်မျိုး မရှိ‌သော်လည်း

မြောင်ချီရှန်း တွင်လည်း ထိုအချက်များနှင့် ကိုက်ညီသော လက္ခဏာ အချို့ ရှိနေနိုင်ပေသည်။

ချီရှူချင်းက ယွမ်ချန်ဓားဂိုဏ်းသို့ မကြာခဏ လာရောက်လေ့ ရှိသဖြင့် ယခုအခါ ယွမ်ချန်ဓားဂိုဏ်း၏ အထက်အောက် လူအားလုံးက ချီရှူချင်းနှင့် ချန်ဖေး တို့၏ ကိစ္စကို သိရှိသွားကြပြီ ဖြစ်သည်။

အကြီးအကဲ အများစုက ချန်ဖေးကို အားကျသော မျက်လုံးများဖြင့် ကြည့်ကြ၏။

ချန်ရွှေတောင်ကြားဂိုဏ်း၏ တပည့်များက အိမ်ထောင်ဖက် ရွေးချယ်ရာတွင် အလွန် တင်းကျပ်ပြီး ဒွာရသန့်စင်ခြင်း အဆင့်ရှိ အကြီးအကဲများ ဆိုလျှင် ပို၍ပင် ဆိုဖွယ်ရာ မရှိတော့ချေ။

ချီရှူချင်းက ချန်ဖေးကို ရွေးချယ်ခဲ့ခြင်းမှာ အစပိုင်းတွင် အနည်းငယ် အံ့သြစရာ ကောင်းခဲ့သည်။

မည်သို့ပင်ဆိုစေ ချန်ဖေးက အလားအလာ အပြည့် ရှိနေသည်ဟု ထင်ရသော်လည်း အစစ်အမှန် ခွန်အား အဖြစ်သို့ မပြောင်းလဲနိုင်သေးချေ

ချွီချင်းရှန်း အပါအဝင် လူအနည်းငယ်ကသာ ချီရှူချင်း၏ အမြင်အာရုံက မည်မျှ တိကျသနည်း ဆိုခြင်းနှင့် လှုပ်ရှားမှုက မည်မျှ မြန်ဆန်သနည်း ဆိုသည်ကို နားလည်ကြသည်။

ကောင်းကင်ယံတွင် ကြယ်များ ပြည့်နှက်နေပြီး ခြံဝင်းထဲတွင် ချန်ဖေးက တင်ပျဉ်ခွေ ထိုင်နေကာ ချီရှူချင်း ကလည်း ဘေးတွင် ရှိနေသည်။

သူမ ယနေ့ည မထွက်သွားခဲ့ဘဲ အဓိက အကြောင်းရင်းမှာ သူမ၏ ခန္ဓာကိုယ်တွင် အားအင် သိပ်မရှိတော့သောကြောင့် ဖြစ်သည်။

ရုတ်တရက် ချန်ဖေး၏ မျက်လုံးများ ပွင့်လာပြီး ဂိုဏ်းတံခါး ရှိရာဘက်သို့ သံသယဖြစ်စွာ လှမ်းကြည့်လိုက်ကာ ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်သည်။

"ဘာဖြစ်လို့လဲ..."

ချီရှူချင်းက ချန်ဖေးကို ကြည့်လိုက်၏။

"နည်းနည်း ထူးဆန်းနေတယ်..."

ချန်ဖေး၏ မျက်လုံးများထဲတွင် မှိန်ဖျော့ဖျော့ အလင်းတန်း တစ်ခု လက်ခနဲ ဖြစ်သွားပြီး ကြယ်စင်ကြည့်ရှုခြင်း ကျင့်စဉ် လည်ပတ်သွားကာ မြေပြင် အနေအထား အတားအဆီးများ အားလုံးကို လျစ်လျူရှု၍ ဂိုဏ်းတံခါး အပြင်ဘက်ရှိ မြင်ကွင်းက ချန်ဖေး၏ မျက်လုံးထဲသို့ ဝင်ရောက်လာ၏။

"အကြီးအကဲဝူ လား..."

ဂိုဏ်းတံခါး အပြင်ဘက်ရှိ လူကို မြင်သောအခါ ချန်ဖေး အနည်းငယ် အံ့အားသင့်သွား၏။

ဝူကွမ်းယင်၏ ချီအရှိန်အဝါကို ချန်ဖေး သဘာဝကျကျ မှတ်မိသော်လည်း ဤအခိုက်အတန့်တွင် ဝူကွမ်းယင်က ချန်ဖေးကို ပေးစွမ်းသော ခံစားချက်မှာ အလွန် ထူးဆန်းနေပြီး ယခင်ကနှင့် လုံးဝ ကွဲပြားခြားနားနေသည်။

ပို၍ အရေးကြီးသည်မှာ ဝူကွမ်းယင်က ဤအခိုက်အတန့်တွင် ရှန်ဝူမြို့ ဘက်၌ ရှန်ဝူမြို့ကို စောင့်ကြည့်နေသင့်သည် မဟုတ်ပါလား။

ယခု အဘယ်ကြောင့် ရုတ်တရက် ပြန်ရောက်လာရသနည်း။

ဂိုဏ်းတံခါး အပြင်ဘက်တွင် ဝူကွမ်းယင်က အသံမထွက်ဘဲ ညဘက် လင်းနို့ တစ်ကောင် ဂိုဏ်းတံခါး အတွင်းသို့ ကျဆင်းလာသကဲ့သို့ တောင်ပေါ် ကင်းလှည့်နေသော တပည့်များ အနက် မည်သူကမျှ ဝူကွမ်းယင်၏ ခြေရာကို မတွေ့ရှိခဲ့ကြချေ။

ထို့အပြင် ဂိုဏ်းအတွင်းရှိ အစီအရင်များက ဝူကွမ်းယင်၏ ချီအရှိန်အဝါ အပေါ်တွင် မှတ်သားထားပြီး ဖြစ်သဖြင့် သတိပေး အချက်ပေးသံများ မြည်လာမည် မဟုတ်ချေ။

ဝူကွမ်းယင်၏ ပုံရိပ် လက်ခနဲ ဖြစ်သွားပြီး အတွင်းတပည့်များ နေထိုင်ရာ နေရာသို့ ရောက်ရှိလာ၏။

သူ၏ မျက်လုံးများက တောက်ပလိုက် မှေးမှိန်လိုက် ဖြစ်နေပြီး ဝူကွမ်းယင်၏ မျက်နှာပေါ်တွင် ရုန်းကန်နေရသည့် အရိပ်အယောင် အချို့ ပေါ်လာသည်။

သို့သော် ဝူကွမ်းယင်၏ မျက်လုံးများထဲတွင် အနီရောင် အလင်းတန်းများ ပိုမို များပြားလာသည်နှင့်အမျှ ဤရုန်းကန်မှုများက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သွေးဆာနေသော အမူအရာများက တဖြည်းဖြည်း ပေါ်လွင်လာကာ ကြည့်ရုံဖြင့်ပင် လူများကို ကျောချမ်းသွားစေသည်။

ဝူကွမ်းယင်၏ နှုတ်ခမ်းထောင့်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာပြီး သူ၏ ပုံရိပ် လက်ခနဲ ဖြစ်သွားကာ အိမ်တစ်လုံး ရှေ့သို့ ကျဆင်းသွား၏။

သူ၏ ညာဘက်လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်ရာ အစွမ်းထက်သော ဆွဲငင်အား တစ်ခုက ဝူကွမ်းယင် ထံမှ ထွက်ပေါ်လာသည်။

အတွင်းတပည့် တစ်ယောက်က မည်သည့် ပြန်လည် ခုခံနိုင်စွမ်းမျှ မရှိဘဲ ဝူကွမ်းယင်၏ လက်ထဲသို့ ရောက်ရှိလာ၏။

ဝူကွမ်းယင်က ဤတပည့်၏ လည်ပင်းကို တိတ်တဆိတ် ချိုးဖျက်ရန် ပြင်လိုက်စဉ် ရုတ်တရက် လက်တစ်ဖက်က ဝူကွမ်းယင်၏ ပခုံးပေါ်သို့ ကျရောက်လာသည်။

ဝူကွမ်းယင်၏ အမူအရာ ရုတ်တရက် ပြင်းထန်စွာ ပြောင်းလဲသွားပြီး ပြန်လည် တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း ကြီးမားခမ်းနားလှသော စွမ်းအားကြီး တစ်ခုက သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာကြောင်း တွေ့ရှိလိုက်ရသည်။

ဤစွမ်းအား ရှေ့တွင် သူ၏ မူလစွမ်းအားများ အားလုံးက နောက်ဆုတ်သွားခဲ့ရသည်။

ဝူကွမ်းယင်မှာ လုံးဝ ပြန်လည် ခုခံနိုင်စွမ်း မရှိသလောက်ပင် ဖြစ်သွားပြီး ဖမ်းဆီးခံလိုက်ရကာ လှုပ်ရှား၍ မရတော့ချေ။

ချန်ဖေးက ညာဘက်လက်ကို တစ်ချက် ခါယမ်းလိုက်ရာ သတိမလည်သေးသော အတွင်းတပည့်ကို အိမ်ထဲသို့ ပြန်ပို့လိုက်ပြီး ညာဘက်လက်ဖြင့် ဝူကွမ်းယင်ကို ဆွဲကာ သူ၏ ပုံရိပ် လက်ခနဲ ဖြစ်သွားပြီး ပင်မတောင်ထွတ် ရှိရာဘက်သို့ ပြေးထွက်သွား၏။

ဝူကွမ်းယင်၏ ခန္ဓာကိုယ်က အဆက်မပြတ် တုန်ယင်နေပြီး ချန်ဖေး၏ ချုပ်နှောင်မှုမှ ရုန်းထွက်ရန် ကြိုးစားနေသည်။

သို့သော် သူတို့ နှစ်ယောက် ကြားရှိ ခွန်အား ကွာဟချက်က အလွန် ကြီးမားလွန်းလှပြီး ချန်ဖေးက ရုတ်တရက် တိုက်ခိုက်လိုက်ခြင်း ဖြစ်ရာ ဝူကွမ်းယင် အနေဖြင့် ယခု လုံးဝ ရုန်းမထွက်နိုင်တော့ချေ။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ချန်ဖေးက ချွီချင်းရှန်း၏ ခြံဝင်းရှေ့သို့ ရောက်ရှိလာ၏။

ချွီချင်းရှန်းက ချန်ဖေး၏ ချီအရှိန်အဝါကို အာရုံခံမိပြီးနောက် တံခါးအပြင်ဘက်သို့ ထွက်လာရာ ချန်ဖေးက ဝူကွမ်းယင်ကို ဆွဲလာသည်ကို မြင်တွေ့လိုက်ရသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချွီချင်းရှန်း အနည်းငယ် အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် ချွီချင်းရှန်းက ဝူကွမ်းယင်၏ ထူးခြားမှုကို တွေ့ရှိလိုက်ရသည်။

ဝူကွမ်းယင်၏ မျက်လုံးများထဲရှိ ရက်စက်ကြမ်းကြုတ်မှု သာမက ဝူကွမ်းယင်၏ ချီအရှိန်အဝါ ထဲတွင် အလွန် ထူးဆန်းသော အရာ အနည်းငယ် ပါဝင်နေသည်။

"အခုလေးတင်က... အကြီးအကဲဝူ က အတွင်းတပည့်တွေ ရှိတဲ့ နေရာမှာ ပေါ်လာပြီး..."

ချန်ဖေးက အခုလေးတင်က ဖြစ်ပျက်ခဲ့သည်များကို အကြမ်းဖျင်း ပြန်ပြောပြလိုက်သည်။

ဝူကွမ်းယင်က အတွင်းတပည့် များကို သတ်ဖြတ်ရန် ကြိုးစားခဲ့ကြောင်း ချွီချင်းရှန်း ကြားလိုက်ရသောအခါ ချွီချင်းရှန်း၏ မျက်နှာပေါ်တွင် တုန်လှုပ်မှု အရိပ်အယောင် အချို့ ပေါ်လာ၏။

ချွီချင်းရှန်းက ရှေ့သို့ တိုး၍ ဝူကွမ်းယင်၏ အခြေအနေကို စစ်ဆေးရန် ပြင်လိုက်စဉ် ဝူကွမ်းယင်၏ ခန္ဓာကိုယ်က ရုတ်တရက် အနည်းငယ် တုန်ယင်သွားပြီး အစောက ခပ်ရေးရေး ပေါ်လွင်နေသော ရက်စက်ကြမ်းကြုတ်သည့် ချီအရှိန်အဝါက တစ်ခဏချင်းမှာပင် ပျောက်ကွယ်သွားတော့သည်။

ဝူကွမ်းယင် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ရာ ချွီချင်းရှန်းနှင့် ချန်ဖေးတို့ကို မြင်လိုက်ရသဖြင့် အလိုအလျောက် တစ်ခဏမျှ မှင်တက်သွားပြီး ဘာတွေ ဖြစ်နေမှန်း အနည်းငယ် နားမလည်နိုင်အောင် ဖြစ်နေ၏။

ဝူကွမ်းယင် ပတ်ဝန်းကျင်ကို တစ်ချက် လှမ်းကြည့်လိုက်ရာ ဂိုဏ်းသို့ ပြန်ရောက်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် သူ၏ မျက်လုံးများထဲရှိ အံ့အားသင့်မှုများက ပို၍ပင် ကြီးမားလာသည်။

"ဂိုဏ်းချုပ်... ကျွန်တော် ရှန်ဝူမြို့ မှာ ရှိနေတာ မဟုတ်ဘူးလား... ဘာဖြစ်လို့လဲ..."

ဝူကွမ်းယင်က ချွီချင်းရှန်းကို ကြည့်လိုက်ရာ သူ၏ အမူအရာက သံသယများနှင့် တွေဝေမှုများ ပြည့်နှက်နေပြီး တစ်ချိန်တည်းမှာပင် စိုးရိမ်ပူပန်မှု အချို့လည်း ပါဝင်နေ၏။

မည်သူမဆို မျက်လုံးမှိတ်ပြီး ပြန်ဖွင့်လိုက်သောအခါ မိုင်တစ်ထောင်ကျော် ကွာဝေးသော နေရာသို့ ရုတ်တရက် ရောက်ရှိနေပါက အလွန် ထိတ်လန့်သွားမည်မှာ သေချာသည်။

ဒွာရသန့်စင်ခြင်း အဆင့်များပင် ဤထိတ်လန့်မှုကို ပို၍ပင် ခံစားရပေလိမ့်မည်။

"အခုလေးတင်က ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာ... မင်း ဘာမှ မမှတ်မိဘူးလား..."

ချွီချင်းရှန်းက မျက်မှောင်ကြုတ်၍ မေးလိုက်၏။

ယွမ်ချန်ဓားဂိုဏ်းမှ ဒွာရသန့်စင်ခြင်း အဆင့် ဝါရင့် ပညာရှင် တစ်ယောက် အနေဖြင့် ဝူကွမ်းယင်မှာ ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့် သာ ရှိသော်လည်း အတွေ့အကြုံနှင့် ခွန်အားပိုင်းတွင် သာမန် အကြီးအကဲများထက် များစွာ သာလွန်ပေသည်။

ဤသို့သော အခြေအနေမျိုးတွင် ဝူကွမ်းယင်ကို တိတ်တဆိတ် ထိန်းချုပ်နိုင်ခဲ့သည် ဆိုပါက အခြားလူများ ကြုံတွေ့ရလျှင် မည်သို့သော အခြေအနေမျိုး ဖြစ်လာမည်နည်း။

ချန်ဖေးက ညာဘက်လက်ကို လွှတ်လိုက်ပြီး နောက်သို့ တစ်လှမ်း ဆုတ်ကာ ဝူကွမ်းယင်ကို ကြည့်နေပြီး ဘာမှ မပြောဘဲ ကြယ်စင်ကြည့်ရှုခြင်း ကျင့်စဉ်ကို အစွမ်းကုန် လည်ပတ်ထားလိုက်သည်။

"ကျွန်တော် ရှန်ဝူမြို့မှာ လူသားလောင်းကောင်ကို စောင့်ကြည့်နေတာပဲ မှတ်မိတယ်... အဲဒီနောက်ပိုင်း ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာ အားလုံး မေ့သွားပြီ..."

ဝူကွမ်းယင်က ခေါင်းခါလိုက်သည်။

"မင်း စိတ်လျှော့ထားလိုက်... ငါ မင်းရဲ့ အသိစိတ်ပင်လယ်ကို စစ်ဆေးကြည့်မယ်..."

ချွီချင်းရှန်းက တစ်ခဏမျှ စဉ်းစားပြီးနောက် အသံနက်ဖြင့် ပြောလိုက်၏။

ဝူကွမ်းယင်၏ ဤအခြေအနေက စိတ်ကို အမှတ်အသား ပြုခံရပြီးနောက် စိတ်ကြိုက် ခြယ်လှယ်ခံရခြင်းနှင့် အလွန် ဆင်တူသည်။

သို့သော် စိတ်ကို ဖွင့်မပြပါက ပြင်ပမှနေ၍ ထူးခြားမှု တစ်ခုခုကို မြင်တွေ့ရန် ခက်ခဲပေလိမ့်မည်။

"ကောင်းပါပြီ..."

ဝူကွမ်းယင်က ခေါင်းညိတ်လိုက်သည်။

စိတ်ကို ဖွင့်ပြခြင်း ဆိုသည်မှာ လုံးဝ အကာအကွယ်မဲ့ ဖြစ်သွားခြင်းနှင့် အတူတူပင် ဖြစ်သော်လည်း ဝူကွမ်းယင်က အနည်းငယ်မျှ မတုံ့ဆိုင်းခဲ့ချေ။

"ခဏလေး..."

ချန်ဖေးက ချွီချင်းရှန်းကို ရုတ်တရက် တားလိုက်ရာ ချွီချင်းရှန်းက ချန်ဖေးကို အနည်းငယ် သံသယဖြစ်စွာ ကြည့်လိုက်၏။

"အကြီးအကဲဝူ... ရှီးလျန် အစစ်အမှန်သခင်က... လူမိုက် တစ်ယောက်လား..."

ချန်ဖေးက ဝူကွမ်းယင်ကို ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။

"ဘာ... ဘာ..."

ဝူကွမ်းယင်၏ ချီအရှိန်အဝါက ပြင်းထန်စွာ တုန်ယင်သွားပြီး သူ၏ မျက်လုံးများက ချန်ဖေးကို နားမလည်နိုင်စွာ ကြည့်နေ၏။

"ကျွန်တော် ဆိုလိုတာက... ရှီးလျန် အစစ်အမှန်သခင်က လူမိုက် တစ်ယောက်ပါ... ပြီးတော့ တဏှာရူး တစ်ယောက်လည်း ဖြစ်တယ်..."

ချန်ဖေးက အသံနက်ဖြင့် ပြောလိုက်သည်။

"မင်း... ရိုင်းစိုင်းလှချည်လား..."

ဝူကွမ်းယင်၏ မျက်လုံးများက ရုတ်တရက် သွေးရောင် လွှမ်းသွားပြီး တစ်ကိုယ်လုံးရှိ ဒွာရများ တုန်ယင်သွားကာ ပေါက်ကွဲထွက်တော့မည့်ဆဲဆဲတွင် ချန်ဖေး၏ ညာဘက်လက်နှင့် ဓားလက်ညိုးပုံစံလုပ်ပြီး ဝူကွမ်းယင်၏ နဖူးပေါ်သို့ အရင် ထိုးလိုက်သည်။

အခန်း (၃၈၃) သွေးယဇ်ပူဇော်ခြင်း

ဝူကွမ်းယင်၏ ဦးခေါင်းကို ဗဟိုပြု၍ လှိုင်းဂယက်များ ရိုက်ခတ်သွားပြီး သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ခါသွားကာ အမည်းရောင် အရိပ်တစ်ခုက အတင်းအကျပ် ထွက်ပေါ်လာ၏။

ထိုအမည်းရောင်အရိပ် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သတ်ဖြတ်လိုသော ရက်စက်သည့် ချီအငွေ့အသက်များက မျက်နှာဆီသို့ တိုးဝင်လာပြီး နှလုံးသားနယ်မြေထဲမှ ထူးဆန်းမှုများကဲ့သို့ ကမောက်ကမဖြစ်ကာ ရူးသွပ်နေပုံရသည်။

သို့သော် ထိုရူးသွပ်မှုထဲတွင် ဉာဏ်ပညာ အနည်းငယ်လည်း ပါဝင်နေသေး၏။

"ဝုန်း..."

အမည်းရောင်အရိပ်က ချန်ဖေးကို မျက်နှာမူ၍ ဟိန်းဟောက်လိုက်ပြီး လှုပ်ရှားရန် အချိန်ပင် မရလိုက်မီ ဓားအလင်းတန်းတစ်ခုက ဖြတ်သန်းသွားသည်။

အမည်းရောင်အရိပ်မှာ အနည်းငယ် တုန်ခါသွားပြီး နောက်တစ်ခဏတွင် အမည်းရောင်မီးခိုးငွေ့အဖြစ် ပြောင်းလဲကာ လွင့်စင်သွားတော့၏။

ဝူကွမ်းယင်၏ ခန္ဓာကိုယ်မှာ ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ သတိလစ်ကာ လဲကျသွားသည်။

ယုန်သူငယ် ပြေးလွှားသကဲ့သို့ အရာအားလုံးက တမုဟုတ်ချင်း ဖြစ်ပျက်သွားပြီး အစမှအဆုံး မျက်တောင်တစ်ခတ်စာ အချိန်သာ ကြာမြင့်ခဲ့၏။

ချန်ဖေးက ရှေ့သို့ တိုးသွားကာ ဝူကွမ်းယင်၏ ခန္ဓာကိုယ်ကို ဆွဲထူလိုက်ပြီး မူလအစစွမ်းအင်များကို ဖြတ်သန်းစီးဆင်းစေလိုက်ရာ တစ်ခဏအတွင်းမှာပင် ဝူကွမ်းယင်၏ မျက်လုံးများ ဖြည်းညင်းစွာ ပွင့်လာသည်။

အစောက သတိပြန်လည်လာဟန် ဆောင်နေစဉ်ကနှင့် ဘာမျှ ကွာခြားမှု မရှိပုံရသော်လည်း ဝူကွမ်းယင် အဆင်ပြေသွားပြီ ဖြစ်ကြောင်း ချန်ဖေး သိလိုက်၏။

"ငါ ဘာဖြစ်သွားတာလဲ..."

ဝူကွမ်းယင်က ချန်ဖေးနှင့် ချွီချင်းရှန်းတို့ကို ကြည့်၍ တွေဝေစွာ မေးလိုက်သည်။

ချွီချင်းရှန်းက ချန်ဖေးကို ကြည့်လိုက်ရာ ချန်ဖေးက ခေါင်းညိတ်ပြ၍ ဝူကွမ်းယင် အဆင်ပြေကြောင်း အချက်ပြလိုက်၏။

ကြယ်စင်ကြည့်ရှုခြင်း ကျင့်စဉ်က စိတ်ကို အဓိကထားသော ကျင့်စဉ်ဖြစ်ခြင်းကြောင့်သာ မဟုတ်လျှင် မိုင်ပေါင်းများစွာ ကွာဝေးသော တောင်တံခါးမှနေ၍ ဝူကွမ်းယင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း အာရုံခံမိရန် အလွန် ခက်ခဲပေလိမ့်မည်။

ကြိုးမျှင်တစ်ထောင် ကျင့်စဉ်က စိတ်ပိုင်းဆိုင်ရာ အာရုံခံနိုင်စွမ်းတွင် အလွန် သိမ်မွေ့သော်လည်း နောက်ဆုံးတွင် အနည်းငယ် လိုအပ်နေသေး၏။

အထူးသဖြင့် အစောက ဝူကွမ်းယင် သတိပြန်လည်လာဟန် ဆောင်နေစဉ်တွင် ကြိုးမျှင်တစ်ထောင် ကျင့်စဉ်က တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိမပြုမိခဲ့ဘဲ ကြယ်စင်ကြည့်ရှုခြင်း ကျင့်စဉ်ကသာ ချန်ဖေးကို အဆက်မပြတ် သတိပေးနေခဲ့သဖြင့် အစောက စမ်းသပ်မှုမျိုး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဝူကွမ်းယင် ရှန်ဝူမြို့မှ ပြန်လာစဉ်ကတည်းက ရှန်ဝူမြို့ရှိ ရှီးလျန်အစစ်အမှန် သခင်၏ လက်ချက် ဖြစ်နိုင်ခြေ အများဆုံး ဖြစ်ကြောင်း ချန်ဖေး တွေးမိ၏။

ရှီးလျန်အစစ်အမှန် သခင်က ဝူကွမ်းယင်၏ ခန္ဓာကိုယ်ကို ဝင်ပူးနိုင်ခြေ နည်းပါးသော်လည်း ဝူကွမ်းယင်ကို မိစ္ဆာ လက်ပါးစေအဖြစ် ပြောင်းလဲပစ်နိုင်ခြေ အလွန် များပြားပေသည်။

မိစ္ဆာ လက်ပါးစေ ဆိုသည်မှာ အစေခံ ကျွန်ပြုခံရသော ရုပ်သေးရုပ်ပင် ဖြစ်ပြီး အစောက အမည်းရောင် အရိပ်မှာ ထိုအစေခံ၏ ခန္ဓာကိုယ်ပင် ဖြစ်သည်။

အကယ်၍ အစောက ဝူကွမ်းယင်က သူ၏ စိတ်ကို ဖွင့်ပေးလိုက်ပြီး ချွီချင်းရှန်းက သူ၏ စိတ်ဖြင့် ထပ်မံ စစ်ဆေးကြည့်မည် ဆိုပါက ချွီချင်းရှန်းပါ ညစ်ညမ်းသွားနိုင်ခြေ အလွန် များပြား၏။

ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့်၏ စိတ်မှာ ယေဘုယျအားဖြင့် ညစ်ညမ်းလေ့ မရှိသကဲ့သို့ မည်သည့် ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့်မဆို ကျွန်ပြုခံရသည်ဟု ကြားဖူးရန် ခဲယဉ်းလှသည်။

သို့သော် ဝူကွမ်းယင်က လိုလိုလားလား ရှိနေခြင်းကို ကြည့်လျှင် ဤညစ်ညမ်းမှု၏ ပြင်းအားမှာ တွေးထင်ထားသည်ထက် ကျော်လွန်နေပြီး ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့်ပင်လျှင် သတိမထားမိပါက ပြဿနာကြီးများ ကြုံတွေ့ရနိုင်ပေသည်။

ချွီချင်းရှန်းက ဤအခြေအနေကို တွေးမိသွားပြီး မျက်နှာမှာ တည်ကြည်လေးနက်သွား၏။

အစောက ချန်ဖေးက တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိမပြုမိခဲ့လျှင် သူကိုယ်တိုင် အန္တရာယ်ရှိရုံသာမက ယွမ်ချန်ဓားဂိုဏ်း တစ်ခုလုံးပါ အန္တရာယ် ကျရောက်သွားနိုင်ပေသည်။

"ခင်ဗျားကို ရှီးလျန်အစစ်အမှန် သခင်က ထိန်းချုပ်ထားတာ..."

ချန်ဖေးက အသံကို နှိမ့်၍ အစောက ဖြစ်ပျက်ခဲ့သည်များကို အကျဉ်းချုံး ပြောပြလိုက်သည်။

ချန်ဖေး၏ စကားများကို ကြားပြီးနောက် ဝူကွမ်းယင်၏ မျက်လုံးများ တဖြည်းဖြည်း ပြူးကျယ်လာကာ အကြောက်တရားများ ပြည့်နှက်သွား၏။

သေရမည်ကို ဝူကွမ်းယင် မကြောက်ရွံ့သော်လည်း သူ ထိန်းချုပ်ခံရပြီး ဂိုဏ်းတစ်ခုလုံးကို ရေထဲဆွဲချရမည် ဆိုပါက ဝူကွမ်းယင်အနေဖြင့် သေသည့်တိုင်အောင် နောင်တရနေမည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဝူကွမ်းယင်၏ မှတ်ဉာဏ်ထဲ၌ အချက်အလက် အပိုင်းအစတချို့ တဖြည်းဖြည်း ပေါ်ထွက်လာ၏။

"သွေးယဇ်ပူဇော်ခြင်း..."

ဝူကွမ်းယင်က သူ၏ ခန္ဓာကိုယ်ကို အားယူကာ မတ်တတ်ရပ်လိုက်ပြီး ဆက်ပြောလိုက်သည်။

"အတွင်းတပည့်တွေကို သတ်ဖြတ်ပြီး အနှစ်သာရ သွေးတွေကို ထုတ်ယူမယ်... သွေးအစီအရင်ကို ဖန်တီးပြီး လူတွေကို ပိုပြီး ညစ်ညမ်းစေမယ့် ချီအငွေ့အသက်တွေ ထုတ်လွှတ်မယ်..."

ချွီချင်းရှန်းက ချန်ဖေးကို တစ်ချက် ကြည့်လိုက်၏။ ဤသည်မှာ တကယ်ကို ချန်ဖေးကို ကျေးဇူးတင်ရမည့် ကိစ္စပင် ဖြစ်သည်။

ဝူကွမ်းယင်က ဂိုဏ်း၏ အကြီးအကဲ တစ်ဦး ဖြစ်သဖြင့် အစီအရင်က မည်သည့် သတိပေးချက်မျှ ပြုလုပ်မည် မဟုတ်ဘဲ အချိန်တန်လျှင် သွေးအစီအရင် ပြီးပြည့်စုံသွားပေလိမ့်မည်။

ထိုအခါ ခန္ဓာကိုယ် ကြံ့ခိုင်ခြင်း အဆင့်ရှိ အပြင်တပည့်များနှင့် အတွင်းတပည့်များမှာ ဤညစ်ညမ်းမှုကို လုံးဝ ခုခံနိုင်မည် မဟုတ်သကဲ့သို့ အစစ်အမှန်တပည့် တောင်ထွတ်မှ အစစ်အမှန် တပည့်များပင်လျှင် ဤဘေးအန္တရာယ်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ကျန်ရှိနေသော ဒွာရသန့်စင်ခြင်း အဆင့် အကြီးအကဲများ၏ အခြေအနေမှာလည်း ပြောရန် ခက်ခဲလှ၏။

ယွမ်ချန်ဓားဂိုဏ်း တစ်ခုလုံးရှိ တပည့်များ မည်မျှအထိ ညစ်ညမ်းသွားမည်ကို ပြောရန် ခက်ခဲလှသည်။

ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့်များပင်လျှင် တဖြည်းဖြည်း ပွန်းပဲ့စားသုံးခံရနိုင်ပြီး နောက်ပိုင်းတွင် ပြန်လည် ကုစား၍ မရနိုင်တော့မည့် အခြေအနေသို့ ရောက်သွားနိုင်သည်။

အဆိုးရွားဆုံး အခြေအနေမှာ ယွမ်ချန်ဓားဂိုဏ်းတွင် ဒွာရသန့်စင်ခြင်း အဆင့် အနည်းငယ်သာ အသက်ရှင်ကျန်ရစ်နိုင်ပြီး သို့မဟုတ် လုံးဝ ပျက်စီးသွားကာ ရှန်ဝူမြို့မှ မိစ္ဆာ လက်ပါးစေများ ဖြစ်သွားနိုင်ပေသည်။

အသက်ရှင်ရန်လည်း မဖြစ်နိုင်သကဲ့သို့ သေဆုံးရန်လည်း မဖြစ်နိုင်တော့ပေ။

ချန်ဖေး မျက်မှောင်ကြုတ်လိုက်၏။

ဒွာရပေါင်းစည်းခြင်း အဆင့်ရှိ ဤလူသားလောင်းကောင်မှာ အလွန် ယုတ်မာလွန်းလှသည်။ ရှန်ဝူမြို့ကို ကြောက်ရွံ့သောကြောင့် မိုင်ပေါင်းများစွာ အကွာတွင် နေကြသော်လည်း ရှန်ဝူမြို့အပြင်ဘက်ထိ မသိမသာ လှည့်စားခဲ့ခြင်း ဖြစ်သည်။

"ကျိုးပဲ့နေတဲ့ အဆင့်မြင့် မှော်ရတနာကြောင့် ဖြစ်နိုင်မလား..."

ချန်ဖေး၏ စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာ၏။

ဤနယ်မြေတွင် အစွမ်းအထက်ဆုံး အဆင့်နိမ့် မှော်ရတနာများမှာ ဒွာရပေါင်းစည်းခြင်း အဆင့်ရှိ ပညာရှင်များ၏ လက်ထဲတွင်သာ ရှိသည်။

နတ်တိမ်ဓားဂိုဏ်းက အလယ်အလတ်အဆင့် မှော်ရတနာတစ်ခု ဖန်တီးရန် ကြိုးစားခဲ့သော်လည်း ကံမကောင်းစွာဖြင့် ကျရှုံးသွားခဲ့သည်။

ကောလာဟလများအရ အဆင့်မြင့် မှော်ရတနာများ၏ စွမ်းအားမှာ အလွန် ကြီးမားလှပြီး ကျိုးပဲ့နေလျှင်ပင် အံ့ဖွယ် အစွမ်းသတ္တိများစွာ ကျန်ရှိနေသေးသည်ဟု ဆိုကြ၏။

အားလုံးက ရှန်ဝူမြို့ကို အထင်သေးခဲ့ကြပြီး ဒွာရပေါင်းစည်းခြင်း အဆင့်ရှိ လူသားလောင်းကောင် ရှီးလျန်အစစ်အမှန် သခင်ကို လျှော့တွက်ခဲ့ကြခြင်း ဖြစ်သည်။

"ရှန်ဝူမြို့အပြင်မှာ တခြားဂိုဏ်းတွေက လူတွေ ရှိတယ်... ချန်ဖေး... မင်း ချန်ရွှေတောင်ကြားဂိုဏ်းကို သွားပြီး အကြောင်းကြားပေးပါ..."

ချွီချင်းရှန်း၏ မျက်နှာမှာ တည်ကြည်လေးနက်နေ၏။

“နှုတ်ခမ်းတွေမရှိရင် သွားတွေအေးလိမ့်မယ်” ဆိုသည့် စကားပုံကို သူနားလည်သည်။ နတ်တိမ်မြို့ ပတ်ဝန်းကျင်ရှိ ဂိုဏ်းများကြားတွင် ပြိုင်ဆိုင်မှုများ ရှိနေစေကာမူ ယနေ့ကဲ့သို့သော အခြေအနေမျိုးတွင် ညီညွတ်ခြင်း၏ အကျိုးကျေးဇူးက ပို၍ ကြီးမားလှပေသည်။

ချန်ဖေးက ခေါင်းညိတ်၍ သဘောတူလိုက်၏။

ချွီချင်းရှန်းနှင့် ဝူကွမ်းယင်တို့ နေရာမှ ပျောက်ကွယ်သွားပြီး ချန်ဖေးက သူ၏ ခြံဝန်းဆီသို့ ပြန်သွားကာ ချီရှူချင်းကို ရှာလိုက်သည်။

"ရှန်ဝူမြို့က သွေးယဇ်ပူဇော်လိမ့်မယ်..."

ချန်ဖေး၏ အကျဉ်းချုပ် ရှင်းပြချက်ကို ကြားပြီးနောက် ချီရှူချင်းက မတ်တတ်ရပ်လိုက်၏။

ချန်ဖေး အပြင်သွားသည့် အချိန်ခဏလေးအတွင်း ဤမျှများပြားသော ကိစ္စရပ်များ ဖြစ်ပျက်သွားလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

"အကြီးအကဲ ချန်က ရှန်ဝူမြို့ကို သွားခဲ့တာ ဆိုတော့ အခု တစ်ခုခု ဖြစ်နေလောက်ပြီ..."

ချီရှူချင်းက ပြောရင်း ခြံဝန်းထဲမှ ထွက်ကာ ဂိုဏ်းဆီသို့ အမြန် ပြန်သွားရန် ပြင်လိုက်သည်။

ချန်ဖေး၏ ပုံရိပ်က လှုပ်ရှားသွားပြီး ချီရှူချင်း၏ ပုံရိပ်ကို အမီလိုက်ကာ ချီရှူချင်း၏ လက်များကို ဆုပ်ကိုင်လိုက်၏။

ကောင်းကင် ရှောင်တိမ်းခြင်း ကိုယ်ဖော့ပညာကို အဆုံးစွန်ထိ အသုံးပြုပြီး ဖေးဆော့ကျန့်၏ အကူအညီဖြင့် သူတို့ နှစ်ယောက်မှာ မျက်တောင်တစ်ခတ်အတွင်း ယွမ်ချန်ဓားဂိုဏ်း အတွင်းမှ ပျောက်ကွယ်သွားတော့သည်။

ချီရှူချင်း၏ ကျင့်ကြံမှုအဆင့်မှာ ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့်တွင်သာ ရှိပြီး ပုံမှန်အခြေအနေများတွင် ပြဿနာအများစုကို ကိုင်တွယ်ဖြေရှင်းနိုင်သော်လည်း ‌ချန်ရွှေတောင်ကြား ဂိုဏ်းတွင် တကယ်တမ်း ပြဿနာ တစ်ခုခု ဖြစ်ပေါ်လာပါက ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့် တစ်ယောက်တည်းဖြင့် အလွန် အားနည်းလှပေသည်။

ထို့ပြင် ချီရှူချင်းမှာ ကြယ်စင်ကြည့်ရှုခြင်း ကျင့်စဉ်ကို မလေ့ကျင့်ထားသဖြင့် ‌ချန်ရွှေတောင်ကြား ဂိုဏ်း အတွင်း၌ မည်သူက ညစ်ညမ်းနေပြီး မည်သူက ပုံမှန် ဖြစ်နေကြောင်းကို လုံးဝ ခွဲခြားသိမြင်နိုင်မည် မဟုတ်ပေ။

ဤတစ်ကြိမ်တွင် ချန်ဖေး မလိုက်သွားပါက နောက်တစ်ကြိမ် ချီရှူချင်းကို ထပ်မြင်ရတော့မည် မဟုတ်ကြောင်း ချန်ဖေး သိနေ၏။

ဤမျှ အချိန်ကြာမြင့်စွာ အတူနေလာပြီးနောက် ချန်ဖေးအနေဖြင့် ချီရှူချင်းကို ဤကဲ့သို့ သေတွင်းထဲသို့ သွားခွင့်ပြုမည် မဟုတ်ပေ။

“နှုတ်ခမ်းတွေမရှိရင် သွားတွေအေးလိမ့်မယ်” ဆိုသော ချွီချင်းရှန်း၏ အတွေးကဲ့သို့ပင် အခွင့်အရေး ရှိပါက ချန်ဖေးက ‌ချန်ရွှေတောင်ကြား ဂိုဏ်းကို အန္တရာယ် မရှိစေချင်ပေ။

ချီရှူချင်းက ဘေးဘက်ရှိ ချန်ဖေးကို ကြည့်လိုက်ရာ သူမ၏ မျက်လုံးများတွင် နူးညံ့ကြင်နာမှုများ ပြည့်နှက်နေ၏။

ချန်ဖေးက အတူတကွ လိုက်ပါရန် ဆန္ဒရှိနေခြင်းက ချီရှူချင်းကို အလွန် ဝမ်းသာကြည်နူးစေသည်။

တစ်ချိန်တည်းမှာပင် ချန်ဖေး ပြသနေသော ကိုယ်ဖော့ပညာ အမြန်နှုန်းက ချီရှူချင်းကို လျှို့ဝှက်စွာ အံ့အားသင့်စေ၏။

ဤအမြန်နှုန်းမျိုးကို ချီရှူချင်း အနေဖြင့် အတိတ်က ‌ချန်ရွှေတောင်ကြား ဂိုဏ်း၏ ဂိုဏ်းချုပ်ဆီတွင်သာ မြင်တွေ့ခဲ့ဖူးပြီး ချန်ဖေးက ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့်သို့ တက်လှမ်းထားသည်မှာ အချိန်သိပ်မကြာသေးပေ။

ချန်ဖေးက အနည်းငယ်မျှ ပြသလိုက်တိုင်း ချီရှူချင်းကို အံ့အားသင့်စေပြီး ချန်ဖေးအပေါ် အဆက်မပြတ် လေးစားအားကျမိစေကာ သူ၏ ခန္ဓာကိုယ်ထဲတွင် ဤကဲ့သို့သော လျှို့ဝှက်ချက် မည်မျှ ဖုံးကွယ်ထားကြောင်းကိုပါ သိချင်စိတ် ဖြစ်ပေါ်စေသည်။

ချီရှူချင်း၏ ကျင့်ကြံမှုအဆင့်အရ အတွေ့အကြုံများစွာ ရှိသည်ဟု ယူဆနိုင်သော်လည်း ဤအသိပညာများမှာ ချန်ဖေး၏ ရှေ့တွင် အဓိပ္ပာယ်မဲ့သွားသကဲ့သို့ ရှိနေ၏။

ယွမ်ချန်ဓားဂိုဏ်းနှင့် ‌ချန်ရွှေတောင်ကြား ဂိုဏ်းတို့မှာ မိုင်ပေါင်း ဒါဇင်ခန့်သာ ကွာဝေးသဖြင့် ချန်ဖေးတို့ နှစ်ယောက်မှာ ‌ချန်ရွှေတောင်ကြား ဂိုဏ်း၏ တောင်တံခါးအောက်သို့ မိနစ်အနည်းငယ်အတွင်း ရောက်ရှိလာကြသည်။

အတော်လေး တိတ်ဆိတ်နေပုံရသော ‌ချန်ရွှေတောင်ကြား ဂိုဏ်းကို ကြည့်၍ ချီရှူချင်းက သက်ပြင်းချလိုက်၏။

သူမ ရောက်ရှိလာချိန်တွင် တောင်တံခါးမှ သွေးချီများ ကောင်းကင်သို့ ထိုးတက်နေမည်ကို ချီရှူချင်း စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။

"သွားကြစို့... ဂိုဏ်းချုပ်ကို အရင် ရှာရအောင်..."

ချီရှူချင်းက ချန်ဖေးကို လှည့်ကြည့်လိုက်သော်လည်း ချန်ဖေးက ‌ချန်ရွှေတောင်ကြား ဂိုဏ်းကို မျက်မှောင်ကြုတ်၍ ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် ချီရှူချင်း၏ စိတ်မှာ အနည်းငယ် ပေါ့ပါးသွားသော်လည်း ပြန်လည် လေးလံလာပြန်၏။

"ဘာဖြစ်လို့လဲ..."

ချီရှူချင်း၏ အသံများ အနည်းငယ် တုန်ယင်နေကြောင်း သူမကိုယ်သူမ သတိပြုမိလိုက်သည်။

"အကြီးအကဲ ချန် ပြန်ရောက်နေပြီ..."

‌ချန်ရွှေတောင်ကြား ဂိုဏ်း၏ အစီအရင် တားဆီးမှုကြောင့် ချန်ဖေးအနေဖြင့် ‌ချန်ရွှေတောင်ကြား ဂိုဏ်း အတွင်းရှိ ထူးဆန်းသော ချီအငွေ့အသက်များကို အာရုံခံရန် ခက်ခဲနေပြီး ယွမ်ချန်ဓားဂိုဏ်းတွင် ရှိစဉ်က အစီအရင်က ချန်ဖေးကို ကာကွယ်မှု မရှိခြင်းနှင့် မတူပေ။

သို့သော် ‌ချန်ရွှေတောင်ကြား ဂိုဏ်း အစီအရင်၏ ပိတ်ဆို့မှုကြားမှပင် တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို ချန်ဖေး မသဲမကွဲ ခံစားနေရဆဲ ဖြစ်၏။

"ကိုယ်ပွားကို အရင် သွားခိုင်းလိုက်မယ်..."

ချန်ဖေးက အသံကို နှိမ့်၍ ပြောလိုက်သည်။

ချန်ဖေး၏ ခန္ဓာကိုယ်မှ ပုံရိပ်ယောင် ကိုယ်ပွားတစ်ခု ထွက်ပေါ်လာပြီး ‌ချန်ရွှေတောင်ကြား ဂိုဏ်း အတွင်းသို့ အလျင်အမြန် ဝင်ရောက်သွား၏။

‌ချန်ရွှေတောင်ကြား ဂိုဏ်း၏ တံခါး အစီအရင်က ချန်ဖေး ရောက်ရှိလာမှုကြောင့် အနည်းငယ် တုန်ခါသွားပြီး အတွင်းဘက်သို့ သတိပေးချက်တစ်ခု ပေးပို့လိုက်သည်။

‌ချန်ရွှေတောင်ကြား ဂိုဏ်း အတွင်း၌ ချန်ဖေး၏ ကိုယ်ပွားက တပည့်များရှိရာ နေရာသို့ အကြည့်တစ်ချက် ဝေ့ကြည့်လိုက်သော်လည်း ထိုနေရာတွင် ဘာမှ မဖြစ်ပျက်နေသကဲ့သို့ အရာအားလုံးက ပုံမှန်အတိုင်း ဖြစ်နေ၏။

ချန်ဖေး၏ မျက်လုံးများက ပတ်ဝန်းကျင်ကို ထပ်မံ ဝေ့ကြည့်လိုက်ရာ အားလုံးက ပုံမှန်ဖြစ်နေသော်လည်း ထိုထူးဆန်းသည့် ခံစားချက်က ချန်ဖေး၏ စိတ်ထဲတွင် ရစ်ဝဲနေဆဲ ဖြစ်သည်။

ချန်ဖေး၏ ပုံရိပ်က လှုပ်ရှားသွားပြီး ‌ချန်ရွှေတောင်ကြား ဂိုဏ်း၏ အဓိက တောင်ထွတ်ဆီသို့ ပြေးထွက်သွား၏။

ပြဿနာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ‌ချန်ရွှေတောင်ကြား ဂိုဏ်း၏ ဂိုဏ်းချုပ် ကျီရွေ့ချင်းကို အရင်ရှာ၍ ကိစ္စရပ်များကို အကြောင်းကြားရမည် ဖြစ်သည်။

"ဘယ်သူလဲ... ငါတို့ ‌ချန်ရွှေတောင်ကြား ဂိုဏ်းကို ဘာလို့ ကျူးကျော်လာတာလဲ..."

အဝေးမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး ပုံရိပ်တစ်ခုက ချန်ဖေး၏ နောက်မှ လိုက်လာ၏။

ချန်ဖေးက တမင်တကာ ရှောင်တိမ်းမနေတော့ဘဲ ကျောက်တုံးတစ်တုံးပေါ်တွင် ရပ်ကာ လူလာမည်ကို စောင့်နေလိုက်သည်။

တောင်တံခါးကို ကျူးကျော်လာသူက ထွက်မသွားဘဲ တစ်နေရာတည်းတွင် ရပ်နေသည်ကို ချူးယွီရွှမ်က အဝေးမှ မြင်လိုက်ရသောအခါ သူမ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး အနီးကပ် ကြည့်ရှုရန် ရပ်တန့်လိုက်ကာ ချီအငွေ့အသက်ကို ပေါင်းစပ်ကြည့်လိုက်ရာ ချန်ဖေးဖြစ်ကြောင်း ချက်ချင်း သိလိုက်၏။

လတ်တလောတွင် ‌ချန်ရွှေတောင်ကြား ဂိုဏ်း အတွင်း၌ ချန်ဖေး၏ အကြောင်းကို မကြာခဏ ပြောဆိုနေကြပြီး ချန်ဖေး၏ ပါရမီအပြင် အဓိက အကြောင်းရင်းမှာ ချီရှူချင်းကြောင့် ဖြစ်သည်။

ချီရှူချင်းက နောက်ဆုံးတွင် ချန်ဖေးကို ရွေးချယ်ခဲ့ခြင်းက ‌ချန်ရွှေတောင်ကြား ဂိုဏ်း အတွင်းရှိ လူများစွာကို အံ့အားသင့်စေခဲ့၏။

အကြောင်းမှာ ချန်ဖေးကို မည်သို့ပင် ကြည့်စေကာမူ သူက တက်သစ်စ ကြယ်ပွင့် တစ်ဦးအဖြစ်သာ သတ်မှတ်နိုင်ပြီး ချန်ဖေး၏ အနာဂတ်ကို တန်ဖိုးထားလျှင်ပင် အနည်းဆုံးတော့ ချန်ဖေးက

‌ချန်ရွှေတောင်ကြား ဂိုဏ်းသို့ လာရောက်သင့်သည်ဟု ယူဆကြခြင်းကြောင့် ဖြစ်သည်။

သို့သော် ချီရှူချင်းက ယွမ်ချန်ဓားဂိုဏ်းသို့ သွားခဲ့ခြင်းမှာ ချီရှူချင်းက အစပြုခဲ့ခြင်း ဖြစ်ပြီး ယခုကဲ့သို့ ရလဒ်မျိုး ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

‌ချန်ရွှေတောင်ကြား ဂိုဏ်း အတွင်းရှိ လူအများစုမှာ နားမလည်နိုင် ဖြစ်နေကြပြီး ပို၍ အရေးကြီးသည်မှာ ဂိုဏ်းချုပ် ကျီရွေ့ချင်းက ချီရှူချင်း၏ လုပ်ရပ်ကို သဘောတူ လက်ခံခဲ့ခြင်း ဖြစ်၏။

ဤအထဲတွင် ဖုံးကွယ်ထားသော အမှန်တရား အချို့ ရှိရမည်ဟု အားလုံးက ခန့်မှန်းနေကြသဖြင့် ချန်ဖေးအပေါ် ပို၍ သိချင်စိတ် ဖြစ်ပေါ်လာကြသည်။

ချူးယွီရွှမ်ကလည်း ချန်ဖေးအပေါ် စပ်စုချင်စိတ် ရှိနေပြီး အခွင့်အရေးရပါက ချန်ဖေးနှင့် တစ်ကြိမ် တွေ့ဆုံရန် စိတ်ကူးထားခဲ့၏။

သို့သော် ဤကဲ့သို့ အခြေအနေမျိုးတွင် တွေ့ဆုံရလိမ့်မည်ဟု ချူးယွီရွှမ် မမျှော်လင့်ထားခဲ့ပေ။

ချန်ဖေးက ‌ချန်ရွှေတောင်ကြား ဂိုဏ်း အတွင်းသို့ ညအချိန်တွင် ကျူးကျော်ဝင်ရောက်လာခြင်းက မိတ်ဆွေပီသသော လုပ်ရပ် မဟုတ်ပေ။

ချန်ဖေးနှင့် ချီရှူချင်းတို့၏ လုပ်ရပ်က ရိုင်းစိုင်းသည်ဟုပင် ဆိုနိုင်ပြီး တံခါးမခေါက်ဘဲ တံခါးကို ကန်ဖွင့်ဝင်လာခြင်းနှင့် တူညီနေသည်။

"သခင်မလေး ချူး... ကျွန်တော်က ဂိုဏ်းချုပ် ချွီရဲ့ အမိန့်ကို ဆောင်ရွက်ဖို့ ရောက်လာတာပါ... ခင်ဗျားတို့ ဂိုဏ်းချုပ်ကို တွေ့ချင်ပါတယ်..."

ချန်ဖေးက ချူးယွီရွှမ်ကို ကြည့်၍ လက်ယှက်ဂါဝရပြုကာ ပြောလိုက်သည်။

All Chapters