← Chapters

အခန်း (၁၁၅၃-၁၁၅၄)

Vol. 97 Ch. 1153-1154

အခန်း (၁၁၅၃-၁၁၅၄)

Vol. 97 Ch. 1153-1154

အခန်း ၁၁၅၃ -

မကောင်းဆိုးရွယ်ကြယ်ပွင့် ... ။

ဗေဒင်ဆရာအဘိုးကြီးသည် အလွန်မသက်မသာဖြစ်နေပုံရပြီး အကူအညီမဲ့ နေချေပြီ။

“ ဒီအကြောင်းကို ငါတကယ် မသိဘူးလို့ပဲ ပြောနိုင်တယ်။ ”

စုရီက အဘိုးကြီးထံစိုက်ကြည့်ကာ၊

“ ငါမေးနေတာ၊ ဒီကိစ္စကို ဘယ်သူ လာမေးသေးလဲလို့မေးနေတာ။ ”

-ဟု ထပ်‌မေးလိုက်သည်။ အဘိုးကြီးမှ ခဏမျှတိတ်ဆိတ်သွားပြီး သက်ပြင်းချလိုက် တော့၏။

“ ဧကရာဇ်ရှင်းကျောက်။ ”

“ ဒါဆို သူမပဲ ... ။ ”

စုရီက တိုးတိုးလေးပြောလိုက်သည်။ ကြက်သွေးရောင်ဆံပင်ရှည်ရှည်နှင့် အမျိုးသမီး တစ်ဦး၏ ပုံရိပ်သည် သူ့စိတ်ထဲပေါ်လာ၏။

မရေမတွက်နိုင်သော ကြယ်များ ဝန်းရံထားသည့် နတ်ဘုရားမတစ်ပါးကဲ့သို့ မာနထောင်လွှားသည့် အမျိုးသမီးပေပင်။

ဘေးတွင် တိတ်ဆိတ်စွာထိုင်နေသော ချင်းဝေသည်လည်း အံ့အားသင့်သွားတော့၏။ ဧကရာဇ်ရှင်းကျောက်သည် မြောက်ပင်လယ်၏ နတ်ဆိုးဧကရာဇ်သုံးပါးအနက်မှ တစ်ပါးပေပင်။

ထို့နောက် စုရီသည် တစ်စုံတစ်ရာကို သတိရသွားဟန်သည်။ ထိုစဉ်ကနတ်ဆိုးခေတ်၌ မူကျင်းအမည်ရှိ ဗလာနယ်ပယ်အင်မော်တယ် တစ်ဦးနှင့် ဆုံတွေ့ခဲ့ဖူး၏။

ထိုသူသည် ချင်မူဆန်မျိုးနွယ်မှ ဆင်းသက်လာသူဖြစ်ပြီး သူ့ဘိုးဘေးအမည်မှာ မူချောင်ရှင်းဖြစ်သည်။ ဝမ်ယဲ့လက်အောက်တွင် စစ်သူကြီးတစ်ပါးဖြစ်၏။

ထိုမူကျင်းသည် ဧကရာဇ်ရှင်းကျောက်၏ အမိန့်အရ ရွှယ်ရှောင်ကျိဂိုဏ်းထံသို့ စိမ့်ဝင်ခဲ့သူ ပေပင်။

အကြောင်းရင်းမှာ ရိုးရှင်းချေသည်။ ဝမ်ယဲ့သည် ပြိုင်ဘက်များမှ ချုံခိုတိုက်ခိုက်ခြင်း ခံရပြီးနောက် ကျဆုံးသွားကြောင်း သတင်း ကြီးနေခဲ့၏။

သို့သော် ဧကရာဇ် ရှင်းကျောက်မှ မယုံကြည်ချေ။ ရွှယ်ရှောင်ကျိထံ သူလျှိုများ စေလွှတ်ကာ စုံစမ်းစေခဲ့သည်။

“ သူမက ဒီကိစ္စအပေါ် တကယ်ပဲ အလေးအနက်ထားပြီး မင်းကိုမေးဖို့တောင် ဝန်မလေးပါလား။ ”

စုရီမှ မှတ်ချက်ပေးလိုက်သည်။ ဗေဒင်ဆရာအဘိုးကြီးက အရိုးကိုကိုက်လျက် တုန့်ပြန်လာ၏။

“ အဲဒါတွေက ကြာနေပါပြီ ဓမ္မအဆုံးခေတ်အပြီးမှာ ငါ အဲဒီအမျိုးသမီးကို ထပ်မတွေ့ရတော့ဘူး။ ”

ထို့‌နောက် သက်ပြင်းချကာ၊

“ ဒါ အချိန်တိုက်စားခြင်းရဲ့ သင်္ကေတပဲ၊ ပန်းတွေကတစ်နှစ်ပြီးတစ်နှစ် ပွင့်နေပေမယ့် လူတွေကတော့ တစ်ယောက်ပြီးတစ်ယောက် ‌ပျောက်ကွယ်နေတယ်။ ”

-ဟု ညည်းတွားလိုက်၏။

“ ဒါဆို အတိတ်အကြောင်း မပြောနဲ့တော့ ရွှယ်ရှောင်ကျိနဲ့ အင်မော်တယ်နယ်ပယ် အထွတ်အထိပ်မှာ ရပ်နေတဲ့ အဘိုးကြီးတွေက ဘာလို့ ပုန်းအောင်းနေကြတာလဲ သူတို့ ဘယ်လို ဘေးဒုက္ခမျိုးကို ရှောင်နေကြတာလဲ။ ”

ချီဖူဖန်းသည် အင်မော်တယ်ဘုရင်များ အားလုံး ကပ်ဘေးကိုရှောင်လွှဲဖို့ရန် ကမ္ဘာကနေ ပုန်းကွယ်နေသည်ဟု ဆိုခဲ့ဖူး၏။

ဗေဒင်ဆရာအဘိုးကြီးက ထိုအကြောင်းပြောကြားရန် တွန့်ဆုတ်နေပုံရပြီး လက်ချောင်းထိပ်ကို ဝိုင်ထဲနှစ်ကာ စားပွဲပေါ်၌ စာလုံးနှစ်လုံးရေးချလိုက်သည်။

“ နတ်ဘုရားကပ်ဘေးလား။ ”

စုရီတစ်ယောက် မျက်ဝန်းများ မှေးစင်းသွားတော့၏။ ဤသည်မှာ နတ်ဘုရား များနှင့် ဆက်စပ်နေသည်လော။ အဘိုးကြီးက ခေါင်းညိတ်လိုက်သည်။

“ ဒါတွေက ခြေရာလက်ရာ အနည်းငယ်သာကျန်ခဲ့ပေမယ့် ဘယ်သူမှ ယတိပြတ် ငြင်းဆန်ဝံ့ခြင်းမရှိဘူး။ ”

ထို့နောက် သူ့အသံကို ထပ်မံနှိမ့်ချပြီး ထိတ်လန့်စရာကောင်းသော လျှို့ဝှက်ချက်ကို ပြောပြလာ၏။

“ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးသောင်းကိုးထောင်က ရှန်းကျိုးမြို့က လျန်ဟွာဘုံကျောင်းက ဘုန်းကြီးချင်ချူဟာ ကပ်ဘေးတစ်ခုကို ကြုံတွေ့ခဲ့ရတယ် ...

... အကျိုးဆက်အနေနဲ့ သူ့ရဲ့ကျင့်ကြံမှုအားလုံးကို တစ်ညတည်းနဲ့ ဆုံးရှုံးပြီး ခန္ဓာကိုယ်ဆွေးမြေ့ပျက်စီးသွားတဘ် အဆုံးမှာ သူ့ဝိညာဉ်လည်း ကွဲကြေသွားတယ် ...

... သူ မသေဆုံးခင်မှာ မင်းသာ အိုမင်းပျက်စီးမှုလက္ခဏာငါးပါးကို မခံနိုင်ရင် ထာဝရတည်ရှိမယ့်အကြောင်း မပြောနဲ့ဆိုတဲ့ စကားလုံးတွေပဲ ချန်ထားခဲ့တယ်။ ”

စုရီတစ်ယောက် ကျောရိုးတစ်လျှောက် အေးစက်လာသည်။ ဘုန်းကြီးချင်ချူဆိုသူသည် ဓမ္မကောင်းကင်ဘုံဗုဒ္ဓအဖြစ် လေးစားကြ၏။

သူသည် နှစ်ပေါင်းများစွာတည်းက အင်မော်တယ်ဘုရင်အဆင့်ကို ရောက်ရှိခဲ့သော ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

ထိုသို့ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ပါးသည် တစ်ညတည်းဖြင့် ပျောက်ကွယ်သွားလိမ့်မည်ဟု သူ မထင်ထားချေ။

“ နတ်ဘုရားကပါဘေးက ကောင်းကင်နဲ့ လူသားတွေကြား ယိုယွင်းပျက်စီးမှု လက္ခဏာ ငါးပါးနဲ့ ဆက်စပ်နေသလား။ ”

စုရီမှ စဉ်းစားလိုက်သည်။ ဗေဒင်ဆရာ အဘိုးကြီးက သက်ပြင်းချ၏။

“ ငါမသိဘူး ... ဓမ္မအဆုံးခေတ်မှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ အဘိုးကြီးတွေလည်း ဘုန်းကြီးချင်းချူရဲ့ ခြေရာနောက်လိုက်ရမှာကို စိုးရိမ်းပြီး ပုန်းအောင်းနေကြတယ်။ ”

စုရီက နောက်ထပ်မေးခါန်းများ ထပ်မံမေးမြန်းတော့သည်။ သို့သော်အဘိုးကြီးမှ လျှာချော်ထွက်နေပြီး မရေမရာနှင့် ရှောင်လွှဲ၍ အဖြေပေးလာသည်။ စုရီတစ်ယောက် အကူအညီမဲ့သွားတော့၏။

ဤအဖိုးကြီးမှ ပြောချင်နေသော် အမှန်တကယ်ဖုံးကွယ်ထားမည် မဟုတ်ကြောင်း သူသိသည်။ မပြောလိုသော် သတ်ခဲ့လျှင်ပင် တစ်လုံးမျှ သိလာမည်မဟုတ်ချေ။

“ နောက်ဆုံး တစ်ခုပဲမေးမယ် လက်ရှိမှာ နဂါးနက်စျေးကိုဦးဆောင်နေတဲ့ နဂါးနီသခင်က ဘယ်သူလဲ။ ”

“ ဟားဟားဟား ... ဒီကလေးရဲ့မူလကို မပြောရဖူးလို့ ငါကတိပေးခဲ့ပေမယ့် မင်းမြင်ရင် ချက်ချင်းသိပါလိမ့်မယ်။ ”

ထို့နောက် အဖိုးကြီးက ပါးစပ်မှ သိုးသားအဆီများကို သုတ်လိုက်ပြီး၊

“ ဒီနေ့ ငါ့ကတိကို အကြိမ်ပေါင်းများစွာ ချိုးဖောက်ခဲ့တယ် ငါ မပြောသင့်တဲ့အရာတွေ အများကြီးပြောမိတယ် ငါထွက်သွားရမယ်။ ”

-ဟု ဆိုလာသည်။

“ ဘယ်ကိုသွားမှာလဲ။ ”

စုရီမှ မေးလိုက်၏။ အဘိုးကြီးက တွန့်ဆုတ်ခြင်းမရှိဘဲ၊

“ မင်းနဲ့ မတွေ့ဆုံသရွေ့ ဘယ်နေရာမဆို။ ”

-ဟု ပြန်ဖြေသည်။ စုရီမှ စကားမပြောနိုင် ဖြစ်သွားတော့၏။ မေးစေ့ကိုပွတ်သပ်လျက်၊

“ ငါ့ဆီက တစ်ခုခုကို သတိထားမိပြီလား။ ”

-ဟု မေးမြန်းလိုက်သည်။

အဘိုးကြီးမှ ခေါင်းကို ပြင်းပြင်းထန်ထန်ခါယမ်းပြပြီး၊

“ မင်းနားမလည်ဘူးလား ဒီလောကမှာ ဘယ်သူ့အတွက်မဆို ကံကောင်းခြင်းနဲ့ ဆိုးခြင်း အပေါ် ငါတွက်ချက်နိုင်တယ် ... ဒါပေမယ့် မင်းကိုတော့ ငါမလုပ်ရဲဘူး။ ”

-ဟု ဖြေကြား၏။ ထိုအသံတွင် မကျေမနပ်ဖြစ်နေသော အရိပ်အယောင်များစွာ ပါဝင်နေသည်။ စုရီမှ ပြုံးလိုက်ကာ၊

“ ကောင်းပြီ၊ ငါ မင်းကို အတင်းအကျပ် မလုပ်တော့ဘူး။ ”

-ဟု ခွင့်ပြုလိုက်တော့၏။ အဘိုးကြီးမှ ထရပ်လျက် လှည့်ထွက်သွားသည်။ စုရီက သူ့ကို ကြည့်နေခဲ့၏။

သို့သော် အဘိုးကြီးသည် လမ်းတစ်ဝက်မှာပင် တွန့်ဆုတ်သွားပြီးနောက် ပြန်လှည့်ကြည့်ကာ၊

“ မကောင်းဆိုးရွယ်ကြယ်ပွင့် ... မင်းအသက်ရှင်နေသေးတာကို တွေ့ခွင့်ရတာ ငါဝမ်းသာပါတယ်။ ”

-ဟု နှုတ်ဆက်သွားတော့သည်။

“ ဒီအဖိုးကြီး ... ။ ”

စုရီမှ ပြုံးလျက် ကျန်ရစ်ခဲ့သည်။

“ သခင်လေး၊ အဲဒီလူအိုကြီးက ထူးခြားလို့လား။”

ချင်းဝေက သိချင်သွား၏။ စုရီမှ ခေါင်းခါပြကာ၊

“ မဟုတ်ဘူး ... သူက လိမ္မာပါးနပ်တဲ့ လူလိမ်တစ်ယောက်ပဲ ဒီကမ္ဘာကြီးမှ သူ့အတွက် အကြောက်ဆုံးအရာ သုံးခုရှိတယ် ဘေးဒုက္ခ၊ အန္တရာယ်နဲ့ သေခြင်းပဲ ...

... ဝန်ခံရမယ်ဆိုရင် သူ့ရဲ့ဗေဒင်ပညာက တကယ်ပဲ ပြိုင်ဘက်ကင်းတယ် လျှို့ဝှက်ချက် များစွာကို တွက်ချက်နိုင်တယ် တစ်ချိန်တုန်းက မြေခွေးအိုကြီးတွေ တော်တော်များများက သူ့တို့ရဲ့ကံဆိုးမှုတွေကို ရှောင်ရှားပြီး ...

... အသက်ဆက်လိုကြတဲ့အတွက် ဒီအဖိုးကြီးကိုရှာဖွေခဲ့ကြတယ် ... ဒါပေမယ့် သူတို့အားလုံးက သူ့ရဲ့ဟောချက်အတိုင်း သေဆုံးသွားရတယ် ... ။ ”

ချင်းဝေက အံ့အားသင့်သွားတော့၏။

“ အဲဒါကြောင့် သူ့ကိုကံဆိုးမှုသခင်လို့ လူသိများပြီး တချို့ကသူ့ကိုကပ်ဘေးနတ်ဘုရား လို့တောင် ခေါ်ကြပါတယ်။ ”

“ သခင်လေး၊ ဘာလို့ သူက မင်းရဲ့ကံကြမ္မာကို မပြောပြရဲတာလဲ။ ”

“ တစ်ခါက ငါ့ကိုဗေဒင်ဟောတုန်းမှာ သူ့အသက်အန္တရာယ်တစ်ခု ကြုံတွေ့ခဲ့ရတယ် အဲဒီကတည်းက သူငါ့ကို မကောင်းဆိုးဝါးအဖြစ် မြင်လာပြီး ထွက်ပြေးတော့တာပဲ။ ”

ချင်းဝေမှ နားလည်သွားသည်။ တခြားသူများအတွက် ဗေဒင်တွက်ချက်ခြင်းမှာ ငွေကုန်ကြေးကျများချေ၏။ ဧကရာဇ်သခင်မှာမူ ဗေဒင်တွက်ခြင်းဖြင့် သေခြင်းနှင့် ရှင်ခြင်းကို ဗေဒင်ဆရာမှ ဖြတ်ကျော်ရပေမည်။

စုရီက ဝိုင်အနည်းငယ် ထပ်မံသောက်သုံးပြီးနောက် နှစ်ယောက်သား လမ်းလျှောက်ထွက်လာခဲ့သည်။

များမကြာခင် ပိုင်ချီဟုခေါ်သော စျေးဆိုင်တစ်ဆိုင်ရှေ့ ရောက်လာ၏။ စုရီက သူ ရတနာများရောင်းချလိုကြောင်း ပြောကြား လိုက်တော့၏။

ဆိုင်ဝန်ထမ်းက လျှို့ဝှက်ခန်းအတွင်း ခေါ်ဆောင်လာသည်။ အထဲတွင် မုတ်ဆိတ်မွေး ဗလပွနှင့် ပျင်းရိနေသော အဘိုးကြီးတစ်ဦး ထိုင်နေချေပြီ။

ဤသည်မှာ ပိုင်ချီခန်းမ၏ ရတနာအကဲဖြတ်သူဖြစ်၏။ စုရီကို မြင်ချိန်၌၊

“ မင်းရဲ့ပစ္စည်းတွေကို ထုတ်ပါ။ ”

-ဟု ပြောကြားလိုက်သည်။

စုရီက သူ့အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်၏။ ရတနာများစွာသည် တောင်ကြီးတစ်လုံးအလား ခန်းမအတွင်း ပေါ်လာတော့သည်။

ခရီးတစ်လျှောက် သူ စုဆောင်းထားသော ရတနာအမျိုးမျိုးပေပင်။ အဖိုးတန်သော်လည်း သူ့အတွက် အသုံးမဝင်ချေ။

မုတ်ဆိတ်မွေးနှင့် အဘိုးကြီးမှ ရုတ်တရက်ထရပ်လိုက်ပြီး ပစ္စည်းများအပေါ် စစ်ဆေးရန် ရှေ့တိုးလာခဲ့၏။

အချိန်အတော်ကြာပြီးနောက် အဘိုးကြီးက ထိုင်ခုံတွင်ပြန်ထိုင်လိုက်ကာ၊

“ ငါပွင့်ပွင့်လင်းလင်း ပြောတတ်တာကို ခွင့်လွှတ်ပါ ... ဒီရတနာတွေက များပြားပေမယ့် ထူးခြားတဲ့ရတနာ မပါတာကြောင့် ဈေးကောင်း မရနိုင်ပါဘူး။ ”

-ဟု ပြောကြားလေသည်။

“ မင်း ... ဈေးဆစ်နေစရာမလိုပါဘူး ငါစျေးပေးလိုက်မယ် အဆင့်မြင့် အင်မော်တယ် ကျောက်တုံးတစ်သောင်းပေးနိုင်ရင် ဒီရတနာတွေ မင်းအပိုင်ပဲ။ ”

အဆင့်မြင့် အင်မော်တယ် ကျောက်တုံးတစ်တုံးသည် အဆင့်နိမ့် အင်မော်တယ်ကျောက်တုံး တစ်ရာနှင့် ညီမျှသည်။

အရေအတွက်တစ်သောင်းသည် အဆင့်နိမ့်အင်မော်တယ်ကျောက်တုံး တစ်သန်း ပေပင်။ ထိုဈေးနှုန်းကြောင့် မုတ်ဆိတ်မွေးနှင့် အဘိုးကြီးမှာမျက်ခုံးပင့်လိုက်သည်။

“ ဆရာ ... နဂါးနက်စျေးမြို့မှာ ဈေးကွက်ရဲ့ဈေးနှုန်းတွေကို မင်းမသိသေးဘူး မင်းရတနာတန်ဖိုးရဲ့ (၆၀%)ပဲ ရနိုင်မယ်။ ”

“ ဒါဆိုရင် မေ့လိုက်တော့။ ”

စုရီက ထရပ်လိုက်သည်။ ဤသို့သော အရောင်းအဝယ်တစ်ခုအတွက် စကားပြောရန် ပျင်းရိနေပြီဖြစ်၏။

မုတ်ဆိတ်မွေးနှင့် အဘိုးကြီးက ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ဘဲ၊

“ ခဏနေပါဦး။ ”

-ဟု ဟန့်တားလေသည်။

“ မင်း ... အဓိပ္ပာယ်မရှိတာတွေ ပြောစရာမလိုပါဘူး ငါ့စျေးနှုန်းကို လက်ခံနိုင် မလားဆိုတာပဲ ပြောပါ။ ”

-ဟု ပြောကြားလိုက်သည်။

အဘိုးကြီးခမျာ ကူကယ်ရာမဲ့လာပြီး အဆုံးတွင် အံကြိတ်လျက်၊

“ ကောင်းပြီ ... ။ ”

-ဟု လက်ခံလိုက်တော့၏။

“ ဟမ့် ... မင်း ဆုံးရှုံးနေသလို ... ခံစားပြမနေနဲ့ ဒီစျေးနှုန်းတွေက မင်းအတွက် ကြွယ်ဝစေမယ်ဆိုတာ ငါသိတယ်။ ”

“ ဟားဟားဟား ... တကယ်ပဲ မင်းက ထက်မြက်ပါတယ် ဒါပေမယ့် ထူးဆန်းတာက မင်းကို ငါတစ်ခါမှ မမြင်ဖူးဘူး။ ”

“ ငါ့နောက်ခံကို စုံစမ်းချင်တာလား။ ”

“ ခဏစောင့်ပါ မင်းအတွက် ပေးချေဖို့ ငါစီစဉ်လိုက်ပါဦးမယ်။ ”

ထို့နောက် ထရပ်ပြီး လျှို့ဝှက်ခန်းမှ ထွက်ခွာသွားသည်။ များမကြာမီတွင် သိုလှောင် ရတနာတစ်ခုနှင့်အတူ ပြန်ရောက်လာ၏။

“ ဒီမှာ အဆင့်မြင့် အင်မော်တယ် ကျောက်တုံးတစ်သောင်းတိတိပါ ကျေးဇူးပြုပြီး ကြည့်ပေးပါဦး။ ”

စုရီက ခေါင်းညိတ်ကာ စစ်ဆေးပြီး ထွက်ခွာတော့မည့်အချိန်တွင် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။ ထို့နောက် အင်မော်တယ်ကျောက်တုံးငါးရာကို ချက်ချင်း ထုတ်ယူကာ စားပွဲပေါ် တင်လိုက်၏။

“ နှုတ်ပိတ်နေဖို့အတွက်ပဲ ... အချက်အလက်တွေ ပေါက်ကြားသွားရင် မင်းမှာ တာဝန်ရှိတယ်။ ”

မုတ်ဆိတ်မွေးနှင့် အဘိုးကြီးခမျာ အံ့အားသင့်လျက် မျက်နှာအမူအရာသည် အလင်းနှင့်အမှောင် တလှည့်စီ ပြောင်းလဲသွားလေသည်။

ဤတစ်ခါတွင် ဗဟုသုတကြွယ်ဝသော သခင်လေးတစ်ယောက် ဖြစ်နေသည်သာမက နဂါးနက်စျေး၏ လျှို့ဝှက်စည်းမျဉ်းများကို ရှင်းရှင်းလင်းလင်း သိရှိနေချေပြီ။

သိုးယောင်ဆောင်သော ဝံပုလွေတစ်ကောင်ဖြစ်၏။ သားကောင်မည်မျှ ရက်ရက်စက်စက် ထောင်ချောက်အတွင်း သက်ဆင်းခံနေရမည်ကို မသိတော့ချေ။

သူ သည်ပင် ကံကောင်းသွား၏။ ဤနဂါနက်စျေးတွင် ခိုယူလာသောပစ္စည်းများ ရောင်းချရာတွင် ထိုကဲ့သို့ပါးစပ်ပိတ်ကြေး ဟူသည် စည်းမျဉ်း ရှိချေသည်။

ယင်းသည် လူတိုင်းသိနိုင်သည့် အရာမျိုးမဟုတ်ချေ။ သည့်ပြင် ဤရတနာများ အနက် အများစုမှာ ထိုက်ချင်ဂိုဏ်းနှင့် တိမ်လွှာ ယန္တရားစံအိမ်၏ အမွေအနှစ်များပေပင်။

***

  အခန်း ၁၁၅၄ -

တောင်းပန်ခြင်း ... ။

 မီးအိမ်အောက်တွင် မုတ်ဆိတ်မွေးနှင့် အဘိုးကြီးသည် မရေမရာဖြင့် တစ်စုံတစ်ရာကို သတိရလာသည်။ ထို့ကြောင့် ကျောက်စိမ်းပြား တစ်ချပ်ကို ထုတ်ယူကာဖတ်ရှုလိုက်၏။

ကျောက်စိမ်းပြားအတွင်း လွန်ခဲ့သော ခြောက်လမှ ကြေငြာချက်ထုတ်ပြန်ထားခဲ့သည့် ဆုကြေးစာရင်းပေပင်။ ထိုစာရင်းထဲ ဆုလာဘ် နှစ်ခုမှာ မျက်စိကျစရာအကောင်းဆုံးဖြစ်၏။

ယင်းသည် ကျင်းပြည်နယ်ရှိ အဖြူရောင်သမင်တောင်တန်းမှ အင်မော်တယ် တံခါးသို့ ဖြတ်ကျော်လာသူများ၏ တည်နေရာ အကြောင်း ဝယ်ယူခြင်းဖြစ်သည်။

ယင်းမှာ ထိုက်ချင်ဂိုဏ်းမှ အင်မော်တယ် ကျောက်စိမ်း(၁၀၀,၀၀၀)နှင့် သူတော်စင်အဆင့် ဘဏ္ဍာတစ်ခုကမ်းလှမ်းထားသည်။

ဒုတိယတစ်ခုမှာ တိမ်လွှာယန္တရားစံအိမ်မှ ဆုကြေးဖြစ်၏။ သူသည်လည်း ထိုက်ချင်ဂိုဏ်း နှင့် ရည်ရွယ်ချက်အတူတူပေပင်။

ဤဆုလာဘ်နှစ်ခုသည် ပြီးခဲ့သည့် ခြောက်လအတွင်း လူအများစိတ်ဝင်စားသော လှိုင်းတစ်ခုဖြစ်ခဲ့သည်။ ယနေ့တွင် ထိုဆုကြေး နှစ်ခုလုံးအတွက် ပစ်မှတ်ကိုတွေ့ချေပြီ။

အထူးသဖြင့် ထိုက်ချင်းဂိုဏ်းသည် ဗဟိုအင်မော်တယ်ရုံးတော်ကို ပြန်တည်ဆောက် လိုကြောင်း သတင်းဖြန့်ထားခဲ့သည်။

ဤသည်မှာ ၎င်းတို့သည် မည်မျှ အစွမ်းထက်ကြောင်း ပြသနေချေပြီ။ သို့သော် ထိုမတိုင်မီ တစ်စုံတစ်ဦးသည် ဗလာနယ်ပယ် အင်မော်တယ်ပေါင်းများစွာကို သတ်ခဲ့သည့် သတင်းထွက်ပေါ်လာခဲ့သည်။

ထို့ကြောင့် အထက်ပါ အင်အားစုနှစ်ခုသည် သည်းမခံနိုင်သည်မှာ သဘာဝပေပင်။ ၎င်းသည် ကမ္ဘာတစ်ဝှမ်းတွင် တုန်လှုပ်ချောက်ချားမှုပင် သယ်ဆောင်လာခဲ့သည်။

လူတိုင်းမှ ကျင်းပြည်နယ်ရှိ အဖြူရောင်သမင်တောင်ထံ သွားရောက်ကြပြီး သည်းလွန်စများပင် ရှာဖွေခဲ့သည်။ ယနေ့တွင် သားကောင်သည် ကံကောင်းစွာဖြင့် တံခါးဝသို့ ရောက်ရှိလာခြင်းဖြစ်ချေပြီ။

ဆိုလိုသည်မှာ ဤကျောက်စိမ်းရောင်ဝတ် လူငယ်သည် ထိုကိစ္စအတွင်း နက်ရှိုင်းစွာပါဝင် ပတ်သက်နေရပေမည်။

ထို့နောက် စားပွဲပေါ်ရှိ ပါးစပ်ပိတ်ကြေး အဆင့်မြင့် အင်မော်တယ်ကျောက်စိမ်း ငါးရာကို အကြည့်လွှဲလိုက်ပြီး အေးစက်သော အပြုံးဖြင့် ကျောက်စိမ်းပြားတစ်ချပ် ထုတ်ယူ၏။

အချိန်အနည်းငယ်ကြာပြီးနောက်၊

“ အဘိုးကြီး ဝမ် ... ။ ”

-ဟု ခေါ်ဆိုလိုက်သည်။

များမကြာခင် အစေခံအိုကြီးတစ်ဦးကို အခန်းအတွင်းဝင်လာ၏။ မုတ်ဆိတ်မွှေးနှင့် အဖိုးကြီးမှ ကျောက်စိမ်းပြားကိုတံဆိပ်ခတ်ကာ ကမ်းပေးလိုက်သည်။

“ ဒီကျောက်စိမ်းပြားကို ငါပြောတဲ့လိပ်စာဆီပို့လိုက်ပါ သူ ဘာလုပ်ရမလဲ ဆိုတာ သိတယ်။ ”

“ နားလည်ပါပြီ။ ”

အစေခံအိုကြီးမှ အမိန့်ကိုခံယူကာ ချက်ချင်းလှည့်ထွက်သွားတော့၏။ ထို့နောက် မုတ်ဆိတ်မွေးနှင့် အဘိုးကြီးတစ်ယောက်တည်း တိတ်ဆိတ်စွာ ကျန်ရစ်ခဲ့သည်။

“ ထိုက်ချင်းဂိုဏ်းနဲ့ တိမ်လွှာ ယန္တရားစံအိမ်ကနေ ပစ်မှတ်ထားခံတယ်ဆိုရင် မင်းဘယ်လောက်ပဲ ဩဇာကြီးမားပါစေ ကံဆိုးမှုပဲ။ ”

မုတ်ဆိတ်မွေးနှင့် အဘိုးကြီးမှ ပြုံးပြီး ရေရွတ်လိုက်တော့သည်။ အတွေးထဲသူတော်စင် အဆင့် ရတနာတစ်ပါးကို မြင်ယောင်လာ၏။

“ ဒေါက် ... ဒေါက် ... ။ ”

ထိုစဉ် ရုတ်တရက် တံခါးခေါက်သံကြောင့် မျက်မှောင်ကြုတ်လျက်၊

“ ဝင်လာပါ ... ။ ”

-ဟု ပြောကြားလိုက်သည်။

“ ကျွီ ... ။ ”

အခန်းတံခါး ပွင့်လာပြီး နှင်းကဲ့သို့ ဖြူဖွေးနေသောဆံပင်ရှည်များနှင့် လူရွယ်အသွင် တစ်စုံတစ်ယောက်ကို မြင်လိုက်ရတော့၏။

ထိုလူရွယ်ကို မြင်ချိန်၌ မုတ်ဆိတ်မွှေးနှင့် အဖိုးကြီးခမျာ ဆက်၍ ထိုင်မနေနိုင်တော့ချေ။ ချက်ချင်း ထရပ်ကာ၊

“ ဆရာ ... ဘာအတွက် ရောက်လာတာလဲ။ ”

-ဟု နှုတ်ဆက်လိုက်၏။

ဤသည်မှာ ပိုင်ချီခန်းမနောက်ကွယ်မှ ပဲ့ကိုင်ရှင်ဖုန်ရီယွမ်ပေပင်။ ဖုန်ရီယွမ်မှလက်ထဲရှိ ကျောက်စိမ်းပြားကို မြောက်ပြလိုက်ပြီး၊

“ ငါမလာခဲ့ရင် ပိုင်ချီခန်းမက မင်းလက်ထဲမှာ ဖျက်ဆီးခံရလိမ့်မယ်။ ”

-ဟု ဖြေကြားလာတော့၏။

ထိုကျောက်စိမ်းပြားကို မြင်ချိန်၌ မုတ်ဆိတ်မွေးနှင့်အဘိုးကြီးခမျာ အမူအရာ သိသိသာသာပြောင်းလဲသွားသည်။

“ ဆရာ၊ ဒါက အသေးအဖွဲကိစ္စလေးပါ မင်းကိုထိတ်လန့်သွားလိမ့်မယ်လို့ ငါတကယ် မထင်ထားမိဘူး ပြဿနာတစ်ခုခုများ ရှိနေတာလား။ ”

“ တကယ်ပဲ ပြဿနာရှိနေတယ် ... ပြီးတော့ဒီပြဿနာက အဘိုးကြီးလျူ မင်းလို လူအတွက် စိတ်မကောင်းစရာပါပဲ ... ငါ့ကို ခွင့်လွှတ်ပါ မင်းရဲ့ခေါင်းကိုငှားပါရစေ။ ”

“ ဝှစ် ... ။ ”

စကားဆုံးချိန်၌ မုတ်ဆိတ်မွေးနှင့် အဘိုးကြီးဦးခေါင်းသည် လေထဲပျံသန်းသွားကာ ဖုန်ရီယွမ်လက်ထဲ ကျဆင်းသွား၏။  

ထို့နောက် တုန့်ဆိုင်းခြင်းမရှိ သူ့အင်္ကျီလက်ထဲက အရွက်ပုံသဏ္ဍာန်ရှိသော အနီရောင်အကြေးခွံတစ်ခုကို ထုတ်ယူပြီး အသက်သွင်းလိုက်သည်။

တောက်ပသော အနီရောင်အကြေးခွံက လောင်ကျွမ်းလာကာ အလင်းမျက်နှာပြင်တစ်ခု ဖြစ်ပေါ်လာ၏။ ဖုန်းရီယွမ်မှ လေးနက်စွာဖြင့် ဦးညွှတ်လျက်၊

“ သခင် ... ကိစ္စပြီးပါပြီ ကံကောင်းထောက်မစွာနဲ့ ကျောက်စိမ်းပြားက အပြင်မရောက်ခဲ့ပါဘူး။ ”

- ဟု ပြောကြားလိုက်လေသည်။

အလင်းမျက်နှာပြင်ထဲမှ ဝိုးတဝါးပုံရိပ်ရှင်က မုတ်ဆိတ်မွေးနှင့်အဖိုးကြီးခေါင်းကို ဂရုမစိုက်ဘဲ ဖုန်ရီယွမ်ထံကြည့်ကာ၊

“ ပိုင်ချီခန်းမသခင် တစ်ယောက်အနေနဲ့ မင်းမှာ အပြစ်ရှိတယ်လို့ရော မခံစားရဘူးလား။ ”

-ဟု မေးမြန်းတော့၏။

ဤသည်မှာ အမျိုးသမီးတစ်ယောက်၏ အေးစက်စက်အသံပေပင်။ ဖုန်ရီယွမ်အတွက်မူ ရေခဲတောင်ကြီးတစ်လုံး ပြိုကျလာသည့်အလား ကျောရိုးတစ်လျှောက် အေးစက်သွား၏။

ချက်ချင်း ခေါင်းငုံ့လျက် ငြင်းခုံဖို့ရန် မကြိုးစားဝံ့တော့ဘဲ၊

“ ဒီအဖိုးကြီးအပြစ်ရှိပါတယ် အပြစ်ပေးပါ။ ”

-ဟု တောင်းဆိုလိုက်သည်။

“ ဒီအပြစ်အတွက် ... မင်းဘာလုပ်ရမလဲဆိုတာ မင်းကိုယ်တိုင် ဆုံးဖြတ်ပါ။ ”

ထို့နောက် အလင်းမျက်နှာပြင်မှာ ချက်ချင်းပျက်ပြယ်သွားချေပြီ။ ဖုန်းရီယွမ်ခမျာ နဖူး၌ချွေးများရွဲနစ်လာပြီး အလျင်အမြန် စဉ်းစားနေတော့၏။

“ အဖိုးကြီးလျူ ... ဒီလောက် အရေးကြီးတဲ့ ကိစ္စတစ်ခုကို မင်းကိုယ်တိုင်ဆုံးဖြတ်ဝံ့သလား မင်းတကယ် ဆယ်ဘဝသေသင့်တယ်။”

ခဏအကြာတွင် လက်ထဲရှိ ဦးခေါင်းပြတ်ကြီးကို မကျေမနပ်ဖြင့်နင်းချေကာ ကျိန်ဆဲပစ်လိုက်လေသည်။

“ ဒီကျောက်စိမ်းရောင်လူငယ်က ဘယ်သူများလဲ နှစ်ပေါင်းများစွာ လောကီနဲ့ ကင်းကွာနေခဲ့တဲ့ သခင်ကတောင် သူ့ကို စိတ်ဝင်စားနေတာလား။ ”

ဖုန်ရီယွမ်တစ်ယောက် စိတ်ရှုပ်ထွေးသွားသည်။ ထိုအချိန်တွင် စုရီသည် တည်းခိုခန်းအတွင်း ပြန်လည်ရောက်ရှိနေပြီ ဖြစ်၏။

ဝိညာဉ်တစ်သောင်းဂိုဏ်း၏ ဓမ္မစည်းဝေးပွဲတက်ပြီးနောက် စမ်းသပ်ဂူသို့ ဝင်ရောက်ရန် ဆုံးဖြတ်ထားသည်။ ယင်းသည် နဂါးနက်စျေး၌ ကျော်ကြားသော နေရာတစ်ခုလည်း ဖြစ်၏။

တစ်စုံတစ်ယောက်အတွက် ကျင့်ကြံမှုကို မြှင်တင်ပေးနိုင်မည်။ သို့သော် သာမန်လူများမှာ ဝင်ရောက်ရန် အရည်အချင်းမပြည့်မီချေ။

“ ငါ ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချဖို့ ဒဏ်ရာတွေကို အရင်ကုသရမယ်။ ”

ယခုအချိန်ထိ ဒဏ်ရာများကို မကုသရသေးချေ။ ချင်းဝေထံမှ ဆေးဘက်ဝင် အပင်များ ရရှိထားပြီဖြစ်ရာ ကောင်းကင်ဆန္ဒ ဆေးမီးဖိုဖြင့် ကုသ‌ဆေး ဖော်စပ်ရပေမည်။

“ ဒေါက် ... ဒေါက် ... ။ ”

ရုတ်တရက် တံခါးခေါက်သံတစ်သံ ထွက်ပေါ်လာသည်။ ဘေး၌တရားထိုင်နေသည့် ချင်းဝေက ချက်ချင်းထရပ်ကာ တံခါးလိုက်၏။

“ မင်းဘယ်သူလဲ ... ။ ”

တံခါးအပြင်ဘက်တွင် ရပ်နေသော နှင်းဖြူရောင်ဆံပင်နှင့် အမျိုးသားငယ်ကြောင့် ချင်းဝေခမျာ အနည်းငယ် မျက်မှောင်ကြုတ် လိုက်မိလေသည်။

အမျိုးသားက ချက်ချင်း ရောင်ဝါကို ရုတ်သိမ်းလျက် လေးစားစွာ ဦးညွှတ်လာကာ၊

“ ဒီဂျူနီယာက ပိုင်ချီခန်းမသခင် ဖုန်ရီယွမ်ပါ ... အခုလို ရုတ်တရက် လာလည်ရတာက တောင်းပန်ဖို့ အတွက်ပါ။ ”

-ဟု ပြောကြားလေသည်။ ချင်းဝေမှ အံ့အားသင့်သွားသည်။

“ ဘာကိုဆိုလိုတာလဲ။ ”

“ ဝင်လာပြီး စကားပြောပါ။ ”

စုရီက ဖိတ်ခေါ်လိုက်၏။

“ ကျေးဇူးတင်ပါတယ်။ ”

ဖုန်ရီယွမ်မှ အခန်းထဲ ဝင်လာသည်။ သူ့နတ်အာရုံသည် စုရီမရောက်ရှိစေရန် အထူး သတိထားလိုက်ရ၏။

တစ်ဖက်လူသည် အံ့အားသင့်စရာ ကောင်းအောင် ကျင့်ကြံမှုရောင်ဝါလက္ခဏာများ မပြသချေ။ အရိုးအသက်အရွယ်အရ အသက် နှစ်ဆယ်ကျော် လူငယ်တစ်ဦးသာဖြစ်သည်။

သို့သော် သူတော်စင်အင်မော်တယ် တစ်ပါးသည်ပင် သူ့အနားတွင်စောင့်‌ရှောက် ပေးနေ၏။

“ မင်း ဘာပြစ်မှုကျူးလွန်ထားလဲ။ ”

စုရီက မေးလိုက်သည်။ ဖုန်ရီယွမ်မှ အဖြစ်အပျက်များကို အသေးစိတ်ပြန်ပြောပြ လိုက်လေသည်။ သို့သော် သူသည် ထိုသခင် အကြောင်း မပါရှိချေ။

သူ့စကားကိုကြားသောအခါ စုရီမှအံ့အားသင့်သွားပြီး၊

“ သတင်းပေါက်ကြားခြင်း မရှိခဲ့သလို မင်းရဲ့လက်အောက်ငယ်သားက သူ့အသက်ကို ပေးဆပ်ပြီးပြီပဲ ...

... မင်းလို သူတော်စင် အင်မော်တယ် တစ်ပါးအနေနဲ့ ဘာလို့ကိုယ်တိုင်တောင်းပန် နေရတာလဲ။ ”

-ဟု မေးမြန်းလိုက်သည်။

ဖုန်ရီယွမ်သည် ထိုမေးခွန်းအတွက် ပြင်ဆင်ထားပြီးဖြစ်ရာ တွန့်ဆုတ်ခြင်းမရှိဘဲ၊

“ သခင်လေးဆီက ခွင့်လွှတ်ပေးဖို့ တောင်းဆိုတာပါ ... ဒါမှသာစိတ်အေးလက်အေး နေနိုင်မှာပါ မဟုတ်ရင် ... ငါ့ပိုင်ချီခန်းမ ဂုဏ်သတင်းဟာ ညှိုးနွမ်းနိုင်ပါတယ်။ ”

“ ဟားဟားဟား ကောင်းပြီ ... မင်းအခုထွက်သွားလို့ရပြီ။ ”

“ နားလည်ပါပြီ ... ဒါက ငါ့ပိုင်ချီခန်းမရဲ့ ကျေးဇူးတင်ကြောင်းပြသတဲ့ လက်ဆောင်ပါ လက်ခံပေးပါ။ ”

စုရီမှ ငြင်းဆန်ခြင်းမရှိသဖြင့် လက်ဆောင်သေတ္တာကို စားပွဲပေါ်တင်ပြီး ဆုတ်ခွာသွားသည်။ ထို့နောက် သူက ထပ်မံဦးညွှတ်ကာ၊

“ သခင်လေး ... မင်းနဂါးနက်စျေးမှာ နေထိုင်စဉ်အတွင်း လိုအပ်ချက်တွေရှိလာခဲ့ရင် ငါခန်းမကိုလာနိုင်ပါတယ် ...

... မင်းရဲ့ အနားယူချိန်ကို ငါ နောက်ထပ်မနှောင့်ယှက်ရဲတော့ဘူး အခု ငါ ထွက်သွားတော့မယ်။ ”

များမကြာမီ ဖုန်ရီယွမ်ပုံရိပ်သည် တည်းခိုခန်းမှထွက်ခွာလာပြီး လမ်းမပေါ်တွင် အသက်ပြင်းပြင်းရှူနေသည်ကို မြင်လိုက်ရ၏။

သေချာပေါက် သာမန်မဟုတ်ချေ။ သူတော်စင်အင်မော်တယ်ချင်းဝေကဲ့သို့ လူပင် ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေရချေပြီ။

ထိုအချင်းအရာထက် လူငယ်ထံမှ ခံစားချက်တစ်ခု သူ့ကိုအမှန်တကယ်ပေးသည်။ ယင်းသည် ထိုလူငယ်မည်သူပင်ဖြစ်နေပါစေ သူ စော်ကားရန် တတ်နိုင်သူမဟုတ်ကြောင်း သတိပေးချက်ပေပင်။

“ သခင်လေး ... ဒီလူ တစ်ခုခုမှားနေတယ် မင်းရဲ့အထောက်အထားကို သူ သိနေတာများ ဖြစ်နေမလား ...

... မဟုတ်ရင် သူတော်စင် အင်မော်တယ်တစ်ပါးက ဘယ်လိုလုပ် ဒီလောက်ယဉ်ကျေးနေမှာလဲ ... ။ ”

တည်ခိုခန်းအတွင်း ချင်းဝေမှ မျက်မှောင်ကြုတ်လျက် မှတ်ချက်ပေးနေသည်။ စုရီမှ အနည်းငယ်ခေါင်းညိတ်ပြပြီး၊

“ တကယ်တော့ နည်းနည်းလေး ထူးဆန်းနေတာပါ ဒီအတွက်စိတ်ပူစရာမလိုဘူး အချိန်ကျရင် ငါတို့သိရမှာပါ။ ”

-ဟု နှစ်သိမ့်လိုက်၏။

ထို့နောက် စုရီမှ စားပွဲပေါ်မှ ကြေးသေတ္တာကို ဖွင့်ကြည့်လိုက်လေသည်။ တောက်ပသော ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး စွဲမက်ဖွယ်ကောင်းသော ဆေးဖက်ဝင်ရနံ့များ ရရှိလာချေပြီ။

“ အဆင့်(၉) ခရမ်းရောင် နဂါးဂျင်ဆင်း။ ”

နဂါးတာအိုအမိန့်များပြန့်ကျဲပြီး နတ်ဘုရားဆန်သောရောင်ဝါ တောက်ပမှုကို ထုတ်ဖော်ထားသည့် ဂျင်ဆင်းတစ်ပင်ပေပင်။

ချင်းဝေသည်ပင် အံ့အားသင့်စွာ ငေးမောသွား၏။ ယင်းသည် သူတော်စင်အဆင့် ရှားပါးသော ဆေးဘက်ဝင်အပင်ဖြစ်သည်။

သူမကဲ့သို့ ပြိုင်ဘက်ကင်း သူတော်စင်အင်မော်တယ် တစ်ပါးသည်ပင် သွားရည်ယိုနိုင်၏။

“ မင်း ယူနိုင်တယ်။ ”

စုရီမှ ပေါ့ပေါ့ပါးပါးပင် ရှေ့သို့ တွန်းပို့လိုက်သည်။ ချင်းဝေတစ်ယောက် အလျင်အမြန်ပင် ငြင်းဆိုတော့၏။

“ ဒါက သခင်လေးအတွက် ... လက်ဆောင်ပါ သခင်လေး ငါဘယ်လိုလုပ်ပြီး လက်ခံဝံ့မှာလဲ ... ။ ”

“ ဒီလို သူတော်စင်အဆင့် ဆေးဘက်ဝင်အပင်မျိုးကို လတ်တလောမှာ ငါ မလိုသေးဘူး ... ယူလိုက်ပါ မင်းအတွက် ပိုအသုံးဝင်တယ်။ ”

သို့မှသာ ချင်းဝေသည် လက်ခံပြီး နှလုံးသားတွင် ဖော်ပြ၍မရသော နွေးထွေးမှုများ ဝင်ရောက်လာတော့သည်။

ယင်းသည် ထိုရှားပါး ဆေးဘက်ဝင် အပင်ကြောင့် မဟုတ်ချေ။ ဧကရာဇ်သခင်ထံမှ ဂရုစိုက်မှုကို ရရှိလိုက်သောခံစားချက်သာ ဖြစ်ချေပြီ။

 ***

All Chapters