အခန်း (၁၁၅၇-၁၁၅၈)
Vol. 97 Ch. 1157-1158
အခန်း ၁၁၅၇ –
ကမ္ဘာဦးနတ်သားရဲ ဆင့်ခေါ်ခြင်း တံဆိပ်။
“ ဝှစ် ... ။ ”
စုရီက လေထဲလှမ်းတက်ကာ ရွှေရောင်ဝတ်စုံနှင့် ကုန်သည်ကြီးရှေ့သို့ ရုတ်ချည်းရောက်ရှိသွားလေသည်။
ကုန်သည်ကြီးခမျာ ထိတ်လန့်တုန်လှုပ်သွားပြီး၊
“ မင်း ... မင်း ဘာလုပ်မလို့လဲ နဂါးနက်အစောင့်တပ်က မင်းကို လွှတ်ထားမှာ မဟုတ်ဘူး။ ”
-ဟု အော်ဟစ်တော့သည်။ စုရီက ထိုသူ၏လည်ပင်းကို လှမ်းကိုင်ကာ စိတ်ဝိညာဉ် ရှာဖွေမှုပြုလုပ်လိုက်၏။
“ ဒီကောင်လေးက ဘယ်သူလဲ ဘာလို့ဒီလောက်တောင် ရိုင်းစိုင်းနေရတာလဲ။ ”
ဘေးမှ ကြည့်နေသူများမှာ စုရီ၏ လျှပ်စီးအလား ထက်မြက်ပြီး ပြတ်သားလှသော လက်ချက်ကြောင့် စိတ်ဝင်စားလာကြသည်။
အချိန်အနည်းငယ်ကြာချိန်၌ စုရီက နတ်အာရုံကိုရုတ်သိမ်းကာ မျက်မှောင်ကြုတ် လိုက်တော့၏။
ဤကျွန်ကုန်သည်သည် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ကျွန်ကုန်သည်တစ်ဦး ဖြစ်ပြီး သူ့မှတ်ဉာဏ်ထဲတွင် သူ သိချင်သောအရာများ မရှိချေ။
နဂါးခြင်္သေ့မျိုးနွယ်မှ လူငယ်အမည်မှာ ဖန်ဟန်ဖြစ်သည်။ ပိုင်လုတောင်မှောင်ခိုဈေးမှ ဝယ်ယူလာခဲ့သော ကျွန်များထဲမှတစ်ဦးဖြစ်ပြီး နဂါးနက်ဈေးသို့ ယူဆောင်ကာ ရောင်းချခြင်း ဖြစ်လေသည်။
ဖန်ဟန်၏မူလနှင့် အဘယ်ကြောင့် ကျွန်စျေးကွက်သို့ ရောက်ရှိလာရသည်ကိုမူ ထိုလူ မသိချေ။
“ ဒီကိစ္စကို ဖန်ဟန်ဆီပဲ မေးရတော့မယ်။ ”
စုရီက ရေရွတ်လိုက်သည်။ ထိုစဉ်။
“ ဟမ့် ... သတ္တိရှိတယ်လား နဂါးနက်ဈေးမြို့မှာ ပြဿနာရှာရဲတယ်ပေါ့ မင်း ဘယ်သူပဲဖြစ်ဖြစ် ချက်ချင်း ဒူးထောက်ပါ မဟုတ်ရင် နေရာတင် သတ်ပစ်ရလိမ့်မယ်။ ”
ရုတ်တရက် ဟိန်းဟောက်သံ ထွက်ပေါ်လာကာ နဂါးနက်အစောင့်တပ်များမှာ အပြေးအလွှား ရောက်ရှိလာကြသည်။
နက်မှောင်သော သံချပ်ကာများကို ဝတ်ဆင်ပြီး သတ်ဖြတ်ခြင်းရည်ရွယ်ချက်များ ထုတ်ဖော်ထားတော့၏။
ဦးဆောင်လာသူမှာ အရပ်မြင့်မားပြီး ရောင်ဝါသိပ်သည်းလွန်းသော အမျိုးသားဖြစ်၏။ လက်ထဲတွင် တောက်ပနေသောလှံရှည်ကြီး တစ်စင်းကို ကိုင်ဆောင်ထားသည်။
သူ့ခန္ဓာကိုယ်ပေါ်တွင်မူ ဗလာနယ်ပယ်အင်မော်တယ် တာအိုဥပဒေများ ယှက်သိုင်းနေချေ၏။
“ အကြီးအကဲဝူ ငါ့ကိုကယ်ပါဦး ဒီလူရမ်းကားက နဂါးနက်စျေးရဲ့ စည်းမျဉ်းကို ဂရုမစိုက်ဘဲ လူတွေသတ်နေတယ်။ ”
ကျွန်ကုန်သည်က မြေပြင်မှနေပြီး အော်ဟစ်အကူအညီ တောင်းလိုက်တော့သည်။ ပတ်ဝန်းကျင်မှ အဘိုးအိုတစ်ဦးကလည်း၊
“ မိတ်ဆွေလေး ... အညံ့ခံလိုက်ပါ နဂါးနက်အစောင့်တပ်ကို ဆန့်ကျင်ရင်တော့ မင်းတကယ်ပဲ အသက်ရှင်လမ်း မရှိနိုင်ဘူး။ ”
- ဟု ဝင်ရောက် ဖျောင်းဖျလာသည်။
“ ဝှစ် ... ။ ”
“ အား ... ။ ”
သို့သော် စုရီက စကားမဆိုဘဲ ကျွန်ကုန်သည်ကို ခြေထောက်ဖြင့်နင်းချေကာ သတ်ပစ်လိုက်၏။ ကျွန်ကုန်သည်ခမျာ ချက်ချင်းပေါက်ကွဲလျက် အမှုန်အဖြစ် ပြောင်းလဲသွားတော့သည်။
လူတိုင်းနှလုံးသားများ တုန်လှုပ်ကုန်၏။ သူတို့မျက်စိကိုပင် မယုံနိုင် ဖြစ်ကုန်ကြသည်။ ဤသည်မှာ နဂါးနက်ဈေးဖြစ်ပြီး အင်မော်တယ် ဘုရင်များပင် စည်းမျဉ်းကို လိုက်နာရ၏။
မည်သူသည် နဂါးနက်အစောင့်တပ်၏ ရှေ့တွင် ဤသို့လူသတ်ရဲသနည်း။ အစောင့်များ သည်လည်း မျက်နှာပျက်ယွင်းသည်။
အဖွဲ့ကို ဦးဆောင်လာနေသော အမျိုးသားသည် သတ်ဖြတ်လိုခြင်းဆန္ဒများကို ထုတ်ဖော်လျက်ဒေါသတကြီးဖြင့်၊
“ ဒီနေ့ မင်းသာ ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင်ခဲ့မယ်ဆိုရင် ငါဝူချင်းထျန်း မင်းကိုအဘိုးခေါ်မယ်။ ”
-ဟု အော်ဟစ်လိုက်သည်။
ထို့နောက် လှံကိုမြှောက်ကာ တိုက်ခိုက်လိုက်တော့၏။ သို့သော် ထိုခဏတွင် လှံနှင့်သူသည် ရုတ်တရက် တောင့်တင်းသွားပြီး လေထုအလယ် အေးခဲသွားသည်။
တစ်ဆက်တည်းမှာပင် မျက်နှာအမူအရာသည်လည်း အမျိုးမျိုး ပြောင်းလဲနေတော့၏။
ယင်းသည် ထိတ်လန့်ခြင်း၊ ဇဝေဇဝါဖြစ်ခြင်းနှင့် ကြောက်ရွံ့ခြင်းပေပင်။ ဤမြင်ကွင်းကြောင့် ပတ်ဝန်းကျင်မှ လူများမှာ နားမလည်နိုင်ဘဲ ဖြစ်ကုန်ကြသည်။
“ ဘာတွေဖြစ်နေတာလဲ။ ”
တစ်စုံတစ်ဦးက ရေရွတ်လိုက်သည်။ ထိုအခါမှသာ ဝူချင်းထျန်းဆိုသော အမျိုးသားမှာ သတိပြန်ဝင်လာသည့်အလား တစ်ချက် တုန်ခါသွားတော့၏။
သည့်နောက် လူတိုင်းအံ့အားသင့်နေသော မျက်ဝန်းများရှေ့တွင် စုရီရှေ့သို့ အပြေးအလွှား ဆင်းသက်လိုက်ကာ လက်သီးဆုပ်လျက်၊
“ ဒီမျက်ကန်းကြီးဝူက အခြေအနေကို သေချာမသိဘဲ အလျင်စလို လုပ်မိသွားပါတယ် ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါရစေ။ ”
-ဟု တောင်းပန်လိုက်လေသည်။
လူတိုင်းမျက်ခုံးပင့်လျက် မှင်သပ်ကုန်တော့၏။ နဂါးနက်အစောင့်တပ်၏ ရွှေအဆင့် အရာရှိတစ်ဦး၏ တည်ရှိမှုသည် မြင့်မားလှသည်။
ထိုသူသည် ယခင်က သတ်ဖြတ်လိုစိတ်များဖြင့် အရှိန်အဝါကြီးမားနေ သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် အခြားလူကဲ့သို့ ပြောင်းလဲသွား၏။
အထူးသဖြင့် အစောင့်တပ်သား ခေါင်းဆောင်သည် စည်းမျဉ်းဖောက်ဖျက်သော လူသတ်သမားကို တောင်းပန်နေခြင်းပေပင်။
စုရီက မျက်မှောင်ကြုတ်လျက် အတွေးထဲနစ်မျောသွားကာ မနေ့က လာရောက် တောင်းပန်ခဲ့သော ဖုန်ရီယွမ်ကို သတိရလာသည်။
ဆိုလိုသည်မှာ တစ်စုံတစ်ဦးသည် ယနေ့ဝူချင်းထျန်းကို အမှောင်ထဲမှ သတိပေး နေခြင်းဖြစ်၏။ ထို့ကြောင့် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်သော်လည်း ထူးခြားသော အချင်းအရာများ မတွေ့ရချေ။
“ ဒါဆိုရင် ဒီနေ့ကိစ္စကို မင်း ဘယ်လို ဖြေရှင်းမလဲ။ ”
စုရီက သူ့ရှေ့မှ လူထံပြန်ကြည့်ကာ မေးလိုက်သည်။ ဝူချင်းထျန်းခမျာ အသက်ကို ပြင်းပြင်းရှူလျက် လေးနက်စွာဖြင့်၊
“ ဒီကျွန်ကုန်သည်တွေက နာမည်ဆိုးနဲ့ ကျော်ကြားပြီး အပြစ်ရှိလို့ သေထိုက်ပါတယ် မိတ်ဆွေလေးရဲ့ လုပ်ရပ်က ...
...ဒီလောကကြီးအကျိုးအတွက် ကောင်းမှုကုသိုလ် ပြုလုပ်ပေးတာပါ ဖြစ်ထိုက် ပါပေတယ်။ ”
- ဟု ပြုံးလျက် ပြန်ဖြေသည်။
လူတိုင်း မျက်လုံးပြူးကုန်၏။ ဤသည်မှာ ရွှေအဆင့်နဂါးနက်အစောင့် တပ်မှူးပင်လော။ သို့မဟုတ် အခြားသူပင်လော။
နဂါးနက်ဈေး၏ စည်းကမ်းထိန်းသိမ်းရေး အစောင့်တပ်မှူးတစ်ဦးသည် တစ်စုံတစ်ဦးကို မယုံနိုင်အောင် မျက်နှာသာပေးနေ၏။
“ ဒါဆိုရင် ငါ အခု သွားလို့ရပြီလား။ ”
စုရီမှ ထပ်မံ မေးမြန်းလိုက်သည်။ ဝူချင်းထျန်းက အလျင်အမြန် ခေါင်းညိတ်ပြပြီး၊
“ ရပါတယ် ... ရပါတယ် ... ဒီမျက်ကန်းကြီးဝူက မိတ်ဆွေလေးကို လိုက်ပို့ ပေးချင်ပါတယ်။ ”
-ဟု တုန့်ပြန်၏။
“ မလိုဘူး ... ။ ”
ထို့နောက် စုရီသည် ဖန်ဟန်၏ သံခြေကျင်းများအပေါ် ဖြတ်တောက်ပေးကာ ထွက်ခွာသွားတော့သည်။
၎င်းတို့ ပျောက်ကွယ်သွားမှသာ ဝူချင်းထျန်းသည် နဖူးမှချွေးများကိုသုတ်ကာ စိတ်သက်သာရာ ရသွားလေသည်။ ထို့နောက် ပတ်ဝန်းကျင်မှ လူများထံဝေ့ကြည့်ပြီး၊
“ ဘာကြည့်နေကြတာလဲ၊ သွားကြစမ်း။ ”
-ဟု အော်ငေါက်လိုက်၏။
လူအုပ်ကြီးမှာ အမြန်ပင် လူစုခွဲသွားကြတော့သည်။ မည်သို့ပင်ဆိုစေ ယနေ့ အဖြစ်အပျက်သည် ဒီရေအလား ပျံနှံ့သွားတော့မည်မှာ သေချာနေ၏။
တည်းခိုခန်းအတွင်း စုရီသည် ဒဏ်ရာများဖြင့် ပြည့်နှက်နေသောဖန်ဟန်နှင့် အတူ ပြန်ရောက်လာသည်ကို မြင်ချိန်တွင် ချင်းဝေမှ အံ့အားသင့်သွားရသည်။
“ သခင်လေး ... ဒီကလေးက နဂါးခြင်္သေ့မျိုးဆက်သွေး ရှိနေတာလား။ ”
“ ဟုတ်တယ် ... မင်း သူ့မျိုးရိုးအကြောင်း ဘာသိထားလဲ။ ”
ချင်းဝေက စုရီ၏စိတ်အာရုံသည် လေးလံနေကြောင်း သတိပြုမိသောကြောင့် လေးနက်စွာ တွေးတောလျက်၊
“ ဒီဂျူနီယာသိရသလောက်တော့ သူ့မျိုးနွယ်စုဟာ ဓမ္မဆုံးခေတ်မှာကျရှုံးမှုများပြီး အကိုင်းအခက်လောက်ပဲ ကျန်ရစ်ခဲ့တာပါ ...
... အဲ့ဒီနောက်ပိုင်း သူတို့မျိုးနွယ်စုရဲ့ သတင်းကို မကြားရတော့ပါဘူး ... သခင်လေး ဒီကလေးကို ခေါ်မလာရင် ...
... သူတို့မျိုးနွယ်စုဟာ ဒီလောကကြီးပေါ်ကနေ ထာဝရတိုင်အောင် ပျောက်ကွယ်သွားပြီလို့ ထင်မိလိမ့်မယ်။ ”
ထိုစဉ်ဖန်ဟန်က ချင်းဝေစကားကို မကျေနပ်ဟန်ဖြင့်၊
“ ငါနဲ့ ငါ့အစ်မ အသက်ရှင်နေသရွေ့ ငါတို့မျိုးနွယ်စုဟာ ဘယ်တော့မှ ပျောက်ကွယ် သွားစရာအကြောင်းမရှိဘူး။ ”
-ဟု ပြောကြားလာ၏။
စုရီတစ်ယောက် စိတ်ထဲ လေးလံသွားပြီး၊
“ ဒါဆိုရင် မင်းတို့မျိုးနွယ်စုမှာ မင်းနဲ့ မင်းရဲ့အစ်မ ... နှစ်ယောက်ပဲကျန်တော့တာပေါ့။ ”
“ ဟမ့် ... ငါက ဘာလို့ မင်းကို ပြောပြရမှာလဲ။ ”
စုရီမှ သက်ပြင်းချလျက် လူငယ်သည် သူ့အပေါ်တွင် သံသယများပြည့်နှက်နေသည်ကို သိလိုက်သည်။ ဤအချိန် မည်သည့်အရာကို မဆို အဖြေရလိမ့်မည် မဟုတ်ချေ။
“ ဒီကိုကြည့်စမ်း ... ။ ”
စုရီက လေထုအလယ် လက်ညှိုးဖြင့် တံဆိပ်တစ်ခုကို ဆွဲပြလိုက်၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် အလင်းတန်းများ စုစည်းလာပြီး ဆန်းကြယ်လှသော ပုံရိပ်တစ်ခု ပေါ်လာသည်။
ဤသည်မှာ ကြယ်တာရာများကို နင်းလျက်ဖြင့် ဟိန်းဟောက်နေသော နဂါး ခြင်္သေ့ကြီးတစ်ကောင်ပေပင်။
ဖန်ဟန်မှ မျက်လုံးများပြူးသွားပြီး မယုံနိုင်လောက်အောင် အံ့အားသင့်သွားခဲ့၏။ ထို့နောက် စုရီထံ ရန်လိုစွာ စိုက်ကြည့်ကာ၊
“ မင်း ... သူခိုး၊ မင်းငါတို့ နဂါးခြင်္သေ့မျိုးနွယ်စုရဲ့ ကမ္ဘာဦးနတ်သားရဲ ဆင့်ခေါ်ခြင်း တံဆိပ်ကို ဘယ်လိုသိလဲ။ ”
-ဟု အော်ဟစ်တော့သည်။
ထိုတံဆိပ်အမှတ်အသားကို ရေးဆွဲလိုက်သည်နှင့် နဂါးခြင်္သေ့မျိုးဆက်၏ မျိုးဆက်သွေးစွမ်းအားကို နှိုးဆွပေးနိုင်မည်။
အတိတ်က မျိုးနွယ်စုအတွင်း၌ပင် ကျင့်ကြံမှုမြင့်မားသော အကြီးအကဲများသာ ဤတံဆိပ်ကို နားလည်ကြသည်။
စုရီမှ လက်ဝှေ့ယမ်းကာ ပုံရိပ်ကို ဖျက်ဆီးပစ်လိုက်ပြီး၊
“ ငါက မင်းတို့မျိုးနွယ်စုနဲ့ အတိတ်မှာ ရင်းနှီးမှုရှိခဲ့ဖူးတယ် ... ဒါကြောင့် မင်းရဲ့ဘဝကို ကယ်တင်ပေးခဲ့တာ။ ”
-ဟု ရှင်းပြလိုက်သည်။
ဖန်ဟန်တစ်ယောက် မျက်နှာ အမျိုးမျိုး ပြောင်းလဲလျက် အချိန်အတော်ကြာ တိတ်ဆိတ် နေပြီးမှ၊
“ ငါ မယုံဘူး အစ်မက ပြောဖူးတယ်၊ ငါတို့မျိုးနွယ်စုဟာ မျိုးဆက်ပေါင်းအဆက်ဆက် နယ်စပ်တံခါးကို စောင့်ရှောက်ခဲ့ပြီး မိစ္ဆာတွေကို အများကြီးသတ်ပေးခဲ့တယ် ...
... ဒါပေမယ့် ဒီနေ့ ငါတို့မျိုးနွယ်စုကို ဒီလိုဒုက္ခပေးခဲ့တာက နတ်ဆိုးတွေမဟုတ်ဘူး ကျေးဇူးကန်းတဲ့ မင်းတို့လူသားတွေပဲ ...
... ဒါကြောင့် မင်းတို့လို လူယုတ်မာတွေ ဘာပြောပြောမယုံဖို့ ငါ့အစ်မမှာထားတယ် ငါ့ကို သတ်ချင်ရင် သတ်နိုင်တယ်။ ”
ပြောပြီးသည်နှင့် လူငယ်မှနှုတ်ခမ်းကို တင်းတင်းစေ့ကာ စကားထပ် မဆိုတော့ချေ။ ချင်းဝေတစ်ယောက် မျက်ဝန်းများတွင် သနားဂရုဏာရိပ်များ ပေါ်လာ၏။
ဤကလေးငယ်သည် မည်မျှစွာသော ခက်ခဲကြမ်းတမ်းသည့်လမ်းကို ဖြတ်သန်းခဲ့ရ သနည်း။ အဘယ့်ကြောင့် လောကကြီးအပေါ် ဤမျှစိတ်ကုန်နေရသနည်း။
“ ချင်းဝေ ... သူ့ကို ခေါ်သွားပြီး ရေမိုးချိုးပေးလိုက်၊ အဝတ်အစားသစ် လဲပေးပြီး ဒဏ်ရာတွေကို ကုသပေးလိုက်ပါ။ ”
စုရီမှ မှာကြားလိုက်သည်။ ချင်းဝေက ခေါင်းညိတ်၏။ ထို့နောက် ချင်းဝေနှင့်ဖန်ဟန်မှာ အခန်းအပြင်သို့ ထွက်ခွာသွားတော့သည်။
စုရီသာလျှင် ကုလားထိုင်တွင် တစ်ယောက်တည်းငြိမ်သက်စွာ ကျန်ရစ်ခဲ့၏။ ထို့နောက် အရက်ကိုထုတ်ကာ တစ်ငုံသောက် လိုက်သော်လည်း အရသာ ကင်းမဲ့နေသည်။
နဂါးခြင်္သေ့မျိုးရိုးသည် အင်မော်တယ် မြေအတွက် သတ္တမမြောက်ကောင်းကင်တံခါး၌ အသက်ပေါင်းများစွာကို ပေးဆပ်ကာကွယ်ခဲ့၏။
ယနေ့ သူတို့ပြန်ရလိုက်သည်မှာ မျိုးနွယ်စုပျက်စီးခြင်းနှင့် မျိုးဆက်များကို ကျွန်အဖြစ် အရောင်းစားခံနေရခြင်းပေပင်။
အလွန်ပင် ရက်စက်လှ၏။ ဖန်ဟန်၏ လှောင်အိမ်အတွင်း၌ သွေးများအလိမ်းလိမ်းဖြင့် တိရစ္ဆာန်တစ်ကောင်လို ရောင်းချခံနေရသည့် မြင်ကွင်းမှာ နှလုံးသားကို နာကျင်စေသည်။
“ ဒီအပြစ်တွေအတွက် ... သေထိုက်တဲ့လူတိုင်းကို ငါစုရီခွင့်မလွှတ်ဘူး သေချာပေါက် ပြန်ပေးဆပ်ခိုင်းမယ်။ ”
***
အခန်း ၁၁၅၈ –
ဓမ္မစည်းဝေးပွဲ ... ။
များမကြာခင် ဖန်ဟန်သည် သန့်ရှင်းသပ်ရပ်သောအသွင်ဖြင့် သွေးများ စွန်းထင်းနေသော ဝတ်လုံကိုကိုင်ကာ ပြန်လည် ရောက်ရှိလာ၏။ စုရီသည် တစ်ချက်ကြည့်ရုံဖြင့် ထိုလူငယ်စိတ်ကို နားလည်ချေသည်။
ထိုလူငယ်သည် ဒဏ်ရာများနှင့် သွေးစွန်းနေသော အဝတ်ကို မစွန့်လွှတ်နိုင်၍ ဖက်တွယ်ထားခြင်း မဟုတ်ချေ။
ဤသို့သွေးစွန်းသော အတိတ်နှင့် နာကျည်းမှုကို ရင်ထဲ၌ တင်းတင်းပွေ့ပိုက်ကာ နှလုံးသားတွင် ထာဝရ စွဲထင်နေစေရန် ဖြစ်၏။
စုရီက ခေတ္တမျှ စိုက်ကြည့်ပြီးနောက်၊
“ နဂါးနက်ဈေးကနေ ထွက်ခွာပြီးရင် ... ငါမင်းကို ပိုင်လုကျိုးဆီ ခေါ်သွားပေးမယ်။ ”
-ဟု ပြောကြားလိုက်သည်။
ဖန်ဟန်မှ တစ်ခုခုကို မေးမြန်းချင်ပုံရသော်လည်း နောက်ဆုံးတွင် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။ သူ့တွင် သံသယများ လွှမ်းမိုးနေဆဲဖြစ်၏။
နောက်တစ်နေ့ နံနက်တွင် နဂါးနက်ဈေးမြို့၏ အရှေ့ဘက်အကျဆုံးသော အရပ်တွင် ရှေးဟောင်းအဆောက်အအုံသည် အသက်ဝင်နေတော့သည်။
ထိုအဆောက်အအုံများ၏ အရှေ့ဘက်၌ နက်မှောင်သော မြူခိုးများ ရစ်သိုင်းနေကြသည့် တောင်ကြီးတစ်လုံး ရှိနေသည်။
ထိုတောင်ကြီး၏အမည်မှာ နဂါးပုန်းတောင်ဖြစ်ပြီး နဂါးနက်ဈေးမြို့တော်၏ တားမြစ်မြေဖြစ်သည်။
နဂါးနီသခင်သည် ထိုတောင်တွင် နေထိုင်ချေ၏။ အင်မော်တယ်နယ်မြေအတွင်း ကျော်ကြားသော စမ်းသပ်လှိုဏ်ဂူ၊ ကျောက်တိုင် သစ်တောတို့သည် ထိုအရပ်တွင်ရှိသည်။
ယနေ့ ဝိညာဉ်တစ်သောင်းဂိုဏ်းမှ ကျင်းပမည့် စည်းဝေးပွဲသည် ထိုနဂါးပုန်းတောင် အရှေ့ရှိ ရှေးဟောင်းအဆောက်အအုံများတွင် ဖြစ်လေသည်။
၎င်းတို့မှာ ခန့်ညားထည်ဝါလှသော ရှေးဟောင်းနန်းတစ်ခုဖြစ်ပြီး မိုတိမ်မင်္ဂလာ နန်းတော်ဟု အမည်တွင်၏။
ဓမ္မအဆုံးခေတ် မတိုင်မီကတည်းက တည်ရှိခဲ့သော နန်းတော်ကြီးပေပင်။ ယခုချိန်၌ ထိုနန်းတော်ကိုဗဟိုပြု၍ ပတ်ဝန်းကျင်နယ်မြေ တစ်ခုလုံး ကျင့်ကြံသူများဖြင့် ပြည့်နှက်နေ၏။
ယနေ့ပွဲတော်သည် နဂါးနက်ဈေးမြို့ တစ်ခုလုံးကို လှုပ်ခတ်စေခဲ့ပြီး လူအများ၏ အာရုံစိုက်မှုများရရှိထားသည်။
ဆိုလိုသည်မှာ ကျင့်ကြံသူများသည် ဤပွဲတော်ကိုအခြေပြု၍ သတင်းစုံစမ်းရန်နှင့် ဝိညာဉ်တစ်သောင်းဂိုဏ်း၏ ခွန်အားအပေါ် သုံးသပ်ရန် ရောက်ရှိလာခြင်းဖြစ်၏။
ထို့ကြောင့် ယနေ့နံနက်တွင် မိုးတိမ်မင်္ဂလာနန်းတော် အနီးတစ်ဝိုက်တွင် လူအုပ်ကြီးဖြင့် စည်ကားနေသည်။
“ ကြိုးကြာကိုးကောင် အင်မော်တယ် ရောက်လာပြီ ... ။ ”
တစ်စုံတစ်ဦး၏ ရေရွတ်သံကြောင့် လူအုပ်ကြီးအတွင်း လှုပ်လှုပ်ရှားရှား ဖြစ်သွား ကြတော့သည်။
နက်ပြာရောင်ဝတ်စုံနှင့် ဆံပင်များ နှင်းပွင့်ကဲ့သို့ ဖြူဖွေးနေသော အဘိုးအိုတစ်ဦး လူငယ်နှစ်ဦးကိုခေါ်ဆောင်ကာ အဝေးမှ လျှောက်လှမ်းလာနေ၏။
သူတို့သုံးဦး မိုးတိမ်မင်္ဂလာနန်းတော် အတွင်းသို့ ဝင်ရောက်သွားသည်အထိ လူအုပ်မှာ ဆူညံစွာ ဆွေးနွေးမှုများ ပြုနေကြသည်။
“ တကယ်ပဲ ကြိုးကြာကိုးကောင် အင်မော်တယ်နောင် ရောက်လာလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ ”
“ သူက လော့ပြည်နယ် ယောက်နယ်မြေရဲ့ ထိပ်သီး မိစ္ဆာကျင့်ကြံသူ အင်မော်တယ်တစ်ပါး မဟုတ်လား သူ ဘာလာလုပ်တာလဲ။ ”
“ ဓမ္မအဆုံးခေတ် ပြီးတည်းက ဝိညာဉ်တစ်သောင်းဂိုဏ်းဟာ အင်မော်တယ် အဆင့် ကျင့်ကြံသူတွေကို စည်းရုံးပြီး အင်အားချဲ့ထွင်နေတယ် ...
... လက်ရှိအချိန်ထိ သူတို့မှာ အင်မော်တယ်အဆင့် ဘယ်နှပါးရှိလဲ၊ အင်အား ဘယ်လောက်တောင် ကြီးမားနေပြီလဲဆိုတာ ဘယ်သူမှ သေချာမသိကြဘူး။ ”
“ မင်းပြောချင်တာက ... စီနီယာကြိုးကြာကိုးကောင် အင်မော်တယ်က ဒီနေ့ပွဲကိုလာတာ ဝိညာဉ်တစ်သောင်းဂိုဏ်းဆီ ဝင်ရောက်ဖို့လား။ ”
လူအများ၏ စကားစမြည် ပြောကြားနေသံများ ဆူညံနေချေပြီ။ မကြာမီ အခြားသော အရှိန်အဝါကြီးမားသည့် ပုဂ္ဂိုလ် တစ်ဦး ထပ်မံရောက်ရှိလာပြန်၏။
ဤသည်မှာ ငှက်မွှေးဦးထုပ်ဆောင်းလျက် နီရဲနေသောဝတ်စုံဖြင့် မုတ်ဆိတ်မွေးများသည် လှံတိုများအလား ထောင်မတ်နေသည့် အမျိုးသားတစ်ယောက်ဖြစ်သည်။
မျက်ဝန်းများမှာ လျှပ်စီးကဲ့သို့ စူးရှကာ သူ့နောက်ပါးတွင် ဗလာနယ်ပယ်ကျင့်ကြံသူများ လိုက်ပါလာကြသည်။ သူတို့အားလုံးသည် တစ္ဆေကျင့်ကြံသူများဖြစ်၏။
အမျိုးသားအမည်မှာ မီးလျှံတံဆိပ် အင်မော်တယ်ဖြစ်ချေ၏။ ဟွာပြည်နယ်အတွင်း တိမ်ထင်းရှူးဘုံကျောင်းမှ အကြီးအကဲပေပင်။
သူ့အဆင့်အတန်းနှင့် ခွန်အားသည် ကြိုးကြာကိုးပါး အင်မော်တယ်ထက် သာလွန် ချေ၏။
သူ့အမည်သည် နှစ်ပေါင်းများစွာတည်းက ဟွာပြည်နယ်၏ ပထမတန်းစားနတ်ဆိုးငါးပါး စာရင်းတွင် ပါဝင်သည်။
ထို့နောက်တွင် ကျော်ကြားပြီး အစွမ်းထက်လှသော အင်မော်တယ်နယ်ပယ် ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ထပ်မံ ရောက်ရှိလာကြသည်။
စုရီ၊ ဖန်ဟန်နှင့် ချင်းဝေတို့သုံးဦး ရောက်ရှိလာချိန် လူအများ၏ အာရုံစိုက်မှုကို ရရှိလာပြန်၏။ သူတို့အားလုံး နန်းတော်အတွင်း ဝင်ရောက်သွားသည့်အခါ လူအုပ်ကြီးအတွင်း ဆွေးနွေးသံများ ကျန်ရစ်ခဲ့သည်။
“ အဲဒီ အင်မော်တယ်ကဘယ်သူလဲ ဘာလို့ငါတစ်ခါမှ မမြင်ဖူးရတာလဲ။ ”
“ ငါ့အထင်တော့ ... ကျင်းပြည်နယ် ပျော်ရွှင်ခြင်းကျောက်စိမ်းမျှော်စင်သခင် ချင်းဝေ ဖြစ်မယ်ထင်တယ်။ ”
လူအများမှာ ရုတ်တရက် သဘောပေါက်သွားကြသည်။ အင်မော်တယ် ချင်းဝေသည် နတ်ဆိုးကျင့်ကြံသူများအကြား ဆန်းကြယ်ပြီး အဆင့်အတန်းမြင့်မား၏။
သူမ၏ အလှအပနှင့် ပါရမီမှာ အတုမရှိသကဲ့သို့ စွမ်းအားအရာတွင်လည်း အတိုင်းအဆမဲ့ချေပြီ။ သို့သော် သူမသည် လောကအလယ်တွင် ပေါ်ထွက်လေ့မရှိသဖြင့် လူသိနည်းလှ၏။
စုရီနှင့် ဖန်ဟန်အတွက်မူ မျက်နှာသစ်များဖြစ်သဖြင့် ချင်းဝေနောက်ပါးမှ လိုက်ပါလာသော မျိုးဆက်သစ်များအဖြစ် သတ်မှတ်လိုက်ကြသည်။
မိုးတိမ်မင်္ဂလာနန်းတော်၏ အတွင်းပိုင်းအကျယ်အဝန်းသည် ကြီးမားလှပြီး လူပေါင်းထောင်ချီဝင်ဆံ့သည်။
နန်းတော်တစ်ခုလုံးကို ရှေးဟောင်း အင်မော်တယ်အစီအရင်များဖြင့် ဖုံးအုပ်ထားပြီး အတိတ်က နဂါးနက်ဈေးသခင်ကိုယ်တိုင် ခင်းကျင်းထားခြင်းဖြစ်၏။
အင်မော်တယ်ဘုရင်အဆင့်ရှိသူ၏ အစွမ်းကုန်တိုက်ခိုက်မှုကိုပင် ခုခံနိုင်စွမ်းရှိသည်။ ကျောက်ဆောင်သဖွယ် ခိုင်ခံ့လှ၏။
အတွင်း၌ လူအများဖြင့် စည်ကားနေပြီး အချင်းချင်း စကားစမြည်ပြောဆိုလျက် လေထု အပေါ် တက်ကြွမှုများ ပေးစွမ်းနေသည်။
ဝိညာဉ်တစ်သောင်းဂိုဏ်း အကြီးအကဲနှင့် သန့်ရှင်းသောသားတော်တို့သည် လူအုပ်အတွင်း လိုက်လံ နှုတ်ဆက်နေ၏။
စုရီတို့ ဝင်ရောက်လာသောအခါ လူတိုင်းက လှည့်ကြည့်လာသည်။ အထူးသဖြင့် ချင်းဝေ၏ လောကကို မှောက်မှားစေနိုင်သောအလှတရား ကောက်ကြောင်းသည် ပွဲအတွင်းထင်းရှားနေ၏။
အင်မော်တယ်အဆင့် အဖိုးကြီးများမှာ ငယ်ရွယ်နုပျိုမှု အချိန်ကာလများထံ ပြန်လည် လွမ်းဆွတ်လာကုန်သည်။
ဤသို့သော အမိုက်စားအလှတရားကို မည်သည့်လူငယ်မဆို လက်မလွှတ်လိုကြချေ။ လူငယ်ဘဝ၌ သူတို့မည်မျှ ရူးသွပ်ခဲ့သည်ကို သတိရလာကုန်၏။
“ ချင်းဝေမိတ်ဆွေ... မတွေ့ရတာ ကြာပြီနော်။ ”
ဝိညာဉ်တစ်သောင်း ဂိုဏ်းမှ အကြီးအကဲသည် ပြုံးရွှင်စွာကြိုဆိုပြီးနောက် နေရာထိုင်ခင်းများ စီစဉ်ပေး၏။
ချင်းဝေသည် ခန်းမကြီး၏ ဗဟိုထိုင်ခုံတွင်ရှိနေကာ သူမဘေးနှစ်ဘက်၌ ကြိုးကြာကိုးပါအင်မော်တယ်နှင့် မီးလျှံတံဆိပ် အင်မော်တယ်တို့ နေရာချပေးသည်။
စုရီနှင့် ဖန်ဟန်အတွက်မူ အခန်းထောင့် တစ်နေရာတွင်ထိုင်စေ၏။ သူတို့ဘေးနားတွင် ကျင့်ကြံမှုနိမ့်ပါးသော လူငယ်အချို့သာ ရှိနေသည်။
စုရီကမူ ၎င်းအပေါ် အရေးမစိုက်ဘဲ ထိုင်ချလိုက်ပြီးနောက် အရက်အိုးကိုကိုယ်တိုင် ငှဲ့၍သောက်နေလိုက်၏။
ဖန်ဟန်သည် သူ့ဘေးတွင် ထိုင်နေပြီး သိသိသာသာတုန်လှုပ်နေကာ မျက်ဝန်းများတွင် ဝေခွဲမရခြင်းများ ပြည့်နှက်နေသည်။
စုရီသည် သူ့ကို အဘယ်ကြောင့် ဤကဲ့သို့သောပွဲသို့ ခေါ်ဆောင်လာသည်ကို မစဉ်းစားတတ်ချေ။
သို့သော် အဆုံးတွင် အံကြိတ်လျက် အတွေးများရပ်ကာ အရက်အိုးကိုမ၍ငှဲ့ကာ သောက်လိုက်တော့၏။ စုရီကထိုမြင်ကွင်းကို လှည့်ကြည့်ကာ ပြုံးပြီး စကားမဆိုချေ။
ရုတ်တရက် သန့်ရှင်းသော သားတော် ချုံချီသည် အရက်ခွက်ကိုကိုင်ကာ စုရီထံပါးသို့ လျှောက်လှမ်းလာသည်။ သူက ပြုံးလျက်၊
“ မင်းရဲ့ အဆင့်အတန်းက မရိုးရှင်းဘူးဆိုတာ ငါသိပါတယ် ဒါပေမဲ့ ငါက မင်းကို ဒီလိုနေရာမှာပဲ ထိုင်ဖို့ စီမံထားတာ။ ”
-ဟု ပြောကြားလာသည်။
“ ဒါပေမဲ့ ... ငါက မင်းကို အရှက်ခွဲဖို့ သီးသန့်လာတာမဟုတ်ဘူး သတိပေးချင်လို့ပဲ ဒီနေ့ မင်း ဒီနေရာမှာ ပြဿနာရှာရဲရင် သေခြင်းက အဆုံးသတ်ဆိုတာသတိရပါ။ ”
ထိုသို့ပြောပြီးသည်နှင့် ချုံချီသည် ခွက်အတွင်းရှိအရက်ကို အကုန်သောက်လိုက်ပြီး စုရီထံ နက်ရှိုင်းစွာစိုက်ကြည့်ကာ လှည့်ထွက် သွားတော့သည်။
စုရီမှ မခံစားရသည့်အလား ပုံမှန်အတိုင်း ထိုင်နေဆဲ ဖြစ်၏။ ဖန်ဟန်ကလှည့်ကြည့်ကာ တစ်ခုခုကို ရိပ်မိသွားသည်။
“ ကြည့်ရတာ ... မင်းက ဒီမှာ လူကြိုက်နည်းနေတာပဲ ငါသာ မင်းနေရာမှာ ဆိုရင် ဒီလိုစော်ကားခံရတာကို မခံဘဲ ထွက်သွားတာကြာပြီ။ ”
-ဟု လှောင်ပြောင်လိုက်သည်။ သူ့စကားကြောင့် စုရီမှ ပြုံးလေသည်။
“ ဒါဆို ပြောကြည့်ပါဦး မင်းအထင်အရ သူ့လိုမျိုးသန့်ရှင်းသောသားတော်က ဘာလို့များ ငါ့ကိုသီးသန့်လာပြီး ရန်စနေရတာလဲ။ ”
“ ဒါ ... ။ ”
ဖန်ဟန်တစ်ယောက် ဆွံ့အသွား၏။ စုရီက သဘောကျစွာ ရယ်မောလျက်၊
“ မင်း ... ငယ်သေးတယ် သေရမှာကို မကြောက်တာက သတ္တိရှိတယ်လို့ ဆိုနိုင်ပေမဲ့ ကိစ္စတွေကို အပေါ်ယံလောက်ပဲ ကြည့်ပြီး ဆုံးဖြတ်လို့မရဘူး ...
... စောစောက သူ့ရဲ့လုပ်ရပ်က ငါ့ကို ပြဿနာမရှာဖို့ သတိပေးနေတာလို့ ထင်ရပေမဲ့ တကယ်တမ်းတော့ သူက ငါ့ကိုပြဿနာ ရှာစေချင်နေတာပဲ။ ”
-ဟု ပြောကြားလိုက်၏။ ဖန်ဟန်က မျက်မှောင်ကုတ်လျက်၊
“ ဘာလို့လဲ ... ။ ”
-ဟု မေးမြန်းလိုက်လေသည်။
“ ရိုးရှင်းပါတယ် သူက ဒီနေရာကို သူ့ပိုင်နက်လို့ သတ်မှတ်ထားတယ် ... ဒါပေမဲ့ ချင်းဝေရဲ့ အဆင့်အတန်းကြောင့် ငါ့ကို တိုက်ရိုက် ရန်မစဝံ့ဘူး ...
... အကယ်၍ ငါ့ဘက်ကစပြီး ပြဿနာရှာရင်တော့ သူ့အတွက်အကောင်းဆုံး အကြောင်းပြချက်ရသွားလိမ့်မယ်။ ”
“ မင်းနဲ့ သူ ရန်ငြိုးရှိလို့လား။ ”
“ ငါ သူ့ကို လမ်းမပေါ်မှာ လူအများရှေ့ အရှက်ခွဲခဲ့ဖူးတယ်။ ”
“ ဒါဆိုရင်တော့ မဆန်းပါဘူး။ ”
ဖန်ဟန်က သဘောပေါက်သွားပြီး၊
“ ငါသာ သူ ဖြစ်ရင်လည်း လက်စားချေဖို့ကြိုးစားမိမှာပဲ။ ”
-ဟု မှတ်ချက်၏။ စုရီမှ အရက်တစ်ခွက် မော့သောက်လိုက်ပြီးနောက် စကားထပ်မပြော လိုတော့ချေ။ သို့သော် ဖန်ဟန်မှ မနေနိုင်ဘဲ၊
“ မင်းပြောတာ မှန်နိုင်ပေမယ့် ငါသာ မင်းဆိုရင်တော့ ဒီလိုငြိမ်ခံနေမှာ မဟုတ်ဘူး။ ”
- ဟု ရန်ဆွပေးလိုက်သည်။
“ မင်းရဲ့ ဒီလိုနှိုးဆွပေးတဲ့လုပ်ရပ်က ရယ်စရာကောင်းလွန်းတယ် ငါနဲ့ သူ ရန်ဖြစ်ရင် မင်းထွက်ပြေးဖို့ မဟုတ်လား။ ”
ဖန်ဟန်၏ မျက်နှာမှာ အနည်းငယ် အနေရခက်သွားသော်လည်း ခေါင်းမာစွာဖြင့် ‘ဟုတ်တယ်၊’-ဟု ဝန်ခံလိုက်၏။ စုရီမှ ပြုံးပြီး၊
“ ပွဲက လာမှာပါ၊ မလောနဲ့။ ”
- ဟု ပြောကြားလိုက်သည်။
ဖန်ဟန်မှ မျက်မှောက်ကြုတ်ကာ စကားမဆိုတော့ချေ။ ထို့နောက် အခြားသော အစွမ်းထက် ပုဂ္ဂိုလ်များ ဆက်တိုက် ရောက်ရှိလာကြသည်။
နဂါးနက်အစောင့်တပ်မှူး ကြယ်တာရာသူတော်စင် အင်မော်တယ်လည်း ရောက်ရှိလာပြီး အဓိက စားပွဲကြီးတွင် ဝင်ထိုင်လိုက်တော့၏။
လက်ရှိအချိန်တွင် သူတော်စင် အင်မော်တယ်နယ်ပယ်(၁၂)ပါးခန့် ရှိလာပြီ ဖြစ်သည်။
သူတို့နှင့်အတူ ဗလာနယ်ပယ်အင်မော်တယ် ငါးဆယ်နီးပါးရောက်ရှိလာကာ တပည့်များနှင့် ပေါင်းစပ်သော် သုံးရာနီးပါးရှိနေချေပြီ။
ထို့ကြောင့် နဂါးနက်မြို့၏ အစောင့်တပ်မှူးတစ်ဦး ရောက်ရှိလာသောအခါ ဆူညံသံများ ချက်ချင်း ငြိမ်ကျသွားတော့သည်။
“ ဟားဟားဟား ... ဒီတစ်ကြိမ် ငါတို့ဝိညာဉ်တစ်သောင်းဂိုဏ်းက ဒီနေရာမှာ ပွဲတော်ကျင်းပနိုင်တာက တာအိုမိတ်ဆွေရဲ့ ကျေးဇူးကြောင့်ပါ ...
... စကားတွေကို အများကြီး ပြောမနေတော့ပါဘူး နောင်မှာ ဒီနေ့အတွက် ထိုက်တန်စွာ ပြန်ဆပ်ပါ့မယ်။ ”
ဝိညာဉ်တစ်သောင်းဂိုဏ်းမှ အကြီးအကဲကပြုံးရွှင်စွာဖြင့် ပြောကြားလာ၏။ လူအများမှာ စိတ်လှုပ်ရှားစွာဖြင့် ကြယ်တာရာ သူတော်စင် အင်မော်တယ်ထံ ကြည့်လာကြသည်။
တစ်ဆက်တည်းမှာပင် နဂါးနက်အစောင့်တပ်မှူး တစ်ယောက်ကို ဖိန်ကြားနိုင်သော ဝိညာဉ်တစ်သောင်းဂိုဏ်း အပေါ်လည်း အထင်ကုန်၏။
“ ဒီလူက တကယ်ကို အထင်ကြီးစရာ ကောင်းတာပဲ ... သူ့ရဲ့အဆင့်အတန်းမျိုးသာ ငါ့မှာရှိလာရင် ... ။ ”
ဖန်ဟန်မှ တောင့်တမျှော်လင့်သော အငွေ့အသက်များ ရစ်သိုင်းလျက် ကြယ်တာရာ သူတော်စင် အင်မော်တယ်ထံ ငေးကြည့်သည်။ စုရီက အရက်တစ်ခွက် မော့သောက်ကာ၊
“ မင်းရဲ့ အမြင်က ကျဉ်းလွန်းတယ် မင်းတို့နဂါးခြင်္သေ့မျိုးနွယ်စုရဲ့ အထွတ်အထိပ် အချိန်တွေမှာတုန်းက အင်မော်တယ်ဘုရင်တွေ တိမ်တိုက်တွေလို ပေါ်ထွက်ခဲ့ဖူးတယ် ...
... မင်းအနေနဲ့ နောင်တစ်ချိန်မှာ အင်မော်တဘ်ဘုရင်အဆင့်ကို မရောက်နိုင်ရင် မင်းရဲ့ခန္ဓာထဲမှာ စီးဆင်းနေတဲ့ သွေးတွေကို စော်ကားရာရောက်လိမ့်မယ်။ ”
- ဟုပြောကြားလိုက်သည်။
ထိုစကားကြောင့် ဖန်ဟန်ခမျာ မှင်သပ်သွားလေသည်။ ထို့နောက် မကျေမနပ် ဖြစ်လာပြီး၊
“ မင်းက ငါ့ကိုသင်ကြားပေးနေတာလား။ ”
-ဟု အေးစက်စွာ မေးမြန်းလိုက်၏။
“ သေချာတာပေါ့ ... ။ ”
ထိုစဉ်နန်းတော်အတွင်းရှိ လေထုမှာ ရုတ်တရက် တိတ်ဆိတ်သွားသည်။ အားလုံး၏ မျက်ဝန်းများမှာ နေရာတစ်ခုသို့ စုပြုံကျရောက် သွားတော့၏။
နန်းတော်၏ အတွင်းခန်းမှ လူရိပ်တစ်ရိပ်ထွက်လာပြီး ကျောက်စိမ်းစင်မြင့် ပေါ်သို့ ဖြည်းညှင်းစွာ လှမ်းတက်လာချေပြီ။
ဤသည်မှာ ဝတ်စုံအနက်ကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး ဖြစ်ကာ ဆံပင်နှင့် မုတ်ဆိတ်များ နှင်းကဲ့သို့ ဖြူဖွေးနေချေ၏။
မျက်ဝန်းများသည် သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းလှပြီး ကိုယ်ပေါ်တွင် မမြင်နိုင်သော ရောင်ဝါများ ရစ်သိုင်းနေသည်။
သူ ထွက်ပေါ်လာသည်နှင့် သူတော်စင် အင်မော်တယ်များပင် စကားများရပ်လိုက်ကာ ထူးဆန်းသောအမူအရာများ ပြသလာ၏။
ဝိညာဉ်တစ်သောင်းဂိုဏ်း အကြီးအကဲ ရှောင်ကျူးက အမြန်ပင် ရှေ့သို့ တက်လှမ်းကာ ပြုံးလျက်၊
“ အားလုံးပဲ ... ဟောဒီပုဂ္ဂိုလ်က ငါတို့ဂိုဏ်းရဲ့ ယဇ်ပုရောဟိတ်ယန်ချိုင်ပါပဲ။ ”
-ဟု မိတ်ဆက်ပေးလာသည်။
နန်းတော်အတွင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး လူတိုင်း နားလည်လာတော့၏။ ဆိုလိုသည်မှာ ယဇ်ပရောဟိတ်တစ်ဦးသည်ပင် အထွတ်အထိပ် သူတော်စင်အင်မော်တယ် တစ်ပါးဖြစ်နေရာ ထိုထက်ပို၍ ရာထူးကြီးမြင့် သူများမှာ ဆိုဖွယ်မရှိနိုင်ချေ။
အင်မော်တယ်ဘုရင်အဆင့်တွင် ရှိနေနိုင်မည်။ လက်ရှိ ယန်ချိုင်၏ သူတော်စင် အင်မော်တယ်အဆင့် ရောင်ဝါသည် နက်ရှိုင်းပြီး ပြိုင်ဘက်ကင်းနေသည်မှာ သာဓကပေပင်။
ထိုသူကို မြင်လိုက်ရသောအခါ စုရီမှ တစ်စုံတစ်ရာကို သတိပြုမိသွားသည့်အလား မျက်မှောင်ကြုတ်လျက် အရက်ခွက်အား ဖြည်းညှင်းစွာ ပြန်ချလိုက်တော့သည်။
***