← Chapters

အခန်း (၁၁၆၃-၁၁၆၄)

Vol. 97 Ch. 1163-1164

အခန်း (၁၁၆၃-၁၁၆၄)

Vol. 97 Ch. 1163-1164

အခန်း ၁၁၆၃-

နတ်ဘုရားတံဆိပ် ... ။

သူတော်စင် အင်မော်တယ်များသည် ဤမျှအရှက်မဲ့သော သစ္စာဖောက်မှုမျိုး သည်မျှ မြန်မြန် ပြုလုပ်လာလိမ့်မည်ဟု မည်သူမျှ မထင်ထားချေ။

ဖန်ဟန်က စုရီ၏ စကားများကို ပြန်သတိရသွားသည်။ လူအများ၏နှလုံးသားကို ရရှိရန် ဝိညာဉ်တစ်သောင်းဂိုဏ်းအသုံးပြုသည့် နည်းလမ်းများမှာ အလုပ်မဖြစ်ချေ။

ဤသည်မှာ အာဏာကိုအခြေခံ၍ အခြားသူများနှင့် ပေါင်းသင်းဆက်ဆံသူများဟု အဓိပ္ပာယ်ရပြီး အာဏာပျောက်ကွယ်သွားသော အခါ ပြန်လည် ဝေးကွာသွားပေလိမ့်မည်။

နဂါးနီသခင်၏ ထွက်ပေါ်လာမှုသည် ဝိညာဉ်တစ်သောင်းဂိုဏ်း၏ မာနထောင်လွှားမှု အပေါ် နှိမ်နင်းနိုင်ခဲ့ပြီး ကြီးစိုးမှုအပေါ် ပြိုလဲသွားစေသည်။

အဆုံးတွင် ကြိုးကြာကိုးပါး သူတော်စင်အင်မော်တယ်နှင့် အခြားသူများကို တွန့်ဆုတ်ခြင်းမရှိ ဆုတ်ခွာစေတော့၏။

“ ဟား ဟား ဟား ... ။ ”

ဤမြင်ကွင်းကို ရင်ဆိုင်ရသောအခါ မိုးတိမ်ယဇ်ပရောဟိတ်အကြီးအကဲ ယန်ချိုင်မှ ဒေါသတကြီး ရယ်မောလာခဲ့သည်။

“ မင်းတို့ကောင်တွေ အသက်ကြီးပြီး သေမှာကြောက်နေတာလား ... ဟမ့် ငါတကယ် ရှုံးလိမ့်မယ်လို့ရော ထင်နေတာလား။ ”

မိုးတိမ်ယဇ်ပုရောဟိတ်က မှိုင်းညို့နေသောအမုန်းတရားများနှင့် ပြည့်နှက် လာလေသည်။ ကြိုးကြာကိုးပါး သူတော်စင် အင်မော်တယ်မှ ဂရုမစိုက်ဘဲ၊

“ တာအိုမိတ်ဆွေ ... ငါ့အမြင်အရတော့ မင်းတို့အားလုံး စီနီယာနဂါးနီရှေ့ လက်နက်ချ လိုက်တာ အကောင်းဆုံးပါပဲ။ ”

-ဟု ဖျောင်းဖျစကားဆိုလိုက်၏။

“ ဟုတ်တယ် ... မင်း ဆက်ပြီး ခုခံနေရင် ငါတို့ ခွင့်မပြုဘူး။ ”

မီးလျှံတံဆိပ် အင်မော်တယ်မှလည်း အေးစက်စွာ ဝင်ရောက်ပြောကြားလာခဲ့သည်။ ရုတ်တရက် သူတို့၏ဓားဖျားကို ယဇ်ပုရောဟိတ် ယန်ချိုင်ထံ ဦးတည်လိုက်ကြ၏။

အကြီးအကဲရှောင်ကျူနှင့် ဝိညာဉ် တစ်သောင်းဂိုဏ်း၏ အခြားအစွမ်းထက်သော အဖွဲ့ဝင်များမှာ အဆုတ်များ ပေါက်ကွဲလုနီးပါး ဖြစ်လာတော့သည်။

ဤအဖိုးကြီးတစ်စုသည် ဆုလာဘ်များ ရရှိသောအခါ သူတို့ဂိုဏ်းအတွက်တိုက်ခိုက်ပြီး အသက်ပေးရန် ကျိန်ဆိုခဲ့၏။

ယခုမူ သူတို့ကို ကျိန်ဆဲနေချေပြီ။ လောကကြီး၏ အလုပ်လုပ်ပုံသည် ထိုမျှပင် ရက်စက်လွန်းချေ၏။

မိန်းကလေးက သူ့နေရာတွင် တိတ်ဆိတ်စွာရပ်နေပြီးနောက် အခြေအနေကို စောင့်စိုင်းနေသည်။

“ ဟား ဟား ဟား ... ။ ”

ယဇ်ပုရောဟိတ်အကြီးအကဲ ယန်ချိုင်က ကျယ်လောင်စွာရယ်မောလိုက်ပြီး၊

“ ငါ့ရဲ့ ဝိညာဉ်တစ်သောင်းဂိုဏ်းက နတ်ဘုရားစွမ်းအားအပေါ် မင်းတို့တွေတကယ် စမ်းကြည့်ချင်နေတာလား ... ကောင်းပြီ ဒီနေ့ ငါ မင်းတို့ကိုသတ်ပြီး ပြပါရစေ။ ”

-ဟု အော်ဟစ်ကာ လက်ကို မြှောက်လိုက်လေသည်။

ရွှေရောင်အလင်းများ တောက်ပလာပြီး ကောင်းကင်ကို တုန်လှုပ်သွားစေခဲ့သည်အထိ ပြင်းထန်သော ရောင်ဝါတစ်ခု ပျံ့နှံ့လာ၏။

မင်္ဂလာမိုးတိမ်နန်းတော်တစ်ခုလုံးကို တုန်လှုပ်လာသည်။ ထိုမြင်ကွင်းကြောင့် နဂါးနီမှ မျက်မှောင်ကြုတ်လိုက်၏။

“ ငါ့နောက်မှာနေ ... ။ ”

သူတော်စင် အင်မော်တယ်နှစ်ပါးခမျာ သူမနောက်သို့ တစ်ပြိုင်နက်တည်း ဆုတ်ခွာ သွားကြတော့သည်။

“ ဒါ နတ်ဘုရားစွမ်းအားလား။ ”

နတ်ဘုရားစွမ်းအားသည် အားကောင်းလွန်းသဖြင့် သူတို့ကဲ့သို့သူတော်စင် အင်မော်တယ်များပင် ကြောက်ရွံ့လာ၏။

ချင်းဝေတစ်ယောက် တုန်ခါသွားသည်။ ဤဖိအားသည် နတ်ဓားတစ်လက်မှလည်ပင်းကို ဖိထားသကဲ့သို့ အေးစက်မှုများခံစားရ၏။

စုရီ တစ်ယောက်တည်းသည်သာ တည်ငြိမ်နေခဲ့သည်။ သူသည် နတ်ကျွန်များကို တစ်ဦးထက်မက သတ်ဖြတ်ဖူးပြီး နတ်ဘုရား၏ ဆန္ဒဝိညာဉ်ကိုပင် ရင်ဆိုင်ဖူး၏။

အတွေ့အကြုံရှိပြီး သဘာဝအတိုင်း မကြောက်ရွံ့တော့ချေ။ ထိုစဉ် ကြိုးကြာကိုးပါး အင်‌မော်တယ်နှင့် မီးလျှံတံဆိပ်အင်မော်တယ် တို့မှာ မျက်နှာများဖြူဖျော့သွားကြသည်။

“ စီနီယာ ...၊ ကျေးဇူးပြုပြီး ငါတို့ကိုကယ်ပါ။”

တစ်စုံတစ်ယောက်က အော်ဟစ်ကာ နဂါးနီသခင်ထံ အပြေးအလွှား ခိုလှုံရန်ကြိုးစား လာတော့၏။

ယန်ချိုင်သည် ဒေါသထွက်နေပြီး ဖြစ်သောကြောင့် သတ်ဖြတ်လိုခြင်းဆန္ဒများနှင့် ချက်ချင်းတိုက်ခိုက်လိုက်လာခဲ့သည်။

“ သေစမ်း ... ။ ”

တံဆိပ်တစ်ခုကို ထုတ်ယူလျက် အသက်သွင်းကာ လေထဲချိန်ရွယ်လိုက်သည်။ တံဆိပ်အတွင်းမှ ထက်ရှသော ရွှေဓားတစ်လက် ထွက်ပေါ်လာချေပြီ။

ထိုအင်မော်တယ်ခမျာ လမ်း၌ပင် သတ်ဖြတ်ခြင်းခံလိုက်ရ၏။ သွေးများ ပက်ဖြန်း ကုန်တော့သည်။

သူတော်စင် အင်မော်တယ်တစ်ပါးသည် ခုခံနိုင်စွမ်းပင်မရှိခဲ့ဘဲ အလွယ်တကူ သတ်ဖြတ် ခံလိုက်ရခြင်းပေပင်။ နတ်ဘုရားစွမ်းအားသည် အမှန်ပင် ကြောက်ရွံ့စရာကောင်းချေ၏။

“ မြန် မြန် ... ။ ”

ကြိုးကြာကိုးပါး အင်မော်တယ်နှင့် ကျန်ရစ်သူများသည် ရုတ်ချည်းလှည့်ပြေးသည်။ သို့သော် ယဇ်ပုရောဟိတ်ယန်ချိုင်မှ မည်သို့ သူတို့ဆန္ဒအတိုင်း ခွင့်ပြုနိုင်မည်နည်း။

 ” ဟား ဟား ဟား ... ။ ”

ထို့နောက် အေးစက်စက် ရယ်လိုက်ပြီး နတ်ဘုရားတံဆိပ်ကို ထိုသူများထံ ချိန်ရွယ်ကာ ပစ်ခတ်လိုက်တော့၏။

“ ရွှပ် ... ။ ”

“ ဝုန်း ... ။ ”

ခဏအတွင်းမှာပင် ဓားရောင်ဝါများ ထွက်ပေါ်လာပြီး သူတော်စင် အင်မော်တယ်များ ခမျာ အမှုန်အဖြစ် ပြောင်းလဲကုန်သည်။ သွေးများမြစ်လို စီးဆင်းသွား၏။

“ အခု မင်းတို့မှာ နောင်တရစရာ ရှိသေးလား။ ”

ယဇ်ပုရောဟိတ် ယန်ချိုင်က လှောင်ပြောင်လိုက်သည်။ ဝိညာဉ်တစ်သောင်း ဂိုဏ်းမှ အဖွဲ့ဝင်များအားလုံး စိတ်သက်သာရာ ရကုန်တော့၏။

နဂါးနီသခင် ရောက်ရှိလာမှုသည် သူတို့၏မျှော်လင့်ချက်များကို ကုန်ဆုံးစေသည်။ မမျှော်လင့်ဘဲ မိုးတိမ်ယဇ်ပုရောဟိတ်သည် နတ်ဘုရားတံဆိပ်ဖြင့် အုပ်စိုးမှုရယူခဲ့၏။

ကြယ်တာရာ သူတော်စင် အင်မော်တယ်နှင့် ဖုန်ရီယွမ်တို့သည် အကြည့်ချင်းဖလှယ်လိုက်၏။ သူတော်စင်အင်မော်တယ်(၆)ပါးကို ပေါင်းပင် ကဲ့သို့ သတ်ဖြတ်နေသည့် မြင်ကွင်းမှာ ရှင်းရှင်းလင်းလင်းကြီးစိုးနေသည်။

ဤသည်မှာ လုံးဝတားမြစ်ဆန်ကာ အစုလိုက်အပြုံလိုက် ဖျက်ဆီးခြင်းလက်နက် တစ်ခုနှင့် တူချေ၏။

ချင်းဝေတစ်ယောက် ရုတ်တရက် စုရီထံလှည့်ကြည့်လိုက်မိသည်။ အတိတ်တွင် စုရီသည် သူ့ပြင်းထန်သောဒဏ်ရာများမှာ နတ်ဘုရားတစ်ပါးနှင့် တိုက်ပွဲကြောင့်ဟု ပြောပြခဲ့ဖူးသည်။

“ နောင်တရလား ... ဟာသပဲ ဒါက နတ်ဘုရားစွမ်းအားပါ မင်းရဲ့စွမ်းအားမဟုတ်ဘူး ဒီနက်နဂါးဈေးမှာ ငါ့ကိုသတ်လို့မရဘူး။ ”

မိန်းကလေးက ဂရုမစိုက်ဘဲ တုန့်ပြန်လိုက်တော့၏။ ယန်ချိုင်းတစ်ယောက် မျက်ဝန်းများ မှေးစင်းလျက်၊

“ ငါတို့မလာခင်မှာ ဂိုဏ်းခေါင်းဆောင်က ဘာပဲဖြစ်ဖြစ် မင်းနဲ့မတိုက်ဖို့ညွှန်ကြားခဲ့တယ် အခု ငါမင်းကို ဒီမှာရပ်ဖို့ အခွင့်အရေးပေးမယ် မဟုတ်ရင် ... ။ ”

“ မဟုတ်ဘူး၊ မင်းအသက်ကို ငါငှားချင်တယ်လို့ ပြောထားတယ်။ ”

သို့သော် သူ့စကားမဆုံးခင်မှာပင် မိန်းကလေးမှခေါင်းခါပြီး ငွေလှံတစ်စင်းကို ထုတ်ယူကာ ထိုးသွင်းလိုက်၏။

ဤသည်မှာ သဘာဝအတိုင်း နဂါးအမိန့်များရေးထိုးထားသော နဂါးအရိုးလှံ ဖြစ်သည်။ ညွှန်ပြရာနေရာတိုင်း၌ လေဟာနယ် အပေါက်ကြီး ထွက်ပေါ်လာ၏။

“ နဂါးအရိုးလှံ ... ။ ”

လှံလက်ထဲရောက်သည်နှင့် မိန်းကလေး၏အရှိန်အဝါမှာ သိသိသာသာ ပြောင်းလဲသွားလေသည်။

နှစ်ပေါင်းများစွာ အိပ်ပျော်နေခဲ့သော ရိုင်းစိုင်းကြမ်းကြုတ်သည့် သားရဲတစ်ကောင် နိုးထလာသကဲ့သို့ ထင်မှားလာစေ၏။

မင်္ဂလာမိုးတိမ် အင်မော်တယ် နန်းတော်ကို ဖုံးအုပ်ထားသော ရှေးဟောင်း တားမြစ်ဝင်္ကပါမှ စွမ်းအားများက လှံနှင့်အတူ လိုက်ပါလာ၏။

ကျင့်ကြံမှုအားနည်းသော လူတိုင်း တုန်လှုပ်သွားပြီး သူတို့၏ အပေါက်ခုနစ်ပေါက်မှ သွေးများစီးကျလာကာ သတိလစ်ကုန်၏။

“ အရမ်းပြင်းတယ် မြန်မြန်ဆုတ် ... ။ ”

ဗလာနယ်ပယ် အင်မော်တယ်များပင် သက်ရောက်မှုလှိုင်းများကြောင့် နာကျင်စွာဖြင့် ဆုတ်ခွာလိုက်ရသည်။

“ မင်း သေချင်နေတာပဲ။ ”

ယန်ချိုင်က ဒေါသတကြီး အော်ဟစ်လျက် နတ်ဘုရားတံဆိပ်အသက်သွင်းကာ ဓားအလင်း တစ်လက် ထုတ်လွှတ်လိုက်သည်။

“ ဝုန်း ... ။ ”

ကမ္ဘာတုန်ဟည်းမတတ် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာ၏။ နတ်တံဆိပ်နှင့် နဂါးအရိုးလှံတို့ ထိမှန်ပြီး မျက်စိကွယ်စေသောအလင်းများ ထွက်ပေါ်လာခဲ့သည်။

အကျိုးဆက်အနေဖြင့် နဂါးအရိုးလှံကို ကိုင်ထားသော မိန်းကလေခမျာ ပြင်းထန်စွာ တုန်ယင်လျက် ခြေလှမ်းဆယ်လှမ်းကျော် နောက်သို့ယိုင်ထိုးသွားလေသည်။

ဖြူဖွေးနူးညံ့သော မျက်နှာတွင် သွေးနီရောင်များရဲတွတ်လာပြီး ချီနှင့်သွေးများ ပွက်ပွက်ဆူလာ၏။ တိုက်ခိုက်မှုကို တားဆီးနိုင် သော်လည်း ဒဏ်ရာအချို့ရရှိခဲ့သည်။

သို့သော် ဂရုမစိုက်ဘဲ နှုတ်ခမ်းကို တင်းတင်းစေ့ကာ ထပ်မံပြေးဝင်တိုက်ခိုက်၏။ လွှမ်းမိုးလွန်းပြီး မာနထောင်လွှားလွန်းသော ထိုအပြုအမူကြောင့် ယန်ချိုင်တစ်ယောက် ဒေါသထွက်လာသည်။

နတ်ဘုရားတံဆိပ်သည် အစွမ်းထက်လှသော်လည်း နောက်ဆုံးတွင် အသုံးပြုရန် အကန့်အသတ်ရှိ၏။

ဤနဂါးကို အမြန်ဆုံး နှိမ်နင်းထားနိုင်ခြင်းမရှိသော် အခြေအနေကို သူ ထိန်းချုပ်နိုင်တော့မည် မဟုတ်ချေ။

“ သတ် ... ။ ”

ကျင့်ကြံမှုအားလုံးကို အသုံးပြုလျက် နတ်ဘုရားဆံဆိပ်ကို အသက်သွင်းလိုက်သည်။ ရွှေရောင်ဓားအလင်းများ ပေါက်ကွဲထွက်လာပြီး မိန်းကလေးထံ ပြေးဝင်သွား၏။

“ ဟမ့် ... ။ ”

“ ကလန် ... ကလန် ... ။ ”

နဂါးဟိန်းသံများ ပဲ့တင်ထပ်လျက် မိန်းကလေးမှ ဓားအလင်းများကို အကြိမ်ကြိမ် ပျယ်ဖျက်ပစ်တော့သည်။

အကျိုးဆက်အနေဖြင့် သူမ၏ သေးငယ်သောခန္ဓာကိုယ်သည် ပြင်းစွာတုန်ခါပြီး အရေပြားများ ကွဲအက်လာချေပြီ။

ဓားများအားလုံးကို ပိတ်ဆို့ပြီးချိန်၌ သူမမျက်နှာသည် သွေးမရှိတော့ဘဲ နှုတ်ခမ်း ထောင့်ကနေ သွေးများစီးကျလာ၏။

နဂါးအရိုးလှံသည်လည်း ထိတ်လန့်စရာကောင်းသည့် အက်ကွဲကြောင်း ထွက်ပေါ်လာခဲ့သည်။ ကြယ်တာရာ သူတော်စင် အင်‌မော်တယ်နှင့် ဖုန်ရီယွမ်မှာ စိုးရိမ်လာ၏။

သူတို့’သခင်သည် ကြာရှည် မခံတော့ကြောင်း မည်သူမဆို မြင်နိုင်ချေသည်။ ယန်ချိုင်မှ လှောင်ပြုံးဖြင့်၊

“ မင်းသေရင် ဒီနဂါးနက်စျေးက ဖရိုဖရဲဖြစ်သွားလိမ့်မယ် ဒီလိုအကျိုးဆက်ကို မင်း တကယ်ခံနိုင်ရည်ရှိလား။ ”

- ဟု မေးမြန်းလိုက်၏။

လက်ရှိအချိန်၌ သူ ဒေါသမှာ အမြင့်ဆုံး ရောက်ရှိနေချေပြီ။ ဝိညာဉ်တစ်သောင်းဂိုဏ်း၌ နတ်ဘုရားတံဆိပ် နှစ်ခုသာရှိသည်။

ထိုတံဆိပ်များသည် အသုံးပြုပြီးနောက် သူ့စွမ်းအားများ လျော့နည်းလာမည်ဖြစ်သည်။ ပြန်လည်ပြုပြင်ရန် မဖြစ်နိုင်ချေ။

ယခု ဤနဂါးကြောင့် သူ့လက်ထဲတွင် ရှိနေသော နတ်တံဆိပ်စွမ်းအား၏(၅၀%)ကျော် အသုံးပြုပြီးဖြစ်နေသည်။ နှလုံးသားတစ်ခုလုံး နာကျင်လှချေ၏။

မိန်းကလေးက နှုတ်ခမ်းတင်းတင်း စေ့ထားပြီး လျစ်လျူရှုလျက်ထပ်မံတိုက်ခိုက်ရန် အသင့်ပြင်လိုက်ပြန်သည်။

“ ဒါက သင်္ကေတလေးတစ်ခုပဲ ... ဒီလောက်အထိ အရူးအမူး တိုက်ခိုက်နေဖို့ မလိုပါဘူး ငါ ကိုင်တွယ်ပါရစေ။ ”

ထိုစဉ် စုရီက မိန်းကလေးရှေ့သို့ လှမ်းတက်လိုက်တော့၏။ မိန်းကလေးခမျာ ရွှေရောင်မျက်လုံးများထံ အလင်းရောင်တစ်စ လက်ခနဲ တောက်ပသွားလေသသည်။

“ ဟားဟားဟား ... တံဆိပ်လေး တစ်ခုတဲ့လား ... ကောင်းပြီ လာခဲ့ ငါမင်းကို နတ်ဘုရားအမိန့်မသုံးဘဲ သတ်ပြမယ်။ ”

ယန်ချိုင်က ဝမ်းသာအားရ တံဆိပ်ကို ပြန်လည်သိမ်းဆည်းလိုက်ကာ လက်ဖဝါးနှင့် ရိုက်ချလိုက်၏။ သို့သော် ထိုသွေးလက်ဖဝါးမှာ စုရီအနားမရောက်ခင် ပေါက်ကွဲသွားသည်။

“ ဝုန်း ... ။ ”

ပေါက်ကွဲမှုအတွင်း ထက်ရှသော ဓားအလင်းတစ်လက် ကောင်းကင်ပေါ် ထိုးတက်လာတော့၏။

နန်းတော်ကို ကာကွယ်ထားသော ဝိင်္ကပါသည်ပင် ပြိုကျတော့မည့်အလား ယိမ်းထိုးသွားချေပြီ။

“ မကောင်းတော့ဘူး ... ။ ”

ယန်ချိုင်တစ်ယောက် အန္တရာယ် အငွေ့အသက်များကို ခံစားရသဖြင့် နတ်ဘုရား တံဆိပ် ထုတ်ယူကာ ချက်ချင်းခုခံလိုက်၏။

“ ခွမ်း ... ။ ”

သို့သော် မယုံနိုင်စရာကောင်းအောင်ပင် အင်မော်တယ်ဘုရင်တစ်ပါးကို ဖိနှိမ်နိုင်သော ထိုတံဆိပ်သည် အပိုင်းပိုင်းကွဲလျက် အလင်းမှုန် အဖြစ် ပြောင်းလဲသွားတော့သည်။

“ ဒါ ... ဒါဘယ်လိုစွမ်းအားကြီးလဲ။ ”

ယန်ချိုင်တစ်ယောက် အံ့အားသင့် နေစဉ်မှာပင် လည်ပင်း၌ စူးရှသော ခံစားချက် တစ်ခုရရှိလာခဲ့၏။ ဤသည်မှာ ထက်ရှသော နဂါးအရိုးလှံပေပင်။

“ ဘရူး ... ။ ”

ထိတ်လန့်တကြား ဆုတ်ကိုင်လိုက်စဉ် လှံဖျားမှာအနည်းငယ်လှုပ်သွားပြီး ဦးခေါင်း တစ်လုံး လေထဲလွင့်စင်လာခဲ့၏။

***

အခန်း ၁၁၆၄ -

ကမ္ဘာဦးဖျက်ဆီးခြင်း ကျောက်တိုင်ကိုးပါး။

မိုးတိမ်ယဇ်ပုရောဟိတ်ယန်ချုံး၏ ဦးခေါင်းသည် မြေပြင်ပေါ်သို့ လိမ့်ကျသွားပြီး ဦးခေါင်းမဲ့ အလောင်းသည် ဖုန်မှုန့်များအဖြစ် ကွဲကြေပြန့်ကျဲသွားသည်။

ခန်းမအတွင်းရှိ လူတိုင်း၏ အမူအရာများသည် ရပ်တန့်လျက်မင်သပ် တိတ်ဆိတ်သွားတော့၏။

လူတိုင်း၏နားထဲတွင် မိုးတိမ် ယဇ်ပုရောဟိတ်အကြီးအကဲ ယန်ချိုင်သည် မထီမဲ့မြင်ပြုသော အသံမျိုးဖြင့် နတ်ဘုရား အမိန့်မပါဘဲ စုရီကိုသတ်နိုင်သည်ဟူသော ကြွားဝါပြောဆိုနေသံကြားနေဆဲပေပင်။

ဝိညာဉ်တစ်သောင်းဂိုဏ်းဝင်များမှာ ဤအရာကို ရယ်မောခဲ့ကြသည်။ သို့သော် နောက်တစ်ခဏအတွင်း ယန်ချိုင်တစ်ယောက် ဤကမ္ဘာမှ လုံးဝပျောက်ကွယ်သွားချေပြီ။

ထိုအရာအားလုံးသည် အသက်တစ်ရှိုက်စာအတွင်း ဖြစ်ပျက်သွားခဲ့ပြီး အလွန်ပင်မြန်ဆန်လွန်းနေသည်။

စုရီတစ်ယောက် တစ်ချိန်လုံး အဘယ်ကြောင့် မာနထောင်လွှားနေရသည်ကို အဆုံး၌ နားလည်သဘောပေါက်လာ၏။

ချင်းဝေ၏ မျက်လုံးများမှာ အလင်းရောင်များတောက်ပလျက် ဖော်ပြ၍ မရသော ခံစားချက်တစ်ခုဝင်လာသည်။

ဧကရာဇ်သခင်ဟုခေါ်ဆိုရန် အမှန်တကယ်ထိုက်တန်ချေ၏။ ဖန်ဟန်ခမျာ မျက်လုံးများ ပြူးကျယ်လျက်အသက်မဲ့ နေတော့သည်။

ဘဝတလျှောက် သေမျိုးတစ်ယောက်မှ သူတော်စင်အင်မော်တယ်တစ်ပါးကို ဖိနှိမ်ခြင်း အကြောင်း မကြားဖူးချေ။

အထူးသဖြင့် နတ်ဘုရားများသည် သာမန်ထက်မြင့်မားသော ကျင့်ကြံသူများသာ ဖြစ်ကြောင်း မှတ်ချက်ပေးခဲ့သည့် စုရီ၏ စကားများကို ကြားယောင်လာ၏။

ထိုအချိန်က တစ်ဖက်လူသည် နတ်ဘုရားများကို မကြုံဖူးသဖြင့် မကောင်း ပြောရဲခြင်းဖြစ်ကြောင်း လှောင်ပြောင်ခဲ့သည်။

“ သခင်၊ ဒီမိန်းကလေးရဲ့ ... လုပ်ရပ်ကမှန်လား မှားလားမသိနိုင်ပါဘူး သေချာတာကတော့ ဒီမိန်းကလေးက သခင်ရဲ့ လမ်းညွှန်မှုကို လိုချင်ပါတယ်။ ”

မိန်းကလေးက သွေးများပေကျံနေပြီး အရေပြားတွေ အက်ကွဲလျက် နဂါးအရိုးလှံကို ဆုပ်ကိုင်ထားပြီး စုရီထံလှမ်းကြည့်သည်။

အရပ်အမောင်းသည် စုရီ၏ရင်ဘတ် တွင်သာရှိနေ၏။ အထီးကျန်ပြီး ခမ်းနားသော ရောင်ဝါများရုတ်သိမ်းလျက် စိတ်ရှုပ်ထွေး နေပုံရလေသည်။

“ မင်း လုပ်တာကောင်းတယ်။ ”

စုရီမှ ဂရုမစိုက်ဘဲ ခေါင်းညိတ်လိုက်သည်။ သူ့အတွက် အနည်းငယ် တွေးစရာတစ်ခု ရှိနေ ချေပြီ။ အစောပိုင်းက နတ်ဘုရားအမိန့်ကို ချိုးဖြတ်ခဲ့စဉ် တစ်စုံတစ်ရာကို ဝိုးတဝါး ဖမ်းယူလိုက်မိ၏။

ယင်းသည် ဝင်စားခြင်းဥပဒေကို ရှာဖွေရန်အမိန့်ပေးထားခြင်းဖြစ်သည်။ ထိုထဲ၌ လောကသခင်၊စုရွှမ်ကြွယ်၊စုရီ ဟူသော အမည် သုံးခုကို မှုန်ဝါးဝါးမြင်လိုက်ရ၏။

သံသယဖြစ်စရာမလိုဘဲ ဝိညာဉ်တစ်သောင်းဂိုဏ်း၏ နောက်ကွယ်က မိုးမြေနတ်ဘုရားသည် သူ့သဲလွန်စများကို စုဆောင်းထားချေ၏။

သို့သော် ဝမ်ယဲ့နှင့်ရှန့်မူ၏ အမည်ကိုမူ မဖော်ပြထားချေ။ ထို့ကြောင့် မိုးမြေနတ်ဘုရား ရရှိထားသောသဲလွန်စများမှာ အရှေ့ဘက် ရွှမ်ဒိုမိန်းမှ လာကြောင်း မြင်သာနေ၏။

အလားတူပင် ဝိညာဉ်တစ်သောင်းဂိုဏ်းမှ မိုးတိမ်ယဇ်ပုရောဟိတ်အပါအဝင် ရှောင်ကျူနှင့် အခြားသူများမှာ ဤနတ်ဘုရားအမိန့်တော်ကို ဖတ်ရှုထားခြင်းမရှိသေးချေ။ မဟုတ်သော် သူ့ကို ချက်ချင်းသတ်ရန် ကြိုးစားပေမည်။

“ သခင် ... ဒီအမှိုက်တွေကို ဘာဆက်လုပ်သင့်လဲ။ ”

ရုတ်တရက် မိန်းကလေးက တိုးတိုးလေးမေးမြန်လာသည်။ သူမသည် စုရီနှင့် စကားပြောနေစဉ် ပီဘိကလေးငယ်ကဲ့သို့ သိမ်မွေ့ပြီး သတိထားနေခဲ့သည်။

“ မင်းက ဒီနက်နဂါးဈေးမြို့ရဲ့သခင်ပဲ ငါ့အမြင်ကို အာရုံစိုက်မနေနဲ့ ... မင်းကိုယ်တိုင် ဆုံးဖြတ်နိုင်တယ်။ ”

ထို့နောက် ချင်းဝေကို လှည့်ကြည့်ကာ၊

“ သူ့ကို ခေါ်လာခဲ့ သွားကြစို့။ ”

-ဟု ပြောကြားလိုက်သည်။

များမကြာခင် မင်္ဂလာမိုးတိမ် အင်မော်တယ်နန်းတော်အတွင်းမှ လက်နှစ်ဖက် နောက်ပို့ကာ ကျောက်စိမ်းရောင်ဝတ်ရုံစများ တဖျပ်ဖျပ်ခတ်လျက် စုရီပုံရိပ် ကျောခိုင်း ထွက်ခွာသွားတော့သည်။

ချင်းဝေတစ်ယောက် အိပ်မက်ကနေ နိုးထလာဟန်ဖြင့် ဖန်ဟန်ကိုခေါ်ဆောင်ကာ မြန်မြန်ပြေးလိုက်သွား၏။ အစကနေ အဆုံး မည်သူမျှ အသံမထွက်ဝံ့ကြချေ။

သူတို့ပုံရိပ်များ ပျောာက်ကွယ်သွားမှသာ မိန်းကလေးက နဂါးနက်အစောင့်တပ်မှူးထံသို့ လှည့်ကြည့်ပြီး၊

“ ရှင်းယု၊ ဖုန်ရီယွမ်၊ မင်းတို့နှစ်ယောက် ဒီနေရာကို ပိတ်ဆို့ထား။ ”

-ဟု အမိန့်ပေးလိုက်တော့သည်။

သမိုင်းတလျှောက် နဂါးများသည် ရက်စက်ပြီးမြင့်မြတ်သော သတ္တဝါများဖြစ်၏။ ထို့ကြောင့် အများစုမှာ နဂါးများကိုရန်သူအဖြစ် မလိုချင်ကြချေ။

ယနေ့တွင် မင်္ဂလာမိုးတိမ် အင်မော်တယ် နန်းတော်အတွင်း သွေးချောင်းစီးသောဖြစ်စဉ်မှ ထိုအချင်းအရာကို သက်သေပြနေတော့၏။

ထို့နေ့တွင် မင်္ဂလာမိုးတိမ် အင်မော်တယ်တယ်နန်းတော်သည် သွေးမိုးများ ရွာသွန်းခဲ့သည်။

ထိုနေ့တွင် နဂါးနက် အစောင့်တပ်သည် တိတ်တဆိတ်အသက်ဝင်လာပြီး နဂါနက်မြို့ အနှံ့အပြား ကင်းလှည့်နေတော့၏။

သို့သော် လူတိုင်းသည် ထိုနေ့တွင် ဝိညာဉ်တစ်သောင်းဂိုဏ်း အစည်းအဝေးပွဲသို့ တက်ရောက်သူများ ပျောက်ကွယ်သွားသည်ကို သတိထားမိခဲ့သည်။

ယင်းကြောင့် သက်ရောက်မှုလှိုင်းမှာ လေးလံလွန်းသောလေထုကို မြို့အတွင်းဖြစ်ပေါ် လာစေတော့၏။

“ ထူးဆန်းတယ် ဘာလို့ တစ်ယောက်မှ ထွက်မလာတာလဲ။ ”

“ အထဲမှာ တစ်ခုခု ဖြစ်သွားတာလား။ ”

“ မြန်မြန်၊ သတင်းကိုဖြန့်လိုက် ဒီမှာတစ်ခုခုဖြစ်နေပြီ ဝိညာဉ်တစ်သောင်း ဂိုဏ်းက နဂါးနီသခင်ကို စော်ကားခဲ့ပုံရတယ်။ ”

ရဲရင့်သောလူအချို့က သက်ဆိုင်ရာ အင်အားစုများထံသို့ လျင်မြန်စွာ သတင်းများ ပေးပို့လိုက်ကြတော့သည်။

သို့သော် နဂါးနက်ဈေးနှင့် ပြင်ပကမ္ဘာသို့ ဆက်သွယ်ထားသော ထွက်ပေါက်များအားလုံး ပိတ်ဆို့ခံထားရကြောင်း သိရှိလာခဲ့၏။

ထိုနေ့တွင် နဂါးနက်အစောင့်များ၏ တပ်မှူးလေးပါးသည် အမိန့်တစ်ရပ်ကို ကြေညာ လာခဲ့သည်။

ယနေ့မှစ၍ နဂါးနက်ဈေးကို ပြင်ပနှင့် ဆက်သွယ်မှု ဖြတ်တောက်ထားမည်ဖြစ်သည်။ ထိုကာလအတွင်း ပြဿနာရှာဝံ့သူ မည်သူမဆို ကြင်နာမှုမရှိ ကွပ်မျက်ခံရပေမည်။

ကာလတစ်ခုအတွင်း နဂါးနက်ဈေးနှင့် ပြင်ပကမ္ဘာကြား လမ်းကြောင်းကို ပြန်လည် ဖွင့်လှစ်ပေမည်ဖြစ်၏။

နဂါနက်စျေးမြို့သည် အင်မော်တယ်နယ်မြေရှိ မှောင်ခိုဈေးမြို့ကြီး သုံးခုအနက် တစ်ခုဖြစ်သည်။

ပြင်ပကမ္ဘာနှင့် ဆက်သွယ်ထားသော လမ်းကြောင်းကို ဤသို့ဖြတ်တောက်ထားသော် အင်မော်တယ်ဘုရင်ပင် ဝင်ရန်ခက်ခဲပေမည်။

နဂါးပုန်းတောင်။ ဟောင်းနွမ်းပြီး ကြီးမားလှသော နန်းတော်ကြီးတစ်ခုအတွင်း၌ စမ်းသပ်ခန်းမတစ်ခုရှိနေ၏။

ဤသည်မှာ နဂါနက်စျေးမြို့၏ အဓိက ကျင့်ကြံမှုနေရာသုံးခုထဲက တစ်ခုဖြစ်လေသည်။ ကောင်းကင်စမ်းသပ်ဂူဟု အမည်ရ၏။

အဝင်ဝတွင် အင်မော်တယ်များ စောင့်ဆိုင်းနေကြသည်။ သူတို့အားလုံးသည် အင်အားစုအသီးသီးမှ လာကြပြီး ပြိုင်ဘက်ကင်း ပါရမီရှင်များဖြစ်ချေ၏။

ထို့ကြောင့် သူတို့၏ကျင့်ကြံမှုကို မြှင့်တင်နိုင်ရန် ကောင်းကင်စမ်းသပ်ဂူအတွင်း ဝင်ရောက်ကျင့်ကြံလိုခြင်းပေပင်။

ယနေ့ မင်္ဂလာချီးမိုးတိမ် အင်မော်တယ်နန်းတော်မှ အဖြစ်အပျက်များ ပျံ့နှံ့လာသောအခါ သူတို့၏စိုးရိမ်ပူပန်မှုများ မြင့်တက်လာကြသည်။

“ မစိုးရိမ်ပါနဲ့ ... ဒါက နဂါးနက်‌စျေးကို ယာယီပိတ်လိုက်ရုံပါပဲ နဂါးနီသခင်က ငါတို့လို ဂျူနီယာတွေကို လက်တင်မှာ မဟုတ်ပါဘူး။ ”

အမျိုးသမီးတစ်ယောက်က တိုးတိုးလေး နှစ်သိမ့်လိုက်သည်။ သူမသည် အင်မော်တယ် မြေ၏ မြင့်မြတ်မြေတစ်ခုမှဖြစ်၏။ အကြီးအကဲ ယွင်နင်ဟု ခေါ်သည်။

“ မှန်တယ် ... အဲဒီဝိညာဉ်တစ်သောင်း ဂိုဏ်းက စီနီယာနဂါးနီကို ဒေါသထွက်စေခဲ့တာ ဖြစ်ရမယ် ငါတို့နဲ့ ဘာမှ မဆိုင်ပါဘူး။ ”  

လိမ္မော်ရောင် တာအိုဝတ်ရုံနှင့် အဘိုးကြီးတစ်ဦးက ခရုခွံကြီးကိုကိုင်လျက်ဖြင့် ဝင်ရောက် မှတ်ချက်ပေးလာသည်။

ဤသည်မှာ လီစုန်ဖူဖြစ်၏။ အင်မော်တယ်နယ်မြေ ထိပ်တန်းအကယ်ဒမီ တစ်ခုဖြစ်သော သဟဇာတခြောက်ပါးကျောင်းမှ သူတော်စင်အင်မော်တယ်တစ်ပါးပေပင်။

လက်ရှိ လူအုပ်ကြီးထဲတွင် အမြင့်ဆုံးကျင့်ကြံမှုနှင့် အလေးစားရဆုံးသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသူများမှာ ယွမ်နင်နှင့် သူလီစုန်ဖူသာဖြစ်၏။

“ ချွင် ... ချွင် ... ။ ”

သူတို့နှစ်ဦး၏စကားများက ကျန်ရှိနေသူများကို စိတ်သက်သာရာရစေသည်။ ထိုစဉ် ရုတ်တရက် ခေါင်းလောင်းသံ မြည်ဟည်းလာ၏။

လူတိုင်းက အလိုလို မော့ကြည့်လိုက်ကြသည်။ ခန်းမအဆုံးနံရံတွင် အာကာသဝဲဂယက်တစ်ခု ပေါ်လာနေ၏။

ဤသည်မှာ ကောင်းကင်စမ်းသပ်ဂူသို့ သွားရာလမ်းပေပင်။ ခေါင်းလောင်းမြည်သံနှင့် အတူ ထိုအာကာသဝဲဂယက်မှ ပုံရိပ်တစ်ခု ထွက်ပေါ်လာလေသည်။

ဤသည်မှ အနက်ရောင်ဝတ် လူငယ်တစ်ဦးဖြစ်၏။ အလယ်အလတ်အဆင့် အမည်ခံအင်မော်တယ်ပေပင်။

သူ ထွက်ပေါ် လာသောအခါ မျက်နှာအမူအရာသည် အကူအညီမဲ့ခြင်းနှင့် ကြေကွဲခြင်းများ ပြည့်နှက်နေသည်။

ချက်ချင်းပင် ထိုလူငယ်ကို သူ့ဂိုဏ်းမှအကြီးအကဲများက အပြေးအလွှား ကြိုဆိုကြတော့၏။ အနက်ဝတ်လူငယ်က သက်ပြင်းချပြီး၊

“ ကျွန်တော် ကျရှုံးခဲ့တယ် ... သုံးလကြာတာတောင် ကောင်းကင်စမ်းသပ်ဂူရဲ့ ဆဋ္ဌမအဆင့်ကို မချိုးဖျက်နိုင်ခဲ့ဘူး။ ”

-ဟု ညည်းတွားလိုက်သည်။

သူ့စကားကြောင့် လူအုပ်ကြီးအတွင်း စိတ်လှုပ်ရှားစွာ ဆွေးနွေးမှုများ ဖြစ်ပေါ်လာ တော့သည်။

“ အခု ကောင်းကင်စမ်းသပ်ဂူထဲမှာ ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင် ခြောက်ယောက်ပဲ ကျန်တော့တယ် ဘယ်သူက နောက်ဆုံးမှာ နဝမအဆင့်ကို ရောက်မလဲဆိုတာသိချင်သား။ ”

“ အခွင့်အရေးအရှိဆုံးလူငယ်တွေက ထျန်းရွှမ်မြင့်မြတ်မြေရဲ့ ပြိုင်ဘက်ကင်းပါရမီရှင် ဝမ်ကျူးနဲ့ သဟဇာတခြောက်ပါးကျောင်းရဲ့ ပါရမီရှင်ပူဟန်ပဲလို့ ငါထင်တယ်။ ”

“ ဘယ်သူပဲဖြစ်ဖြစ် ... ငါကတော့ စိတ်အားထက်သန်စွာ မျှော်လင့်နေပါတယ် ဓမ္မအဆုံးခေတ်ပြီးဆုံးချိန်တည်းက နဝမအဆင့် ချိုးဖြတ်နိုင်တဲ့သူ မပေါ်သေးဘူး။ ”

လူတိုင်း မင်္ဂလာမိုးတိမ်နန်းတော်တွင် မည်သည့်အရာများဖြစ်ပျက်ခဲ့သည်ကို မေ့လျော့ ကုန်ကြသည်။

ထိုအချိန်တွင် စုရီနှင့် အဖွဲ့သည် နဂါးပုန်းတောင်ဆီသို့ ဦးတည်လာနေချေပြီ။ လမ်းပြသူမှာ ကြယ်တာရာ သူတော်စင် အင်မော်တယ်ဖြစ်သည်။

“ သခင်လေး ... ဒါက ကောင်းကင်စမ်းသပ်ဂူပါ နဂါးနက်စျေးမြို့ရဲ့ ကျင့်ကြံမှု နယ်မြေသုံးခုအနက်တစ်ခုပဲ ... ။ ”

ရှင်းယုက အပြုံးဖြင့် မိတ်ဆက်ပေး၏။ သူသည် စုရီ၏မူလကို မသိသေးသော်ငြားလည်း ထက်မြက်သူတစ်ဦးဖြစ်သည်။

ယနေ့ မင်္ဂလာမိုးတိမ် နန်းတော်တွင် ဖြစ်ပျက်သမျှဖြင့် တစ်ဖက်လူကို နဂါးနီသခင်မှ မည်သို့သဘောထားကြောင်း မြင်နိုင်၏။

“ ငါ စိတ်ဝင်စားတယ်။ ”

စုရီမှ ခေါင်းညိတ်ပြသည်။ မင်္ဂလာမိုးတိမ် အင်မော်တယ်နန်းတော်အတွင်း ရှင်းလင်းရေး လုပ်ပြီးနောက် နဂါးနီသခင်သည် ရှင်းယုကို သူ့ထံ စေလွှတ်ခဲ့ခြင်းဖြစ်၏။

အကြောင်းမှာ နဂါးပုန်းတောင်သို့ အလယ်အပတ်လာရောက်ရန် ဖိတ်ကြားခြင်း ပေပင်။

“ ဒါဆိုရင်တော့ လွယ်ပါတယ် သခင်လေးအတွက် ငါ စီစဉ်ပေးပါ့မယ်။ ”

သူတို့စကားပြောနေစဉ် အဖွဲ့သည် တောင်စောင်းအဆိုင်း တရွေ့ရွေ့ တက်လှမ်း လာခဲ့ကြသည်။ ထိုစဉ် စုရီသည် အဝေးရှိ တိမ်ပင်လယ်ကြီးထံ မော့ကြည့်လိုက်၏။

“ သခင်လေး ... အဲဒါက ငါတို့ နဂါးနက်စျေးမြို့ရဲ့ ... ဒုတိယမြောက်အဓိက ကျင့်ကြံမှုနယ်မြေပဲ တာအိုကျောက်တိုင် သစ်တောလို့ခေါ်ပါတယ်။ ”

ရှင်းယုက ဂုဏ်ယူဝင့်ကြွားစွာဖြင့် မိတ်ဆက်ပေးသည်။ ချင်းဝေနှင့် ဖန်ဟန်က စိတ်ဝင်စားကုန်၏။

အဝေးတွင် ကျယ်ပြန့်ပြီး အကန့်အသတ်မဲ့နေသော တိမ်ပင်လယ်ကြီးကို တောက်ပစွာမြင်လိုက်ရသည်။

“ အဲဒီထဲမှာ လူအိုကြီးတစ်စုဟာ ... လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းက ဝင်ရောက် ခဲ့ပြီးတော့ ကမ္ဘာဦးဖျက်ဆီးခြင်း ကျောက်တိုင် ကိုးချပ်ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ ကြိုးစားနေကြပါတယ်။ ”

ဤတစ်ကြိမ်တွင် စုရီသည်လည်း စိတ်ဝင်စားသွားတော့၏။ ကမ္ဘာဦးဖျက်ဆီးခြင်း‌ တာအိုဟူသည် သာမန်အင်မော်တယ်များ နားလည်နိုင်သည့် တာအို မဟုတ်ချေ။

“ သူတို့က ဘယ်သူတွေများလဲ။ ”

***

All Chapters