← Chapters

အခန်း (၁၈၁-၁၈၂)

Vol. 19 Ch. 181-182

အခန်း (၁၈၁-၁၈၂)

Vol. 19 Ch. 181-182

အခန်း (၁၈၁) - ကောင်းကင်အဆင့် ရတနာဆန်း၏ အစွမ်းသတ္တိ

“အစ်ကိုဟယ်”

“တောက်... စောက်ကျိုးနည်း”

ကျန်းအော်ဟယ်က မြေပြင်မှ လူးလဲထရပ်လိုက်၏။

“ပြည်နယ်စစ်သည်အားလုံး ငါ့အမိန့်ကို နာခံကြလော့.. ဤလူသည် လျှောပြည်နယ်အတွင်းဝယ်ယုတ်မာရိုင်းစိုင်းစွာ ပြုမူနေသည်။ သူ့အား အညှာအတာမဲ့ကွပ်မျက်ကြစမ်း”

အရပ်သားများကြားတွင် စနစ်တကျ ရှိစေရန် လုံခြုံရေးယူပေးနေသော အနီးနားရှိ

ပြည်နယ်စစ်သည်တို့သည် ဤအမိန့်ကို ကြားလိုက်ရသောအခါ

ဆွံ့အသွားကြ၏။

အစ်ကိုကြီးရာ... ခင်ဗျား ဘာတွေ လျှောက်ပြောနေတာလဲ။

ဟိုလူက တတိယအဆင့် ကျင့်ကြံသူကြီးလေ။ ကျွန်တော်တို့ သွားရင် အလကား သေရုံပဲ ရှိမှာပေါ့။

ကျွန်တော်တို့ကို လေးမျက်နှာတန်ဆောင်းများ ထင်နေတာလား။

“ဘာတွေ ငေးကြောင်နေကြတာလဲ။ စစ်အမိန့်ကို ဖီဆန်ချင်ကြတာလား”

ယခုနေရာက ယွန်းဖုန်းမြို့တော်အတွင်း ဖြစ်သည်။

ကျန်းယွမ်နောက်ကွယ်၌ မည်မျှပင် အင်အားကြီးသော ကျောထောက်နောက်ခံ ရှိပါစေဦးတော့...

ဤနေရာတွင် လူအင်အား အမြောက်အမြား ရှိနေပြီး ၎င်းတို့မှာလည်း ပြည်နယ်စစ်သည်များ ဖြစ်ကြသည်။ အကယ်၍

တစ်ခုခုဖြစ်သွားပါက ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်လာမည်

ဖြစ်ရာ ကျန်းယွမ်အနေဖြင့် သတိထားရပေလိမ့်မည်။

ကျန်းအော်ဟယ်က ထိုသို့ တွေးတောလိုက်ခြင်း ဖြစ်၏။

လော့ရှီကျွင်းသည် နဖူးကြောကို အထပ်ထပ် တွန့်လိုက်မိသည်။ ဟယ်ဖန့်ကျစ်နှင့် ကျန်းအော်ဟယ်တို့၏ ဆက်ဆံရေးက ကျန်းအော်ဟယ်တစ်ယောက်အသက်နှင့်လဲ၍ ကာကွယ်ပေးချင်သည်အထိ ကောင်းမွန်နေလိမ့်မည်ဟု

သူ မထင်ထားခဲ့ပေ။

ဤသို့သာဆိုလျှင် သူသည် စောစောက ကျန်းအော်ဟယ်ကို သတ်ရန် ကြိုးစားခဲ့ပါက တစ်စုံတစ်ဦးက တားဆီးပေလိမ့်မည်။

ထိုမြေခွေးအိုကြီး ဟယ်ဖန့်ကျစ်ကမူ သတင်းအချက်အလက် တစ်စုံတစ်ရာကိုမျှ ထုတ်မပြောခဲ့ချေ။

သူက အတော်လေးကို ကောက်ကျစ်စဉ်းလဲသောသူ ဖြစ်ပေသည်။

အမှန်တကယ်ပင် သေထိုက်လှ၏။

ဤအခိုက်အတန့်တွင် လော့ရှီကျွင်း၏ ရင်ထဲတွင် လူသတ်လိုစိတ်များ တစ်ဖန် ပြန်လည်

နိုးကြားလာပြန်သည်။

…

မြို့တံခါးဝ၌မူ...

“မမကြီး... ဘာတွေ လုပ်နေကြတာလဲဟင်”

“ယွဲ့အာ... ညည်းက ဘာလို့ အခုမှ ပြန်လာတာလဲ”

“ကျွန်မ...”

“ဘာမှ ဆက်မပြောနဲ့တော့ လျှောပြည်နယ်မြို့တော်ကနေ အခုချက်ချင်း ထွက်ပြေးကြစို့”

အမျိုးသမီးက ဟယ်ယွဲ့၏ လက်ကို ဆွဲကိုင်ကာ အပြင်ဘက်သို့ ပြေးထွက်သွား၏။

“ကျွန်မတို့ ဘယ်ကို သွားကြမလို့လဲ မမကြီး... တကယ်ပဲ ဘာတွေ ဖြစ်ပျက်နေတာလဲဟင်”

“ဘိုးဘေးက တတိယအဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ”

“ဒါက ကောင်းတဲ့ကိစ္စပဲဟာကို”

ဟယ်ယွဲ့က ဝမ်းသာအားရ ပြောလိုက်သည်။

“ဒါပေမဲ့ ကျန်းမိသားစုက ခွေးအိုကြီးက ငါတို့ဆီကို လိုက်လာတယ်လေ”

“ဘာ...”

…

မြို့တွင်းတွင်လည်း...

ဟယ်ဖန့်ကျစ်သည် မြေပြင်ပေါ်၌ လဲလျောင်းနေပြီး အလွန်ပင် အားအင်ချိနဲ့နေ၏။

သူက ပြာလွင်သော မိုးကောင်းကင်ကို ကြည့်ကာ မျက်နှာတွင် ပူဆွေးသောကများ ပြည့်နှက်နေလျက် တိုးတိုးလေး ငြီးတွားလိုက်သည်။

“ငါက ဟယ်မိသားစုရဲ့ ဘိုးဘေးတွေကို မျက်နှာပျက်စေခဲ့ပြီ...”

ကျန်းယွမ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း...

“ငါက မင်းကို အခုပဲ သူတို့ဆီ လွှတ်ပေးမယ်။ စကားမစပ်... သူတို့က လက်စားပြန်‌ချေချင်တယ်ဆိုရင် ရန်ညှိုးကြီးတဲ့

သရဲတစ္ဆေတွေအဖြစ် ပြောင်းလဲပြီး ငါ့ကို လာရှာဖို့ ပြောလိုက်ဦး။ သူတို့ရဲ့ ဝိညာဉ်တွေ ပြာအဖြစ် လွင့်စင်မသွားမချင်း ငါက

စောင့်ကြိုနေပါ့မယ်လို့”

“မင်းပါးစပ်ပိတ်ထား... အခုချက်ချင်း တိုက်ကြစမ်း”

“ငါ့အမိန့်ကို ဖီဆန်တဲ့သူ သေစေ”

ကျန်းအော်ဟယ်၏ ဟိန်းဟောက်သံကြောင့် ပြည်နယ်စစ်သည်တို့သည် နောက်ဆုံးတွင်

လှုပ်ရှားလာကြသည်။ ဟယ်ဖန့်ကျစ်အား ဝိုင်းရံပြီး

ကျန်းယွမ်ဆီသို့ သူတို့၏ လက်နက်များကို

ဦးတည်လိုက်ကြသည်။

သို့သော် သူတို့အားလုံး၏ မျက်နှာတွင် တုန်လှုပ်ခြောက်ခြားမှုများ ထင်ဟပ်နေပြီး ခြေထောက်များပင် တဆတ်ဆတ် တုန်ရီနေကြသည်။

ကျန်းယွမ်က အထက်စီးဆန်သော အပြုံးဖြင့် ခနဲ့တဲ့တဲ့ ရေရွတ်လိုက်သည်။

“ပုရွက်ဆိတ်တစ်အုပ်ပဲ”

“မင်းတို့ တစ်လရတဲ့ လစာက ဘယ်လောက်မို့လို့ အသက်နဲ့ ရင်းပြီး တိုက်ချင်နေကြတာလဲ”

ကျန်းအော်ဟယ်က ဒေါသတကြီး ခုန်ဆွခုန်ဆွဖြင့် ဆဲရေးတိုင်းထွာတော့သည်။

“ကောင်စုတ်... ဒါတွေက တော်ဝင်နန်းတော်ရဲ့ ပြည်နယ်စစ်သည်တွေကွ။ မင်းမှာ သတ္တိရှိရင် သူတို့ကို အကုန် သတ်ပစ်လိုက်လေ။ ပြီးရင် အကျိုးဆက်ကို မင်းဘယ်လို ဖြေရှင်းမလဲ ကြည့်ကြသေးတာပေါ့”

“ငါ့ကို မရဲဘူး ထင်နေတာလား”

ကျန်းယွမ်၏ မျက်နှာက ချက်ချင်း ပျက်ယွင်းသွားပြီး တတိယအဆင့် ကျွမ်းကျင်သူတစ်ဦးရဲ့

အရှိန်အဝါများက ပတ်ဝန်းကျင်သို့ ပျံ့လွင့်သွားတော့သည်။

“မင်း သတ္တိရှိရင် သတ်လိုက်လေ... အပိုစကားတွေ လျှောက်ပြောမနေနဲ့။ ဒီနေ့ လျှောပြည်နယ် စစ်သည်တွေ ဒီမှာ သေသွားတာနဲ့ မနက်ဖြန်ကျရင် လေးမျက်နှာတန်ဆောင်းက မင်းရဲ့ အိမ်တံခါးဝအထိ ရောက်လာလိမ့်မယ်”

ကျန်းအော်ဟယ်က စစ်သည်များ၏ အရှေ့ဆုံး၌ လည်ပင်းကို ဆန့်တန်းလျက် ရဲရဲဝံ့ဝံ့ပင်အော်ဟစ်ဆဲဆိုနေလေသည်။

“ဟုတ်လို့လား…”

ကျန်းယွမ်က ရုတ်တရက်ပင် တစ်ချက် ပြုံးလိုက်သည်။

ကျန်းအော်ဟယ်ရဲ့ စကားသံက တုံ့ခနဲ ရပ်တန့်သွားကာ တစ်ခုခု လွဲချော်နေပြီကို ခံစားမိလိုက်သည်။

သူ လှည့်ကြည့်လိုက်သောအခါ ဆွံ့အသွားတော့သည်။

“ဟာ... စောက်ကျိုးနည်း… လူတွေ အကုန် ဘယ်ရောက်ကုန်တာလဲ”

အနီးအနားတွင် လူတစ်ဦးတစ်ယောက်မျှ ကျန်မနေခဲ့ပေ။ ကျန်းယွမ်က အရှိန်အဝါများကို ထုတ်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် သူတို့အားလုံး ထွက်ပြေးသွားကြခြင်း ဖြစ်သည်။

ပြည်နယ်စစ်သည်တို့သည် အသက်ဘေးကို ကြောက်ရွံ့လှပေသည်။

ကျန်းယွမ် ပြောခဲ့တိုက်ခိုက်ရပါမလဲသည်။ တစ်လလျှင် ငွေပြားအနည်းငယ်မျှသာ ရရှိသော သူတို့အဖို့ အသက်နှင့်လဲ၍ မည်သည့်အတွက်ကြောင့် တိုက်ခိုက်ရပါမလဲ။

“အသုံးမကျတဲ့ ခွေးတစ်သိုက်ပဲ... ငါ ပြန်ရောက်ရင် သူတို့ ခေါင်းတွေကို ဖြတ်ပစ်ရမယ်”

“ကျန်းညီလေး... မင်း လွတ်အောင် ပြေးတော့”

ဟယ်ဖန့်ကျစ်က သူ၏ နှုတ်ခမ်းထောင့်မှ သွေးစများကို သုတ်လိုက်ရင်း ဖြည်းညင်းစွာ

ထရပ်လိုက်ကာ ကျန်းယွမ်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

“ဒါက ငါ့ရဲ့ ကံကြမ္မာပဲ”

ဤအခိုက်အတန့်၌ သူသည် သေမင်းနှင့် ရင်ဆိုင်ရန် ဆုံးဖြတ်ချက် ချထားပြီး ဖြစ်သည်။ သို့သော် မသေဆုံးမီ ထိုခွေးအိုကြီး၏ အသားတစ်ဖဲ့ကိုမူ ကိုက်ဖြတ်သွားရန် ကြံရွယ်ထားသည်။

“အစ်ကိုဟယ်... မဆင်မခြင် မလုပ်ပါနဲ့ဦး”

ဟယ်ဖန့်ကျစ်က ရုတ်တရက်ပင် ကျန်းယွမ်ထံသို့ ဒုန်းစိုင်းပြေးဝင်သွားပြီး သူ၏ အရှိန်အဝါများမှာ ရူးသွပ်စွာ ဆူပွက်လာတော့သည်။

“အသက်သွေးကို လောင်ကျွမ်းစေတာလား”

ကျန်းယွမ်၏ နှုတ်ခမ်းထောင့်တို့က အသာအယာ ကွေးညွတ်သွားပြီး လက်ထဲတွင် စိမ်းပြာရောင်

ကြေးနီသုံးချောင်းထောက် အိုးတစ်လုံး ပေါ်လာသည်။ ၎င်းမှာ ကမ္ဘာမြေအဆင့် ရတနာဆန်း

တစ်ခုဖြစ်သော အပြာရောင်ဝိညာဉ်အိုး ဖြစ်၏။

သူက လက်ဝါးဖြင့် ရိုက်ထုတ်လိုက်ရာ အိုးသည် လေထဲတွင် ဧရာမ အရွယ်အစားအထိ

ကြီးထွားလာပြီး အရှိန်အဟုန်ဖြင့် အောက်သို့ ဖိနှိပ်

ချေမှုန်းလိုက်တော့သည်။

ဘုန်း...

ဟယ်ဖန့်ကျစ်သည် အိုး၏အောက်၌ သွေးအိုင်ထဲဝယ် ဖိနှိပ်ခံလိုက်ရသည်။

ကျင့်ကြံမှုအဆင့် ကွာခြားချက်ကြီးမားလွန်းသဖြင့် အသက်သွေးကို

လောင်ကျွမ်းစေခဲ့သော်လည်း

အချည်းနှီးသာ ဖြစ်သွားရ၏။

“အား... အား”

ဟယ်ဖန့်ကျစ်သည် ကောင်းကင်ကြီးကို ကြည့်ကာ နာကျည်းစွာ အော်ဟစ်လေတော့သည်။

“ခွေးအိုကြီး... ယုတ်မာတဲ့ ခွေးအိုကြီး...”

“အစွမ်းမစမရှိဘဲ လေကျယ်နေတာပဲ... တကယ့်ကို သနားစရာ ကောင်းလိုက်တာ”

ကျန်းယွမ်က ဂရုမစိုက်စွာ ပြုံးလိုက်၏။

ဟယ်ဖန့်ကျစ်မှာ ရူးသွပ်သွားသည့်အလား ဖြစ်သွားကာ သူ၏ သွေးစွမ်းအင်မှာ ရုတ်ချည်းပင်

အဆပေါင်းများစွာ မြင့်တက်လာတော့သည်။

“အစ်ကိုဟယ်... မလုပ်ပါနဲ့ဦး”

ကျန်းအော်ဟယ်က စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။ ဟယ်ဖန့်ကျစ်သည် မိမိကိုယ်ကိုယ်

ဖျက်ဆီးကာ ပေါက်ကွဲရန် ကြံစည်နေခြင်း ဖြစ်သည်။

လော့ရှီကျွင်းကလည်း ခြေလှမ်းပြင်ကာ ပေပေါင်းရာချီသော အကွာအဝေးသို့ တိတ်တဆိတ် ဆုတ်ခွာသွားသည်။ တတိယအဆင့် ကျွမ်းကျင်သူတစ်ဦး၏ ကိုယ်တိုင်ပေါက်ကွဲမှုစွမ်းအားက

နောက်ပြောင်ရမည့်အရာ မဟုတ်ပေ။

ထိုစဉ် ရုတ်တရက်...

မိုးကောင်းကင်ထက်မှ ပြာလွင်တောက်ပသော အလင်းတန်းတစ်ခု ကျဆင်းလာသည်။

၎င်းမှာ ကိုးထပ်ကောင်းကင်ဘုံရှိ နဂါးငွေ့တန်းမြစ်ရေ ဆင်းသက်လာသည့်နှယ်

ပြင်းထန်လွန်းသော ဓားအလင်းတန်း တစ်ခုပင် ဖြစ်၏။

ထန်း...

အပြာရောင်ဝိညာဉ်အိုးမှာ ပြင်းထန်စွာ လှုပ်ခါသွားပြီး ၎င်း၏ စွမ်းအင်အလင်းတန်းမှာ

သိသိသာသာ မှေးမှိန်သွားတော့သည်။

“ဘိုးဘေး... စိတ်မလောပါနဲ့ဦး”

“ဓားကို... ဖမ်းလိုက်ပါ”

ဤဓားတစ်ချက်ကြောင့် ဟယ်ယွဲ့၏ ကိုယ်တွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်များ အားလုံး

ကုန်ခမ်းသွားရသည်။ ကောင်းကင်အဆင့် ရတနာဆန်း၏ စွမ်းပကားမှာ

အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

သူမရဲ့ အသံကို ကြားလျှင် ဟယ်ဖန့်ကျစ်က ကိုယ်တိုင်ပေါက်ကွဲမှုကို ချက်ချင်း

ရပ်တန့်လိုက်သည်။ အပြာရောင်ဝိညာဉ်အိုး တုန်ခါသွားသည့်

အခိုက်အတန့်ကို အသုံးချကာ ဟယ်ယွဲ့ ပစ်ပေးလိုက်သော ဓားကို

လှမ်းဖမ်းလိုက်၏။

“ကောင်းကင်အဆင့် ရတနာဆန်းဆိုတာလား…”

သူသည် မဆိုင်းမတွဘဲ ဓားကို နောက်သို့ ပြန်လည် ဝှေ့ယမ်းလိုက်သည်။

ရေတံခွန်ကြီး တစ်ခုအလား ပြာလွင်လှပသော ဓားအလင်းတန်းသည် ကျန်းယွမ်ထံသို့

တိုးဝင်သွားတော့သည်။ ကျန်းယွမ်က ထိတ်လန့်သွားပြီး

အပြာရောင်ဝိညာဉ်အိုးကို အလျင်အမြန်ပင် အရှေ့သို့

ကာဆီးစေလိုက်သည်။

ဝုန်း...

ပြင်းထန်လှသော ပေါက်ကွဲမှုနှင့်အတူ တစ်မြို့လုံး သိမ့်သိမ့်တုန်သွားတော့၏။

ထိုအခိုက်အတန့်တွင်... အပြာရောင်ဝိညာဉ်အိုးမှာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားတော့သည်။

ထိုစူးရှသော ဓားအလင်းတန်း ပျောက်ကွယ်သွားသောအခါ ဟယ်ဖန့်ကျစ်နှင့် အခြားသူများ၏

ပုံရိပ်တို့သည် ထိုနေရာတွင် မရှိတော့ပေ။

ပတ်ဝန်းကျင်ရှိ ကြည့်ရှုသူအားလုံး ဆွံ့အအံ့အားသင့်သွားကြ၏။

သူတို့ အခုလေးတင် ဘယ်လိုအစွမ်းမျိုးကိုမြင်တွေ့လိုက်ရတာလဲ။

ကောင်းကင်အဆင့် ရတနာဆန်း တစ်ခုပင် ဖြစ်သည်။

စောစောက ဓားချက်၏ စွမ်းပကားမှာ အလွန်တရာပင် ပြင်းထန်လွန်းလှသည်။

မျက်နှာဖုံးစွပ်ထားသော အုပ်စုတစ်စုမှာ လျှာတသပ်သပ်ဖြင့် ချီးကျူးလိုက်ကြသည်။

“ကောင်းကင်အဆင့် ရတနာဆန်းဆိုတာ တကယ့်ကို အထင်ကြီးဖို့ ကောင်းတာပဲ”

“မင်းတို့ မသိကြဘူးလား”

“ဘာကိုလဲ”

“အဲဒီမိန်းကလေး ကိုင်ထားတဲ့ ကောင်းကင်အဆင့် ရတနာဆန်းက ဆိုင်ရှင်ရဲ့ စတိုးဆိုင်မှာ ကံစမ်းပြီး ရထားတာလေ” ကုဟယ်က ရှင်းပြလိုက်သည်။

“ဘာ... တစ်ယောက်ယောက်က သားရဲကြီးလေးပါးရဲ့ ပုံစံတွေကို အကုန် စုဆောင်းနိုင်သွားတာလား”

“ဟုတ်တယ်။ ငါ မနေ့က TikTok သုံးရင်း ဗီဒီယိုတစ်ခု တွေ့လိုက်သေးတယ်။ ခိုးရိုက်ထားတဲ့ ဗီဒီယိုမို့လို့ တော်တော်လေး ဝါးနေပြီး ရုပ်ကို သေသေချာချာ မမြင်ရဘူး… ဒါ သူမ ဖြစ်နေတာကိုး”

“တောက်... ငါက ဒီရက်ပိုင်း အလုပ်များနေလို့ တစ်တော့ခ် သိပ်မကြည့်ဖြစ်ဘူး….သတင်းအချက်အလက်တွေ နောက်ကျကျန်ခဲ့ပြီ”

မျက်နှာဖုံးစွပ် အုပ်စုထဲတွင် ကုဟယ်မှလွဲ၍ အခြားသူအားလုံးမှာ ဖုန်းများကို လှည့်လည်

အရောင်းမြှင့်တင်နေရသဖြင့် အားလပ်ချိန် သိပ်မရှိကြပေ။

ကုဟယ်က အသာအယာ ပြုံးလိုက်ရင်း...

“ဒီတစ်ခေါက် လျှောပြည်နယ် ခရီးစဉ်ပြီးရင် မင်းတို့ကို ရက်အနည်းငယ် ခွင့်ပေးမယ်”

မျက်နှာဖုံးစွပ်အုပ်စုမှာ အလွန်ပင် ဝမ်းသာသွားကြတော့သည်။

“ကျေးဇူးတင်ပါတယ် မန်နေဂျာကု”

ကျန်းယွမ်က သူ၏ ရင်ဘတ်ပေါ်ရှိ သွေးထွက်နေသော ဓားဒဏ်ရာကို ငုံ့ကြည့်ရင်း...

“ကောင်းကင်အဆင့် ရတနာဆန်း...”

ဟု တိုးတိုးလေး ရေရွတ်လိုက်၏။

ပေပေါင်းများစွာ အကွာအဝေး၌ ရပ်နေသော လော့ရှီကျွင်းမှာလည်း

ထိတ်လန့်တုန်လှုပ်နေပေသည်။

ကောင်းကင်အဆင့် ရတနာဆန်းတစ်ပါး...

စောက်ကျိုးနည်း... ဒီဟယ်မိသားစုက ကောင်းကင်အဆင့် ရတနာဆန်းကို ဘယ်ကနေ ရလာတာလဲ။

ရုတ်ချည်းပင် သူ၏ ရင်ထဲ၌ မနာလိုဝန်တိုမှုများ အကြီးအကျယ် ဖြစ်ပေါ်လာတော့သည်။

“ဟယ်မိသားစုက အတော်လေး ဖုံးကွယ်ထားနိုင်တာပဲ”

ဤကဲ့သို့သော တန်ဖိုးမဖြတ်နိုင်သည့် ရတနာမျိုးသည် ငါ့ရဲ့ လော့မိသားစုထံတွင်သာ ရှိသင့်သည်။

သူက ငေးကြောင်နေသော ကျန်းယွမ်ကို တစ်ချက်ကြည့်ကာ ထိုနေရာမှ လှည့်ထွက်သွားတော့သည်။

…

နာရီဝက်ခန့် ကြာပြီးနောက်...

လျှောပြည်နယ်နှင့် ယွဲ့ပြည်နယ်တို့တွင် ကျန်းမိသားစုနှင့် လော့မိသားစုတို့သည်

တစ်ချိန်တည်းလိုလိုပင် အမိန့်တစ်ခု ထုတ်ပြန်လိုက်ကြသည်။

ဟယ်ဖန့်ကျစ်ကို ရှာဖွေပြီး ကောင်းကင်အဆင့် ရတနာဆန်းကို လုယူကြရန်…..

ပြင်းထန်သော တိုက်ပွဲကြီး ပြီးဆုံးသွားသောအခါ ယွန်းဖုန်းမြို့တော်သည် ပြန်လည်တိတ်ဆိတ်ငြိမ်းချမ်းသွားခဲ့သည်။ ဟယ်မိသားစု၏ နေအိမ်မှာမူ ဟာလာဟင်းလင်းဖြစ်ကျန်ခဲ့ပြီး မိသားစုစီးပွားရေးလုပ်ငန်းများကို လော့မိသားစုက

သိမ်းပိုက်လိုက်လေသည်။

…

“မေမေ... ဖေဖေ ဘယ်ရောက်နေလဲ”

“မင်းအဖေက ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ရှိနေတာ မဟုတ်ဘူးလား”

“အိမ်ပြန်မရောက်သေးဘူးလား”

“မရောက်သေးဘူး”

ကျန်းဆန်းချင်းသည် ချက်ချင်းပင် လှည့်ထွက်ကာ အိမ်တော်ပြင်ပသို့ အပြေးအလွှား

ထွက်ခွာသွားတော့သည်။

အဖေရာ... အဲဒါ ကောင်းကင်အဆင့် ရတနာဆန်းကြီးဗျ။ အဖေက ဟယ်မိသားစုနဲ့ တရင်းတနှီးရှိတာပဲ... သားကို ပြ‌ပေးလို့မရဘူးလား။

“မိုဘိုင်းဖုန်း မိတ်ဆက်ပွဲကို ဆက်လက် ကျင်းပပါမယ်”

“လူကြီးမင်းတို့ လာရောက် ကြည့်ရှုအားပေးကြပါဦးခင်ဗျာ”

ရင်ပြင်တော် ဧရိယာ၌ မျက်နှာဖုံးစွပ်အုပ်စုသည် ၎င်းတို့၏ ဆိုင်းဘုတ်များကို ပြန်လည်ချိတ်ဆွဲကာ အော်ဟစ် အရောင်းမြှင့်တင်နေကြပြန်သည်။

“ထားလိုက်ပါတော့... ဖုန်းတစ်လုံး အရင်ဝယ်ပြီးမှပဲ ငါ့အဖေကို သွားရှာတော့မယ်”

…

ချင်းယန်မြို့တော်ရှိ တည်းခိုခန်းတစ်ခု၌...

“မိုအိုကြီး... မိသားစုခေါင်းဆောင်ရဲ့ အခြေအနေ ဘယ်လိုရှိလဲ”

အဘိုးအို မိုသည် မတ်တပ်ရပ်လိုက်ပြီး ခုတင်ပေါ်ရှိ လူကို ကြည့်ကာ...

“မိသားစုခေါင်းဆောင် သတိလစ်နေတာက ပထမအချက်ကတော့ ဟိုကျန်းမိသားစုရဲ့ လူယုတ်မာကြောင့်

ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလို့ပါ။ ဒုတိယအချက်ကတော့ နောက်ဆုံးဓားချက်က

ပြင်းထန်လွန်းလို့ သူ့ရဲ့ ခရမ်းရောင်အိမ်တော်ထဲက

စိတ်ဝိညာဉ်စွမ်းအင်တွေ ကုန်ခမ်းသွားလို့ ဖြစ်ပါတယ်”

“အသက်အန္တရာယ်တော့ မရှိနိုင်ပါဘူး။ ဒါပေမဲ့ မိသားစုခေါင်းဆောင်က အသက်လုဖို့

အသက်သွေးကို လောင်ကျွမ်းစေခဲ့တာမို့ ကျင့်ကြံခြင်း အခြေခံအုတ်မြစ် ပျက်စီးသွားမှာကို စိုးရိမ်ရတယ်။ သူ့ရဲ့ ကျင့်ကြံခြင်းလမ်းစဉ်ကတော့...”

မိုအိုကြီးက စကားကို ခေတ္တရပ်လိုက်ပြီးနောက် သက်ပြင်းတစ်ချက်သာ ချလိုက်လေတော့သည်။

အခန်းတွင်း လေထုမှာ ရေကဲ့သို့ အေးစက်တိတ်ဆိတ်သွားသည်။

ကျန်းအော်ဟယ်က နံရံကို ဒေါသတကြီး ထိုးနှက်လိုက်သည်။

“အစ်ကိုဟယ်က တတိယအဆင့်ကို မနည်းအောင်မြင်အောင် ကျင့်ကြံပြီးကလဲ့စားပြန်ချေနိုင်ခါနီးမှ...ဒီလိုမျိုး ဖြစ်ရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ...”

ထိုစဉ် ရုတ်တရက် သူ တစ်ခုခုကို သတိရသွားသည်။

“အစ်ကိုဟယ် ကျင့်ကြံမှုအဆင့် တက်တာက လွန်ခဲ့တဲ့ နှစ်ရက်တင်ပဲ ရှိသေးတာ….ယွဲ့ပြည်နယ်ဆီကို ဒီသတင်းက ဘယ်လိုလုပ် ဒီလောက် မြန်မြန်ရောက်သွားတာလဲ”

ဟယ်မိသားစုဝင်အားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

အိမ်ထောင်သည် အမျိုးသမီးဝတ်စုံကို ဝတ်ဆင်ထားသော ဟယ်လင်းက သူမ၏ မိသားစုဝင်များကို

ရုတ်တရက် ကြည့်ကာ မေးလိုက်သည်။

“ဒီနေ့ ဟယ်ကျန်းကို မြင်တဲ့သူ ရှိလား”

“မရှိပါဘူး... လျှောပြည်နယ်ကနေ ထွက်လာတုန်းက ငါ အတိအကျ စာရင်းတွက်ကြည့်ခဲ့တယ်။ သူနဲ့ ဟယ်ကျင်းကလွဲရင် ကျန်တဲ့သူတွေ အကုန်ရှိတယ်”

ဟယ်မိသားစုမှ ကျင့်ကြံသူတစ်ဦးက ရုတ်တရက် ထရပ်ကာ...

“မနေ့က သူတို့ အပြင်ထွက်သွားတာကို ကျွန်တော် မြင်လိုက်သလိုပဲ။ ဒါပေမဲ့ ဘယ်သွားလဲတော့ မသိဘူး။ အခုကြည့်ရတာ သူတို့ ယွဲ့ပြည်နယ်ကို သွားခဲ့ပုံရတယ်”

“မိသားစုက ဘယ်သူ့ကိုမှ ယွဲ့ပြည်နယ်ကို မသွားဖို့ တင်းတင်းကျပ်ကျပ် တားမြစ်ထားတာပဲ။

ပြီးတော့ စီးပွားရေးအရ ဆက်သွယ်မှုလည်း မလုပ်ရဘူး။ သူတို့က ဘာဖြစ်လို့ အကြောင်းမရှိဘဲ သွားရမှာလဲ”

“မကြာခင်က ဟယ်ကျင်းက စွန်းထျန်းဓားဂိုဏ်းက အမျိုးသား ကျင့်ကြံသူတစ်ယောက်နဲ့ တွေ့ခဲ့သေးတယ်။ အဲဒီလူက ယွဲ့ပြည်နယ်က ဖြစ်ပုံရတယ်”

“ဟယ်ကျင်းက အမြဲတမ်း စကားများပြီး ကြွားဝါချင်တဲ့သူပဲ။ မိသားစုခေါင်းဆောင်ရဲ့ ကိစ္စက သူမနဲ့ ပတ်သက်နေမှာ စိုးရိမ်ရတယ်”

“ဒီဦးနှောက်မရှိတဲ့ အရာက မိသားစုခေါင်းဆောင်ကိုရော ငါတို့ကိုပါ သေတွင်းထဲမောင်းသွင်းမလို့ပဲ။ သူမ အပြင်မှာပဲ သေသွားတာက ကောင်းလိမ့်မယ်”

အခန်း (၁၈၂) - လာရောက်တိုက်တန်းခြင်း

ဟယ်လင်က စိတ်မသက်မသာဖြင့် သက်ပြင်းတစ်ချက် ချလိုက်ပြီး သူမ၏ သွယ်လျသော

မျက်ခုံးအစုံကို ကျုံ့ထားလိုက်သည်။ ဟယ်မိသားစု၏

ကံကြမ္မာမှာ အမှန်တကယ်ပင် ဆူးခင်းလမ်းသဖွယ် ကြမ်းတမ်းလှပေသည်။

လွန်ခဲ့သော နှစ်တစ်ရာခန့်က လူဆိုးများက သူတို့ကို နှိပ်စက်ညှဉ်းပန်းကာ

မိသားစုတစ်ခုလုံးကို သတ်ဖြတ်ပစ်ခဲ့ကြသည်။ ထို့နောက်

သုညဘဝမှနေ၍ အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ကာ

ပြန်လည်ထူထောင်ခဲ့ကြရသည်။ ဟယ်မိသားစု၏

ဘိုးဘေးကြီးမှာလည်း နေ့မအား ညမအား ကြိုးစားအားထုတ် ကျင့်ကြံခဲ့သဖြင့်

နောက်ဆုံးတွင် တတိယအဆင့်နယ်ပယ်သို့ အောင်မြင်စွာ

ချိုးဖျက် ဝင်ရောက်နိုင်ခဲ့ပြီ။

ကလဲ့စားချေနိုင်ရန် လက်တစ်ကမ်းအလို ရောက်ရှိခါမှ ရလဒ်မှာဒီလို ကမောက်ကမ ဖြစ်သွားခဲ့ရသည်။ နှစ်ပေါင်းတစ်ရာတိုင်တိုင် အရှက်သိက္ခာကို

မြေချ၍ သည်းခံကျော်ဖြတ်ခဲ့သမျှ အားထုတ်မှုအားလုံးမှာ နောက်ဆုံးအခိုက်အတန့်တွင်

ရေစုန်မျောခဲ့ရချေပြီ။ ယခုအခါတွင်မူ မိသားစု၏ မျိုးဆက်သစ်

လူငယ်ပေါင်းများစွာမှာ အိုးမဲ့အိမ်မဲ့

ဖြစ်သွားရပြီး သူတို့၏ အနာဂတ်မှာလည်း မှောင်မိုက်ကာ

လမ်းစပျောက်နေတော့သည်။

အခန်းတွင်း၌ လေးလံသော တိတ်ဆိတ်ခြင်းက လွှမ်းမိုးသွားပြီး လူတိုင်း၏ စိတ်နှလုံးတွင်

တွေဝေစိတ်ပျက်မှုများ စိမ့်ဝင်လျက် ရှိနေ၏။

“နေပါဦး... ငါတို့ဆီမှာ ကောင်းကင်အဆင့် ရတနာလက်နက် ရှိနေသေးတာပဲ။ ငါတို့အတွက်

မျှော်လင့်ချက် ရှိပါသေးတယ်” ဟု မိသားစုအကြီးအကဲတစ်ဦးက ရုတ်တရက်

မတ်တပ်ရပ်ကာ ပြောလိုက်သည်။

“ဟုတ်ပ... ကောင်းကင်အဆင့် ရတနာလက်နက်သာ ရှိနေရင် ငါတို့ ဟယ်မိသားစုက တကျော့ပြန်

ပြန်လည်ထွန်းတောက်လာမှာ အသေအချာပဲ”

“ငါတို့ နှစ်ပေါင်းတစ်ရာတောင် သည်းခံနိုင်ခဲ့တာပဲ၊ နောက်ထပ် နှစ်တစ်ရာ

စောင့်ရမှာကိုလည်း မကြောက်ပါဘူး။ နောက်ပြီး ဘိုးဘေးကြီးက

ဒဏ်ရာအပြင်းအထန် ရရုံတင်ပဲ ရှိပါသေးတယ်။ ဒီလောက် ကျယ်ပြောလှတဲ့ လောကကြီးထဲမှာ

ဘိုးဘေးကြီးရဲ့ ပျက်စီးသွားတဲ့ အခြေခံအမြစ်ကို ကုသပေးနိုင်မယ့်

အဖိုးတန်ဆေးဝါးကို ရှာမတွေ့နိုင်စရာ အကြောင်းမရှိပါဘူး”

“ဆေးနတ်ဘုရားချိုင့်ဝှမ်း…. ငါတို့ ဆေးနတ်ဘုရားချိုင့်ဝှမ်းကို သွားကြမယ်

အဲဒီမှာဆိုရင် ဒီလိုမျိုး ဆေးစွမ်းကောင်းတွေ သေချာပေါက်

ရှိမှာပဲ”

“ဟယ်ယွဲ့သမီးလေးကတော့ တကယ့်ကို ကံကောင်းလွန်းတယ်။ ကောင်းကင်အဆင့်ရတနာလက်နက်ကိုတောင်

ယူဆောင်လာနိုင်ခဲ့တယ်ဆိုတော့”

အကြီးအကဲများက ပြောရင်းပြောရင်းဖြင့် ပိုမို စိတ်လှုပ်ရှားလာကြရာ အခန်းတွင်းရှိ

လေးလံထိုင်းမှိုင်းနေသော လေထုမှာလည်း သိသိသာသာ ပေါ့ပါးသွားတော့သည်။

ထို့နောက် လူတိုင်းက ဟယ်ယွဲ့ဆီသို့ မျက်လုံးများ

လှည့်ကြည့်လိုက်ကြ၏။

ဟယ်လင်က

“ညီမလေး... ဒီကောင်းကင်အဆင့် ရတနာလက်နက်ကို ညီမလေး ဘယ်ကနေ ရလာတာလဲဟင်”

ဟုမေးလိုက်သည်။

ဟယ်ယွဲ့သည်လည်း မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ ချင်းရန်မြို့တွင်

ကြုံတွေ့ခဲ့ရသည်များမှအစ ကံစမ်းမဲဆိုင်၏

အကြောင်းအရာအားလုံးကို မိသားစုဝင်များအား အသေးစိတ်

ရှင်းပြလေတော့သည်။

“ဟူး... ဒီလောကကြီးထဲမှာ ဒီလောက်တောင် အံ့သြဖို့ကောင်းတဲ့နေရာမျိုး တကယ်ရှိတာလား”

အကြီးအကဲ မိုက အံ့သြတုန်လှုပ်စွာဖြင့် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်မိပြီးသူ၏မျက်နှာထက်တွင်လည်း အံ့သြမဆုံး ဖြစ်နေတော့သည်။

“ယွဲ့လေး... မင်းပြောတာတွေအားလုံးက တကယ်ပဲလား။”

“ယွဲ့လေးက ကောင်းကင်အဆင့် ရတနာလက်နက်ကိုပါ လက်တွေ့ယူလာခဲ့တာပဲ၊ ဘယ်လိုလုပ် လိမ်စရာ

ရှိမလဲ။”

“ဘုရားရေ... ကောင်းကင်အဆင့် ရတနာလက်နက်တွေက ဒါဇင်နဲ့ချီပြီး ရှိနေတာတဲ့လား။”

“ပိုပြီး ထူးဆန်းတာက မဲပုံစံအချို့ကို စုဆောင်းရုံနဲ့ အဲဒီရတနာတွေကို ရနိုင်တယ်လို့

ယွဲ့လေးက ပြောနေတာပဲ။ ဒါက... ဒါက တကယ်ကို စိတ်ကူးကြည့်ဖို့တောင် ခက်ခဲလွန်းတယ်။

အဲဒါတွေက တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေလေ။”

“ဒါတင်မကသေးဘူး... အရည်အသွေးနဲ့ သက်တမ်းကို မြှင့်တင်ပေးနိုင်တဲ့ အရာတွေလည်း ရှိသေးတယ်ဆိုပဲ”

ဟယ်ယွဲ့၏ စကားများက လူတိုင်း၏ ယခင်က ရှိခဲ့ဖူးသမျှ အသိပညာများနှင့် လောကအပေါ်

ရှုမြင်ပုံများကို အစိတ်စိတ်အမြွှာမြွှာ ရိုက်ခွဲလိုက်သကဲ့သို့

ဖြစ်သွားစေကာ အားလုံးကို အချိန်အတော်ကြာ

ဆွံ့အမှင်တက်သွားစေတော့သည်။

ဟယ်လင်က ရုတ်တရက် အကြံရသွားပြီး ဟယ်ယွဲ့အား ကြည့်ကာ “ယွဲ့လေး... ဒါဆိုရင် အဲဒီဆိုင်မှာ ငါတို့ ဘိုးဘေးကြီးရဲ့ ဒဏ်ရာတွေကို ကုသပေးနိုင်မယ့် ဆေးစွမ်းကောင်းတွေလည်း ရှိနိုင်တာပေါ့ဟုတ်လား” ဟု မေးလိုက်၏။

“အစ်မ... ကျွန်မလည်း အဲဒါကို ပြောမလို့ပဲ။ ကျွန်မတို့ ဆေးနတ်ဘုရားချိုင့်ဝှမ်းကို

သွားမယ့်အစား အဲဒီဆိုင်ကိုပဲ တိုက်ရိုက် သွားသင့်တယ်လို့ ထင်တယ်။”

“ဟုတ်တယ်... ဟုတ်တယ်။ အဲဒီဆိုင်က ဆေးနတ်ဘုရားချိုင့်ဝှမ်းထက် အဆပေါင်းများစွာ

သေချာပေါက် သာလိမ့်မယ်။ ဆေးနတ်ဘုရားချိုင့်ဝှမ်းမှာတောင် လူတစ်ယောက်ရဲ့

အရည်အသွေးနဲ့ သက်တမ်းကို မြှင့်တင်ပေးနိုင်တဲ့ ဆေးမျိုး မရှိဘူးလေ။”

“နောက်ပြီး အဲဒီဆိုင်နားမှာလည်း တည်းခိုခန်းတစ်ခု ရှိတယ်။ ဆိုင်မှာဆိုရင်

တိမ်တိုက်တွေလို များပြားလှတဲ့ ကျွမ်းကျင်ပညာရှင်တွေနဲ့

ဆိုင်ရှင်လည်း ရှိနေတာပဲ။ ကျွန်တော်တို့ အဲဒီမှာဆိုရင်

အန္တရာယ်ကင်းကင်း ရှိနိုင်သလို ကျန်းမိသားစုရဲ့

လိုက်လံသတ်ဖြတ်မှုကိုလည်း စိုးရိမ်စရာ မလိုတော့ဘူး။”

“ကောင်းပြီ... ဘိုးဘေးကြီး နိုးလာတာနဲ့ ငါတို့ ချင်းရန်မြို့ကိုပဲ တိုက်ရိုက်ဦးတည်ပြီး သွားကြမယ်။”

ဟယ်မိသားစုဝင်အားလုံး တစ်ညီတစ်ညွတ်တည်း သဘောတူညီမှု ရရှိသွားပြီးနောက် သူတို့၏

နောက်ထပ် သွားရမည့် ပန်းတိုင်ကို သတ်မှတ်လိုက်ကြတော့သည်။

တစ်ဖက်တွင်လည်း ချူဟယ်သည် မျက်နှာဖုံးစွပ်လူသားနှင့်အတူ ယွန်းဖုန်းမြို့မှ စတင်ကာ

လေကျိုးနယ်မြေတစ်ခုလုံး၏ ကံစမ်းမဲဈေးကွက်ကို တဖြည်းဖြည်း ချဲ့ထွင်လာခဲ့သည်။

ချူဟယ်သည် သူ၏ ကတိအတိုင်း အရောင်းအဖွဲ့သားများကိုလည်း အားလပ်ရက် ခွင့်ပေးခဲ့လေသည်။

သို့သော် အားလပ်ရက် ရခဲ့သော်လည်း သူတို့သည် ဆိုင်သို့သာ ပြန်လာကြသည်။

အပြင်လောကရှိ မည်သည့်အရာက ကံစမ်းမဲဆိုင်ထက် ပို၍

ပျော်စရာကောင်းနိုင်ပါမလဲ။

ဂိုဏ်းကို ပြန်ကြမလား မဖြစ်နိုင်ဘူး ဂိုဏ်းထဲက လူအားလုံးလည်း

ကံစမ်းမဲဆိုင်သို့ ရောက်ရှိနေကြပြီဖြစ်ရာ

အရာအားလုံးမှာ ယခင်နှင့် လုံးဝ ခြားနားသွားခဲ့ပြီ

ဖြစ်သည်။

လီယွဲ့က မှီထိုင်ကုလားထိုင်ပေါ်၌ ပျင်းရိငြီးငွေ့စွာ လှဲလျောင်းနေသည်။

ဆိုင်တွင်းရှိ လူဦးရေမှာ နေ့စဉ်နှင့်အမျှ တဟုန်းထိုး

တိုးပွားလာနေပြီး ကနဦးပိုင်းတွင် လူအနည်းငယ်မျှသာ ရှိရာမှ ယခုအခါ လူပေါင်း

သောင်းချီကျော်လွန်နေပြီ ဖြစ်သည်။

ခြံဝင်းတစ်ခုလုံးမှာလည်း ပြည့်သိပ်ပိတ်ညှပ်နေသဖြင့် လွန်ခဲ့သော ညကပင်

ဆိုင်၏ဧရိယာကို အပြင်ဘက်သို့ အနည်းငယ် ထပ်မံ

ချဲ့ထွင်ထားလိုက်ရသည်။ ဤအရှိန်အဟုန်အတိုင်းသာ ဆက်လက်

ဖွံ့ဖြိုးတိုးတက်သွားပါက ကံစမ်းမဲဆိုင်၏ အတိုင်းအတာမှာ မကြာမီ

ချင်းရန်မြို့၏ အရွယ်အစားကိုပင် မှီလာတော့မည်ဟု လီယွဲ့ ခံစားမိနေသည်။

ရှီလုံယန်နှင့် လျူမူချင်းတို့သည် ဆိုင်ထဲသို့ ခိုးကြောင်ခိုးဝှက်ဖြင့်

ရောက်ရှိလာစဉ်မှာပင် သူတို့ကို စောင့်မျှော်နေသည့်အလား

မျက်လုံးတစ်စုံက သူတို့ဆီသို့ စူးစိုက်စွာ ကျရောက်လာတော့သည်။

လွန်ခဲ့သော ရက်အနည်းငယ်က ထိုအဖိုးကြီးနှစ်ဦးမှာ တကယ့်ကို ငရဲကျမတတ် ခံစားခဲ့ရသည်။

ရက်ရှာနှင့် နေ့စဉ် မာဂျောင် ကစားခဲ့ရသော်လည်း ကစားတိုင်း ရှုံးနိမ့်ခဲ့သဖြင့်

တည်းခိုခန်းမှ ရရှိသမျှ အမြတ်အစွန်းလေးများမှာ ထိုမိစ္ဆာခေါင်းဆောင်ကြီး၏

လက်ထဲသို့ အားလုံး ပါသွားခဲ့ရချေပြီ။

“တောက်... ငါတို့ ဒီကနေ မြန်မြန် ပြေးကြရအောင်”

သူတို့နှစ်ဦးသည် လှည့်၍ ထွက်ပြေးရန် ပြင်လိုက်ကြသည်။ နောက်နောင်တွင် ဤဆိုင်သို့

လုံးဝ မလာရဲတော့ပေ။ ဆုံးရှုံးမှုများက များပြားလွန်းလှသည်။

“ကျွန်တော့်အထင်တော့ ဆိုင်ရှင်ကိုပဲ ဒီကိစ္စကို ဖြေရှင်းပေးဖို့ ပြောရမယ်

မာဂျောင်ကစားဖို့ လူလိုတိုင်း ဒီလိုမျိုး အဓမ္မ

လာဆွဲခေါ်ရတယ်လို့ ဘယ်သူက ပြဋ္ဌာန်းထားလို့လဲ”

“မင်းပြောတာ မှန်တယ်။ ငါတို့ လူလိုလို့ ရှာတုန်းကဆိုရင်တောင်

ကောင်းကောင်းမွန်မွန်နဲ့

ယဉ်ယဉ်ကျေးကျေး ဖိတ်ခေါ်ခဲ့တာ။ သူလုပ်သလိုမျိုး

ရိုင်းစိုင်းတဲ့နည်းလမ်းကို မသုံးခဲ့ဘူး။”

“ဆိုင်ရှင်က အခု ခြံဝင်းထဲမှာ ရှိနေတာပဲ။ တကယ်လို့ ဒီပြဿနာကို မဖြေရှင်းနိုင်ဘဲ

ဒီအတိုင်းသာ ဆက်သွားနေရင် ငါတို့ မိသားစုနှစ်ခုစလုံးတော့ စောစောစီးစီး

ပြုတ်ပြုတ်ပြုန်းတော့မှာပဲ။”

“နေပါဦး... ဒါပေမဲ့ သူက ဒုတိယအဆင့် အမြင့်မြတ်ဆုံး ပညာရှင်

တင်မက မိစ္ဆာမျိုးနွယ်လည်း ဖြစ်နေသေးတယ်။ ငါတို့က နေ့တိုင်း ဆိုင်ထဲမှာပဲ

နေနိုင်တာ မဟုတ်ဘူးလေ။ သူက ရန်ငြိုးထားပြီး ကလဲ့စားချေလာရင်

ဘယ်လိုလုပ်မလဲ”

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူတို့နှစ်ဦးသည် အခြားသော

မိစ္ဆာမျိုးနွယ်များထံမှတစ်ဆင့်

ရက်ရှာ၏ တကယ့်အရှိန်အဝါ သတ်မှတ်ချက်ကို ကြားသိခဲ့ရသဖြင့် သေလုမတတ်

ကြောက်ရွံ့နေခဲ့ကြသည်။ သို့သော် သူတို့၏ ရသမျှ

ပိုက်ဆံများကိုသာ ထိုသူ့ထံသို့ နေ့စဉ် ပုံအောပေးနေရမည်ဆိုပါက သေရသည်ထက်ပင် ပို၍

နာကျင်ရပေလိမ့်မည်။

“သွားကြစို့...”

သူတို့နှစ်ဦးသည် သွားများကို တင်းတင်းကြိတ်ကာ ခြေလှမ်းများကို ပြန်လှည့်၍ ဆိုင်ထဲသို့ ပြေးဝင်သွားကြတော့သည်။

“ဒီကို လာစမ်း...”

ရက်ရှာက လှောင်ပြုံးတစ်ခုဖြင့် လက်ညှိုးကို ကွေးကာ သူတို့အား လှမ်း၍

လက်ဟန်ပြလိုက်သည်။

မနေ့တစ်နေ့က လီယွဲ့နှင့် အကြိမ်အနည်းငယ် တွေ့ဆုံပြီးကတည်းက ရက်ရှာသည် ကနဦးက

ရှိခဲ့သော စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားခဲ့သည်။

ဆိုင်ရှင်သည် သူ့အပေါ် အထူးတလည် စိတ်ဝင်စားပုံ မရသလို

ဆိုင်ထဲတွင် ပြဿနာမရှာသရွေ့ အခြားလူများကဲ့သို့ပင် ပုံမှန်

ဆက်ဆံပေးသည်ကို သူ သိရှိသွားခဲ့သောကြောင့် ဖြစ်၏။

ရှီလုံယန်က ကြောက်ရွံ့လွန်းသဖြင့် တစ်ဆက်ဆက် တုန်ရီလျက်

“ဆိုင်ရှင်... ဆိုင်ရှင်ကြီး... ကျွန်တော်တို့ကို ကယ်ပါဦး...”

သူတို့နှစ်ဦးသည် လီယွဲ့ထံသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားကြတော့သည်။

“ဘာဖြစ်ကြတာလဲ”

“ဆိုင်ရှင်ကြီး... ကျွန်တော်တို့အတွက် ဒီကိစ္စကို ဖြေရှင်းပေးပါဦး”

ထိုအခါ ရက်ရှာ၏ မျက်နှာသည် ရုတ်ချည်း ပျက်ယွင်းသွားတော့သည်။

‘တောက်... အစုတ်အပဲ့ အဖိုးကြီးနှစ်ယောက်ကတော့ တကယ့်ကို အရှက်မရှိဘူး။ ဘယ်လိုတောင်

တိုင်ရဲရတာလဲ။’

သူသည် တံတွေးကို ခက်ခဲစွာ မြိုချမိပြီး ချက်ချင်းပင်

ထွက်ပြေးတိမ်းရှောင်သွားချင်စိတ်

ပေါ်လာသည်။ သို့သော် ယခု ထွက်ပြေးသွားပါက နောက်တစ်ကြိမ် ပြန်လာနိုင်ပါဦးမလား။

ဤဆိုင်က အလွန်ပင် ပျော်စရာကောင်းလှသဖြင့် သူ မစွန့်ခွာနိုင်ပေ။ ထို့ကြောင့်

သူသည် ရင်ဆိုင်ရန်သာ ဆုံးဖြတ်လိုက်သည်။

‘ငါက ကစားဖော် လူလိုလို့ လိုက်ရှာရုံတင်ပဲဟာ ဒါက ပြဿနာရှာတယ်လို့

မသတ်မှတ်နိုင်ပါဘူး။’

အဖိုးကြီးနှစ်ဦးသည် မျက်ရည်၊ နှပ်ရည်များ စီးကျလျက် လွန်ခဲ့သော ရက်ပိုင်းက သူတို့

ခံစားခဲ့ရသမျှ နာကျင်မှုများကို အကုန်အစင် ရင်ဖွင့်လေတော့သည်။ ထိုစကားများကို

ကြားပြီးနောက် လီယွဲ့သည် မရယ်ဘဲ မနေနိုင်တော့ပေ။

အမှန်စင်စစ် ဆိုင်ထဲတွင် ဖြစ်ပျက်သမျှကို သူ မသိဘဲ နေပါမလား။ ဤအဖိုးကြီးနှစ်ဦးမှာ

မာဂျောင်ကစားရာတွင် အကျင့်စရိုက် အလွန်ဆိုးလှသဖြင့် အခြားဖောက်သည်များက သူတို့နှင့်

မကစားချင်ကြပေ။ ထို့ကြောင့် ရက်ရှာက သူတို့အား ထိန်းကျောင်းပေးထားခြင်းမှာ

မကောင်းသောအရာတော့ မဟုတ်ပေ။

“ဪ... ဒါနဲ့ သူက မင်းတို့ကို ကိုယ်ထိလက်ရောက် ကျူးလွန်တာမျိုး လုပ်လို့လား။”

“အဲဒါတော့... မလုပ်ပါဘူး။”

“ဒါဆို သူက မင်းတို့ကို ကြိုးနဲ့တုတ်ပြီး မာဂျောင်ကစားတဲ့အခန်းထဲ

အတင်းဆွဲခေါ်သွားတာလား။”

“ဟင့်အင်း... အဲလိုလည်း မလုပ်ပါဘူး။”

“သူက ကစားပြီးရင် ပိုက်ဆံမပေးဘဲ အကြွေးတင်ထားတာမျိုး ရှိလို့လား။”

ရှီလုံယန်သည် ရင်ထဲတွင် ဒေါသတကြီး အော်ဟစ်မိတော့သည်။

‘ပိုက်ဆံမပေးဘဲ နေရအောင် ငါတို့က တစ်ခါမှမှ မနိုင်ဖူးတာ။ ဘာပိုက်ဆံ တောင်းရမှာလဲ။’

သူသည် အော်ဟစ်ငိုကြွေးချင်စိတ် ပေါက်သွားပြီး

“မ... မရှိပါဘူး ဆိုင်ရှင်ကြီး.. သူ အကြွေးလည်း မတင်ပါဘူး။”

“ဒါဆိုရင်တော့ ရှင်းသွားပြီပဲ.. ဒါက မင်းတို့ဘာသာ စိတ်တူကိုယ်တူ ဆော့ခဲ့ကြတာပဲဟာ

ဘာကြောင့် လာပြီး တိုင်နေရတာလဲ။”

ရှီလုံယန်က ထစ်ထစ်ငေါ့ငေါ့ဖြင့်

“ဒါပေမဲ့... ဒါပေမဲ့ သူက ဆော့နေတုန်း ငါတို့ကို ခြိမ်းခြောက်တယ်ဗျ။”

“ခြိမ်းခြောက်တယ် ဟုတ်လား။ ဒါပေမဲ့ သူက ကိုယ်ထိလက်ရောက် မလုပ်ဘူးမလား။”

“သူက မျက်လုံးတွေနဲ့ ခြိမ်းခြောက်တာဗျာ၊ ကြည့်ရတာ တကယ်ကို

ကြောက်စရာကောင်းလွန်းတယ်။”

“ဟုတ်ပါတယ်... အဲဒါ တကယ်ပါ ဆိုင်ရှင်ကြီး။”

ထိုစကားကို ကြားသောအခါ ရက်ရှာက ဆက်၍ ငြိမ်မနေနိုင်တော့ဘဲ ရှေ့သို့ တိုးလာကာ

“ဆိုင်ရှင်... ကျွန်တော်တို့ မိစ္ဆာမျိုးနွယ်တွေက လူသားတွေထက် မျက်နှာပေါက်

ပိုကြမ်းပြီး ရုပ်ဆိုးကြတာ သဘာဝပဲလေ။ မျက်လုံးနဲ့

ခြိမ်းခြောက်တယ်ဆိုတာမျိုး လုံးဝ မရှိပါဘူး။ ဒါက

သူတို့ရဲ့ စိတ်ဓာတ် ကြံ့ခိုင်မှု မရှိလို့ ဖြစ်ရတာပါ။”

လျူမူချင်းသည် ဆွံ့အသွားတော့သည်။

‘တောက်... မင်းလို ဒုတိယအဆင့် အမြင့်မြတ်ဆုံး ပညာရှင်တစ်ယောက်က ဒီလောက်တောင်

အရှက်မရှိ စကားတွေကို လျှောက်ပြောရဲတယ်ပေါ့။ မာဂျောင်ဝိုင်းမှာ မင်း

ငါတို့ကို စိုက်ကြည့်တဲ့ပုံစံက အရှင်လတ်လတ် ဝါးမြိုမတတ် ဖြစ်နေတာကို

ခြိမ်းခြောက်တာ မဟုတ်ဘူးလို့ ပြောချင်တာလား။’

လီယွဲ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး

“ကဲ... ထားလိုက်ကြပါတော့။ နောက်နောင်ကျရင် အားလုံး ပိုပြီး သတိထားကြပေါ့။ သတိရပါ...

ကစားဖော်ရှာတာက နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရှိရမယ်။ မာဂျောင်ဝိုင်းမှာလည်း ပိုပြီး

သင့်မြတ်ပျော်ရွှင်စွာ ဆော့ကစားကြရမယ်။ လူတွေ ပြောကြသလိုပဲ... မာဂျောင်ကစားတဲ့

အကျင့်စရိုက်က အဲဒီလူရဲ့ လူကျင့်ဝတ်ကို ဖော်ပြနေတာပဲ။ အကျင့်ဆိုးတွေကို

မမွေးမြူကြပါနဲ့။”

“မာဂျောင်ကစားတဲ့ အကျင့်စရိုက်” ဟူသော စကားစုကို ကြားလိုက်ရချိန်တွင်

ရှီလုံယန်နှင့် လျူမူချင်းတို့မှာ

ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာကြီးများ

ရဲတက်သွားကြသည်။ ဆိုင်ရှင်က သူတို့၏ အကျင့်ဆိုးများကို အရွဲ့တိုက်

ပြောဆိုနေခြင်းဖြစ်ကြောင်း သူတို့ သိရှိလိုက်သဖြင့်

ကြက်သွန်ဖြူ ထောင်းနေသည့်အလား ခေါင်းများကို တဆတ်ဆက်

ညိတ်လိုက်ကြပြီး

“နားလည်ပါပြီ ဆိုင်ရှင်ကြီး။”

ရက်ရှာကလည်း “ကျွန်တော်လည်း နားလည်ပါပြီ ဆိုင်ရှင်” ဟု ဆိုလိုက်သည်။

လီယွဲ့က ရက်ရှာကို ကြည့်ကာ နှုတ်ခမ်းထောင့်စွန်းကို အနည်းငယ် ကွေးညွတ်၍

ပြုံးလိုက်ပြီး

“မင်းရဲ့ မာဂျောင်အတတ်ပညာက တော်တော်လေး တိုးတက်လာတယ်လို့ ကြားမိသားပဲ။

ပိုက်ဆံတွေလည်း အများကြီး နိုင်ထားတယ်ဆို။”

ထိုစကားကြောင့် ရက်ရှာ၏ ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားပြီး မကောင်းသော နိမိတ်တစ်ခု

စိမ့်ဝင်လာတော့သည်။

“ဟဲဟဲ... ပုံမှန်ပါပဲ ဆိုင်ရှင်ကြီးရယ်။ ဆိုင်ရှင်ကြီးနဲ့ ယှဉ်ရင်တော့

ပြောပလောက်စရာ မရှိပါဘူး။”

“ဘယ်လိုလဲ... တစ်ဝိုင်းလောက် ဆော့ကြမလား။”

“အာ... အဲဒါကတော့... မလိုပါဘူး ဆိုင်ရှင်ကြီးရယ်။”

အတိတ်မှ နာကျင်စရာ ကောင်းလှသော မှတ်ဉာဏ်များက ရက်ရှာ၏ ဦးနှောက်ထဲသို့ ရုတ်ချည်း

တိုးဝင်လာခဲ့သည်။ ထိုစဉ်က ခံစားချက်မှာ အမှန်တကယ်ပင် ဆိုးရွားလွန်းလှပေသည်။

လီယွဲ့၏ မျက်နှာမှာ ရုတ်တရက် အုံ့မှိုင်းသွားပြီး

“ဘာလဲ... မင်းက ငါ့ကို အထင်သေးလို့လား”

ရက်ရှာသည် ကြောက်လန့်လွန်းသဖြင့် ဝိညာဉ်ပင် လွင့်စင်မတတ် ခံစားလိုက်ရပြီး

ကျောပြင်တစ်ခုလုံးတွင်လည်း ချွေးစေးများ ထွက်လာတော့သည်။

“မဝံ့ရဲပါဘူး... မဝံ့ရဲပါဘူး ဆိုင်ရှင်ကြီး”

“ဒါဆိုလည်း ပြီးတာပဲ လာ... ဒီနေ့ ငါလည်း စိတ်ပါလက်ပါ ရှိနေတာနဲ့ အတော်ပဲ။”

လီယွဲ့က လက်ခုပ်တစ်ချက် တီးကာ ဆုံးဖြတ်လိုက်သည်။

သူ မဆော့ဖြစ်သည်မှာ အတော်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်ရာ အနည်းငယ် အပန်းဖြေရန်

သင့်တော်ပေသည်။ အမှန်တော့ သူသည် မာဂျောင်စွဲလမ်းနေသူ မဟုတ်ပေ။

ယခင်ဘဝက ပိတ်ရက်များ၌သာ တစ်ခါတစ်ရံ ကစားဖူးခြင်းဖြစ်ပြီး ယခု ကမ္ဘာသစ်သို့

ရောက်ရှိလာချိန်တွင်လည်း မာဂျောင်ခန်းကို ဖွင့်လှစ်ထားခဲ့သည်မှာ

ကြာပြီဖြစ်သော်လည်း သူကိုယ်တိုင် ဆော့ကစားခဲ့သည့် အကြိမ်ရေမှာ

လက်ချိုးရေတွက်၍ ရနိုင်ပေသည်။

“ဒါပေမဲ့ ဆိုင်ရှင်ကြီး... ကျွန်တော်တို့က နှစ်ယောက်တည်း ရှိသေးတာလေ။”

လီယွဲ့က ရှီလုံယန်နှင့် လျူမူချင်းတို့ဘက်သို့ မျက်လုံးဝှေ့ကြည့်လိုက်ရာ

အဖိုးကြီးနှစ်ဦးသည် လက်များကို အသည်းအသန် ယမ်းပြကြပြီး

“ဆိုင်ရှင်ကြီး... ကျွန်တော်တို့ နေ့တိုင်း ရှုံးနေလို့ အခု ပြာကျနေပါပြီ။ ကစားဖို့ပိုက်ဆံမရှိတော့ပါဘူးဗျာ”

“ရပါတယ်... ငါ တခြားလူတွေကို ထပ်ခေါ်လိုက်မယ်။”

ရက်ရှာတစ်ယောက် နေရာတွင်တင် ဆွံ့အလျက် ကျန်ရစ်ခဲ့တော့သည်။

‘ဟင်... ဆိုင်ရှင်ကြီးပဲ ခုနက ကစားဖော်ရှာရင် နှစ်ဦးနှစ်ဖက် သဘောတူညီမှု

ရှိရမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ကျွန်တော်ကော

သဘောတူနေလို့လား။ ဒါဆို ဆိုင်ရှင်ကြီးကတော့ ကင်းလွတ်ခွင့်

ရတာပေါ့ ဟုတ်လား။’

သူ၏ နှလုံးသားက ငြင်းဆန်နေသော်လည်း ခြေထောက်များကမူ အလွန်ပင် ရိုးသားစွာ

လှုပ်ရှားနေ၏။ ရက်ရှာသည် ရင်ထဲမှ မျက်ရည်များ စီးကျလျက်

လီယွဲ့၏နောက်မှ မာဂျောင်အခန်းဆီသို့ တိတ်တဆိတ် လိုက်ပါသွားခဲ့ရတော့သည်။

သူတို့၏ ကျောပြင်ကို ကြည့်ရင်း ကျန်ရစ်ခဲ့သော အဖိုးကြီးနှစ်ဦးမှာမူ

ကလဲ့စားချေလိုက်ရသကဲ့သို့ အလွန်ပင်

ကျေနပ်အားရနေကြတော့သည်။

‘တကယ့်ကို ဝမ်းသာစရာ ကောင်းလိုက်တာ။’

“ဆိုင်ရှင်ကြီး... ကျွန်တော့်ကို ရှာနေတာလား။”

ဟောက်ယွဲ့ဓားဂိုဏ်းတွင် ရှောင်ကျွယ်၏ကိုယ်စား တပည့်များအား စာသင်ကြားပေးနေသော

လုချန်ရှင်းသည် လီယွဲ့ထံမှ မက်ဆေ့ခ်ျကို မြင်လိုက်ရသောအခါ

အတိုင်းမသိ ဝမ်းသာသွားသည်။ ဤသည်မှာ ဆိုင်ရှင်က သူ့ထံသို့

ပထမဆုံးအကြိမ် စတင်ဆက်သွယ်လာခြင်းဖြစ်၏။

“မာဂျောင်လာဆော့ဦး”

“ဗျာ... အဲဒါက...”

လုချန်ရှင်း၏ မျက်နှာမှာ ရုတ်ချည်း ပြာနှမ်းသွားတော့သည်။

ထိုနေ့က ရက်ရှာနှင့် တစ်ဝိုင်းတည်းကျခဲ့သော သားကောင်များထဲမှ တစ်ဦးဖြစ်သည့်အလျောက်

ဆိုင်ရှင်ကြီး ကစားစဉ်က ရွှေပြား သန်းရာချီအထိ အနိုင်ရရှိသွားခဲ့သည်ကို သူ

ကောင်းကောင်း မှတ်မိနေသေးသည်။

မာဂျောင်ခန်းထဲမှ ထွက်လာစဉ်က သူ၏ ခြေလှမ်းများမှာ ယိုင်နဲ့နေပြီး တစ်ကိုယ်လုံး

ထုံကျင်နေခဲ့ရကာ ဂိုဏ်းသို့ ပြန်ရောက်ပြီး ရက်အနည်းငယ်အကြာအထိ

စိတ်မမှန်ဘဲ ဖြစ်နေခဲ့ရသည်။

ထိုအရာကို မာဂျောင်ကစားသည်ဟု ခေါ်နိုင်ပါမလား။ ညှဉ်းပန်းနှိပ်စက်ခြင်း သက်သက်သာ

ဖြစ်ပေသည်။

“ဘာလဲ... မင်းက ငြင်းချင်တာလား။ ငါ့ကို အထင်သေးလို့လား။”

“မဝံ့ရဲပါဘူး... မဝံ့ရဲပါဘူး ဆိုင်ရှင်ကြီး။”

လုချန်ရှင်းသည် ဖုန်းမျက်နှာပြင်ကို ကြည့်ကာ မျက်နှာကြီး ရှုံ့မဲ့လျက်

ရှိနေတော့သည်။

“ဘာဖြစ်လို့လဲ ဆရာ။ ဆိုင်ရှင်ကြီးက ဘာခိုင်းလို့လဲ။”

“မာဂျောင်ဆော့ဖို့တဲ့...”

ရှောင်ကျွယ်၏ မျက်ဝန်းများမှာ အရောင်တောက်သွားပြီး

“မဆိုးဘူးပဲ အဖိုးကြီးရဲ့။ ဆိုင်ရှင်ကြီးက မင်းကို ကိုယ်တိုင်တောင်

လှမ်းဖိတ်တယ်ဆိုတော့ တကယ့်ကို မျက်နှာသာပေးတာပဲ။

ဘာလို့ မျက်နှာကြီးက သေလူလို ဖြစ်နေရတာလဲ။”

လုချန်ရှင်းသည် လက်ကို မြှောက်ကာ လေဟာနယ်ကို ဖြတ်၍ ရိုက်ချလိုက်ရာ သုံးလေးလံခန့်

ကွာဝေးသော နေရာရှိ ရှောင်ကျွယ်မှာ အော်ဟစ်ကာ သူ၏ နီရဲသွားသော ပါးပြင်ကို

အုပ်ကိုင်လိုက်ရတော့သည်။

“အဖိုးကြီး... မင်းကတော့ တကယ့်ကို လူယုတ်မာပဲ။ နောက်ကွယ်ကနေ

ခိုးတိုက်ခိုက်ရတယ်လို့။”

“သွားစမ်း... သွား...။”

ရွှမ်းထျန်ဓားဂိုဏ်း၏ တရားထိုင်ခန်းမတစ်ခုအတွင်း တရားကျင့်ကြံနေသော လင်ချိုးသည်

မျက်လုံးများကို ဖွင့်လိုက်ပြီး သူ၏လက်ကိုင်ဖုန်းကို ကောက်ကိုင်လိုက်သည်။

“ဆိုင်ရှင်ကြီးလား...”

သူ၏ နှုတ်ခမ်းထောင့်စွန်းမှာ အနည်းငယ် ကွေးညွတ်သွားပြီး တိုးတိုးလေး ရေရွတ်လိုက်၏။

“ဆိုင်ရှင်ကြီးရဲ့ မာဂျောင်အတတ်ပညာက ဘယ်လောက်အထိ မြင့်မားမလဲဆိုတာ တကယ်

စိတ်ဝင်စားဖို့ ကောင်းတာပဲ။”

သူသည် မိမိကိုယ်ကိုယ် အလွန်ယုံကြည်မှု ရှိနေသည်။ သူ၏ မာဂျောင်နိုင်ခြေမှာ

ရာနှုန်းပြည့်ဖြစ်ပြီး နေ့စဉ်နှင့်အမျှ နိုင်ပွဲများသာ

ရရှိထားခြင်း ဖြစ်သည်။ သူသည် မာဂျောင်၏ အနှစ်သာရကို အပြည့်အဝ

နားလည်သဘောပေါက်ထားပြီဖြစ်ရာ ပြိုင်ဘက်မရှိသည့် အဆင့်သို့

ရောက်ရှိနေပြီဟု ခံစားမိနေသည်။

ဆိုင်ထဲရှိ မာဂျောင်ကျွမ်းကျင်သူအားလုံးကို သူ စိန်ခေါ်ကစားခဲ့ပြီး ဖြစ်သော်လည်း

ထိုသူများမှာ ပြောပလောက်စရာ မရှိခဲ့ပေ။ သူသည် အခြားသူများထက် အဆပေါင်းများစွာ

သာလွန်နေပြီဟု ခံစားနေရသည်။

ထိုက်တန်သော ပြိုင်ဘက် မရှိတော့သဖြင့် နောက်ပိုင်းတွင် သူသည် မာဂျောင်အပေါ်

စိတ်ဝင်စားမှု လျော့နည်းသွားပြီး ဂိမ်းစက်ဘက်သို့

ပြောင်းလဲ ဆော့ကစားခဲ့ခြင်း ဖြစ်သည်။

“ငါ ဆိုင်ရှင်ကြီးနဲ့တော့ တစ်ခါမှ မဆော့ဖူးသေးဘူး။ ငါ့ရဲ့ စိတ်ဝင်စားမှုကို သူပြန်နှိုးဆွပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

စကားအဆုံးတွင်ပင် လံပေါင်းများစွာ ကြီးမားလှသော ကြိုးကြာဖြူကြီးတစ်ကောင်က

သူ၏ရှေ့မှောက်သို့ ပျံသန်းရောက်ရှိလာသည်။ လင်ချိုးသည်

ကြိုးကြာဖြူကြီး၏ ကျောပေါ်သို့ ခြေလှမ်းလိုက်ရာ ငှက်ကြီးသည်

အတောင်ပံများကို ဖြန့်ကျက်၍ မြောက်ဘက်အရပ်ဆီသို့ တဖြည်းဖြည်း ပျံသန်းသွားတော့သည်။

All Chapters