← Chapters

အခန်း (၁၈၇-၁၈၈)

Vol. 19 Ch. 187-188

အခန်း (၁၈၇-၁၈၈)

Vol. 19 Ch. 187-188

အခန်း (၁၈၇) - ရှန်ကွမ်ရိ

“မောင်လေး... ဟိုမှာ ကြည့်စမ်း”

“ဘာလဲ”

“အပေါ်ကဗီဒီယို... အပေါ်ကဗီဒီယို”

ဟယ်ကျန်းက အပေါ်သို့ ဆွဲတင်လိုက်ရာ သူ၏မျက်လုံးများ ချက်ချင်း တောက်ပသွားတော့သည်။

“ဒါ... ဒါ အဒေါ်ဟယ်ယွဲ့ပဲ”

“ဘာအဒေါ်လဲ။ အခု ငါတို့က ကျန်းမိသားစုဝင်တွေ ဖြစ်နေပြီလေ။ ဟယ်မိသားစုက

ပျက်စီးသွားပြီဆိုတာ မမေ့နဲ့”

“ဟုတ်ပ... ဟုတ်ပ။ ဒါဆို သူတို့က ချင်းယန်မြို့မှာ ရှိနေတာပေါ့”

“နောက်ဆုံးတော့ သူတို့ရဲ့သဲလွန်စကို ရှာတွေ့ပြီ။ ဒီတစ်ခါတော့ ငါတို့

သေစရာမလိုတော့ဘူး။ ကျန်းစီနီယာသာ သဘောကျရင်

ငါတို့ကို ဆုတောင် ချီးမြှင့်ဦးမှာ” ဟယ်ကျင့်က

စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။

“သွားကြစို့... ချင်းယန်မြို့ကို”

...ဆိုင်အတွင်းဝယ်။

ချန်ရွှမ်းသည် မျက်နှာပျက်ပျက်ဖြင့် မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်နေ၏။

ဆယ်ရက်တာ ကာလပတ်လုံး ခြစ်ကတ်များကို အဆက်မပြတ် ခြစ်ခဲ့သော်လည်း

သူ၏အိတ်ထဲမှ ပိုက်ဆံများ ကုန်ဆုံးသွားသည့်အပြင် လုံအန်းထံမှလည်း

ရွှေပြား ငါးသိန်းကို အတင်းအကျပ် ချေးယူထားခဲ့ရသေးသည်။

ရလဒ်အနေဖြင့် သူ၏လက်မှာ ခြစ်လွန်းသဖြင့် ကျိုးလုနီးပါး ဖြစ်နေသော်လည်း

နဂါးပြာပုံရိပ်မှာမူ ပေါ်မလာသေးပေ။

ဟယ်ယွဲ့၏ အရင်ကံထူးခဲ့မှုသာ မရှိခဲ့လျှင် သူသည် လွန်ခဲ့သောအချိန်ကတည်းက

လက်လျှော့သွားလောက်ပေပြီ။

“ဟူး... ဒီအဖိုးကြီးရဲ့ ကံတရားက တကယ်ပဲ ညံ့ဖျင်းလွန်းတာပဲ”

“ဒါပေမဲ့... ငါ ဒီလောက်တောင် ခြစ်ခဲ့ပြီးမှတော့ လက်လျှော့ဖို့ကတော့ လုံးဝ

စိတ်မကူးနိုင်ဘူး”

ဆိုင်အတွင်းရှိ အခြားသော ဖောက်သည်များလည်း ဤကဲ့သို့သော စိတ်ခံစားချက်မျိုးကို

ကိုယ်စီ ခံစားနေကြရသည်။

“ကစားနည်းအသစ်ဖြစ်တဲ့ ‘စူပါလော့တို’ ကို စတင်ဝယ်ယူနိုင်ပါပြီ။ ဖောက်သည်များအနေနဲ့

ကောင်တာမှာဖြစ်စေ၊ မိမိတို့ရဲ့ လက်ကိုင်ဖုန်းတွေကနေဖြစ်စေ ဝယ်ယူနိုင်ပါတယ်ရှင်”

“အသေးစိတ် ကစားနည်းတွေကိုတော့ ထီဆိုင်ရဲ့ တရားဝင် ဗီဒီယိုကြည့်ရှုလို့ရသော app အကောင့်မှာ

ဝင်ရောက်လေ့လာနိုင်ပါတယ်”

ယွဲ့ရူယီ၏အသံသည် ဖောက်သည်များစွာကို ချက်ချင်းပင် ဆွဲဆောင်သွားတော့သည်။

ရင်ပြင်ကြီးမှာ ကျယ်ဝန်းသော်လည်း သတင်းစကားမှာ လျင်မြန်စွာ

ပျံ့နှံ့သွားပြီး မကြာမီ ကောင်တာရှေ့၌ ရှည်လျားလှသော လူတန်းကြီး တစ်ခု ပေါ်ထွက်လာ၏။

ကစားနည်းအသစ်တစ်ခု ပေါ်ထွက်လာတိုင်း ဖောက်သည်များသည် အမြဲတမ်း စိတ်အားထက်သန်စွာ

တုံ့ပြန်ကြလေ့ရှိသည်။

ထိုသူများထဲတွင် ချန်ကျိုကောကဲ့သို့သော ကိန်းဂဏန်းထီ ဝါသနာအိုးများမှာ ပိုမို၍

စိတ်လှုပ်ရှားနေကြတော့သည်။

“လူတွေ... ဒီလောက်တောင် များတာလား”

ရှန်ကွမ်ရိသည် ထီဆိုင်အတွင်းသို့ လှမ်းဝင်လိုက်ပြီးနောက် သူ၏ရှေ့မှ လူပင်လယ်ကြီးကို

မြင်ကာ ဆွံ့အသွားတော့သည်။

ဒစ်ဒေါ့မှတစ်ဆင့် ထီဆိုင်၏ စီးပွားရေး အလွန်ကောင်းမွန်သည်ကို သိရှိထားသော်လည်း

ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရချိန်တွင်မူ ပို၍ပင် တုန်လှုပ်မိပေသည်။

“ဧည့်သည်တော်... ဒါ ပထမဆုံးအကြိမ် လာတာလားခင်ဗျာ”

ဆံပင်နီနီနှင့် လူငယ်လေး စီယွီသည် မျက်နှာထက်တွင် ပြုံးပန်းဆင်လျက် ပေါ်ထွက်လာသည်။

“မိစ္ဆာမျိုးနွယ်လား”

“ဟီးဟီး... ဟုတ်ပါတယ် စီနီယာ”

ရှန်ကွမ်ရိသည် ခေါင်းကို အသာငြိမ့်ပြလိုက်ပြီး စကားအများကြီး မပြောတော့ပေ။

အပြင်လောကသို့ ရောက်ရှိချိန်တွင် တတ်နိုင်သမျှ လူမသိအောင်

နေထိုင်ခြင်းက အကောင်းဆုံးပင်။ ဤဆိုင်သည် အခြားနေရာများနှင့် မတူပေ။

တတိယအဆင့် ကျွမ်းကျင်သူများမှာ မိုးတိမ်များသဖွယ် ပေါများလှပြီး ဒုတိယအဆင့်

အရှင်သခင်များပင် မကြာခဏ လာရောက်တတ်ကြသည်။ ထို့ကြောင့်

မိစ္ဆာမျိုးနွယ်တစ်ဦးကို မြင်တွေ့ရသည်မှာ

ထူးဆန်းလှသည်မဟုတ်ပေ။

သို့သော် စတုတ္ထအဆင့် နယ်ပယ်ဖြင့် လူသားအသွင် ပြောင်းလဲနိုင်စွမ်း ရှိနေခြင်းက

အနည်းငယ် ထူးခြားလှသည်။ ၎င်းသည် တစ်စုံတစ်ရာသော အခွင့်အလမ်းကို

ရရှိထားခြင်း ဖြစ်ပေလိမ့်မည်။

“ကျွန်တော်က ဒီဆိုင်က အကူဝန်ထမ်းတစ်ယောက်ပါ။ စီနီယာ့အတွက် ပထမဆုံးအကြိမ်ဆိုတော့

ကျွန်တော် ဆိုင်အကြောင်းလေး ရှင်းပြပေးပါရစေ”

“ရပါတယ်”

လူအလွန်များပြားသဖြင့် အရင်ဆုံး လှည့်ပတ်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။

ချန်ရွှမ်းနှင့် အခြားသူများ၏ ကိစ္စကိုမူ နောက်မှသာ

ရှင်းရပေလိမ့်မည်။

ဤဆိုင်အတွင်းဝယ် ကျင့်ကြံခြင်းစွမ်းအားကို အသုံးပြုခွင့်မရှိကြောင်း၊ အကယ်၍

အသုံးပြုမိပါက ကြီးမားသော ဒုက္ခနှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း

သူ ကြားသိထားပေသည်။

ထိုစဉ် လော့ချာသည် ဆိုင်အတွင်းသို့ ဝင်လာပြီး ရှန်ကွမ်ရိကို ရုတ်တရက်

မြင်တွေ့သွားသည်။

“မင်း ဘာလို့ ဒီကို ရောက်နေတာလဲ”

ရှန်ကွမ်ရိ၏ မျက်နှာထက်တွင် ရှုပ်ထွေးသော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး

ရှေ့သို့ တိုးကာ အသာအယာ ဦးညွှတ်လိုက်သည်။ “အရှင်လော့ချာ...”

ထို့နောက် သူက စီယွီကို ကြည့်ကာ “မိစ္ဆာမျိုးနွယ်က ညီလေး... မင်း...”

“နားလည်ပါပြီ... နားလည်ပါပြီ။ ခင်ဗျားတို့နှစ်ယောက်ပဲ စကားပြောကြပါ။ မရှင်းတာရှိရင်

ကျွန်တော့်ကို လှမ်းခေါ်လိုက်နော်”

စီယွီသည် ထိုနေရာမှ ထွက်ခွာရန် စိတ်စောနေခဲ့သည်။ ဤဧည့်ကြိုလုပ်ငန်းမှာ အလွန်ပင်

ပျင်းစရာကောင်းလှ၏။ မျက်နှာဖုံးစွပ်လူသားနှင့် ဆော့ကစားရခြင်းက ပို၍

ပျော်စရာကောင်းသော်လည်း ဆိုင်ရှင်က သူ့အား ထိုနေရာသို့

သွားခွင့်မပြုပေ။

ရှန်ကွမ်ရိသည် လော့ချာကို ကြည့်လျက် တိုးတိုးကပ်၍ မေးလိုက်သည်။ “အရှင်လော့ချာ...

ကျွန်တော် တစ်ခုလောက် မေးပါရစေ။ ပြီးခဲ့တဲ့အကြိမ်က ကျွန်တော့်မိသားစုရဲ့

ဘိုးဘေးဟာ အရှင်နဲ့အတူ နယ်စပ်စစ်တလင်းကို သွားပြီးတဲ့နောက် ဘယ်ကို

ရောက်သွားလဲဆိုတာ သိပါသလား”

လော့ချာ အံ့အားသင့်သွားပြီး

“မုဖန့်ရင်လား”

“ဟုတ်ပါတယ်”

“သူမက ထျန်းချုံးသန့်စင်သောဂိုဏ်းကို ပြန်မသွားဘူးလား”

“မသွားပါဘူး”

လော့ချာ မျက်မှောင်ကြုတ်လိုက်သည်။ ထိုမိန်းမသည် နောက်ဆုံးခွဲခွာပြီးကတည်းက

မည်သည့်အဆက်အသွယ်မျှ မရှိတော့ပေ။ ဆိုင်ရှင်၏ စွမ်းပကားကြောင့်

သူမ၏ စိတ်ဝိညာဉ်များ ကြောက်ရွံ့တုန်လှုပ်သွားပြီး ဂိုဏ်းသို့ပင်

ပြန်မရဲတော့ခြင်း ဖြစ်ပေလိမ့်မလား။

“ငါလည်း မသိဘူး။ သီးသန့်ကျင့်ကြံဖို့ နေရာတစ်ခုခုကို ရှာသွားတာလည်း ဖြစ်နိုင်တာပဲ”

ရှန်ကွမ်ရိက သက်ပြင်းချလိုက်ပြီး

“ဘိုးဘေးက သီးသန့်မကျင့်ကြံခင်မှာ ကျွန်တော့်ကို အမြဲတမ်း အသိပေးလေ့ရှိတယ်။ ဒါပေမဲ့

ဒီတစ်ခါတော့...”

လော့ချာက အရေးမစိုက်ဟန်ဖြင့် လှောင်ပြုံးပြုံးလိုက်၏။ “သူမက ဒုက္ခဆင့်

အထွတ်အထိပ်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ပဲ။

ကြယ်တာရာကောင်းကင်တိုက်ကြီးမှာ သူမကို အလွယ်တကူ

သတ်နိုင်တဲ့ ဆိုင်ရှင်ကလွဲရင် တခြားဘယ်သူက သူမကို

ဒုက္ခပေးနိုင်မှာလဲ။ တတိယအဆင့်သာရှိတဲ့

မင်းလိုကောင်က စိုးရိမ်နေစရာ မလိုပါဘူး”

ရှန်ကွမ်ရိက ခါးသီးစွာ ပြုံးလိုက်သည်။ “ဒါလည်း ဟုတ်တာပါပဲ။ ဒါပေမဲ့ စီနီယာ...

ဒီဆိုင်ရဲ့ ဆိုင်ရှင်က တကယ်ပဲ အဲဒီလောက်အထိ သန်မာတာလားဟင်”

လော့ချာက လေးနက်စွာ ခေါင်းညိတ်ပြလိုက်၏။

“အရမ်းသန်မာတယ်။ ဒီကမ္ဘာက လူသားတစ်ယောက်နဲ့တောင် မတူဘူး။ ဒါကြောင့် ဒီနေရာမှာ

ပြဿနာမရှာဖို့သာ မှတ်ထားပါ”

“မိစ္ဆာမျိုးနွယ်က ပူးပေါင်းဆောင်ရွက်မှုကို တစ်ဖက်သတ် ရပ်စဲလိုက်လို့ မင်းတို့ရဲ့

ဖုန်းဧကရာဇ်နဲ့ မြင့်မြတ်တဲ့ဂိုဏ်းကြီး သုံးခုက မကျေမနပ် ဖြစ်နေကြတာကို ငါသိတယ်။

ဒါပေမဲ့ ငါလည်း လူတိုင်းရဲ့ အကျိုးအတွက် လုပ်ဆောင်ပေးခဲ့တာပဲ။ ဆိုင်ရှင်က

ဝူနယ်ပယ် အဆင့်မှာ ရှိနေတာလေ”

ရှန်ကွမ်ရိက ခေါင်းညိတ်လိုက်ပြီး

“ဒါကိုတော့ ကျွန်တော် နားလည်ပါတယ်”

“နားလည်ရင် ကောင်းပြီ။ မင်းအတွက် ပထမဆုံးအကြိမ်ဆိုတော့ ငါ မင်းကို မာဂျောင်

ကစားဖို့ ခေါ်သွားပေးမယ်”

“မာဂျောင် ဟုတ်လား... လူလေးယောက် ဝိုင်းထိုင်ပြီး အတုံးလေးတွေကို တွန်းကစားရတဲ့

ကစားနည်းလား”

“အတိအကျပဲ... အတိအကျပဲဟေ့”

လော့ချာက ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။

မနေ့က သူသည် ဆိုင်ရှင်၏ လက်ချက်ဖြင့် ခေါင်းမဖော်နိုင်အောင် ရှုံးနိမ့်ခဲ့ရသော်လည်း

ယနေ့တွင်မူ ဆိုင်သို့ ရောက်ရောက်ချင်းမှာပင် အတွေ့အကြုံမရှိသေးသော

လမ်းသစ်သမားတစ်ဦးနှင့် တွေ့ဆုံခဲ့ရပြီ ဖြစ်သည်။

အပိုင်ပဲဟေ့

“ဟေ့... မင်းတို့နှစ်ယောက်”

ရှီလုံယန်နှင့် လျူမုချင်တို့ ခြေလှမ်းများ တုံ့သွားကြသည်။ ‘တောက်...

ဒီအရှက်မရှိတဲ့ကောင်ကတော့ ထပ်လုပ်ပြန်ပြီလား’

မနေ့ကတင် ဆိုင်ရှင် ဘာပြောခဲ့သလဲ။

လူတွေကို အတင်းအကျပ် ဆွဲမခေါ်ရဘူးလို့ ပြောထားတာကို ဒီကောင် မေ့သွားပြန်ပြီလား။

“သူက ဒီနေ့မှ စလာတာ။ လုံးဝ လမ်းသစ်သမားပဲ။ တစ်ပွဲလောက် ဆော့ကြမလား” လော့ချာက

အဘိုးကြီးနှစ်ဦးကို အဓိပ္ပာယ်ပါပါ မျက်စိမှိတ်ပြလိုက်သည်။

ဘုရားရေ...။

လမ်းသစ်သမားတဲ့လား။

ရှီလုံယန်နှင့် လျူမုချင်တို့မှာ စိတ်လှုပ်ရှားသွားကြတော့သည်။

သူတို့သည် ဆိုင်ထဲတွင် တစ်ဝက်ခန့် အချိန်ဖြုန်းခဲ့ပြီးသော်လည်း စတုတ္ထမြောက်

ကစားသမားကို မရှာရသေးပေ။ သူတို့၏ နာမည်ဆိုးမှာ ကျော်ကြားလွန်းသဖြင့်

အခြားလူများအားလုံးက ကပ်ဘေးကဲ့သို့ ရှောင်ဖယ်နေကြသောကြောင့် ဖြစ်သည်။

ဤလမ်းသစ်သမားမှာ ဝတ်ကောင်းစားလှ ဝတ်ဆင်ထားပြီး တင့်တယ်သော ရုပ်ရည်နှင့် ထူးခြားသော

ကိုယ်ဟန်အမူအရာ ရှိသဖြင့် ကြည့်ရုံနှင့်ပင် ချမ်းသာသူတစ်ဦးဖြစ်ကြောင်း

သိသာလှပေသည်။

သူတို့နှစ်ဦး သွားရည်ကျလျက် အံကြိတ်ကာ ဆုံးဖြတ်လိုက်ကြသည်။

“ကောင်းပြီ... တစ်ပွဲ ဆော့ကြတာပေါ့။ ဒါပေမဲ့ ကြိုသဘောတူထားရမယ်နော်၊

မင်းရဲ့မျက်လုံးတွေနဲ့ ငါတို့ကို

ခြိမ်းခြောက်တာမျိုး မလုပ်ရဘူး”

လော့ချာက မကျေမနပ်ဖြစ်စွာဖြင့် “ငါ့မျက်နှာက မွေးကတည်းက ဒီလိုပုံစံ ဖြစ်နေတာ။ ငါက

ဘယ်တုန်းက မင်းတို့ကို မျက်လုံးနဲ့ ခြိမ်းခြောက်လို့လဲ” ဟု ပြန်ပြောလိုက်သည်။

“ကြည့်စမ်း... ကြည့်စမ်း... အခုပဲ ဒေါသထွက်နေပြန်ပြီ”

“မင်းတို့ကတော့... ထားလိုက်ပါတော့၊ ငါလည်း မင်းတို့နဲ့ စကားများမနေချင်ဘူး။ အခန်းထဲ

မြန်မြန်သွားရအောင်။ မင်းတို့နှစ်ယောက် နေ့တိုင်း မနက်စောစော လာပြီး

အခန်းကြိုယူထားတာ ငါသိတယ်”

၎င်းမှာ ရှီလုံယန်နှင့် လျူမုချင်တို့၏ အလေ့အကျင့်ပင် ဖြစ်သည်။

အခန်းကို အရင်ယူပြီးမှ ကစားသမား လိုက်ရှာလေ့ရှိကြ၏။

အဘယ်ကြောင့်ဆိုသော် မာဂျောင်အခန်း အရေအတွက်မှာ ကန့်သတ်ချက်ရှိသောကြောင့် ဖြစ်သည်။

သူတို့နှစ်ဦးက ရှေ့မှ ဦးဆောင်၍ လျှောက်သွားကြသည်။

လော့ချာက ရှန်ကွမ်ရိ၏အနားသို့ တိုးကပ်ကာ တိုးတိုးလေး ကပ်ပြောလိုက်၏။

“ငါ မင်းကို မကြည့်ရှုဘူးလို့ မပြောနဲ့နော်။ အဲဒီအဘိုးကြီးနှစ်ယောက်က ဒီကစားနည်းမှာ

တကယ့်ကို အသုံးမကျတဲ့ကောင်တွေအဖြစ် နာမည်ကြီးတာ။ ခွေးတစ်ကောင်ကို စားပွဲမှာ

ချည်ထားရင်တောင် အဲဒီကောင်တွေကို နိုင်လိမ့်မယ်”

ရှန်ကွမ်ရိ၏ နှုတ်ခမ်းများ တုန်ရီသွားတော့သည်။

‘အရှင်... ခင်ဗျား ပြောပုံက ကျွန်တော့်ကိုပါ သွယ်ဝိုက်ပြီး စော်ကားနေသလိုပဲ’

“အရှင်လော့ချာရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်”

အခန်း (၁၈၈) - လီဖန်ဆုန်း၊ တိယွဲ့ဂိုဏ်း

ရှန်ကွမ်းရီသည် လော့ချာနှင့် အခြားလူနှစ်ဦးနောက်သို့ လိုက်ပါကာ

မာဂျောင်ကစားရာအခန်းသို့ ဝင်လာခဲ့သည်။

သူ၏စိတ်ထဲ၌ အကြောင်းရင်းမရှိဘဲ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေပြီး

တစ်စုံတစ်ခု ဖြစ်ပျက်တော့မည်ဟု ခံစားနေရ၏။

သို့သော်လည်း သူသည် ဗီဒီယိုကြည့်ရှုလို့ရသော app ပေါ်၌ မာဂျောင်အကြောင်းကို မကြာခဏ

မြင်တွေ့ဖူးသဖြင့် စိတ်ဝင်စားနေခဲ့သည်မှာ ကြာပြီဖြစ်ရာ ယခုအခါ

ဤနေရာသို့ ရောက်ရှိနေပြီဖြစ်သဖြင့် စမ်းသပ်ကစားကြည့်ရန် ဆုံးဖြတ်လိုက်တော့သည်။

ဂဏန်းထီအမျိုးအစားသစ်ဖြစ်သည့် “စူပါလော့တို”၏ ကစားပုံကစားနည်းမှာ

“နှစ်ရောင်ခြယ်ဘောလုံး” ထီနှင့် အများအားဖြင့်

တူညီသော်လည်း အနီရောင်ဂဏန်း တစ်လုံးလျော့နည်းကာ

အပြာရောင်ဂဏန်း တစ်လုံး ပိုမိုများပြားလေသည်။ ဤထီကို

စတင်မိတ်ဆက်လိုက်သည်နှင့် ပထမဆုံးအကြိမ် ရောင်းအားမှာ

နှစ်ရောင်ခြယ်ဘောလုံးထီ၏ ရောင်းအားကို ချက်ချင်းပင်

ယှဉ်ပြိုင်နိုင်ခဲ့ပြီး အလွန်ကောင်းမွန်သော တုံ့ပြန်မှုကို ရရှိခဲ့သည်။

ဝယ်ယူသူများသည် မိမိတို့နှစ်သက်ရာ ဂဏန်းများကို ရွေးချယ်ပြီး ထီလက်မှတ်များကို

ယူဆောင်ကာ မနက်ဖြန် ထီဖွင့်မည့်အချိန်ကို တိတ်ဆိတ်စွာ

စောင့်ဆိုင်းနေကြတော့သည်။

ယွဲ့ပြည်နယ်၊ လင်လန်ဂိုဏ်း၏ နောက်တောင်ကုန်း။

မြင့်မားလှသော နတ်မင်းဂူဂေဟာအပြင်ဘက်ဝယ် ကျောက်တံခါးကြီးများသည် ဖြည်းညင်းစွာ

ပွင့်ဟလာပြီး ဆံပင်ဖြူဖြူနှင့် အဘိုးအိုတစ်ဦး ခြေလှမ်းကျဲဖြင့်

ထွက်ပေါ်လာသည်။

“ဆယ်စုနှစ်တစ်ခုကြာ တံခါးပိတ်ကျင့်ကြံပြီးတဲ့နောက် နောက်ဆုံးတော့ ငါဟာ အဆင့်(၃)

အထက်ပိုင်းနယ်ပယ်ကို အောင်မြင်စွာ အဆင့်တက်လှမ်းနိုင်ခဲ့ပြီ...

ဟားဟားဟား... ဒီနေ့ကစပြီး ငါတို့ လင်လန်ဂိုဏ်းမှာ အဆင့်(၃)

ကျင့်ကြံသူအင်အားကြီး နှစ်ယောက် ရှိလာပြီပဲ။ မကြာခင်မှာ ငါတို့ဂိုဏ်းဟာ

သိုင်းလောကရဲ့ ထိပ်သီးနေရာကို ဝင်ရောက်ယှဉ်ပြိုင်နိုင်စွမ်း ရှိလာလိမ့်မယ်။”

သူသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် ဝတ်ရုံစကို ခါယမ်းကာ ကောင်းကင်ယံသို့

ပျံသန်းသွားလေသည်။ သူ၏ ပြင်းထန်သော အရှိန်အဝါတို့သည်

လင်လန်ဂိုဏ်းတစ်ခုလုံးသို့

ပျံ့လွင့်လွှမ်းမိုးသွားတော့၏။

တောင်ခြေတွင်မူ မရေမတွက်နိုင်သော လူရိပ်များက အပြေးအလွှား ရောက်ရှိလာကြသည်။

“ဒါက ဘိုးဘေးကြီးပဲ။”

“ဘိုးဘေးကြီး တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီ။”

“ဘိုးဘေးကြီးကို ရိုသေစွာ ကြိုဆိုပါတယ်ခင်ဗျား။”

လင်လန်ဂိုဏ်း၏ အကြီးအကဲများနှင့် တပည့်အားလုံးသည် မြေပြင်ပေါ်၌ ဒူးထောက်၍

အရိုအသေပေးကြ၏။

အကြီးအကဲအချို့မှာမူ များစွာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြသည်။ ဘိုးဘေးကြီး၏

အရှိန်အဝါမှာ အလွန်တရာ အားကောင်းလှသဖြင့် ယခုတစ်ကြိမ်

တံခါးပိတ်ကျင့်ကြံမှုတွင် အောင်မြင်စွာ

အဆင့်တက်နိုင်ခဲ့ပြီဖြစ်ကြောင်း

သူတို့ သိရှိလိုက်ကြသောကြောင့် ဖြစ်၏။

“မောင်လု... ယွန့်ထျန်းက ဘယ်မှာလဲ။ ဘာဖြစ်လို့ ဒီအဖိုးကြီးကို လာမကြိုရတာလဲ။ သူလည်း

တံခါးပိတ်ကျင့်ကြံနေလို့လား။”

ထိုစကားကို ကြားရလျှင် ဦးဆောင်လာသည့် အကြီးအကဲ၏မျက်နှာသည် ရုတ်ချည်းပင်

ပူဆွေးဝမ်းနည်းမှုများဖြင့် ပြည့်နှက်သွားပြီး

မြေပြင်ပေါ်တွင် ဝပ်စင်းကာ ရှိုက်ကြီးတငင်

ငိုကြွေးတော့သည်။

“ဘိုးဘေးကြီး... အို... ဘိုးဘေးကြီး... ဂိုဏ်းချုပ်ကြီး... ဂိုဏ်းချုပ်ကြီး

ကွယ်လွန်သွားပါပြီ ဘုရား...”

လီဖန်ဆုန်းသည် ထိတ်လန့်တုန်လှုပ်လျက် ဒေါသအမျက်ချောင်းချောင်း ထွက်သွား၏။

“ဘာ...”

ပြင်းထန်လှသော စွမ်းအင်အရှိန်အဝါများ ဝုန်းခနဲ ပွင့်ထွက်လာရာ ဂိုဏ်းသားအားလုံးမှာ

ကြောက်ရွံ့တုန်လှုပ်သွားကြသည်။

“ငါ တံခါးပိတ်ကျင့်ကြံတာ ဆယ်နှစ်ပဲ ရှိသေးတယ်။ ယွန့်ထျန်းက ဘာလို့ သေရတာလဲ။

အခြေအနေက ဘယ်လိုဖြစ်ပျက်ခဲ့တာလဲ။”

ထို့နောက်တွင် အကြီးအကဲလုက မျက်ရည်စက်လက်ဖြင့် လီယွန့်ထျန်း တောင်အောက်သို့

ဆင်းသွားခဲ့ပုံကို တင်ပြလေသည်။

လီယွန့်ထျန်းသည် တောင်အောက်သို့ ဆင်းပြီးနောက် ပထမဦးစွာ တိယွဲ့ဂိုဏ်းသို့

သွားရောက်ခဲ့ကြောင်း၊ ထို့နောက် ချင်းကျိုးနယ်မြေသို့

ခရီးဆက်ခဲ့ပြီး နောက်ဆုံးတွင် ချင်းယန်မြို့ပြင်

သုံးဆယ်မိုင်အကွာ၌ သူ၏ အသက်ဝိညာဉ်ဆီမီးခွက်

ငြိမ်းသေသွားကာ အရှိန်အဝါ လုံးဝပျောက်ကွယ်သွားခဲ့ကြောင်း

တင်ပြခဲ့သည်။

ဂိုဏ်းတစ်ခုလုံးမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး တပည့်များမှာလည်း

ထူပူပျာယာခတ်ကုန်ကြ၏။

ဂိုဏ်းချုပ်ကြီးသည် အဆင့်(၃) အစောပိုင်းနယ်ပယ် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ထိုသို့သော

တန်ခိုးရှင်တစ်ဦးကို ရုတ်တရက် သတ်ဖြတ်နိုင်သူသည် အလွန်အမင်း အစွမ်းထက်သည့်

သို့မဟုတ် ကြီးမားသော နောက်ခံအင်အားရှိသည့် ရန်သူဖြစ်ရပေမည်။

ဂိုဏ်းချုပ်ကြီး သေဆုံးသွားပြီး ဘိုးဘေးကြီးကလည်း တံခါးပိတ်ကျင့်ကြံနေချိန်တွင်

ထိုကဲ့သို့သော ရန်သူကို သူတို့ မည်သို့ မကြောက်ရွံ့ဘဲ နေနိုင်ပါမလဲ။

ခေါင်းဆောင်မဲ့သွားသော လင်လန်ဂိုဏ်းသည် ဖရိုဖရဲ ဖြစ်သွားခဲ့သည်။ တပည့်များစွာသည်

ဂိုဏ်းမှထွက်ပြေးပြီး ခိုလှုံရာရှာရန်ပင် ကြံစည်ခဲ့ကြ၏။

ကံကောင်းထောက်မစွာဖြင့် အကြီးအကဲအချို့က

ပြတ်သားသော အာဏာစက်ဖြင့် အခြေအနေကို ထိန်းချုပ်ကာ ဖျောင်းဖျပေးခဲ့သဖြင့်သာ

ငြိမ်သက်သွားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အချိန်အတန်ကြာသည်အထိ ဂိုဏ်းအတွင်း အခြားထူးခြားသော ဘေးအန္တရာယ်များ

ထပ်မံပေါ်ပေါက်မလာတော့သဖြင့် တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သော်လည်း

လူတိုင်းကမူ နေ့စဉ်ရက်ဆက် စိုးရိမ်ထိတ်လန့်မှုများဖြင့်

ရှင်သန်နေခဲ့ကြရသည်။

ဤကိစ္စသည် တိယွဲ့ဂိုဏ်းနှင့် သက်ဆိုင်နေကြောင်းကို သူတို့သိရှိသော်လည်း နောက်ကွယ်မှ

အင်အားကြီးအဖွဲ့အစည်းများနှင့် ပတ်သက်မိမည်ကို စိုးရိမ်သဖြင့် လက်တုံ့ပြန်ရန်

မဝံ့ရဲခဲ့ကြပေ။ ထို့ကြောင့် ဘိုးဘေးကြီး တံခါးပိတ်ကျင့်ကြံရာမှ

ထွက်လာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေခဲ့ကြရသည်။

ယခုအခါ ဘိုးဘေးကြီးသည် နောက်ဆုံးတွင် ထွက်ပေါ်လာခဲ့ပြီး ကျင့်ကြံဆင့်မှာလည်း

ပိုမိုမြင့်မားလာခဲ့ပြီဖြစ်ရာ သူတို့အားလုံးမှာ ဝမ်းမြောက်ဝမ်းသာ

ဖြစ်သွားကြသော်လည်း တစ်ဖက်တွင်မူ ဝမ်းနည်းပူဆွေးမှုများဖြင့် မျက်ရည်စက်လက်

တိုင်တည်ငိုကြွေးကြတော့သည်။

အကြီးအကဲအချို့သည် မြေပြင်တွင် ဒူးထောက်လျက် နှာရည်တရွှဲရွှဲ

မျက်ရည်တဖြိုင်ဖြိုင်ဖြင့် မကျေမချမ်း

ဖြစ်နေသော ဇနီးသည်များအလား ငိုယိုကာ တိုင်တောနေကြတော့၏။

အခြေအနေအရပ်ရပ်ကို ကြားသိပြီးနောက် လီဖန်ဆုန်း၏ မျက်နှာသည် အလွန်အမင်း

တင်းမာခက်ထန်သွားတော့သည်။

လီယွန့်ထျန်းသည် သူ၏ တိုက်ရိုက်သွေးရင်းမျိုးဆက် ဖြစ်၏။ ငယ်စဉ်ကတည်းကပင် သူ၏

ပါရမီနှင့် ကျင့်ကြံလိုစိတ်မှာ ထူးချွန်ထက်မြက်လှသည်။ အသက်သုံးရာပင်

မပြည့်သေးမီ အဆင့်(၃) နယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့သဖြင့် သူသည် လင်လန်ဂိုဏ်း၏

အနာဂတ်မျှော်လင့်ချက်ပင် ဖြစ်သည်။

ထို့အပြင် သူသည် သူ၏ မြစ်မလေးဖြစ်သူ လီရွှမ်းအာကိုလည်း များစွာ

အလိုလိုက်ချစ်ခင်ခဲ့သည်။ သို့သော် ယခုအခါ

ဖခင်နှင့် သမီးနှစ်ဦးစလုံးသည် ဤကဲ့သို့သော လမ်းဆုံးမျိုးနှင့်

ကြုံတွေ့ရလိမ့်မည်ဟု မည်သူ ထင်ထားပါမလဲ။

“တိယွဲ့ဂိုဏ်း... မင်းတို့ သတ္တိကောင်းလှချည်လား။”

သူသည် ဝတ်ရုံလက်စကို လွှဲယမ်းလိုက်ရင်း “လင်လန်ဂိုဏ်းရဲ့ တပည့်အပေါင်းတို့...

ငါ့အမိန့်ကို နာခံကြစမ်း။ တိယွဲ့ဂိုဏ်းကို... သွားရောက်ခြေမှုန်းကြ” ဟု

အမိန့်ပေးလိုက်တော့သည်။

“ကလဲ့စားချေမယ်။”

“ကလဲ့စားချေကြစို့။”

ဟိန်းဟောက်သံများမှာ ကောင်းကင်ယံရှိ တိမ်တိုက်များကို တုန်ခါသွားစေလောက်အောင်

အုန်းအုန်းကျွတ်ကျွတ် ပေါ်ထွက်လာတော့သည်။

လင်လန်ဂိုဏ်းနှင့် မိုင်တစ်ရာခန့် ဝေးကွာသော တိယွဲ့ဂိုဏ်း၌။

ဂိုဏ်းချုပ် ယန်ဟန်သည် ခန်းမဆောင်ကြီးအတွင်းဝယ် တစ်ဦးတည်း ထိုင်နေသည်။

ယခုအခါ ယန်ဟန်သည် လက်ကိုင်ဖုန်းတစ်လုံးကို ကိုင်ထားပြီး တဟားဟားဖြင့် သဘောကျကာ

ရယ်မောနေ၏။ သူ၏ တွန့်ရှုံ့နေသော မျက်နှာအိုကြီးပေါ်တွင် နှာဘူးဆန်သော

အပြုံးတစ်ခု စွဲထင်နေသည်။

“တကယ့်ကို ကောင်းမွန်တဲ့ ရတနာထူးပါပဲလား။”

“အဲဒီကောင်လေး လင်စုကတော့ မဆိုးပါဘူး။ ငါ သူ့ကို ဒီလောက် အလိုလိုက်ခဲ့ရတာ

တန်တာပေါ့။”

မကြာသေးမီက ယန်ဟန်၏ အငယ်ဆုံးတပည့်ဖြစ်သူ ဝူလင်စုသည် တောင်အောက်သို့ ဆင်းသွားခဲ့ပြီး

သူ့အတွက် ဖုန်းတစ်လုံးကို ရတနာအဖြစ် ယူဆောင်လာပေးခဲ့သည်။ ထိုအချိန်မှစ၍ သူသည်

ဒစ်တော့ခ်ပေါ်တွင် ဗီဒီယိုများကို စွဲစွဲလန်းလန်း ကြည့်ရှုနေခဲ့ပြီး

မရပ်တန့်နိုင်တော့ပေ။

ယခုအခါ သူ၏ လက်ကိုင်ဖုန်းမျက်နှာပြင်ပေါ်တွင် အဝတ်အစား ခပ်ပါးပါး ဝတ်ဆင်ထားပြီး

အလွန်တရာ လှပကျော့ရှင်းကာ စွဲမက်ဖွယ်ကောင်းသော ဟဲဟွမ်းဂိုဏ်း၏

အမျိုးသမီးတပည့်တစ်ဦး ပေါ်နေသည်။

ဟဲဟွမ်းဂိုဏ်းသည် ချန်းကျိုးနယ်မြေတွင် တည်ရှိပြီး အမျိုးသမီးတပည့်များသာ ရှိသည့်

ဂိုဏ်းငယ်လေးတစ်ခု ဖြစ်သည်။ မကြာသေးမီက မျက်နှာဖုံးစွပ်လူသားသည်

ချန်းကျိုးနယ်မြေကို ဖြတ်သန်းသွားစဉ် ဟဲဟွမ်းဂိုဏ်း၏

တပည့်များစွာသည်လည်း လက်ကိုင်ဖုန်းများကို ဝယ်ယူခဲ့ကြ၏။

လက်ရှိ တိုက်ရိုက်ထုတ်လွှင့်နေသည့် အမျိုးသမီးတပည့်မှာ

လျိုရောင်း ဖြစ်သည်။ ယနေ့သည် သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှု

တတိယမြောက်နေ့ ဖြစ်ပြီး ကြည့်ရှုသူဦးရေမှာ တစ်ထောင်ခန့်သာ

ရှိသော်လည်း ရရှိသော လက်ဆောင်ပစ္စည်းများမှာမူ

အလွန်များပြားလှသည်။ ပန်းပွင့်များနှင့်

ကြယ်ပွင့်လေးများမှာ မရပ်မနား ကျလာသည့်အပြင် တစ်ခါတစ်ရံ “တုန်တုန်

နံပါတ်(၁)” ကဲ့သို့သော လက်ဆောင်ကြီးများပင် ရရှိသေး၏။

ဟဲဟွမ်းဂိုဏ်းမှာ ဂိုဏ်းငယ်လေးဖြစ်ပြီး ထိုဂိုဏ်းမှ အမျိုးသမီးတပည့်များ၏

ကျင့်ကြံဆင့်မှာ မမြင့်မားလှပေ။ ဂိုဏ်းငယ်လေးဖြစ်ပြီး

အာဏာစက်မရှိသဖြင့် သူတို့၏ ကျင့်ကြံခြင်းဆိုင်ရာ

အရင်းအမြစ်များမှာလည်း အလွန်ရှားပါးလှသည်။

ဖုန်းများရရှိပြီးနောက်တွင် တိုက်ရိုက်ထုတ်လွှင့်ခြင်းဖြင့် ငွေရှာနိုင်ကြောင်း

ကြားသိခဲ့ကြ၏။ သူတို့တွင် ထူးခြားသော ပါရမီ သို့မဟုတ် ပညာရပ်များ

မရှိကြသော်လည်း အားလုံးမှာ ချောမောလှပသည့်အပြင် သူတို့၏

ကျင့်ကြံခြင်း ပညာရပ်နှင့် ပေါင်းစပ်လိုက်သောအခါ မျက်ခုံးပင့်

မျက်စိမှိတ်ပြရုံမျှဖြင့်ပင် အလွန်ဆွဲဆောင်မှု ရှိလှပေသည်။

ကပြဖျော်ဖြေမှုတစ်ခုတည်းဖြင့်ပင် မရေမတွက်နိုင်သော

နှာဘူးအဘိုးကြီးများကို ဖမ်းစားထားနိုင်သည်။

ဖုန်းမျက်နှာပြင်ပေါ်ရှိ လျိုရောင်းမှာ ဟဲဟွမ်းဂိုဏ်း၏ တိုက်ရိုက်ထုတ်လွှင့်သော

တပည့်များထဲတွင် အထူးချွန်ဆုံး ဖြစ်သည်။ ရက်ပိုင်းအတွင်းမှာပင် သူမအား

Follow ပြုလုပ်သူဦးရေ တစ်ထောင်ကျော်သွားပြီး နေ့စဉ်ကြည့်ရှုသူဦးရေမှာလည်း

တစ်ထောင်ဝန်းကျင်ခန့်တွင် တည်ငြိမ်နေသည်။

ဖုန်းမျက်နှာပြင်ပေါ်၌ သူမက ပုခုံးနှင့် ခါးကို ဖြည်းညင်းစွာ လှုပ်ခါပြနေပြီး

ညှို့ဓာတ်ပြင်းလှသော မျက်ဝန်းအစုံက ဖုန်းကင်မရာအနီးသို့

ရောက်ရှိလာလိုက်၊ ဝေးကွာသွားလိုက် ဖြစ်နေ၏။ သူမသည်

နှုတ်ခမ်းကို သာသာလေး ကိုက်ပြရင်း တစ်ခါတစ်ရံ၌ ကြားရသူကို

ရင်ခုန်စိတ်လှုပ်ရှားစေသော

ညည်းသံသဲ့သဲ့လေးများကို ထုတ်ဖော်နေသည်။ ထိုအရာများက

ဒစ်တော့ခ်ပေါ်မှ ရွေးချယ်ထားသော တေးဂီတသံစဉ်အေးအေးလေးများနှင့်

ပေါင်းစပ်သွားသောအခါ တကယ့်ကို ညှို့ဓာတ်ပြင်းထန်သော

မြေခွေးမလေးတစ်ကောင်အလားပင်။

ယန်ဟန်သည် နှစ်ပေါင်းများစွာ အသုံးမပြုဘဲ သံချေးတက်နေသည့် သူ၏ဓားမှာပင် တဖြည်းဖြည်း

မငြိမ်မသက် လှုပ်ရှားချင်လာသလို ခံစားလိုက်ရသည်။

“မကောင်းတော့ဘူး... ဂိုဏ်းချုပ်ကြီး... အခြေအနေ မကောင်းတော့ဘူး...”

တပည့်တစ်ဦးသည် အော်ဟစ်အော်ပြေးရင်း လျင်မြန်စွာ ဝင်ရောက်လာ၏။

သူသည် ထိတ်လန့်သွားပြီး လက်ကိုင်ဖုန်းကို အမြန်ပင် ဝှက်လိုက်ရသည်။ သူ၏

တိုက်ခိုက်လိုစိတ်ဓာတ်မှာလည်း လျော့ရဲသွားရသဖြင့်

တောက်ခေါက်မိတော့သည်။

“မိုက်ရိုင်းလှချည်လား။ ဒီလောက် စည်းကမ်းမရှိ လောလောလောလော ဖြစ်နေရအောင် မင်းရဲ့

ယဉ်ကျေးမှုတွေက ဘယ်ရောက်ကုန်တာလဲ။”

“ဂိုဏ်းချုပ်ကြီး... ခင်ဗျား... ခင်ဗျားရဲ့ နှာခေါင်းက သွေးထွက်နေပါတယ်...”

ယန်ဟန် လန့်သွားပြီး နှုတ်ခမ်းအပေါ်ပိုင်းကို စမ်းကြည့်လိုက်သည်။

ဗုဒ္ဓေါ... တကယ်ကြီး သွေးတွေပဲ။

သူ၏ မျက်နှာအိုကြီးမှာ မရှက်ဘဲ မနေနိုင်လောက်အောင် နီရဲသွားကာ ချက်ချင်းပင်

အော်ဟစ်လိုက်တော့သည်။

“ငါ ကျင့်ကြံနေတုန်းမှာ မင်းက ရုတ်တရက် အတင်းဝင်လာလို့ ငါ့ရဲ့

ကိုယ်တွင်းအပူရှိန်တွေ တက်ပြီး

အပူကန်သွားတာကွ။”

“ဟာ... ဂိုဏ်းချုပ်ကြီး... ကျွန်တော် မှားသွားပါတယ်...” တပည့်ဖြစ်သူမှာ

တုန်တုန်လှုပ်လှုပ်ဖြင့် အမြန် ဒူးထောက်လိုက်ရသည်။

“ဂိုဏ်းချုပ်ကြီး... အဆင်ပြေရဲ့လားခင်ဗျာ။ ကျွန်တော် တမင်လုပ်တာ

မဟုတ်ပါဘူး။”

ယန်ဟန်က အေးစက်စွာ နှာမှုတ်လိုက်၏။

“ကံကောင်းလို့ ငါ့ရဲ့ အခြေခံကျင့်ကြံမှုက နက်ရှိုင်းလို့ ဘာမှမဖြစ်တာ။ ဒါပေမဲ့

မင်းက ဒီလောက် အသည်းအသန် ပြေးဝင်လာရတဲ့အကြောင်းရင်းကို ငါ့ကို

သေချာမရှင်းပြနိုင်ရင်တော့ ငါ မင်းကို ဘယ်လိုမှ

ခွင့်လွှတ်မှာ မဟုတ်ဘူး။”

ထိုတပည့်မှာ ခဏမျှ ကြောင်အသွားသည်။

‘ကျိန်စာတိုက်စမ်း... ငါ ဘာပြောမလို့လဲ။ အခုတော့ သူ့ကြောင့် လန့်ပြီး မေ့သွားပြီ။’

သူ၏ မျက်နှာမှာ ပျက်ယွင်းသွားပြီးနောက် ချက်ချင်းပင် ရုပ်ပျက်သွားတော့သည်။ သူ

ပြန်လည်သတိရသွားပြီဖြစ်သည်။

“ဂိုဏ်းချုပ်ကြီး... လင်လန်ဂိုဏ်း... လင်လန်ဂိုဏ်းပါဗျာ။”

“လင်လန်ဂိုဏ်းက ဘာဖြစ်လို့လဲ။”

“လင်လန်ဂိုဏ်းက ချီတက်တိုက်ခိုက်လာပါပြီ။”

“ဘာ...”

ယန်ဟန်သည် သူ၏ ကုလားထိုင်ပေါ်မှ ဝုန်းခနဲ ထရပ်လိုက်မိသည်။

“ဒါက တကယ်ပဲလား။”

“တကယ်ပါ ဂိုဏ်းချုပ်ကြီး... သူတို့တွေ ငါတို့ဆီကို ရောက်ဖို့ ဆယ်မိုင်တောင်

မလိုတော့ပါဘူး။”

ယန်ဟန်သည် တစ်ဖက်သို့ လျှောက်လိုက်၊ အခြားတစ်ဖက်သို့ လျှောက်လိုက်ဖြင့်

ပျာယာခတ်နေကာ မျက်နှာတစ်ခုလုံး ကြောက်ရွံ့မှုများဖြင့်

ဖုံးလွှမ်းသွားတော့သည်။

သူသည် လီယွန့်ထျန်း သေဆုံးသွားသည်ကို မသိရှိပေ။ လျန်ဝေအမည်ရှိ တပည့်ဖြစ်သူက

လီယွန့်ထျန်းအား ချင်းယန်မြို့သို့ ခေါ်ဆောင်သွားပြီးနောက်

ကိစ္စရပ်အားလုံး ပြေလည်သွားပြီဟုသာ သူက ထင်မှတ်ထားခဲ့သည်။

ထို့အပြင် ၎င်းနောက်ပိုင်း အချိန်အတော်ကြာသည်အထိ

လင်လန်ဂိုဏ်းဘက်မှ တိယွဲ့ဂိုဏ်းအား တစ်စုံတစ်ရာ

လာရောက်နှောင့်ယှက်ခြင်း မရှိခဲ့ချေ။ အချိန်ကြာလာသည်နှင့်အမျှ သူသည်

ထိုကိစ္စကို သိပ်ပြီး အလေးမထားတော့ပေ။

ယန်ဟန်က မျှော်လင့်ချက်အနည်းငယ်ဖြင့် မေးမြန်းလိုက်သည်။ “သူတို့က ငါတို့

တိယွဲ့ဂိုဏ်းကို ဦးတည်လာနေတာ သေချာလို့လား။”

“ဂိုဏ်းချုပ်ကြီး... ရှီလီပန်းကုန်းစောင့်စခန်းမှာ ရှိတဲ့ ကျွန်တော်တို့တပည့်တွေ

အားလုံးကို လင်လန်ဂိုဏ်းက သတ်ဖြတ်ပစ်လိုက်ပါပြီ။”

“ဘုရားရေ... မင်းက ဘာဖြစ်လို့ စောစောက မပြောရတာလဲ။”

သွားပြီ... ငါတော့ သွားပြီ။

“ဂိုဏ်းချုပ်ကြီး... ဘယ်ကိုသွားမလို့လဲခင်ဗျာ။”

“အခုမပြေးရင် ဘယ်အချိန်ပြေးရမှာလဲ။”

ထိုစကားကို ကြားသောအခါ တပည့်ဖြစ်သူမှာ ကြောင်အသွားပြီး စိတ်ထဲမှ

ကျိန်ဆဲလိုက်တော့သည်။

‘ဒီအဘိုးကြီးကတော့ တကယ့်မြေခွေးအိုကြီးပဲ။ ငါသာ ကြိုသိရင် လာသတင်းပို့မှာ မဟုတ်ဘူး။

ငါ့ရဲ့ ထွက်ပြေးဖို့ အချိန်တွေကို လာဖြုန်းနေတာပဲ။ ဒါပေမဲ့ အပြင်မှာရှိတဲ့ ဂျူနီယာ၊

စီနီယာ ညီအစ်ကိုမောင်နှမတွေကတော့ အသက်နဲ့လဲပြီး တိုက်ဖို့ ပြင်နေကြတာ။ ဒါက တကယ်ပဲ

အဆင်ပြေပါ့မလား။ ထားလိုက်ပါတော့... ပြေးတာပဲ ကောင်းပါတယ်။ ကိုယ့်အသက်က

ပိုအရေးကြီးတာပဲ။ ရန်သူက လင်လန်ဂိုဏ်းလေ... ဘယ်လိုမှ နိုင်မှာ

မဟုတ်ဘူး။’

ဤအခိုက်အတန့်၌ တိယွဲ့ဂိုဏ်း၏ တံခါးဝတွင် တပည့်ပေါင်း တစ်သောင်းခန့်

စုရုံးရောက်ရှိနေကြပြီ ဖြစ်သည်။

“ယခုအခါ ငါတို့ တိယွဲ့ဂိုဏ်းဟာ သေရေးရှင်ရေး တမျှ အရေးကြီးတဲ့ အချိန်ကို

ရောက်ရှိနေပြီ။ ဒါကြောင့် တပည့်အားလုံး စည်းလုံးညီညွတ်စွာနဲ့

ဂိုဏ်းတံခါးဝကို အတူတူကာကွယ်ပြီး လင်လန်ဂိုဏ်းက လူယုတ်မာတွေကို တွန်းလှန်ကြစို့။”

“ငါ ထန်ရန့်ဟာ မင်းတို့အားလုံးနဲ့အတူ ရှိနေမယ်။”

“ဂိုဏ်းချုပ်ကြီးနဲ့ အကြီးအကဲတွေလည်း လမ်းခရီးမှာ ရောက်နေပြီ။ ငါတို့အားလုံးနဲ့အတူ

ရန်သူကို ရင်ဆိုင်ပါလိမ့်မယ်။”

“လင်လန်ဂိုဏ်းဆိုတာ ဘယ်လိုမှ မအောင်နိုင်တဲ့ သားရဲတစ်ကောင် မဟုတ်ပါဘူး။ ငါတို့ရဲ့

တိယွဲ့ဂိုဏ်းဟာ ချုံးတောင်တန်းရဲ့ တောင်ထိပ်ပေါ်မှာ တည်ရှိတာမို့

ကာကွယ်ရလွယ်ကူပြီး တိုက်ခိုက်ဖို့ ခက်ခဲတဲ့

နေရာတစ်ခုဖြစ်တယ်...”

တိယွဲ့ဂိုဏ်း၏ ဂုဏ်ထူးဆောင်အကြီးအကဲနှင့် စည်းကမ်းထိန်းသိမ်းရေး ခန်းမဆောင်မှူး

ဖြစ်သူ ထန်ရန့်သည် လက်ရှိတွင် တပည့်များ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးနေပြီး

တိယွဲ့ဂိုဏ်းနှင့်အတူ သေအတူရှင်မည့် ပုံစံမျိုး ဖမ်းနေလေသည်။

အောက်တွင် ရှိနေကြသော တပည့်များ၏ မျက်နှာထက်၌ မတူညီသော ခံစားချက်များ အသီးသီး

ဖြစ်ပေါ်နေကြ၏။

အချို့မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ လွှမ်းမိုးခံထားရသဖြင့် ဂိုဏ်းတံခါးဝကို

အသက်ပေးကာကွယ်ရန် အသင့်ဖြစ်နေကြပြီး၊ အချို့မှာမူ ရေနောက်တွင်

ငါးရှာသကဲ့သို့ အခြေအနေကို စောင့်ကြည့်ကာ အသက်ဘေးမှ လွတ်မြောက်ရန် ကြံစည်နေကြသည်။

အချို့က တောင်အောက်သို့ အမြန်ဆုံး ထွက်ပြေးရန် အခွင့်အရေး ရှာနေကြသလို အချို့မှာမူ

မပြေးမီ ဝိညာဉ်ရတနာခန်းမဆောင်အတွင်းသို့ ဝင်ရောက်ကာ တစ်ပိုင်တစ်နိုင်

လုယက်ယူဆောင်ရန် ပြင်ဆင်နေကြလေသည်။

“ဂိုဏ်းချုပ်ကြီးက ဘယ်မှာလဲ။”

ထိုစဉ် တပည့်တစ်ဦးသည် ပျာပျာသလဲ အပြေးအလွှား ရောက်ရှိလာ၏။

“မကောင်းတော့ဘူး... ဂိုဏ်းချုပ်ကြီး ထွက်ပြေးသွားပြီ။”

“အကြီးအကဲဝူ၊ အကြီးအကဲလော့နဲ့ အကြီးအကဲလီတို့လည်း အကုန် ထွက်ပြေးသွားကြပြီ။”

“ဘာ...”

“တောက်... ဒီအဘိုးကြီးတွေကတော့ကွာ။”

“ဒါဆိုလည်း တိုက်နေလို့ ဘာထူးမှာလဲ... မြန်မြန် တောင်အောက်ဆင်းပြီး ပြေးကြစို့။”

တစ်ခဏအတွင်းမှာပင် တပည့်တစ်သောင်းခန့်သည် ဆူညံစွာ အော်ဟစ်ကြရင်း မည်သည့်

တုံ့ဆိုင်းမှုမျှ မရှိဘဲ ဂိုဏ်းပြင်ပသို့ ဦးတည်ကာ ဖရိုဖရဲ

ထွက်ပြေးကြတော့သည်။

ထန်ရန့်တစ်ယောက် မြေပြင်ပေါ်၌ တောင့်တောင့်ကြီး ရပ်ကျန်ရစ်ခဲ့၏။

အတန်ကြာမှပင် သူသည် သက်ပြင်းအရှည်ကြီးတစ်ချက်ကို ချလိုက်တော့သည်။

တိယွဲ့ဂိုဏ်းတော့ ပျက်စီးခဲ့ရချေပြီ တကား...။

All Chapters