ဘဝ၏ အောင်မြင်ခြင်း
Vol. 26 Ch. 357
အံ့ချီးနတ်ဘုရား၏ နှလုံးသားနှင့် အံ့ချီးနတ်ဘုရား၏ မသေဆေးတို့မှာ ရုတ်တရက် အန်လင်း၏ ပွေ့ဖက်မှုထဲသို့ ကျရောက်လာပြီး သူ့စိတ်မှာလဲ ဗလာဖြစ်သွား၏။
သူ့အတွင်းအားဗဟိုချက်ထဲရှိ သက်ရှိစွမ်းအင် ပင်လယ်ပြင်ကြီးမှာ အံ့ချီးနတ်ဘုရား၏ မသေဆေး ထိုးခံလိုက်ရပြီးနောက် မူလအရွယ်အစားထက် နှစ်ဆကြီးမားသွားလေ၏။ ထိုအရာက မူလအရွယ်အစားထက် နှစ်ဆပိုကျယ်လာသည်ဆိုသည်မှာ အံ့ချီးနတ်ဘုရား၏ မသေဆေးထဲတွင် စွမ်းအင်မည်မျှပါဝင်နေသည် ဆိုတာကို ကိုယ်စားပြုရန် ပြည့်စုံလေ၏။
အံ့ချီးနတ်ဘုရား၏ နှလုံးသားက အန်လင်း၏ နှလုံးသားဆီသို့ ပေါင်းစည်းသွားပြီး သူ့၏ သတိစွမ်းအားက ချက်ချင်းပြင် ကျယ်ပြန့်သွားတော့သည်။ သန့်စင်မှု၏ ပမာဏ သို့မဟုတ် သတိတရား၏ ထုထည် မည်သည်ပဲ ဖြစ်ပါစေ သန့်မှတ်ချက် အားလုံးမှား ၃၀ရာခိုင်နှုန်း တိုးပွားသွား၏။
အန်လင်း၏ ကိုယ်တွင်း၌ ထိုသည်က သက်ရောက်စေသော အသိသာဆုံးသော ပြောင်းလဲမှုမှာ သူက ပတ်ဝန်းကျင်ဆီသို့ အများအပြား ခံစားသိရှိနိုင်ပြီး အများအပြားပို၍ ရှင်းလင်းလာတော့သည်။
တစ်ချိန်တည်းမှာပင် နတ်ဘုရား အင်မော်တယ် ရှောင်ယန်၏ အမွေအနှစ်များထဲတွင် အရေးကြီးဆုံးအပိုင်းများဖြစ်သော မြူခိုး အင်မော်တယ်သိုင်းနှင့် ရှောင်ယန် စစ်မှန်နဂါး မန္တန်တို့မှာ အန်လင်းစိတ်ထဲသို့ စီးဝင်လာလေ၏။
ကျင့်ကြံခြင်း နည်းလမ်းများ၊ မန်းမှုတ်ခြင်းများ၊ စိတ်ဆန္ဒ အစစ်အမှန်၊ စူးစမ်းလေ့လာခြင်းများ စသည်ဖြင့်...
အန်လင်းက သူ့မျက်လုံးကို ပြန်ဖွင့်လိုက်သောအခါ ကျေနပ်အားရနေ၏။
ဘယ်လိုတောင် ကြီးမားလိုက်တဲ့ အောင်မြင်မှုကြီးလဲ။
မြူခိုးအင်မော်တယ်သိုင်းမှာ ကျင့်ကြံသူတစ်ဦးအား သူတို့၏ ခန္ဓာကိုယ်အား တိမ်တိုက်နှင့် မြူခိုးအဖြစ် ပြောင်းလဲပေးပြီး တစ်ကြိမ်တွင် ကီလိုမီတာ ထောင်ချီ ခရီးသွားရန် ခွင့်ပြုပေး၏။ ထိုသည်မှာ နတ်ဘုရား အင်မော်တယ် ရှောင်ယန်ကို ထူးခြားစေသော သိုင်းပညာဖြစ်ပြီး ရရှိရန်အတွက် အမှတ် ၁၃၀၀၀ လိုအပ်ပေ၏။
ရှောင်ယန် စစ်မှန်နဂါးမန္တန်တို့မှာ ကျင့်ကြံသူကို နေ၏ စွမ်းအင်ကို ဆွဲယူပြီး အလွန်ကြီးမားသော စွမ်းအားကို အချိန်တိုလေး ထုတ်လွှတ်ပေးရန် ခွင့်ပြုပေး၏။ ဤသိုင်းကြမ်းမှာလဲ ရရှိရန် အမှတ်၉၀၀၀ လိုအပ်ပေ၏။
ထိုသည်များမှာ နတ်ဘုရားအင်မော်တယ် ရှောင်ယန်၏ မှတ်ဉာဏ်များမှ တိုက်ရိုက်ဖြစ်သော မန္တန်နည်းလမ်းများဖြစ်ပြီး အပြင်ဘက်မှ အမွေများနှင့် အတော်လေးဆင်တူ၏။
အမှတ်၈၀၀၀တည်းနှင့် ဤကဲ့သို့အများအပြားရှိသည်မှာ အတော်လေး ကြီးမားသည့် အမြတ်ကြီးပင်။
သူက အံ့ချီးနတ်ဘုရား၏ နှလုံးသားနှင့် အံ့ချီးနတ်ဘုရား၏ မသေဆေးကို စုပ်ယူပြီးသွားပြီ ဖြစ်၏။ သူလုပ်ရန်လိုအပ်သည်အားလုံးမှာ ပြန်လည်မွေးဖွားခြင်း ဂျင်ဆင်းကို စားသုံးပြီး စိတ်ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့်ကို တက်လှမ်းရန်ပင်။
အန်လင်းက သူ့ကိုယ်သူ ခေတ္တမျှ ကြောင်သွားသော်လည်း လုပ်နေသည်ကို ချက်ချင်းရပ်ရန်ဆုံးဖြတ်လိုက်၏။
သူ့၌ အရေးတကြီး လုပ်စရာတစ်ခုရှိနေသေး၏။ စိတ်ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့်ကို တက်လှမ်းခြင်းက ထိုအရာလုပ်ပြီးသည်အထိ စောင့်နိုင်ပေသေး၏။
သူက နတ်ဘုရား အင်မော်တယ် ရှောင်ယန်၏ ခေါင်းတလားကို ခက်ခက်ခဲခဲ ဦးညွှတ်ပြလိုက်ကာ စက်ရုပ်နှစ်ကောင်ကို သူ့အား လှေကားပေါ်သို့ ပြန်သယ်ပေးရန် ခိုင်းစေလိုက်၏။
အန်လင်းက အလင်းပြားကို ဖြတ်သန်း၍ ပေါ်ထွက်လာပြီး လူတိုင်းက သူတို့၏ အမှတ်များနှင့် ရတနာများ လဲလှယ်ရန် ပြုလုပ်နေဆဲဖြစ်သည်ကို တွေ့ရသောအခါ သက်ပြင်းချလိုက်ပါတော့သည်။
သူမက်ခဲ့သော အိပ်မက်မှာ အလွန်ထူးခြားလှပြီး အမှန်တကယ်ပင် ထာဝရကြာသွားသည်ဟု ခံစားရ၏။ အကယ်၍ သူက ဆယ်စုနှစ်တစ်ချို့ ကုန်လွန်သွားပြီးမှ ပြန်လည် ထွက်ပေါ်လာပါက သူသည် ချုန်းပွဲချပြီး ငိုချလောက်မည်ဖြစ်၏။
“အန်လင်း၊ နင်အောင်မြင်ခဲ့လား။”
သူထွက်လာသည်နှင့် လူတိုင်းက သူ့ပတ်လည်တွင် စုစည်းလာကြတော့၏။
အန်လင်းက ခပ်ဖွဖွပြုံးပြကာ “ငါဝင်သွားလိုက်တဲ့ အချိန်ကစပြီး အရှုံးဆိုတာရွေးချယ်စရာမဟုတ်တော့ဘူး။”
“ဝါး... မင်းက မိုက်လိုက်တာ။ အဲ့တာဆိုမင်းက အံ့ချီးနတ်ဘုရား၏ နှလုံးသားနှင့် အံ့ချီးနတ်ဘုရရား၏ မသေဆေးကို စုပ်ယူပြီးပြီလို့ဆိုလိုတာပေါ့။” လျှိုချင်ဟွမ်က တောက်ပကာ စိတ်လှုပ်ရှားနေသော မျက်လုံးများဖြင့် မေးလာ၏။
“သေချာတာပေါ့။ ငါက မြူခိုးအင်မော်တယ်သိုင်းနဲ့ ရှောင်ယန်စစ်မှန်နဂါး မန္တန်ကိုလဲ ရလာခဲ့တယ်။” အန်လင်းက ပျော်မြူးတက်ကြွစွာပြောလာလေ၏။
သူက ဤသည်ကို သူ့၏ သူငယ်ချင်းများအား ဖုံးကွယ်ထားမည် မဟုတ်ပါ။ ထို့အပြင် သူကထိုအကြောင်းကို ပို၍ ကြွားဝါမည်ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ထိုသည်ကိုကြားသောအခါ လျှိူချင်ဟွမ်က ကောဇောပျံပေါ်မှ ပြုတ်ကျတော့မလိုပင် ဖြစ်သွား၏။
“သောက်ကျိုးနည်း...။ ငါက မြူခိုးအင်မော်တယ်သိုင်းအတွင် အမှတ် ၁၃၀၀၀တောင် သုံးလိုက်ရတာ။ အခုနင့်မှာလဲ ရှိနေပြီပေါ့။” သူမ၏ ချယ်ရီရောင်နှုတ်ခမ်းများက အန်လင်းကို အံ့ဩ မနာလိုမှုတို့ဖြင့် ကြည့်ကာ ပွင့်အဖြစ်နေလေတော့၏။
အန်လင်းက သူ့လက်ကို စိတ်မဝင်စားဟန်နှင့် ဝှေ့ရမ်းပြရင်း “အဲ့တာက မတော်တဆ ကံကောင်းသွားတာပါ။ ငါ တကယ်တော့ အဲ့တာကို သိပ်တောင် စိတ်ထဲမရှိဘူး။”
လျှိုချင်ဟွမ်က ချက်ချင်းပင်သူ့ကို ရိုက်ရန် စိတ်မထိန်းနိုင်တော့ပါပေ။
စုချန်းရန်သည်လည်း နှုတ်ခမ်းလေး ဆူကာ သာယာသော အသံလေးဖြင့် ပြောလာ၏။ “ငါလဲ ငါရဲ့အမှတ်အများစုကို ရှောင်ယန် စစ်မှန်နဂါး မန္တန်အပေါ်မှာ အသုံးပြုခဲ့ပြီး ငါ့တစ်ယောက်တည်းမှာ ရှိတယ်ထင်နေတာ။ အခုတော့ အတန်းဖော် အန်လင်းမှာလဲ ရှိနေပြီပေါ့...”
“အစ်ကိုကြီးအန်က အကောင်းဆုံးပဲ။ ကျွန်တော်တို့က အစ်ကိုလုပ်နိုင်မယ်ဆိုတာ သိသားပဲ။” ယောင်မင်ရှီနှင့် ဟူကွမ်တို့က စိတ်လှုပ်ရှားစွာ အော်ပြောလာ၏။
အဖွဲ့ဝင်များအားလုံးက သူ့ကို မနာလိုစွာကြည့်လာကြ၏။ ထိုသည်မှာ သူတို့က ဘဝ၏ ကစားစရာ ဂိမ်းထဲတွင် အောင်မြင်မှု အများအပြား ရနေသည့်တစ်စုံတစ်ယောက်ကို ကြည့်နေရသကဲ့သို့ပင်။
ကြွားဝါခြင်းများ အပြီးတွင် အန်လင်းက ရတနာလဲလှယ်ခြင်း စာရင်းပေါ်မှ ဆုလာဒ်များကို တစ်ဖန် ပြန်လည်ကြည့်လိုက်တော့၏။
အခြေခံအဆင့် စိတ်ဝိညာဉ် ကိရိယာ၊ အင်မော်တယ် ချိတ်စည်းလက်အိတ်မှာ အစ်ကိုကြီးချန်၏အမှတ်၁၅၀၀၀နှင့် လဲလှယ်လိုက်ပြီး သူ့၏ ကျန်နေသော အမှတ်၄၀၀ စလုံးမှာ စိတ်ဝိညာဉ် ဆေးတောင့်များအပေါ်တွင် လဲလှယ်ထား၏။
ကောင်းကင်ဘုံရေခဲပိုးထည်ကိုမူ အခုထိမည်သူကမှ မယူဆောင်သေးပါ အဘယ့်ကြောင့်ဆိုသော် မည်သူကမှ မတတ်နိုင်သောကြောင့်ပင်။
ထို့ကြောင့် အန်လင်းက မြူတူးစွာ ဆင်းသွားပြီး ကောင်းကင်ဘုံရေခဲပိုးထည်ကို ရယူလိုက်၏။
အမှတ် ၁၄၀၀၀ပေးပြီးနောက်တွင်တော့ ဖောက်ထွင်းမြင်လုနီးပါး အပေါ်ထပ်တစ်ထည်က အန်လင်း၏ လက်ထဲ၌ ပေါ်လာ၏။
ထိုသည်မှာ ပုစဉ်းတောင်ပံများကဲ့သို့ ပါးလျပြီး ကိုင်ကြည့်လိုက်သည့်အခါ အေးမြသော ခံစားမှုကို ထုတ်ပေးလေ၏။
အန်လင်းက ချက်ချင်းပင် အင်မော်တယ် ကိရိယာကို စက်ရုပ်နှစ်ကောင်၏ အကူအညီနှင့် ဝတ်ဆင်လိုက်၏။
ကောင်းကင်ဘုံ ရေခဲပိုးထည်မှာ ထိလိုက်သည်နှင့် ချက်ချင်းပင် သူ့၏အရေပြားနှင့် ပေါင်းစပ်သွားလေ၏။
“အား... ကောင်းလိုက်တာ။” အန်လင်းက ချက်ချင်းပင် စိတ်ကျေနပ်ဖွယ် ခံစားမှုက သူ့တစ်ကိုယ်လုံးကိုဖြတ်သွားသည်ကို ခံစားလိုက်ရ၏။
အဝတ်အထည်မှာ အရေးအကြောင်းဆိုလျှင် သူ့ကို ကာကွယ်ပေးနိုင်သည်သာမက စုတ်ပြဲသွားပါကလည်း ချက်ချင်းပင် ပြန်လည်ကောင်းမွန်လာနိုင်ပေ၏။
အန်လင်း၌ ရတနာ အများအပြားနှင့် လဲလှယ်နိုင်သည့် အမှတ်ပေါင်း ၁၁၁၀၀ ကျန်ရှိနေသေးပေ၏။
ကျင့်ကြံခြင်း နည်းလမ်းများက အခြေခံအားဖြင့် လူတိုင်းက ယူနိုင်ကြ၏။
စုရှောင်လန်က အင်မော်တယ် ဆေးတောင့်များအားလုံးကို ယူလိုက်ပြီး စိတ်ဝိညာဉ် ပြန်လည် လန်းဆန်းစေသော အင်မော်တယ် ဆေးတောင့်တစ်ခုကို ပြန်လည်ကုသရန်အတွက် အန်လင်းကို ပေးလိုက်၏။ အန်လင်းက သူမ၏ အမူအရာကြောင့် အထူးသဖြင့် သူမ၏ အမှတ်များကို အသုံးပြုရာတွင် မည်မျှအသေးစိတ်ကျသည်ကို တွေ့ပြီးနောက် အလွန်အမင်း စိတ်လှုပ်ရှားသွား၏။
အန်လင်းက စိတ်ဝိညာဉ် ပြန်လည်လန်းဆန်းစေသော အင်မော်တယ်ဆေးတောင့်ကို မျိုချလိုက်ပြီး ဆေးတောင့်၏ အသစ်ပြန်လည်ဖြစ်စေသော ဂုဏ်သတ္တိများက အန်လင်း၏ အမြဲတမ်းလန်းဆန်း သိုင်းပညာ၏ အကူအညီဖြင့် ချက်ချင်းပင် အကျိုးသက်ရောက်သွား၏။
ဤနှုန်းဖြင့် အန်လင်းက နှစ်ရက်အတွင်း အပြည့်အဝ ပြန်ကောင်းလာမည်ဟု ခံစားလိုက်ရ၏။
အန်လင်းက စုရှောင်လန်ကို တစ်စုံတစ်ခု ပြန်ပေးချင်၏။ သို့သော် စာရင်းထဲတွင်ကျန်နေသော မည်သည့်ရတနာသည်မှ သူ့အာရုံကို မဖမ်းစားနိုင်ပါပေ။ သူက သူ့၏ ကျန်ရှိနေသောအမှတ်များ အားလုံးကို စိတ်ဝိညာဉ် ကျောက်တုံးများဖြင့် လဲလှယ်ချင်စိတ်ပင် ပေါက်လာလေ၏။
ထျန်းလင်းလင်းနှင့် မြွေဖြူဝိညာဉ်တို့က ထိုသည်ကို ပြုလုပ်ပြီးဖြစ်၏။
ထျန်းလင်းလင်းသည် စိတ်ဝိညာဉ်ကျောက်တုံး ၄၀၀၀၀ကျောက်ကို ရင်ဘတ်၌ ပိုက်ထားပြီး စပ်ဖြီးဖြီးအပြုံးတစ်ခုကို မျက်နှာပေါ်တွင် ချိတ်ဆွဲကာ ဘေးဘက်တွင် ထွက်ကာရပ်နေလေ၏။ အကယ်၍ တစ်စုံတစ်ယောက်က အကြောင်းစုံမသိပဲ သူမကိုကြည့်မိပါက သူမက စိတ်ပိုင်းဆိုင်ရာ ချို့တဲ့နေသည်ဟု ထင်ကြမည်ပင်။
လူတိုင်းက ရတနာများ ပျော်ရွှင်စွာ ရွေးချယ်နေကြစဉ်တွင် အလွန်အေးစက်ပြီး မှုန်မှိုင်းနေသော သူတစ်ယောက်ရှိလေ၏။
ထန်ရှီမန်က ကော်ဇောပျံပေါ်တွင် တိတ်ဆိတ်စွာ လှဲနေလေ၏။ သူက တခြားလူများက သူတို့၏ ရတနာအသစ်များကို ဝှေ့ယမ်းနေပြီး မန္တန်နည်းပညာအသစ်ကို စမ်းသပ်ကာ စိတ်ဝိညာဉ် ကျောက်တုံးအပုံလိုက်ကြီးကို သူတို့၏ သိုလှောင် လက်စွပ်ထဲသို့ သိမ်းဆည်းနေသည်ကို ကြည့်နေလေ၏။ အကြောင်းတစ်ချို့ကြောင့် သူက တစ်ယောက်ယောက်က အနီးနားတွင် ကြက်သွန်နီများလာလှီးနေသည်ဟု ခံစားနေရ၏...။
ကော်ဇောပျံက အလွန်အမင်း နွေးထွေးပြီး နူးညံ့လှသော်လည်း သူကဘာလို့ အရမ်းအေးနေသည်ဟု ခံစားနေရသနည်း။
ထိုနွေးထွေးသော ကော်ဇော်ပျံက သူ့နှလုံးသားကို နောက်ထပ်နွေးထွေးမှု ထပ်ပြီး မပေးနိုင်တော့သည်လား...။
အန်လင်းသည်လည်း ကော်ဇောပျံပေါ်တွင်လှဲနေရင်း ထန်ရှီမန်၏ သနားစဖွယ် အမူအရာကို သတိထားမိ၏။
သူတို့အဖွဲ့ငယ်လေး၏ ခေါင်းဆောင်တစ်ယောက်အနေဖြင့် သူ့၏ ဤကံမကောင်းသော အသင်းဝင်တစ်ယောက်အတွက် တစ်စုံတစ်ခုကို လှူပေးသင့်သည်ဟု ခံစားလိုက်ရ၏။
“စီနီယာ ထန်၊ ကျွန်တော့မှာ အမှတ်ပေါင်း ၁၀၀၀၀ကျော် ကျန်နေသေးတယ်။ အစ်ကို ကြိုက်တာတစ်ခုခုများ ရှိလား။ ကျွန်တော် ဝယ်ပေးမယ်လေ။”စက်ရုပ်နှစ်ကောင်က စိုးရိမ်နေသော အမူအရာနှင့် အန်လင်းအား ထန်ရှီမန်၏ ဘေးသို့ သယ်ဆောင်လာ၏။
ထန်ရှီမန်က ခေါင်းခါလိုက်ကာ “မေးတာ ကျေးဇူးပါပဲ။ ငါဘာမှ မလိုပါဘူး။”
ထို့ကြောင့် ဘဝတွင် အကြီးဆုံးသော အောင်နိုင်သူနှင့် ဘဝတွင် အကြီးဆုံးသော ရှုံးနိမ့်သူတို့၏ အတိုချုံး စကားဝိုင်းလေးက အဆုံးသတ်သို့ ရောက်သွားလေ၏။
အန်လင်းက စိတ်ဝိညာဉ် ကိရိများ၏ အထွတ်အထိပ်၌ရှိနေသော စိတ်ဝိညာဉ် ကိရိယာတစ်ခုကို ပေးချေလိုက်ပြီး ထိုသည်မှာ ကောင်းကင်ပြိုကွဲစေနိုင်သော လက်သည်းဟု အမည်ရ၏။
ကောင်းကင်ပြိုကွဲစေနိုင်သော လက်သည်းမှာ လက်ချောင်းထိပ်လေးတွင် ချွန်ထက်သော လက်သည်းများပါရှိသည့် အပြာရောင် လက်အိတ်တစ်ခုဖြစ်၏။ အမည်မှာ အလွန်အမင်း ကြမ်းတမ်းလှပြီး ပါဝင်ပစ္စည်းမှာလည်း အလွန်အမင်း ချွန်ထက်လှပြီး သတ္ထုအမျိုးအစားနှင့် လေအမျိုးအစား မန္တန်များအတွက် သန်မာလှသော တိုးမြှင့်မှုကို ထောက်ပံ့ပေး၏။
ထိုသည်မှာ အန်လင်းက တပိုင်အတွက် ဝယ်ပေးရန် ဆုံးဖြတ်လိုက်သော လက်ဆောင်ပင်။ မည်သို့ဆိုဆို တပိုင်မှာ သူ့အတွက် အချိန်အတော်ကြာထိ သစ္စာရှိမြင်းတစ်ကောင်ဖြစ်ခဲ့သည်မို့ သူက တစ်ခုခုတော့ ဝယ်ပေးရပေမည်။
သူက သူ့၏ ကျန်ရစ်နေသော အမှတ်ပေါင်း ၆၁၀၀ကို စိတ်ဝိညာဉ် ကျောက်တုံးများနှင့် လဲလှယ်လိုက်၏။
သို့ဖြစ်ပါ၍ သူက စိတ်ဝိညာဉ် ကျောက်တုံး ၁.၂သန်း စုဆောင်းမိပြီး ဖြစ်ကာ သူ့သိုလှောင်လက်စွပ်ထဲမှ စိတ်ဝိညာဉ် ကျောက်တုံး အစုအဝေးထဲသို့ ပေါင်းထည့်လိုက်သောအခါ စုစုစုပေါင်း စိတ်ဝိညာဉ် ကျောက်တုံး ၆သန်းနီးပါး ရှိနေလေပြီ။
အန်လင်းက စိတ်ဝိညာဉ် ကျောက်တုံးများကို သိမ်းဆည်းကာ သူ့၏ အင်မော်တယ် ကိရိယာကို ဝတ်ဆင်ပြီး ကော်ဇောပျံပေါ်တွင် လှဲနေကာ နေရောင်အောက်တွင် နေပူဆာလှုံနေတော့၏။
ကော်ဇောက နူးညံ့ပြီး နွေးထွေးကာ ဘဝကြီးက ကြီးမြတ်လှ၏...။
***