မြွေနက်ဝိညာဉ်၏ စိုးရိမ်မှုများ
Vol. 26 Ch. 360
အန်လင်းသည် နှစ်ရက်ကျော်ကြာအောင် အိပ်ယာပေါ်လဲနေတာဖြစ်ပြီး သူ့၏ အတွင်းဒဏ်ရာများအားလုံးက စိတ်ဝိညာဉ် ပြန်လည်လန်းဆန်းစေသော အင်မော်တယ်ဆေးတောင့်၏ အကျိုးသက်ရောက်မှုကြောင့် ကုသပြီးသွားပြီ ဖြစ်၏။ သို့သော်လည်း သူက သရဲလောက၏ မူရင်းစွမ်းအားကို အလွန်အမင်း အသုံးပြုလိုက်ခြင်းကြောင့် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများမှ ပြန်လည်ကောင်းမွန်ရန် လိုအပ်နေဆဲပင်။
သူက အစွမ်းထက် မန္တန်နည်းလမ်းများကို အသုံးမပြုနိုင်သေးသော်လည်း အနည်းဆုံးတော့ အိပ်ယာပေါ်တွင် လှဲမနေရတော့ပါပေ။
ဤအနားယူ အပန်းဖြေသည့်ကာလအတွင်း၌ အဖွဲ့ဝင်တစ်ချို့က မော်တယ်ကမ္ဘာကြီးကို စူးစမ်းရင်း ပျော်ရွှင်နေကြပြီး တခြားသူများက အသစ်ရရှိထားသော မန္တန်နည်းလမ်းများနှင့် ကျင့်ကြံခြင်း နည်းလမ်းများကို လေ့ကျင့်ရင်း အလုပ်များနေကြ၏။
မြွေဖြူဝိညာဉ်နှင့် တိုက်ပွဲနတ်ဘုရား နှစ်ဦးမှာ မြောက်ဘက်မြူတောင်ထိပ်တွင် ခေတ္တစတေးချနေပြီး တိုက်ပွဲနတ်ဘုရားနှစ်ဦးမှာ ကမ္ဘာသစ်ကြီးနှင့် နေသားတကျဖြစ်အောင် အချိန်လိုအပ်နေဆဲပင်။ တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်က နောက်ထပ် ကျော်ဖြတ်မှုတစ်ခုကို လုပ်နိုင်ပြီး သူမက စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အလယ်အဆင့်သို့ ရောက်ရှိသွားပြီး တိုက်ပွဲနတ်ဘုရား ဇီယန်မှာတော့ သက်ရှိစွမ်းအင်သို့ ကူးပြောင်းခြင်း လုပ်ငန်းစဉ်၌ပင် ရှိနေဆဲဖြစ်၏။
အန်လင်းက တောင်နားတစ်ဝိုက်ကို လျှောက်ကြည့်ပြီး ပန်းဉယျာဉ်ငယ်လေးတစ်ခုထဲသို့ ရောက်လာ၏။
အဖြူရောင် ဝတ်စုံနှင့် အမျိုးသမီးငယ်တစ်ဦးက သူမလက်ထဲရှိ အဖြူရောင်ပုတီးကို စူးစူးစိုက်စိုက်ကြည့်ကာ လေ့လာနေပြီး သူမပတ်ဝန်းကျင်ရှိ ရောင်စုံပန်းပွင့်များနှင့် မြူးတူးထင်ရှားနေလေ၏။
ထိုအမျိုးသမီးငယ်မှာ မြွေဖြူဝိညာဉ်မှလွဲ၍ တခြားသူမဟုတ်ပါ။ ပုတီးမှာလဲ ကျန်းချီ ကုန်းမြေကြီး၏ အံ့ချီးလက်နက်များထဲမှ တစ်ခုဖြစ်သော အဖြူရောင် အလင်းဖြာထွက် ပုတီးစေ့ပင်ဖြစ်၏။ ထိုသည်မှာ အရင်ကတော့ တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်၏ လက်နက်ဖြစ်ပြီး သို့သော် ယခုတွင်တော့ သေချာပေါက်ပင် မြွေဖြူဝိညာဉ်က ပိုင်ဆိုင်သွားလေ၏။
“အာ... စီနီယာ အဆိပ်သခင်၊ ဘာလို့ ဒီကို ရောက်လာတာလဲ။”
သာယာလှပြီး အံ့ဩသွားသည့် အမူအရာက သူမမျက်နှာထက်တွင် ပေါ်လာပြီး အန်လင်းဆီသို့ စိတ်လှုပ်ရှားစွာ ပြေးလာလေ၏။
သူမ၏ အဖြူရောင် ဝတ်စုံမှာ လေပြည်ထဲရှိ တိမ်တိုက်များနှင့် မြူခိုးများအသွင် တဖြတ်ဖြတ်ခတ်နေပြီး ပန်းဝတ်မှုန်များနှင့် ပန်းရနံ့ဖျော့ဖျော့ကလေးများကို သူမ၏ အထတွင်လှည်းကျင်းလိုက်၏။
“ငါက တပိုင်ကို ရှာနေတာ။ ငါကျောင်းတော်ကြီးကို ငါးရက်အတွင်းပြန်သွားတော့မှာ။ ပြီးတော့ ငါက ကောင်းကင်ဘုံရေကန်ကနေ ကမ္ဘာကို ပြန်လာတဲ့ အတွေ့အကြုံ၊ သတင်းအချက်အလက်တွေကို စာတင်ရအုံးမှာ” အန်လင်းက ပြုံးပြီးပြောလာ၏။
“အို... အစ်ကိုက မကြာခင် သွားတော့မှာပေါ့...”
မြွေဖြူဝိညာဉ်၏ မျက်နှာက ထိုသတင်းကိုကြားသောအခါ ညှိုးကျသွားတော့၏။
“ငါက ဘယ်တော့မှ ပြန်မလာတော့မှာ မဟုတ်ပါဘူး။ ကမ္ဘာကြီးက ငါ့အိမ်ပါ။ ငါက မကြာမကြာ ပြန်လာလည်မှာပါ။” အန်လင်းက မြွေဖြူဝိညာဉ်၏ ပိုးသားကဲ့သို့် ဆံပင်လေးများကို သတ်ပေးပြီး နှစ်သိမ့်ပေးလိုက်၏။
မြွေဖြူဝိညာဉ်၏ စိတ်ဓာတ်ကျနေသော အမူအရာက အနည်းငယ်တက်ကြွသွားကာ တုံ့ပြန်သည့် အနေဖြင့် ခေါင်းငြိမ့်လိုက်၏။ “ဟုတ်ပြီ။ အစ်ကို့ကို စောင့်နေမယ်နော်။ နောက်တစ်ခါ ငါ့ကိုတွေ့ရင် အစ်ကို ထိတ်လန့်သွားစေလောက်မဲ့ အဆင့်အထိ သေချာပေါက်ကြီးပြင်းလာစေရမယ်။”
မြွေဖြူဝိညာဉ်သည် ထိတ်လန့်စရာအများအပြားကို ပေးပြီးပြီဟု အန်လင်းခံစားရ၏။ သို့သော် သူမက နောက်တစ်ကြိမ်တွေ့သည့်အခါအတွက် နောက်ထပ်တစ်ခုကိုပေးရန် ပြင်ဆင်နေသည်တဲ့လား။ သူမက သူအား အဓိကဇာတ်ကောင်အဖြစ်မှ ရာထူးချရန် စီစဉ်နေသည်လား။
“အစ်ကိုကြီး အန်၊ ငါ့ရဲ့ ကောင်းကင်ဘုံ ဝံပုလွေ ဓားချက်ရဲ့ တတိယနည်းလမ်းကို ကြည့်လိုက်။ ဝုတ်...”
တပိုင်က ကောင်းကင်ပြိုကွဲစေနိုင်သော လက်သည်းကို ဝတ်ဆင်ထားပြီး လေထဲသို့ တောက်ပလှသည့် အပြာရောင် ဓားအလင်းတန်း ဆယ်ချက်ကို ခုတ်လွှဲလိုက်၏။ အပြာရောင် ဓားအလင်းတန်း တစ်ခုစီက ဖျက်စီးနိုင်စွမ်းရှိသော စွမ်းအင်များနှင့် ပြည့်နေလေတော့သည်။
အန်လင်းက တပိုင်ကိုကြည့်ကာ အသိအမှတ်ပြုသည့် အနေဖြင့် ခေါင်းငြိမ့်ပြလိုက်၏။ ကြည့်ရသည်မှာ ထိုလက်အိတ်များကို ဝယ်ခဲ့သည်က အကြံကောင်းတစ်ခုဖြစ်ပုံပါပင်။
သို့ဖြစ်ပါ၍ အန်လင်းက တပိုင်၏ ကျောပေါ်တွင်စီးကာ သူတို့နှစ်ဦးက သတ်မှတ်ထားသော ကောင်ကင်ဘုံခုံရုံး၏ သတင်းအချက်အလက်များ ပေးပို့ရာ စင်တာသို့ ပျံသန်းလာခဲ့လေ၏။
...
ထိုအခိုက်အတန့်၌ ပြည့်စုံခြင်း၏ စံနမူနာဟု ထင်ရသော လှပသည့် အမျိုးသမီးတစ်ဦးက စည်ကားသိုက်မြိုက်လှသော မြို့တစ်ခုတွင် သာမန်ကာလျှံကာ လျှောက်ကြည့်နေ၏။
သူမ၏ မင်ရောင်နက်သော ဆံပင်များက လေထဲတွင် တဖြတ်ဖြတ်ခါနေပြီး အဖြူရောင် ဘလောက်အင်္ကျီနှင့် အနက်ရောင်ဂျင်းတစ်စုံကို ဝတ်ဆင်ထား၏။ သူမ၏ လှပသော ခြေတံရှည်များ၏ ဆွဲဆောင်မှု ရှိလှသော ကောင်ကြောင်းများမှာ ကိုယ်ကျပ်ဂျင်းဘောင်းဘီကြောင့် ပြီးပြည့်စုံစွာ ထင်ပေါ်နေစေပြီး ကြည့်ရှုရန် ဆွဲဆောင်မှုရှိလှသော မြင်ကွင်းကို ပံုဖော်ကြနေပြီး ကြည့်ရှုသူအများအပြား၏ အာရုံစိုက်ငေးမောခြင်းကို ဆွဲယူနေ၏။ သူမ၏ မျက်ဝန်းနက်များက အထူးညှို့ဓာတ်ရှိနေပုံရကာ ကြည့်ရှုသူများကို အကြည့်တစ်ချက်တည်းနှင့် ဆွဲဆောင်နိုင်၏။
“နှစ်ငါးဆယ်လေး အတွင်းမှာကို ကမ္ဘာကြီးက ဒီလောက်တောင် ပြောင်းလဲသွားလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။” အမျိုးသမီးက သူမ၏ ပတ်ပတ်လည်ကို မျက်နှာထက်တွင် အပြုံးတစ်ခုနှင့်ကြည့်ကာ လက်ထဲတွင် နို့လက္ဖက်ရည်တစ်ခွက် ကိုင်ထား၏။
သူမက ကမ္ဘာပေါ်သို့ နှစ်ငါးဆယ် အကြာတွင် တစ်ခါပြန်၍ လာလည်သော မြွေနက်ဝိညာဉ်မှလွဲ၍ တခြားသူမဟုတ်ပါ။
“ကမ္ဘာကြီးရဲ့ တိုးတက်မှုအဆင့်က သူတို့အား ဒုတိယ နည်းပညာကျင့်ကြံခြင်းရဲ့ အလယ်အလတ် အဆင့်မှာ ထားသင့်တယ်။ သူတို့ရဲ့ ကိန်းဂဏန်း အချက်အလက်တွေက သာမန်နှုန်းအတိုင်းပဲလားဆိုတာ ငါသိချင်လိုက်တာ။ အဲ့လို မဟုတ်ဘူးဆိုရင် ငါက ခပ်ပါးပါး ပြင်ဆင်ချက်တစ်ချို့ကို လုပ်ရမှာ။” မြွေနက်ဝိညာဉ်က သူမကိုယ်သူမ ရေရွတ်နေလေ၏။
သူမနားလည်ထားသည်မှာ လောကကြီး၏ နည်းပညာ ကျင့်ကြံခြင်းများကို အဆင့်ငါးဆင့် ခွဲခြားနိုင်သည်ဟုပင်။
ပထမ နည်းပညာကျင့်ကြံခြင်းမှာ ရှေးဦး ကျင့်ကြံခြင်းဖြစ်၏။ ဤအဆင့်၏ ကျင့်ကြံခြင်းမှာ သစ်သား၊ မီးသွေး၊ ကျောက်ဖြစ်ရုပ်ကြွင်းတို့ ကဲ့သို့ အပူအရင်းအမြစ် အမျိုးအစားများ အားလုံးမှ စွမ်းအင်ကို ထုတ်ယူနိုင်၏။
ဒုတိယ နည်းပညာကျင့်ကြံခြင်းမှာ အမှုန်စွမ်းအင် ကျင့်ကြံခြင်းပင်။ ဤအဆင့်၏ ကျင့်ကြံခြင်းများမှာ လျှပ်စစ်သံလိုက် စွမ်းအင်၊ အဏုမြူ စွမ်းအင်၊ ဟိုက်ဒရိုဂျင် စွမ်းအင်နှင့် တခြားအလွန်အမင်းသေးငယ်သော အမှုန်စွမ်းအင် ရင်းမြစ်များ ကဲ့သို့သော အမှုန်စွမ်းအင် ရင်းမြစ်များမှ အမှုန်စွမ်းအင်ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်၏။
တတိယ နည်းပညာကျင့်ကြံခြင်းမှာ အလွန်ဉာဏ်ရည်ထက်မြတ်သော ကျင့်ကြံခြင်းဖြစ်၏။ ဤအဆင့်၏ ကျင့်ကြံခြင်းမှာ လက်သုံး လုပ်သားများ၏ ကဏ္ဍများ အားလုံးနီးပါးကို လူလုပ်အသိဉာဏ်အသုံးပြုမှုနှင့် အစားထိုးနိုင်၏။ ထို့အပြင် ထိုကျင့်ကြံခြင်းအတွင်းရှိ လူများက ထိတွေ့ခံစားနိုင်သော အသက်ပုံစံကို အတုပြုလုပ် ဖန်တီးနိုင်ပေ၏။
စတုတ္ထ နည်းပညာကျင့်ကြံခြင်းမှာ ကမ္ဘာကူးနယ်ပယ် ကျင့်ကြံခြင်းဖြစ်၏။ ဤအဆင့်၏ ကျင့်ကြံခြင်းများမှာ အာကာသနှင့် ကမ္ဘာများကိုထိန်းချုပ်ခြင်းအပြင် ရူပဗေဒ ဥပဒေသများကို ဖန်တီးခြင်းများကို ကျွမ်းကျင်စွာ ကြိုးကိုင်ခြယ်လှယ် အသုံးပြုနိုင်၏။
ပဉ္စမ နည်းပညာကျင့်ကြံခြင်းမှာ အံ့ချီးတာအို ကျင့်ကြံခြင်းဖြစ်ပြီး ထိုအရာမှာ ဒဏ္ဍာရီများထဲတွင်သာ တည်ရှိ၏။ ထိုအဆင့်၏ ကျင့်ကြံခြင်းများမှာ ကြီးမြတ်တာအိုနှင့် ကောင်းကင်ဘုံ တာအိုများကို ထိန်းချုပ်နိုင်သော နတ်ဘုရားနယ်ပယ်အဖြစ်သို့ ပြောင်းလဲသွားပေလိမ့်၏။ တနည်းအားဖြင့် ဆိုရသော် ထိုကဲ့သို့်ကျင့်ကြံခြင်း၏ နေထိုင်သူများ အားလုံးမှာ နတ်ဘုရားများသာ ဖြစ်ပေလိမ့်မည်။
မြွေနက်ဝိညာဉ်က မရေမတွက်နိုင်သော ကျင့်ကြံခြင်းများကို မြင်ဖူးပြီးဖြစ်သော်လည်း သူမ ကို်ယ်တွေ့ကြုံဖူးသော အဆင့်အမြင့်ဆုံး ကျင့်ကြံခြင်းမှာ စတုတ္ထအဆင့် တစ်ခုတည်းသာ ဖြစ်၏။ ထိုကျင့်ကြံခြင်းမှာ ကိုယ်ပိုင်အကြောင်းအရာများကြောင့် တဖြည်းဖြည်းနှင့် ပြိုကျ ပျက်စီးလာပြီ ဖြစ်၏။
သူမက ခေါင်းမော့လိုက်သောအခါ အဆောက်အဦးအမြင့်ကြီးတစ်ဖက်၏ ဖန်သားပြင်ပေါ်တွင် စိတ်ကူးယဉ်သိပ္ပံ ဇာတ်လမ်းတစ်ခု၏ နမူနာကို တွေ့လိုက်ရ၏။ ဖန်သားပြင်ပေါ်မှ ရုပ်ပုံများထဲတွင် ရန်ဖြစ်နေသော စက်ရုပ်ကြီးတစ်ချို့ ရှိလေ၏။
သူမက ထိုမြင်ကွင်းကြောင့် ပါးစပ်ထဲရှိ နို့လက်ဖက်ရည်များ ပြန်အန်ထွက်တော့မလိုတောင်ဖြစ်သွား၏။ “အဲ့တာက သောက်ကျိုးနည်း ဘာကြီးလဲဟ။ အဲ့တာက ဘယ်က လူသားတွေထဲမှာပါလာတာလဲ။”
ထိုသည်က အလွန်ကြမ်းတမ်းလှကာ ကလေးဆန်ပြီး လောကကြီး ဖျက်ဆီးခြင်းနှင့်လဲ တစ်မျိုးမျိုး သက်ဆိုင်နေလောက်မည်။
သူမက မေးစိကို ပွတ်သပ်ရင်း မတွေးတောပဲ မနေနိုင်တော့ပါ။ ကမ္ဘာကြီးက သူ့ကိုယ်သူ ဖျက်စီးပစ်နိုင်သည့် ဒုတိယ နည်းပညာကျင့်ကြံခြင်း ဖြစ်နေပြီး ဖြစ်၏။ လူသားတွေက ဤကဲ့သို့ မီဒီယာ၏ လွှမ်းမိုးခံရပြီး သူတို့ကိုယ်သူတို့ မေ့ပျောက်သွားပါက ဘာဖြစ်မည်နည်း။ ဘုရင်မကြီးက အလွန်အမင်း တုန်လှုပ်ချောက်ချားသွားပေလိမ့်မည်။
ဘုရင်မကြီး၏ အယုံကြည်ရဆုံးသော အမှုထမ်း တစ်ယောက်အနေဖြင့် သူမက တာဝန်ယူကာ ဘုရင်မကြီး မရှိသည့်အခါ ဤကမ္ဘာကြီး၏ နတ်ဘုရားအဖြစ် ပြုမူရန်လို၏။ ထို့ကြောင့် သူမက အေးချမ်းခြင်းနှင့် တည်ငြိမ်ခြင်းကို ထိန်းသိမ်းပေးမည့် အပြင် ကမ္ဘာကြီး၏ လုံခြုံသော တိုးတက်မှုအတွက် ဝန်ထုတ်ဝန်ပိုးကို သယ်ဆောင်ရပေမည်။
ထို့ကြောင့် ပြဿနာတစ်ခုပေါ်လာလေပြီ။ လူသားများက သူတို့ကိုယ်သူတို့ ဖျက်ဆီးမည့် အယူအဆများကို ဆန့်ကျင်ရန် ထိန်းသိမ်းဖို့ရာ သူမက မည်သည်ကို လုပ်ရမည်နည်း။
သူမက လူသားတွေကို ဘုရင်မကြီးရဲ့ အုပ်ချုပ်မှုအောက်ပြန်ထည့်သင့်သလား။
မဖြစ်ပါ။ ထိုသည်က အစကတည်းက ဘုရင်မကြီးက ကမ္ဘာကြီးကို ဘာကြောင့် ဖန်ဆင်းခဲ့သလဲဆိုသည့် ရည်ရွယ်ချက်ကို ပျက်စီးစေနိုင်၏။
သူမက လူသားတို့၏ စိတ်ထဲသို့ ဆိုရှယ်လစ်တန်ဖိုးများကို အတင်းအကြပ်ထည့်သွင်း သင့်သည်လား။
မဖြစ်ပါ...။ ထိုသည်မှာ အလွန်အမင်း ကြားဝင်စွက်ဖက်မှု ခေါင်းစဉ်၏ အောက်တွင်ဖြစ်ကာ တုံ့ပြန်ခြင်းများနှင့် နောက်ဆက်တွဲ သက်ရောက်မှုများ အားလုံးကို ဖြစ်ပေါ်စေလိမ့်မည်။
စစ်ပွဲနီးလာချိန်တွင် သူမကို အသိပေးမည့် သတိပေးစနစ်တစ်ခု တပ်ဆင်ရမည်လား။
ဟင်... ထိုသည်မှာ အကြံကောင်းဖြစ်ပုံပင်။ သို့သော်လည်း စိတ်တော့ မချရပါပေ။ သူမက ဤတာဝန်ကို ထမ်းဆောင်ရန် ရွေးချယ်ထားသော လူများအပေါ်တွင် ဉာဏ်ရှိရှိ ရွေးချယ်မှုတစ်ခုကို ပြုလုပ်ရပေမည်။ သို့သော် ထိုသည်မှာ တစ်ခုတည်းသော ရွေးချယ်စရာပင်...
မြွေနက်ဝိညာဉ်က ထိုပြဿနာကိုတွေးတောနေရင်း နို့လက်ဖက်ရည်ကို အမှတ်တမဲ့ သောက်လိုက်၏။ သူမက စိတ်ရှုပ်ထွေးစရာ အခက်အခဲတစ်ခုနှင့် နပန်းလုံးနေရသကဲ့သို့ သူမ၏ ရှုပ်ပွနေသော မျက်ခုံးမွှေးများကို မျက်မှောင်ကြုတ်လိုက်၏။
သူမ၏ အထူးကောင်းမွန်သော သွင်ပြင်များမှာ ဖြတ်သွားဖြတ်လာများဆီမှ အာရုံစိုက်မှု အများအပြားကို ဖမ်းစားကာ သူတို့အားလုံးမှာ ဤလှပသည့် အမျိုးသမီးက အချစ်ရေး သို့မဟုတ် အလုပ်ကိစ္စ သို့မဟုတ် သူမဘဝထဲမှ တစ်ခြားတစ်ခုခုကြောင့် စိတ်ရှုပ်ထွေးနေရသလားဆိုသည်ကို သိချင်နေကြ၏။ သူတို့မသိသည်မှာတော့ သူမက ကမ္ဘာကြီး၏ ငြိမ်းချမ်းရေးကို သေချာစေရန် အကောင်းဆုံးသော လုပ်ဆောင်ချက် လမ်းစက မည်သည်ဆိုသည်ကို ဆုံးဖြတ်ရန် ရုန်ကန်နေရသည်ကိုပင်...
ထိုအချိန်၌ အန်လင်းက ကောင်းကင်ဘုံ ခုံရုံးသို့ သတင်းပို့လို့ ပြီးကာ တပိုင်၏ နောက်ကျောပေါ်မှ လေပေါ်သို့ ပြန်တက်လာ၏။
“အစ်ကိုကြီးအန်၊ နောက်ထပ် ဘယ်သွားမှာလဲ။ ဝုတ်...”
“ဟင်... ကောင်းကင်ဘုံခုံရုံးက အပြန်အနေနဲ့ လူတွေအတွက် အထူးဒေသထွက် ပစ္စည်းလေးတွေ ဝယ်ဖို့ ဈေးတန်းသွားရအောင်”
***