← Chapters

အခန်း (၆၈၄)

Vol. 58 Ch. 684

အခန်း (၆၈၄)

Vol. 58 Ch. 684

အခန်း ၆၈၄

အားလုံးသည် မျက်နှာပျက်သွားရသည့် လျိုလောင်ကွေ့ကိုကြည့်လိုက်ကြသည်။ လျိုလောင်ကွေ့သည် ရုတ်ချည်း ဒေါသတကြီး ပြော၏။

“စွမ်းအင်ပြောင်းလဲခြင်းအဆင့်ပဲ။ မင်း အရမ်းမောက်မာထောင်လွှားနေရဲတာ မထူးဆန်းတော့ပါဘူး။ ဒါပေမဲ့ မင်းလူရွေးမှားသွားပြီ။ ငါက မင်း အပြစ်ပြုလို့ရတဲ့လူမဟုတ်ဘူး။ သေလိုက်တော့”

ထိုသို့ပြောလျက် လျိုလောင်ကွေ့သည် စားပွဲပေါ်ခုန်တက်ကာ ကျိုးဖန်းကို တိုက်ခိုက်ရန်ပြင်တော့သည်။

သို့သော် ထိုအခိုက်အတန့်၌ အသံတစ်ခု ထွက်ပေါ်လာ၏။

“ရပ်ကြစမ်း”

ထိုအခါ အားလုံး အသံလာရာသို့ ခေါင်းလှည့်ကြည့်လိုက်ကြသည်။ ယဲ့လုဖုန်းသည် အခန်းထဲသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်ဝင်လာ၏။ သူ၏မျက်လုံးများသည် နေရာရှိလူအားလုံးကို အကဲခတ်ကြည့်ရှုနေခဲ့သည်။

ချန်ကျဲ့ ဦးဆောင်ထရပ်လိုက်ပြီး လက်သီးယှက်အရိုအသေပြုလိုက်သည်။

“သခင်ကြီးယဲ့လုကို ဂါရဝပြုပါတယ်”

“သခင်ကြီးယဲ့လုကို ဂါရဝပြုပါတယ်”

အခြားသူများသည်လည်း အရိုအသေပြုလိုက်ကြသည်။ ယဲ့လုဖုန်းသည် အရိုအသေပြုခြင်းအား လက်ခံသည့်အနေဖြင့် လက်ဝှေ့ယမ်းလိုက်သည်။ ထို့နောက် စားပွဲပေါ်တွင် ရပ်နေသည့် လျိုလောင်ကွေ့ဘက်သို့ လှည့်ကာ ပြောသည်။

“ခေါင်းဆောင်လျို ခင်ဗျားဘာလုပ်နေတာလဲ။ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ရဲ့စားပွဲက ဘယ်လောက်ခိုင်ခံ့လဲ စမ်းသပ်ချင်လို့တော့ မဟုတ်ဘူးမလား”

ထိုစကားတွင် လျိုလောင်ကွေ့သည် ရှက်ရွံ့စွာ မျက်နှာနီမြန်းသွားရပြီး စားပွဲပေါ်မှ ခုန်ဆင်းလိုက်သည်။ ထို့နောက် ကျိုးဖန်းကို လက်ညှိုးထိုးလျက် ပြောသည်။

“သခင်ကြီးယဲ့လု ကျွန်တော်တို့မျန့်ရွှေရဲ့အစောင့်အရှောက်ကြီးတွေ အစည်းအဝေးလုပ်တဲ့နေရာကို ဒီကောင်စုတ်လေးက ဝင်လာပြီး ပြဿနာရှာနေပါတယ်။ ကျွန်တော်က သခင်ကြီးအစား အဲဒီကောင်ကို ရှင်းထုတ်ပေးမလို့ပါ”

ထိုအခါ ယဲ့လုဖုန်းသည် ကျိုးဖန်းကိုကြည့်လိုက်သည်။ ထို့နောက် ပြုံးရယ်လျက် ပြောသည်။

“အို ကျိုးဖန်းပဲ။ ငါ မိတ်ဆက်ပေးဖို့မေ့သွားတာ။ သူက သူဖုန်းစားဂိုဏ်းရဲ့ အသစ်ခန့်အပ်လိုက်တဲ့ ဂိုဏ်းခေါင်းဆောင်အသစ်ပဲ။ ဒီနေ့က အားလုံးနဲ့ သိကျွမ်းရအောင်လို့ အထူးတလည် လာခဲ့တာ”

“သူဖုန်းစားဂိုဏ်းလား”

လျိုလောင်ကွေ့ တွန့်ဆုတ်သွားပြီး ပြောသည်။

“သူဖုန်းစားဂိုဏ်းက ပျက်စီးသွားပြီ မဟုတ်ဘူးလား”

ကျိုးဖန်းမှ ပြန်ပြောသည်။

“ခေါင်းဆောင်လျို ကျိုးဖန်းရှိနေသ၍ ဂိုဏ်းပျက်စီးသွားပြီလို့ မပြောသင့်ပါဘူး”

လျိုလောင်ကွေ့သည် ကျိုးဖန်းကို မျက်လုံးမှေးစင်းကြည့်လိုက်ပြီး ပြောသည်။

“မင်းတို့ဂိုဏ်းခေါင်းဆောင်ဟောင်းကို ငါနဲ့ နန်ပါးထျန်းတို့ သတ်လိုက်တာ။ အခု သူဖုန်းစားဂိုဏ်းပြန်အသက်ဝင်လာတာ လက်စားချေဖို့လို့တော့ မပြောနဲ့နော်”

ထိုအခါ ကျိုးဖန်းသည် လက်သီးယှက်အရိုအသေပြုလျက် ပြောသည်။

“ခေါင်းဆောင်လျို အထင်မလွဲလိုက်ပါနဲ့။ ဒီသူဖုန်းစားဂိုဏ်းအသစ်က အရင်ဂိုဏ်းခေါင်းဆောင်ဟောင်းနဲ့ ဘာမှမဆိုင်ပါဘူး။ လက်ရှိသူဖုန်းစားဂိုဏ်းက သခင်ကြီးယဲ့လုရဲ့ ထောက်ပံ့မှုနဲ့ အသစ်ပြန်ဖွဲ့စည်းထားတာပါ”

လျိုလောင်ကွေ့သည် ယဲ့လုဖုန်းကို ကြည့်လိုက်သည်။ အခြားသူများသည်လည်း ယဲ့လုဖုန်းထံ အကြည့်ပို့လိုက်ကြသည်။ မျန့်ရွှေတွင် အင်အားစုတစ်ခုတိုးလာခြင်းသည် သူတို့၏အကျိုးစီးပွားကို သက်ရောက်နိုင်လေရာ ဂရုတစိုက် စဉ်းစားဆုံးဖြတ်ရန် လိုအပ်ပေသည်။

သူ့ထံ ကျရောက်လာသည့် အကြည့်များကို ခံစားမိရာ ယဲ့လုဖုန်း ခပ်ဖျော့ဖျော့ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“အင်း။ သူဖုန်းစားဂိုဏ်းအသစ်က ငါ့ရဲ့ထောက်ပံ့မှုနဲ့ ကျိုးဖန်း ဖွဲ့စည်းထားတာပဲ”

ထိုအခါ အားလုံးတိတ်ဆိတ်သွားကြသည်။ အားလုံးတိတ်ဆိတ်သွားသဖြင့် ယဲ့လုဖုန်း ခေါင်းအသာညိတ်လိုက်ပြီး ဆက်ပြောသည်။

“ကောင်းပြီ။ ကျင့်ဝတ်ထုံးတမ်းတွေကို ကျော်လိုက်ပြီးတော့ အဓိကအကြောင်းအရာကို ပြောကြတာပေါ့”

ထို့နောက် ယဲ့လုဖုန်းသည် ထိပ်ဆုံးထိုင်ခုံတွင် နေရာယူလိုက်သည်။ ချီမုကောသည် ယဲ့လုဖုန်းနောက်တွင် ရပ်ကာ အားလုံးကို အကဲခတ်ကြည့်ရှုနေသည်။ လျိုလောင်ကွေ့သည် ယဲ့လုဖုန်း၏ညာဘက်တွင် ထိုင်နေပြီး ယဲ့လုဖုန်း၏ဘယ်ဘက်မှာ နေရာလွတ်နေသည်။ သို့ဖြင် သူ ချန်ကျဲ့ကို လှမ်းကြည့်လိုက်သည်။

ချန်ကျဲ့သည် ဘယ်ဘက် လေးခုံမြောက်တွင် ထိုင်နေခဲ့ရာ ယဲ့လုဖုန်းသည် မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။

“ကျိုစစ် မင်း အဲဒီမှာဘာလုပ်နေတာလဲ။ ငါ့ဘယ်ဘက်ပထမခုံဆီကို လာထိုင်လှည့်။ အဲဒီနေရာက ချင်းယင်အတွက်နေရာ”

ချန်ကျဲ့ ထရပ်လိုက်ပြီး အရိုအသေပြုလိုက်သည်။

“သခင်ကြီးယဲ့လုရဲ့ ဂရုစိုက်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ သခင်ကြီးရဲ့ဘယ်ဘက်ပထမထိုင်ခုံနေရာက မျန့်ရွေရဲ့နံပါတ်တစ်အဖွဲ့အစည်းရဲ့ခေါင်းဆောင်သာ ထိုင်သင့်တဲ့နေရာပါ။ ကျွန်တော်က အဲဒီမှာထိုင်ဖို့ အရည်အချင်းမပြည့်မီပါဘူး။ သခင်ကြီး ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်ကို ရွေးချယ်ပြီးတဲ့အထိ စောင့်ဆိုင်းပြီးမှ ထိုင်ခုံနေရာကို သတ်မှတ်တာ ပိုကောင်းပါလိမ့်မယ်”

ယဲ့လုဖုန်းမှ ပြန်ပြောသည်။

“ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်က မင်းမဟုတ်ရင် တခြားဘယ်သူဖြစ်နိုင်သေးလို့လဲ။ လာ၊ ဒီမှာလာထိုင်လှည့်။ မဟုတ်ရင် မင်းက ချင်းယင်ကို ဒီမှာထိုင်ခိုင်းချင်လို့လား”

ချန်ကျဲ့ ပြန်ပြောသည်။

“ခန်းမအရှင်သခင်ချင်းယင်က ငါးဖမ်းကုန်သည်အဖွဲ့မှာ ကျွန်တော့်ထက် ဝါရင့်တဲ့အစ်ကိုကြီးတစ်ယောက်ပါ။ ကျွန်တော် ကုန်သည်အဖွဲ့ထဲ စဝင်ကတည်းက ခန်းမအရှင်သခင်ချင်းယင်က ခန်းမအရှင်သခင်တစ်ယောက် ဖြစ်နေခဲ့ပြီးသားပါ။ ဝါအလိုက်စဉ်းစားမယ်ဆိုရင် ခန်းမအရှင်သခင်ချင်းယင်ကို ကုန်သည်အဖွဲ့ခေါင်းဆောင်နေရာပေးအပ်လိုက်လည်း ကျွန်တော့်မှာ ကန့်ကွက်စရာ မရှိပါဘူး”

ယဲ့လုဖုန်း မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။

“ချင်းယင်က လူထုကို သိမ်းသွင်းဖို့အတွက် လုံလောက်တဲ့ ဩဇာသက်ရောက်မှုမရှိဘူး။ ပြောရင်းနဲ့မှ စကားမဆက် ချင်းယင်ဘယ်မှာလဲ”

ယဲ့လုဖုန်းပြောခါမှ အားလုံးလည်း သိချင်စိတ်ဖြစ်ပေါ်သွားကြရသည်။

တကယ့်ကိုပဲ ချင်းယင်ဘယ်ရောက်နေတာလဲ။ ဒီမနက် ချင်းယင်ကို မတွေ့မိသေးဘူး။

သူတို့၏ ချင်းယင်အပေါ် နားလည်ထားမှုအရ ဒီမနက် အစောဆုံးရောက်နေမည့်သူမှာ ချင်းယင်ဖြစ်သင့်ပေသည်။

သခင်ကြီးယဲ့လုတောင် ရောက်နေပြီကို ချင်းယင်က ဘာလို့ရောက်မလာသေးတာလဲ။ လုံးဝ မူမှန်မနေဘူး။

ထိုသို့အတွေးများဖြင့် အားလုံးသည် တစ်ယောက်တစ်ပြန်ကြည့်နေကြသည်။ ယဲ့လုဖုန်းလည်း မျက်မှောင်ကြုတ်သွားပြီး ချီမုကောကို ကြည့်လိုက်သည်။

“ချင်းယင်နဲ့ သူ့ညီတွေ ဘာလို့ ရောက်မလာသေးလဲသိရအောင် လင်းယုန်ခန်းမဆီ လူလွှတ်လိုက်”

“ဟုတ်ကဲ့”

ချီမုကောသည် နာခံစွာ ခေါင်းညိတ်အရိုအသေပြုခဲ့ပြီး ထွက်သွားသည်။

ချီမုကောထွက်သွားပြီးနောက် ယဲ့လုဖုန်းမှ ပြောသည်။

“အင်း ဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့ ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်အသစ် ရွေးချယ်ဖို့ကိစ္စပါပဲ။ ဒါပေမဲ့ ချင်းယင်တို့ညီအစ်ကိုတွေ ရောက်မလာသေးတော့ ငါတို့ ခဏစောင့်လိုက်ရအောင်။ ခြုံငုံလိုက်ရင် သူတို့ညီအစ်ကိုသုံးယောက်က ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ အချက်အချာကျတဲ့သူတွေပဲဆိုတော့ သူတို့မှာ အထူးတလည် ဆွေးနွေးပြောဆိုခွင့်ရှိတယ်လေ”

ထိုအခါ အားလုံးသည် တစ်ယောက်တစ်ပြန် အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် ပြောသည်။

“ဟုတ်ကဲ့ပါ။ သခင်ကြီးယဲ့လုရဲ့အမိန့်ကို နာခံပါ့မယ်”

ယဲ့လုဖုန်း ပြုံးလိုက်သည်။

“ကောင်းတယ်။ ဒါဆို စောင့်ကြတာပေါ့။ ဒါပေမဲ့ ဒီတိုင်းကြီး ထိုင်မနေကြဘဲ တခြားကိစ္စလေးတွေ စဆွေးနွေးကြတာပေါ့”

အားလုံး ယဲ့လုဖုန်းကို ကြည့်လိုက်ကြသည်။

“ကောင်းပြီ။ ပထမဆုံးကိစ္စကတော့ နန်ပါးထျန်းကိစ္စပဲ။ မင်းတို့အားလုံးလည်း သူ့ပြစ်မှုအကြောင်းကို ကြားပြီးလောက်ကြပြီပေါ့ ဟုတ်တယ်မလား”

ထိုအခါ ချောင်ဟုန်ယန်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။

“သခင်ကြီး ကျွန်မ တကယ့်ကို အဲဒီအကြောင်း ဘာမှမသိရသေးလို့ သခင်ကြီးကို မေးမလို့စဉ်းစားနေတာပါ။ တကယ်ပဲ နန်ပါးထျန်းက ဘာပြစ်မှုတွေကို ကျူးလွန်ခဲ့လို့ သခင်ကြီးက တစ်ညလုံး မနားမနေ လိုက်လံဖမ်းဆီးနေရတာပါလဲ”

ယဲ့လုဖုန်းသည် ခဏမျှစဉ်းစားနေပြီးနောက် ပြောသည်။

“အို မိန်းကလေးဟုန်ယန်က မသိသေးဘူးလား။ ဒါဆိုလည်း ကျုပ်ရှင်းပြပါရစေ။ နန်ပါးထျန်းက မိန်ဂိုဏ်းနဲ့ပူးပေါင်းပြီး စစ်လက်နက်ပစ္စည်းတွေကို ထုတ်လုပ်ခဲ့ပြီး ပုန်ကန်ဖို့ကြံစည်ခဲ့တယ်”

“အာ မိန်ဂိုဏ်းနဲ့ပူးပေါင်းခဲ့တာလား”

ချောင်ဟုန်ယန်၏မျက်နှာထက်တွင် အံ့အားသင့်မှုများ ထင်ဟပ်သွားခဲ့သည်။

“မဖြစ်နိုင်တာ မဟုတ်လောက်ပါဘူး။ ခေါင်းဆောင်နန်က အမြဲ ရိုးသားပွင့်လင်းမှုရှိတဲ့သူပဲ။ သူ သူက မိန်ဂိုဏ်းနဲ့ပူးပေါင်းခဲ့တယ်တဲ့လား”

ချောင်ဟုန်ယန်၏ သရုပ်ဆောင်အရည်အချင်းမှာ ထိပ်တန်းအဆင့်ပင်။ ထိုအခိုက်အတန့်၌ ချောင်ဟုန်ယန်မှာ ရိုးအလွန်းလှပါသည့် မိန်းကလေးငယ်လေးတစ်ဦးကဲ့သို့ အလွန်တရာ တုံးအသည့် မေးခွန်းများကို မေးနေခဲ့သည်။

ယဲ့လုဖုန်းသည်လည်း သူမ၏ သရုပ်ဆောင်အရည်အချင်းကြောင့် လှည့်စားခံလိုက်ရပြီး ပြောသည်။

“အဲဒါ အမှန်ပါပဲ။ နန်ပါးထျန်းက တကယ်ပဲ မိန်ဂိုဏ်းနဲ့ပူးပေါင်းခဲ့တာပါ။ သက်သေတွေက ငြင်းဆန်မရနိုင်အောင် ခိုင်လုံပါတယ်။ သူ့အနေနဲ့ ဘယ်နည်းနဲ့မှ ငြင်းဆန်လို့မရနိုင်ပါဘူး”

ချောင်ဟုန်ယန်သည် မျက်နှာထက်တွင် အံ့အားသင့်မှုနှင့် စိတ်မကောင်းဖြစ်ဟန်တို့ကို အတိုင်းသား ထင်ဟပ်နေစေသည်။ ထို့နောက် ပြောသည်။

“စာအုပ်တစ်အုပ်ကို အဖုံးကိုကြည့်ပြီး မဆုံးဖြတ်သင့်ဘူးဆိုတာ တကယ်မှန်တာပဲ။ ခေါင်းဆောင်နန်က မိစ္ဆာဂိုဏ်းမိန်ဂိုဏ်းနဲ့ ပူးပေါင်းမယ့်လူမျိုးဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာတဲ့လဲ”

ချောင်ဟုန်ယန်မှ ရေရွတ်ပြောဆိုသည်။

ယဲ့လုဖုန်းမှ ပြောသည်။

“ကောင်းပြီ။ ဝမ်းနည်းပူဆွေးနေတာ တော်လောက်ပြီ။ နန်ပါးထျန်း မိန်ဂိုဏ်းနဲ့ပူးပေါင်းနေတဲ့သက်သေက ငြင်းဆန်လို့မရနိုင်ဘူး။ မနေ့ညက စစ်သည်ရာချီစေလွှတ်ခဲ့ပေမဲ့ သူ့ကို မဖမ်းနိုင်ခဲ့ဘူး။ အခု သူက မျန့်ရွှေစီရင်စုကနေ ထွက်ပြေးသွားပြီ။ တကယ့်ကို မျန့်ရွှေကို အရှက်ရစေတာပဲ။ ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ ဒီနေ့ကစပြီးတော့ ရေကြောင်းဖမ်းဆီးရေးအမိန့်ထုတ်ပြန်မယ်။ ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်ဟောင်း နန်ပါးထျန်းကို ဖမ်းဆီးဝရမ်းထုတ်ပြန်တယ်။ နန်ပါးထျန်းကို ဖမ်းဆီးနိုင်တဲ့သူ၊ ဒါမှမဟုတ် နန်ပါးထျန်းနဲ့ပတ်သက်ပြီး အရေးကြီးသတင်းပေးနိုင်တဲ့သူကို ထိုက်ထိုက်တန်တန် ဆုလာဘ်ချီးမြှင့်မယ်လို့”

All Chapters