← Chapters

ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းခြင်းအပေါ် မင်းရဲ့ အမြင်က ဘာလဲ

Vol. 26 Ch. 361

ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းခြင်းအပေါ် မင်းရဲ့ အမြင်က ဘာလဲ

Vol. 26 Ch. 361

စည်ကားသိုက်မြိုက်သော မြို့တစ်ခု၏ တစ်ခုသော လူသွားလမ်းလေးတွင်...။

အန်လင်းက လမ်းပေါ်တွင် သူ့နောက်၌ အသေးစားခွေးလေးတစ်ကောင်နှင့် လမ်းလျှောက်လာလေ၏။

“ဟင်... လရောင်နန်းတော်က ငတုံးယုန်အတွက် မုန်လာဥနီမုန့်တစ်ချို့ ဝယ်ရအောင်”

“တပိုင်က မိန်းမလှလေးတွေကိုရှာဖို့ စားပွဲတင် ဗီဒီယိုစက် တစ်လုံးလိုချင်နေတာ။ အဲ့တာကြောင့် ငါတို့ တစ်ခုလောက်ဝယ်ရအောင်”

“မဟုတ်ဘူး။ ခဏလေး။ နှစ်ခုလောက်ဝယ်ပြီး တစ်ခုထဲမှာ မျောက်ဗီဒီယိုတွေ ရာချီ ဒေါင်းလုဒ်ဆွဲသွားလိုက်ရင် ရှောင်ချောင်က ကြိုက်လောက်မှာ။”

“ရှောင်ဟုန်က ဘာကြိုက်လောက်မလဲ။ သူမအတွက် ဓာတ်စက်တစ်ခု ဝယ်ပေးပြီး သီချင်းတစ်ချို့ကို ဒေါင်းလုဒ်ဆွဲပေးရင်ရော။”

“အို ကျုံးရုံရန်အတွက်လဲ စာအုပ်တွေ ယူသွားပေးရအုံးမှာပဲ။”

...

အန်လင်းက အဝယ်တော် တာဝန်၌ မဟုတ်တော့သော်လည်း သူနှင့် အတော်လေးရင်းနှီးသည့် သူငယ်ချင်းများအတွက် ဒေသထွက်ပစ္စည်းများဝယ်သွားပေးချင်နေသေး၏။

မကြာမီမှာပင် သူက စျေးတန်းထဲမှ အထုတ်အများအပြားနှင့် ထွက်လာကာ ပစ္စည်းတန်းများ မရှိသောနေရာသို့သွားကာ ထိုအရာများအားလုံးကို သူ့၏သို့လှောင်လက်စွပ်ထဲတွင် သိမ်းဆည်းရန် ပြင်ဆင်လိုက်၏။

လမ်းမပေါ်၌ လူအများအပြားရှိနေပြီး သူ့လောက်ချောမောနေသော တစ်စုံတစ်ယောက်က အလိုရှိသလို အာရုံစိုက်မှုများကို ဆွဲဆောင်နိုင်ပေ၏။ ထို့ကြောင့် သူက မှော်ကိရိယာများကို အသုံးပြုရာတွင် ဂရုစိုက်ရန် လိုအပ်ပေ၏။

သူက မကြာမီတွင် အဖြူရောင် ဘလောက်အင်္ကျီနှင့် လမ်းလျှောက်လာသော အမျိုးသမီးတစ်ယောက်ကို သတိပြုမိသွား၏။

သူမက အလွန်အမင်းလှပနေသည်မို့ သတိမပြုမိစရာ အကြောင်းမရှိပါချေ။ သူက ချိန်းတွေ့ရန် တွေ့ခဲ့သော အမျိုးသမီးများ အားလုံးထဲ၌ပင် ထိုအမျိုးသမီးမှာ ရုပ်ရည်သွင်ပြင်အရ အကောင်းဆုံး အထဲတွင် စားရင်းဝင်လေ၏။

အမျိုးသမီးက အတန်ငယ် အေးစက်စက် အမူအရာ ဆင်မြန်းကာ ရေတံခွန်သဖွယ် ဆံပင်နက်များက သူမ၏ နောက်ကျောတွင်ဖြာကျနေလေ၏။ သူမ၏ မျက်လုံးများက အထူးညှို့ဓာတ်တစ်ချို့နှင့် ပြည့်နှက်နေကာ နှစ်သက်ကြည်နူး မန္တန်တစ်ခုကဲ့သို့ ကြည့်ရှုသူများကို ဆွဲဆောင်နိုင်၏။

အန်လင်း၏ ပထမဆုံးအမြင်မှာ သူမသည် ကျင့်ကြံသူတစ်ဦးဖြစ်သည်ဟုပင်။ သို့သော်လည်း အနီးကပ်လေ့လာကြည့်လိုက်သောအခါ သူမဆီမှ မည်သည့် စွမ်းအင် အတက်အကျဖြစ်ခြင်းကိုမှ အာရုံမခံနိုင်ပါပေ။

ထိုအမျိုးသမီးသည်လည်း အန်လင်းကိုပြန်ကြည့်နေကာ သူ့အား အတော်လေး ဘဝမြင့်သွားစေ၏။

မင်းတို့တွေ့ကြလား။ အဲ့လို ထိပ်တန်းအဆင့် အလှလေးကတောင် သူ့ရဲ့ ခန်းနားထည်ဝါတဲ့ သွင်ပြင်ကို မတွန်းလှန်နိုင်ဘူး။

နောက်ထပ် အံ့ဩဖွယ်ရာ အလှည့်အပြောင်း ဖြစ်ရပ်မှာတော့ ထိုအမျိုးသမီးက အန်လင်းဆီသို့ လျှောက်လာခြင်းပင်။

“ဟေ့... အချောလေး။ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းခြင်းအပေါ် မင်းရဲ့အမြင်က ဘာလဲ။” ထိုအမျိုးသမီးက ပြုံးလိုက်သောအခါ သူမ၏ မျက်ဝန်းနက်များက ပို၍ပင် ဆွဲဆောင်မှုရှိပုံ ပေါ်လာ၏။

အန်လင်းက သူမ၏ စကားလုံးများတွင် အနည်းငယ် တုံ့ဆိုင်းသွား၏။ သူ့ရဲ့ ချောမောရဲ့ ရုပ်ရည်က အာရုံစိုက်မှုတွေကို ဆွဲဆောင်နေတာကို သူနားလည်ပါတယ်။ ထိုမိန်းမချောလေးက သူ့ကို စကားပြောချင်တာကိုလဲ နားလည်ပါတယ်။ ဒါပေမဲ့ လခွမ်းလို အဲ့အဖွင့်စာကြောင်းက ဘာကြီးလဲ။

ဒီနေ့ခေတ် လူသား​တွေကြားမှာ ခေတ်စားနေတဲ့ နှုတ်ဆက်စကားလား။

သူမက ဘာလို့ ဘာအကြောင်းအရာမှ မပါပဲ ကမ္ဘာ့ငြိမ်းချမ်းရေး ထိန်းသိမ်းခြင်းအပေါ် ငါ့အမြင်ကို မေးရတာလဲ။

သူမသိသည်ကတော့ ထိုအမျိုးသမီးက ကမ္ဘာ့ငြိမ်းချမ်းရေး ထိန်းသိမ်းခြင်း တာဝန်နှင့် မြွေနက်ဝိညာဉ်မှလွဲ၍ တခြားသူမဟုတ်ပါပေ။

အန်လင်းက သူမကို မမှတ်မိသော်လည်း သူမက  အန်လင်းကို မှတ်မိနေ၏။

အန်လင်းက ကမ္ဘာပေါ်တွင် နှစ်နှစ်ဆယ်နီးပါး နေထိုင်ခဲ့ပြီး ကမ္ဘာပေါ်မှ အခြေအနေများကို ကောင်းကောင်းနားလည် သဘောပေါက်သည်ကို သူမက သိထား၏။ ထို့အပြင် သူက ထိုက်ချူကုန်းမြေကြီး၏ ကျင့်ကြံခြင်း ယဉ်ကျေးမှုနှင့်လည်း အထိအတွေ့ရှိခဲ့၏။ ထို့ကြောင့် သူက ကမ္ဘာနှစ်ခုလုံးအကြောင်းကို ပြောရန် အရည်အချင်းပြည့်မီသည်ဟု ပြော၍ရ၏။ ဖြစ်နိုင်သည်မှာ သူက တစ်ချို့သော ထူးထူးခြားခြား အကြံဉာဏ်တစ်ချို့ကို ပေးလာနိုင်၏။

ထိုသည်ကို သိပြီး မြွေနက်ဝိညာဉ်က အန်လင်းကို ပထမဆုံး စကားပြောရန် ချဉ်းကပ်လာခဲ့၏။

အန်လင်းက ပထမက သူမ၏ အဖွင့်စာကြောင်းကြောင့် အံ့အားသင့်သွားသော်လည်း မကြာမီတွင်ပင် သူ့စိတ်သူ ပြန်ထိန်းသိမ်းရန် စီမံနိုင်ပြီး အခြေအနေကို တွေးတောရန် စတင်လိုက်၏။

“ဟင်... ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းခြင်းအပေါ် ငါ့အမြင်... အဲ့တာက အတော်လေး ကျယ်ပြန့်တဲ့ ခေါင်းစဉ်ပဲ။ ငါတို့ထိုင်စရာ တစ်နေရာရှာပြီး အဲ့အကြောင်းလေးလေးနက်နက် ဆွေးနွေးကြရင်ရော။” အန်လင်းက အပြုံးဖြင့် အကြံပြုလာ၏။

မြွေနက်ဝိညာဉ်က ခေတ္တမျှ တုံ့ဆိုင်းသွားသော်လည်း သူမ၏ ကိုယ်ပိုင် အပြုံးလေးနှင့် ခေါင်းငြိမ့်ပြလာ၏။

ရှင်းရှင်း ကဖီး...


မြွေနက်ဝိညာဉ်က ခွက်ကို သူမ၏ လက်ချောင်းသွယ်လေးများနှင့် ကောက်ယူကာ တစ်ငုံသောက်လိုက်ပြီး သူမမျက်လုံးထဲတွင် စိတ်ဝင်စားမှုနှင့် သူမရှေ့မှ အမျိုးသားအား ကြည့်နေလိုက်၏။

အန်လင်းသည်လည်း ထိုအမျိုးသမီးအကြောင်း အတော်လေး သိချင်နေခြင်းပင်။ သူက သူ့၏ သွင်ပြင်တွင် အလွန်အမင်း ယုံကြည်ချက် ရှိနေသော်လည်း ထိုအမျိုးသမီးမှာ ချောမောသည်တစ်ခုတည်းကြောင့် သူက အတူတကွ ကော်ဖီသောက်ရန် ဖိတ်ခေါ်သည်ကို လက်ခံခဲ့ခြင်း သေချာပေါက်မဟုတ်သည်ကို သိနေ၏။

သူတွင် အမျိုးအစား အမြောက်အများ ရှိနေသည်မှာ သိသာလှသည်မို့ သူမက သူ့၏ ကမ်းလှမ်းချက်ကို သဘောတူခဲ့တာဖြစ်မည်ဟု သူခံစားရ၏။

“လူတိုင်းက ကမ္ဘာ့ ငြိမ်းချမ်းရေးကို စုပေါင်း ထိန်းသိမ်းဖို့ တာဝန်ရှိတယ်လို့ ငါထင်တယ်။ ငါတို့လုပ်ရမှာက အဓိက ယူဆချက်တစ်ခုနဲ့ စိတ်ကူးအခွဲနှစ်ခုကို အာရံုစိုက်ဖို့ပဲ။” အန်လင်းက တည်တည်ကြည်ကြည်မျက်နှာဖြင့် ပြောလာ၏။

မြွေနက်ဝိညာဉ်၏ မျက်လုံးများက ချက်ချင်းပင် အရောင်တောက်သွား၏။ “အဓိက ယူဆချက်တစ်ခုနဲ့ စိတ်ကူးအခွဲနှစ်ခု ဟုတ်လား။”

အန်လင်းက ခေါင်းငြိမ့်လိုက်၏။ “ဟုတ်တယ်။ ကျွန်တော်တို့က အတွေးအခေါ်ပိုင်းဆိုင်ရာ တည်ဆောက်မှုတွေကို ပင်မအဖြစ်ထားပြီးတော့ လူထုကြားထဲကို တရားမျှတတဲ့စိတ်ဓာတ် စိမ့်ဝင်စေပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို အားထုတ်နေတဲ့ လျှို့ဝှက်အဖွဲ့အစည်းတွေကို ပံ့ပိုးကူညီရမယ်။”

“ဟင်... အဲ့တာက တကယ့်ကို ခိုင်လုံတဲ့အချက်ပဲ။ တရားမျှတတဲ့ စိတ်ဓာတ်ကို လူထုကြားမှာ စိမ့်ဝင်စေတယ်ဆိုတာက အစွန်းရောက်ဝါဒနဲ့ အလွန်အကြူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ဖြစ်လာစေနိုင်တယ်။ ဒါပေမဲ့ အဲ့တာက လိုအပ်တဲ့ လုပ်ဆောင်ချက်တစ်ခုပဲကို...။ ဒါပေမဲ့ လျှို့ဝှက်အဖွဲ့ အစည်းတွေနဲ့ပတ်သတ်ပြီး ဒီထက်အသေးစိတ် ပြောပြလို့ရမလား။” မြွေနက်ဝိညာဉ်က အလွန်လေးနက်သော အမူအရာဖြင့် တုန့်ပြန်လာ၏။

အန်လင်းက မြွေနက်ဝိညာဉ်၏ အကြည့်စူးစူးများအောက်တွင် အနည်းငယ် တုန်လှုပ်သွားတော့သည်။ သူက ဒီနေရာမှာတင် ကိစ္စတွေကို လုပ်ကြံပြောဆိုလိုက်တာလေ။ သူမက ဘာလို့ အတည်ပေါက်ကြီး ယူဆနေရတာလဲ။

ငလူး... သူက တကယ်ပဲ ကဖီးတစ်ခုထဲမှာ ဒီအလှလေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအကြောင်း ဆွေးနွေးရမှာလား။

သူမက ဘယ်လိုများ လုံးဝကို အနေမခက်သလို ခံစားရတာလဲ။ သူကတော့ ရှက်လို့ သေတောင်သေတော့မယ်။

သို့သော် ထိုသည်ကပင် ဤအမျိုးသမီးနှင့်ပတ်သက်၍ တစ်ခုခုက မူမမှန်ဘူးဆိုတာကို ဖော်ပြနေ၏...။

အန်လင်းက ဆက်မပြောခင် ခဏရပ်နားလိုက်၏။ “နိုင်ငံကြီးတွေကြားထဲက မညီမျှမှုကြောင့် ပဋိပက္ခတွေဖြစ်ပွားတဲ့ အခြေအနေတွေလဲ ရှိတယ်။ အဲ့အချိန်တွေဆို အပေါ်က အဓိက နိုင်ငံတွေအတွက် ရပ်တည်ပေးတဲ့ အဖွဲ့အစည်းတစ်ခုက ဝင်ပြီး စေ့စပ်ညှိနှိုင်းပေးဖို့ လိုအပ်တယ်။ အဲ့ဒီ့အဖွဲ့အစည်းကြီးက အလွန်အမင်း အစွမ်းထက်ပြီး ကမ္ဘာကြီးအပေါ်ကို သေသေချာချာနားလည်ပြီးတော့ သမာသမတ်ကျပြီးတော့ ဘက်မလိုက်တဲ့ အမြင်ကို ပိုင်ဆိုင်ဖို့လဲလိုတယ်။ အဲ့တာမှပဲ စံပြ ဖျန်ဖြေပေးသူအနေနဲ့ လုပ်ဆောင်နိုင်မှာ။”

မြွေနက်ဝိညာဉ်က မျက်တောင် တဖြတ်ဖြတ်ခပ်ကာ ခေါင်းငြိမ့်ပြလာ၏။ “အဲ့တာဆို ငါတို့က ပြင်ပအဖွဲ့အစည်းတစ်ခု လိုအပ်တာပေါ့နော်။ အားကြီးတဲ့လူက အားနည်းတဲ့လူကို လွှမ်းမိုးထားတယ် အဲ့တာက သဘာဝဖြစ်စဉ်ပါပဲ။ အားနည်းတဲ့နိုင်ငံတွေက အားကြီးချင်တယ် အားကြီးတဲ့နိုင်ငံတွေကလဲ ပိုပြီးတော့ကို အားကြီးချင်ကြတယ်။ ဒါတွေအားလုံးက အာရုံစိုက်မှုရဲ့ ပဋိပက္ခတွေကို ဖန်တီးပေးတာ။ အဲ့တာကြောင့်မို့လဲ ပဋိပက္ခဆိုတာ ရှောင်လွှဲလို့ မရနိုင်တာပေါ့။ ဒါပေမဲ့လည်း ငါတို့က အင်အားကြီးနိုင်ငံတွေကို ကမ္ဘာ့ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့အတွက် တာဝန်သိတတ်တဲ့ အသိတရားစံနှုန်းကို စိမ့်ဝင်သွားအောင်လဲ ကြိုးစားလို့ရတာပဲ။ အဲ့တာဆို မင်း​အကြံပေးသလို ယုံကြည်စိတ်ချရတဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခု ဖန်တီးရမယ်။”

“အဲ့တာမှန်တယ် ငါက မင်းရဲ့ အကြံကို စိတ်ဝင်စားတဲ့ လူတွေအများကြီးပါတဲ့ ဝီချက်တစ်ခုထဲမှာပါတယ်။ မင်းရဲ့အတွေးတွေကို သူတို့တွေနဲ့ ဆွေးနွေးသင့်တယ်လို့ ငါထင်တယ်။” အန်လင်းက သူဒီစကားဝိုင်းကို အဆုံးသတ်သင့်ပြီဟု ခံစားလိုက်ရ၏။

ဤမျှလှပသည့် တွေ့ဆုံခြင်းဖြစ်ခဲ့သည်ကိုပင် သူမက အဘယ့်ကြောင့် ယခုလိုထူးဆန်းသည့် အကြောင်းအရာကို ဆွေးနွေးဖို့ အတင်းအကျပ်ပြောနေရတာလဲ။

ဒီအမျိုးသမီးက တစ်ခုခုများ ဖြစ်နေတာလား။ အန်လင်းက ထိုသဘောပေါက်မှုကို ပို၍ လေးလေးနက်နက် စဉ်းစားလာ၏။

မြွေနက်ဝိညာဉ်က အန်လင်း၏ အကြံပြုချက်ကြောင့် မျက်လုံးများ အရောင်တောက်လာပြီး သူမ၏ ပိုက်ဆံအိတ်ထဲမှ အဖြူရောင် ဖုန်းတစ်လုံးကို ထုတ်ယူလိုက်၏။

သူမက လွန်ခဲ့ရက်အနည်းငယ်ကတည်းက ဖုန်းများအသုံးပြုနေသောကြောင့် လုပ်ဆောင်ချက်များအားလုံးကို အခြေခံနားလည်ထားပြီး သူမက ဝီချက်နှင့် ကျွမ်းဝင်သည်မှာလည်း သိသာလှ၏။

အန်လင်းက သူမ၏ QR ကုဒ်ကို scanဖတ်လိုက်သောအခါ သူမ၏ ID အမည်မှာ မြွေနက်ဝိညာဉ်ဟု တွေ့လိုက်ရ၏။ သူက ချက်ချင်းပင် အသက်ရှုကြပ်သွားပြီး သူမကို သံသယစိတ်နှင့် ကြည့်လိုက်၏။ “စကားမစပ် မင်းက မြွေဖြူဝိညာဉ်ကို သိလား။”

မြွေနက်ဝိညာဉ်က သူ့အားအမူအရာမဲ့ ပြန်ကြည့်လာ၏။ “ဟင်။ ဘယ်သူ။”

သူမက ထို့နောက် ဟက်ဟက်ပက်ပက်ရယ်​မော လာခဲ့၏။ “ငါ့နာမည်က မြွေနက်ဝိညာဉ်မို့ အခြားအရောင်နဲ့ မြွေဝိညာဉ်ေတွပါရှိလိမ့်မယ်လို့ ထင်နေတာလား။”

အန်လင်းက သူမကို သံသယဝင်သည့်အကြည့်ဖြင့် ဆက်လက်လေ့လာနေ၏။ “ငါမင်းကို ဖိတ်လိုက်တဲ့ဂရုက 'ကမ္ဘာပေါ်ရှိ ကျင့်ကြံသူများအားလုံး စုပေါင်းကာ ကမ္ဘာကြီးအား ကာကွယ်ကြမယ်'လို့ခေါ်တယ်။ မင်းအဲ့ ဂရုထဲဝင်ချင်တာ သေချာပါတယ်နော်။”

မြွေနက်ဝိညာဉ် : “... သေချာတာပေါ့။ ငါ့ကို ထည့်ပေးပါ။”

“မင်းက ဘယ်သူလဲ။” အန်လင်းက သူ့၏ လက်မကို သိုလှောင်လက်စွပ်ပေါ်တွင်တင်ကာ သူ့အမူအရာမှာ မဲမှောင်လာတော့၏။

အန်လင်းက နောက်ဆုံးတွင်တော့ သူမနှင့် စိတ်မရှည်တော့ပါပေ။ ထိုကဲ့သို့ ဂရုအမည်ကို ကြားပြီးနောက် မြွေနက်ဝိညာဉ်၏ အမူအရာမှာ အလွန်တည်ငြိမ်နေပေ၏။ ထိုသည်က သာမန်အမျိုးသမီးတစ်ဦး ပြုမူမည့်ပံုစံ မဟုတ်ပါချေ။

သူမနှင့် ပတ်သတ်၍ တစ်ခုခု လွဲမှားနေသည်ကို အန်လင်း သေချာသိ၏။

မြွေနက်ဝိညာဉ်က ကော်ဖီတစ်ငုံသောက်လိုက်ကာ အန်လင်းအား သိမ်မွေ့သောအကြည့်နှင့် နှုတ်ခမ်းစူပြလိုက်၏။ “ ဘာလဲ။ ငါက ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ပတ်သတ်ပြီး ဆွေးနွေးချင်တာလေးပဲကို နင်က ရုတ်တရက်ကြီး ဘာလို့ ရန်မူနေရလဲ။”

“မင်း အမှန်အတိုင်း မပြောဘူးဆိုရင် ကော်ဖီအတွက် ပြန်ပေးရလိမ့်မည်နော်။” အန်လင်းက သရော်လိုက်၏။

“ဟမ့်... နင်က ငါနဲ့ လာရှုပ်ဖို့ ကြိုးစားနေတာပဲ။” အမျိုးသမီးက အလိုမကျစွာ မျက်ခုံးများ ပင့်လိုက်၏။

အန်လင်းက တုံ့ပြန်တော့မည့်အချိန်၌ လေပြည်ညင်းလေးတစ်ခုက ရုတ်တရက်တိုက်ခတ်သွား၏။

သူ့၏ စိတ်က ရုတ်တရက် ဗလာကျင်းသွားကာ သူ့ထိုင်ခုံတွင် ​မြဲမြဲထိုင်ကာ ကြောင်ငေးနေလေ၏။

သူက သတိပြန်ဝင်လာသောအခါ သူ့ကိုယ်သူ အမူအရာမဲ့ လှည့်ပတ်ကြည့်လိုက်၏။


သူ့ရှေ့၌ အငွေ့တထောင်းထောင်းထနေသော ကော်ဖီနှစ်ခွက်ရှိနေဆဲပင်။

ငါက ဘယ်သူလဲ။

ငါဘယ်ရောက်နေတာလဲ။

ငါက ဘာလို့ ကော်ဖီ နှစ်ခွက်မှာထားရတာလဲ။

အန်လင်းက စိတ်ရှုပ်ထွေးစွာ ပါးစပ်အဟောင်းသားဖြစ်နေတော့၏။

သူက မှတ်ဉာဏ်ပျောက်ဆုံးသွားသည်ဟု ခံစားလိုက်ရ၏။

***

All Chapters